စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 10 August 2014

ဟိုခိုရဲဘက်ကနေ အကျဉ်းသား ၄ယောက် ထွက်ပြေး

နာင်ချို မြို့နယ် ထဲက ဟိုခို ကျေးရွာမှာ ရှိတဲ့ ရဲဘက် အကျဉ်းစခန်း မှာ၊ ဩဂုတ်လ ၁၀ရက်နေ့က၊ အစောင့်ဝန်ထမ်း တစ်ယောက်ကို ဓါးနဲ့ ခုတ်ပြီး၊ ထောင်သား လေး ယောက် ထွက်ပြေး သွားတယ် လို့ ဒေသခံတွေ က ပြောသလို၊ နောင်ချို ရဲစခန်းကလည်း ဒီ သတင်းကြားရလို့ ဟိုခိုကို လိုက်သွား နေကြောင်း သိရပါတယ်။

ဓါးနဲ့ ခုတ်ခံခဲ့ရတဲ့ ဝန်ထမ်းတော့ ပြင်ဦးလွင် ဆေးရုံးကို ရောက်လာတယ်လို့ ကြားပေမယ့် အခြေအနေ အသေးစိတ်ကို မသိရ သေးပါဘူး။

ပြီးခဲ့တဲ့လ ဇူလိုင် ၂၇ ရက်ကလည်း ကျောက်မဲ ရဲစခန်းအချုပ် မှာ အချုပ်သားတွေက အချုပ်ခန်း ကို ဖောက်ပြေးဖို့ ကြိုးစားပြီး၊ အစောင့်ရဲတွေ နဲ့ အပြန်လှန် တိုက်ခိုက်တာကြောင့် ရဲတွေလည်း ဒဏ်ရာရပြီး၊ အချုပ်သား သေဆုံးမှု ဖြစ်ခဲ့ ပါသေးတယ်။

ဇွန်လ ၁၉ ရက် တုန်းကလည်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ အချုပ်သား ၈ယောက် ထွက်ပြေးခဲ့ရာ ၆ယောက် ပြန်ဖမ်းမိ ပြီး၊ ၂ယောက် လွတ်သွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140810_hoko_prison_break.shtml

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform