စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 January 2014

ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့်---
ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာအဖြစ် စားသူတွေဟာ ဂျုံနုနဲ့လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃-နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုးသက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နွားနို့---

အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာစားတဲ့ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျ တက္ကသိုလ်မှ သုတေသနပြုသူတွေက နံနက်စာကို နွားနို့သောက်သူတွေဟာ အချိုရည်သောက်သူတွေထက် ပိုမိုဗိုက်ပြည့်တင်းမှုရစေပြီး နေ့ခင်း အစာစားချိန်မှာ ၂၀၀-ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၃) ကြက်ဥ---

အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥ စားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥနှစ်လုံးနှင့် စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅-ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁-ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform