စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 January 2014

ကျန်းမာစေရန် စားသုံးသင့်သော သစ်သီးသုံးမျိုး

ကျန်းမာစေရန် စားသုံးသင့်သော သစ်သီးသုံးမျိုး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဗီတာမင် စီ၊ ပိုတက်စီယမ်တွေ ကြွယ်ဝပြီး ကယ်လိုရီ အနည်းသာ ရရှိစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေလို့ အောက်ပါ သစ်သီးတွေကို စားသုံးသင့်တယ်လို့ University of Pittsburgh Medical Centre က ပြောထားပါတယ်။

စောင်းလျားသီး

နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးတယ်

စောင်းလျားသီးမှာ ကယ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ပိုလီဖီနောနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ ဇောင်းလျားသီးရဲ့ အရသာက ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားပါတယ်။ အခွံနွှာစရာ မလိုဘဲ လှီးစားပါက ကြယ်ပုံသဏ္ဌာန် လေးတွေ ရှိပါတယ်။ စောင်းလျားသီး တစ်လုံးကနေ ၂၈ ကယ်လိုရီ၊ ဗီတာမင်အေ ၅၆ အိုင်ယူ၊ အမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ် ၁၂၁ မီလီဂရမ်ကို ရရှိနိုင်ပါတယ်။

သင်္ဘောသီး

အစာချေဖျက်မှုကို ပုံမှန်ဖြစ်စေတယ်

သင်္ဘောသီးကနေ ပရိုတင်းဓာတ်ကို ချေဖျက်ပေးတဲ့ ပက်ပိန်းအင်ဇိုင်းကို ရရှိနိုင်ပါတယ်။ သင်္ဘောသီးကနေ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဖောလိတ်နဲ့ ဗီတာမင် အေတွေ များစွာ ရရှိနိုင်ပါတယ်။ သင်္ဘောသီးကို ကြိတ်ခြေပြီး ဖျော်ရည်အနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။ သင်္ဘောသီး တစ်ခြမ်းကနေ ၅၉ ကယ်လိုရီ၊ ဗီတာမင် အေ ၁၆၆၃ အိုင်ယူ၊ ဗီတာမင်စီ ၉၃ မီလီဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်နဲ့ ပိုတက်စီယမ် ၃၉၁ မီလီဂရမ်ကို ရရှိနိုင်ပါတယ်။

မာလကာသီး

ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းစေတယ်

မာလကာသီးမှာ ဗီတာမင်စီနဲ့ အမျှင်ဓာတ် ကြွယ်ဝရုံသာမက နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးတဲ့ ကယ်ရိုတီးနွိုက်များစွာ ပါဝင်ပါတယ်။ မာလကာသီး အနေတော် တစ်လုံးမှာ ၃၇ ကယ်လိုရီ၊ ဗီတာမင်အေ ၃၄၃ အိုင်ယူ၊ ဗီတာမင်စီ ၁၂၆ မီလီဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ပိုတက်စီယမ် ၂၂၉ မီလီဂရမ် ပါဝင်ပါတယ်။

အလင်း(ဆေးဝါး)

By Good Health

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform