စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 January 2014

ကော်ဖီချစ်သူတွေသိချင်ကြတဲ့ ကဖင်းဓာတ်အကြောင်း

ကော်ဖီချစ်သူတွေသိချင်ကြတဲ့ ကဖင်းဓာတ်အကြောင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်ဟာ ညဘက်မှာ အိပ် မပျော်တာမျိုး ဖြစ်လေ့ရှိတယ် ဆိုရင် နေ့လယ် ၁ နာရီ ကျော်ပြီးချိန်မှာ ကဖင်းပါတဲ့ အရည်တွေကို မသောက် သင့်ပါ။ ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအခြေခံတဲ့ ဖျော် ရည်နဲ့ ချောကလက်တွေထဲမှာ ပါဝင်ပါ တယ်။ ကဖင်းဓာတ်ဟာ အသင့်အတင့်စွဲ လမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ကဖင်းကို အလွန်အမင်းသောက်မယ်ဆို ရင် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

-ကဖင်းဓာတ်ဟာ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါ ကြောင့် သံဓာတ်ချို့တဲ့မှုမဖြစ်အောင် က ဖင်းပါတဲ့ အရည်ကို ထမင်းစားချိန်တစ် ဝိုက် မသောက်သင့်ပါဘူး။
-ကဖင်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို တိုးမြင့်စေပါတယ်။

-ကဖင်းဓာတ်များရင် အစာအိမ်ကို မအီမသာဖြစ်စေပြီး ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာကို ဖြစ်စေနိုင်ပါတယ်။

- ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ် ကို အလွန်အမင်းမှီဝဲတာက ပေါင်မပြည့် ကလေးမွေးနှုန်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားတဲ့ အမျိုးသ မီးတွေအနေနဲ့ တစ်နေ့မှာ ကဖင်းဓာတ် ၂ဝဝ မီလီဂရမ်ထက် ပိုမမှီဝဲသင့်ပါ။
ကဖီးဓာတ်၏ကောင်းကျိုး

-လက်ဖက်ရည်နဲ့ ကော်ဖီမှာ ဖလေ ဗိုးနွိုက်ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါ ဝင်နေပါတယ်။ ဖလေဗိုးနွိုက်ဟာ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါတို့လို နာမကျန်း မှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ကဖင်းဓာတ်နဲ့ မတည့်တဲ့ သူတွေအနေနဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ လက် ဖက်စိမ်းလို ကဖင်းမပါတဲ့ လက်ဖက်ရည်တွေကို သောက် သုံးနိုင်ပါတယ်။ အဲဒီအစားအ သောက်ထဲမှာ အင်တီအောက်ဆီးဒင့်ပါ ဝင်မှု များလို့ပါ။

**ကော်ဖီ ကိုများများ သောက်သင့် လား**
တစ်နေ့မှာ ကဖင်းဓာတ်ပါတဲ့ အစား အသောက်တွေကို လေးကြိမ်ထက် ပိုမှီဝဲ ရင် လျှော့ဖို့ သင့်နေပါပြီ။ ညဘက်မှာ အိပ်ပျော်ဖို့ ခက်နေရင် နေ့လယ် ၁ နာရီကျော်ပြီးချိန်မှာ ကဖင်း ဓာတ်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက် ချိန်နဲ့ သွေးတိုးတာ၊ ဆီးမထိန်းနိုင်တာ၊ ပူပင်သောကများတာတို့လို ရောဂါခံစား နေရသူတွေမှာ ကဖင်းဓာတ်မပါတဲ့ အရည်တွေကိုပဲ သောက်သင့်ပါတယ်။

**ကဖင်းဓာတ်ကို လျော့ ချနည်း**
-တစ်နေ့မှာ ကော်ဖီတစ်ခွက်ပုံမှန် သောက်နေကျဖြစ်ရင် တစ်နေ့ ကော်ဖီ ခွက်တစ်ဝက်ပဲ သောက်ပြီး ကဖင်းဓာတ် ကို လျှော့ချသင့်ပါတယ်။
-ကဖင်းဓာတ်ပါတဲ့ အရည်အစား သစ် သီးဖျော်ရည်နဲ့ ရေများများသောက်ပါ။ ကဖင်းဓာတ်အစား ဆေးဖက်ဝင် လက် ဖက်ရည်ကို သောက်မယ်ဆိုရင် အင်တီ အောက်ဆီးဒင့်အပိုကို ရရှိစေပါတယ်။

-တစ်ပတ်မှာ ကဖင်းဓာတ်ပါတဲ့ အ ရည်ကို ငါးခွက်ထက် ပိုမသောက်ပါနဲ့။
- ကဖင်းဓာတ်ကို လျှော့ချပြီးချိန်မှာ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်နေချိန်မှာ ရေကို များများ သောက်ပေးပါ။ နှစ်ရက်လောက်ကြာရင် သက်သာသွားပါလိမ်မယ်။

Ref:Good Health

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform