စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 4 August 2014

တရုတ်နိုင်ငံမှာ ငလျှင်လှုပ်ခတ် မှုကြောင့် အနည်းဆုံး လူ ၃၆၀ ကျော်သေဆုံး

 တရုတ်နိုင်ငံ ​ယူနန်ပြည်နယ်မှာ ​လှုပ်ခတ်ခဲ့တဲ့ ​ငလျင်ကြောင့် ​အနည်းဆုံးလူပေါင်း ​၃၆၇ ​ယောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် ​ရှင်ဟွာ ​သတင်းမှာ ​ဖော်ပြချက်အရ ​ပြင်းအား ​၆.၁ ​ရှိတဲ့ ​ငလျင်ကြောင့် ​လူပေါင်း ​၁၄၀၀ ​ကျော် ​ဒဏ်ရာ ​ရရှိခဲ့ ​တယ်လို့ ​လည်း ​ဖော်ပြ ​ထားပါတယ်။

မြေငလျင်ကြောင့် ​အဆောက် ​အဦးတွေ ​ပြိုကျခဲ့ရပြီး ​ဆက်သွယ်ရေး ​စနစ်တွေ၊ ​လျှပ်စစ် ​လိုင်းတွေ ​ဖြတ်တောက်ခံ ​နေရပါတယ်။ ​အိမ်အလုံးပေါင်း ​၁၂၀၀၀ ​လည်း ​ပြိုကျခဲ့ရပြီး ​တခြား ​အိမ်အလုံးပေါင်း ​၃၀၀၀၀ ​ပျက်စီးခဲ့ရပါတယ်။

အခုလောလောဆယ် ​အပျက်အစီးတွေကြားမှာ ​အလောင်းတွေ၊ ​အသက်ရှင်ကျန်ရစ်သူတွေကို ​ရှာဖွေနေကြပြီ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ​ဒေသစံတော်ချိန် ​တနင်္ဂနွေနေ့ညနေ ​၄ ​နာရီခွဲမှာ ​ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-04/1351910

ပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၃၆၇ ယောက်သေဆုံးခဲ့ပြီး ၁၄၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ (Credit: Reuters) 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform