စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 22 October 2014

ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား


ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။

ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။

အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။

ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။

အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။

ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။

Good Health

ပညာရေး

Earache - နားကိုက်သည်
Headache - ခေါင်းကိုက်သည်
Sore throat - လည်ချောင်းနာသည်
Cough - ချောင်းဆိုးသည်
Stomachache - ဗိုက်နာသည်
Flu - တုတ်ကွေးမိသည်
Backache - ခါးနာသည်

DESTINATION (ပန်းတိုင်)

DESTINATION (ပန်းတိုင်)
The foolish live their lives without a destination.
Floating along aimlessly,
Often finding themselves at the starting conditions.
The clever often set unreachable destination,
Bearing these burdens on their shoulders,
Always reading where they stand with dis-satisfaction
The wish knew their ultimate destination in life,
Meeting small destination on the ladder to success,
They achieve hope and happiness thought out their journey.

လူမိုက်တို့်သည်ပန်းတိုင်မရှိ ရည်မှန်းချက်မဲ့စွာ ထိုနေရာတွင်ပင် တ၀ဲလည်လည် လွင့်မျောနေထိုင်တတ်ကြသည်။
ပညာရှိတို့မည်သည် ၀န်ထုပ် တစ်ခုကို ပုခုံးတွင်ထမ်း၍ ကြံ့ကြံ့ခံလျှက် မိမိရောက်ရှိနေသောနေရာနှင့် မကျေနပ်သေးဘဲ ဆက်လက်ကြိုးစားလေ့လာမှတ်သားကြသည်။
ပညာရှိတို့သည် သူတို့၏ နောက်ဆုံးသော ဘ၀ ပန်းတိုင် ကို သိကြသည်။
သူတို့၏ တက်လှမ်းနေသော ခရီးလမ်းတလျှောက်၏ လှေကားထစ်ပေါ်ဝယ် မျော်လင့်ခြင်း ပျော်ရွှင်ခြင်းများ အောင်မြင်မှုများရရှိကြလေသည်။

ပန်းတိုင်

လူုမိုက်မည်သည်
ဆုံးစ မသိ ပန်းတိုင်မရှိ
ရည်မှန်းချက်မဲ့စွာ
လှော်တက်မပါ
ဝေ့ကာဝဲကာ လွင့်မျောပါသည်။။။

ထက်မြက်သူမှာ
ဝန်ကိုထမ်းလျှက်
တိုးတက်ဖို့ရာ
လေ့လာမှတ်သား
အဆင့်ဆင့် လှမ်းကာ
မျော်လင့်ခြင်းပန်းတိုင်
်မမောမပန်းနိုင် လှမ်းကာလျှောက်လျက်
အောင်မြင်ခြင်း သရဖူ
ှဆွတ်ကာယူသည်
ဲပြုံးပန်းဝေဆာလျှက်ပါတကား။။။။
ခင်မင်ရသောသူငယ်ချင်းများရေ....

ဘ၀မှာတိုးတက်အောင်မြင်လိုသူတိုင်းဟာ..
မိမိရဲ့ ကိုယ်ပိုင်အားသားချက်အားနဲ ချက်တွေကိုဝေဖန်ပိုင်းခြား..ပြုပြင်နိုင်ရမည်။
ဒါမှာသာမိမိကိုယ်ကိုနားလည်ခြင်းself-realizationမှ...
ကိုယ်တိုင်ဖွံ့ ဖြိုးတိုးတက်မှု self-development...သို့ ရောက်နိုင်မယ်..
ဒါကြောင့် the foolish , the clever and the wish တို့ ရဲ့ ဒသအမြင်ကိုတင်ပြပေးပါမယ်...

ခင်မင်လေးစားသော
ရွှေအိမ်စည်

THOUGHTSစိတ်ကူးအတွေးများ

THOUGHTSစိတ်ကူးအတွေးများ
The foolish act and then afterward
This leads to mistakes and endless trouble.
The clever think first and act afterward,
And often ride in labyrinth of imagination.
May times their thoughts obstruct their courage.
The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
Yours....
Shwe Aeim Si

စိတ်ကူးအတွေးများ

The foolish act and then afterward
This leads to mistakes and endless trouble.
လူမိုက်တို့၏ မဆင်ခြင်သော အပြုအမူကြောင့် အမှားသို့ဦးတည်လျှက်
မဆုံးသော ပြသနာကို ဖန်တီးတတ်ကြသည်။

The clever think first and act afterward,
And often ride in of imagination.
May times their thoughts obstruct their courage.
တတ်သိနားလည်သောသူတို့သည် မပြုလုပ်မီ တွေးတော ဆင်ခြင်ပြီးမှသာ ပြုလုပ်လေ့ရှိသောလည်း ရံဖန်ရံခါ
်စိတ်ကူးအတွေးဖြင့် ရှုပ်ထွေးတွေဝေစေလျက် ၄င်းသည် ထိုသူတို့၏ အစွမ်းသတ္တိကို အဟန့်အတားဖြစ်စေတတ်သည်။

The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
ဥာဏ်အမြော်အမြင်ရှိသူသည် ဖြစ်နိုင်ခြေရှိသည်ကို လက်တွေ့ဆောင်ရွက်သည်။
အာရုံထွေပြားမှုမရှိစွာ အားအင်အချိန် ကို အလေအလွင့်မဖြစ်စေဘဲ အောင်မြင်မှုပန်းတိုင် သို့
ချောမွေ့စွာ ခရီးနှင်ကြလေသည်။

labyrinth= a confusion set of connecting passages or paths in which it is easy to get lost or
something which is very confusion.
ရွှေအိမ်စည်

SPEAKING( စကားပြောခြင်း)

SPEAKING( စကားပြောခြင်း)
The foolish like to argue.
They only create conflicts and contradictions.
Instead of gaining knowledge.
The clever like to ask.
They create relationship and gain knowledge.

The wise tend to remain silent;
They observe deeply and propose the appropriate.
Thanks,
Shwe Aeim Si

စကားပြောဆိုခြင်းနှင့်ပတ်သက်သော

မိုက်မဲသူတို့သည်.....
ငြင်းခုံခြင်းကို နှစ်သက်လျှက် ဗဟုသုတရစေမည့် အစား ပဋ္ဋိပက္ခ ဖြစ်ရန်သာ ဖန်တီး၍ ခံငြင်းပြောဆိုတတ်ကြသည်။

ထက်မြက်သူတို့သည် မေးမြန်းခြင်းကို နှစ်သက်လျှက် ပေါင်းသင်းဆက်ဆံမှုပြု၍ ဗဟုသုတ ရယူတတ်ကြ၏။

ဥာဏ်အမြော်အမြင်ရှိသူမှာ ဆိတ်ငြိမ်စွာနေထိုင်လျှက် နက်နက်နဲနဲ လေ့လာမှုပြုပြီးမှ သင့်လျော် သည်ကို အဆိုပြု အကြံပေး၏။

စကားလက်ဆောင်

အကျိုးမဲ့ နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်မည်သော်လည်းမမြတ်၊
တရားနှင့် ဆိုင်သောစကားသည် တစ်ခွန်းတည်း သော်လည်းမြတ်၏။
ရွှေအိမ်စည်

ခင်များတို့လုပ်တတ်တာ ဘာရှိလဲ

ခင်များတို့လုပ်တတ်တာ ဘာရှိလဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးရဘူး
ဆန်စပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားရဘူး
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိဘူး
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး
စစ်သည်သုံးသိန်းရှိတယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး
ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ဘူး
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းဘူး
သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး
ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ရတယ်
သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ဘူး
ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ဘူး
ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးဘူး
ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရဘူး
အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ကြဘူး
အကျင့်ပျက်ခြစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ဘူး
ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းဘူး
အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်တယ်
မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ဘူး
ရာသီဥတု ကောင်းတယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး
ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူဘူး
ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေရတယ်
ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး
အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ကြဘူး
ဒီမိုကရေစီနိုင်ငံထူထောင်တယ်
အာဏာရှင် စိတ်ဓါတ်နဲ့
ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး
ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃

မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်

တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်
============================
ကာတာ ယူ၁၉ အသင်းတွင် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်က နည်းပြအဖွဲ့တွင် အကြံပေးတစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။
ကာတာအသင်း မြန်မာ ကစားပုံကြောင့် ချောက်ခြားမှားယွင်းမှုများ ကြုံလာတိုင်း ရာအူးလ်မျက်နှာက မကြည်မသာ။
တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင် ပွဲစဉ်က လှပလွန်းနေသည်။
ပရိသတ်အားပေးမှုကလည်း လှပလွန်းနေသည်။ ကွင်းထဲက မြန်မာတို့ ခြေစွမ်းသည်လည်း နောက်ဆုံးမိနစ်အထိ ပြိုင်ဘက်ကို ဒုက္ခပေးလွန်းလှသည်။ သေချာသည် ရာအူးလ်သည် သူမတွေ့မိ မခံစားမိသည့် စိတ်လှုပ်ရှားမှုများကို မနေ့က မြန်မာ ယူ၁၉ အသင်းပွဲစဉ်ကြည့်ရှုပြီးနောက် သူသိသွားခဲ့လေပြီ။
ပွဲအပြီးတွင် မြန်မာတိုက်စစ်မှူး သန်းပိုင်နှင့်အတူ ရာအူးလ်ကို အ၀တ်စားလဲခန်းထိပ်တွင် တွေ့မြင်ရသည့် ပုံရိပ်က မြန်မာကစားသမားတို့၏ အနာဂတ်ကို ကြိုမြင်နေရသလိုပင် ခံစားမိသည်။
" မြန်မာ အသင်း ကစားပုံက ထိပ်တန်း အဆင့်ပါ . ယခုပွဲဟာ တကယ့်ကို စိတ်လှုပ် ရှားစရာ ကောင်းတဲ့ ပွဲတပွဲပါ။ သူတို့ အသင်း တိုက်စစ် ကစားပုံတွေက နောက်ဆုံး မိနစ်ထိ စိတ်လှုပ် ရှားစရာ တွေပေးသွားခဲ့ပါတယ်။
ကျွန်တော် မေးချင် တာတခုက အခုလက် ရှိ မြန်မာ ကစားသမားတွေ ဘာကြောင့် ပရီးမီးယားလိဂ် ၊ လာဂီဂါ ၊ စီးရီးအေတို့လို နေရာတွေမှာ ဘာလို့ သွားမကစား ရတာလဲ ဆိုတာကိုပါ။ မြန်မာ ကစားသမား တချို့မှာ ထိပ်တန်း ခြေစွမ်းတွေ ရှိနေပါတယ် ။ " ဟု ရာအူးလ်က ပြောခဲ့သည် ကို ပြန်ကြားရသည်။
Credit : MFF, Photo - Herrera Shine Koko

ပျော်ရွှင်တတ်ပါစေသူငယ်ချင်း.....

ပျော်ရွှင်တတ်ပါစေသူငယ်ချင်း.....
တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။သူငယ်ချင်းတို့ မှာရှိမရှိတိုက်ကြည့်နော်..
၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။
၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်
ကျနော်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူး ရမယ့် အကြောင်းအရာ တွေကိုသာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ် ကြပါတယ်။
၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ် ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ)ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါလိမ့်မယ်။
၎။ မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်.....။
သူငယ်ချင်းတိုင်းပျော်ရွှင်တတ်ပါစေဗျား...
ချစ်ခင်လေးစားလျှက်

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?( အပျင်းပြေဥာဏ်စမ်းမေးခွန်း)

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?( အပျင်းပြေဥာဏ်စမ်းမေးခွန်း)

ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။ ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။

ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း (နည်းပညာ ဆိုင်ရာ ဗဟုသုတ)

ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း (နည်းပညာ ဆိုင်ရာ ဗဟုသုတ)
---------------------------------
သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ် မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5
အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
(၄) 00, 03, 04,05,06 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။(မေလ်းထဲကရတာဗျ မူရင်းအမည်မပါဘူးနော်..)

သင်္ချာအလှတရား

9 နဲ့ မြှောက်ပြီးဒါလေးပေါင်း
=================
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 + 10 = 1111111111

ပက်ပက်စက်စက်လှတယ်နော်.....ကျနော်လို အလှလေးတွေရှာကြည့်ရအောင်ဗျာ.

Sunday 19 October 2014

ဦးနှောက် အတွင်းသို့ ဓားတစ်လက် စိုက်ဝင် ခဲ့သော်လည်း အသက် ရှင်ခဲ့သည့် တရုတ် အမျိုးသား

 တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦး၏ ဦးနှောက်အတွင်းသို့ ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခု၏ လသာဆောင်မှ ပြုတ်ကျလာသော ဓားတစ်လက် စိုက်ဝင်ခဲ့သော် လည်း ၎င်းအား အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှောင်ကျန် အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် လမ်းလျှောက်နေစဉ် ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခုမှ အမျိုးသမီးတစ်ဦး၏ အရှည် ၁၂ စင်တီမီတာရှိ သစ်ပင်ဖြတ်ဓားကို သူမ၏ ကြောင်က တိုက်ချလိုက်သောကြောင့် ဓားသည်မီတာ ၄ဝ အမြင့်မ ပြုတ်ကျလာပြီး ရှောင်၏ ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဓားစိုက်ဝင်နေသည့် ခဏတွင် ရှောင်သည် စိတ်ကိုတည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ဦးခေါင်းတွင် စိုက်ဝင်နေသော အရာကို ကိုယ်တိုင်ဆွဲထုတ်၍ မဖြစ်နိုင် ကြောင်း၊ထို့ကြောင့် အိမ်ပြန်ကာ လူနာတင်ကားခေါ်မည်ဟု ကြံရွယ်ခဲ့ကြောင်း၊ သို့သော်မီတာ ၁ဝဝ ခန့် လမ်းလျှောက်ပြီးနောက် ခေါင်းမှာနာကျင်လာသည့်အတွက် ထိုင်နေခဲ့ရကြောင်း၊ ထို့နောက်၎င်းကို ပတ်ဝန်းကျင်မှ လူများက နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သောကြောင့် အချိန်မီ အသက်ရှင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရှောင်က ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

ဆက်ကပ်ပြပွဲ၌ ရှားပါးခြင်္သေ့ဖြူလးကောင်ပေါက်ဖွား


ဘာလင် သြဂုတ် ၂၃

ဂျာမနီနိုင်ငံအရှေ့ပိုင်း ဆပ်ကပ်ပြပွဲတစ်ခု၌ ခြင်္သေ့မကြီးတစ်ကောင်က ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ခြင်္သေ့ဖြူ လေးကောင်ပေါက်ဖွားခဲ့ကြောင်း၊ ယင်းတို့တွင် အထီးသုံးကောင်နှင့် အမတစ်ကောင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ခြင်္သေ့ဖြူလေးများသည် ယခုအခါ မက်ဒီဘက်မြို့သို့ရောက်ရှိလာပြီး အများပြည်သူများအား လှည့်လည်ပြသလျက်ရှိကြောင်း၊ ¤င်းတို့သည် မြူးနစ် အခြေစိုက်ခရုန်းဆပ်ကပ်ရုံ၌ ကျန်းမာစွာဆော့ကစား လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တောင်အာဖရိကတောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်သူများက အဆိုပါခြင်္သေ့ဖြူများကို ကမ္ဘာ ပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစ္ဆာန် များအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ရှားပါးခြင်္သေ့ များသည် တောင်အာဖရိကနိုင်ငံများ တင်ဘာဗတီဒေသ ၌သာလျှင်ရှိတော့ကြောင်း၊ သဘာဝအလျောက် တွေ့ရမှု အလွန်နည်းသွားပြီဖြစ်ကြောင်း ၄င်းတိရစ္ဆာန် ထိန်းသိမ်းသူများက ပြောသည်။

ရှားပါးခြင်္သေ့ဖြူအရေအတွက်မှာ ကမ္ဘာတစ်ဝန်း တိရစ္ဆာန်ရုံများနှင့် ဆပ်ကပ်ပြပွဲရုံများ၌ ရာဂဏန်း ခန့်သာရှိတော့သည်ဟု ဆိုသည်။ အဆိုပါ ရှားပါးခြင်္သေ့များ ကို ဗုဒ္ဓဟူးနေ့ညက ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။

¤င်းတို့ကို ခုနစ်နှစ်အရွယ် မင်းသမီးဟု အမည် ပေးထားသော ခြင်္သေ့မကြီးနှင့် ဘုရင်တွန်ဂါဟု အမည်ပေး ထားသော ခြင်္သေ့ကြီးတို့မှပေါက်ဖွားခဲ့ခြင်းဖြစ်သည်။ ¤င်းတို့သည် ၂ဝ၁၂ ခုနှစ်က ခြောက်ကောင်ပေါက်ဖွားခဲ့ သည်ဟု ဆိုသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

မိန်းကလေးတဦး မကောင်းဆိုးဝါး ဖမ်းစားမှုမှ ကာကွယ်ရန် လေလွင့်ခွေးနှင့် မင်္ဂလာဆောင်

မကာင်းဆိုးဝါဖမ်းစားခြင်းမှ ကာကွယ်ရန်အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်းပြည်နယ်မှ မန်ဂလီမန်ဂါ အမည်ရှိ ၁၈နှစ်အရွယ် မိန်းကလေးသည် လေလွင့်ခွေးတကောင်နှင့် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။

မန်ဂလီမန်ဂါသည် ဂြိုလ်စီးဂြိုလ်လာ ညံ့နေကြောင်း၊ အမျိုးသားတဦးနှင့် လက်ထပ်ပါက မိသားစုသာမက ရွာကိုပါ ကံဆိုးမိုးမှောင်ကျရောက်နိုင်ကြောင်း ၎င်းတို့ရွာမှ ဂုရု၏ စကားကို မိဘဖြစ်သူများက ယုံကြည်သဖြင့် အဆိုပါမင်္ဂလာပွဲအား အလျင်အမြန် ကျင်းပခဲ့ကြသည်။

သူမ၏ဖခင်က ကြောင်တောင်တောင်ဖြစ်နေသော ရှာရူးအမည်ရ ခွေးလေခွေးလွင့်အား မင်္ဂလာပွဲသို့ ကားဖြင့် တင်ဆောင်လာရာ တတ်ရောက်လာသော ဧည့်သည်များက ကြိုဆိုခဲ့ကြသည်။

“ဒီပွဲပြီးရင် မကောင်းဆိုဝါးဖမ်းစားခံထားရတာ ခွေးဆီကို ရောက်သွားမယ်လို့ ရွာလူကြီးတွေပြောလို့ ခွေးနဲ့ မင်္ဂလာဆောင်တာပါ၊ ပြီးရင် ကျမလက်ထပ်မဲ့ အမျိုးသားက အသက်ရှည်ရှည်နေရလိမ့်မယ်” လို့ မန်ဂလီ က ပြောသည်။

သူမ၏ ဖခင်က “မင်္ဂလာပွဲကို အမြန်းဆုံးစီစဉ်ဖို့ ရွာလူကြီးတွေက ပြောတယ်၊ မကောင်းဆိုးဝါး ဖမ်းစားမှုက လွတ်မြောက်ဖို့ ခွေနဲ့မင်္ဂလာဆောင်တာကလွဲလို့ အခြားနည်းလမ်း မရှိဘူး” ဟု ပြောသည်။

၎င်းရွာတွင် ယင်းသို့သောမင်္ဂလာပွဲများ ပြုလုပ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။
ရွာထုံးစံအရ ယခုမင်္ဂလာပွဲသည် မန်ဂလီ၏ ဘ၀အား မည်သို့မျှ ထိခိုက်မည်မဟုတ်သည့်အပြင် ခွေးနှင့် ကွာရှင်းပြတ်စဲခြင်းပြုစရာလည်း မလိုဘဲ လွတ်လပ်စွာ လက်ထပ်နိုင်မည်ဖြစ်သည်။

အယောက် ၇၀ ၀န်းကျင်ခန့်ရှိသော ဆွေမျိုးများနှင့် ရွာသားများက ရိုးရာဗုံများ တီးခတ် ကခုန်ခြင်းဖြင့် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။

“တနေ့တော့ ကျမ အမျိုးသားတယောက်နဲ့ လက်ထပ်မှာပါ၊ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် မင်းသားလေးနဲ့ လက်ထပ်ဖို့ဆိုတာ မိန်းကလေးတိုင်ရဲ့ အိမ်မက်ပါ၊ အဲဒီတော့ ကျမလည်း ကျမဘ၀ရဲ့ မင်းသားလေးကို မျှော်နေပါတယ်” ဟု မန်ဂလီမန်ဂါ က ပြောလေသည်။

Ref;Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အသက်ကို လက်ဖျံရိုးနှင့်လဲခဲ့ရသူ

၂၀၀၃ ခုနှစ်အတွင်းက အာရွန်ရာလ်စတန်ဆိုသည် အမျိုးသားတစ်ဦးသည် နက်ရှိုင်းမတ်စောက်လှသည့် Blue John Canyon လျှိုချောက်ကြီးဆီသို့ တောင်တက်ခရီးထွက်ရန် ရောက်ရှိလာခဲ့သည်။

ကျောက်နံရံပေါ်သို့ တွယ်တက်နေစဉ် ပဲ့ကျလာသည့် ကျောက်တုံးကြီးတစ်တုံးက သူ၏ညာလက်ဖျံကိုကြိတ်ချေလျက်သားအနေအထားဖြင့် အောက်သို့ ဆက်မကျဘဲ နံရံပက်ကြားအက်ထဲတွင် သပ်ရိုက်သကဲ့သို့ ညပ်သွားခဲ့သည်။

ရာလ်စတန်သည် သူ၏တောင်တက်ခရီးစဉ်နှင့်ပတ်သက်၍ မည်သူ့ကိုမျှ အသိပေးထားခြင်း မရှိရာ၊ ကယ်ဆယ်မည့်သူ ရောက်လာမည်မဟုတ်ကြောင်း ကိုလည်း သိရှိခဲ့သည်။ မိမိကိုယ်ကို သေလူအဖြစ် မှတ်ယူကာ ရာလ်စတန်သည် ကျောက်တုံးကြီးအောက်မှ မိမိလက်ပြန်လည် ကျွတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။ ရေကိုချွေတာသောက်နေရင်း တစ်ဖက်တွင်လည်း ကျောက်တုံးကြီးကိုဖယ်ရှားရန် ကြိုးပမ်းရင်းဖြင့် ငါးရက်ခန့် အကြာတွင် ရေအနည်းငယ်သာကျန်ရှိတော့သည်။ နောက်ဆုံး ရေပြတ်လပ်သွား သည့်အချိန်တွင် မိမိ၏ ကျဉ်ငယ်ရေကို ပြန်သောက်ခဲ့ရသည်။

ငါးရက်ကျော်ပြီးသည့်နောက်တွင် ရာလ်စတန်က မိမိလွတ်မြောက်ရန်အတွက် ညပ်နေသည့် ညာလက်ကို ဖြတ်ပစ်မှဖြစ်မည်ဟု နားလည်လာခဲ့သည်။ ဦးစွာ ကျောက်တုံးကြား၌ ညပ်နေသည့်လက်ကို လှန်ချိုးခဲ့ရာ လက်ဖျံရိုးနှင့်တကွ တံတောင်ဆစ်ရိုးပါ ကျိုးသွားခဲ့သည်။

ယင်းနောက် မိမိတွင်ပါလာသော စွယ်စုံသုံး ကိရိယာမှ ဓားတုံးတုံးတစ်လက်ဖြင့် ကျိုးသွားသော လက်နေရာတစ်ဝိုက်ရှိ နူးညံ့သော အသားစများကို လှီးဖြတ်ခဲ့သည်။ အရွတ်များကဲ့သို့ မာကျောသည့် အရာများကိုမူ ပလက်ယာဖြင့် ကိုက်ဖြတ်ခဲ့သည်။ စုစုပေါင်း ငါးရက်နှင့် ၇ နာရီ (၁၂၇ နာရီ) ကြာမြင့်ပြီးနောက် ကျောက်တုံးကြီးအောက်မှ လက်ကိုဖြတ်၍ လွတ်မြောက်လာခဲ့သည်။ ယင်းနောက်တွင် ၎င်းအနေဖြင့် ၆၅ ပေကျော်မြင့်သော မတ်စောက်လှသည့် တောင်နံရံကို တွယ်၍ပြန်ဆင်းရပြန်သည်။

နောက်ဆုံး ချောက်နက်ကြီးအပြင်ဘက်သို့ ရောက်ရှိသွားပြီးနောက်တွင် ပျော်ပွဲစားထွက်လာသော မိသားစုတစ်စုနှင့်တွေ့ရာမှ ကယ်ဆယ်ရေးအဖွဲ့ထံသို့ အကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်တွင် ကယ်ဆယ်ရေးအဖွဲ့က ရာလ်စတန်အား ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့သည်။

၂၀၀၄ ခုနှစ် တွင် ရာလ်စတန်ကိုယ်တိုင်ရေးသားသည့် Between a Rock and a Hard Place စာအုပ် ထွက်ပေါ်လာခဲ့သည်။ ၂၀၁၀ တွင် သူ၏အကြောင်း ရိုက်ကူးထားသည့် 127 hours ရုပ်ရှင်ကြောင့် သူတက်ခဲ့သည့် Blue John Canyon ကြီးသည်လည်း နာမည်ကြီးသွားခဲ့သည်။

၁၉၇၅ ခုနှစ်တွင် မွေးဖွားသူ ဖြစ်ရာ ယခုအခါတွင် ရာလ်စတန်အနေဖြင့် ၂၀၁၄ တွင် အသက် ၃၉ နှစ်ရှိနေပြီဖြစ်သည်။

Ref:Wikipedia
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မျက်စိသုံးလုံးပါ ရှားပါးနွားပေါက် တစ်ကောင် အိန္ဒိယနိုင်ငံတွင် မွေးဖွား



တမီးလ်နာဒူ ၊ ၁၈-၉-၂၀၁၄

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူ ပြည်နယ် အတွင်းရှိ ကိုလာသာ ကျေးရွာ တွင် မျက်စိသုံးလုံး ပါရှိသည့် ရှားပါး နွားပေါက် တစ်ကောင် မွေးဖွား ခဲ့ကြောင်း သိရသည်။

အဆိုပါ နွားပေါက်သည် သာမန် နွားပေါက်များနှင့် မတူဘဲ နဖူး တည့်တည့်တွင်မျက်စိတစ်လုံး အပိုပါရှိ၍ မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းစွာ မွေးဖွားလာသည့် အဆိုပါ နွားပေါက်ကို ဒေသခံများက မျက်စိ သုံးလုံး ပါသည့် Shiva နတ်ဘုရား ဝင်စားသည်ဟု ယုံကြည်ထား ကြကြောင်း သိရသည်။

မျက်စိသုံးလုံးပါ နွားပေါက်လေး မွေးဖွား ခဲ့ခြင်းသည် အလွန် အံ့အားသင့်ဖွယ် ကောင်းပြီး ကျေးရွာအတွက် ကံကောင်းခြင်း နိမိတ် လက္ခဏာ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ နွားပေါက် ကလေးကို တိုင်တည်၍ ဆုတောင်းပါက မိမိတို့၏ ဆုတောင်းများ ပြည့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့ ဒေသခံများ အနေဖြင့် အဆိုပါ နွားပေါက်ကို နတ်ဘုရား တစ်ပါးကဲ့သို့ သဘောထား၍ ဂါရ၀ပြု ဆုတောင်းမှုများ ပြုလုပ် နေကြောင်း ၊ အနီးအနားရှိ ကျေးရွာများမှ ဒေသခံ များကလည်း အဆိုပါ နွားပေါက်ကို လာရောက် ဂါရ၀ပြု ဆုတောင်း ကြကြောင်း နွားပေါက် ပိုင်ရှင်ဖြစ်သူ ရာဂျက် က ပြောကြားသည်။

မျက်စိသုံးလုံး ပါရှိသည့် Shiva နတ်ဘုရားသည် ဟိန္ဒူ ဘာသာဝင်များ အပေါ် လွှမ်းမိုးမှု အရှိဆုံး နတ်ဘုရားများ အနက် တစ်ပါး အပါအ၀င် ဖြစ်ပြီး Shiva နတ်ဘုရား ဒေါသထွက်၍ ၄င်း၏ တတိယ မျက်လုံးဖြင့် အရာဝတ္ထု များကို ကြည့်ရှုပါက ၄င်း အရာဝတ္ထု များမှာ မီးလောင်ကျွမ်း၍ ပြာမှုန့်များ ဖြစ်သွားသည် အထိ အစွမ်းရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_6.html

ပျောက်ဆုံးခဲ့သော အဆိပ်ပြင်းမြွေဟောက်ဖြူ တစ်ကောင် ပြန်လည်ဖမ်းဆီးရမိ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် သုံးရက်ကြာပျောက်ဆုံးသွားခဲ့သည့် အဆိပ်ပြင်းသည့်ရှားပါးမြွေဟောက်ဖြူ တစ်ကောင်ကို လော့စ်အိန်ဂျလိစ်ခရိုင် တိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဌာနများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ တိရစ္ဆာန်ထိန်းသိမ်းရေး အရာရှိများသည်အဆိုပါ မြွေဟောက်ဖြူကို သောင်ဇန်အုတ်စ်မြို့ အိမ်ခြံဝင်းတစ်ခု အတွင်းရှိ သစ်တိုသစ်စ ပုံတစ်ခု အတွင်းမှ စက်တင်ဘာ ၄ ရက်ညနေပိုင်းတွင် ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း

ခရိုင်ပြောရေး ဆိုခွင့်ရှိသူ ဘရန်ဒန်ဒေါလင်းက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ မြေဟောက်သည် စက်တင်ဘာ ၁ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ပျောက်ဆုံးနေချိန်တွင်ခွေးတစ်ကောင်သည် ယင်းမြွေဟောက် အကိုက်ခံရ၍ သေဆုံးခဲ့ ရကြောင်း၊ သို့သော် လူတစ်ဦး တစ်ယောက်မှ အကိုက်ခံခဲ့ရခြင်း မရှိကြောင်း ဒေါလင်းက ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia

ထူးထူးခြားခြား အဖြစ်ပျက်များ

ထူးထူးခြားခြား အဖြစ်ပျက်များ ************************** (၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။ (၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။ ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။ (၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါ ။ ဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။ (၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ.မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီး က မြို.တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့် မြို.တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို.ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆို သယ်ဆောင်သွားနိုင်သည် … လို.တရားဝင် အမိန်.ကြေငြာခဲ့တယ် ။ အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို. မိတ်ဆွေတို. ထင်ပါသလဲ … သူတို.ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ …… (၅) ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။ (၆) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေက နန်းချပြီး လည်မျို ညစ်သတ်တာခံခဲ့ရပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ် ။ (၇) ပရပ်ရှား ပြည်က မြို.စားကြီးအဲလ်ဘတ်နဲ့ မြို.စားကတော် အန်နာမာရီယာ တို.ကို တစ်နှစ်ထဲ တစ်လထဲ တစ်ချိန်ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ.မှာ မွေးဖွားခဲ့ပါတယ် ။ မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။ သေဆုံးတဲ့အခါမှာလည်း တစ်နှစ်ထဲ တစ်လထဲ တစ်နေ.ထဲပါပဲ … ၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ.မှာ သေဆုံးခဲ့ပါတယ် ။ သေဆုံးချိန်ကလည်း အတူတူပါတဲ့ ခင်ဗျ ။ ( တော်တော် စိတ်ကူးယဉ်ဆန်တယ်နော် … ) (၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇၀ – ၁၄၉၈) ဟာ အဆိပ်ခတ်ခံရမှာ အလွန်ကြောက်တဲ့အတွက် အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက် အာဟာရချို.တဲ့ပြီး သေဆုံးခဲ့ရပါတယ်တဲ့ … ( ကြောက်ရင် နှစ်ခါသေရတယ်နော် …ဘုရင်ငတ်ပြတ်လို.သေတာ ကြားလို.တောင်မကောင်းဘူး …) (၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ အမှောင်ကို အလွန်ကြောက်တဲ့အတွက် နေ.ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ … (၁၀) ကမ္ဘာ့. အဆိုးယုတ်ဆုံးအမျိုးသမီးအကြောင်း မိတ်ဆွေတို.ကြားဖူးလား မသိဘူး … အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား လာအိုဒိုက်စ် ဟာ သူမရဲ့ ခင်ပွန်းကို စတုတ္ထမြောက် အရိယရသီ ဘုရင်အဖြစ် နန်းတင်ဖို.အတွက် သူမရဲ့ သားအရင်းခေါက်ခေါက် ငါးယောက်ကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။ သူမ ရဲ့ ဆဌမမြောက် သားကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက်ဘိသိတ်ခံပွဲလုပ်တဲ့နေ.မှာပဲ …. သူ.မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။ ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံးအမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ။

မော်ရိုကို နိုင်ငံတွင် ခေါင်း နှစ်လုံးနှင့် မျက်စိ တစ်လုံးသာ ပါရှိသည့် နွား တစ်ကောင် မွေးဖွား


မော်ရိုကိုနိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် မျက်စိ တစ်လုံးသာ ပါရှိသည့် နွားပေါက်တစ်ကောင် ကို မွေးဖွားခဲ့ကြောင်းနှင့် အဆိုပါ နွားပေါက် ပိုင်ရှင်များသည် ၎င်းကို Happy Year ဟု အမည် သတ်မှတ်ပေးခဲ့ကြောင်း

ယင်းနိုင်ငံထုတ် သတင်းစာများက သြဂုတ် ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။ အဆိုပါ နွားပေါက်ကို Feg မြို့ မြောက် ပိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မျက်စိတစ်လုံးသာ ပါရှိသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်များ က ပြောကြားခဲ့သည်။

ထို့ပြင် Happy Year အမည်ရှိ ၎င်းနွားပေါက်သည် အစာစားရာတွင် ပါးစပ် နှစ်ခုလုံးကို အသုံးပြုနိုင်ကြောင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မရှိကြောင်း ပိုင်ရှင်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာများက ဖော်ပြခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

လက် အရွယ်အစား အလွန် ကြီးနေသည့် ကလေးငယ်ကြောင့် အိန္ဒိယ ဆရာဝန်များ အကျပ်ရိုက်လျက် ရှိ

သာမန် ကလေးများ၏ လက်ထက် အဆမတန် ကြီးမားနေပြီး အလေးချိန်အားဖြင့် ၂ စတုန်ရှိသည့် လက်ပိုင်ရှင် ကလေးငယ် တစ်ဦးကြောင့် အိန္ဒိယနိုင်ငံမှ ဆရာဝန်များမှာ အကျပ်ရိုက်လျက် ရှိသည်ဟု သိရသည်။

ကာလင်း အမည်ရှိ ရှစ်နှစ်အရွယ် အဆိုပါ ကလေးငယ်သည် မွေးဖွားစဉ် ကပင် သာမန် ကလေးငယ် တစ်ဦး လက်အရွယ်အစားထက် နှစ်ဆခန့် ပို၍ ကြီးမားစွာဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သာမန် ကလေးငယ်များ၏ လက်နှင့် အရွယ်အစား မတူဘဲ ကြီးမားနေသည့် လက်များကြောင့် ကာလင်းမှာ ဖိနပ်ကြိုးချည်ခြင်း ကဲ့သို့သော ကိစ္စများ အပါအဝင် သာမန် လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ၎င်း၏ လက် အရွယ်အစားမှာ တဖြည်းဖြည်း ကြီးထွားလာခြင်းကြောင့် ယခုအချိန်တွင် ကာလင်း၏ လက်ခလယ်မှ လက်ဖျံအထိ အရှည်မှာ ၁၃ လက်မခန့် အထိ ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။ ၎င်း၏ လက်များမှာ အရွယ်အစား ကြီးထွားလွန်း နေသည့် ကိစ္စနှင့် ပတ်သက်၍ ကာလင်း၏ အခြေအနေသည် ရှားပါးသော ရောဂါ အခြေအနေ တစ်ခုဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း၊ ဖြစ်နိုင်ခြေ ရှိသည်မှာ ကာလင်းသည် တစ်သျှူးများ အလွန်ကြီးထွားသည့် ရောဂါကို ခံစား နေရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ယင်း ရောဂါသည် ကုသနိုင်ဖွယ် ရှိသော်လည်း လက်များ အဆမတန် ကြီးထွား လာပါက ကာလင်း၏ အသက်ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း ဆရာဝန် တစ်ဦးဖြစ်သူ ရာတန်က ပြောကြားခဲ့သည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

မိချောင်းဆွဲခံရသူ မိချောင်းမျက်လုံးကို လက်နဲ့ထိုးပြီး လွတ်မြောက်...

ပြီးခဲ့တဲ့ သောကြာနေ့က သြစတေးလျမှာ အမဲလိုက်ထွက်ခဲ့တဲ့ အသက် ၂၀ အရွယ်
စတီဗင်မော်ရင်းဟာ သူ ပစ်ချလိုက်တဲ့ ငန်းတွေ ရေထဲကျသွားတာကို ဆင်းဆယ်တုန်း ၆ ပေကျော်ရှိတဲ့ မိချောင်းတကောင်က သူ့ လက်မောင်းကို ကိုက်ဆွဲပြီး ရေထဲဆွဲချသွားပါတယ်။ ရေအောက်အရောက်မှာ သူက သတိရှိရှိနဲ့ မိချောင်းရဲ့ မျက်လုံးထဲကို လက်နဲ့ထိုးထည့်တော့မှ လွှတ်ပေးလိုက်လို့ ကမ်းပေါ်ပြန်တက်နိုင်ခဲ့ပါတယ်။ သူနဲ့အတူပါလာတဲ့ အဖော်က မိချောင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူ့မှာ ပေါက်ပြဲပွန်းပဲ့တဲ့ ဒဏ်ရာတွေ လောက်ပဲ ရခဲ့ပြီး အဲဒီအချိန်က ဘီယာအရှိန်နဲ့ အနာကို သိတ်မသိခဲ့ဘူးလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အရေခွံလဲသည့် မြွေလူသားလေး

အင်ဒိုနီးရှားနိုင်ငံမှ အာရီ ၀ီဘိုဝိုအမည်ရှိ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ၄၁ ရက်ပြည့်သည့်နေ့တိုင်းတွင် မြွေတစ်ကောင်ကဲ့သို့ အရေခွံလဲလေ့ရှိပြီး အရေခွံများမာတောင့်သွားခြင်းမရှိစေရန်အတွက် မိမိ၏ခန္ဓာကိုယ်ကို စွတ်စိုနေစေရန် မကြာခဏ ပြုလုပ်ပေးနေရသည်ဟု ဆိုသည်။

အာရီသည် လူနီရောဂါဟုလည်း လူသိများသည့် Erythroderma ခေါ် ရှားပါးသည့် အရေပြားယောင်ယမ်းသော ရောဂါတစ်မျိုး ခံစားနေရခြင်း ဖြစ်ပြီး အင်ဒိုနီးရှားရှိ ဆရာဝန်များကလည်း ကုသမပေးနိုင်ခြင်း သို့မဟုတ် ကုသပေးရန် ဆန္ဒမရှိခြင်းတို့ကြောင့် ပုံတွင်တွေ့မြင်ရသည့်အတိုင်း သာမန်ထက်ထူးခြားသော အသွင်အပြင် ဖြစ်နေရ သည်ဟု Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းရောဂါကြောင့်ပင် အာရီဝီဘိုဝို၏ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို အကြေးခွံများကဲ့သို့ အဖတ်ကလေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အာရီအနေဖြင့် နေ့ရောညပါ ခန္ဓာကိုယ်ကို ရေစိမ်နေရပြီး ခန္ဓာကိုယ် ခြောက်မသွားစေရန်အတွက် သုံးနာရီတိုင်း လိုးရှင်းအမြဲ လိမ်းနေရသည်ဟု ဆိုသည်။

ဓာတ်ပုံဆရာ နျူချိုလစ်အန်ဟာရီလူဘစ် (၃၅ နှစ်)က အဆိုပါ ဆယ်ကျော်သက် ချာတိတ်လေး၏ အခြေအနေကို အက်ဆေး ပရောဂျက်ပုံစံတစ်ခုလုပ်၍ မြွေတစ်ကောင်အရေပြားလဲသကဲ့သို့ဖြစ်နေသည့် အာရီ၏ခန္ဓာကိုယ်အခြေအနေကို တင်ဆက်ခဲ့သည်။
“တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ်ကို ရေမစိမ်ဘူး၊ ဒါမှမဟုတ် စွတ်စိုနေအောင်မလုပ်ဘူးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရုပ်ထုတစ်ခုလိုပဲ မာတောင့်သွားပြီး လှုပ်လို့ ရတော့မှာမဟုတ်ဘူး။ သူ့အနေနဲ့ အချိန်အကြာကြီး ဂရုမစိုက်ဘဲနေလိုက်မယ်ဆိုရင်၊ သူစကားပြောလို့ရတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ပါးစပ်ထဲက ပါးစောင်အရေပြားတွေက မာလာပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေအားလုံး ခြောက်ခမ်းသွားလိမ့်မှာမို့လို့ ပါပဲ။” ဟု ဓာတ်ပုံဆရာ မစ္စတာလူဘစ်က ဆိုသည်။

လက်ရှိအချိန်အထိ အာရီအနေဖြင့် သူ၏ကျေးရွာတွင် သာမန်ဘ၀ဖြင့် နေထိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ အခြား လူများ ကဲ့သို့ပင် သာမန်အစားအသောက်များကို ပုံမှန်စားသောက်ပြီး သူ၏ အကြိုက်ဆုံး မုန့်ပဲသွားရေစာမှာ အသင့်စား ခေါက်ဆွဲနှင့် ခရက်ကာများဖြစ်ကြောင်း မစ္စတာလူဘစ်က ဆိုသည်။
အာရီသည် ငယ်ရွယ်စဉ်က သူငယ်ချင်းမိတ်ဆွေဖွဲ့ရာတွင် အခက်တွေ့ခဲ့သည်။ အခြားသော ကလေးများနှင့် သွားရောက် ကစားလေ့ရှိသော်လည်း ၎င်း၏တစ်မူထူးခြားနေသော အသွင်ကြောင့် အများအားဖြင့် ဖယ်ကြဉ်ခံရလေ့ရှိသည်။ အာရီအနေဖြင့် စာပေ လေ့လာသင်ယူလျက်ရှိသော်လည်း လူ့အသိုင်းအ၀ိုင်းတွင် သူ၏အခြေအနေနှင့်ပတ်သက်၍ လျစ်လျူရှုခံရမှုကြောင့် မဖြစ် မနေ တစ်ဦးတည်း စာသင်ယူနေရသည်။

“ဘယ်စာသင်ကျောင်းကမှ သူ့ကို လက်မခံချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရေပြားအခြေအနေက ဆရာတွေနဲ့ တစ်ခြား ကျောင်းသားတွေကို ကူးစက်မှာ စိုးရိမ်ကြလို့ပါပဲ။” ဟု မစ္စတာလူဘစ်က ဆိုသည်။
အာရီအနေဖြင့် သူ၏ကျေးရွာရှိ အယူသီးသည့် အစွဲအလမ်းများ၏ ဒဏ်ကိုလည်း ခံစားနေရသည်ဟု ဆိုသည်။ လူအချို့ကလည်း အာရီ၏ မိခင်ဖြစ်သူသည် အာရီကို ကိုယ်ဝန်ဆောင်ထားစဉ်က အိမ်မြောင်တစ်ကောင်အား ညှင်းဆဲခဲ့သည့်အတွက် ယင်းသို့ မကောင်းသည့်လုပ်ရပ်က ကလေးကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထားကြသည်။
ဂျာကတာအခြေစိုက် ဓာတ်ပုံဆရာ မစ္စတာလူဘစ်က ချာတိတ်လေး၏ မိသားစုနှင့် လေးရက်နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ဓာတ်ပုံရိုက်မလို့ အာရီအနားကို ကျွန်တော်ကပ်သွားတော့၊ အာရီက ရှိုးတိုးရှန့်တန့်ဖြစ်နေပုံပါပဲ၊ ဒါပေမယ့် သူက ရှောရှောရှူရှူပဲ သူ့ရဲ့ဇာတ်လမ်းကို မျှဝေဖို့ ပျော်ရွှင်နေတာပဲဗျ” ဟု လူဘစ်က ဆိုသည်။
အာရီသည် လက်ရှိအခြေအနေအရ စကားပြောရာတွင်လည်း အခက်အခဲဖြစ်နေသည်။ သူ၏ညာဖက်မျက်လုံးမှာ အမြင်အာရုံ မကောင်းပေ။ ဘယ်ဘက်မျက်လုံးကိုလည်း စိုစွတ်နေစေရန် မကြာခဏ မျက်စဉ်းခတ်ပေးနေရသည်ဟု သိရသည်။

Ref:Daily Mail

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform