စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 January 2014

အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်

အသက်အရွယ်မရွေး နုပျိုစေမည့် နည်းလမ်းသုံးသွယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လို အကွက်ပေါ်တာ စတဲ့ အိုမင်းစေတဲ့ အချက်တွေ ကင်းဝေးပြီး အရွယ်မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲ လိုက်နာသင့်ပါတယ်။

(၁) အရိပ်
ထဲမှာ နေပါ

နေပူထဲမှာ နေတဲ့အခါ အသားအရေကို အရေးကြောင်းဖြစ်စေတာ အပြင် မျက်စိကျိန်းကာ မျက်မှောင်ကြုတ်ထားတာကြောင့် မျက်ဝန်းထောင့်နဲ့ မျက်ဝန်းအောက်တွေမှာ အရေးကြောင်းထင်နိုင်ခြေ များပါတယ်လို့ ဘော့စတွန်ရှိ အရေပြား အထူးကု ရာနီလာက ဆိုပါတယ်။ ဒါကြောင့် နေပူဒဏ် မရစေမယ့် အရိပ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်က တက်လိုက်၊ ကျလိုက် မကြာခဏ ဖြစ်နေရင် အရေပြား လျော့တွဲကျနိုင်ခြေ များပါတယ်။ အသားအရေကလည်း တင်းရင်းမှု မရှိတတ်ပါဘူး။ ဒီလိုမဖြစ်စေဖို့ ပိန်အောင် လျှော့နေရင်တောင် အစားအသောက်ကို အလွန်အမင်း လျှော့တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းသာ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။

(၃) ရာသီမရွေး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ

နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာက အသားအရေကို စိုပြည်တင်းရင်းစေတဲ့နည်းပါ။ တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။


By Good Health

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform