အဲဒီငွေတွေကို ရောဂါပြန့်နှံ့မှု ဖြစ်နေတဲ့ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်နဲ့ ဂီးနီးယား နိုင်ငံတို့ကို ပေးမှာ ဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် အခုအခါမှာ လူပေါင်း ၉၀၀ နီးပါးသေဆုံးခဲ့ရပြီး တစ်ထောင်ကျော် ကူးစက်ခံနေရပါတယ်။
အခုလောလောဆယ် အီဘိုလာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ မရှိသေးပေမယ့် လာမယ့် နှစ် နှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ကမ္ဘာ့ကာကွယ်ဆေးလောကမှာ ထိပ်တန်းက ပါဝင်တဲ့ ပညာရှင်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံက Allergy နဲ့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနရဲ့ အကြီးအကဲ Anthony Fauci ရဲ့အဆိုအရ လာမယ့် စက်တင်ဘာလမှာ အခုတီထွင်ထားတဲ့ ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်ကြည့်မှာ ဖြစ်ပြီး အဲဒီ စမ်းသပ်မှုက ဇန်နဝါရီလမှာ ပထမအဆင့် ပြီးဆုံးမှာ ဖြစ်ပါတယ်။
လူသားတွေအပေါ် စမ်းသပ်မှုက အောင်မြင်မှု ရမယ်ဆိုရင်တော့ ကာကွယ်ဆေးကို ထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၁၅ နှစ်လည်ပိုင်းကနေ နှစ်ကုန်ပိုင်းအတွင်း ကာကွယ်ဆေးတချို့ကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ဆေး ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-06/1353174
အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းဟာ သေဆုံးကြတယ်လို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ (Credit: Reuters) |
0 comments:
Post a Comment