နေပြည်တော်၊ သြဂုတ် ၁
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူကျေးရွာအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အလယ်ချောင်းကျေးရွာသို့ အောင်ဇော်ဝင်း မောင်းနှင်လာသည့် ဖောယာဉ်သည် ပုလဲကုန်းကျေးရွာ အ၀င်လမ်း မိုင်တိုင်အမှတ်(၁/၀)အနီး လမ်းကွေ့အရောက် ကျောက်ဖြူကျေးရွာဘက်မှ မြိတ်မြို့နယ်၊ မရမ်းပင်ချောင်းရွာနေ ဇာနည်ထွန်း(၂၂)နှစ် မောင်းနှင်ပြီး သမုတ်ကျေးရွာ၊ လွန်စိမ်းရပ်ကွက်နေ သိန်းမြင့်(၃၃)နှစ်နှင့် အလယ်ချောင်းကျေးရွာ၊ ရွှေကူစုရပ်ကွက်နေ ခင်ဇော်(၃၂)နှစ်တို့ လိုက်ပါ လာသည့် ၃၃ယ/xxxx ဝေ့ဖ်-၁၁၀ အပြာရောင်ဆိုင်ကယ်မှ ဖောကား၏ ဆီတိုင်ကီနှင့် နောက်ဘီးအဖုံးတို့အား ၀င်ရောက်တိုက်မိ၍ ဆိုင်ကယ်လဲကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လဲကျတိမ်းမှောက်မှုကြောင့် ဇာနည်ထွန်းတွင် ဦးခေါင်းခွံရိုး ချိုင့်ဝင်ကွဲအက်၊ ၀ဲဘက်ပခုံး/လက်မောင်း ပေါက်ပြဲ၊ သိန်းမြင့်၌ ယာချိုစောင်းပေါက်ပြဲ၊ ၀ဲခြေသလုံးပွန်းခြစ်ဒဏ်ရာများနှင့် ခင်ဇော်တွင် ဦးခေါင်းခွံရိုး(၄)လက်မခန့်ကွဲအက်၊ ၀ဲလက်ခလယ်/လက်ညိုး၊ ပခုံးပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့တင်ပို့စဉ် ဇာနည်ထွန်းမှာ သေဆုံးသွားသောကြောင့် ဇာနည်ထွန်းအား သမုတ်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096
0 comments:
Post a Comment