အသက် ၁၄ နှစ်အရွယ်သမီးကို မိခင်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တာကို အင်ဒိုနီးရှား ရုပ်မြင်သံကြားတခုမှာ ပြသခဲ့ပါတယ်။
၂၀၀၄ ဆူနာမီဖြစ်ခဲ့စဉ်တုန်းက သူမဟာ အသက် ၄ နှစ်အရွယ်ပဲ ရှိသေးပြီး နေထိုင်ခဲ့တဲ့နေရာနဲ့ မိုင် ၈၀ အကွာမှာ သက်ကြီးရွယ်အိုအမျိုးသမီးက စောင့်ရှောက်ခဲ့တာလို့ သိရပါတယ်။
မိခင်ဖြစ်သူက “ကျမ နေ့တိုင်း ဆုတောင်းခဲ့ပါတယ်။ သမီးအသက်ရှင်လျက် ပြန်တွေ့ပါရစေဆိုပြီး။ ပြီးခဲ့တဲ့လကပဲ သူ့ရဲ့အဖေ လိုက်စုံစမ်းနေသေးတယ်။ ကလေး အသက်ရှင်လျက်ပဲ ဆိုတာကိုလည်း အမြဲယုံကြည်နေခဲ့တယ်” လို့ ပြောဆိုပါတယ်။
မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးဖို့ အစီအစဉ်မရှိပေမယ့် လိုအပ်ရင် လုပ်ဆောင်ဖို့လည်း အသင့်ပဲလို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။
အာချေးပြည်နယ်ဟာ ၂၀၀၄ ဆူနာမီတုံန်းက ငလျင်ဗဟိုချက်မနဲ့ အနီးကပ်ဆုံး ဖြစ်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေက လူ သိန်းနဲ့ချီ သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/61934
ဓာတ်ပုံ - abc.net.au |
0 comments:
Post a Comment