စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 24 April 2014

၄၂ လက်မ အကျယ် အထိ မြင်တွေ့နိုင်မည့် Pico Projector ပါဝင်သော စမတ်ဖုန်း

၄၂ လက်မ အကျယ် အထိ မြင်တွေ့နိုင်မည့် Pico Projector ပါဝင်သော စမတ်ဖုန်း
================================
စမတ်ဖုန်းတွင် တပ်ဆင်နိုင်သော Gadgets များကို Company အများစု အနေဖြင့် များစွာ စမ်းသပ်တီထွင် လုပ်ဆောင်လျက်ရှိကြသည်ကို တွေ့ဖူးမြင်ဖူးကြလိမ့်မည်ဖြစ်ပါသည်။ ယခုအခါတွင်လည်း Hong Kong
Conplex International Company မှ တီဗွီ ရှာနေ စရာ မလိုဘဲ လမ်းမ ပေါ်တွင် နံရံ တစ်ခု ရှိရုံဖြင့် သူ
ငယ်ချင်းများ နှင့် ဓာတ်ပုံ များကို မျှဝေ ကြည့်ရှု နိုင်သော၊ Presentations များ ပြုလုပ် နိုင်သော MagicOn
Ayane စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။

အတိုင်းအတာအရွယ်အစား 125.5 x 65 x 13 mm ရှိပြီး Dual-SIM ဖြစ်ကာ အရောင်မှာ အနက်နှင့်အညို
ဖြစ်ကာ ကြည်လင်ပြတ်သားမှုမှာ 800 x 480 ဖြစ်ပါသည်။ 1.2 GHz Dual-Core Processor ကိုအသုံးပြု
ထားပြီး RAM 1 GB နှင့် သိုလှောင်နိုင်မှုမှာ 4GB ရှိ၍ MicroSD ထပ်မံစိုက်သွင်းနိုင်ပါသည်။ Android 4.2
၏Jelly Bean ကိုအသုံးပြုထားပြီး ဘက်ထရီမှာ 2000 mAh ဖြစ်ပါသည်။ ကင်မရာအနေဖြင့် ကျောဘက်
တွင် ၅ Megapixel ဖြစ်ပြီး ရှေ့တွင် 0.3 Mp ဖြစ်ပါသည်။

စမတ်ဖုန်း ပရိုဂျက်တာ အတွက် Digital Light Processing (DLP) နည်းပညာကို အသုံးပြုထားသည့်အပြင်
၁၀၀ ရာခိုင်နှုန်း NTSC Colour ကိုရရှိစေမည် ဖြစ်သည့်အတွက် ၄၂ လက်မအရွယ်အစားပုံရိပ်ဖော်ပြမှုကို ရရှိစေ နိုင်မည်ဖြစ် ပါသည်။ MagicOn Ayane ရောင်းဈေးမှာ အမေရိကန် ၄၉၉ ဒေါ်လာဖြစ်ပြီး သုံးချောင်း
ထောက်စင်များကဲ့သို့ အခြားသော Accessories များလည်း ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

Ref:GZM

WorldWide(BMSTU)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform