စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 21 September 2014

ကာရန်များစပ်ဟပ်ပုံ

ကာရန်များစပ်ဟပ်ပုံ
ကာရန်တွေကို စပ်ဟပ်ရာတွင် ပုံစံ၆မျိုးရှိသည်။
(၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း
(၂) ထိပ်ချင်းထပ် စပ်နည်း
(၃) ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း
(၄) ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
(၅) ဘီလူးရယ် စပ်နည်း
(၆) ချိန်ခွင်လျှာ စပ်နည်း တို့ဖြစ်ပါတယ်။
ကာရန်ကို သုံထားရာသုံးနည်းနဲ့ ပတ်သတ်ပြီး အကျမ်းမျဉ်း အာဖြင့် တပိုဒ်နဲ့တပိုဒ် အစပ်အသံ မှန်ကန် ညီညွတ်အောင် လိုရင်းအနေနဲ့ ကာရန်ယူရသော ပဓါနကာရန် နဲ့ တပိုဒ်နဲ့တပိုဒ် လင်္ကာသွား အကူးအပြောင်းအထူးပြေပြစ်စေရန် ကာရန်ယူအပ်တဲ့ ဝမ်းတွင်းကာလို့ ရှိပါတယ်။ ဝမ်းတွင်းကို "x" ၊ ပဓါနကို "+"လို့ မှတ်ထားပါ။
သက်စေ့နှက် သုံးချက်
အဲဒါကတော့ အသုံးများဆုံး ဖြစ်ပါတယ်။ ကျမ်းတွေထဲမှာတော့ ဝမ်းသွင်းကာရန်များပါ စပ်နိုင်လျှင်အလှဆုံးလို့ ပြောထားတယ်။ မန်ကျည်းရွက်ထပ်လို့လဲ ခေါ်လေ့ရှိတယ်။ လေးလုံစပ်ကဗျာအမျိုးအစားတွေမှာ အရမ်းသုံတယ်။ ရတုတို့၊ ပျို့တို့မှာပေါ့။
ကာရန်ယူပုံက လေးသုံးနှစ်ပါ။
- - x +
x - + -
x + - - ရေးတဲ့ပုံလေးကို ဥပမလေးနဲ့ပြထားပါတယ်။ "-"က ရိုးရိုးစာတွေပါ။
ဥပမာ
စကားအ(လိုက်) - - x +
မပြန် (တိုက်)နှင့် x - + -
အ(မိုက်)သာဖြစ်။ x - + -
‘အ’၊’မ’၊ ‘အ’ တွေက စရဲ့ ဝမ်းတွင်းကာရန်တွေပါ။
‘လိုက်’၊ ‘တိုက်’၊ ‘မိုက’် ကတော့ ပဓါနကာရန်ပါ။ ဝမ်းတွင်းကာရန် မထည့်နိုင်လဲရပါတယ်။ ထည့်နိုင်ရင်ပိုလှပါတယ်။

ထိပ်ချင်းထပ် စပ်နည်း
လေးလုံးစပ်တွေမှာ သုံးပါတယ်။ လေးသုံးတစ် ပုံစံလေးပါ။
မှတ်ထားတဲ့စာအုပ်ထဲက ဥပမာလေးကိုပြပါမယ်။
ပင်လယ်ခြားရာ - - - +
ခရီးကွာသို့ - - + -
မှာလည်းမကြား + - - -

ထိပ်ချင်းတိုက် စပ်နည်း
လေးတစ် ပုံစံလေးစပ်တာပါ။
ဥပမာ
သွားကမရှိ - - - +
ချိနဲ့အားနှင့် + - x -

ထိပ်ချင်းချွတ် (ထိပ်ချင်းလွှဲ) စပ်နည်း
လေးနှစ်ပုံစံပါ။ လေးလုံးစပ်မှာ သုံးပါတယ်။
ဥပမာ
တပေလျဉ်းလျဉ်း၊ - - - +
တဉာဉ်းဆိုးဆိုး၊ - + - -
ဘီလူးရယ်စပ်နည်း
လေးလုံးစပ်ကဗျာ လေးလုံးတပါဒ၊ သုံးပါဒ တပုဒ်၊ သုံးပုဒ်တပိုဒ် တွေနဲ့ရေးသာပါ
လေး-သုံးကို အခြေခံပြီး၊ ပထမပုဒ်မှာ လေး-သုံး-တစ်၊ ဒုတိယပုဒ်မှာ လေး-သုံး-နှစ်၊ တတိယပုဒ်မှာ လေး-သုံး-သုံး ယူပါတယ်။
ဥပမာ- သုန္ဒရ ရဲ့ မဲဇာတောင်ခြေ ရတုထဲက အသုံးလေးပါ
မည်သာတွင်ညီ - - - + (လေး)
ဘရဏီက - - + x (သုံး လေး)
စ၍နှိုင်းချိန် x - - - (တစ်)
အညောင်းခံငြား - - - + (လေး)
ခရီးသွားလျှင် - - + x (သုံး လေး)
သစ်ပင်ထက်ဝှန် - x - - (နှစ်)
ကိုယ်နှင့်တော်စွာ - - - + (လေး)
မယ် ဥမ္မာ ၌ - - + x (သုံး လေး)
မယ်နှင့်လိုက်အောင် - - x - (သုံး)
ချိန်ခွင်လျှာစပ်နည်း
ကဗျာကျမ်းထဲမှာတော့ "ချိန်ခွင်လျှာစပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလယ်ဗဟိုတွင် တည့်တည့်မတ်မတ် နေသကဲ့သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ချက်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပါဘဲ စပ်ထားသောနည်းမျိုးဖြစ်သည်" လို့ပြောထားပါတယ်။
ဥပမာကတော့ ...
ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင်
"မည်လျှင်မတိမ်၊ ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ .... လို့စပ်ဆိုရာမှာ (တိမ်) (ထိန်) (ငြိမ်) ကာရန်သုံးပိုဒ် မှာ ပညတ်သံဖြစ်တဲ့ (န်)ဟာ ပရမတ်သံဖြစ်တဲ့ (မ်) နှစ်ချက်ဖက်ကို မလိုက်ပါဘဲ အလယ်တည့်တည့်မှာ စပ်ဆိုထားတဲ့အတွက် ချိန်ခွင်လျှာစပ်နည်းမည်ပေ၏"
အဲဒီစပ်နည်းကို မသုံးသင့်ပါလို့ဖော်ပြထားပါတယ်။ ကဗျာဆရာကြီးများဖာထေးစပ်သောနည်း ဖြစ်သောကြောင့် သာမန်ကဗျာဆရာများ မစပ်သင့်ပါလို့ပြောလေ့ ရှိပါတယ်။
ကာရန်အနေအထားကလဲ ခွပြီးယူထားတော့ နည်းနည်း ဆန်းနေပါတယ်။ စပ်တဲ့နေရာမှာ ပထမပိုဒ်နဲ့ တတိယပိုဒ်ကို ကာရန်ယူထားပါတယ်။ အလယ်က ဒုတိယပိုဒ်ကိုတော့ ပထမပိုဒ်နဲ့ တတိယပိုဒ်ရဲ့ ကာရန်တွေနဲ့ လုံးဝမတူတဲ့ ကာရန်သစ်တစ်ခုနဲ့ အလယ်ဗဟိုမှာ ချိန်ခွင်လျှာလို ထီးထီးမတ်မတ်ရပ်တည်နေစေအောင် စပ်ဆိုထားလို့ ချိန်ခွင်လျှာစပ်နည်း လို့ ခေါ်တယ်ရယ်လို့ ကဗျာဖွဲ့နည်း နိသျည်းထဲမှာ ပြထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းထဲမှာ သုံးထားတဲ့ဥပမာလေးကိုပြပါမယ်
လျှောက်မည်စုံအင်
စစ်ပင်ကိုင်းကြောင့်
စစ်ကိုင်းတွင်မည်
ပထမပါဒမှ အင်ကို ကိုင်းတွင်ကာရန်ယူထားပါတယ်။ နောက်ပြီး ဒုပါဒမှ ကိုင်းကာရန်ကို ငဲ့၍ တတိယပါဒမှ ကိုင်းနှင့်ကာရန်သူထားပါတယ်။
ကျွန်တော်စပ်တဲ့ဟာလေးပြပါ့မယ်။
ကျုးဖော်မေတ္တာ
မေ့ရင်အေးရိပ်
ဘေးဆိတ်သာယာ
ပထမပါဒမှ မေတ္တာမှ တာနှင့် တတိယပါဒ ယာကို ကာရန်ယူသည်။ ဒုပါဒမှ အေးရိပ်ကာရန်ကို ငဲ့၍ တတိယမှ ဘေးဆိတ်ကို ကာရန်ယူထားပါတယ်။
ကဗျာပညာရှိတွေပယ်ဖျက်ခဲ့တဲ့ အစပ်နည်းဖြစ်လို ကျွန်တော့်အနေနဲ့ မသုံးပါနဲလို့ အကြံပြုပါရစေ။
အစပ်လေးပြီးသွားတော့ ကဗျာစပ်နည်း အပျိုးတဝက်တော့ ကျိုးသွားပါပြီ။ စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ တပတ်တခါတော့ တင်နိုင်မှာပါ။ ကဗျာစွယ်စုံကျမ်း၊ ကဗျာဖွဲ့နည်း နိသျည်းကို ကိုးကားပြီး သူငယ်ချင်တယောက်နဲ့ အတူ ထုတ်ထားတဲ့ ငယ်ငယ်တုန်းမှတ်စုစာအုပ်လေးက ထုတ်ပြတာပါ။
Posted by ဖြိုးဝေတိုး

ဝိဘတ်


နှစ်ပါး “မှ၊ က” ထွက်ခွာပြ၏။
“သို့” က ရှေ့ရှု၊ “ကြောင့်” ဟု ကြောင်းမှန်
ချိန်ပြ နေရာ ရောက်ပုဒ် မှာကား “၌၊ မှာ၊ တွင်၊ ဝယ်၊ က
ဝိဘတ်ကိုနားလည်ပြီထင်ပါတယ်။

ကြိယာ

ကြိယာ
ကြိယာဆိုတာကတော့ ကဗျာမှာ ကဗျာ၏အဆုံးတွင်သုံးသောအက္ခရာပါ။ လုပ်ကိုင်ပြောဆိုမှုကိုပြတဲ့ မြန်မာသင်ပုန်းကြီးက အဓိပ္ပာယ်နဲ့လားလားမျှမဆိုင်ပါဘူး။ ကဗျာမှာ ကြိယာဆို အဆုံးသတ်အက္ခရာပါ။ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်း အလိုအရ ၆၄ပါး အပြားရှိပါတယ်။
အောက်ကလင်္ကာလေးကို ရှင်မဟာသ သီလဝံသရေးခဲ့ပါတယ်။ ကွင်းခတ်ထားတာတွေက ကြိယာဟုတ်ပါဘူး။ နောက်ပြီး ကဗျာထဲက" အံ၊ အံ့၊ အယ်၊ အယ့်၊ ၍ (ရွေ့)၊ ၌ (နှိုက်)၊ ၏ " ဆိုတဲ့ အက္ခရာ၇လုံး ဆိုတာ ကြိယာမဟုတ်ပါဘူး။
မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် -
လျှင် လျှင်း မူကား၊ ၀ယ် သား တမင့်၊ ချိမ့် ဖြင့် တွင် ၏၊ ပိမ့် လှည့် မည် အံ့၊ လော တုံ မံ့ (တည့်)၊ သော် ခံ့ ဘူး သော၊ မူလော ရကား၊ မူ အား မှ က၊ လိမ့်စွ တံ့ လည်း၊ တိ တည်း ချည်း ဟု၊ ခဲ့ နည်း နှိုက် လျက်၊ ကြောင့် ထက် မို့ လည်း၊ စမ့် သည် စိမ့်(နှင့်)၊ တုံး လိမ့် တည့် တော့၊ ကား လော့ ရွေ့ သို့၊ မျှ တို့ ငှာ ရှင့်၊ တမုံ့ နှင့် ကို၊ ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။

အသတ်၊ အလပ်

အသတ်၊ အလပ်
အသတ်ဆိုတာ လူတိုင်းသိမှာပါ။ ဟောဒါလေးလေ "--်" ကိုပြောတာပါ။ အဲဒါမပါရင် အလပ်လို့ခေါ်ပါတယ်။ အသတ်မှာ မုချအသတ်နဲ့ သာမတိယအတတ်ဆိုပြီးနှစ်မျိုးရှိတယ်။ မုချအသတ်တိုင်းမှာသူနဲ့ဆိုင်တဲ့ သာမတိယအတတ်လေးတွေ ရှိပါတယ်။ မုချအသတ်ဆယ်မျိုးရှိတယ်။ အောက်မှာ သူနဲဆိုင်တာလေးတွေ ပြထားပါတယ်။
က သတ် = ခ်၊ ဂ်၊ ဃ်
စ သတ် = ဆ်၊ ဇ်၊ စ်ျ၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ဆိုင်ရာဆိုင်ရာ သာမတိယ နဲ့ မုချလေးတွေက ကာရန်တူယူလို့ရပါတယ်။

ကာရန်

ကာရန်
ကာရန်ဆိုတာ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ပြောတာပါ။ ထားရာနေရာနဲ့သက်ဆိုင်ပြီး ၃မျိုးရှိပါတယ်။
ဝဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်၊ ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်၊ ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန် တို့ဖြစ်ပါတယ်
ကာရန်ကို အကျဉ်းအားဖြင့် ၁၆၊ အကျယ်အားဖြင့် ၆၄ ရှိပါတယ်။
(၁) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(၂) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(၃) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(၄) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(၅) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(၆) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(၇) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(၈) အင် - ကာရန် - အင်၊ အင့်၊ အင်း
အောင်၊ အောင့်၊ အောင်း
အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(၉) အစ် - ကာရန် - အစ် ....... ၁ လုံး
(၁၀) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(၁၁) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(၁၂) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(၁၃) အန် - ကာရန် - အန်၊ အန့်၊ အန်း
အိန်၊ အိန့်၊ အိန်း
အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(၁၄) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(၁၅) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း
အိမ်၊ အိမ့်၊ အိမ်း
အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(၁၆) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး တို့ပဲဖြစ်ပါတယ်။ ငယ်ငယ်ကသင်ဖူးပြီးသားတွေပါ။ ဒါပေမယ့် ကျွန်တော်တို့က လစ်လျှရှုတော့ ကဗျာဆိုတဲ့ နေရာမှာ သုံးတတ်ကောင်းမှန်း မသိခဲ့ဘူး။
ကာရန်ယူတာနဲ့ပတ်သတ်ပြီး ရှောင်ရန်လေးနှစ်ခုရှိပါတယ်။
စာလုံးတူ၊ အသတ်တူကို ကာရန်ဆက်တိုက် မယူရပါဘူး။ အဲဒါကို ဝဂ်နင်းလို့ခေါ်ပါတယ်။ ဥပမာ အခုလဲ(ဆွေး)၊ နောင်လည်း(ဆွေး)၍၊ မောင်၏ရင်ထက်(ဆွေး)ချိန်သီ။
စာလုံးတူ၊ ကာရန်တူနှစ်လုံး ကို ကာရန်တစ်လုံးခြားပြီး သုံးစွဲခြင်းကို မပြုရပါဘူး။ အဲဒါကိုခွါထောက်လို့ ခေါ်ပါတယ်။ ဥပမာ အခု(ဆွေး)၍၊ နောင်ရေး(တွေး)လို့၊ အ(ဆွေး)သောကပိုမိသည်။
စာလုံးပေါင်းတူပေမယ့်လည်း အဓိပ္ပါယ်မတူတာတဲ့ သံတူကြောင်းကွဲတွေ (ဥပမာ - ကြေမွ နဲ့ ကြေကွဲ) တွေကို ကာရန်ဆက်တိုက်ယူရင် မမှားပါဘူး။ မဓုရတာဂုဏ်မြောက်ပါတယ်။ အချစ်သစ္စာ၊ အနှစ်မေတ္တာ၊ အကြင်ဂရုနာ၊ အချစ်လျာကို၊ အချိန်တိုင်းပဲ လိုပေါ့ အ ကိုခဏခဏသုံးပေမယ့် မမှားပါဘူး။
နောက်တခုအနေနဲ့တော့ ဝဂ်နင်ကိုတော့ အမြဲရှောင်ပါ။ လုံးဝမသုံးသင့်ပါဘူး။ ခွါထောက်ကိုတော့ တတ်နိုင်သမျှတော့ ရှောင်ကြပါ။ ကဗျာအလှပျက်တတ်လို့ပါ။

ပါဒရလင်္ကာ

ပါဒရလင်္ကာ
ပါဒရလင်္ကာဆိုတာ ကဗျာရေးစပ်ရာမှာ အသံအနေအထားတိုတောင်း ဖတ်လို့မကောင်းမဖြစ်ရလေအောင်၊ ဝိဘတ်များကို ပေါ်လွင်စေရန်၎င်း ထည့်ရတဲ့ပုဒ်အဆင်တဆာဖြစ်ပါတယ်။ စာကားလုံးရေတွက်ခြင်းမှာ ထည့်မရေရပါဘူး။ ပဒါရလင်္ကာဟာ သူတခုထဲဆိုရင် ဘာအဓိပ္ပာယ်မှမရှိပါဘူး။ ရှေ့ကဆက်တဲ့စာနဲ့ ဆက်စပ်ဖို့လိုပါတယ်။ ပဒါရလင်္ကာ မရှိတဲ့ကဗျာဟာ လင်မရှိသောမိန်းမကဲ့သို့ မတင့်တယ်ပါဘူး။
ကဗျာတပုဒ်ကို ပဒါလင်္ကာရ အလှဆုံးတွေနဲ့ဆင်ရင် ကာရန်မလှတောင်မှ ဖတ်လို့အတော်ကောင်းပါတယ်။
ဥပမာအနေနဲ့ကတော့ ရယ်ဖြင့်၊ ရင်တော့၊ ကိုလ၊ ပေမို့၊ ပေစွ၊ ပေါ့ကွယ်၊မတော့၊ ကိုလေ နဲ့အစရှိတာတွေပါ

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform