စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 15 February 2016

ပိုပြီး သတိထားမိစေချင်တာကို ရှေ့ဆုံးသို့ ပို့ခြင်း Fronting နမူနာများ

ပိုပြီး သတိထားမိစေချင်တာကို ရှေ့ဆုံးသို့ ပို့ခြင်း Fronting နမူနာများ
.......................................................................
(1) တစ်ခါတရံမှာ အထူးသဖြင့် စကားပြောတဲ့အခါ အရေးကြီးတဲ့ အကြောင်းအရာကို အာရုံစိုက်မိစေဖို့အတွက် အဲဒီ အကြောင်းအရာကို ၀ါကျပိုင်းရဲ့ ရှေ့ဆုံးကို ပို့ပြီး သုံးစွဲလေ့ရှိပါတယ် ။ အဲဒါကို Fronting လို့ ခေါ်ပါတယ် ။
Sometimes, particularly in speaking, when we want to focus on something important, we bring it to the front of the clause. This is called ‘fronting’:
ဥပမာ
..
(1.1) ဂျက်ကိုတော့ ကျနော် သဘောကျပါတယ် ၊ ဒါပေမယ့် သူ့မိန်းမကိုတော့ သည်းမခံနိုင်ပါဘူး
Jack I like, but his wife I can't stand.
(I like Jack, but I can’t stand his wife.)
..
(1.2) ခင်ဗျား ကျနော့်ကိုပြောပြခဲ့တဲ့ စာအုပ်အကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်လိုက်ကြပြီ
That book you told me about, they’ve made it into a film.
(They’ve made that book you told me about into a film.)
.........................................
(2) နာမ်ပုဒ်ဟာ ရှည်လျှားနေခဲ့သော် သူ့ကိုရှေ့ထုတ်ပြီး မူလနေရာမှာ pronoun တစ်ခု အစားထိုးလေ့ရှိပါတယ်
We often do this when the noun phrase is long and we usually use a pronoun to replace it in the clause:
.
ဟိုမှာ ခွေးနဲ့အတူရပ်နေတဲ့သူပေါ့ ၊ သူက လမ်းထောင့်ကဆိုင်မှာ လုပ်တယ်လေ
That man over there with the dog, HE works in the corner shop.
(That man over there with the dog / works in the corner shop.)
...............................................
(3) ၀ိဘတ်စကားစု prepositional phrase ကို ရှေ့ထုတ်မယ်ဆိုလျှင်တော့ နောက်က Subject နဲ့ Verb ကိုလည်း အစီအစဉ်ပြောင်းပေးရပါတယ်
When the fronting involves a prepositional phrase (on the corner, in front of me) we often change the order of the subject and the verb.
..
ကျနော့်ရှေ့မှာကတော့ ချီလီနိုင်ငံ သမတကြီး ဖြစ်ပါတယ်
In front of me is the President of Chile.
(The President of Chile is in front of me.)
..............................................
(4) ကြိယာဝိသေသနပုဒ်တွေနဲ့ ဖြည့်ပုဒ်တွေ ကို ပုံမှန်အားဖြင့် ရှေ့ထုတ်လေ့ မရှိပေမယ့် အားရုံစူးစိုက်စေလိုတဲ့ အခါမှာတော့ ရှေ့ဆုံးမှာ ထားလေ့ရှိပါတယ် ၊ စာပေအရေးအသားနဲ့ အခန်သုံး ပုံစံများမှာလည်း မကြာခဏ တွေ့ရနိုင်ပါတယ်
Some elements like adjuncts or complements do not typically belong at the beginning of a clause. When we want to focus on them, we bring them to the front or beginning of the clause. We often find this in written literary or formal contexts.
.
သတိထားပြီးတော့ သူက အဖုံးကို ဖွင့်လိုက်ပါတယ်
Carefully, he removed the lid.
(He removed the lid carefully)
.......................................
ဝေါဟာရများ
.
not + stand = သည်းမခံနိုင် ၊ မခံနိုင်
adjunct (n) ကြိယာဝိသေသနပုဒ်
..
စသည် စသည်ဖြင့် မှတ်ဖွယ်မှတ်ရာ အတိုအထွာကို ပြုစုရေးတင် မနှေးပင် မျှဝေလိုက်ရပါကြောင်း ခင်ဗျာ..
....
မေတ္တာဖြင့်

Emotive and contrastive emphasis

Emotive and contrastive emphasis
စိတ်ခံစားမှုကိုပြသော အသားပေးဖေါ်ပြမှုနှင့် ဆန့်ကျင်ဖက် သဘောကိုပြသော အသားပေး ဖေါ်ပြမှု
....................................................
ကျနော်တို့ဟာ မကြာခဏဆိုသလို စကားလုံးတစ်ခုချင်းဖြစ်စေ ၊ စကားအသုံးအနှုန်းဖေါ်ပြချက် တစ်ခုချင်းကိုဖြစ်စေ အသားပေးဖေါ်ပြလေ့ရှိပါတယ် ။ အဲဒီအတွက် အကြောင်းပြချက် နှစ်ခုရှိပါတယ် ။
We often emphasise ('strengthen’) a particular word or expression. There are two main reasons for this.
....
(1) ကျနော်တို့ ပြောဆိုတဲ့ အကြောင်းအရာအတွက် ပြင်းပြတဲ့ခံစားမှုကို ဖေါ်ပြဖို့ ဆန္ဒရှိတဲ့အခါ သုံးပါတယ် ။ အဲဒါက emotive emphasis ဖြစ်ပါတယ် ။
We may wish to show that we feel strongly about what we are saying ('emotive emphasis*).
.
(1.1) You DO look nice today!
ဒီနေ့ မင်းကိုကြည့်ရတာ သဘောကောင်းနေတာ အသေအချာပဲ
.
(1.2) Your hair looks SO good like that.
မင်းရဲ့ဆံပင်က အဲဒီလိုမျိုးနဲ့ သိပ်ပြီး ကြည့်လို့ကောင်းတယ်
.................................................
(2.a) ဒါမှမဟုတ် နှစ်ခုကြားမှာ ဆန့်ကျင်ဖက်သဘော ၊ ဥပမာအားဖြင့် အမှန်နဲ့အမှား (သို့) ပစ္စုပ္ပန်နဲ့အတိတ် (သို့) စည်းမျဉ်းနဲ့ ခြွင်းချက် ..စသည်တို့ကို ဖေါ်ပြချင်တဲ့အခါ သုံးပါတယ် ။ အဲဒါကတော့ contrastive emphasis ဖြစ်ပါတယ် ။
Or we may wish to show a contrast between, for example, true and false, or
present and past, or a rule and an exception (‘contrastive emphasis’).
...
(2.a.1) Why weren't you at the meeting? ~ I WAS AT THE MEETING.
ခင်ဗျားက ဘာကြောင့် အစည်းအဝေးမှာ ရှိမနေခဲ့တာလဲ ။ ကျနော် အစည်းအဝေးမှာ ရှိနေခဲ့ပါတယ် ။
( အမှန်နဲ့အမှား)
.
(2.a.2) I don't do much sport now, but I DID play football when I was younger .
အခု ကျနော်က အားကစားသိပ်မလုပ်တော့ဘူး ၊ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ ဘောလုံးကစားဖြစ်ခဲ့ပါတယ် ။ (အရင်ကနဲ့ အခုလောလောဆယ်)
.
(2.a.3) I don't see my family much, but I DO visit my mother occasionally.
ကျနော့်မိသားစုနဲ့ အများကြီးမတွေ့ဖြစ်ပါဘူး ၊ ဒါပေမယ့် ကျနော့်အမေဆီကိုတော့ အခါအခွင့်သင့်သလို သွားဖြစ်အောင် သွားတွေ့ပါတယ်
( စည်းမျဉ်းနဲ့ခြွင်းချက်)
......................................
(2.b) မျှော်လင့်ထားတဲ့ တစ်ခုခုဟာ အမှန်တကယ်ဖြစ်လာတဲ့ အခါမှာလည်း သုံးနိုင်ပါတယ်
We can also use emphasis to show that something expected actually
happened.
.
I thought I'd pass the exam, and I DID pass .
ကျနော် စာမေးပွဲအောင်မယ်လို့ ထင်မိခဲ့တာ တကယ်လည်း အောင်လာခဲ့ပါတယ်
....................................................
verb တစ်ခုရှေ့မှာ V-do တစ်ခုခုပေါင်းပြီး emphasis လုပ်တာကို သိပြီးဖြစ်သော်လည်း အခုဒီသင်ခန်းစာမှာ do မပါသော်လည်း ဒါတွေဟာ emphasis ပဲလို့ ပြောထားတာတွေ့ရပါတယ် ။ အဓိကအားဖြင့် ဒုတိယအချက်ဖြစ်တဲ့ ဆန့်ကျင်ဖက်သဘောကို ဖေါ်ပြလိုတဲ့အခါမှာလည်း emphasis လုပ်တယ် ဆိုတဲ့အချက်ကို တင်ပြချင်တာဖြစ်ပါတယ် ..
verb to do မပါသော်လည်း pronunciation stress ဖြင့် emphasis ကို ဖေါ်ပြလို့ရတယ်ဆိုတာကို ဆက်လက် ရေးသားပါမယ် ..
...
Oxford Practical English Usage မှ ဖြစ်ပါတယ်
..
မေတ္တာဖြင့်

Level (3) Lesson (99)

အင်္ဂလိပ် သင်ခန်းစာ ၁၀၀
..................................
Level (3) Lesson (99)
................................
ရွေးကောက်ပွဲ
.................................
Karen: မာတင်။ ဘယ်သူ့ကို မဲပေးမှာလဲ
Martin, who are you going to vote for?
.
Martin: သမတ အတွက်လား
You mean for president?
.
Karen: အင်း။
Yes.
.
Martin: မသေချာသေးဘူး။
I'm not sure yet.
.
Karen: မြန်မြန်ဆုံးဖြတ်တော့။ ရွေးကောက်ပွဲက နောက်လ။
You should make up your mind soon. The election is next month.
(နောက်လမှ ဖြစ်မှာပေမယ့်လို့ .. အချိန်ဇယားအတိအကျဖြစ်ပြီးသားမို့ will be မသုံးတော့ဘူးနော်)
.
Martin: အင်း၊ သိတယ်။ နေ့စဉ် သတင်းမှာ ကြားနေရတာပဲ။
Yes, I know. I hear about it every day on the news.
.
Karen: အိုဘားမားကို မဲပေးမယ်။
I'm going to vote for Obama.
.
Martin: သူ့ကို ရွေးတာမှန်တယ်ထင်တယ်၊ ဒါပေမယ့် မက်ကိန်းလည်း သမတကောင်းတစ်ယောက်ဖြစ်မှာပဲ။
I think he is a good choice, but I think McCain would make a good president also.
.
Karen: သိတယ်။ ၂ ယောက်စလုံး ကောင်းတယ်။ ရွေးဖို့ခက်တယ်။ မက်ကိန်း က အသက်ကြီးပြီ ဒါပေမယ့် အတွေ့အကြုံပိုရှိတယ်။ အိုဘားမား မှာ အိုင်ဒီယာကောင်း တွေရှိတယ် ဒါပေမယ့် သူက အခွန်တိုးကောက်မယ် လို့ တချို့က ပြောကြတယ်။
I know. They're both good. It's hard to decide. McCain is older but he has more experience. Obama seems to have a lot of good ideas, but some people say he wants to raise taxes.
.
Martin: အခွန်လျှော့မယ် လို့ကြားတယ်။ ဘယ်ဟာအမှန်လဲ မသိဘူး။ အဲဒါကြောင့် နိုင်ငံရေး ကို သိပ်စိတ်မဝင်စားဘူး။
I heard he wants to lower taxes. It's hard to know what the truth is. That's the reason I really don't pay attention to politics.
.
Karen: အင်း။ စိတ်ရှုပ်တယ်။ ဒါပေမယ့် အရေးကြီးပြီး ကြည့်လို့ကောင်းတယ်။
Yes, it can be frustrating, but it's important and it's interesting to watch.
..
...............................
စကားလုံးလေးတွေ အစားထိုးပြီး ..ရွေးကောက်ပွဲအကြောင်း ပြောလို့ ရပြီပေါ့
All credit goes to englishspeak.com
.
မေတ္တာဖြင့် heart emoticon

English Dialogs (27)

English Dialogs (27)
...............................
Shopping သွားတဲ့အခါ ပြောကြပါ
..
(1) I would like to buy a shirt.
ကျနော် ရှပ်အင်္ကျီတစ်ထည် ၀ယ်ချင်ပါတယ်
.
(2) We have a new item for our customers. Actually, you would look great in this.
ကျနော်တို့ရဲ့ ဖေါက်သည်တွေအတွက် ပစ္စည်း အမယ်သစ် ရှိပါတယ် ။ တကယ်ပါ ၊ ခင်ဗျားနဲ့ သိပ်ပြီးကြည့်လို့ကောင်းသွားမယ်
.
(3) I don’t like this one. Please show me something else.
ကျနော် ဒီတစ်ထည်ကို မကြိုက်ပါဘူး ၊ ကျေးဇူးပြု၍ ကျနော့်ကို တခြားတစ်ခုခု ပြပေးပါဦး
.
(4) What color are you looking for?
ခင်ဗျားဘာအရောင်ကို ရှာနေတာပါလဲ
.
(5) I am looking for a blue shirt, something to go with my jeans.
ကျနော် အပြာရောင်ရှပ်အင်္ကျီတစ်ထည်ရှာနေပါတယ် ၊ ကျနော့်ဂျင်း(ဘောင်းဘီ)နဲ့လိုက်ဖက်တဲ့ တစ်ခုပေါ့
.
(6) I’m afraid this is the only blue shirt we have.
အားနာပါတယ် ဒီဟာက ကျနော်တို့ဆိုင်မှာရှိတဲ့ တစ်ထည်တည်းသော အပြာရောင်ရှပ်အင်္ကျီပါပဲ
.
(7) This is not what I am looking for.
ဒါက ကျနော်ရှာနေတဲ့ဟာ မဟုတ်ပါဘူး
.
(8) Then I think I’ll shop around.
ဒါဆို ကျနော် ပတ်ပြီးရှာကြည့်လိုက်ပါဦးမယ်
.
(9) I’ll take this one. And could I have two of these please?
ကျနော် ဒီတစ်ခုကို ယူပါမယ် ၊ ပြီးတော့ ကျနော် ဒီဟာတွေထဲက နှစ်ခု(နှစ်ထည်) ယူလို့ရမလား
.
(10) I’ll take two of these.
ကျနော် ဒီဟာတွေထဲက နှစ်ထည်ယူပါမယ်
.
(11) I’m sorry, that is all I have. I can tell you really like it.
စိတ်မကောင်းပါဘူးဗျာ ၊ အဲဒါက ရှိတာ အကုန်ပါပဲ ၊ ခင်ဗျားတကယ်ကြိုက်မယ်လို့ ကျနော် ပြောနိုင်ပါတယ်
.
(12) Yes. The more I look at it, the more I like it. I wish you had more.
ဟုတ်တယ် ၊ အဲဒါကို ကြည့်လေ ကြိုက်လေပဲ ၊ ထပ်ရှိသေးလျှင်ကောင်းမယ်
.
(13) I ‘m sorry, I don’t. Can I get you anything else?
ဆောရီးဗျာ .. မရှိပါဘူး ၊ ခင်ဗျားကို တခြားတစ်ခုခု ပြပေးရမလား
........................
(14) Please show me some dresses.
ကျေးဇူးပြု၍ ကျနော့်ကို ဂါဝန်လေးတွေ (တချို့ကို) ပြပေးပါ
.
(15) Who are you getting this for?
ဘယ်သူ့အတွက် ၀ယ်မှာပါလဲ
.
(16) I’m trying to find a present for my wife.
ကျနော့်အမျိုးသမီးအတွက် လက်ဆောင်တစ်ခုကို ရှာနေတာပါ
.
(17) Do you have a particular style in mind?
စိတ်ထဲမှာ စဉ်းစားထားတဲ့ style တစ်ခုခု ရှိပါသလား
.
(18) Why don’t you take a look at this.
ဒါကို တစ်ချက်လောက်ကြည့်ပါလား
.
(20) I prefer that over this.
ကျနော်က အဲဒီ(ခပ်လှမ်းလှမ်းက)ဟာကို ဒါ(လက်ထဲရှိတာ)ထက် ပိုကြိုက်ပါတယ်
.
(21) I don’t like it. Can you show me others.
အဲဒါကို ကျနော်မကြိုက်ပါဘူး ၊ တခြားဟာတွေ ပြပေးနိုင်ပါမလား
.
(22) It’s all sold out apart from this one.
ဒီတစ်ခုကလွဲပြီး တခြားဟာတွေ အားလုံး ရောင်းလို့ကုန်သွားပါပြီ
.
(23) Thank you for shopping with us.
ကျနော်တို့ဆီမှာ ဈေးဝယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်
..
ဝေါဟာရများ
.
item (n) အမယ် ၊ အရာ ၊ ပစ္စည်း
customer (n) ဖေါက်သည် ၊ ဈေးဝယ်သူ
actually (adv) အမှန်တကယ်
dress (c.n) ဂါဝန် (ရေတွက်နိုင်သောနာမ်)
dress (u.n) အ၀တ်အစား (မရေတွက်နိုင်သောနာမ်)
particular (adj) အထူး ၊ သီးခြား ၊ သီးသန့်
.
usage note
..
နံပါတ် (20) မှာတွေ့ရတဲ့ I prefer that over this. ဟာ အမေရိကန်အသုံးဖြစ်ပါတယ်
prefer..over နေရာမှာ အင်္ဂလိပ်အသုံးဖြစ်တဲ့ prefer ..to ကိုပိုပြီးတွေ့နိုင်ပါတယ် ။ သို့သော် တချို့ကတော့ prefer..over က ပိုပြီး တင်စားပြောဆိုလိုဟန်ရှိတယ်လို့လည်း သုံးသပ်မှုလည်း ရှိပါတယ် ၊ ကြိုက်ရာသုံးပါခင်ဗျာ
..
မေတ္တာဖြင့်

English Dialogs (28)

English Dialogs (28)
...............................
Shopping သွားလို့ မေးမြန်းရွေးချယ် လိုတဲ့အခါ ပြောကြပါ
.
(1) Do you like this one?
ဒီတစ်ထည်ကို ခင်ဗျားကြိုက်ပါသလား
.
(2) That’s not my style.
အဲဒါက ကျနော်(ကြိုက်တဲ့) ပုံစံမဟုတ်ဘူး
.
(3) What kind of style do you like?
ဘယ်လိုပုံစံကို ခင်ဗျားကြိုက်တာပါလဲ
.
(4) I don’t have a specific style.
ကျနော်ကြိုက်တဲ့ သတ်သတ်မှတ်မှတ် ပုံစံတစ်ခု ရယ်လို့ မရှိပါဘူး
.
(5) Then, what’s your favorite color?
ဒါဆို ခင်ဗျားအကြိုက်ဆုံးအရောင်က ဘာပါလဲ
.
(6) Red
အနီရောင်ပါ
.
(7) I like this one. How about you?
ကျနော်က ဒီတစ်ထည်ကိုကြိုက်တယ် ၊ ခင်ဗျားကရော ဘယ်လိုလဲ
.
(8) I like the red shirt, not the blue one.
ကျနော်က အနီရောင်ရှပ်အင်္ကျီကို ကြိုက်ပါတယ် ၊ အပြာရောင် တစ်ထည်ကို မဟုတ်ပါဘူး
.
(9) Can I try this on?
ကျနော်စမ်းဝတ်ကြည့်လို့ ရနိုင်မလား
.
(10) I think it’s going to be too large for you.
အဲဒါက ခင်ဗျားအတွက် ကြီးလွန်းလိမ့်မယ်လို့ ကျနော်ထင်ပါတယ်
.
(11) Does it come in a smaller (larger) size?
အဲဒါက ပိုငယ်တဲ့ (ပိုကြီးတဲ့) ဆိုဒ်နဲ့ လာပါသလား
.
(12) Of course. Why don’t you try this one on.
လာတာပေါ့ ၊ ဒီတစ်ထည်ကို စမ်းဝတ်ကြည့်ပါလား
.
(13) Oh! It’s too tight around my neck.
အိုး ! လည်ပင်းနား ပတ်လည်မှာ ကြပ်လိုက်တာလွန်ရော
.
(14) it’s too tight around the waist.
ခါး တ၀ိုက်မှာ တအားကျပ်လွန်းတယ်
.
(15) This is too small. I’d like to try on a larger size.
ဒါက သေးလွန်းတယ် ၊ ပိုကြီးတဲ့ ဆိုဒ်ကို စမ်းဝတ်ကြည့်ချင်ပါတယ်
.
(16) Well then, this size should fit you.
ကောင်းပြီ ဒါဆို ဒီဆိုဒ်က ခင်ဗျားနဲ့ တော်လိမ့်မယ်
.
ဝေါဟာရများ
...............
style (n) ပုံ ၊ ပုံစံ ၊ ဟန်ပန် ၊ စတိုင်(လ်) ၊ ၀တ်စားပုံ
specific (adj) တိကျသော ၊ သတ်သတ်မှတ်မှတ်ဖြစ်သော
favo(u)rite (adj) အနှစ်သက်ဆုံး ၊ အကြိုက်ဆုံး
around (adv) တခွင် ၊ တ၀ိုက် ၊ ပတ်ပတ်လည်
fit (v) တော်သည် ၊ ကိုက်သည် ၊ အံကျသည်
fit (adj) ဆီလျှော်သော ၊ သင့်တော်သော ။ (၂) ကျန်းမာသော
.
usage note.
.............
try (something) on (phr.V) : တစ်စုံတစ်ခုကို တော်မတော် စမ်းဝတ်ကြည့်သည်
.....................................
too ကိုသုံးခြင်းက လိုတာ ဖြစ်သင့်တာထက် ပိုတယ်ဆိုတဲ့သဘောဖြစ်တယ် ၊ negative သဘောကိုဆောင်ပါတယ်
too large ဆိုလျှင် ၀တ်လို့မကောင်းလောက်အောင် ကြီးလွန်းတယ်
too small ဆိုလျှင် ၀တ်လို့ မရလောက်အောင် သေးလွန်းတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်
.
မေတ္တာဖြင့်

English Dialogs (30)

English Dialogs (30)
..............................
ဈေးဝယ်ထွက်လို့ ငွေရှင်းတဲ့အခါ ဒီလိုတွေပြောပါ
.
(1) How much is this?
ဒါက ဘယ်လောက်ပါလဲ
.
(2) How much does (this/that/it) come to altogether?
အားလုံး စုစုပေါင်း ဘယ်လောက် ဖြစ်သွားပါပြီလဲ
.
(3) What’s the total for all of this?
ဒီဟာတွေအားလုံးအတွက် စုစုပေါင်း ဘယ်လောက်ပါလဲ
.
(4) Your total is $40 dollars.
ခင်ဗျားရဲ့ စုစုပေါင်း (ကျသင့်ငွေ) က ဒေါ်လာ ၄၀ ပါ ။
.
(5) Can I charge this to my credit card.
ကျနော်ရဲ့ အကြွေးဝယ်ကဒ်နဲ့ငွေချေလို့ ရပါမလား
.
(6) Yes. May I have your credit card, please?
ရပါတယ် ၊ ကျေးဇူးပြု၍ ခင်ဗျားရဲ့ အကြွေးဝယ်ကတ်လေး ပေးပါလား
.
(7) I think you made a mistake. Here, look at the receipt. You charged me twice for the pants.
ခင်ဗျား မှားနေတယ်လို့်ထင်ပါတယ် ၊ ဒီမှာ လက်ခံပြေစာကိုကြည့်ပါ ၊ ဘောင်းဘီအတွက် နှစ်ကြိမ်ထပ်ပြီး ငွေတွက်ထားပါတယ်
.
(8) Aren’t these your pants?
ဒါတွေက ခင်ဗျားယူထားတဲ့ ဘောင်းဘီတွေ မဟုတ်ဘူးလား
.(9) No. They’re not mine.
မဟုတ်ဘူး ၊ ကျနော့်ဟာတွေ မဟုတ်ပါဘူး
.
(10) I’m sorry. Then your total comes to $30.
တောင်းပန်ပါတယ် ၊ ဒါဆို ခင်ဗျားရဲ့ စုစုပေါင်းက ဒေါ်လာ ၃၀ ဖြစ်သွားပါပြီ ။
.
(11) It should be as it is.
အဲဒီအတိုင်းပဲ ဖြစ်သင့်ပါတယ်
(ဒါလေးလှတယ်နော် တခြားနေရာမှာ သုံးလည်းရပါတယ်)
...
Charge (n, v) အဖိုးအခ ၊ အဖိုးအခ နှုတ်ယူသည်
Cdedit card (n) အကြွေးဝယ်ကတ်ပြား ၊ ဆိုင်းငံ့ငွေခြေကတ်ပြား
receipt (n) လက်ခံပြေစာ ၊ လက်ခံဖြတ်ပိုင်း
pants (n) ဘောင်းဘီရှည်
(အမြဲ “s” ပါရပါတယ် ၊ တစ်ထည် နှစ်ထည် ပြောချင်တဲ့အခါ a pair of pants, two pairS of pants စသည်ဖြင့် pair မှာ သွားပြီး “S” ပေါင်းယူပါ )
pant (v) အမောတကောပြောသည် ၊ ဟောဟဲလိုက်နေသည်
( S ကျန်ခဲ့လျှင် ဒီလိုဖြစ်သွားမယ်)
.
မေတ္တာဖြင့်

English Dialogs (29)

English Dialogs (29)
...............................
Shopping သွားတဲ့အခါ ဈေးနှုန်းနဲ့ ပတ်သက်တာ ဒီလိုပြောပါ
.
It costs more than I thought.
ကျနော်ထင်ထားတာထက် ပိုပြီး ဈေးနှုန်းကျသင့်နေတယ် တန်ဘိုးမြင့်နေတယ်
.
I can’t afford to buy it.
ကျနော် ဒါကို ၀ယ်ဖို့ မတတ်နိုင်ပါဘူး
.
Can you drop the price a little?
ခင်ဗျား ဈေးနည်းနည်း ချပေးလို့ ရနိုင်မလား
.
It’s out of my budget
ကျနော့် အသုံးစရိတ်နဲ့ မတတ်နိုင်တဲ့အရာပါပဲ
.
Can you discount this a little more?
ဒီဟာကို နည်းနည်းထပ်ပြီး ဈေးလျှော့ပေးလို့ ရမလား
.
I can’t come down any more.
ကျနော် ထပ်ပြီး ဈေးချ မပေးနိုင်တော့ပါဘူး
.
We are selling them below cost.
ကျနော်တို့က တန်ဘိုးထက် (ဈေးရင်းထက်) ချပြီး ရောင်းနေတာပါ
.
Don’t you have anything cheaper in this style? When can I get it?
ဒီပုံစံအတိုင်းပဲ ပိုပြီးဈေးသက်သာတဲ့ဟာ မရှိဘူးလား ၊ ကျနော် ဘယ်တော့လောက် ရနိုင်မလဲ
.
They are all sold out.
အဲဒါတွေအားလုံး ရောင်းကုန်သွားပါပြီ
.
That’ll be ready by next Monday.
အဲဒါက နောက်တနင်္လာနေ့ မတိုင်ခင် ရပါလိမ့်မယ်
………………………..
I think it is too expensive.
ဒါက သိပ်ဈေးကြီးနေတယ်လို့ ကျနော်ထင်ပါတယ်
.
That really is the lowest price I can afford, but I suppose I could drop the price a little more just for you.
တကယ်တော့ အဲဒါက ကျနော် လုပ်ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပါ ၊ ဒါပေမယ့် ဆိုပါစို့ ခင်ဗျားအတွက်သာပဲ ကျနော် ဈေးနှုန်းကို နည်းနည်းထပ်ပြီး ချပေးပါမယ်.
.
How low can you go?
ဘယ်လောက် နည်းနည်းအထိ ချပေးနိုင်မလဲ
.
How much do you have?
ခင်ဗျားမှာ ဘယ်လောက်ပါလဲ
.
I have only 20 dollars in my pocket.
ကျနော့်အိပ်ကပ်ထဲမှာ ဒေါ်လာ ၂၀ ပဲ ပါတယ်
.
OK, I will give you more discount for this time only.
အဆင်ပြေပါတယ် ။ ဒီတစ်ကြိမ်အတွက်တော့ ခင်ဗျားကို ဈေးထပ်လျှော့ပေးလိုက်ပါမယ်
…………..
ဝေါဟာရများ
.
Cost (v) အဖိုးကျသင့်သည် ၊ ပေးရသည် ၊ ကုန်ကျသည်
Afford (v) တတ်နိုင်သည် ၊ လုပ်ပေးနိုင်သည်
Drop (v) ချပေးသည်
Budget (n) သတ်မှတ်သည့် အသုံးစရိတ်
Discount (v,n) ဈေးလျှော့ပေးသည် ၊ လျှော့ဈေး
.
မေတ္တာဖြင့်

အင်္ဂလိပ် သင်ခန်းစာ ၁၀၀

အင်္ဂလိပ် သင်ခန်းစာ ၁၀၀
..................................
Level (3) Lesson (100)
................................
စာအုပ်အသင်း
................................
Sharon: ဟေး ဂျွန် ၊ ခဏ စကားပြောလို့ရမလား
Hey John, can I talk to you for a minute?
.
John: သေချာတာပေါ့။ ဘာကိစ္စလဲ
Sure, what's up?
.
Sharon: ဟိုတလတုန်းက ဝင်လိုက်တဲ့ စာအုပ်အသင်း အကြောင်းပြောမလို့ပါ။ မင်းကစာဖတ်တော့ နောက်လ ငါနဲ့ လိုက်ခဲ့ ချင်မလားလို့။
I wanted to let you know about a book club I joined a couple months ago. I know you do a lot of reading so I thought you might want to come with me next month.
.
John: အိုး။ ပျော်စရာကောင်းပုံပဲ။ ဘယ်အချိန် အဖွဲ့တွေ့မှာလဲ
Oh, that sounds like fun. When does the group meet?
.
Sharon: ပုံမှန်တော့ လတစ်လ ရဲ့ နောက်ဆုံး စနေ ညနေ ၉:၃၀။ သိပ်နောက်ကျလွန်းလား
Usually the last Saturday of the month at 9:30 in the evening. Is that too late for you?
.
John: ဟင့်အင်း။ အိုကေပါတယ်။ အဖွဲ့မှာ ဘာ အကြောင်းပြောမှာလဲ
No, I think that's ok. What do you talk about in the group?
.
Sharon: လတိုင်း စာအုပ်တစ်အုပ်ကိုရွေးပြီးတော့ နောက် အစည်းအဝေးမှာ ဆွေးနွေးကြတယ်။
Well, every month we choose a new book and then during the next meeting we discuss it.
.
John: ဘာစာအုပ်ဖတ်နေလဲ
What book are you reading now?
.
Sharon: The Kite Runner.
The Kite Runner.
.
John: စာအုပ်ကောင်း တစ်အုပ်လို့ ကြားဖူးတယ်။ ဘာအကြောင်းလဲ
I've heard that's a good book. What's it about?
.
Sharon: စာအုပ်ကောင်းတစ်အုပ်ပဲ။ ပြီးခါနီးပြီ။ ၁၉၈၀ နှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်အကြောင်း။ ကိုက် ရန်နာ လို့ခေါ်တယ်။ သူက စွန် ပြိုင်ပွဲ မှာ အဓိကပါခဲ့လို့။
It is a good book. I'm almost finished. The book is about a boy who grows up in Afghanistan during the 1980s. It's called the Kite Runner because the main character takes part in a kite flying competition.
.
John: တကယ့်ကို စိတ်ဝင်စားစရာကောင်းပုံပဲ။ လာချင်တယ်။
That sounds really interesting. I'd love to come.
.
Sharon: အိုကေ။ ကောင်းတယ်။ နောက်အစည်းအဝေးက ၂ ပတ်လောက်လိုသေးတယ်။ စာအုပ်ဖတ်ချိန်ရတာပေါ့။
Ok, great. The next meeting isn't for another two weeks, so you still have time to read the book.
..............
သင်ခန်းစာ (၁၀၀) ရှိတဲ့အထဲမှာ ဖဲကစားတဲ့ အကြောင်းပြောထားတဲ့ သင်ခန်းစာ တစ်ခုက လွဲပြီး (၉၉) ခုတင်ပေးခဲ့ပြီးပါပြီခင်ဗျာ ..တော်တော်လေးကြာပြီး တင်စရာမရှိတော့မှ တစ်ပတ်ပြန်လှည့်မယ်နော်
..
All credit goes to englishspeak.com
.
မေတ္တာဖြင့် heart emoticon

Adjective လား adverb လား မကွဲမပြားဖြစ်တတ်တဲ့ Enough

Adjective လား adverb လား မကွဲမပြားဖြစ်တတ်တဲ့ Enough
...........................................................................
(1) Used after an adjective or adverb to mean quite:
Adj, Adv တွေရဲ့နောက်မှာ (adv) အဖြစ် .. အတော်အသင့် ၊ အတော်အတန် ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးနိုင်ပါတယ်
...
He's BAD ENOUGH, but his brother is far worse.
သူက အတော်အတန်ဆိုးတာလည်း မပြောနဲ့ သူ့အကိုက ပိုလို့တောင် ဆိုးပါသေးတယ်
( but = ....တာလည်း မပြောနှင့်)
..
You can answer the questions WELL ENOUGH for a beginner.
လူသစ်တစ်ယောက်အနေနဲ့ မင်းက မေးခွန်းတွေကို အတော်အသင့်ကောင်းကောင်းမွန်မွန် ဖြေနိုင်ပါတယ်
...................................................................
2. Used after an adjective, adverb to mean to the necessary degree:
(adv) လုံလုံလောက်လောက် ၊ အလောတော်
.
I don't think he's really EXPERIENCED ENOUGH for this sort of job.
ဒီလိုအလုပ်မျိုးအတွက် သူ့မှာ တကယ်လုံလောက်တဲ့အတွေ့အကြုံရှိတယ်လို့ မထင်ပါဘူး
.............................................................
(3) If you want to say who the person or thing is acceptable to, you add a prepositional phrase beginning with for.
တစ်စုံတစ်ခုကို ဘယ်သူ့အတွက် (သို့) ဘယ်ကိစ္စအတွက် လက်ခံနိုင်တာလဲ .. လက်ခံနိုင်သူကို enough နောက်မှာ for နဲ့စတဲ့ စကားစုလေးလုပ်ပြီး ပေါင်းထည့်လိုက်ပါ
.
That's GOOD ENOUGH / for me.
အဲဒါက ကျနော့်အတွက် အတော်အတန် ကောင်းနေပါပြီ
...........................................
(4) If someone has as much of a quality as they need in order to do something, you add a to-infinitive after enough.
တစ်ခုခုလုပ်ဖို့ လုပ်လောက်တဲ့ အရည်အချင်း ရှိတာကို ပြောချင်လျှင် enough နောက်မှာ to infinitive (to+V1) ပုံစံလေးပေါင်းလိုက်ပါ
.
He is OLD ENOUGH / to make his own decisions.
သူ့ဟာသူ ဆုံးဖြတ်နိုင်တဲ့အရွယ် ရောက်ပြီ
(ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိပြီ ဆိုတာနဲ့ အတူတူပါပဲ)
.................................................
(5) If you want to make it clear who you are talking about, you can add a prepositional phrase beginning with for. You can also use a to-infinitive after enough to say that something has as much of a quality as is needed for someone to do something with it.
နံပါတ် (3) နဲ့ (4) ကို ပေါင်းလို့ရပါတယ် ။ ဘယ်သူ့အတွက် ပြောတာလဲ ၊ ဘာအတွက် လုံလောက်တဲ့ အရည်အချင်းရှိတာလည်း နှစ်ခုပေါင်းပြီး ပြောချင်တဲ့အခါ for +noun အရင်လာ ပြီးတော့ to +V1 ဆက်လိုက်ပါ
..
The music was just LOUD ENOUGH / for us / to hear it.
ဂီတသံက ကျနော်တို့အတွက် ကြားဖို့ အတော်အသင့် ကျယ်ရုံမျှသာ ရှိပါတယ်
......................................
(6) used as a determiner
Enough is used in front of the plural form of a countable noun to say that there are as many things or people as are needed.
enough ကို ရေတွက်လို့ရတဲ့နာမ် များရဲ့ အများကိန်းပုံစံများ (plural form) ရှေ့မှာ သုံးပါတယ် ၊ သူ့ကို adjective အဖြစ် သတ်မှတ်ကြတာလည်း ရှိပါတယ် ။
..
We have ENOUGH PROBLEMS already.
အခုတောင် ပြဿနာတွေက များလှပါပြီ (လုံလောက်နေပြီ တော်လောက်ပါပြီ)
.
(7) You can also use enough in front of an uncountable noun to say that there is as much of something as is needed.
determiner or adjective အဖြစ် uncountable noun တွေရှေ့မှာလည်း သုံးနိုင်ပါတယ်
.
Ko Win Naing Oo doesn’t have ENOUGH EXPERIENCE as a teacher.
ကိုဝင်းနိုင်ဦးမှာ ဆရာတစ်ယောက်အဖြစ်နဲ့ လုံလောက်တဲ့ အတွေ့အကြုံ မရှိပါဘူး
................................................
8. used as a pronoun
Enough can be used on its own as a pronoun.
enough ကို pronoun (နာမ်စား) အဖြစ်နဲ့လည်း သုံးနိုင်ပါတယ်
..
I've got enough to love her.
ကျနော် သူမကို ချစ်ဖို့ အလုံအလောက် ရှိပြီးပါပြီ
(ဘာအလုံအလောက်ဆိုတာတော့မသိဘူး တစ်ခုခုပေါ့)
..
Enough has been said about this already.
ဒါနဲ့ပတ်သက်လို့ လုံလောက်တဲ့ပမာဏတစ်ခုကို ပြောပြီးပါပြီ
.........................................
(9). 'not enough'
Don't use enough, or enough and a noun, as the subject of a negative sentence.
အထက်မှာ enough ကို pornoun အဖြစ်သုံးနိုင်တယ်လို့ ပြောခဲ့သော်လည်း အငြင်းဝါကျမှာတော့ Enough (သို့) Enough + noun ကို Subject အဖြစ် မသုံးရပါဘူး
..
Don't say, 'Enough people didn't come'.
( Enough + noun + negative ဖြစ်နေတယ်.. မရပါဘူး)
.
You say 'Not enough people came'.
( Not ကို ရှေ့တင်လိုက်လျှင်တော့ ရပါတယ် ၊ အငြင်းဝါကျမှာ enough နဲ့စလို့မရဘူးလို့သာ မှတ်လိုက်ပါ )
.
NOT ENOUGH attention is paid to young people.
လုံလောက်မှု မရှိတဲ့ အလေးထားဆောင်ရွက်မှုကိုပဲ လူငယ်တွေကို ပေးခဲ့ပါတယ်
....................................
ရှင်းကာမှ ပိုရှုပ်သွားပြီလား မသိတော့ပါဘူး ၊ လွယ်ချင်လျှင် ဒါလေးပဲမှတ်လိုက်ပါတော့
..
noun ရှေ့မှာနေသောအခါ adj
adj, adv နောက်မှာနေသောအခါ adv .. ကျန်တာတွေက ကြားဖူးနာဝနဲ့ညှိပြီး ဆော်သာဆော်ပါ ။ ဒါတောင် ရှုပ်နေမှာစိုးလို့ အသုံးနည်းတာတွေ ချန်ခဲ့ပါသေးတယ်
.
မေတ္တာဖြင့် heart emoticon

Telephone Expressions (1)

Telephone Expressions (1)
…………………………….
နိုင်ငံခြားသားများနဲ့ ပြောဆိုဆက်သွယ်ဖို့ အကြောင်းရှိသူများအတွက် အမှန်လိုအပ်ပါတယ် ၊ အင်္ဂလိပ်လို ဖုန်းလာနေလျှင် ဘယ်လို ပြန်ဖြေရမှန်းမသိ ကြောင်အန်းနေတတ်လို့ ကြိုတင်လေ့လာ ကျက်မှတ်ထားသင့်ကြပါကြောင်း မေတ္တာဖြင့် အကြံပေးအပ်ပါတယ်ခင်ဗျာ ....
.
(1) The phone is ringing. Please answer it.
တယ်လီဖုန်းမြည်နေပါတယ် ၊ ကျေးဇူးပြု၍ ဖြေပေးပါ ။
.
(2) Pick up the phone. There’s a call for you.
တယ်လီဖုန်းကိုင်လိုက်ပါ ၊ ခင်ဗျားအတွက် ဖုန်းလာနေပါတယ်
.
(3) I’ll pick up the phone.
ကျနော် ဖုန်းကိုင်လိုက်ပါမယ်
.
(4) I’ll answer the phone.
ကျနော် ဖုန်းကို ဖြေပေးလိုက်ပါမယ်
.
(5) Would you get the phone?
ခင်ဗျား တယ်လီဖုန်း ကိုင်ပေးလိုက်ပါလား
.
(6) Who’s calling?
ခေါ်နေတာ ဘယ်သူပါလဲ
.
(7) Who are you calling?
ခေါ်နေတဲ့ ခင်ဗျားက ဘယ်သူပါလဲ
.
(8) May I ask who’s calling?
ခေါ်နေတာ ဘယ်သူပါလဲ မေးပါရစေလား
( Who is calling? ကို ယဉ်ကျေးမှုအတွက် အပိုလေး ထည့်မေးလိုက်တာပါပဲ)
.
(9) Hello, Kim speaking.
ဟယ်လို ၊ ကင် ပြောနေပါတယ် (အခုပြောနေတာ“ကင်”ပါ)
.
(10) May I ask what this is regarding?
ဘာနဲ့ ပတ်သက်တာပါလဲ မေးခွင့် ရှိပါမလား
(ဘယ်ကိစ္စအတွက်ကြောင့် ဖုန်းခေါ်တာလဲလို့ ပြန်မေးတဲ့ သဘောပါ )
.
(11) Who do you wish to speak to?
ဘယ်သူ့ကို ပြောဖို့ဆန္ဒရှိတာပါလဲ (ဘယ်သူနဲ့ ပြောချင်တာပါလဲ)
.
(12) How can I direct your call?
ခင်ဗျားရဲ့ဖုန်းကို ဘယ်ကိုလွှဲပို့ ပေးရမလဲ (လိုင်းလွှဲပေးဖို့အတွက်မေးတာပါ)
.
(13) May I speak to Mr. Brown?
Mr. Brown နဲ့ ပြောပါရစေ
.
(14) Hold on a second, please.
ကျေးဇူးပြု၍ ခဏလောက် ကိုင်ထားပေးပါ
.
(15) I’ll get him for you.
ကျနော် သူ့ကို (ခင်ဗျားအတွက်) ခေါ်ပေးပါမယ်
.......................
ဆက်တင်ပေးပါဦးမယ်
..
မေတ္တာဖြင့် heart emoticon

Telephone Expressions (3)

Telephone Expressions (3)
…………………………….
(1) What number did you dial?
ခင်ဗျား ဘယ်နံပါတ်ကို ခေါ်တာပါလဲ
(ဖုန်းနံပါတ်မှားပြီးဝင်တာတယ်ထင်လို့ ပြန်မေးတာပါ)
.
(2) I’m afraid you have the wrong number.
အားနာပါတယ်ဗျာ ၊ ခင်ဗျား နံပါတ်မှားနေပါပြီ (ဖုန်းမှားနေပါပြီ)
.
(3) You’d better check the number again.
ခင်ဗျားရဲ့ နံပါတ်ကို ပြန်စစ်ကြည့်လျှင် ပိုကောင်းမယ် (ပြန်စစ်ပါဦး)
..
(4) I am sorry, we don’t have a Tom here.
ဝမ်းနည်းပါတယ် ၊ တွန်..ဆိုတဲ့သူ ဒီမှာ မရှိပါဘူး
(Tom ဆိုတာ ဘယ်သူလို့ သေချာမသိ ၊ မမြင်ဖူးလို့ “a” လေးထည့်ပေးထားတာ ၊ ဒါကြောင့် ..တွန်တစ်ယောက်လို့ မရေးဘဲ ..တွန်ဆိုတဲ့သူ.. လို့ ရေးလိုက်ပါတယ် ၊ Tom က သိတဲ့သူဆို “a” ပါတော့မှာ မဟုတ်ပါဘူး)
.
(5) There’s no one here by that name.
ဒီမှာ အဲဒီနာမည်နဲ့ တစ်ယောက်မျှ မရှိပါဘူး
.
(6) I must have the wrong number.
ကျနော် ဖုန်းနံပါတ် မှားတာပဲ ဖြစ်ရမယ်
(ဖုန်းခေါ်သူက သူ့ကိုယ်သူ မှတ်ချက်ချတာ ။ must ဟာ deduction လို့ခေါ်တဲ့ ကောက်ချက်ချတာလည်း သုံးလို့ရပါတယ်)
.
(7) The line is busy now.
အခု လိုင်မအားပါဘူး ၊ အလုပ်ရှုပ်နေပါတယ်
.
(8) Will you call again?
ခင်ဗျား နောက်တစ်ကြိမ်ပြန်ခေါ်မလား
.
(9) Will you hold on the line?
ခင်ဗျား လိုင်းမချပဲ ကိုင်ထားမလား
.
(10) I’ll call later.
ကျနော် နောက်မှ ပြန်ခေါ်ပါမယ်
.
(11) I’ll call again in 5 minutes.
နောက် ၅ မိနစ်မှာ ကျနော် နောက်တစ်ကြိမ် ထပ်ခေါ်ပါမယ်
.
(12) May I take a message for him?
ကျနော် သူ့အတွက် သတင်းစကားလေးတစ်ခု (ခင်ဗျားပြောတာတစ်ခုခု) ယူ/မှတ် ထားလိုက်ပါရစေ
.
(13) Would you like to leave a message?
တစ်ခုခု မှာထားခဲ့လိုပါသလား (အမှာစကားတစ်ခု ချန်ထားခဲ့လိုပါသလား)
.
(14) Can you give him a message for me?
ခင်ဗျားသူ့ကို ကျနော့်အတွက် အမှာစကားတစ်ခု ပြော ပေးနိုင်ပါမလား ၊ ပေး-ပေးပါ ။
(ဒါကကျ ဖုန်းခေါ်တဲ့သူက ဖုန်းနားထောင်သူဆီမှာ သူပြောချင်သူအတွက် message ကို ထားခဲ့ချင်တာ)
............................
grammar point လေးတွေ ထည့်ပေးထားပါတယ် ၊ မှတ်ဖို့ကောင်းပါတယ်
.
မေတ္တာဖြင့် heart emoticon

Reporting verb များနှင့် သူတို့ပါသော ၀ါကျများကို passive voice ပြောင်းပုံများ (၃)

Reporting verb များနှင့် သူတို့ပါသော ၀ါကျများကို passive voice ပြောင်းပုံများ (၃)
...............................................................................................................
တစ်ခုချင်းစီရေးပြီးတဲ့အခါမှာ verb form ပြောင်းပုံကို အာလုံးကို စုပေါင်း တင်ပြပါမယ် ။ ပြီးဆုံးသွာတဲ့အခါမှာ verb form ကိုပဲ မှတ်သားဖို့လိုပြီး ၊ ပြောင်းလဲနည်းတွေက မျိုးစုံရှင်းပြရင်းနဲ့ နားလည်သွားမှာပါ ။ ဆက်ကြည့်ကြပါစို့..
..
(2) Active Present Continuous Tense
.........................................
(A)They think that she is writing a book. ကို ပြောင်းပါမယ်
ဒီလိုခွဲကြည့်လိုက်ပါ
They (first sub.)/ think(first verb)/ that / she(second sub.) / is writing (second verb) / a book.
ပြီးလျှင် ဒီလိုလုပ်ပါမယ်
(1) Second sub ဖြစ်တဲ့ She ကစမယ်
She +...
(2) think ကို is thought ပြောင်းရမယ် ။ she က အနည်းဖြစ်ခြင်း think က present tense ဖြစ်ခြင်းကြောင့် is ဖြစ်တာပါ ၊ thought ကတော့ passive ပုံစံ be+ V3 ရအောင် V3 လုပ်တာ
She is thought +...
(3) to infinitive ပုံစံမို့ to လာမယ် ၊ is writing ကို be writing ပြောင်းမယ် ၊ ကျန်တာ ဆက်ရေးမယ်
.
She / is thought / to be writing / a book. လို့ ရသွားပါပြီ
...............................................................................................
(3) Active - Present Perfect Tense
.........................................
(A) They think that she HAS WRITTEN a book.
(P) She is thought TO HAVE WRITTEN a book.
( to infinitive ဖြစ်ရမှာမို့ has ကို base form ဖြစ်တဲ့ have ကို ပြောင်းပါတယ်)
.......................................................................................................
(4) Active - Simple Past Tense
........................................
(A) They think that you LIVED in London.
(P) You are thought TO HAVE LIVED in London.
......................................................................................................
(5) Active - Past Continuous Tense
................................................
(A) People think that the government WAS BUILDING news schools.
(P) The government is thought TO HAVE BEEN BUILDING new schools.
......................................................................................................
(6) Active - Past Perfect Tense
.................................
(A) They think that you HAD LIVED in London.
(P) You are thought TO HAVE LIVED in London.
(Simple past နှင့် verb form ပြောင်းပုံ တူပါတယ်)
...........................................................................................................
(7) Active - Simple Future Tense
..........................................
(A) They believe that the factory WILL MAKE profit soon.
(P) The factory is believed TO MAKE profit soon.
............................................................................................................
(8) Active - Future Perfect Tense
..........................................
(A) They say that he WILL HAVE DELIVERED all the news papers by 8 o’clock.
(P) He is said TO HAVE DELIVERED all the news papers by 8 o’clock.
(verb form ပြောင်းပုံမှာ present perfect နဲ့ အတူတူပါပဲ ။ ကွဲပြားချက်ကတော့ future perfect ၀ါကျမှာ အချိန်ဖေါ်ပြချက်လေး ပါ..ပါတယ်)
..................................................................................................................
Present Perfect Continuous
Past Perfect Continuous
Future Continuous
Future Perfect Continuous .. တွေကတော့ Personal Passive ပုံစံ မရှိပါဘူး
....................
ကွဲပြားမှုလေးတွေ ၊ လွဲမှားမှုလေးတွေ ပါသွားလျှင် ပြန်လည် ပြင်ဆင်တင်ပြပါမယ် ..
..

Telephone Expressions (2)

Telephone Expressions (2)
…………………………….
(1) I’ll put you through to Mr.Kim.
ကျနော် ခင်ဗျားကို မစ္စတာ ကင် .. ဆီကို ဖုန်းလိုင်းလွှဲ ပေးလိုက်ပါမယ်
.
(2) I’ll connect you with the department concerned.
ကျနော် ခင်ဗျားကို သက်ဆိုင်ရာဌာနနဲ့ ချိတ်ဆက်ပေးလိုက်ပါမယ်
.
(3) Pick up the phone on line 2, please.
ကျေးဇူးပြု၍ လိုင်းနံပါတ် (၂) ကဖုန်းကို ကိုင်ပေးပါ
.
(4) Miss Jane is on the line for you.
မစ်(စ်)ဂျိန်းက ခင်ဗျားနဲ့ စကားပြောဖို့ ဖုန်းလိုင်းပေါ်မှာ ရှိနေပါတယ်
.
(5) I will transfer your call as soon as he’s available.
ခင်ဗျားရဲ့ ဖုန်းကို သူအဆင်သင့်ဖြစ်တာနဲ့ (အားတာနဲ့) ချက်ခြင်း လိုင်းလွှဲပေးလိုက်ပါမယ်
.
(6) May I use your phone?
ခင်ဗျားရဲ့ ဖုန်းလေး သုံးပါရစေလား
.
(7) Do you have a telephone directory?
တယ်လီဖုန်းလမ်းညွှန် ရှိပါသလား
.
(8) Is Mr.Tom there?
မစ္စတာတွန် ရှိပါသလား
.
(9) Hello! This is Tom.
ဟယ်လို ၊ ကျနော် တွန်ပါ
(ဒီက တွန်ပါ ..ဆိုတဲ့သဘောမျိုးပါပဲ ၊ မေးလျှင်လည်း Is this Tom? အဲဒီက “တွန်” လား.. စသည်ဖြင့် ဒီလိုပဲ မေးလေ့ရှိပါတယ်)
.
(10) Speaking.
ပြောနေပါတယ်
(ဒီလိုပြောလျှင် ရိုင်းပါတယ် ၊ မသုံးပါနဲ့ ၊ နားလည်ဖို့ပါ)
.
(11) Isn’t this the police station?
ဒီဟာ (ဒီနံပါတ်) က ရဲစခန်း မဟုတ်ဘူးလား
.
(12) I am calling City Hall.
ကျနော် မြို့တော်ခန်းမကို ဖုန်းခေါ်နေတာပါ
.
(13) Isn’t this the Tom’s residence?
ဒါက (ဒီနံပါတ်က) တွန်ရဲ့နေအိမ် မဟုတ်ဘူးလား
.
(14) Would you ring Mr.Tom’s room?
မစ္စတာတွန်ရဲ့ အခန်းကို ခေါ်လိုက်ပါလား
.
(15) Who am I speaking to, please?
ကျေးဇူးပြု၍ ကျနော်ပြောနေတာ ဘယ်သူပါလဲခင်ဗျာ
.
(16) Hello, may I speak to Tom?
ဟယ်လို ၊ တွန်နဲ့ ပြောပါရစေ
.
(17) Hello, I would like to talk to Mr.Tom, please.
ဟယ်လို ၊ ကျေးဇူးပြု၍ မစ္စတာတွန်နဲ့ ပြောချင်ပါတယ်ခင်ဗျာ
.
(18) What are you calling about?
ဘာအတွက် ဖုန်းခေါ်တာလဲ
(ဒါလည်း မယဉ်ကျေးဘူး ၊ ရှေ့မှာတုန်းက ရေးခဲ့တဲ့ May I ask what this is regarding? က ယဉ်ကျေးပါတယ်)
..
ဖုန်းပြော ၊ ဖုန်းဖြေ အဆင်ပြေနိုင်ကြပါစေ ..
..
မေတ္တာဖြင့် heart emoticon

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ
...............................................................................
ဒီ well ဆိုတဲ့စာလုံးလေးက word form အမျိုးမျိုးရှိပြီး အာမေဋိတ်အဖြစ်သုံးလျှင်တော့ ၀ါကျအနေအထားပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ တစ်လှေကြီး ဖြစ်နေပြန်ပါတယ် အဲဒီအထဲကနေ အလျှဉ်းသင့်ရာလေးတွေ ရွေးပြီး တင်ဆက်လိုက်ပါတယ် ။ သူ့အဓိပ္ပါယ် တချို့ကို စီပြီး ရေးကြည့်မယ်ဆိုလျှင်
.
(adv) ကောင်းစွာ ၊ တော်တော်လေး
(adj) နေကောင်းသော ၊ ကျန်းမာသော
(n) ရေတွင်း ၊ ရေနံတွင်း
(v) လျှံထွက်ကျသည်
(intj) ကိုင်း ၊ ကဲ (အံ့သြခြင်း ဒေါသဖြစ်ခြင်းကို ပြဖို့)
...... တော်ပါသေးရဲ့ ( စိတ်သက်သာရာ ရခြင်းကို ပြဖို့)
...... အင်းလေ (မတတ်သာ၍ လက်ခံရသည့် သဘောကို ပြဖို့)
...... ကောင်းပြီလေ ၊ ဟုတ်ပါပြီ (လက်ခံကြောင်း ၊ နားလည်ကြောင်းပြဖို့)
...... အေးပါ ၊ အင်းပါ (စိတ်မပါ့တပါနဲ့ သဘောတူကြောင်း ပြဖို့)
...... အော ၊ အင်း ၊ အဲ ၊ ကဲ ( စကားစပြန်ကောက် ၊ စကားလမ်းကြောင်းပြောင်း ၊ မသေချာဇဝေဇ၀ါဖြစ်ကြောင်းပြ ၊ စကားလက်စသတ် ) ဖို့တွေ
...... အဲလေယောင်လို့ (ဘွာခတ်ကြောင်းပြောဖို့) ... စသည်ဖြင့်
ရေးလို့တောင် မဆုံးနိုင်တဲ့ အာမေဋိတ် အသုံးတွေ အဘိဓါန်မှာ ရှိနေပါတယ် ။ အကုန်လုံး ဒီမှာ ပြန်ကူးရေးလျှင် ဖတ်ဖို့ပျင်းကုန်ကြပါလိမ့်မယ် ။ စာလုံး တစ်လုံးတည်းကနေ အမျိုးမျိုး ရနေတော့ ဘာသာပြန်ရတာဂွကျ နေတတ်တဲ့အတွက်လည်း ၀ါကျဆောက်နည်း စာအုပ်လေးထဲကနေ တွေ့တာလေးကိုပဲ တင်ဆက်လိုက်ပါတယ် ..
...
(1) Well ကို.. ဖြေဖို့ အဆင်မပြေတဲ့ မေးခွန်းတစ်ခုကို ယတိပြတ်မဖြေဘဲ အနည်းငယ် အချိန်ဆွဲကာ ဝေ့လည်ကြောင်ပတ်လုပ်ပြီး တုန့်ပြန်ဖို့ အတွက် သုံးနိုင်ပါတယ်
Well can be used to stall for a little time, often in response to a difficult or uncomfortable
comment. For example:
...
(1.1.a) I expect you in my office in an hour.
ခင်ဗျား ကျနော့်ရုံးခန်းကို နောက်တစ်နာရီမှာ လာစေချင်ပါတယ်
(1.1.b) Well, let me check my calendar.
အင်း .. ဟိုလေ.. ကျနော် ချိန်းဆိုလက်ခံထားတဲ့ အချိန်စာရင်းလေး ကြည့်လိုက်ပါဦးမယ်
...
(1.2.a) Can you answer my question?
ခင်ဗျား ကျနော့်မေးခွန်းကို ဖြေကြားပေးနိုင်မလား
(1.2.b) Well, let me think about that for a moment.
အဲ.. ဟိုဟာလေ .. အဲဒါနဲ့ပတ်သက်ပြီး ခဏတစ်ဖြုတ်လောက် စဉ်းစားပါရစေဦး
....................................................................................
(2) အံ့သြမှုကို ဖေါ်ပြတဲ့ ၀ါကျတစ်ခုကို စတင်ဖို့အတွက်လည်း သုံးပါတယ် ။ အာမေဋိတ် မပါဘဲ အံ့သြမှုကို ဖေါ်ပြနိုင်သလို well ပေါင်းထည့်ခြင်းဟာ အလေးပေးဖေါ်ပြမှု သဘောကို ဆောင်ပါတယ် ။
It also introduces a sentence that expresses surprise. Although surprise can be expressed
without the interjection, the addition of well provides emphasis.
.
(2.1) Well, I certainly didn’t expect to get a speeding ticket.
အလိုလေး.. အမြန်နှုန်းပိုမောင်းလို့ ချလံဖြတ်ခံရမှာကို လုံးဝ မမျှော်လင့်ခဲ့မိပါဘူးဗျာ
..........................................................................................
(3) စိတ်မရှည်မှုကိုလည်း ဖေါ်ပြနိုင်ပါတယ် .. well အာမေဋိတ် ပါတာနဲ့ မပါတာကို နှိင်းယှဉ်ကြည့်ပါ
In can also express impatience. Compare the following pairs of sentences:
.
(3.1.a) Are you ready?
အဆင်သင့် ဖြစ်ပြီလား
(3.1.b) Well, are you ready?
ဟာကွာ .. အဆင်သင့် ဖြစ်ပြီလားကွ
...............
(3.2.a) You’re going to be late again.
ထပ်ပြီး နောက်ကျတော့မယ်နော်
(3.2.b) Well, you’re going to be late again.
ကဲ...... ထပ်ပြီး နောက်ကျဦးတော့မှာပဲ
............................................................................
ဘယ်လိုသဘော ဖြစ်တယ်လို့ သိပြီးတာတောင်မှ မြန်မာစကားလုံး ကွက်တိဖြစ်ဖို့ စဉ်းစားရကျပ်ခဲ့ပါတယ် ။ အဲဒါ well ပါပဲဗျာ ..
......
ဝေါဟာရများ
...
interjection (interj) အာမေဋိတ်
stall (v) ယတိပြတ်မဖြေ ဝေ့လည်ကြောင်ပတ်လုပ်၍ အချိန်ဆွဲသည်
certainly (adv) ကြံကြံဖန်ဖန် ၊ ကြံကြီးစည်ရာ
.
Source: English Sentence Builder by Ed Swick
.
မေတ္တာဖြင့် heart emoticon

Telephone Expressions (4)

Telephone Expressions (4)
....................................
(1) I can’t hear you well.
ခင်ဗျားပြောတာ ကျနော် ကောင်းကောင်း မကြားရဘူး
.
(2) Tell him I’ll call back.
ကျနော်က ပြန်ခေါ်မယ်လို့ သူ့ကို ပြောပေးပါ
.
(3) Please tell him to call me back.
ကျနော့်ကို ပြန်ခေါ်ဖို့ သူ့ကို ပြောပေးပါ
.
(4) What is your phone number?
ခင်ဗျား ဖုန်းနံပါတ်က ဘယ်လောက်လဲ
.
(5) May I leave a message.
ကျနော် မှာထားခဲ့ပါရစေ (အမှာစကားတစ်ခု ထားခဲ့ပါရစေ)
(message (n) သတင်းစကား ၊ မှာကြားချက် ၊ အမှာစကား)
.
(6) Please be as brief as possible.
ကျေးဇူးပြု၍ အကျဉ်းချုပ်နိုင်သမျှ ချုပ်ပါ
(brief (adj) အချိန်တိုတောင်းသော ၊ အကျဉ်းချုပ်သော ၊ (n) အကျဉ်းချုပ်)
.
(7) Don’t talk too long on the phone.
ဖုန်းပေါ်မှာ (ဖုန်းလိုင်းပေါ်မှာ) အရှည်ကြီးမပြောပါနဲ့
.
(8) I’ll give Mr.Smith your message.
ကျနော် ခင်ဗျားပေးတဲ့ သတင်းကို Mr.Smith ဆီ ပေးလိုက်ပါမယ်
( I’ll give your message to Mr.Smith. လို့လည်းရတာပေါ့)
.
(9) Just tell him I called.
ကျနော်က ဖုန်းခေါ်တယ်လို့ပဲ ပြောပေးပါ
.
(10) Please tell her mom wanted to get in touch with her.
ကျေးဇူးပြု၍ သူ့အမေက အဆက်အသွယ်ရချင်တယ်လို့ သူကို ပြောပေးပါ
(get in touch : အဆက်အသွယ်ရသည်)
.
(11) Would you have him return my call?
သူ့ကို ကျနော့်ဆီ ဖုန်းပြန်ခေါ်ခိုင်းပေးပါလား
...
မေတ္တာဖြင့် heart emoticon

Telephone Expressions (5)

Telephone Expressions (5)
....................................
(1) Do I have him return your call?
ကျနော်သူ့ကို ခင်ဗျားဆီ ဖုန်းပြန်ခေါ်ခိုင်းပေးရမလား
(2) Would you please finish soon?
ကျေးဇူးပြု၍ မြန်မြန်ပြီးအောင် ပြောပါလား
(3) I know you’re busy. I‘ll try to cut short.
ခင်ဗျားအလုပ်ရှုပ်နေတာ ကျနော်သိပါတယ် ၊ အတိုချုပ်ပြီး (တိုအောင်ဖြတ်ပြီး) ပြောပါမယ်
(4) I have to hand up.
ကျနော်ဖုန်းချရပါတော့မယ်
(5) I am expecting your call.
ကျနော် ခင်ဗျားဆီကဖုန်ုးကို မျှော်နေတာပါ
(6) The lines are crossed.
ဖုန်းလိုင်းတွေ ပူးနေတယ်
(7) The line is dead.
ဖုန်းလိုင်းမ၀င်ဘူး
(8) I will call you right back.
ကျနော်ခင်ဗျားကို ဖုန်းပြန်ခေါ်ပါမယ်
(အရေးကြီး ကိစ္စတစ်ခုရှိနေလို့ လောလောဆယ် ကြာကြာဖုန်းမပြောနိုင်သေးလျှင်သော်လည်းကောင်း ၊ ပြန်မဆက်ပါနဲ့ ကျနော့်ဖက်ကပဲ ပြန်ခေါ်ပါမယ်လို့ ပြောချင်လျှင်သော်လည်းကောင်း ပြောနိုင်ပါတယ်)
(9) Do you expect him back soon?
သူမကြာခင်ပြန်လာမယ်လို့ ထင်ပါသလား (မျှော်လင့်ပါသလား)
(10) When do you expect him back?
သူဘယ်အချိန်ပြန်လာမယ်လို့ထင်ပါသလဲ
(11) Do you know when he will be back?
သူဘယ်အချိန်ပြန်လာမယ်ဆိုတာ ခင်ဗျားသိပါသလား
(12) I’m sorry, but he’s on vacation.
ဆောရီးပါ ၊ သူအပန်းဖြေခရီးသွားနေပါတယ်
....
မေတ္တာဖြင့် heart emoticon

Like and as

Like and as
………………
ဒီစာလုံးလေးတွေက အသုံးများပါတယ် ၊ တူသလိုဖြစ်နေပေမယ့် ကွဲကွဲပြားပြားသိထားတော့ တိတိကျကျနဲ့ လွယ်လွယ်ကူကူ သုံးတတ်ပါလိမ့်မယ် ၊ မှတ်ရတာလည်း လွယ်ပါတယ် ၊ မြန်မာပြောစကားလေးတွေလိုပါပဲ အညှာသိဖို့လိုတယ် အထာသိဖို့လိုတယ်ပေါ့.. အညှာလေးကနေ ကိုင်ပြီး ဗဟုသုတတွေကို အလွယ်တကူ ခူးဆွတ်ရယူနိုင်ဖို့ ကျနော်က ရှာဖွေတင်ဆက်နေတာဖြစ်ပါတယ်
.
We can use “like” and “as” to say that things are similar.
Like နဲ့ as ကို တူညီတဲ့ အရာဝတ္ထုများအတွက် သုံးနိုင်ပါတယ်
……………..
(1) Like is a preposition, used before a noun or pronoun.
Like ဟာ ၀ိဘတ်တစ်ခုဖြစ်ပါတယ် ၊ နာမ်ပုဒ်တစ်ခု (သို့) နာမ်စား တစ်ခုရဲ့ရှေ့မှာ သုံးနိုင်ပါတယ်
.
(1.1) He runs LIKE the wind.
သူက လေလို (လျင်မြန်စွာ) ပြေးတယ်
(like နောက်မှာ the wind ဆိုတဲ့ noun တစ်ခုပဲပါတယ်)
.
(1.2) He looks LIKE me.
သူက ကျနော်နဲ့ တူတယ်
(like နောက်မှာ me ဆိုတဲ့ pronoun တစ်ခုပဲရှိတယ်)
……………..
(2) As is a conjunction, used before Subject+ verb or a prepositional expression.
As ကတော့ စကားဆက်ဖြစ်ပါတယ် ဒါကြောင့် Subject + verb ရှေ့မှာဖြစ်စေ ၊ ၀ိဘတ်နဲ့စတဲ့ ဖေါ်ပြချက်တစ်ခုရဲ့ ရှေ့မှာဖြစ်စေ သုံးနိုင်ပါတယ်
.
(2.1) Nobody knows her AS I do.
ကျနော်သိသလို ဘယ်သူမှ သူမ (အကြောင်း) ကို မသိပါဘူး
(as နောက်မှာ Sub+ Verb ဖြစ်တဲ့ I do ရှိနေပါတယ်)
.
(2.2) On Friday, AS on Monday, we meet at eight.
သောကြာနေ့မှာ တနင်္ဂနေ့ကလိုပဲ ကျနော်တို့ (၈) နာရီမှာ တွေ့ကြပါတယ်
(as နောက်က on Monday ဟာ prepositional expression လေးပါ)
……………………….
(3) We use “as” as a preposition before noun or pronoun to talk about the jobs, roles and functions of people and things.
As ကို proposition အဖြစ်နဲ့ noun သို့ pronoun ရှေ့မှာသုံးပြီး အလုပ် ၊ အခန်းကဏ္ဍ ၊ လူသို့မဟုတ် အရာဝတ္ထုတစ်ခုခုရဲ့ လုပ်ဆောင်မှု တို့ကို ဖေါ်ပြနိုင်ပါတယ်
.
(3.1) He works AS a writer. ( အလုပ်ကို ဖေါ်ပြတယ်)
သူက စာရေးဆရာ အဖြစ် လုပ်ကိုင်ပါတယ်
Don’t use your plate AS an ashtray. (အရာဝတ္ထုရဲ့ လုပ်ဆောင်မှု ကိုဖေါ်ပြတယ်)
ခင်ဗျားရဲ့ ပန်းကန်ကို ဆေးလိပ်ပြာခံခွက် အဖြစ် မသုံးပါနဲ့
……………..
(4) like နဲ့ as ကို preposition အဖြစ်သုံးတဲ့အခါ အဓိပ္ပါယ်ကွာခြားသွားပါတယ်..
Compare: ဒီနှစ်ခုကို နှိင်းယှဉ်ကြည့်ပါ
.
(4.1) As your brother, I must warn you.
မင့်အကိုအဖြစ်နဲ့ .. ငါမင့်ကို သတိပေးရမယ် (အကိုကနေ ညီကို ပြောတာ)
.
(4.2) Like your brother, I must warn you.
မင့်အကိုလိုပဲ.. ငါမင့်ကိုသတိပေးရမယ် (အပြင်လူကယောက်က ပြောတာ ၊ အကို..ကိုလည်း သတိပေးပြီးပြီ)
……………
မေတ္တာဖြင့် heart emoticon

Win Naing Oo‎

Telephone Expressions (6)

Telephone Expressions (6)
......................................
(1) Hello. Am I speaking to Miss Brook?
ဟယ်လို ၊ ကျနော် အခုပြောနေတာ Miss Brook ပါလား
.
(2) She’s attending a meeting.
သူအစည်းအဝေးတက်နေပါတယ်
(She is in a meeting. သူအစည်းအဝေးထဲမှာပါ..လို့ ပြောလည်းရပါတယ်)
.
(3) He just stepped out for a moment.
သူအပြင်ကို ခဏလေး ထွက်သွားပါတယ်
.
(4) He’ll be back in a minute.
သူမကြာခင် ပြန်လာပါလိမ့်မယ်
.
(5) He’s out for the day.
သူဒီနေ့ အလုပ်ပြီးလို့ ထွက်သွားပါပြီ
.
(6) He’s not with us today.
ဒီနေ့ သူကကျနော်တို့နဲ့ အတူတူ မဟုတ်ပါဘူး
.
(7) I’m sorry, but he is not in at the moment.
ဆောရီးပါ ၊ လောလောဆယ် သူမရှိပါဘူး
.
(8) May I have your name, please? I’ll have him call you right back.
ကျေးဇူးပြု၍ ခင်ဗျား နာမည်လေး သိပါရစေ ၊ ကျနော် သူ့ကို ခင်ဗျားဆီ ဖုန်းပြန်ခေါ်ခိုင်းပေးပါမယ်
.
(9) Hi. This is Yoon.
ဟိုင်း ၊ ကျနော်က Yoon ပါ ။
.
(10) I am returning your call.
ခင်ဗျားဖုန်းခေါ်ထားလို့ ကျနော်က ဖုန်းပြန်ခေါ်တာပါ
.
(11) I’m sorry to have missed your call.
ခင်ဗျား ဖုန်းဆက်တာနဲ့ လွဲသွားခဲ့လို့ စိတ်မကောင်းပါဘူးဗျာ
( to have missed က perfect infinitive ပုံစံ ဖြစ်ပါတယ် ၊ တွေ့ရခဲလို့ မှတ်လိုက်ပါ ။
I am sorry that I have missed your call. နဲ့ အတူတူပဲ နားလည်လို့ ရပါတယ်)
.
(12) I’m sorry to have kept you waiting (for) so long.
ခင်ဗျားကို အကြာကြီး စောင့်ခိုင်းထားရတဲ့အတွက် စိတ်မကောင်းပါဘူး
.
မေတ္တာဖြင့် heart emoticon

ဗန်းစကားဖြစ်တော့မှ ဘ၀ဆိုးသွားရသော John အကြောင်း

ဗန်းစကားဖြစ်တော့မှ ဘ၀ဆိုးသွားရသော John အကြောင်း
.............................................................
ကျနော်က ဗန်းစကားတွေကို ရှင်းပြဖြန့်ဝေ လုပ်လေ့မရှိပါဘူး ။ ပုံစံကျ အသုံးတွေကိုပဲ များများသုံးစေချင်ပြီး ဗန်းစကားတွေကို များများ မသုံးကြစေချင်လို့ပါ ။ သို့သော်လည်း ဒီတစ်ခုကတော့ တွင်ကျယ်ပြီးသား အဓိပ္ပါယ်အားလုံးက ထူးဆန်းသလို ဖြစ်နေတာရယ် ၊ ဖတ်မိ ကြားမိ တဲ့အခါ နားလည်ဖို့ရယ် အတွက် တင်ဆက်လိုက်ရပါတယ်..
အင်္ဂလိပ်နာမည်တွေထဲမှာ John က တော်တော်လေး သုံးပါတယ် ။ သို့သော် ဗန်းစကားမှာကျတော့ တွေ့ဖူးသလောက်မှာ မကောင်းတဲ့ သဘောတွေ ချည့်ပဲ ဖြစ်နေတာကလည်း ထူးဆန်းနေပါတယ် ..
..........................
(1) john : restroom သန့်စင်ခန်း
.
I need to go to the john.
ကျနော် သန့်စင်ခန်းကို သွားဖို့လိုပါတယ်
.....................................
(2) john: toilet အိမ်သာအိုး
.
I'm on the john.
ကျနော် အိမ်သာထိုင်နေတယ်
........................................
(3) john: an excuse ဆင်ခြေ
.
No johns!
ဆင်ခြေတွေ မပေးနဲ့
..........................................
(4) john : a man who is a prostitute's customer. ပျော်တော်ဆက် မိန်းကလေးရဲ့ ဖောက်သည်ယောက်ျား
..
Police ran an operation on the new comer johns.
ရဲတပ်ဖွဲ့က အပျော်မယ်ရှာတဲ့ ဖောက်သည်လူသစ်တွေကို စီမံချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်
............................................
သတိထားရမှာက "j" ဟာ စာလုံးသေးအဖြစ် သုံးတာ များပါတယ် ။ သူက စကားလုံး word ဖြစ်သွားပြီကိုး
...
ကျနော်စဉ်းစားမိတာ တစ်ခုရှိပါတယ် ။ ရေဆွဲချတဲ့ အိမ်သာကို 1596 ခုနှစ်ကတည်းက John Harrington က တီထွင်ခဲ့ပါတယ်..တဲ့ ၊ အဲဒါကြောင့်များ အိမ်သာကို john လို့ အနွတ္တသညာ မှည့်ခေါ်လိုက်လေသလားလို့ပါ ။ Wikipedia မှာ ဒီလိုတွေ့တယ်ဗျာ The flushing toilet was invented by John Harrington in 1596. တဲ့ ။
..
မေတ္တာဖြင့် heart emoticon

Telephone Expressions (7)

Telephone Expressions (7)
...................................
(1) How can I reach you?
ကျနော်ခင်ဗျားကို ဘယ်လို ဆက်သွယ်ရမလဲ
( reach(v) ရောက်သည် ၊ လက်လှမ်းသည်)
.
(2) Can I have your phone number?
ခင်ဗျားရဲ့ ဖုန်းနံပါတ်ပေးပါလား
.
(3) My number is 09 5112 2556.
ကျနော့်နံပါတ်က ၀၉ ၅၁၁၂ ၂၅၆ ပါ ။
.
(4) Thank you. I’ll make a note.
ကျေးဇူးပါ ၊ ကျနော် မှတ်ထားပါမယ်
.
(5) Call me at 01 2238 266.
ကျနော့်ကို ၀၁ ၂၂၃၈ ၂၆၆ မှာခေါ်ပါ
.
(6) When will it be convenient to reach you?
ဘယ်အချိန်ဆို ခင်ဗျားကို ဆက်သွယ်လို့ အဆင်ပြေမလဲ
.
(7) Call any time.
ဘယ်အချိန်မဆို ခေါ်ပါ
.
(8) No matter when.
ဘယ်အချိန်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး
.
(9) This is my day-time number only.
ဒါက ကျနော် နေ့ခင်းဖက်မှာ သုံးတဲ့ နံပါတ်ပါ
.
(10) Here is my cell phone number.
ဒါက ကျနော့်ရဲ့ ဆဲလ်ဖုန်း နံပါတ်ပါ
.
(11) You can reach me at this number at night.
ညဖက်မှာ ခင်ဗျား ကျနော့်ကို ဒီနံပါတ်မှာ ဆက်သွယ်နိုင်ပါတယ်
.
(12) Did anyone call me while I was out?
ကျနော် အပြင်သွားနေတုန်း ကျနော့်ကို တစ်ယောက်ယောက် ဖုန်းခေါ်ခဲ့သေးလား
(while (conj) စဉ်တွင် ၊ နေတုန်း )
.
(13) I'll have her call you when she gets back.
သူမပြန်ရောက်တဲ့အခါ ကျနော် ခင်ဗျားဆီကို ဖုန်းခေါ်ခိုင်းပေးပါမယ်
.
(14) He has been on leave for two days.
သူက နှစ်ရက် ခွင့်ယူထားပါတယ်
..
(15) I couldn't call you; the telephone was out of order.
ကျနော်ခင်ဗျားကို ဖုန်းမခေါ်နိုင်ခဲ့ဘူး ၊ တယ်လီဖုန်းက ပျက်နေခဲ့တယ်
..
ရွှင်လန်းချမ်းမြေ့ကြပါစေ
.
မေတ္တာဖြင့် heart emoticon

Due to သုံးဖို့

Due to သုံးဖို့
…………………
Due to က because of နဲ့ ဆင်တူပါတယ် ၊ အကြောင်းပြချက်ပေးဖို့သုံးပါတယ် ၊ due to ကို စကားစု (phrase) များ .. တစ်လုံးတည်းသောစကား( single word) များနဲ့ အတူသုံးစွဲနိုင်သော်လည်း ပုဒ်စု (clause) များနဲ့ အတူ မသုံးနိုင်ပါဘူး
"Due to" is very similar to "because of." It gives a reason for why something is true. You can use "due to" with phrases and single words, but you can't use "due to" with a clause.
.........................................................................
(1) Exp: DUE TO a broken wing, this bird can't fly.
ကျိုးသောအတောင်ပံတစ်ဖက် ကြောင့် ဒီငှက် မပျံသန်းနိုင်ပါ
(This sentence begins with "due to" and is followed by a noun and a comma. It explains why the bird can't fly.)
ငှက်ဟာ ဘာကြောင့် မပျံနိုင်သလဲဆိုတာကို အကြောင်းပြချက်ပေးပြီး ရှင်းပြပါတယ် ..
.............................................................
(2) Exp: This woman lost her job DUE TO the weak U.S. economy.
အမေရိကန် စီးပွားရေး အားနည်းမှုကြောင့် ဒီအမျိုးသမီးဟာ အလုပ်ပြုတ်ခဲ့ပါတယ်
(Social problems are often explained with the use of "due to”. >> လူမှုရေးပြဿနာတွေကို due to သုံးပြီး မကြာခဏ ရှင်းပြပါတယ် )
...............................................................
(3) Exp: Nausea and vomiting may occur due to overeating.
အစားလွန်ခြင်းကြောင့် မအီမသာဖြစ်ခြင်းနဲ့ အော့အံခြင်းတွေ ဖြစ်နိုင်ပါတယ်
(You may use gerunds after "due to." The word "overeating" in this example is a gerund. Gerunds are similar to nouns and end in "ing."
… due to နောက်မှာ V-ing လည်း လာနိုင်တယ်)
.....................................
(4) DUE TO rapid global warming, many polar bears are unable to adapt to a new environment and now they are starving to death.
အလျင်အမြန် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကြောင့် များစွာသော ပိုလာဝက်ဝံများဟာ ပတ်ဝန်းကျင်အသစ်နဲ့ နေသားကျမကျနိုင် ဖြစ်နေပါတယ် ပြီးတော့ သူတို့ဟာ သေလုမျောပါး ဆာလောင်ငတ်မွတ်နေကြပါတယ် ။
..........................
(5) Their marriage ended (due) in large part (to) a lack of communication.
သူတို့ရဲ့ လက်ထပ်မှုဟာ အဓိက အပိုင်းဖြစ်တဲ့ (တစ်ဦးနဲ့တစ်ဦး) ဆက်သွယ်ပြောဆိုမှုလျော့နည်းတဲ့အတွက် ကြောင့် ပြီးဆုံးခဲ့ပါတယ်
(Notice that "due to" is sometimes separable. Due နဲ့ to ဟာ ခွဲဖို့လိုလျင် ခွဲနိုင်ပါတယ် )
………………
မေတ္တာဖြင့်

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး
.........................................................................................
ပထမဆုံး ကျနော်တို့ရင်းနှီးပြီးသား If pattern (3) မျိုးကို ဘယ်ကိစ္စတွေမှာသုံးသလဲ ပြန်ပြီး နွှေးကြရအောင်ပါ..form တွေက သိပြီးသားဖြစ်ပါလိမ့်မယ် ၊ ဘယ်အခြေအနေမှာ သုံးမယ်ဆိုတာ ဒါလေးတွေဖတ်ပြီး ခေါင်းထဲကို ပြန်ခေါ်လိုက်ပါ ။
.
(1) တကယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ ကိစ္စမျိုးမှာ သုံးပါတယ် ။ လုံးဝ ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး ။
If.. Simple Present , will/shall + Infinitive ပုံစံ
..
If he GOES to London, he WILL MEET his sister.
သူလန်ဒန်သွားလျှင် သူ့ညီမကိုတွေ့ရမယ်
(တွေ့ဖို့အလားအလာရှိတယ် ၊ သိုသော် သေချာတွေ့မယ်လို့ မပြောနိုင်ဘူး)
................................................
(2) တကယ်ဖြစ်နိုင်စရာမရှိတဲ့ အလားအလာအတွက် သုံးပါတယ် ။ စိတ်ကူးယဉ် မှန်းဆချက်သာ ဖြစ်ပါတယ် ။
If.. Simple Past, would/should + Infinitive ပုံစံဖြစ်ပါတယ်
.
If I SAW him, I SHOULD SPEAK to him.
သူ့ကိုတွေ့လျှင်တော့ ကျနော်က စကားပြောမှာပါပဲ
(သူကိုတွေ့ဖို့က တကယ်ဖြစ်မနေဘူး စိတ်ကူးကြည့်ရုံမျှသာ ဖြစ်တယ်)
....................................................................
(3) တကယ်မဖြစ်ခဲ့တာကို တင်စာပြီး ပြောဖို့အတွက် သုံးပါတယ် ၊ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားကို တင်စားတာပါ ။
If..Past Perfect, would/should have + Past Participle ပုံစံဖြစ်ပါတယ်
.
If I HAD KNOWN your arrival, I SHOULD HAVE MET you.
ခင်ဗျားရောက်နေမှန်းသာသိရလျှင် လာတွေ့မှာပေါ့ဗျာ
(ဒါပေမယ့် မသိလို့ မတွေ့ဖြစ်ခဲ့ဘူး)
..................................
အဲဒီမှာ If pattern -1 (First conditional) နဲ့ ခပ်ဆင်ဆင်တစ်ခု ရှိနေပါတယ် ။ နည်းနည်းလေးပဲကွာလို့ သေချာမှတ်ပေးပါ ။
..
(0) သူ့ကို Zero conditional လို့ခေါ်ပါတယ် ။ အခြေအနေတစ်ခုနဲ့ ကိုက်ညီလျှင် ရလဒ်ဟာ အမြဲမှန်တယ် ။ ဒီအခြေအနေဆို ဒီလိုဖြစ်ကိုဖြစ်တယ် ၊ ဒီလိုဖြစ်ရမယ် ..ဆိုတဲ့ပုံစံဖြစ်ပါတယ်
We use the so-called zero conditional when the result of the condition is always true.
.
ဥပမာ..
If babies ARE hungry, they CRY.
ကလေးလေးတွေဆာလျှင် ငိုကြတယ်
..
ဆာတိုင်းငိုတယ် ၊ ဆာနေပြီးတော့ မငိုပဲနေတာ မရှိဘူး ၊ ဒီအတိုင်းအမှန်ပဲ ဆိုတဲ့ သဘောဖြစ်တယ် ။
အဲဒီမှာ ကြည့်လျှင် will မပါဘူး ၊ will cry မဟုတ်ဘူး ။ will cry ဆို ငိုလိမ့်မယ်လို့ ဖြစ်နိုင်တာကို ခန့်မှန်းပြောတာဖြစ်တယ် ။ ဒီလိုမျိုး ၀ါကျကို if pattern သုံးခုရဲ့ ပုံစံ form တွေကို အသေရနေပြီးတော့ Zero conditional ကို မလေ့လာဖြစ်သေးတဲ့သူက will မပါလို့ မှားနေတယ်ဆိုပြီး ထင်တတ်ပါတယ် ။ သုံးစွဲပုံလေးကို အသေးစိတ် ထပ်ကြည့်ကြမယ် မဟုတ်လား
..
ပုံစံက
If.. Simple present , Simple Present ဖြစ်ပါတယ် ။
ယေဘူယျ အမှန်တရားတွေကို ပြောဖို့အတွက် သုံးပါတယ် ။ ဘာတွေပါသေးလဲ ထပ်ပြီး အသေးစိတ်တင်ပြပါမယ် ။
Note that we are not talking about a specific event but something which is generally true.
.......................................................................
(0.1) Rules
စည်းမျဉ်းစည်းကမ်းတွေကို ဖေါ်ပြဖို့ သုံးပါတယ်
If.. Simple present , Imperative ( အမိန့်ပေး ၊ မေတ္တာရပ်ခံ .. စသည့်ပုံစံ)
..........
(0.1.1) If you take your cell phone into class, it must be turned off.
စာသင်ခန်းထဲကို တယ်လီဖုန်းယူလာလျှင် ပိတ်ထားရမယ်
.
(0.1.2) If you drink alcohol, don’t drive.
အရက်သောက်လျှင် ကားမမောင်းပါနဲ့
.
(0.1.3) Do not use a calculator when you write the test.
အဖြေလွှာရေးနေချိန်မှာ ဂဏန်းတွက်စက် မသုံးရပါ
(zero conditional မှာ if အစား when ကို သုံးနိုင်ပါတယ် ၊ ကွာခြားချက် နည်းနည်းလေးပဲ ရှိပါတယ်)
...........................................................................
(0.2) Scientific Facts and General Truths
သိပ္ပံဆိုင်ရာအချက်အလက်များနဲ့ ယေဘူယျ အမှန်ရားများအတွက် သုံးပါတယ်
.
(0.2.1) If you heat water to 100 degrees Celsius, it boils.
ရေကို ၁၀၀ ဒီဂရီ ဆဲစီးယပ်ထိ အပူပေးလျှင် ဆူပွက်ပါတယ်
.
(0.2.2) If you drop something, it falls.
တစ်ခုခုကို လွှတ်ချလျှင် ကျသွားပါတယ်
.
(0.2.3) When you combine oil and water, they do not mix.
ရေနဲ့ဆီကို ပေါင်းစပ်လျှင် မရောပါဘူး
.................................................................................
(0.3) Cause and Effect
အကြောင်းနဲ့ အကျိုး ကိုဖေါ်ပြဖို့ သုံးပါတယ်
.
(0.3.1) If you push the button, the volume increases.
အဲဒီ ခလုတ်ကို နှိပ်လိုက်လျှင် အသံကျယ်မယ်
.
(0.3.2) If you close the door, it locks automatically.
တံခါးပိတ်လိုက်လျှင် အလိုလို သော့ခတ်ပြီးသားပဲ
.
(0.3.3) The computer turns off when you disconnect the battery.
ဘက်ထရီကိုဖြုတ်လိုက်လျှင် ကွန်ပြူတာက ရပ်သွားတယ်
......................................................................
(0.4) Routine
အလေ့အထ ဖြစ်နေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတွက် သုံးပါတယ်
...
(0.4.1) I wear my boots when I work.
ကျနော်အလုပ်လုပ်လျှင် လည်ရှည်ဘိနပ်စီးပါတယ်
.
(0.4.2) He uses glasses when he drives.
သူကားမောင်းလျှင် မျက်မှန်စွပ်ပါတယ်
.
(0.4.3) When I cook, I use olive oil.
ကျနော် ဟင်းချင်လျှင် သံလွင်ဆီ သုံးပါတယ်
........................................................................................................................
(0.5) Notice that 'unless' means the same as 'if not'.
If not နေရာမှာ unless ကိုလည်း သုံးနိုင်ပါတယ် ၊ not ပါပြီးသား သဘောဖြစ်နေလို့ ထပ်မထည့်ရတာကို သတိထားပြီး မှတ်ပေးပါ ။ un- ဟာ negative suffix ဖြစ်ပါတယ် ။ အခြားစာလုံးများမှာလည်း un- suffix ပါလျှင် အငြင်းဖြစ်ပြီးသားလို့ ယူဆရမှာဖြစ်ပါတယ် ။
..
(0.5.1) Unless he asks you politely, refuse to do any more work on the project.
သူက ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး မတောင်းဆိုလျှင် စီမံချက်အတွက်အလုပ် ဆက်လုပ်ပေးဖို့ကို ငြင်းဆိုလိုက်ပါ
.
(0.5.2) Unless you need more space, a small car is big enough for one person.
အထဲမှာ ပိုပြီး နေရာကျယ်ကျယ် မလိုဘူးဆိုလျှင်တော့ လူတစ်ယောက်အတွက် ကားသေးသေးလေးက လုံလောက်အောင် ကြီးပါတယ်
............................................................................................................................
အခုဆက်လက်ပြီး ..တင်ဆက်မှာက informal သဘောဖြစ်သွားပါပြီ ၊ တိုးချဲ့သုံးလာကြတဲ့သဘောပါ ။ formal မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ် ။ သို့သော် စည်းကမ်းကို ပါယ်သည်လည်းမဟုတ် အတိအကျ လိုက်နာသည်လည်းမဟုတ် သဘောသဘာဝ မလွတ်ရုံသာ ယူပြီးရေးတဲ့သဘောမို့ သဘောတရားကို သေချာသိသူများကတော့ အသုံးပြုနိုင်ပါလိမ့်မယ်။
....
(0.6) In the condition clause, we can use a variety of present forms. In the result clause, there can only be the present simple or imperative.
အအခြေအနေကိုပြတဲ့ condition clause နဲ့ result ကို ပြတဲ့ result clause နှစ်ခုမှာ ... Condition clause ဖက်မှာ Present Tense မျိုးစုံကို သုံးနိုင်ပြီး Result clause တစ်ဖက်မှာပဲ အမြဲဒီအဖြေရတယ် ဆိုတဲ့သဘောနဲ့ Simple Present Tense ကို သုံးတဲ့ပုံစံပါ ။
.
If + various Present Tenses, Simple Present ဖြစ်ပါတယ်
.................
(0.6.1) If unemployment IS RISING, people tend to stay in their present jobs. (Present continuous in condition clause)
အလုပ်လက်မဲ့အရေအတွက်က တက်လာနေလျှင်တော့ လူတွေက သူတို့ရဲ့ ရှိနေပြီးသားအလုပ်တွေမှာပဲ ဆက်လုပ်ဖို့ ဂရုစိုက်ကြလိမ့်မယ် (အလုပ်သစ်ရှာမှာ မဟုတ်ဘူး)
.
(0.6.2) If you HAVE DONE that, go and have a coffee. (Present Perfect)
ခင်ဗျား အဲဒါလုပ်ပြီးလျှင် ကော်ဖီသွားသောက်ပါ
.
(0.6.3) Unless you HAVE BEEN there yourself, you don't really understand how fantastic it is. (Present perfect)
ခင်ဗျား အဲဒီနေရာကို ကိုယ်တိုင် မရောက်သေးလျှင်တော့ ဘယ်လောက်ထူးဆန်းတယ်ဆိုတာ တကယ်နားလည်မှာ မဟုတ်ပါဘူး
...................................................................................................
ကဲ များသွားပြီလားဗျာ.. နောက်ဆုံးမှာဒါလေးတော့ ရအောင် မှတ်လိုက်ပါ
..
Zero conditional ကို Rule, Scientific fact, General truth, Cause and effect, Routine.. တွေအတွက်သုံးပါမယ် ။ အားလုံးမှာ general truth ရဲ့ သဘောလွှမ်းမိုးပါတယ် ။ Result clause သည် present ဖြစ်ရပါမယ် ။
........................................................................................................
Conditional clause တွေကို သူ့ပုံစံအတိုင်း မဟုတ်ဘဲ အကုန်ရောမွှေပစ်တာတွေ ရေးချင်သေးတယ် ။ ရှုပ်ထွေးကုန်မလား ဆိုတာလဲ တွေးမိနေပါတယ် .. ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေဆဲပါ
..
မေတ္တာဖြင့် heart emoticon

Sleep နဲ့ Asleep သုံးစွဲပုံသေချာသိဖို့

Sleep နဲ့ Asleep သုံးစွဲပုံသေချာသိဖို့
...................................................
(1) 'sleep'
Sleep က noun အဖြစ် ..အိပ်စက်ခြင်း လို့ရော verb အဖြစ် အိပ်သည် ..လို့ရော နှစ်မျိုးရပါတယ်
Sleep can be a noun or a verb. Sleep is the natural state of rest in which you are unconscious with your eyes closed.
To sleep means to be in this state of rest.
...
(1.1) I must get some sleep - I'm exhausted. (noun)
ကျနော် ခြေကုန်လက်ပန်းကျနေတယ် နည်းနည်း အိပ်မှရမယ်
.
(1.2) I haven't been getting enough sleep recently. (noun)
ကျနော် အခုလောလောဆယ် အိပ်ရေး၀၀ မအိပ်ရသေးဘူး
.
(1.3) I had not slept for three days. (verb)
ကျနော် မအိပ်ခဲ့ရတာ သုံးရက်ရှိပါပြီ
...................................................................
(2) 'asleep'
asleep ကိုတော့ အိပ်ပျော်နေသော ..လို့ ယူနိုင်ပါတယ် ။ adjective ပါ ။ တစ်ယောက်ယောက်က အိပ်နေတဲ့ အနေအထားမှာ ရှိနေလျှင် sleeping ကိုသုံးနိုင်သော်လည်း asleep ကို သုံးတာက ပိုပြီးတော့ သုံးနေကျ ဖြစ်ပါတယ် ၊ အသုံးများပါတယ် ။
If someone is in this state, you can use the progressive form and say they are sleeping, but it is more common to say that they are asleep.
သူတို့ အိပ်ပျော်နေကြတယ် ..လို့ ပြောချင်လျှင်
(2.1) They are sleeping. လို့ သုံးနိုင်သော်လည်း
(2.2) They are asleep. က သုံးရိုးသုံးစဉ် ပိုကျပါတယ် (ပိုကောင်းပါတယ်)
...
သူအိပ်နေတယ် ၊ သူအိပ်ပျော်နေတယ် ဆိုတာမျိုးကို ..ဒီလိုမရေးပါနဲ့
Don't say, for example, 'He sleeps'.
.........
(2.3) She was asleep when we walked in.
ကျနော်ဝင်လာတဲ့အချိန်တုန်းက သူမအိပ်ပျော်နေခဲ့ပါတယ်
..........................................................................
(3) ဘယ်လောက်ကြာကြာအိပ်တယ် ၊ ဘယ်နေရာမှာအိပ်တယ် ၊ ဘယ်လို အိပ်တယ် ..စသည်ဖြင့် ပြောချင်လျှင်တော့ sleep ကိုသုံးပါ ။ how long, where, usually how မှတ်လိုက်ပါ ။
To say how long someone was in this state, or to talk about where or how someone usually sleeps, use sleep rather than asleep.
..
(3.1) He slept for almost ten hours.
သူအိပ်တာ ဆယ်နာရီနီးပါးရှိပါပြီ (ကြာချိန်)
.
(3.2) Where does the baby sleep?
ကလေးလေးက ဘယ်နေရာမှာ အိပ်တာလဲ (နေရာ)
.
(3.3) I sleep late on Saturdays.
ကျနော်က စနေညတွေ(စနေညတိုင်း) မှာ နောက်ကျပြီး အိပ်လေ့ရှိပါတယ် (ဘယ်လိုအကျင့်)
...............................................................
(4) Be Careful! သတိထားပါ
..
asleep ကို verb ရဲ့နောက်မှာပဲသုံးပါတယ် ၊ V-be တွေဟာလည်း verb အုပ်စုထဲမှာ ပါတယ်လို့ သိထားပါ verb ဆိုလျှင် main verb တွေပဲ စိတ်ထဲမှာပေါ်လာတတ်လို့ သတိပေးခြင်းဖြစ်ပါတယ် ၊ asleep သည် adjective ဆိုသော်လည်း noun ရဲ့ရှေ့မှာ မသုံးပါဘူး ။
Asleep is only used after a verb. Don't use it in front of a noun.
..
ဒီလိုမသုံးပါနဲ့ ..
Don't, for example, say 'an asleep child'. Instead use sleeping.
child က noun ဖြစ်နေတော့ asleep မသုံးပဲ sleeping ပဲ သုံးရပါမယ်
....
(4.1) She is carrying a sleeping baby.
သူမက အိပ်နေတဲ့ကလေးလေးကို ချီထားပါတယ်
.................................................................................
(5) asleep က adjective ဆိုတော့ grammar စည်းမျဉ်းအရဆို adv တစ်ခုရှေ့ကနေထည့်လို့ရ..ရပါမယ် ။ သို့သော်လည်း စာလုံးတချို့ကိုသာ လက်ခံပါတယ် ။
Don't say that someone is 'very asleep' or 'completely asleep'. Instead say that they are sound asleep or fast asleep.
very asleep, completely asleep မရပါဘူး
sound asleep, fast asleep ..ရပါတယ်
..
(5.1) The baby is still sound asleep.
ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပါ
..
(5.2) He was fast asleep.
သူ စိတ်ချလက်ချ အိပ်ပျော်သွားတယ်
(fast ကို လျှင်မြန်သော ဆိုတဲ့ အဓိပ္ပါယ် မယူပဲနဲ့ secure, sound, deep ဆိုတဲ့ အဓိပ္ပါယ် ယူရမှာဖြစ်ပါတယ် ၊ သေချာရှာကြည့်ပြီးတဲ့အခါကျမှ fast asleep အတွဲက sound sleep, tight sleep တို့နဲ့ ဆင်တူပဲဆိုတာကို တွေ့ရပါတယ် )
....................................................................................
(6) 'go to sleep'
နိုးနေရာကနေ အိပ်ပျော်သွားတဲ့သဘော ..အခြေအနေပြောင်းသွားလျှင် go to sleep ကို သုံးရပါမယ်
When someone changes from being awake to being asleep, you say that they go to sleep.
..
(6.1) Both the children had gone to sleep.
ကလေးနှစ်ယောက်လုံး အိပ်ပျော်သွားခဲ့ကြပြီ (စောစောက ဆော့နေတာကနေ အခြေအနေပြောင်းပြီး အိပ်သွားတာကိုပေါ်လွင်စေချင်တာ)
.
(6.2) Go to sleep and stop worrying about it.
အဲဒီအတွက် စိတ်ပူနေတာရပ်ပြီး အိပ်လိုက်ပါ (စိတ်ပူလို့ အိပ်မရဖြစ်နေတာကနေ အိပ်ပြီး အခြေအနေ ပြောင်းသွားစေချင်တာ)
..............................................................................................
(7) 'fall asleep'
မမျှော်လင့်ပဲ ရုတ်တရက် အိပ်ပျော်သွားတယ် ဆိုလျှင်တော့ fall asleep ကို သုံးပါ
When someone goes to sleep suddenly or unexpectedly, you say that they fall asleep.
.
(7.1) The moment my head touched the pillow I fell asleep.
ကျနော့်ခေါင်းနဲ့ခေါင်းအုံး ထိသွားတဲ့ အခိုက်အတန့်မှာပဲ အိပ်ပျော်သွားခဲ့ပါတယ်
.
(7.2) Mike fell asleep watching TV.
မိုက်က TV ကြည့်နေရင်းကနေ အိပ်ပျော်သွားခဲ့ပါတယ်
.......................................................................
(8) 'get to sleep'
ခက်ခက်ခဲခဲ ကြိုးစားပြီး အိပ်ပျော်သွားလျှင်တော့ get to sleep ကိုသုံးပါ
When someone goes to sleep with difficulty, for example because of noise or worries, you say that they get to sleep.
..
(8.1) Could you turn that radio down – I'm trying to get to sleep.
ရေဒီယိုကို အသံလျှော့ပေးပါလား ၊ ကျနော် အိပ်ဖို့ ကြိုးစားနေလို့ပါ
.
(8.2) I didn't get to sleep until four in the morning.
မနက်လေးနာရီအထိ ကျနော် အိပ်လို့မရခဲ့ပါဘူး
..................................................................................
(9) 'go back to sleep'
အိပ်နေတာကနေနိုးလာပြီး ပြန်အိပ်တာကိုတော့ go back to sleep ကို သုံးပါ
When someone goes to sleep again after being woken up, you say that they go back to sleep.
..
(9.1) Go back to sleep, it's only five a.m.
ပြန်အိပ်ပါ ၊ ငါးနာရီပဲ ရှိပါသေးတယ်
............................................................................................
(10) 'send someone to sleep'
အိပ်ချင်စေတယ် ၊ အိပ်ချင်စိတ်ဖြစ်စေတယ် ..ဆိုလျှင် send (someone) to sleep ကိုသုံးပါ ။ someone နေရာမှာ Object ပုံစံဖြစ်တဲ့ me, him, her, them စတာတွေကို သုံးရမှာဖြစ်ပါတယ်
If something causes you to sleep, you say that it sends you to sleep.
..
I brought him a hot drink, hoping it would send him to sleep.
သူ့ကို အိပ်စေချင်လို့ ကျနော်သူ့ကို သောက်စရာပူပူလေးတစ်ခွက် ၀ယ်ပေးခဲ့ပါတယ်
.
I tried to read the books but they sent me to sleep.
ကျနော် စာအုပ်တွေကို ဖတ်ဖို့ကြိုးစားခဲ့ပေမယ့် အဲဒါတွေက ကျနော်ကို အိပ်ချင်စေပါတယ်
......................................
ကဲ အားလုံး မဟုတ်သော်လည်း အတော်လေးစုံသွားပြီလို့ထင်မိပါတယ် ။ သတိထားရမယ့် အချက်လေးတွေက တွေ့ရနည်းတတ်လို့ သေချာမှတ်စေချင်ပါတယ် ..
.
မေတ္တာဖြင့် heart emoticon

Like

Like
...............
(1) Like can mean similar to.
...............
Pattern: be, look, seem + like + noun
...............
She is like her sister.
They don't look like their mother.
......................................
(2) Like can indicate similar behavior.
.. ..................................................................................................
Pattern: verb + like + noun
...........................
He talks like his father.
She swims like a duck.
Common verbs before like:
act, behave, play, sing, talk, walk
...................................................................................................
(3) Like can describe excessive behavior.
..............................................................
Pattern 1: verb + noun + like + abstract noun
..............................................................
She spends money like water.
Nouns commonly used with this meaning:
anything, fun, water
..................................................................................
Pattern 2: verb + noun + like + adjective
He dances like crazy.
She works like mad.
........................................................................................ ...............
(4) Like can indicate an example.
..........................................
Pattern: noun + like + noun
.............................................
They grow root vegetables, like beets, carrots, radishes, and turnips.
...................................................................................................
( 5) Like can mean characteristic of.
...............................................................
Pattern: be + like + noun + to + verb
It's not like you to complain.
.............................................................
မေတ္တာဖြင့် heart emoticon

Time Prepositions

Time Prepositions
...........................
BEFORE AFTER
—previous to a time
Ten o'clock is before eleven o'clock.
..
—subsequent to a time
Three o'clock is after two o'clock.
..............
DURING THROUGH, THROUGHOUT
—for part of a period
He slept during the day. (He slept from two P.M. until four P.M.)
..
—for an entire period, and after
He slept through the day. (He slept from 9 A.M. until 9 P.M.
..
—at the same time as another event
She slept during the football game. He slept throughout the day.
.........................
AT AROUND, AT ABOUT BY
—at an approximate time
We will leave at around six.
We will get there at about seven.
..
—no later than a time
We have to be there by seven-fifteen.
..
by the time—when
By the time you get here, we will have left.
...........................
TO, OF TOWARDS
—minutes before the hour
It's ten to four.
It's ten of four.
..
—nearing a period of time
It was towards evening when she called.
...............................
BETWEEN WITHIN
—after a time, and before another time
They will arrive between five and six.
..
—between now and a length of time
They will be here within ten minutes.
................................
BEYOND, PAST UNTIL
—after a time
Our guests stayed beyond midnight.
Our guests stayed past midnight.
..
—up to, but not after a time
The party will last until ten.
..........................
FOR SINCE
—during a length of time
They have been here for a week.
..
—between a past time and now
They have been here since last Thursday.
................................
IN ON
in time—not too late for an event
Try to get here in time to help me. on time
..
—at the required time
He is punctual; he always arrives on time.
..
on the dot—at the exact minute
Be here at ten o'clock on the dot.
..
—a century, decade, year, season, month
He lived in the sixteenth century.
That singer was popular in the eighties.
We came here in the fall.
..
—a day, days, a date, dates
She is coming on Monday.
She doesn't work on Tuesdays.
I heard that singer on my birthday.
...........................

With metta heart emoticon

Uses of the bare infinitive မူရင်းကြိယာ သုံးစွဲရသော ပုံစံများ

Uses of the bare infinitive
မူရင်းကြိယာ သုံးစွဲရသော ပုံစံများ
.......................................
(1) Can, could, shall, should, will, would, may, might, must, do, does, did စတဲ့ အကူကြိယာတွေနောက်မှာ ကြိယာရဲ့မူလပုံစံ (bare infinitive (or) base form) လိုက်ပါတယ်
The infinitive without the marker to (bare-infinitive) is used after the some auxiliaries ..
...
(1.1) I shall INVITE them.
ကျနော်သူတို့ကို ဖိတ်ကြားပါမယ်
(1.2) We must GO now.
အခု ကျနော်တို့ သွားရပါမယ်
(1.3) He can SPEAK English.
သူက အင်္ဂလိပ်စကား ပြောနိုင်ပါတယ်
.....................................................
(2) make, let စတဲ့ verb တွေကိုတော့ Verb + Object + Bare infinitive ပုံစံသုံးပါတယ် ..
The infinitive is used without to after the verbs ‘make’ and ‘let’, with the pattern ..
Verb + Object + Bare infinitive
.
(2.1) You made me LOVE you.
ခင်ဗျားက ကျနော်ခင်ဗျားကို ချစ်လာအောင် လုပ်ခဲ့တယ်
(2.2) Don't make me STUDY that boring grammar book!
အဲဒီ ပျင်းဖို့ကောင်းတဲ့သဒ္ဒါစာအုပ်ကို ကျနော့်ကို မလေ့လာခိုင်းပါနဲ့
(2.3) Let him GO.
သူကို သွားပါစေ ခွင့်ပြုလိုက်ပါ
(2.4) Her parents let her STAY out late.
သူမရဲ့မိဘတွေက သူမကို အပြင်မှာ နောက်ကျသည်ထိနေဖို့ ခွင့်ပြုထားတယ်
..
(2.B) make ကို passive voice မှာသုံးလျှင်တော့ to ပါတဲ့ to infinitive ဖြစ်ရပါမယ်
NOTICE that the 'to-infinitive'is used when 'make' is in the passive voice:
.
I am made TO SWEEP the floor every day.
ကျမကို ကြမ်းပြင်ကို နေ့တိုင်း တံမျက်စည်း လှည်းစေခဲ့ပါတယ်
.............................................................
(3) see, hear, feel တို့ကဲ့သို့သော သိမြင်ခံစားနားလည်မှုနှင့်ဆိုင်တဲ့ကြိယာများနဲ့ bid, help စတဲ့ ကြိယာတချို့ကို Verb + Object + Zero infinitive ပုံစံနဲ့သုံးပါတယ်
The infinitive is used without to after verbs of perception and some verbs like bid, watch, see,feel, help and hear, with the pattern ..
Verb + Object + Zero infinitive (bare infinitive နဲ့အတူတူပဲ.. သိအောင်လို့)
.
(3.1) I bade him COME.
သူလာဖို့ ကျနော်တိုက်တွန်းပြောကြားခဲ့ပါတယ်
(3.2) We heard her SING.
သူမသီချင်းဆိုတာကို ကျနော်တို့ ကြားခဲ့ပါတယ်
(3.3) I watched them PLAY.
သူတို့ကစားတာကို ကျနော်စောင့်ကြည့်ခဲ့ပါတယ်
(3.4) She felt the spider CRAWL up her leg.
ပင့်ကူတစ်ကောင်က သူမရဲ့ခြေထောက်ပါ် တွားသွားတက်လာတယ်လို့ ခံစားရပါတယ်
(3.5) I helped her FIND her book.
သူမစာအုပ်ရှာတာကို ကျနော်ကူညီခဲ့ပါတယ်
.......................................................
(4) would rather, had better တို့နောက်မှာလည်း bare infinitive လိုက်ပါတယ်
The infinitive is used without to after would rather and had better.
.
(4.1) We would rather eat dinner before the movie.
ကျနော်တို့က ရုပ်ရှင်မကြည်ခင် ညစာစားတာကို ပိုကြိုက်တယ် ၊ ပိုလုပ်ဖြစ်တယ်
(4.2) You had better consult a doctor.
ခင်ဗျား ဆရာဝန်နဲ့ ပြသင့်တယ်
......................................................
(5) exect တို့ but တို့နောက်မှာလည်း သုံးပါတယ်
After some prepositions like except and but.
..
(5.1) She did nothing except cry.
သူမ ငိုတာကလွဲလို့ ဘာမှမလုပ်ခဲ့ပါဘူး
(5.2) She can do everything but cook.
ချက်ပြုတ်တာကလွဲလို့ သူမအကုန်လုပ်တတ်ပါတယ်
..............................................
မေတ္တာဖြင့် heart emoticon

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform