စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 October 2014

မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်

တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင်
============================
ကာတာ ယူ၁၉ အသင်းတွင် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ် ဂွန်ဇာလက်က နည်းပြအဖွဲ့တွင် အကြံပေးတစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။
ကာတာအသင်း မြန်မာ ကစားပုံကြောင့် ချောက်ခြားမှားယွင်းမှုများ ကြုံလာတိုင်း ရာအူးလ်မျက်နှာက မကြည်မသာ။
တစ်ကြိမ်မှ ကိုယ်တွေ့မကြုံခဲ့ဖူးသော မြန်မာတို့ ဘောလုံးပွဲကို စပိန်သား ကမ္ဘာကျော် ရာအူးလ် မျက်မြင်တွေ့သည့် အချိန်တွင် ပွဲစဉ်က လှပလွန်းနေသည်။
ပရိသတ်အားပေးမှုကလည်း လှပလွန်းနေသည်။ ကွင်းထဲက မြန်မာတို့ ခြေစွမ်းသည်လည်း နောက်ဆုံးမိနစ်အထိ ပြိုင်ဘက်ကို ဒုက္ခပေးလွန်းလှသည်။ သေချာသည် ရာအူးလ်သည် သူမတွေ့မိ မခံစားမိသည့် စိတ်လှုပ်ရှားမှုများကို မနေ့က မြန်မာ ယူ၁၉ အသင်းပွဲစဉ်ကြည့်ရှုပြီးနောက် သူသိသွားခဲ့လေပြီ။
ပွဲအပြီးတွင် မြန်မာတိုက်စစ်မှူး သန်းပိုင်နှင့်အတူ ရာအူးလ်ကို အ၀တ်စားလဲခန်းထိပ်တွင် တွေ့မြင်ရသည့် ပုံရိပ်က မြန်မာကစားသမားတို့၏ အနာဂတ်ကို ကြိုမြင်နေရသလိုပင် ခံစားမိသည်။
" မြန်မာ အသင်း ကစားပုံက ထိပ်တန်း အဆင့်ပါ . ယခုပွဲဟာ တကယ့်ကို စိတ်လှုပ် ရှားစရာ ကောင်းတဲ့ ပွဲတပွဲပါ။ သူတို့ အသင်း တိုက်စစ် ကစားပုံတွေက နောက်ဆုံး မိနစ်ထိ စိတ်လှုပ် ရှားစရာ တွေပေးသွားခဲ့ပါတယ်။
ကျွန်တော် မေးချင် တာတခုက အခုလက် ရှိ မြန်မာ ကစားသမားတွေ ဘာကြောင့် ပရီးမီးယားလိဂ် ၊ လာဂီဂါ ၊ စီးရီးအေတို့လို နေရာတွေမှာ ဘာလို့ သွားမကစား ရတာလဲ ဆိုတာကိုပါ။ မြန်မာ ကစားသမား တချို့မှာ ထိပ်တန်း ခြေစွမ်းတွေ ရှိနေပါတယ် ။ " ဟု ရာအူးလ်က ပြောခဲ့သည် ကို ပြန်ကြားရသည်။
Credit : MFF, Photo - Herrera Shine Koko

Monday, 22 September 2014

အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၂ ခု ဆွတ်ခူး

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ပိုက်ကျော်ခြင်း အသင်းဟာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီရွှေတံဆိပ်တွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်တွဲ  ပိုက်ကျော်ခြင်း ပြိုင်ပွဲကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ၂ ယောက်တွဲပြိုင် ပွဲ မှာတော့ မြန်မာ အသင်းဟာ အိမ်ရှင် တောင်ကိုးရီးယား အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်သလို  အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲမှာတော့ လာအိုအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရွှေတံဆိပ် ၂ ခုရရှိထားတဲ့ မြန်မာအသင်းဟာ ဇယား နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။

By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/65638

Tuesday, 1 July 2014

ကမ္ဘာ့ဖလား အချိန်ပိုကစားပြီး အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ ကွာတားဖိုင်နယ်တက်

မနေ့ကညနှောင်းပိုင်းနဲ့ ဒီကနေ့မနက် အစောပိုင်းက ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်ကစားကြတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ဟာ ဆွစ်ဇာလန်နဲ့ အမေရိကန်အသင်းတွေကို အနိုင်ရပြီးတော့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ယှဉ်ပြိုင်ဖို့ တက်သွားကြပါပြီ။

ပထမပွဲစဉ်မှာ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပုံမှန် မိနစ် ၉၀ ကစားပြီးချိန်အထိ ဂိုးမရှိ သရေဖြစ်နေတဲ့အတွက် အချိန်ပို ကစားခဲ့ကြရပါတယ်။ အချိန်ပိုကုန်ဆုံးခါနီး ၁၁၈ မိနစ်အရောက်မှာ အာဂျင်တီးနားက Lionel Messi ချပေးတဲ့ ဘောလုံးကို Angel Di Maria သွင်းယူနိုင်ခဲ့ပြီးတော့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ပွဲစဉ်တလျှောက်လုံး ရှုံးပွဲမရှိသေးတဲ့ အာဂျင်တီးနားအသင်း ဆွစ်ဇာလန်အသင်းကို ခက်ခက်ခဲခဲ ကြိုးစားပြီးတော့ ကစားခဲ့ရတာကို တွေ့ခဲ့ရပါတယ်။ ဒုတိယပွဲဖြစ်တဲ့ အမေရိကန်နဲ့ ဘယ်လ်ဂျီယံတို့ပွဲဟာဆိုရင်လည်း အကြိတ်အနယ် ပွဲကောင်းတခု ဖြစ်ခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်သွားတဲ့အထိ နှစ်ဘက်စလုံး ဂိုးမရရှိတဲ့အတွက် အချိန်ပို ကစားခဲ့ရပါတယ်။ ပွဲပြီးခါနီး ၁ မိနစ်အလိုမှာ အမေရိကန်အသင်းအတွက် အပိုင် ဂိုး ရခဲ့ပေမဲ့ ဘောလုံးဟာ ဂိုး ဘားတန်းကို ကျော်သွားခဲ့ပါတယ်။ အချိန်ပို ပထမပိုင်း ၁၅ မိနစ်မှာ ဘယ်လ်ဂျီယံအသင်းကို အမေရိကန်အသင်းကို ၂ ဂိုး ဆင့်ကဲ သွင်းယူနိုင်ခဲ့ပြီးတော့ ဒုတိယ ၁၅ မိနစ်မှာ အမေရိကန်ဘက်က ခြေပဂိုး ၁ ဂိုးပြန်သွင်းနိုင်တဲ့အတွက် ဘယ်လ်ဂျီယံက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Friday, 9 May 2014

"မန်ချက်စတာ ယူနိုက်တက်အသင်း၏ တန်ကြေး ကျဆင်းသွား"

"မန်ချက်စတာ ယူနိုက်တက်အသင်း၏ တန်ကြေး ကျဆင်းသွား"

ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်မားဆုံး ထိပ်တန်း ဘောလုံးကလပ် (၃)သင်း၌ ယူနိုက်တက် အနေဖြင့် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည့်တိုင် ယမန်နှစ် နှိုင်းယှဉ်မှုအရ (၁၁)ရာခိုင်နှုန်းမျှ ကျဆင်းသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ယူနိုက်တက်မှ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကျောခိုင်းထွက်ခွာသွားပြီး ဒေးဗစ်မိုယက်စ် ကိုင်တွယ်ခဲ့စဉ် တစ်လျှောက်လုံး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ရပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားခြင်းများက ယူနိုက်တက်၏ တန်ဖိုးသတ်မှတ်ချက်အပေါ် ကြီးကြီးမားမား အထိနာစေခဲ့သည်။

Credit To :Planet Myanmar Network 

Saturday, 3 May 2014

တိုနီပူးလစ်နှင့် ၀ှခ်ဟမ်းတို့ ဘာကလေ အကောင်းဆုံးဆုများ ဆွတ်ခူး

တိုနီပူးလစ်နှင့် ၀ှခ်ဟမ်းတို့ ဘာကလေ အကောင်းဆုံးဆုများ ဆွတ်ခူး

ဧပြီလအတွက် ဘာကလေ အကောင်းဆုံးဆုများကို ခရစ္စတယ်ပဲလေ့စ် အသင်းနည်းပြ တိုနီပူးလစ်နှင့် ဆန်းဒါးလန်း တိုက်စစ်မှူး ၀ှခ်ဟမ်းတို့ ဆွတ်ခူးခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်မှာ ဧပြီလအတွင်း ကစားခဲ့သည့် လိဂ်ပွဲစဉ်(၅)ပွဲတွင် (၄)ပွဲ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ စတုတ်စီးတီး နည်းပြဟောင်း တိုနီပူးလစ်အတွက် ဘာကလေ အကောင်းဆုံးဆု ချီးမြှင့်ခံရခြင်းမှာ ဘ၀တစ်လျှောက် ပထမဆုံး အကြိမ်ဖြစ်လာခဲ့သည်။
ဆန်းဒါးလန်း တိုက်စစ်မှူး ၀ှခ်ဟမ်းမှာ ဧပြီ (၇)ရက်နေ့က ကစားခဲ့သည့် စပါး ၅-၁ ဆန်းဒါးလန်း ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့သောလည်း နောက်ပွဲစဉ်(၄)ပွဲတွင် (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ၀ှခ်ဟမ်းမှာ မန်စီးတီးနှင့် (၂)ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် (၂)ဂိုး၊ ချဲလ်ဆီးကို အဝေးကွင်းနိုင်ပွဲ ရခဲ့ရာတွင် (၁)ဂိုးနှင့် ကာဒစ်ဖ်နှင့်ပွဲစဉ်တွင် (၂)ဂိုး သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
@z (ရိုးရာလေး)

အေဗရာမိုဗစ်၏မြန်မာအသင်း နိုင်ပွဲရရှိ

အေဗရာမိုဗစ်၏မြန်မာအသင်း နိုင်ပွဲရရှိ

AFC Challenge Cup ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် နေ သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်Singapore Lions XII အသင်း တို့သည် ယနေ့ညနေ ၅ နာရီက သုဝဏ္ဏကွင်းတွင်ခြေစမ်းကစားသည်။

မြန်မာ့လက်ရွေးစင်အသင်း - နှစ်ဂိုး

(ကျော်ကိုကိုနှင့်နေလင်းထွန်း)

Singapore Lions XII - တစ်ဂိုး

(ဂါဘရီရယ်)

စင်ကာပူလက်ရွေးစင်အသင်းကို ကာလရှည်ကိုင်တွယ်ပြီး အောင်မြင်မှု များစွာရယူပေးခဲ့သည့် အေဗရာမိုဗစ် ပထမဆုံးကိုင်တွယ်ခဲ့သည့်ပွဲတွင် မြန်မာအသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဝါရင့်ကစားသမားများ၊လက်ရှိလက်ရွေးစင်များ၊ မျက်နှာသစ်ကစား သမားများဖြင့် ပွဲထွက်လာသည့်မြန်မာအသင်းမှ Singapore Lions XII အသင်းကို ပွဲစကတည်းက ဖိကစားနိုင်ခဲ့သည်။ မြန်မာအသင်းမှာခြေစွမ်းပိုင်းအရ လိုအပ်ချက်များရှိနေသော်လည်း ပထမဆုံးခြေစမ်းပွဲတွင် အေဗရာမိုဗစ် ပွဲဦးထွက်မျက်နှာပန်းလှအောင် ကစားနိုင်ခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို ၃၄ မိနစ်တွင် ကျော်ကိုကို၊ ၈၆မိနစ် တွင် နေလင်းထွန်းတို့က သွင်းယူခဲ့ပြီး Singapore Lions XII အသင်း အတွက် ချေပဂိုးကို၃၆ မိနစ်တွင် ဂါဘရီရယ်ကသွင်းယူပေးခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ- ရှိုင်းထက်အောင်

Friday, 2 May 2014

လီဗာပူးလ်တွင်သာ ဆက်ရှိနေမည်ဟု လူးဝစ်ဆွာရက်ဇ် ဆို

လီဗာပူးလ်တွင်သာ ဆက်ရှိနေမည်ဟု လူးဝစ်ဆွာရက်ဇ် ဆို
Friday, May 02, 2014

မိမိ၏ အနာဂတ်နှင့် ပတ်သက်၍ အပြောင်းအလဲ မရှိကြောင်းနှင့် လက်ရှိတွင် အသင်းနှင့်အတူ ဆုဖလားများ ရရှိရန် ရည်ရွယ်ထားကြောင်း လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

ယခုနှစ် ဘောလုံး ရာသီတွင် လိဂ်ဂိုး ၃၀ သွင်းယူပြီး PFA ကစားသမားဆု ရရှိထားသည့် ဆွာရက်ဇ်သည် ဒီဇင်ဘာလက အန်ဖီးလ်တွင် စာချုပ်သစ် ချုပ်ဆိုခဲ့သော်လည်း ရီးယဲမက်ဒရစ် ကဲ့သို့သော အသင်းကြီးများကို ၎င်းကို ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ဥရုဂွေး ရုပ်သံဌာန Canal 10 နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ရပ်တွင် ဆွာရက်ဇ်က မိမိအနေဖြင့် အသင်းတွင် ပျော်ရွှင်နေကြောင်း၊ မိသားစုသည်လည်း အင်္ဂလန်တွင် နေထိုင် ရသည်ကို နှစ်သက်ကြောင်း ဖြေကြားခဲ့သည်။

“ကျွန်တော်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ တကယ်လို့ ကျွန်တော် ပရီးမီးယားလိဂ် ဆုဖလား ရရှိခဲ့ရင် ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါပြီ” ဟု ဆွာရက်ဇ်က ဆိုခဲ့သည်။

ဆွာရက်ဇ်၏ အိပ်မက်တွင် စနေနေ့တွင် ဂွတ်ဒီဆင်ပတ်ခ်၌ မန်ချက်စတာစီးတီးနှင့် အဲဗာတန်တို့၏ ပွဲစဉ်အပေါ် မူတည်လျက်ရှိသည်။

အကယ်၍ အဆိုပါ ပွဲစဉ်တွင် မန်ချက်စတာစီးတီး ရှုံးနိမ့်ခဲ့ပါက ပြီးခဲ့သည့် တနင်္ဂနွေက ချယ်ဆီးကို ၂-၀ နှင့် ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ်အတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာမည် ဖြစ်သည်။

“ကျွန်တော် စိတ်ပျက်နေဆဲပါ။ နောက်ပြီး တကယ့်ကို အားမလို အားမရ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နေရာလွတ်တွေကို မရှာနိုင်ခဲ့သလို အမှားတွေကိုလည်း ကျူးလွန်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲလိမ့်မယ်လို့ သိထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမှားအတွက် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ မန်စီးတီးရဲ့ ရမှတ်အချို့ ဆုံးရှုံးဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကက ကျွန်တော်တို့ရဲ့ လက်ကျန် နှစ်ပွဲကို အနိုင်ရရှိဖို့ လိုပါတယ်” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

Thursday, 1 May 2014

တန်ပြန်တိုက်စစ်ကစားဖို့ပဲ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာပါ-----ဟာဇတ်

တန်ပြန်တိုက်စစ်ကစားဖို့ပဲ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာပါ-----ဟာဇတ်

ချဲလ်ဆီး တောင်ပံကစားသမား ဟာဇတ်က အက်သလက်တီကိုကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် နည်းပြ မော်ရင်ဟို အသုံးပြုခဲ့သည့် နည်းဗျူ ဟာကို ဝေဖန်သွားခဲ့သည်။ ချဲလ်ဆီးသည် ပွဲချိန် (၃၈)မိနစ်တွင် တောရက်စ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်း မပြီးဆုံးမီ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးထပ်ပေးခဲ့ရသည်။
ဟာဇတ်က “ဂိုးရပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ဘာလိုအပ်ချက်တွေ ရှိခဲ့လဲဆိုတာ မသိပါဘူး။ အက်သလက်တီကိုက နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဘောလုံး ကစားဖို့ထက် တန်ပြန်တိုက်စစ်ကစားဖို့ပဲ ပြင်ဆင်ခဲ့တာပါ။ ပထမပိုင်း မပြီးခင် ချေပဂိုး ပြန်ပေးခဲ့ရတာက ကျွန်တော်တို့ကို အထိနာစေခဲ့ပါတယ်”ဟု ပြောခဲ့သည်။
အက်သလက်တီကိုကို ရှုံးခဲ့ရခြင်းကြောင့် ချဲလ်ဆီးမှာ ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ် (၅)ကြိမ် ရှုံးနိမ့်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလားမရပါက မော်ရင်ဟိုအနေဖြင့် ၎င်း၏နည်းပြဘ၀တွင် ပထမဆုံးအကြိမ် နှစ်ရာသီဆက် ဖလားလက်မဲ့အခြေအနေ ကြုံတွေ့ရမည်ဖြစ်သည်။
@z (ရိုးရာလေး)

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform