စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 7 May 2016

ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။

· ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိပါတယ်
လူကို စိတ်က ဦးဆောင်ပါတယ်။
ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင် ရွက်နိုင်အောင် ဆောင်ကြဉ်း ပေးပါတယ်။
အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင်ဘူး။ ကျရှုံးနေတယ်။ လမ်းပျောက်နေတယ်။ စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ ထက်သန်တဲ့ စိတ်ရဲ့ လှုံ့ဆော်မှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။
အလုပ်ကိစ္စ တစ်ခုခုကိုပဲ လုပ်ရ လုပ်ရ၊ တစ်ခုခုကိုပဲ လိုချင်လိုချင် ဖြစ်ချင် ဖြစ်ချင်၊ သူတို့ဟာ ဖြစ်ချင်တယ် ရချင်တယ် ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားပါတယ်။ အဲ့ဒီထက် ရှေ့ဆက် မတိုး ပါဘူး။ ယင်းကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးပါသေးတယ်။
ဒါကြောင့်မို့ ယင်းရဲ့ ဆန့်ကျင်ဘက် အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။
ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာ တစ်ခုကို ရောက်အောင်သွားနိုင်တယ်။
ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည် မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။
ယုံကြည်ချက်မပျောက်ဖို့ တော့ လိုပါတယ်
ရွှေအိမ်စည်
More Interesting Articles ;
https://web.facebook.com/shweaeimsiyouth/?fref=nf

Saturday, 27 June 2015

ဒီစာကိုဖတ်မိရင်မိမိကိုယ်မိမိမေးကြည့်ပါလား...?

ဒီစာကိုဖတ်မိရင်မိမိကိုယ်မိမိမေးကြည့်ပါလား...?
▬▬▬▬▬▬▬▬▬▬▬▬
အခု ဒီစာကို ဖတ်နေချိန်မှာ စဉ်းစားကြည့်ရမှာက
ငါ့မှာ ၀င်ငွေရှိနေပြီလား၊
ဝင်ငွေမရှိသေးဘူးဆိုရင်တော့ တစ်ခုခုတော့မှားနေပြီ။
ဝင်ငွေရှိနေပြီဆိုရင် တစ်ဆယ်ရာခိုင်နှုန်းလောက်
် စုဆောင်းနိုင်ပြီလား၊ မစုဆောင်းနိုင်သေးဘူးဆိုရင်
်မမှန်သေးဘူး။
စုဆောင်းမိနေပြီဆိုရင် တိုးပွားအောင်လုပ်နေပြီပြီလား။ တိုးပွားအောင်မလုပ်နိုင်သေးဘူးဆိုရင်လည်း မမှန်သေးဘူး။ ချမ်းသာသူဖြစ်စေ၊
ဆင်းရဲသူဖြစ်စေ၊ အမြဲရှိနေရမှာက ၀င်ငွေဖြစ်တယ်။
ဝင်ငွေဆိုတာက မိမိကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအားကို အသုံးပြုပြီး
အလုပ်တစ်ခုလုပ်ရာကရလာတဲ့ ၀င်ငွေကို ခေါ်ပါတယ်။
လူ့ဘ၀ရဲ့ သွားရမဲ့ ခရီးက ၀င်ငွေရှာရမယ်။
စုဆောင်းရမယ်။
တိုးပွားအောင်လုပ်ရမယ်။
ဒီလမ်းက သွေဖယ်သူတွေအားလုံးဟာ အခက်အခဲတွေ၊
ဒုက္ခတွေနဲ့ရင်ဆိုင်ရမယ်။
ရေမြောင်းဆိုတာ ရေစီးနိုင်အောင်လုပ်ရတယ်။
ငွေကြေးတွေဟာ လည်း လည်ပတ်စီးဆင်းနိုင်အောင်လုပ်မှရတယ်။
အလုပ်ရှာဖွေကြရမယ်။
တစ်ရက်ထက်တစ်ရက် ပိုကောင်းလာတဲ့ဘ၀တွေက အတိတ်ဘ၀က
ကံဆိုတာနဲ့ဘာမှမဆိုင်ဘူး။
ဒီနေ့ဘယ်လိုစလုပ်ကြမလဲဆိုတာနဲ့ပဲဆိုင်တယ် ။
ကဲသူငယ်ချင်းကော
်ဒီနေ့ကစမေးကြည့်ရအောင်
Shw Eaim Si

ဥာဏ်ရည်မြင့်သော အမျီုးသမီးများ၏ အခက်အခဲ

ဥာဏ်ရည်မြင့်သော အမျီုးသမီးများ၏ အခက်အခဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬
ဥာဏ်ရည်မြင့်သော အမျီုးသမီးများမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခု ရှိပါတယ်။ ယင်းကတော့ ဘဝ လက်တွဲဖော် ရှာဖွေရန်ခက်ခဲ ခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ စိတ်ကြိုက် လက်တွဲဖော်ကို ရွေးချယ် ဆုံးဖြတ်ရန် ခက်ခဲခြင်း ဖြစ်ပါတယ်။
သူတို့ အနေနဲ့ ချစ်သူ ရည်းစား ရှာဖွေမှုမှာလည်း သာမန် အမျိုးသမီးများထက် ခက်ခဲပါသေးတယ်။ များသော အားဖြင့် ထက်တဲ့ အမျိုးသမီးများဟာ သိပ်မထက်နဲ့ အမျိုးသားများနဲ့ ရတတ် ကြောင်းလည်း စစ်တမ်းအရ ဖော်ပြ ထားကြ ပါတယ်။
ဒါကြောင့်မို့ ထက်တဲ့ အမျိုးသမီး အများစုဟာ အိမ်ထောင် မကျပဲ အပျိုကြီး ဘဝဖြင့် အရိုးထုတ်သွားရ ကြောင်းလည်း ဖော်ပြထားပါတယ်။
.
Ref: medic-fact
ရွှေအိမ်စည်
— with Shwe Arlu and 2 others.

စိတ်အထင်နဲ့ လက်တွေ့ကကွာတဲ့ သင့်စိတ်အကြောင်း

စိတ်အထင်နဲ့ လက်တွေ့ကကွာတဲ့
သင့်စိတ်အကြောင်း
၁) လူတော သိပ်မတိုးတဲ့သူတွေဟာ တစ်ခါတစ်လေမှာ လူမှုရေးခေါင်းပါးတဲ့သူတွေ မဟုတ်ကြတာ ကို တွေ့ ရတတ်ပါတယ်။ သူတို့ဟာ ဟန်ဆောင်လောကကြီးနဲ့ အယောင်ဆောင်လူတွေကို သည်းမခံနိုင်ကြ လို့ ဖြစ်ပါတယ်။
၂) သုတေသနပြုလုပ်ချက်တွေအရ ဘယ်သန်တွေဟာ တီထွင်နိုင်စွမ်းပိုမြင့်မားပြီး ပိုတော်တဲ့ အနုပညာ ရှင် ကောင်းတွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
၃) ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေအပေါ် ၂၀ % လောက် ပိုမိုကောင်းမွန်စေပါတယ်။
၎) သင်တကယ်ချစ်တဲ့သူအပေါ် အမြဲဒေါသထွက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ၃ ရက်ထက်ပိုပြီး ဒေါသ ထွက်နေမယ်ဆိုရင် သူ့ကိုသင်မချစ်တော့လို့ပါပဲ။
၅) တစ်စုံတစ်ခုကိုရဖို့ သင်အချိန်ကြာကြာစောင့်ဆိုင်းရလေလေ အဲ့ဒီအရာကို ရရှိတဲ့အခါ သင်ပိုပြီး ကျေနပ်နှစ်သိမ့်မှုရှိလေလေပါပဲ။
၆) အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ် ဒေါသထွက်တတ်တာမျိုးကို Misophonia လို့ခေါ်ပါတယ်။ သင့်ဘေးမှာ တစ်ယောက်ယောက်က အသက်ခပ်ပြင်းပြင်းရှူနေတာတို့ အစားအစာကို အသံမြည်အောင် စားနေတာတို့အပေါ် ဒေါသထွက်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
၇) ကျနော်မိတ်ဆွေသူငယ်ချင်းတွေကို ဘယ်တော့မှ မဆုံးရှုံးခဲ့ကြပါဘူး။ ဘယ်သူတွေက မိတ်ဆွေ သူငယ်ချင်းအစစ်တွေလဲဆိုတာကိုသာ ကျနော်ခွဲခြား လေ့လာသိရှိခဲ့ရတာဖြစ်ပါတယ်။

ကိုယ်ထင်တာတွေးပြီးကျနော်တို့စိတ်ကိုအလိုမလိုက်သင့်ပါဘူး တခါတရံအထင်နဲ့အမြင်က ကွဲပြားတတ်တယ်လေ နော်
ရွှေအိမ်စည်
— with Shwe Arlu and 2 others.

တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြစို့

တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြစို့
==============
လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့  လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးမီးလိုကူးစေမိကြ ပါတယ်။
ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အားက အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊
ဒုက္ခတွေ ရှိနေရှိနေ၊
ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ မကူးမိပါစေနဲ့ ။မိမိပြသာနာမိမိဖြေရှင်းပါ ။
မိမိစိတ်ဒေါ်သခံစားမှူကိုလည်း တပါးသူကိုမထိပါးအောင်နေထိုင်ရင်း ကိုယ့်ရဲ့စိတ်ရင်း အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုကို တည်မြဲအောင် ကြိုးစားနေထိုင်ခြင်းက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
စိတ်ကိုအဖြူထည်ထားပြီး တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြပါစို့လား
ရွှေအိမ်စည်
— with Shwe Arlu and 2 others.

ချစ်သူရှိတယ်ဆိုရင်ဘယ်အဆင့်မှာလဲ?


ချစ်သူရှိတယ်ဆိုရင်ဘယ်အဆင့်မှာလဲ?
=============
ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ၇ဆင့်ရှိသတဲ့
ဖတ်မိတာတော်တော်သဘောကျလို့သူငယ်ချင်းလည်းဖတ်ရအောင်ဝေမျှတယ်တိုက်ကြည့်ရအောင်နော်
်အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်
---------------------------
ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်
-------------------------
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်
----------------------------
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်
---------------------------
ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့်
---------------------------
ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း
ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့်
------------------------
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊
သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် ----------------------
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။
ပြဿနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး
ယောက်က်ျားလေးတိုင်း အားကျစေဖို့ .,
— with Shweaeimsi Samsung Aeimsi, Shwe Aeim Si and Shwe Arlu.

သို့  သားချစ်သောဖေဖေ ....


 
သို့ 
သားချစ်သောဖေဖေ .....
သား... ဒီစာကို ဖေဖေ အတွက်ရေးနေတဲ့အချိန်မှာ
ဖေဖေဟာ…ဆိုးဝါးတဲ့ ကင်ဆာ ဝေဒနာကိုခံစားရင်း အားငယ်စွာနဲ့ရှိနေမယ်ဆိုတာ သား သိပါတယ် ဖေဖေ......၊

ဝမ်းနည်းခြင်း ၊ အားငယ်ခြင်း နဲ့အတူ အားကိုးစရာ၊အားထားစရာ သား တစ်ယောက်ကလည်း အဝေးကြီးမှာမို့ လို့  ရင်ထဲကနင့် နေအောင် ဖေဖေ ခံစားနေရမှာပေါ့ ။
ဒါဟာ လူသားတိုင်းမှာ ရှိကြတဲ့ သဘာဝခံစားချက်မျိုး ပဲ မဟုတ်လား။

ဒါပေမယ့် ဘာသာရေးနဲ့  တွေးကြည့် ပြန်တော့ ဒီလို ဝေဒနာတွေဟာ လူတိုင်းလူတိုင်း
မလွဲမသွေ ကြုံ့  တွေ့ရမှာဆိုတာ ကိုလည်း ....ဖေဖေ့ ကို ပြောပြချင်ပါတယ်။

တစ်ကယ်တော့...သားတို့ တွေဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ် သွားနေကျတဲ့ ခရီးသွားတွေပါ။
မရပ်မနား သွားနေရတဲ့ ခရီးသွားတွေပါ။
ဘယ်ဘူတာမှာဆင်းသွားမယ်ဆိုတာကိုလည်း
မပြောတတ် ကြဘူး။

ရုတ်တရက်ဆင်း သွားကာမှ လက်ပြပြီး နှုတ်ဆက်သွားကြတတ်သူတွေလည်းရှိတယ်။
အင်္ဂလိပ်လိုဆိုရင် ” see you” လို့ ပဲပြောနိုင်ကြတယ်ဖေဖေ...။
ဘယ်တော့ ပြန်ဆုံကြမယ်ဆိုတာ မသိ ကြဘူးလေ။

ကိုယ့်ဆန္ဒ နဲ့ ကိုယ် ဆိုတဲ့ အတိုင်း ...သားလည်းအရင် ဆင်းရင်ဆင်း သွားမယ်။
လူဘ၀ကို ခု ချက်ချင်းလာပြီး အလောတကြီးနဲ
့ဆင်း သွား ကြ တဲ့ သူ တွေ လဲ အများကြီးပေါ့။
ဖေဖေ လည်း အသိဘဲ လေ ...သားကို ထားပြိး...သားထက်အရင်
အတူတူဆင်းသွားကြတဲ့ သူတွေ ...သား က ဖေဖေ နဲ့ နေ ခဲ့ ရတာတွေ ကို...

ဘယ်သူ့  ကို မှ ကြိုပြီပြောပြခွင့် မရလိုက် ကြဘူးလေ။
သား ဖြစ်ဖြစ် ဖေဖေ ဖြစ်ဖြစ် လက်မပြခင်မှာ တစ်ခြားဘူတာခရီးကို
ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်အောင် ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်စေချင်တယ် ။

အဲဒါကတော့ ဗုဒ္ဓ ဟောထားတဲ့ ဓမ္မတရားကို နားလည်ခြင်းကျင့်ကြံ
ခြင်းဟာ တစ်ခုတည်းထဲသော ပြင်ဆင်မှုပဲ ဖေဖေ..။

လူရယ်လို့  မှ မဟုတ်ဘူး အရာရာတိုင်းဟာ
အဆင့်တစ်ခု ကနေ အဆင့်တစ်ခုကို ပြောင်းလည်း ကြတဲ့ သဘော..သဘာဝ ...ရှိတယ်။

မတည်မြဲ ဘူးဆိုတဲ့ သဘော ပေါ. " ရေ" ကိုဘဲ ကြည့်လေ ...အပူပေါ်မူတည်ပြီး အစိုင်အခဲ၊ အရည်၊
အငွေ့ ဆိုပြီး ၊ အဆင့် တစ်ခု ကနေ အဆင့်တစ်ခု ပြောင်းနေ တာပါ။

နှာခေါင်းကနေ 'လေ' တစ်ခါ ရှု ပြီး နောက်တစ် ခါ
ရှုနေ တဲ့ ကြား လေး မှာ ဘဲ 'သွေးအဟောင်း တစ်ခု ပြီးသွားပြီး ၊သွေးသစ် တစ်ခုဖြစ် လာ တယ်။
ခန္စာ တခု ပျက်ပြီး ရင် နောက် ..ခန္စာ တခု ဖြစ် လာ တယ်၊

ဒါကို ဖေဖေ (သို့ ) သား တို့ က ပြုပြင်လို့ ဖန်တီးလို့  မရဘူး ၊
ဒါ့ကြောင့် သားတို့  ခန္ဓာ ကို သားတို့ မပိုင်ဘူးလို့  ပြောကြတာပေါ့......။။

လူတွေကြတော့ " နာမ်တရား "ဆိုတာ အပို ရှိ လာတယ်။အဆင့်တစ်ခုက နေ တစ်ခုကို ပြောင်းချိန်မှာ "ခံစားတယ် "ဆိုတဲ့ ဝေဒနာ ဆိုတာပေါ်လာတယ်။

အဲဒိ့ ပေါ်လာတဲ့ ဝေဒနာကို နာမ်တရားရှိလို့ ပေါ်လာတာ ဆိုတာကို
သတိမမူမိရင် ၊ ဒီဝေဒနာကို "လိုချင်တယ်၊ မလိုချင်ဘူး" ဆိုတဲ့
နာမ် တရား ရဲ့  သဘာဝဖြစ် စဉ် နောက် ကို လိုက် မိ ရာကနေ လိုချင်တယ် မလိုချင်ဘူးကို
စွဲလမ်းမှု ဖြစ်လာပြီး ၊
လိုတာ ကို ရ တော့  'လောဘ'၊။
လိုတာ ကို မရဘဲ၊မလိုတာ... ကို ...ရတော့  'ဒေါသ'၊

အဲဒီ နှစ်ခု ကြောင့်..... အမှန်တရား ကို မသိတော့တဲ့ "မောဟ" ဆိုတာပေါ်လာတယ်။

အဲဒီအခါ မှာ လက်တွေ့  ဖြစ် လာအောင် ကံသုံး ပါး နဲ့ 
အားထုတ် ရာ က နေ 'သံသရာ 'ကို ....လည်စေတဲ့ အ ကြောင်း တခု ...လုပ်မိ ရက် သား ဖြစ်
သွား တာ ကို မသိ လိုက် ကြ ဘူး ပေါ့ ၊၊

အကြောင်း တခု ပြု လိုက် ရင် အကျိုးဆို တာ ရှိ စမြဲ မဟုတ်လား။

အဲလို နဲ့ ခရီးသွားဘ၀ကနေ မဆုံးသောခရီးကို
ဒီလိုမျိုး ဒုက္ခ တွေအမြဲခံစားနေရင်းသွားနေကြရမှာပဲ။

ခရီးသွားတစ်ယောက်ဘ၀ကနေ လွတ်မြောက်တဲ့နည်းဖြစ် တဲ့ ဓမ္မ ကို နားလည်လာရင်
အားငယ်စိတ်ညစ်တာတွေပျောက်သွားမှာ သေချာပါတယ်။

သားကိုယ်တိုင်လည်းနားလည်နိုင်အောင် ကြိုး စား နေ ပါ တယ် ၊၊ ဖေဖေ လည်း...ကြိုးစားပါ။
ဖေဖေ က သားထက် ပို ပြိးသိမှာ ပါ ဖေဖေ ။


ချစ်သောသား
ရွှေအိမ်စည်။

( 20.06.2012)မှာ...ဖေဖေကို ကျနော်နောက်ဆုံးထွက်သက်မှာဒီစာထဲက တရားကူညီပေးခဲ့ တယ်...ဖေဖေ ကျနော်ရဲ့ လက်ဆုတ်ကိုင်းရင်း... လူသားတိုင်းရဲ့ ဘ၀ခရီးပန်းတိုင်ကို သွားနှင့်ခဲ့ တယ်......ဖေဖေသွားတော့နော်......ကျနော်နောက်က တနေ့ နေ့ လိက်ခဲ့ မယ်.......ဖေဖေကောင်းရာသုဂတိလားပါစေ)

''နားလည် စာနာပေးခြင်းဆိုတာ...'' ဘာလဲ...?

''နားလည် စာနာပေးခြင်းဆိုတာ...'' ဘာလဲ...?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူဆိုတာ တယောက်တည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေ ရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရ ဖြစ်မှုတွေ ရှိနိုင်ပါ တယ်။
တယောက်နဲ့တယောက် အကြားမှာ''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့ စိတ် လေးသာရှိနေသေးရင် "အချစ်.."ဆိုတာ ပြန်ဖြစ်နိုင်တယ်။ "သံယောဇဉ် "ဆိုတာ ပြန်ဖြစ်နိုင်တယ်။ 'မေတ္တာတရား၊ ကရုဏာတရား " တွေ ပြန်ဖြစ်နိုင်တယ်။ ''နားလည်ပေးမှု၊စာနာပေးမှု''ဆိုတဲ့ စိတ်သာမထားတတ်ရင်....အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။
မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှမနှစ်ယောက် အကြားမှာ၊ လင်မယားနှစ်ယောက် အကြားမှာ၊ အဖွဲ့အစည်းတခုနဲ့တခု အကြားမှာ ''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့စိတ်သာ မရှိခဲ့ ရင်....လူမှုဆက်ဆံရေးရဲ့ပျော်စရာကောင်းတဲ့ သဘာဝကို ခံစား နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု’’ ရှိရင် ပျော်စရာ သိပ်ကောင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့် ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။
ဒီလိုပါပဲ နားလည်ပေးတတ်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့သားသမီးဖြစ်ခွင့် ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့ အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာ ရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောက ကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။ ဒါကြောင့် ဘယ်နေရာမှာ မဆို ''နားလည်ပေးမှုနဲ့ စာနာပေးမှု''များ အပြန်အလှန် ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်… “နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။ “နားလည်ပေးမှုနဲ့ စာနာပေးမှု”ကို အခွင့်ကောင်း မယူသင့်ဘူး။
“နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။
ဒီစာဖတ်ပြီး…. ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေရဲ့ကြားမှာ နားလည်ပေးမှုနဲ့ စာနာပေးမှု ဆိုတဲ့ အလင်းရောင်ကလေးနဲ့ အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ ပြန်ပြီး ရှင်သန် ထွန်းလင်းနိုင်ကြပါစေလို့ ........
ရွှေအိမ်စည်

သင်ရော..သူ့ ကိုတကယ်ချစ်သလား ???

သင်ရော..သူ့ ကိုတကယ်ချစ်သလား ???
▬▬▬▬▬▬▬▬▬▬▬▬▬
ကျနော်ရဲ့ ဝါသနာအရ.ဖတ်ဖူးတဲ့ .ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်.....
တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။
သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက
ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။
အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။
နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ် .....။
ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် ။
သင်ရော သူ့ကို တကယ်ချစ်ပါသလား .??
ရွှေအိမ်စည်

အချစ် နဲ့ မေတ္တာက ဘယ်လိုခွဲခြားမလဲ.?...ဘယ်ဟာက အရေးပါသလဲ ?


အချစ် နဲ့ မေတ္တာက ဘယ်လိုခွဲခြားမလဲ.?...ဘယ်ဟာက အရေးပါသလဲ ?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အချစ်နှင့် မေတ္တာရောနေတတ်တယ်....အချစ်ကတော့
တဏှာနှင့်ချစ်တာ လင်မယားချစ် ၊ မောင်နှစ်မချစ်၊ မိဘနှင့်သားသမီးချစ်၊ ဆရာတပည့်ချစ် ၊ မိတ်ဆွေချစ် အကျိုးမျှော်ပြီးတော့ ချစ်ခင်တာမျိုး...ဒါကိုအချစ်လို့ သတ်မှတ်မယ်.......။
လူတယောက်ဟာ ဘယ်တော့မှ ခြောက်ပစ်ကင်းသဲလဲစင် မဖြူစင်နိုင်ဘူး။ သဘောထားကြီးစွာအလုံးစုံလည်း..မတော်နိုင်ဘူး။ ဒါပေမဲ့ လူတကိုယ်မှာတော့ ကောင်းကွက်လေးတော့ ကိုယ်စီရှိတတ်ကြပါတယ် ။ ကောင်းကွက်ကိုရှာ မေတ္တာတဲ့။ မေတ္တာသမားဆီမှာ ရန်ညှိုး ဖွဲ့ထားတဲ့သူဆိုတာမရှိရဘူး။ ခွင့်လွတ်နိုင်အောင်ကြိုးစားတဲ့ စိတ်ဘဲရှိတယ်။
ဒါဆို အချစ်နဲ့ မေတ္တာခွဲခြားသိပြီထင်ပါတယ်....။ ဘယ်ဟာက အရေးပါသလဲ....ဆိုတာကတော့....
လူအပါဝင်..သတ္တ၀ါတိုင်း ဘေးရန်ကင်းကွာချင်သူချည်းပါဘဲ ၊ မိမိရဲ့ချမ်းသာရေးကို မလိုလားဘူးဆိုတဲ့သူ ဆိုတာလောကမှာ မရှိနိုင်ဘူး ။ ဘေးရန်ကင်းကွာစွာနေထိုင်ရခြင်း အကျိုးအလို့ငှါ နည်းလမ်းတွေ ရှာဖွေကြတယ်။ ရှာရင်းနှင့်ဘဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ကြရတယ်။ ဘေးရန်တွေနှင့်ဘဲ ကြုံတွေ့နေကြရတယ်။ နည်းလမ်းမမှန်၊ အကျင့်မမှန်ကြလို့သာ ကိုယ်ဖြစ်ချင်သလို မဖြစ်ကြရတာပါ။ ဒါကြောင့် တကယ် စိတ်ချမ်းသာချင်တယ်ဆိုရင် ....တော့..တခြားတော့မဟုတ်ဘူး၊ သတ္တ၀ါတိုင်းရဲ့အပေါ်မှာ မေတ္တာထားကြည့်လိုက်ပါ။
မေတ္တာဆိုတာ ချစ်တာနှင့်မတူဘူးဆိုတာတော့ သတိပြုရလိမ့်မယ်။ ..သူငယ်ချင်းတို့ အတွေးကကော....???
ရွှေအိမ်စည်

သင်ကော..ချစ်တတ်ပြီလား...???.

သင်ကော..ချစ်တတ်ပြီလား...???...
▬▬▬▬▬▬▬▬▬▬▬▬
လူတိုင်းချစ်တတ်ကြပါလိမ့်မယ်။ တခါတလေတော့ ကျနော်လည်းအချစ်ကိုကြောက်ရွံ ဘူးပါတယ်..။ကျနော်က စာဖတ်တာ တခြားသူတွေထက်နဲနဲပိုအချိန်ပေးတတ်သူဖြစ်ပါတယ်.။ ဒါကြောင့်လည်း..ဘာလုပ်လုပ်..ကျနော်ဦးနှောက်က အတွေးက အရင်ကြီးစိုးတယ်...ကျနော်စိတ်ခံစားချက်နောက်တော့ ကောက်ကောက်ပါအောင်လိုက်တတ်သူတော့ မဟုတ်ပါဘူး....။ ကျနော်ရဲ့ အချစ် ကို ကျနော်ဒီလို စိတ်နဲ့ ....ခံစားနားလည်တယ်.... ကျနော်လိုဘဲ....ချစ်တတ်ဖို့ အဆင်သင့်ဖြစ်နေသူတွေ.... အချစ်ကိုရင်ဆိုင်ရမယ့် လူငယ်တွေ အတွက်...ပါ။
ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး
“အချစ်ထက်ပိုပြီး အရေးကြီးတာ မရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။
ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ အများကြီးရှိမှန်းသိကြတယ်။
ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။
အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါ ဘ၀ကိုကြည့်တာထက် “ စိတ်အလှ ” ကို မြင်အောင်ကြည့်ပေးပါ။
ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘဝ
ထိုနှစ်ခုကို ဆုံဆည်းဖို့ ……. နှလုံးသားကို လမ်းခင်းပေးပါ။
လူတိုင်းမှာ အလှတရားကိုယ်စီ ရှိကြသော်လည်း အချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာ မရှိနိုင်ပါဘူး…။
ဒါကြောင့် လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။
အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။
အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ
လိုပါတယ်...
အချစ်စစ် အချစ်မှန် နဲ့ လူသားတိုင်းတွေ့ ပါစေဗျာ
ချစ်သော
ရွှေအိမ်စည်

ဖေဖေ့ စကား အလေးထား

ဖေဖေ့ စကား အလေးထား
=============
အချစ်မိုး
မိုးမေတ္တာ မိုးရေ...
မျှော်တလင့်လင့် ရင်မော
ခြောက်သွေ့တဲ့ လမ်းပေါ်
ကျွန်တော်တစ်ယောက်တည်း
လျှောက်နေဆဲ ...
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃

မိုးစက်ရဲ့ မေတ္တာတွေ
မျှော်နေတဲ့ ပန်းတွေဟာ
မိုးမသနားလို့ မိုးမရွာရင်
ရှင်စရာလမ်း မမြင်ဘူး
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃
ရွာမလို မရွာမလို
မိုးသံပေးရင် စိတ်မှာ ပျော်ရမလို
ရွာချင်သလို ရွာပါမိုးရယ်
စိုရုံလေး ရွာချင်ရွာ
ဝေဒနာတွေ ဆေးကြောပေးပါ
မရက်စက်ပါနဲ့ မိုး ...
သိပ်အားကျမိတယ်
အကြင်နာ မိုးတွေကြောင့်
တချို့တချို့ရဲ့ ဘ၀တွေ
တကယ်ပျော်ဖို့ ကောင်းတယ်နော်
( အချစ်မိုး ဘယ်တော့ ရွာမှာလဲ ) ၃
သမီးရေ ဂျေညီညီရဲ့အချစ်မိုးသီးချင်းကို ဖေဖေနဲ့သမီးသံပြိုင်ဂစ်တာတီး ဆိုခဲ့တာလေးသတိယရဲ့လား....,..?
သမီးမေမေကတော့ အဲ့လိုသီချင်းဆိုရင် သမီးမိန်းခလေးကိုဂစ်တာတီးသင် သီးချင်းအော်ဆိုတာမကြိုက်ဘူးနော်
သမီးရေ မိန်းခလေးဆိုတာ ဖေဖေကတော့ သမီးကိုတူရိယာတွေတီးခတ်တတ်အောင်လည်းသင်ပေးမှာပါဘဲ စာပေ ယဉ်ကျေးမှု ဂီတဟာလူရဲ့စိတ်အဟာရပါသမီးရယ်
သမီးရေ မိန်းခလေးဆိုတာ စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ
အခြေခံ လိုအပ်သော စိတ်နေစိတ်ထား ဖြစ်တယ်...မိန်းမဆိုတိုင်းအူတိုတတ်တာမဟုတ်ပါဘူး...တကယ်လို့ သမီးက အတ္တဆန်မယ် စိတ်ရင်းမကောင်းဘူး ဆိုရင် ဘယ်လောက်ပဲ လှပလှပ ကျက်သရေ ယုတ်သွားမှာပါ။
သမီး ကအဓိက ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ရပါမယ်။ တန်ဖိုးမဲ့သွားအောင် ဓါတ်ပုံရိုက်ရင်ဘဲဖြစ်စေ ပြောတာဆိုတာ နေတာထိုင်တာကအစ ကိုယ့်ကျင့်တရားဖော်ပြတဲ့ ပုံမျိုးမရိုက်ရဘူးသမီး။မိမိကိုယ်ကိုထိမ်းသိမ်းနေတတ်ရတယ် ။တန်းဖိုးသိမှ တန်ဖိုးရှိတယ်...တန်ဖိုးရှိမှ တန်ဖိုးတက်မယ်..
သမီးရေ စိတ်သဘောထားပျော့ပြောင်းတာဟာ သဘောကောင်းခြင်းကို ဆောင်ပါတယ်။ ဘယ်အရာကိုမဆို နားနှစ်ဘက်ပါသလို နှစ်ဘက်နားထောင်မျှမျှတတတွေးတတ်ရတယ်.
မျက်စိနှစ်ဘက်လို တဘက်တည်းကြည့်မဆုံးဖြတ်ရဘူးသမီး
သမီးကကျက်သရေ ရှိအောင်လည်း နေထိုင်တတ်ရမယ်။ မိန်းခလေးကလှရုံမဟုတ်သေးဘူး လှတာနဲ့ ကျက်သရေရှိတာနဲ့ မတူပါဘူးသမီး။ လှပတာဟာ ပြင်ပရုပ်ရည်နဲ့ သက်ဆိုင်တတ်ပြီး ကျက်သရေ ရှိခြင်းဟာ အတွင်းစိတ် အရည်အသွေးကနေ လာတာ။ မိန်းကလေး တစ်ယောက်ဟာ ပညာရှိမယ်။ အပြောအဆိုမှာ ယဉ်ကျေးမယ်။ အကောင်းမြင်စိတ်ဓါတ် ထားရှိတတ်မယ်သမီး။
သမီးရေ...သမီးက ဆင်းရဲတဲ့ ဘ၀ရောက်ချင်ရောက်မယ်..ချမ်းသာတဲ့ ဘ၀ရောက်ချင်ရောက်မယ်..မပြည့်စုံတာကိုငြီးငြူမနေဘဲ...ဘယ်နေရာမှာပဲ နေရနေရ စိတ်ကြည် တာ လိုအပ်နေမှာပါ။အထူးသဖြင့် စိတ်ကိုကြည်အောင်ထားရင်..ရုပ်လည်းကြည်တယ်သမီး
မိန်းခလေးဖြစ်တဲ့ သမီးက သန့်ရှင်းရေးက အဓိကဘဲ...သမီးပြောဘူးတယ်...ဂျာနယ်ကျော်မမလေးရဲ့ .".သူမ"ဆိုတဲ့ ဝထ္ထုက သမီးကို အိမ်သန်ရှင်းတတ်အောင် မိန်းမပီသအောင် သင်ပေးတာဆို.....ဒါကိုသမီးဘယ်တော့မှမမေ့နဲ့
သမီးရေ တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်အမြင်နဲ့ အကောင်းအဆိုး ခွဲခြားသိမြင်တတ်ဖို့ လိုသေးတယ်။ ဘ၀မှာ ဘာပြဿနာပဲ ကြုံရ ကြုံရ၊ ကိုယ်အမြင်နဲ့ ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။
သမီးရေ သမီးကိုမှာခဲ့သင်ပေးခဲ့တာတွေ သမီးနှလုံးသားနဲ့ ဖတ် ဦးနှောက်ထဲသံမှိုလိုထဲ့ထား ။သမီးဘဝမှာအရေးကြီးဆုံးက တတ်ထားတဲ့ပညာအသိသေရာမယူသွားနဲ့ ပရဟိတပြုပါ ဒါဆိုဖေဖေစိတ်ချပြီးစိတ်ပျော်တယ်သမီး ဖေဖေ့သမီး အရာရာအောင်မြင်ပါစေ ။ ။
သမီးရဲ့ချစ် ဖေဖေ
ဖေဖေ့စကား သမီးအလေးထားပါတယ်ဖေဖေ
၂၀.၆၂၀၁၅ ဖေဖေ ကွယ်လွန်တာ၃ နှစ်ပြည့်ပြီဖေဖေ ဘဝပေါင်းများစွာသမီးဖေဖေဖြစ်ဖို့ ကတိစကားမမေ့နဲ့နော်ဖေဖေ ဖေဖေ့စကား သမီး အလေးထားပါတယ်နော်
ချစ်သမီး
ရွှေအိမ်စည်
— with Shwe Arlu and 2 others.

ကိုယ်ပိုင်လုပ်ငန်းစတင်မယ်

ကိုယ်ပိုင်လုပ်ငန်းစတင်မယ်
============
ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုကို ထူထောင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာလည်းဒီအတိုင်းပဲဖြစ်ပါတယ်။ အလုပ်တစ်ခုစလုပ်တော့မယ်ဆိုတာနဲ့ ဘာအလုပ်စလုပ်ကြမလဲဆိုတာစဉ်းစားကြဖို့လိုပါတယ်။ အများအားဖြင့်ကတော့ ငါးပွက်ရာ ငါးစာချကြတာများတယ်။ ဒီလိုလုပ်ငန်းငယ်တွေက မြန်မြန်ဆန်ဆန်ပဲ ပျက်စီးသွားကြတာများပါတယ်။ ဒီတော့ ဘယ်လိုလုပ်ငန်းမျိုးကို လုပ်ကြမလဲလို့စဉ်းစားကြတဲ့နေရာမှာ ကိုယ်ဘာလုပ်တတ်လဲ၊
ဘာလုပ်ရတာ စိတ်ပျော်လဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ကိုယ်ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့အလုပ်ကို စလုပ်တာက အကောင်းဆုံးပဲ။ နောက်လုပ်ရတာ ပျော်တဲ့အလုပ်မျိုးဖြစ်တာကပိုကောင်းတယ်။ ကိုယ်က ဘာမှ မလုပ်တတ်ပဲ၊ သူများကို ငှားလုပ်ရမဲ့ကိစ္စမျိုးက မလုပ်တာကောင်းတယ်။ လုပ်ငန်းငယ်တွေမှာက ကိုယ်ကဦးဆောင်နိုင်မှရတယ်။ သူများကို ဦးဆောင်ခိုင်းတာနဲ့ တလွဲတွေဖြစ်ကုန်တာများတယ်။
ဒါပြီးရင်တော့ အရင်းအနှီးပေါ့။ ဒီအရင်းအနှီးငွေရဖို့က အဓိက ကျတဲ့ပြဿနာပဲ။ ကိုယ့်မှာရှိရင်တော့ကောင်းတာပေါ့။ မရှိရင်တော့ ချေးငှားရတာပဲ။ ချေးငှားရတာက အခက်ဆုံးကိစ္စပဲ။ ဘယ်သူမှ လွယ်လွယ်ကူကူ မချေးငှားလိုကြဘူး။ ချေးငှားပြီးရင်လည်း ပြန်ပေးဆပ်ကြရမှာပဲ။ အတိုးနဲ့ချေးဌားရင်ကြွေးသံသရာလည်မယ်။
ဒီတော့ ကောင်းတာက လုပ်ငန်းစနိုင်အောင် အတွက် အရင်းအနှီးနည်းနည်းရနိုင်အောင် သူများဆီမှဝန်ထမ်းစလုပ်ရမှာဘဲ။
အလုပ်ကြိုးစားလုပ်ကိုင်ဖို့ပဲ။ ရလာတဲ့ဝင်ငွေကိ၃ပုံ၂ပုံ ကျစ်နေအောင် စုဆောင်းဖို့ပါပဲ။ ကုန်ကျစားရိတ်အနည်းဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားကြရမှာပဲ။ ကုန်ကျစားရိတ်နည်းအောင် ကျစ်နေအောင်စုကြရမှာပဲ။
ဒီတော့ လူငယ်တွေ ၀င်ငွေရမဲ့ အလုပ်မျိုးကို ပထမအရင်ရှာဖွေကြရမယ်၊
ဝင်ငွေရလာရင် ရလာတဲ့ဝင်ငွေကို ကျစ်နေအောင်စုကြရမှာပဲ။ ဒီတစ်နည်းပဲရှိတယ်။ ကိုယ်လုပ်မဲ့အလုပ်ကို ကောင်းထက်ကောင်းအောင်၊ ပိုကျွမ်းကျင်သထက်ကျွမ်းကျင်အောင်လုပ်နေကြရမှာပဲ။ တစ်ပါးဆီမှာအလုပ်လုပ်ရင်းပညာယူပါ။
နောက်ကိုယ့်မှအတန်သင့်စုဆောင်းလို့ငွေရပြီဆိုမှကိုယ်ပိုင်စီးပွားရေးစပါ။နောက်အရေးကြီးတာက ကိုယ်ဘာလုပ်နေတယ်ဆိုတာ သူများသိအောင်ဘယ်လိုပြောမလဲဆိုတာစဉ်းစားရမယ်။ ကြော်ငြာရမယ်။ ကြော်ငြာပြီဆိုတာနဲ့ငွေပဲ၊ ဒီငွေကို ဘယ်လိုထိရောက်အောင်သုံးစွဲမလဲဆိုတာ စဉ်းစားရမယ်။
ဒီတော့ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေလုပ်လိုသူတွေဟာ
-မိမိထုတ်လုပ် ဒါမဟုတ် ၀န်ဆောင်တဲ့လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်မှရမယ်။ နောက် -အရင်းအနှီးဘယ်ကရှာမလဲဆိုတာစဉ်းစားရမယ်။
-ကိုယ်လုပ်မဲ့အလုပ်ကို သူများသိအောင်ဘယ်လိုလုပ်မလဲဆိုတာသိရမယ်။ ဒီသုံးချက်ရှိမှ ရှင်သန်နိုင်မယ်။
လူငယ်တိုင်းကိုယ်ပိုင်လုပ်ငန်းဖြငြ့်ကီးပွားတိုးတက်ပါစေ။
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း
— with Shwe Arlu and 2 others.

ထိုင်နေလိုတော့ ဘာမှဖြစ်မလာဘူး ?

ထိုင်နေလိုတော့ ဘာမှဖြစ်မလာဘူး ?
=============
လောကမှာအရေးကြီးတာက ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် လက်ရှိရလာတဲအခြေအနေအပေါ်မှာ တင်းတိမ်မရောင့်ရဲမနေဖို့အရေးကြီးပါတယ်။ကိုယ့်ဘ၀မှာ လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ ပညာရပ်နဲ့ပတ်သက်လို့ အမြဲဆက်လေ့လာနေရမယ်။ လေးလေးနက်နက် မှတ်စုရေးထားရမယ်။ ဘယ်အရာမှ ပေါ့ပေါ့တန်တန်၊ မေ့မေ့ပျောက်ပျောက်မလုပ်ရဘူး။ ကိုယ်လေ့လာနေတဲ့ အတတ်ပညာနဲ့ပတ်သက်လို့ ပိုသိလာအောင်အမြဲလုပ်ရပါမယ်။ ပိုတတ်လာအောင်လုပ်ရမယ်။ ပိုကျွမ်းကျင်လာအောင်လုပ်ရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပထမဆုံးလုပ်လို့ရတာကေ
တာ့ သူများတွေရေးထားတာတွေကို ရှာဖွေဖတ်ရှုပြီး ကိုယ့်မှတ်စုမှာ စပြီးမှတ်တမ်းတင်ဖို့ပဲ။ ပြီးရင် ဒီပညာရှင်တွေဆီ ကိုယ်တိုင်သွားလေ့လာမေးဖို့လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်မအောင်မြင်လို့ထိုင်ပြီး စိတ်ပျက်နေရုံနဲ့တော့ ဘာမှ မဖြစ်လာဘူး။ နဲနဲလေးအောင်မြင်လာရင် စိတ်အားတက်လာလိုက်၊ အခက်အခဲနဲနဲတွေ့တာနဲ့ စိတ်ပျက်အားငယ်လိုက်ဖြစ်နေတာက ခိုင်မာတဲ့ ရည်ရွယ်ချက်လမ်းကြောင်းမရှိသေးလို့ပါပဲ။ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာ ယာယီသတ်မှတ်ချက်တွေပါ။ ဘဝကကံဆိုးတာမအောင်မြင်တာဟာ အမြဲ မဟုတ်ဘူး ။
ကိုယ်ယုံကြည်ရာကို တစ်ရက်ပြီးတစ်ရက် ပိုကောင်းလာအောင်လုပ်ဖို့ပဲ။ နောက်အရေးကြီးဆုံးတစ်ချက်ကပညာတတ်ဖြစ်ရင်တော့ ဘွဲ့ရမဟုတ်တောင် စာသင်ဘူးတဲ့သူဖြစ်ရင် အင်္ဂလိပ်စာလေ့လာနိုင်ပါတယ် ။ အင်္ဂလိပ်ဘာသာစကား ဟာ မြန်မာလူမျိုးတွေရဲ့ အနာဂါတ်အတွက် အဓိကအရေးကြီးဆုံးပဲ။
အင်္ဂလိပ်စကား မလေ့လာသူများဟာ အောက်ကျနောက်ကျစိတ်နဲ့ သိမ်ငယ်စွာနဲ့ပဲနေရမယ်။

မြန်မာတစ်မျိုးသားလုံးပညာရေးကမူလတန်းကစအင်္ဂလိပ်စာအရေသွေးမြှင့်ဖိုလိုတယ်။လူတိုင်း အင်္ဂလိပ်စကားပြောနိုင်အောင်လုပ်ရမယ်။
ကဲမိတ်ဆွေ ... ထိုင်နေလို့ဘာမှဖြစ်မလာဘူး အခုကစလေ့လာ မအောင်မြင်တာတိုက်ထုတ် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်လည်းကိုယ့်ဘာသာကိုယ်စစ်ပြင်ရအောင်ဗျ
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း
— with Shwe Arlu and 2 others.

လူလူချင်းပေမယ့် မတူပါ။

လူလူချင်းပေမယ့် မတူပါ။
------------------
ကျနော်တခါကအယူအဆတစ်ခုမှားယွင်းသိခဲ့ဘူးပါတယ် လူလူချင်းအတူတူဘဲ လို့ ။တကယ်လက်တွေ့မှာတော့လူလူချင်းဟာမတူညီတာကွဲပြားသိလာရပါတယ်။
လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
လောကဓံမုန်တိုင်းဆိုတာ လောကထဲရှိနေတဲ့ သူတိုင်းကို တိုက်ခတ်စမြဲပဲလေ။
သူတော်ကောင်းရယ်, သူယုတ်မာရယ် ရွေးချယ်နေတာမှ မဟုတ်ပဲ။
တရားရှိသူ, မရှိသူရယ်လို့ ကြည့်နေတာမှ မဟုတ်ပဲ။
လောကထဲရှိနေတဲ့သူမှန်သမျှ လောကဓံဒဏ် ခံကြရတာချည်းပဲ။
ဒါပေမယ့် လောကဓံမုန်တိုင်းဒဏ် ခံကြရတဲ့နေရာမှာတော့ တရားရှိတဲ့လူနဲ့ တရားမရှိတဲ့လူ မတူနိုင်ပါဘူး။
တရားရှိတဲ့လူတွေကတော့ တရားတည်းဟူသော အကာအကွယ်အောက်မှာ ထောက်တည်ရာရကြပေမယ့်
တရားကင်းနေတဲ့သူများမှာတော့ အကာအကွယ်မဲ့ကြတယ်။ လောကဓံမုန်တိုင်းအောက်မှာ လွင့်ချင်ရာလွင့်ကြတယ်။
ယောနိသောမနသိကာရနဲ့ အကောင်းဖက်က မြင်အောင် ကြည့်နိုင်ရင် အမြတ်တွေချည်းပါပဲ
လူထဲကလူ အများနဲ့မတူအောင် ကျနော်တို့အတွင်းစိတ်ကိုဖွင့် ဘဝကိုအကျိုးရှိအောင်နေထိုင်ရအောင်ဗျာ
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း

မိတ်ဆွေများနဲ့ ခရီးသွားမယ်

မိတ်ဆွေများနဲ့ ခရီးသွားမယ်
---------------------
ချစ်ခင်ရသောချစ်သူငယ်ချင်းတို့ ရေ...
မကြာခင်လတစ်လရဲ့နောက်ဆုံးနေ့ရောက်တိုင်း.ငါဒီလအတွင်းဘာတွေလုပ်ခဲ့လဲ?
အကျိုးရှိလား မရှိဘူးလား..?
ကျမကိုယ်ကျမ ပြန်လည်သုံးသပ်ရပါတယ်။ ဂရုပေခ်ျတွေများစာပေဒါနပြုမယ်ဟဲ့ကြွေးကြော်ထားပေမဲ့
တခါတရံတော့အဆင်မပြေတာလေးတွေလည်းရှိခဲ့ တာပေါ့......လူပဲလေ..
ဟုတ်တယ်နော်....
ကျမကိုချစ်သူ မုန်းသူရှိကြမှာပဲလေ....ဘယ်လိုလူတွေပဲရှိရှိ ကျမစာပေခရိးဆက်သွားမှာပါ။ ကျမနဲ့ အတူသူငယ်ချင်းတို့ လည်း....စိတ်ရွက်ကိုလွင့်ပြိးအစွမ်းကုန်သွားကြမယ်နော်..

ကျမလည်းဘဝမှာချစ်မိတ်ဆွေ-၃ဥိးနဲ့ အတူခရိးသွားပါတယ်
၁။ မိမိအား ချစ်သောသူ
၂။ မိမိအား မုန်းတီးနေသောသူ
၃။ မိမိအား လျစ်လျူရှူထားသောသူ
အဲ့လိုလူနဲ့ပါ။ သို့သော် ထိုလူသုံးမျိုးသည်လည်း မိမိဘဝခရီးမှာ မိမိအား ကောင်းမွန်လာအောင် အထောက်အပံ့ ပေးနိုင်လေသည်.။ ဘာကြောင့်လဲဆိုရင်
၁။ မိမိအား ချစ်ခင်သောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ၏ စိတ်နှလုံးပျော်ရွှင်ငြိမ်းချမ်းအောင် ဆောင်ရွက်သဖြင့် မိမိသည် အထူးပင် ငြိမ်းချမ်းပျော်ရွှင်ကြရသည်.။
ထို့ကြောင့် ကျမဘဝမှာ ``ပျော်ရွှင်သူ`` ဖြစ်လာသည် ။
၂။ မိမိအား မုန်းတီးနေသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိ ဘယ်အချိန်မှာ အလစ်အငိုက် ကျဆုံးသွားအောင် ပြုလုပ်လိုက်လေမလဲလို့ စိတ်ထဲမှာ အမြဲပင် သတိထားနေရတယ်.။
ထို့ကြောင့် ကျမ ဘဝမှာ'' သတိရှိသောသူ'' ဖြစ်လာလေသည် ။
၃။ မိမိအား လျစ်လျူရှူထားသောသူ နဲ့ တွေ့ကြုံနေရသောအခါ ထိုသူသည် မိမိအား အားမပေး ၊ ဂရုမစိုက်ပဲ နေသဖြင့် မိမိမှာ ကူညီမဲ့သူ မရှိပါလားဟု ခံစားရကာ မိမိကိုယ်ကို မိမိ အားကိုးလာရလေသည်.။
ထို့ကြောင့် ကျမ ဘဝမှာ ''ကိုယ့်ကိုယ်ကိုယ် အားကိုးသူ'' ဖြစ်လာလေသည်.။
ထို့ကြောင့် ဘဝဆိုသော ခရီးလမ်းကို လျှောက်လှမ်းရာတွင် ထိုကဲ့သို့ မိတ်ဆွေအပေါင်းအသင်း သုံးမျိုးကို ကြုံတွေ့ရသော အခါတွင် မိမိစိတ်ထဲမှာ သူတို့ဟာ ''မိမိဘဝကို တိုးတတ်အောင် ထောက်ပံ့နေတာပါလားဆိုပြီး'' ခံယူတတ်ဖို့ပဲ လိုပါတယ်.'
ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ထို မိတ်ဆွေ သုံးမျိုးစလုံးကို ကျေးဇူးတင်လိုက်ပါ..။
အခုလည်း ကျမ ဘဝမှာ ဖြတ်သန်းသော အချိန်အခါမှာ ကြုံတွေ့နိုင်သမျှ မိတ်ဆွေ အပေါင်းအသင်း သုံးမျိုးစလုံးကို ကျေးဇူးတင်ပါတယ်..။
ဒါကြောင့် ..
* ကျမ ကို ချစ်သော
* ကျမ ကို မုန်းသော
* ကျမ ကို ဘယ်လိုမှမနေသော ချစ်မိတ်ဆွေများ အားလုံးကို ကျေးဇူး တင်ပါတယ်.။
မိတ်ဆွေများကိုချစ်ခင်လေးစားတတ်သော
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း

Saturday, 6 June 2015

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲ..?

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲ..?
=================
မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။
သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်ဖြစ်သည်။

အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။
သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။
ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)
သင်လည်းတနေ့ သေရမည်...
မသေခင်တော့ တခုတခုအမှတ်တယလုပ်ထားစေချင်သည်။
ကျနော်တော့စာတွေရေးနေတယ်...အခကြေးငွေ တပြားတချပ်မှမပါသော...ကျနော့်စာသည်..စေတနာအတိပြီးသည်။ ကျနော်၏အသိသညာသေရာမယူခဲ့ သောကျနော်တတ်သမျှအသိအားပေးခဲ့ သည်.။။။။။
ဟော.....ခေါင်းလောင်းထိုးသံကြားနေရသည်...
ကျနော်ထွက်ခွါသွားသည့်အခါ...ကျနော့်စာများက တစုံတရာအသိအကျိုးတစ်ခုခုဖြစ်သည်ဆိုလျှင်........ခေါင်းလောင်းထိုးသံ.....ကြားနေရပြီ။ ။
ဆွံ့သူကြား၍ ကြားသူလမ်းမြင်
မြင်သူရှေ့တိုး အားလုံးနိုးဖို့
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ
(တင်မိုး)
ရွှေအိမ်စည်

ဂျက် လီ ပြောပြတဲ့ ငွေတစ်ကျပ်ရဲ့စွမ်းအား

                                                                                                                                                                                    

၂၀၀၄ ခု ဆူနာမီကား ဂျက် လီကို ထာဝရ ပြောင်းလဲစေခဲ့၏။
အခုတော့ ဂျက် လီက ကမ္ဘာကြီးကို ပြောင်းလဲစေချင်နေတော့သည်။
ဂျက်လီ တစ်ယောက် သူ့ရဲ့ လေးနှစ်အရွယ် သမီးလေး ဂျိန်းကို တရိပ်ရိပ် တက်လာနေတဲ့ ရေနှင့် လွတ်အောင် ရုန်းကန်နေရစဉ် တစ်နှစ်အရွယ်
သမီးငယ်လေး ဂျေဒါကို ချီပိုးထားရတဲ့ ကလေးထိန်းကို ကူညီပေးဖို့ တစ်စုံတစ်ယောက်ကို လှမ်းအော်ပြောလိုက်ပါတယ်။ ဒါဟာ အက်ရှင်ကား ရုပ်ရှင်
မဟုတ်ပါဘူး။ အာရှဒေသ တစ်ဝှမ်းက လူများစွာ နည်းတူ ဂျက် လီ တစ်ယောက်လည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ

သဘာဝ ကပ်ဘေးကြီး ဆိုတဲ့ လက်တွေ့ဘဝရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်သနစ်ထဲမှာ ပိတ်မိနေခဲ့သည်။

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသားဟာ အားလပ်ရက်ခရီး အဖြစ် ဇနီးသည်၊ သမီးနှစ်ယောက်၊ ကလေးထိန်းနှင့်အတူ မော်လဒိုက်နိုင်ငံကို ရောက်နေသည်။

တနင်္ဂနွေနေ့ နံနက် (၁၀) နာရီ ထိုးပြီးချိန်လေးမှာပဲ ဂျက် လီ တစ်ယောက် (The Four Seasons) ဟော်တယ်က ရေကူးကန် အနီးတွင် ရပ်နေခဲ့သည်။

စိတ်လှုပ်ရှားနေကြသည့် သူ့သမီးလေး နှစ်ယောက်ကို ပယ်လယ်ပြင်ကို ခေါ်သွားဖို့ အသင့်ဖြစ်နေပါပြီ။

အဲဒီနောက် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် မြင့်တက်လာနေတဲ့ ရေတွေကို သူ သတိပြုမိသည်။ သူနှင့် သူ့ကလေးထိန်းတို့က

ဂျိန်းနှင့် ဂျေဒါတို့ကို ကောက်ချီပြီး ဟော်တယ်ဘက်ကို ချေဦး ပြန်လှည့်မိချိန်မှာတော့ ရေတွေက ခြေမျက်စိလောက် အထိ ရောက်လာသည်။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ခါးအထိ ရောက်လာပြီး တစ်ဆက်တည်းပင် မေးစိ အထိ ရောက်လာတော့သည်။

လီက ဂျိန်းကို သူ့ပခုံးပေါ် တင်လိုက်သည်။ သို့သော် ဖရိုဖရဲ ဖြစ်နေစဉ် ဂျေဒါနှင့် ကလေးထိန်းကို ဆုပ်ကိုင်ထားတာက လွတ်ထွက်သွားသည်။ သူတို့တွေ

ဟိုတယ်ဘက်စီ မျော်ပါသွားစဉ် သူ အော်ပြီး အကူအညီ တောင်းလိုက်သည်။ ရပ်ကြည့်နေသူ လေးဦးက ရေထဲ ခုန်ဆင်းလိုက်ပြီး ဂျေဒါနှင့် ကလေးထိန်းတို့ကို

မနစ်မြုပ်ခင် ဆွဲဖမ်းထားလိုက်သည်။ လီကား ဟော်တယ်ပြန်ရောက်အောင် အနိုင်နိုင် ကြိုးစားခဲ့ရပြီး ဇိမ်ကျလှတဲ့ သူတို့ အခန်းထဲ နေနေခဲ့တဲ့

ဇနီးသည်နှင့် ပြန်လည် ဆုံဆည်းခဲ့ရသည်။

“လှိုင်းလုံးကြီးတွေ ကျသွားတော့လည်း ဘာမျှ မကျန်ခဲ့တော့ပါလား”လို့ လီက ဆိုသည်။ “လျှက်စစ်မီးလည်း ပျက်သွားသည်။ ဟော်တယ် ဂြိုဟ်တု

ဖုန်းကလွဲလို့ ဆက်သွယ်ရေး မျိုးစုံလည်း ပျက်ကုန်တော့သည်။ အစားအစာ သုံးရက်စာနှင့် ရေ ငါးရက်စာ ကျန်သေးတယ်လို့တော့

ကျွန်တော်တို့ကို ပြောပါတယ်ဗျာ”လို့ လီက ပြောသည်။ လီတို့ မိသားစုရော တုန်လှုပ်နေကြတဲ့ တခြား ဧည့်သည် ဒါဇင်ပေါင်းများစွာတို့ ဟော်တယ်လ်

ဧည့်ကြိုခန်းမှာပင် အိပ်ကြသည်။ သူ့မိသားစု အိပ်သွားတော့ သူက ထထိုင်ကာ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစားနေမိသည်။

“ဆူနာမီ ဖြစ်ချိန်အထိ ကျွန်တော့်ဘဝရဲ့ ပထမ ၄၁ နှစ်လုံးလုံးကို ဂျက် လီဆိုတာ နံပါတ်တစ်ပဲလို့ ကျွန်တော့် အကြောင်းကိုပဲ တွေးပြီး နေလာခဲ့တယ်။

ဒါပေမဲ့ အခုတော့ ဘယ်လောက်ပဲ သြဇာရှိရှိ၊ ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကပ်ဘေးဖြစ်ချိန်မှာတော့ အဲဒီ သြဇာရှိမှု၊ ကျော်ကြားမှုက မင့်ကို

မကူညီနိုင်ပါဘူးလေလို့ ကျွန်တော် အတွေးပေါက်လာခဲ့သည်။ ကျွန်တော့် ဘဝနှင့် လုပ်ချင်တာတွေကို စဉ်းစားမိသည်။”

၂၀၀၈ ခု မေလ ၁၉ ရက်

တရုတ်ပြည် အလယ်ပိုင်းက မြို့ ရွာပေါင်း မြောက်များစွာမှာလိုပါပဲ။ ယင်ဂျိုး (Yinghua) ဟာလည်း ဂ. ၀ လှုတ်ခတ်အားရှိတဲ့ စီချွမ်

(Sichuan) မြေငလျင်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒေသ တစ်ဝှမ်း လူဦးရေ ၇၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး Yinghua မှာဆိုလျှင်

အဆောက်အဦး အနည်းငယ်မျှသာ မပြိုမပျက် ကျန်ခဲ့တော့တယ်။ ငလျင်လှုပ်ပြီး ခြောက်ရက်မြောက် ဒီနေ့မှာတော့ လမ်းတွေပေါ်မှာ စစ်သားတွေ၊

လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေ၊ မင်တက်မိနေကြတဲ့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေနှင့် ပြည့်လို့ပါပဲ။





တရုတ်ပြည် တောင်ပိုင်း Liukuei မြို့မှာ Aug. 15, 2009 က ကူညီ ကယ်ဆယ်ရေး ပစ္စည်းများ ဝိုင်းသယ်နေသည့် ဂျက် လီ

မျက်နှာကို မဆိုသလောက် ဖုံးကွယ်ထားတဲ့ အပြာရင့်ရင့် ဦးထုပ်ကို ဆောင်းထားတဲ့ လီဟာ နို့မှုန့်ထုပ်များ၊ ဆေးဗူးများ၊ ရွက်ဖျင်တဲများနှင့် အခြားသော

အရေးပေါ် ထောက်ပံ့ပစ္စည်းများကို ထရပ်ကားနောက်မှာ ဝိုင်းပြီး သယ်ချပေးနေပါတယ်။ သူနားက လူများစွာလိုပါပဲ၊ နှာခေါင်းပုံစံ နံပါတ် ၁ လို့ ရေးထားပြီး

ထူးခြားတဲ့ အပြုံးမျက်နှာ တံဆိပ်ပါတဲ့ အဖြူရောင် One Foundation တီရှပ်ကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရုပ်ရှင်မင်းသား တစ်ယောက်အပေါ်

ဆက်ဆံမှုမျိုးကို မမျှော်လင့်ပဲ စီချွမ်က လူတွေကို ကူညီပေးနေကြတဲ့ သူလိုငါလို လူများစွာထဲက တစ်ယောက်မျှသာ ဖြစ်ပါတယ်။

ပြောင်းလဲသွားသော လူတစ်ယောက်

ဆူနာမီနှင့် စီချွမ် မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အချိန်ကြားမှာပဲ ဂျက် လီဟာ သူ့ဘဝကို ပြောင်းလဲခဲ့တယ်။ သူရဲ့ အချိန် များစွာကို ဒီ သဘာဝကပ်ဘေးကြီးရဲ့

သားကောင်ဖြစ်ကြရရှာပြီး ကံအကြောင်းမလှရှာတဲ့သူတွေကို ကူညီရေးအတွက် ရည်စူးမြှပ်နှံထားပါတယ်။ ငွေချည်းပဲ လှူမည့်အစား စစ်မှန်တဲ့ ထူးခြားမှုနှင့်

ကမ္ဘာတစ်လွှားက တစ်ဦးချင်းစီရဲ့ စွမ်းအားကို ရနိုင်သမျှ ဖြည့်ဆည်း အသုံးချမှု ပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို သူ စပြီး ဖန်တီးပါတော့တယ်။

မော်လဒိုက်က သူ့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို သတိပြုမိပြီး လီဟာ ဟောင်ကောင်က အိမ်ကို ပြန်လာကာ စွမ်းအားတွေ စိုက်ထုတ်လို့

အလျှင်အမြန် လုပ်ဆောင်ပါတော့တယ်။ ဆူနာမီ ဖြစ်ပြီးတော့ လီက သူ့ဇနီးကို “ကိုယ်တော့ တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်”လို့ ပြောလိုက်ပါတယ်။

ဒါဟာ One Foundation မွေးဖွားလာပုံပါပဲလို့ သူက ဆိုပါတယ်။

၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူဟာ ယွမ်ငွေ 500,000 ($ 73,000) ကို ဆူနာမီဒဏ် ခံရသူတွေကို ပေးလှူမည့်အကြောင်းနှင့် နောက်ထပ်

ယွမ်ငွေ 500,000 ကို ဖောင်ဒေးရှင်း စတင်ဖို့ သုံးမည့် အကြောင်း ကြေငြာခဲ့ပါတယ်။ အဆုံးမှာတော့ One Foundation ကို ဖန်တီးဖို့ရာ

အချိန် နှစ်နှစ်ကျော် ယူခဲ့ရပါတယ်။ တစ်ပိုင်းက လီဟာ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးဖို့ ကတိပေးထားပြီးသား ဖြစ်နေတာရယ်၊ နောက်

အကြောင်းတစ်ခုက သူ့ ဝန်ခံချက် အတိုင်း ဘယ်က စလုပ်ရမယ်ဆိုတာ အစရှာမရခဲ့လို့ ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ချိန်မှာ ကမ္ဘာတစ်လွှားက

ပညာရှင်တွေနှင့် စကားပြောတယ်။ ရော့ခ်ဖဲလား အသင်းအဖွဲ့လိုမျိုး ပရဟိတ အဖွဲ့အစည်းတွေမှာ သူ့အချိန်ကို အသုံးချတယ်။ အောင်မြင်တဲ့ NGO (အစိုးရ

မဟုတ်တဲ့ အဖွဲ့အစည်း) ဖြစ်အောင် ဘာတွေလုပ်ရတယ် ဆိုတာကို လေ့လာဖို့ပါ။ “ကျွန်တော်က ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့

ရုတ်တရက်ကြီး NGO တွေရဲ့ ကမ္ဘာကို ရှာဖွေခဲ့ရတယ်လေ။ လေ့လာသင်ယူဖို့ အချိန် လိုအပ်တာပေါ့ဗျာ။ ကျွန်တော် လေ့လာခဲ့တဲ့ အချက်ကတော့

ပွင့်လင်းမြင်သာမှု လိုအပ်တယ်ဆိုတာပါပဲ။ တနည်းပြောရမယ်ဆိုလျှင်ဗျာ လူတွေက အလှူအဖွဲ့အစည်းတွေကို ထောက်ပံ့တော့မယ်ဆိုလျှင်

သူတို့ ပေးလှူလိုက်တဲ့ ငွေတွေဟာ လိုအပ်တဲ့လူတွေဆီကို တကယ် ရောက်မှာပါဆိုတာ ယုံကြည်ဖို့ လိုအပ်တာပေါ့။

နောက်ဆုံးမှာတော့ ကြက်ခြေနီ ဂျက် လီ One Foundation အဖွဲ့ကို တရုတ်ပြည်မှာ ၂၀၀၇ ခု ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့အစည်းနှင့်

လွတ်လွတ်ကင်းကင်း အလုပ်လုပ်ပေမဲ့ အဲဒီ ဆက်စပ် အဖွဲ့အစည်းက သူတို့ အဖွဲ့ကို တရုတ်ပြည်မှာ ပြည်သူ့ ရန်ပုံငွေရှာပွဲတွေ လုပ်ခွင့်ပေးခဲ့ပါတယ်။

ကြက်ခြေနီအဖွဲ့နှင့် ဆက်ထားခြင်းက ပြန့်နှံ့ရောက်ရှိနိုင်တဲ့ သဘာဝကပ်ဘေးများရဲ့ အတိုင်းအတာ အခြေအနေကို မြန်မြန်ဆန်ဆန် တိတိကျကျ ရရှိဖို့

ကူညီပေးပါတယ်။

အပြန်အလှန်အားဖြင့် ကြက်ခြေနီ အဖွဲ့ဟာလည်း ဝမ်း ဖောင်ဒေးရှင်း ရနေတဲ့ ပြည်သူ့ အမြင်ဆိုင်ရာ အကျိုးအမြတ် ရခဲ့ပါတယ်။ “သူတို့တွေက ပြည်သူတွေ

ပိုမို သတိထားမိစေပြီး လူသားချင်း စာနာတဲ့ အားထုတ် လုပ်ကိုင်မှုတွေကို ထောက်ပံ့ကူညီကြဖို့ လူပေါင်းများစွာကို တွန်းအားပေးပါတယ်”လို့ တရုတ်

ကြက်ခြေနီအဖွဲ့ရဲ့ ဖွံ့ဖြိုးရေးနှင့် ထောက်ပံ့ရေး အစီအစဉ်ရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဖြစ်သူ ဝမ် ရှုနွန်က ပြောပါတယ်။


ဘုန်းဉာဏ်

ရှိတော့ရှိတယ်.....ဒါပေမယ့်ရှားသွားပါပြီ။

ရှိတော့ရှိတယ်.....ဒါပေမယ့်ရှားသွားပါပြီ။
=======================
လွန်ခဲ့သော နှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင်
အထူး အိုလံပစ်ပွဲ တစ်ပွဲ ကျင်းပခဲ့သည်။
သည်အထဲက မီတာ ၁၀၀ ပြေးပွဲတစ်ခုတွင် ယှဉ်ပြိုင်
ပြေးမည့်သူ ၉ဦးပါဝင်သည်။ တာလွှတ်မည့်နေရာတွင် တန်းစီနေ
ကြသည့် ၄င်းပုဂ္ဂိုလ် ၉ဦးလုံးသည် ကိုယ်အင်္ဂါနှင့်စိတ်ပိုင်းဆိုင်ရာ
ချို့ယွင်းကြသူများချည်း ဖြစ်သည်။

တာလွှတ်ဒိုင်က သေနတ်ပစ်ဖောက်လိုက်သည့်အခါ
အားလုံးပင်စ၍ ပြေးကြသည်၊ တစ်ရှိန်ထိုး တာထွက်ခြင်းမျိုး မ
ဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင်အရင်ရောက်
အောင် အားပါးတရ ပြေးကြခြင်းဖြစ်သည်။
သို့သော် အားလုံးထဲမှာ ကောင်လေးတစ်ယောက်က
ခြွင်းချက်ဖြစ်နေသည်၊ သူကပြေးလမ်းပေါ်လဲကျသည်၊ နှစ်ကြိမ်
ဆက်တိုက် လဲကျပြီးသည့်နောက်တွင် သူက ဆက်မပြေးတော့ပဲ
အော်၍ ငိုလေသည်။
ငိုသံကြားသော ပြေးနေသူ ရှစ်ယောက်လုံး အရှိန်သေ
သွားသည်၊ အဲသည်နောက် အားလုံးပင် ရပ်လိုက်ကြကာ နောက်
ဘက်သို့ ပြန်လှည့်လာသည်၊ လဲနေသော ကောင်လေးဆီသို့ တစ်
ယောက်မကျန် ပြန်လာကြခြင်းဖြစ်သည်။
ဒေါင်းဆင်းဒရုန်း ရောဂါကြောင့် ဥာဏ်ရည်ချို့တဲ့နေသည့်
ကောင်မလေးက ကောင်လေးအား ဦးစွာငုံ့၍ နမ်းလိုက်ပြီးနောက်
”ဒါဆိုကောင်းသွားမှာ” ဟုဆိုသည်။ သည့်နောက်ကောင်လေးကို
ထူလိုက်ကာ ကိုးယောက်လုံး လက်ချင်းချိတ်ကာ ပန်းတိုင်ဆီသို့
အတူတကွ လမ်းလျှောက်ချီတက်သွားကြသည်။
သည်ရူခင်းကိုမြင်သော ပွဲကြည့်စင်များပေါ်မှ ပရိသတ်
အားလုံး ထရပ်မိကြသည်၊ ထို့နောက်လက်ခုပ်သြဘာ ပေးလိုက်
ကြသည့်အသံများမှာ မိုးထက်ယံသို့ သောသောညံ၍ သွားသည်။
ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားပါးသွားပြီ
မြင့်မြတ်သော စိတ်ထား ရှိသူများ jeffy စုဆောင်းတင်ပြသည်။
ရွှေအိမ်စည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform