စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 4 August 2014

အီဘိုလာရောဂါ ကူးစက်နေရာ ပိုမို ကျယ်ပြန့်လာ

============================
အီဘိုလာရောဂါဖြစ်ပွားတဲ့ နယ်မြေ ပိုမို တိုးများလာနေပြီး ကုသကာကွယ်ရေး အထောက်ကူ ပစ္စည်းတွေကလည်း အကန့်အသတ်နဲ့သာ ရှိနေတော့တဲ့အတွက် ဒီ ကူးစက်ရောဂါကို ထိန်းချုပ် ကြိုးစားရာမှာ အခက်ခဲတွေ တွေ့ကြုံနေရတယ်လို့ အာဖရိက အနောက်ခြမ်းမှာ ရှိတဲ့ အီဘိုလာရောဂါ ဝေဒနာသည် တွေကို ကူညီ ကယ်ဆယ် စောင့်ရှောက်ရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတခုက ပြောဆိုပါတယ်။

ဒီရောဂါနဲ့ သေဆုံးသွားခဲ့သူအရေအတွက် ဟာ ၇၀၀ ကျော်နေပြီဖြစ်ပါတယ်။

လိုက်ဘေးရီးယားနိုင်ငံမှာ သေချာ လေ့ကျင့်သင်တန်းပေးထားတဲ့ ကျန်းမာရေးလုပ်သားတွေ နည်းပါးနေသလို ကုသကာကွယ်ရေး အထောက်ကူပြု ပစ္စည်းတွေကလည်း လျော့ပါး လာနေတာကြောင့် အခြေနေက ကျင်းထဲကြပ်ထဲကို ရောက်နေတယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ RSF က ပြောဆိုပါတယ်။

Sierra Leone, Liberia, Guinea နိုင်ငံအတွင်း ရောဂါကူးစက်မှု အသစ် ပြန်လည်ဖြစ်ပွား လာတာတွေမှာ ကိုင်တွယ် ဆောင်ရွက်ရတဲ့ နေရာတွေမှာ ကြီးမားတဲ့ ကွာဟမှုတွေ ရှိနေကြောင်း RSF အဖွဲ့က ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ရောဂါကူးစက်ပြန့်ပွားနေတဲ့ ဒေသက တိုင်းပြည် ခေါင်းဆောင်တွေဟာ သောကြာနေ့က Guinea နိုင်ငံမှာ တွေ့ဆုံကြပြီး အရေးပေါ်အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ခဲ့တယ်လို့ RSF အဖွဲ့က ထုတ်ပြန်ပါတယ်။

WHO ခေါင်းဆောင် မာဂရက်ချန်းက ရောဂါဖြစ်ပွားနေတဲ့ဒေသကို ကျန်းမာရေးလုပ်သားတွေ ရာနဲ့ချီပြီး ထပ်မံပို့လွှတ် ပေးမယ်လို့ ပြောပါတယ်။ Sierra Leone, Liberia, Guinea နိုင်ငံတွေ က လုံခြုံရေးတပ်ဖွဲ့တွေကို အီဘိုလာ ကူးစက်ရောဂါပိုး တွေ့ရှိတဲ့ နယ်စွန်နယ်ဖျားဒေသတွေ ကို ပို့လွှတ်ပေးလိမ့်မယ်လို့လည်း သူမကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/ebola-outbreak-in-africa-/1970491.html

အာဖရိကတိုက်အတွင်း ပိုပြီးပြန့်နှံ့လာနေတဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်နေမှုကို မျက်နှာဖုံးသတင်းတွေအဖြစ် ထည့်သွင်းဖော်ပြထားကြပုံ။ (ဂျူလိုင် ၃၁၊ ၂၀၁၄)
 — withShwe Arlu and 2 others.

Photo: အီဘိုလာရောဂါ ကူးစက်နေရာ ပိုမို ကျယ်ပြန့်လာ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform