စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 October 2014

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?( အပျင်းပြေဥာဏ်စမ်းမေးခွန်း)

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?( အပျင်းပြေဥာဏ်စမ်းမေးခွန်း)

ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။ ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။

သင်္ချာအလှတရား

9 နဲ့ မြှောက်ပြီးဒါလေးပေါင်း
=================
1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 + 10 = 1111111111

ပက်ပက်စက်စက်လှတယ်နော်.....ကျနော်လို အလှလေးတွေရှာကြည့်ရအောင်ဗျာ.

Thursday, 3 July 2014

စကားပြောနည်း ၁၀-မျိုး

စကားပြောနည်း ၁၀-မျိုး
===============
You'realways Onmymind
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း-
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောနည်း "မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသော စကားကို သာဓကထုတ်အပ်၏။

၂။ ကောက်ပင်ရိပ်လှီး ပြောနည်း-
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောနည်း"မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

၃။ ရေစီးဖောင်ဆန် ပြောနည်း-
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ, ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် "ရေစီးဖောင်ဆန် ပြောနည်း"မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က "အဆွေတော်"ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောနည်း မည်၏။
သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်း၊ ရှားနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်း မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓက ထုတ်အပ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာစကားငယ်ပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် "တောင်သူယာခုတ်"ပြောနည်း မည်၏။
အမတ်ကြီး လေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွှေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် "ကြက်ဆုတ်ခွပ်ပစ်"ပြောနည်း မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောနည်း"မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် "ခက်တင်မောင်းနင်း" ပြောနည်း မည်၏။
ဤသူ ငါ့တူ မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာ ဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။
စကားကြီး ၁၀-မျိုးအကြောင်းကို ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါ။ အောက်ပါအောင်ပွဲရ ကဗျာကို ကျက်မှတ်ထားရာ၏။

အောင်ပွဲရ ကဗျာ
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

မင်္ဂလာသတင်းစဉ်မှကူးယူဖေါ်ပြပါသည်။
 — with Shwe Arlu and 2 others.

Photo: စကားပြောနည်း ၁၀-မျိုး

စကားပြောနည်း ၁၅ နည်း

စကားပြောနည်း ၁၅ နည်း
=================
၁ ။ အလောတကြီးကိစ္စ ဖြေးဖြေးပြောပါ ။
၂ ။ အရေးတကြီးကိစ္စ ရှင်းရှင်းလင်းလင်းပြောပါ ။
၃ ။ အရေးမကြီးသည့်ကိစ္စ ဟာသနှော၍ပြောပါ ။
၎ ။ မပိုင်နိုင်သောကိစ္စ ဆင်ဆင်ခြင်ခြင်ပြောပါ ။
၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ ကာလံဒေသံကိုက်၍ပြောပါ ။
၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ ပြောသင့်သူမှပြောပါ ။
၇ ။ ၀မ်းနည်းဖွယ်ကိစ္စ လူတွေ့ တိုင်းမပြောပါနဲ့  ။
၈ ။ သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ ။
၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ လက်လွတ်စပယ်မပြောပါနဲ့ ။
၁၀ ။ မလုပ်နိုင်သောကိစ္စ ကြွားဝါမပြောပါနဲ့  ။
၁၁ ။ သူတစ်ပါးထိခိုက်မည့်ကိစ္စ လုံးဝမပြောရ ။
၁၂ ။ လင်မယားကိစ္စ တိုင်ပင်ဆွေးနွေးပြောပါ ။
၁၃ ။ ကလေးများကိစ္စ လမ်းကြောင်းညွှန်၍ပြောပါ ။
၁၄ ။ မိမိ၏ကိစ္စ သူများမည်သို့ပြောသည်ကိုနားထောင်ပါ ။
၁၅ ။ သက်ကြီးဝါကြီးသူနှင့်ပြောလျှင် များများနားထောင် နည်းနည်းပြောပါ။
 — withShwe Arlu and 2 others.

Photo: စကားပြောနည်း ၁၅ နည်း

Wednesday, 2 July 2014

ဘွဲ့နှင်းသဘင်ဦးထုပ်ဖြစ်ပေါ်လာပုံ

ဘွဲ့နှင်းသဘင်ဦးထုပ်ဖြစ်ပေါ်လာပုံ
=======================
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။
ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။
အောင်ခမ်း(ရိုးရာလေး)

Tuesday, 1 July 2014

ဗဟုသုတ (၁၀)ချက်လည်း မမေ့သင့်ဘူးနော်...ကျနော်နဲ့ အတူစာဖတ်ပါ။

ဗဟုသုတ (၁၀)ချက်လည်း မမေ့သင့်ဘူးနော်...ကျနော်နဲ့ အတူစာဖတ်ပါ။
============================
၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ ( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင် ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။ မှန်တယ်မဟုတ်လား ။

၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။

၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။ အဲဒါတွေကတော့ tremendous , horrendous , stupendous , hazardous တို့ပဲဖြစ်ပါတယ် ။ သင်သံသယမ
ရှိလောက်ပါဘူးနော် ။

၆ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ a e i o u ဆိုတဲ့ vowel ၅ လုံးစလုံးပါတဲ့ စကားလုံးက၂ခုပဲရှိပါတယ်။ အဲဒါတွေက တော့ abstemious နဲ့ facetious တို့ပဲဖြစ်ပါတယ် ။အံ့သြသွားပါသလား လောကကြီးမှာ ထူးဆန်းတာတွေအများကြီး ရှိပါသေးတယ် ။

၇ ။ ကီးဘုတ်က အတန်းတစ်တန်းတည်းကို အသုံးပြုပြီးရိုက်နိုင်တဲ့ အရှည်ဆုံး စကားလုံးက တစ်ခုပဲရှိပါတယ် ။ အဲဒါကတော့ TYPEWRITER ပဲဖြစ်ပါတယ် ။ သင်မယုံပါက စမ်းသပ် ကြည့်နိုင်ပါတယ် ။

၈ ။ ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်စီမှာ ကြွက်သားပေါင်း ၃၂ ခုစီနဲ့ဖွဲ့စည်းထားပါတယ် ။

၉ ။ ရွေငါးတစ်ကကောင်ဟာ မှတ်ဥာဏ်ကြာမြင့်ချိန် ၃ စက္ကန့်ပဲရှိပါတယ် ။ ပြီးတာနဲ့သူဟာ မေ့သွားပါလေ ရော ။

၁၀ ။ jiffy ဆိုတာက တစ်စက္ကန့်ရဲ့ 1/100th အတွက် အမှန်တကယ် အချိန်ရဲ့ ယူနစ်ဖြစ်ပါတယ် ။

zErO bAlAnCe !
Good Knowledge For You !
ရွှေအိမ်စည်စာကြည့်တိုက်
http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream

Photo: ဗဟုသုတ (၁၀)ချက်လည်း မမေ့သင့်ဘူးနော်...ကျနော်နဲ့ အတူစာဖတ်ပါ။

သိထားသင့်တဲ့ ဗဟုသုတ ..(ဒါကဘာသာပြန်ပါ)

သိထားသင့်တဲ့ ဗဟုသုတ ..(ဒါကဘာသာပြန်ပါ)
---------------------------
၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစား နိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကိုကိုယ်စားပြုပါတယ်တဲ့
Spades:King DavidClubs:Alexander The GreatHearts:CharlemagneDiamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊
(၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကိုအိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...ဟီးဟီး..တစ်မျိုးပဲနော်အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King"(fuck)(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကိုဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"လို့ဖြေကြပါတယ်ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "Wedon"t understand you " ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့"OK "ဆိုတာ ဖြစ်လာတာပါ..

ဒီပိုစ့်က ကျနော်သူငယ်ချင်းမှော်ဆရာဆိုဒ်ကဘာသာပြန်ထားတာပါ။

Photo: သိထားသင့်တဲ့ ဗဟုသုတ ..(ဒါကဘာသာပြန်ပါ)

မှတ်သားဖွယ်ရာ ဗဟုသုတ (၁၀)ချက်

မှတ်သားဖွယ်ရာ ဗဟုသုတ (၁၀)ချက်
=========================
1. သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀)တိုင်အောင် ရှင်သန်နေနိုင်ကြပါသတဲ့။
2. လူတစ်ဦးရဲ့ နှလုံးခုန်နှုန်းဟာ တစ်နေ့ကို အကြိမ်ရေ(၁) သိန်းနဲ့ အထက်ရှိပါသတဲ့။
3. ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူးတဲ့။
4. နို့တိုက်သတ္တ၀ါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါပဲ။
5. နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တ၀ါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။
6. အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်တဲ့။
7. ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀)ကျော်ပြုလုပ်နိုင်စွမ်းရှိပေမယ့် ခွေးတွေကတော့ အသံကွဲ(၁၀)ခန့်သာ ပြုလုပ်နိုင်ပါတယ်တဲ့။
8. သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။
9. မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
10. အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့အရေပြားအလေးချိန်စုစုပေါင်းဟာ (၆)ပေါင်ခန့်ရှိပါတယ်။

ဝန်ခံချက်။ ။2012ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Image မဂ္ဂဇင်းမှ သဉ္ဖာခိုင်ရဲ့  Knowledge Corner ကို ပြန်လည်စာရိုက်မျှဝေပါသည်။
ရွှေအိမ်စည်

Photo: မှတ်သားဖွယ်ရာ ဗဟုသုတ (၁၀)ချက်

မရှိမဖြစ်ဆောင်ထားသိထားရမည့် ဗဟုသုတများ

မရှိမဖြစ်ဆောင်ထားသိထားရမည့် ဗဟုသုတများ
==============================
ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ ပြောပြဦးမယ်နော်။တကယ်လဲအသုံးဝင်တဲ့နည်းလေးတွေပါ။
ကျနော်လည်းခေါင်တော်တော်မူးသွားတယ်..

(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်

(၂) ခြင်ကိုက်လို့ယားနေပါလား၊ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။။

(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ်ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

(၅) ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

(၆) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

(၇) ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

(၈) ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ။

(၉) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

(၁၀) ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

(၁၁) ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ။

(၁၂) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

(၁၃) ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

(၁၄) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

(၁၅) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်။

(၁၆) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

(၁၇) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။

အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။

Credit by - http://natureenergycare.blogspot.com/2012/10/blog-post_8700.html#more

http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream

Photo: မရှိမဖြစ်ဆောင်ထားသိထားရမည့် ဗဟုသုတများ

Sunday, 29 June 2014

လေယာဉ်ပျံပေါ်ဘာကြောင့်ပြဒါးကိုသယ်ခွင့်မပေးတာလဲ...??

လေယာဉ်ပျံပေါ်ဘာကြောင့်ပြဒါးကိုသယ်ခွင့်မပေးတာလဲ...??
ဆွေးနွေးချက်။ ။
ပြဒါးဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းအမျိုးအစား စာရင်းထဲမှာ ပါနေပါတယ်။ အန္တရာယ်ရှိတဲ့ ပစ္စည်းစာရင်း
ဆိုတာကလည်း ကုလသမဂ္ဂအောက်က အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအစည်းအရုံးက ပြုစု
ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ပါတဲ့ ပစ္စည်းတွေကို နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာ
သယ်ဆောင်ခွင့်မပြုကြောင်းကိုလည်း ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။ ပြဒါးကို မသယ်ရဆိုတဲ့
နေရာမှာလည်း ပြဒါးကို ဘယ်လောက်လုံခြုံအောင် ထည့်သွင်းထားတဲ့ ပစ္စည်းကိုမဆို သယ်ခွင့် မပြုတာ
ဖြစ်ပါတယ်။ နောက်ပြီး လူနဲ့မကွာ သယ်ဆောင်ထားတဲ့ အိတ်တွေထဲမှာသာမက ဘက်ဂိတ်(ခ်ျ)
အနေနဲ့လည်း ခွင့်မပြုပါဘူး။ တကယ်လို့ မဖြစ်မနေ သယ်ရပြီ ဆိုလာရင်လည်း အဲဒီ အပြည်ပြည်
ဆိုင်ရာ မြို့ပြလေကြောင်း အစည်းအရုံး (ICI) ကို လျှောက်ထားပြီး သူတို့ သတ်မှတ်ထားတဲ့ လုံခြုံရေး
စည်းကမ်းတွေအတိုင်း လိုက်နာပြီးမှသာ ခွင့်ပြုပါလိမ့်မယ်။
ဘာဖြစ်လို့လည်းဆိုတော့ အင်မတန် သေးငယ်တဲ့ ပြဒါးပမာဏဖြစ်ပါစေ အလွန်ထုထည်ကြီးမားတဲ့
အလျူမီနီယံပစ္စည်းကို ဖျက်ဆီးနိုင်စွမ်းရှိလို့ဖြစ်ပါတယ်။ လေနဲ့ထိလေ ပိုပြီး လောင်ကျွမ်းနိုင်တဲ့ သတ္တိ
ရှိလာလေပါပဲ။ ဒါ့အပြင် ပြဒါးဟာ အပေါ်ယံ ဖုံးအုပ်ထားလေ့ရှိတဲ့ ဘယ်လို အောက်ဆိုဒ်အလွှာမျိုးကိုမဆို
ဖျက်ဆီးပစ်နိုင်ပါတယ်။ လေယာဉ်ပျံဆိုတာကလည်း အလျူမီနီယံပစ္စည်းတွေနဲ့ပဲ အများဆုံး တည်ဆောက်
ထားတာ ဖြစ်တယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် ပြဒါးလေး တစ်စက် အလျူမီနီယံပေါ်ကျ
လိုက်ရင် သေချာပေါက် ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မျာ ပြဒါးသာမိုမီတာမျိုးကိုပင် မတင်ရ၊
မသယ်ရဆိုတဲ့ တားမြစ်ချက်ကို ပေါ့ပေါ့တန်တန် သဘောထား၍ မမှတ်ယူသင့်ပါ။ ၁၉၈ ခုနှစ်က ထုတ်ပြန်
ထားခဲ့တဲ့ မြို့ပြလေကြောင်း အက်ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ လေကြောင်းလိုင်း
အားလုံးကိုလည်း အဲဒီ ဥပဒေကို လိုက်နာကြရန် တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
ပြဒါးက အလျူမီနီယံကို စားလောင်နိုင်တယ် ဆိုတဲ့နေရာမှာ ပြဒါးဆိုတာ ပေါ့ပေါ့ပါးပါး ရွေ့လျားနိုင်တာ
ဖြစ်လို့ တစ်နေရာတည်း ရပ်နေမှာ မဟုတ်ပေ။ ရောက်ရာအရပ်မှာ စားလောင်ပစ်မှာ သေချာပါတယ်။
အဲဒီတော့ အခုခေတ်မှာ အလလျူမီနီယံနဲ့ ပရိဘောဂတွေလုပ်ပြီး အသုံးပြုတတ်တာမို့ ပြဒါးပါတဲ့
ဘယ်လိုဖန်ထည်မျိုးမဆို နီးနီးကပ်ကပ် မထားသင့်ပါ။ ဖန်ထည်ကွဲတာနဲ့ အလျူမီနီယံတွေကို
ဖျက်ဆီးပစ်မှာ အသေအချာပါပဲ။

ညဘက်ကောင်းကင်ကြီးဘာကြောင့်ပြာရတာပါလဲစဉ်းစားရအောင်ဗျာ....

ညဘက်ကောင်းကင်ကြီးဘာကြောင့်ပြာရတာပါလဲစဉ်းစားရအောင်ဗျာ....
ဆွေးနွေးချက်အဖြေ။ ။ ညအခါ မိုးကောင်းကင်ကြီးကို မော့ကြည့်ဖူးပါသလား။ မှောင်မဲနေတဲ့ ကောင်းကင်ကြီးပါပဲ။ ဒါပေမယ့်
တလက်လက်တောက်ပနေတဲ့ ကြယ်များနဲ့ လမင်းရဲ့အလင်းရောင်က မှောင်နေတဲ့ ကောင်းကင်ပြင်ကြီးကို
ဆန့်ကျင်လို့ အလင်းတွေ ပေး နေတတ်ပါတယ်။ နေ့ဘက်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး လင်းလက်
နေပြီပေါ့။ နေမင်းရဲ့ ရောင်ခြည်စွမ်းပကားနဲ့ အမှောင်ဆိုတာ ဘာလဲလို့ မေးရလောက်အောင်လင်းနေပါပြီ။
တစ်ခုတော့ ရှိပါတယ်။ ကောင်းကင်ကြီးက ပြာနေပါတယ်။ ကြယ်တွေကိုတော့မတွေ့ရတော့ပါ။
ကောင်းကင်ကြီး ဘာ့ကြောင့် အပြာရောင် သန်းနေရတာပါလဲ။ နေမင်းရဲ့ အလင်းရောင်က ဘယ်လို
အလင်းရောင်မျိုးနဲ့မှ မနှိုင်းယှဉ်နိုင်လောက် အောင် တောက်ပလွန်းပါတယ်။ လေထုအတွင်းက
နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေဟာ ဖြတ်သန်းလာတဲ့ နေရောင်ခြည်မှာ လှုပ်ရှားမှုတစ်ခုခု
ဖြစ်ကြတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဒါကို Rayleigh scattering လို့ ခေါ်ကြ ပါတယ်။
၎င်းသည် လှိုင်းအလျား အမျိုးမျိုးရှိကြသည့် အီလက်ထရိုမဂ္ဂနက်တစ် ရောင်ခြည်များကို ဖြန့်ကြဲခြင်းလို့
ဆိုနိုင်ပါ တယ်။ ၎င်းတို့ကနေ အနီရောင်၊ အပြာရောင် စသည့် အရောင်များကို ကိုယ်စားပြုထားကြတဲ့
အလွန်သေးငယ်တဲ့ အမှုန်အစက်ကလေးများအဖြစ် ရှိနေကြခြင်း ဖြစ်တယ်။
နေရောင်ခြည်က အရောင်စုံရှိတဲ့ အလင်းရောင်ကို ဖြစ်စေတယ်ဆိုပေမယ့် လေထုအတွင်း
နေ့ခင်းဘက်များမှာ အပြာရောင်သာလျှင် အခြားအရောင်များထက် ဖြန့်ကြက်ထားမှုရှိပါတယ်။ အနီ၊
အ၀ါ၊ အစိမ်း စသည့်အလင်းရောင်များသည် မရှိသလောက် နည်းပါးပါတယ်။ တစ်နည်းအားဖြင့်
အပြာရောင် အက်တမ်များက လေထုအတွင်း ပြည့်နေပါတယ်။ ဒါ့ကြောင့် သာ နေ့ခင်းဘက်မှာ
ကောင်းကင်ကြီးတစ်ခုလုံးသည် အလင်းရောင်လည်း ရှိနေသလို အပြာရောင် နောက်ခံကိုလည်း မြင်နေ
ရခြင်း ဖြစ်ပါတယ်။

ဒိုင်နိုဆောတွေဟာ သွေးနွေး သတ္တ၀ါတွေလား

ဒိုင်နိုဆောတွေဟာ သွေးနွေး သတ္တ၀ါတွေလား
ဆွေးနွေးချက်အဖြေ။ ။
အကယ်၍ ကကတစ် ငါးတစ်ကောင်သည် အလွန်အေးစက်နေသော ရေထဲ၌ ကူးခတ်နေပါက
၎င်း၏ ကိုယ်လုံးသည် အေးစက်လာမည် ဖြစ်သည်။ ပူနွေးနေသောရေထဲ၌ ကူးခတ်နေမည်ဆိုပါကလည်း
ပူနွေးလာမည် ဖြစ်သည်။ သို့ရာတွင် ဖျံတစ်ကောင်အဖို့မူ ရေအေးထဲ၌ ရှိနေသည်ဖြစ်စေ၊ ရေနွေးထဲ၌
ရှိနေသည်ဖြစ်စေ ၎င်း၏ ခန္ဓာကိုယ်အပူချိန်သည် သိသိသာသာ ပြောင်းလည်းသွားလိမ့်မည် မဟုတ်
ပါချေ။

သက်ရှိတိရစ္ဆာန်များ၏ ဇီဝတွင်း ဖြစ်စဉ်သည် တစ်ကောင်နှင့်တစ်ကောင် သိသိသာသာ ကွဲပြား
ခြားနားမှုများရှိနေကြသည်။ ဤနေရာတွင် အလွန်ထင်ရှားသော မေးခွန်းကြီးတစ်ခုမှာ ဒိုင်နိုဆော
များသည် ကကတစ်နှင့်ဖျံတို့အကြား မည်သည့်နေရာ၌ ရှိနေသနည်း ဆိုသော မေးခွန်းပင်ဖြစ်သည်။
တွားသွားသတ္တ၀ါများသည် သွေးအေးသတ္တ၀ါများ ဖြစ်ကြသည်။ သို့တည်းမဟုတ်ပို၍တိကျအောင်
ပြောရမည်ဆိုပါက ၎င်းတို့၏ နိမ့်ကျသော ဇီဝတွင်းဖြစ်စဉ် နှုန်းက မိမိတို့၏ ခန္ဓာကိုယ်ကို နွေးထွေး
လာအောင် လုံလောက်သည့် အပူဓာတ်ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိချေ။ ဒိုင်နိုဆောများကို ကျောက်ဖြစ်
ရုပ်ကြွင်းပညာရှင်များ စတင်တွေ့ရှိစဉ်က ၎င်းတို့သည် အလွန်အကျွံ ထွားကျိုင်းနေသည့် တွားသွား
သတ္တ၀ါများ ဖြစ်ရမည်။ ထို့ကြောင့် ၎င်းတို့သည်လည်း သွေးအေးသတ္တ၀ါများ ဖြစ်ရမည်ဟု ယူဆခဲ့
ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ငှက်သတ္တ၀ါများကို လေ့လာခဲ့ကြပြန်၏။ ငှက်များသည်
ဒိုင်နိုဆောများမှ ပြောင်းလည်းဖြစ်ပေါ်လာသော သတ္တ၀ါများဖြစ်ပြီး၊ ၎င်းတို့သည် သွေးနွေးသတ္တ၀ါများ
ဖြစ်ကြသောကြောင့် ယခင်ကဒိုင်နိုဆောများသည် သွေးအေးသတ္တ၀ါများဖြစ်ကြသည် ဆိုသော အယူ
အဆအပေါ် သံသယ၀င်လာစ ပြုလာကြ၏။ သွေးအေးသတ္တ၀ါများ ဖြစ်ကြသည်ဆိုသော အဆိုကို
အသေဆုပ်ကိုင်ထားလိုသူများက အနည်းဆုံးဒိုင်နိုဆော အကောင်ကြီးများအနေဖြင့် ၎င်းတို့၏
ကြီးမားသော ကိုယ်လုံးကြီးများဖြင့် နေရောင်ခြည်မှ အပူဓာတ်များစွာကို စုပ်ယူရရှိထားနိုင်မည်
ဖြစ်သောကြောင့် သွေးနွေးသတ္တ၀ါအဖြစ်နှင့် အထူးတလည် အကျိုးကျေးဇူး ရရှိစရာမရှိပါ ဟု ငြင်းခုံ
ကြ၏။ ထိုအခိုက်အတန့်မှာပင် အခြားကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များက ဒိုင်နိုဆောများ သွေးနွေး
သတ္တ၀ါဖြစ်သည်ဆိုသော အထောက်အထားများကို ကျောက်ဖြစ်ရုပ်ကြွင်းများမှရှာဖွေနေကြသော်လည်း
မတွေ့ကြရသေးချေ။ လောလောဆယ်တွင် ဒိုင်နိုဆောများ၏ ကြီးထွားမှုကို လေ့လာရာမှ အလား
အလာကောင်းသော သဲလွန်စများကို ရရှိနေကြပြီဖြစ်သည်။ ဘာကလေရှိ ကာလီဖိုးနီးယားတက္ကသိုလ်မှ
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Kevin Padian က “ဒီသတ္တ၀ါတွေဟာ ဒီကနေ့ သွေးနွေးသတ္တ၀ါတွေ
ကြီးထွားတဲ့ပုံစံအတိုင်း ကြီးထွားနေခဲ့ကြတာ ဖြစ်တယ်။ ဒီတော့ ဇီဝကမ္မဗေဒ ပညာရှင်တွေက
မဟုတ်ဘူးလို့ မပြောသေးသရွေ့ ဒိုင်နိုဆောတွေဟာ သွေးနွေးသတ္တ၀ါတွေရဲ့ ဖြစ်စဉ်အတိုင်း
ဖြစ်ပေါ်လာကြတယ်ဆိုတာက ပိုပြီး ယုတ္တိတန်ပါလိမ့်မယ်” ဟု မှတ်ချက်ပေးခဲ့လေသည်။
တင်ပြသူ Than Zaw

လက်ဆစ်တွေချိုးတဲ့ အခါဘာကြောင့်အသံမြည်တတ်တာလည်း.....ဆွေးနွေးကြစို့ ....ဗျာ

လက်ဆစ်တွေချိုးတဲ့ အခါဘာကြောင့်အသံမြည်တတ်တာလည်း.....ဆွေးနွေးကြစို့ ....ဗျာ
ဆွေးနွေးချက်အဖြေ။ ။ ခြေဆစ်လက်ဆစ်တွေ ချိုးတဲ့အခါ ဘာ့ကြောင့် အသံမြည်ရတာလဲ
ဘယ်လို အရိုးအဆစ်တွေကိုဖြစ်ဖြစ် ဖိနှိပ် ဆွဲဆန့်လိုက်တာနဲ့ အသံတွေ ထွက်လာတတ်ပါတယ်။
လူ့အရိုးရဲ့အခေါင်းထဲမှာအကျိအရည်တွေ ရှိနေတယ်။ အဲဒီ အရည်တွေရဲ့ ဖိအား အပြောင်းအလဲ
ရှိတဲ့အခါတိုင်း အငွေ့၊ ဒါမှမဟုတ် ဂက်စ် ပူဖေါင်းလေးတွေရဲ့အခြေနေတွေ ပြောင်းလဲသွားပြီး
အသံထွက်လာတာပါ။ အဆစ်တွေပေါ်မှာရှိတဲ့ မျက်နှာပြင် အခြေအနေကိုလိုက်ပြီး အသံတစ်ခု
နှင့်တစ်ခုမတူပါ။ အဆစ်တွေမှာ ရှိနေတဲ့ လေဟာနယ် ပမာဏနဲ့ စေးကပ်မှု သဘာဝကလည်း
မတူညီကြပါ။
ဒီလို အသံမျိုးတွေကို အနှိပ်အနင်းခံတဲ့ အခါမှာလည်း ကြားနိုင်ပါတယ်။ အဲဒီလို အသံထွက်လာ
တာဟာ ထိရောက်မှုရှိတယ်လို့ ပြောနိုင်မည် မဟုတ်ပါ။ အနှိပ်အနင်းခံလို့ ထိရောက်မှုရှိတယ်
ဆိုတာဟာ အနှိပ်အနင်းခံပြီး အရိုးအဆစ်တွေ သက်တောင့်သက်သာနဲ့ လှုပ်ရှားနိုင်တယ်၊
မလှုပ်ရှားနိုင်ပါ ဆိုတာနဲ့ အဖြေပေးရပါလိမ့်မယ်။
အဆစ်ပေါ်က အမြှေးတွေ အပါအ၀င် ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးအပျော့စားအားလုံးမှ
နိုက်ထရိုဂျင်တွေ အောင်းနေပါတယ်။အရိုးအဆစ်တွေကြား လေဟာနယ်ဖြစ်နေတဲ့ အနေအထား
ကနေ ခြေလက် ချိုးလိုက်တဲ့အခါ အနေအထား ပြောင်းသွားပြီးနိုက်ထရိုဂျင်တွေ ထွက်လာတဲ့အခါ
အသံတွေ ထွက်လာတာပါပဲ။ ဓါတ်မှန် ရိုက်ကူးထားချက် စစ်ဆေးတဲ့အခါတိုင်း ပခုံးရိုး အရိုးနုတွေ
ကြားကဂက်စ် သဘာဝ အချို့ကို မြင်တွေ့နိုင်ပါတယ်။ လက်မောင်းအား တစ်ခုခုကို အသုံးချမိ
လိုက်တာနဲ့ ဓါတ်မှန်ရိုက်တဲ့အခါ ပါသွားတာမျိုးပါ။အဲဒီ ဂက်စ်တွေဟာ နိုက်ထရိုဂျင်တွေပါပဲ။
တင်ပါးဆုံရိုးတွေမှာလည်း ဒီသဘာမျိုး ရှိပါတယ်။ ဂက်စ ပူဖေါင်း ဒါမှမဟုတ် နိုက်ထရိုဂျင်
ရုတ်တရက် ထွက်လာတာနဲ့အသံထွက်လာမှာပါပဲ။

မော်တော်ကား မောင်းနေစဉ် ကွေ့စရာရှိလို့ ကွေ့ပြီးရင် စတီယာရင်ကို အသာလေး လွှတ်ပေး လိုက်တာနဲ့ ပြန်လည်သွားပြီး ကားဟာလည်း နဂိုအဖြောင့်အတိုင်း မောင်းနေတဲ့ နေရာဆီကို ပြန်ရောက် သွားတာ ကြုံဖူးကြမှာပါ။ကားကို ကွေ့ပြီးရင် အလိုလို ဘာ့ကြောင့် ပြန်တည့်သွားတာလဲ

မော်တော်ကား မောင်းနေစဉ် ကွေ့စရာရှိလို့ ကွေ့ပြီးရင် စတီယာရင်ကို အသာလေး
လွှတ်ပေး လိုက်တာနဲ့ ပြန်လည်သွားပြီး ကားဟာလည်း နဂိုအဖြောင့်အတိုင်း မောင်းနေတဲ့
နေရာဆီကို ပြန်ရောက် သွားတာ ကြုံဖူးကြမှာပါ။ကားကို ကွေ့ပြီးရင် အလိုလို ဘာ့ကြောင့် ပြန်တည့်သွားတာလဲ ...????
ဆွေးနွေးချက်အဖြေ။ ။ မော်တော်ကား မောင်းနေစဉ် ကွေ့စရာရှိလို့ ကွေ့ပြီးရင် စတီယာရင်ကို အသာလေး
လွှတ်ပေး လိုက်တာနဲ့ ပြန်လည်သွားပြီး ကားဟာလည်း နဂိုအဖြောင့်အတိုင်း မောင်းနေတဲ့
နေရာဆီကို ပြန်ရောက် သွားတာ ကြုံဖူးကြမှာပါ။ အဲဒါ ရှေ့ဘီးတွေရဲ့caster action ကြောင့်
ဖြစ်ရတာပါ။
မော်တော်ကား ရှေ့ဘီးတွေမှာ မော်တော်ယဉ်နည်းပညာအရ caster angle ဆိုတာနဲ့
Camben angle ဆိုတာ နှစ်မျိုး ထည့်ထား လေ့ရှိပါတယ်။ camber angle ဆိုတာကတော့
ရှေ့ဘီးနှစ်ခုအား နောက်ဘီးတွေနဲ့ အပြိုင် တည့်တည့်မထားဘဲ ရှေ့အတွင်းဘက်ကို အနည်း
ငယ်စီ စောင်းပေးထားတဲ့ ထောင့်ဒီဂရီကို ခေါ်တာပါ။
caster angle ဆိုတာကတော့ ရှေ့ဘီး ၀န်ရိုးအစောင်းကို ခေါ်တာပါ။ အဲဒီ အစောင်းရဲ့
ဆုံမှတ်ဟာ ဘီးနဲ့ ကြမ်းခင်း ထိနေတဲ့ နေရာရဲ့ ရှေ့ကို ကျနေစေပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ မော်တော်ကားဆိုတာ ရပ်ထားမှာမဟုတ်ပါ အရှိန်တစ်ခုခုနဲ့ မောင်းနေမှာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ မောင်းနေတဲ့အခါ အဲဒီရှေ့ဘီးတွေဟာ အလိုလို နောက်ဘီးနဲ့ အပြိုင် တည့်သွား
ပါလိမ့်မယ်။ ဒါ့ကြောင့်မို့ ဆွဲကွေ့ပြီးတာနဲ့ နဂိုက ချိန်ထားတဲ့ အလိုင်းမင့်ကြောင့် ဖြစ်လာတဲ့
တွန်းအားက နဂိုဆီကို ပြန်ပို့ ပေးနိုင်တာပါပဲ။
ဥပမာအနေနဲ့ ရှင်းရှင်းတွေ့မြင်နိုင်တာကတော့ ပစ္စည်းအရောင်းဆိုင်တွေမှာ သုံးတဲ့
ပစ္စည်းတင်လှည်းတွေပါ။ ဘီးကို ဆုံလည် သွားနိုင်ဖို့ ထောင်လိုက် တပ်ထားတဲ့ ၀န်ရိုးရှိပါတယ်။
အဲဒီဝန်ရိုးတွေရဲ့ ဗဟိုလိုင်းကို တည့်တည့်ဆွဲချကြည့်ရင် ကြမ်းခင်းနဲ့ဘီး ထိနေတဲ့ နေရာရှေ့ကို
ရောက်နေပါလိမ့်မယ်။ ဒါ့ကြောင့် စ တွန်းတွန်းချင်း ဘီးတွေက တွန်းတဲ့လားရာဘက်ကို မလိုက်ဘဲ
ကန့်လန့်ဖြစ်နေပြီး တရွတ်တိုက် လိုက်နေတတ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် လှည်းကို
ရှေ့ကို တွန်းတဲ့အခါ ဘီးကို ကြမ်းခင်းက တရွတ်တိုက်ဆွဲအား drag force ကျရောက်သွားစေတာ
ပါပဲ။ ဒါ့ကြောင့် လှည်းကို နောက်တစ်ချက် ပြန်ဆုတ်ပြီး ဆုံလည်နေရာမှန်ကို ပြုလုပ်ပြီးမှ ရှေ့ကို
တည့်တည့် ဆက်တွန်းလို့ ရနိုင်ပါတယ်။ ကားမှာလည်း စတီယာရင် ၀န်ရိုးက ရှေ့ကို ခိုင်းထားတာ
တွေ့ရမှာပါ။ ၄င်းကလည်းပဲ မူလ အလိုင်းမင့်အတိုင်း ကွေ့လှည့်လိုက်တဲ့ အားနဲ့အညီ ပြန်တွန်း
ပေးပါလိမ့်မယ်။ caster action နဲ့ပတ်သက်လို့ နောက်ဥပမာတစ်ခုကတော့ စက်ဘီးကို မြင်တွေ့
နိုင်ပါတယ်။ စက်ဘီးလက်ကိုင်ရဲ့ ဗဟိုတိုင် ဖေါက်တန်းတွေဟာ ရှေ့ကို အနည်းငယ် ကိုင်းနေတာ
တွေ့ပါလိမ့်မယ်။ ဒါ့ကြောင့်မို့ လက်လွှတ်ပြီးစီးတာမျိုး ဖြစ်နိုင်သလို ခြေနင်းကို နောက်နင်းလိုက်၊
ရှေ့နင်းလိုက်နဲ့ တည့်တည့်မတ်မတ် နေအောင် လုပ်နိုင်တာပါပဲ။
လေးစားစွာဖြင့်
ကိုသန်းဇော်

ကညာဗဟုသုတ

ကညာဗဟုသုတ
============
၁။ ရှစ်နှစ်အရွယ် အမျိုးသမီးကို ဂေါရီ လို့ ခေါ်ပါတယ်။
၂။ ဆယ် နှစ်အရွယ် အမျိုးသမီးကို ကညာလို့ ခေါ်ပါတယ်။
၃။ ဆယ့်နှစ်နှစ် အရွယ် ကိုတော့ ကုမ္ဓာရီ။
၎။ ဆယ့်သုံးနှစ် အရွယ် ကို သွေးစုန်းတဲ့။
၅။ ဆယ့်ငါးနှစ် အရွယ်ကို မျက်မည်း။
၆။ နှစ်ဆယ် နှစ်အရွယ်ကို မျက်ဝန်း။
၇။ နှစ်ဆယ့် ငါးနှစ်အရွယ်ကို မျက် ညွှန်း။
၈။ လေးဆယ်အရွယ်ကို မြောင်းတူးလို့ ခေါ်ပါတယ်။
(ဒီအချက်လေးတွေကတော့ ရှေးခေတ်က မိန်းမပျိုများကို ခေါ်သော အခေါ်အဝေါ်များဖြစ်ပါတယ် ရှင့်)
...............
မနုစတ္တရ ဓမ္မသတ်ကျမ်းမှာတော့ ဆယ်နှစ်အရွယ်ကို ကလျာဏီ လို့ ခေါ်တယ်။ ခုနစ်နှစ် အရွယ်မိန်းကလေးကို ဒါရိကာလို့ ခေါ်ပါတယ်။
............... မိန်းကလေးတွေမှာ သီလသုံးပါး ရှိပါတယ်။ အဲဒါတွေကတော့ ကြိုးတန်း ၊ ကြိမ်တန်းအောက် မ၀င်ရတာ ၊ထဘီ အထက်အောက် လှန်မ၀တ်ရတာ။ ပြီးတော့ ခြေမဆေးဘဲ အိပ်ရာမ၀င်ရတာပါပဲ။ မိန်းကလေးဘ၀မှာ တာဝန်တွေများလှပါတယ်။ ယောင်္ကျားမှာ ခြေဆေး အိပ်ရာဝင်ရမယ်လို့  ကျမ်းဂန်မှာ ရှာမတွေ့ ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေ မှာ ခြေဆေး အိပ်ရာဝင်မှ သီရိကျက်သရေရှိမှာ ဖြစ်တယ်လို့ အဆိုရှိပါတယ်။
ဗဟုသုတရစေရန်
ရွှေအိမ်စည်စာကြည့်တိုက်

လေယာဉ်တွေ ပက်လက် ပျံတဲ့အခါ ဘာ့ကြောင့် အောက်ပြုတ်မကျရတာလဲ...??

လေယာဉ်တွေ ပက်လက် ပျံတဲ့အခါ ဘာ့ကြောင့် အောက်ပြုတ်မကျရတာလဲ...??
ဆွေးနွေးချက်အဖြေ။ ။သာမာန်လေယဉ်ပျံတွေမှာ အပေါ်ကို တဖြည်းဖြည်း မော့တက်သွားပြီး ရေပြင်ညီ လားရာမျိုးနဲ့
မောင်းနိုင်အောင် လေယဉ်အတောင်ပံတွေကို ပုံစံပြုထားတာပါ။ တကယ်တော့ လေထဲမှာ ပျံဝဲနိုင်ဖို့
အဓိက အကြောင်းအချက်ကတော့ အတောင်ပံကို လေက တိုက်ခတ်စေတဲ့ angle ပါပဲ။
သာမာန်အားဖြင့် လေယဉ်တစ်စင်း၏ အတောင်ပံတွေဟာ ရေပြင်ညီထက် ၄ ဒီဂရီလောက်
စောင်းပေးထားတတ်ပါတယ်။ တစ်နည်းပြောရရင် လေယဉ် ကိုယ်ထည်ကြီးရဲ့ ဗဟိုမျဉ်းထက် ၎
ဒီဂရီစောင်းပြီး တပ်ပေးထားတဲ့ သဘောပါ။ ဒါကို အတောင်ပံတစ်ခုရဲ့ chord angle လို့ခေါ်ပါတယ်။
ဒါ့ကြောင့်မို့ လေယဉ်ကိုယ်ထည် တည့်တည့် ရေပြင်ညီပုံစံအတိုင်းရှိနေတဲ့အခါ လေယဉ်
အတောင်ပံကို ၄ ဒီဂရီစောင်းကာ ၀င်ရောက် တိုက်ခတ်နေပါတယ်။ လူတစ်ယောက် လေထဲမှာ
ဒိုင်ဗင်နဲ့ ပျံဝဲလိုတဲ့အခါ လက်ကို ၄၅ ဒီဂရီလောက် တန်းပြီး မြှောက်ထားတာကို တွေ့မြင်ရမိကြမှာပါ။
သူ့လက်ကတော့ လေယဉ်အတောင်ပံ ပုံစံမျိုးတော့ မရှိပါ။ ဒါပေမယ့် အတောင်ပံမှာ ရှိနေတဲ့ ၄ ဒီဂရီ
အစောင်းမျိုးကို လက်ဖ၀ါးနဲ့ လုပ်ယူနိုင်ပါတယ်။
အဲဒီ အကြောင်းအရာကို အခြေခံပြီး အထက်အောက် လှန်ပြီး ပြန်သန်းလို့ ရနိုင်တာဖြစ်တယ်။
လေယဉ်ခေါင်း နှုတ်သီးကလည်း လေယဉ်ကိုယ် အထက်ကို အနည်းငယ် လှန်ပေးထားတာကိုလည်း
တွေ့နိုင်မှာပါ။ အဲဒါက အတောင်ပံရဲ့ chord angle ကို မေးလွှဲသဏ္ဍာန် ပြုလုပ်ထားပေးဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လေထဲတွင်မူ angle ကို လေစီးကြောင်းအတိုင်း ရှိသွားတဲ့အခါ အပေါ်ကို ပျံတက်တဲ့အား
ပြန်ရသွားပါလိမ့်မယ်။ အဲဒီလို လှန်လိုက်၊ မှောက်လိုက် လုပ်တဲ့အခါမှာ အကြီးဆုံး ပြဿနာတစ်ခု
ကတော့ အင်ဂျင်စက် သေမသွားဖို့ပါပဲ။ အင်ဂျင်စက် သေသွားတာနဲ့ ပြုကျသွားမှာပါ။
လေယဉ်အင်ဂျင်မှာ တပ်ထားတဲ့ ဆီလိုင်းစနစ်၊ ချောဆီ စနစ်တွေဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို
မလွန်ဆန်နိုင်ကြပါဘူး။ ဒါ့ကြောင့် ပက်လက် ဖြစ်သွားချိန်မှာ ဆီလိုင်း၊ ချောဆီလိုင်းစနစ်တွေ ရပ်တန့်
သွားစေနိုင်ပါတယ်။
ဒါ့ကြောင့် အဲလို ပျံသန်းတဲ့ ဂျက်လေယဉ်တွေမှာ လောင်စာဆီ၊ ချောဆီစနစ်တွေကို အထူး
စီမံထားရပါတယ်။

တွေးရအောင်ဗျာမြင်းကျားတွေမှာဘာကြောင့်အစင်းကျားတွေပါတာလဲ..???

တွေးရအောင်ဗျာမြင်းကျားတွေမှာဘာကြောင့်အစင်းကျားတွေပါတာလဲ..???
ဆွေးနွေးချက်အဖြေ။ ။ သတ္တလောကကြီးတွင် တရိစ္ဆာန်များသည် ကြီးနိုင်၊ ငယ်ညှင်းကြသည် ဆိုသော်လည်းအားနည်း
ချက်ရှိသော တိရစ္ဆာန်များကို သဘာဝက အတတ်နိုင်ဆုံး ကာကွယ်မှုများ ပေးထားကြပါတယ်။

မြင်းကျားများရဲ့ ခန္ဓာကိုယ်ပေါ်မှ အဖြူနှင့် အနက်အစင်းများသည်အခြား အသားစား တိရစ္ဆာန်များရဲ့
အန္တရယ်မှ ကင်းလွတ်နိုင်ရန် သဘာဝက ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ အချို့ကကတ်ကတ်
သတ်သတ်မေးဖူးကြပါတယ်။ ဒီလို သဘာဝ အကာအကွယ်ဟုဆိုလျှင် သူတို့၏ ပတ်ဝန်းကျင်သည်
အဖြူနှင့် အနက်အရောင်များ မဟုတ်ပါဘဲလျက်အဘယ့်ကြောင့် ၄င်း အရောင်များကို ဖြစ်စေရပါသလဲ
ဟူ၍ ဖြစ်ပါတယ်။
မြင်းကျားများရဲ့ အဓိက နေထိုင်ကြသည့် တောများသည် အလွန်ရှည်သော မြက်ရိုင်းတောများ
အတွင်းဖြစ်ပါတယ်။ အဲဒီလို မြက်ရိုင်းရှည်များနဲ့ မြင်းကျားများရဲ့ ကိုယ်က အစင်းများသည်
လိုက်ဖက်ပါတယ်။ သို့သော်လည်း မြက်ရိုင်းပင်များရဲ့ အရောင်သည် အစိမ်း၊ အ၀ါ၊ အညိုရောင်များသာ
ဖြစ်ပါတယ်။ နောက် မြင်းကျားများရဲ့ အဓိက အသားစား ရန်သူသည် ခြင်္သေ့များ ဖြစ်ပါတယ်။
ခြင်္သေ့များသည် အရောင်မှန်ကို မမြင်နိုင်ပါ။ အရောင်ကန်းတဲ့ colour blind ဆိုပါတော့။ ဒါ့ကြောင့်
မြင်းကျားများမှ အစင်းအရောင်သည် အဓိက မဟုတ်ပါ။ အစင်းများရဲ့ ပုံသဏ္ဍာန်သာ ဖြစ်ပါတယ်။
သို့အတွက်ကြောင့် မြင်းကျားတစ်ကောင် သို့မဟုတ် မြင်းကျားများသည် အဆိုပါ ပတ်ဝန်းကျင်မျိုးတွင်
ရပ်နေကြလျှင် ခြင်္သေ့များ အလွယ်တကူ မမြင်နိုင်ကြပါဟု ဆိုပါသည်။
နောက်တစ်ချက်ကလည်း မြင်းကျားများသည် အုပ်စုဖြင့် နေကြတဲ့ တိရစ္ဆာန်များ ဖြစ်ကြပါတယ်။
သူတို့ လှည့်လည်သွားလာကြရာမှာလည်း အုပ်စုနဲ့ ဖြစ်ပါတယ်။ နောက်ပြီး တစ်ကောင်နဲ့တစ်ကောင်
ပူးပူးကပ်ကပ် နေတတ်ကြပါတယ်။ အဆိုပါ မြင်ကွင်းမျိုးကို မျက်စိထဲ မြင်ကြည့်ပါ အဆင်တူ၊ အရောင်တူ
အစင်းကျား အုပ်စုကြီးတစ်စု တရွေ့ရွေ့နဲ့ သွားနေတာကို အရောင်ကန်းတဲ့ ခြင်္သေ့များအတွက် သက်ရှိ
သတ္တ၀ါများလို့တောင် ထင်မယ် မဟုတ်ပါ။ တကယ်လို့ မြင်းကျားတွေလို့ သိခဲ့ရင်တောင် အုပ်စုက
စည်းစည်းလုံးလုံးဖြစ်နေလို့ ခြင်္သေ့များအတွက် အခွင့်အရေး အလွန် နည်းနေပါလိမ့်မယ်။
ကဲ ဒီလောက်ဆိုရင် မြင်းကျားတွေရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းကျားများသည် မည်မျှ အရေးပါသည်ကို
သိလောက်ပြီလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရလျှင် မြင်းကျားနဲ့ အစင်းကျား ခွဲခြားမရပါလို့ပဲ
ပြောရမှာပါပဲ။ သို့သော် ခြားနားချက် အနည်းအပါးတော့ ရှိနေပါတယ်။ နောက် အံသြဖွယ်တစ်ခုက
မြင်းကျားများသည် အုပ်စုဖွဲ့နေကြရာတွင် အခြားအုပ်စုမှ မြင်းကျားတစ်ကောင် ၀င်ရောက်လာပါက
အစင်းများကို ကြည့်ခြင်းအားဖြင့် ခွဲခြားနိုင်ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အစင်းကျားများသည် မြင်းကျား
တစ်ကောင်ချင်း၏ အမှတ်အသား ဖြစ်သည်ဟုလည်း ဆိုပါတယ်။

လေးစားစွာဖြင့်
ကိုသန်းဇော်

Wednesday, 4 June 2014

ရောင်စုံကလစ်ကလေးတွေ ရေပေါ်မှာ ပေါ်အောင်

 ရောင်စုံကလစ်ကလေးတွေ ရေပေါ်မှာ ပေါ်အောင်

    သင့်ကို ရောင်စုံ ကလစ်ကလေး အချို့နဲ့ ရေအပြည့် ထည့်ထားတဲ့ ရေတစ်ဖန်ခွက်ပေးထားမယ်။

လုပ်ရမှာက အဲဒီ ရောင်စုံကလစ်လေးတွေကို ရေခွက်ရဲ့ အောက်ခြေသို့ကျမသွားပဲ ရေမျက်နှာပြင်ပေါ်မှာပဲ

 ပေါလောပေါ်နေအောင် တင်ထားရပါမယ်။ လုပ်နိုင်ပါ့မလား။

            စဉ်းစားလို့ရရင် အောက်က အပြည့်အစုံဖတ်ရန် ဆိုတာကို နှိပ်ပြီး လုပ်ပုံလုပ်နည်းလေးကို

ကြည့်လိုက်ပါနော်။

    ပထမဆုံး ကလစ်ကလေး တစ်ခုကို ဒီလို ကွေးလိုက်ပါမယ်။

    ပြီးရင် အဲဒီ ကွေးထားတဲ့ ကလစ်လေးပေါ်မှာ နောက်ထပ် ကလစ်ကလေး တစ်ခုကို တင်လိုက်ပါမယ်။

    အဲဒီ အတိုင်းလေး ရေမျက်နှာပြင်ပေါ်မှာ ညင်သာစွာ တင်ပေးပြီး ကွေးထားတဲ့ ကလေးကို

အသာအယာဖယ်လိုက်ပါ။

    ကလစ်ကလေးဟာ ရေပေါ်မှာ ဒီလို ပေါလော ပေါ်နေပါလိမ့်မယ်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform