စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 18 April 2015

တရားဒါန

ချင့် ချိန်ယုံ
**********
ဟောကြ၊ ပြောကြတဲ့ ဆရာတွေက
နာမည်ကြီးလာပြီဆိုရင်
ကိုယ် မှန်တယ်ထင်တာတွေကို
ဘုရားဟောနဲ့တောင် ဆန့်ကျင်ပြီး ပြောတော့တာပဲ။
ဒီလိုဟောပြောနေကြတဲ့သူတွေရဲ့
ဟောပြောချက်တွေကို
ယုံမှတ်ပြီး ပုံအပ်လိုက်လို့ကတော့
ဒီဘဝရော၊ သံသရာမှာပါ
ပုံပျက် ပန်းပျက်တွေ ဖြစ်ကုန်မှာပါ
အရှင်စန္ဒဇောတိ(သာသနာနွယ်)


Thursday 16 April 2015

သင်္ကြန်ဆိုတာဖက်ရှင်ဘဲဗျကျနော်ကတော့အားပေးတယ် သူငယ်ချင်းတို့ရော?

သင်္ကြန်ဆိုတာဖက်ရှင်ဘဲဗျကျနော်ကတော့အားပေးတယ်
သူငယ်ချင်းတို့ရော?
▬▬▬▬▬▬▬▬▬▬▬▬▬▬
ရုတ်တရက်ကြည့်ရင်တော့သရုပ်ပျက်တယ်ပေါ့ဗျာ
ဒါပေမယ့်ကျနော်ကတော့သူတို့စတိုင်သဘောကျသား လူငယ်ဆိုတော့ လူကြည့်ခံချင်မှာပေါ့ ။အသက်ရတဲ့အခါနားလည်မှာပေါ့ လူငယ်ဆိုတာကိုယ့်လုပ်ချင်တဲ့စတိုင်တော့ရှိမှာဘဲ။လုပ်ရဲတော့လည်း ချီးကျူးတယ်။ သင်္ကြန်ဆိုတာကပျော်တတ်သူဘဲပျော်တာ။ကျနော်တို့က သင်္ကြန်ဆိုတာ မိသားစုဆုံတွေ့ချင်သူရှိသလို ခရီးသွားနားရက်လောက်ဘဲသိတယ်။ ကျနော်သာဆိုရှက်လို့ကဲချင်တာလည်းမသိ ပျော်ချင်တာတောင်မသိတဲ့သူ။
ဒီလိုဝတ်လို့ဘယ်နိုင်ငံခြားသားမှလည်းမကဲ့ရဲ့ဘူးး
ဘောင်းဘီအတိုအပြတ်နဲ့လူမြင်မကောင်းတာဝတ်တာတော့မဟုတ်ပါဘူး။ ဘယ်သူနဲ့မှရန်မဖြစ်ဘူးသူ့တို့စတိုင်နဲ့သူတိုနေကြတယ်ဗျ ။သရုပ်ပျက်အဝတ်အစားထက် အဲဒိအဖွဲ့က food not bomb အိမ်ခြေမဲ့တွေကိုအစားစာလိုက်လှူနေတဲ့အဖွဲ့ဖြစ်နေလို့ကျနော်သဘောကျတယ် သူငယ်ချင်းတို့အမြင်ကော?

GOOGLE ဆိုတာဘာလဲ၊? ။ ဘာကြောင့် GOOGLE လို့ ခေါ်ပါသလဲ..?။

GOOGLE ဆိုတာဘာလဲ၊? ။ ဘာကြောင့် GOOGLE လို့ ခေါ်ပါသလဲ..?။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
GOOGLE ဆိုတာ အတိုကောက် ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။
တကယ်တော့ GOOGLE ဆိုတာ Global Organisation Of Oriented Group Language of Earth လို့ အဓိပ္ပါယ် ရပါတယ်။
Google ကိုတည်ထောင်ခဲ့တဲ့ သူတွေကတော့ Larry Page နှင့် Sergey Brin တို့နှစ်ယောက် ဖြစ်ပါတယ်။
Sergey Brin ကို ၁၉၇၃ ခုနှစ် သြဂုတ်လ ၂၁ နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့မှာ မွေးဖွား ခဲ့ပါတယ်။ ယခုလက်ရှိ အသက်ကတော့ ၄၀ ဖြစ်ပါတယ်။
သူ၏ ဝင်ငွေကတော့ ၂၀၁၃ ခုနှစ် တိုင်းတာချက်အရ အမေရိကန်ဒေါ်လာ ၂၄.၄ ဘီလီယန် ဖြစ်ပါတယ်။
နောက်တစ်ကတော့ Larry Page ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ၁၉၇၃ ခုနှစ် မတ်လ ၂၆ မှာ မွေးဖွားခဲ့ ပါတယ်။ သူလည်း အသက် ၄၀ ဖြစ်ပါတယ်။ လက်ရှိ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၄.၉ ဘီလီယန် ဖြစ်ပါတယ်။

ကုသရခက်တဲ့ ရောဂါများကဘာတွေလဲ??

ကုသရခက်တဲ့ ရောဂါများကဘာတွေလဲ??
လူတွေမှာက
အထင်ကြီးခံချင်တဲ့ရောဂါ
ထင်ပေါ်ချင်တဲ့ရောဂါ
အချီးကျူးခံချင်တဲ့ရောဂါ
အမြောက်စားခံချင်တဲ့ရောဂါ
အသိအမှတ်ပြုခံချင်တဲ့ရောဂါ
လူအများရဲ့ အာရုံစိုက်မှုခံချင်တဲ့ရောဂါ
အစရှိသည့် အကြွားရောဂါများသည်
တရားမသိရင် ကုသဖို့ရာ ခက်ခဲလှပေသည်၊၊

လူသားတို့ ၏ ဒုတိယ နှလုံးသား ဆိုတာ ဘာလဲ???

လူသားတို့ ၏ ဒုတိယ နှလုံးသား ဆိုတာ ဘာလဲ???
=======
ကျန်းမာရေး သုတေသီများက လူသူးတို့ ၏ ဒုတိယ နှလုံးသား ဆိုသည်မှာ ခြေထောက်ပင် ဖြစ်သည်ဟု ဆိုပါသည်။
ခြေထောက် ကို ကျန်းမာအောင် ဂရိုစိုက်ပါ။ ခြေထောက် ကျန်းမာ လျှင် လူကျန်းမာ၏ လမ်းလျှောက်ပါ။
ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်ပါ။ မပြေးပါနှင့် (Walk, Don’t Run) ဟုဆိုသည်။
ရုပ်အို၊ အရွယ်ကျခြင်းသည် ခြေထောက်မှ စတင်၏ မိမိ၏ ခြေထောက်နှစ်ဖက် ကျန်းမာအောင် လေ့ကျင့်ပေးပါ။ အပျင်းမကြီးရ၊ ရေသာမခိုရ။ လမ်းဖြည်းဖြည်းနှင့် မှန်မှန် လျှောက်ပေးခြင်းသည် စိတ်ဖိစီးမှု၊ နှလုံး၊ သွေးတိုး၊ ခန္ဓာကိုယ် အလေးချိန် စသည်တို့ ကို သင့်တင့် မျှတအောင် စောင့်ထိန်းပေး၏ လူကို ကျန်းမာ သက်ရှည် သန်စွမ်းစေ၏
ထို့ ကြောင့် လူသားတို့ ၏ ဒုတိယ နှလုံး ဖြစ်သည်။
ခြေထောက် ကျန်းမာအောင် ဂရုစိုက်ပါဟု ကျန်းမာရေး သုတေသီများက သတိပေးထားသည်။ တိတိကျကျဆိုရလျှင် ခြေသလုံး ကြွက်သားများ၊ Calf Muscle များကို ဒုတိယ နှလုံးဟု ခေါ်ပါသည်။

အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင် ..???

အိမ်ထောင် တစ်ခု ပြုမယ် ဆိုရင် ..???
=================
A Age အသက် ဖြစ်ပါတယ်။ ကိုယ်နဲ့ အိမ်ထောင်ပြုမယ့် သူဟာ အသက် ကွာခြားချက် ကြီးလို့မရပါဘူး။ အသက် ( ၅ ) နှစ်ဟာ ခေတ်တစ်ခေတ် ကွာပါတယ်။ အတွေးအခေါ် အယူအဆ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ပေးသင်ခန်းစာ တူဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ်။
B Beauty အလှအပ ဖြစ်ပါတယ်။ ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဘက်ဟာ ကိုယ်နဲ့ လိုက်ဘက်တဲ့ ရုပ်ရည် ရူပကာ ရှိသင့် ပါတယ်။
C Character အကျင့် စာရိတ္တ။ ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ အကျင့် စာရိတ္တ ကောင်းမွန်ဖို့လိုပါမယ်။
D Director ဦးဆောင်နိုင်စွမ်း။ ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ အိမ်ဦးနတ်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်မပဲဖြစ်ဖြစ် ကျရာတာဝန်မှာ ဦးဆောင်နိုင်စွမ်းရှိတဲ့ သူတစ်ဦး ဖြစ်ဖို့လိုပါတယ်။
E Education ပညာရေး။ အိမ်ထောင်တစ်ခုမှာ ပညာရေးကွာခြားလို့ မရပါဘူး။ ပညာရေး ကွာခြားချက်ကြီးမားတာနဲ့ အမျှ အတွေးအခေါ် အယူအဆတွေ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကွာခြားလာပါတယ်။ အဲ့အတွက် ကိုယ့်ရဲ့ လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်အတွက်ပါ ထိခိုက်လာ နိုင်ပါတယ်။
F Facility အထောက် အကူပြုပစ္စည်း။ ဒီနေရာမှာ ဘ၀ အတွက် အထောက် အကူပြုနိုင်တဲ့ အရာပေါ့ဗျာ။ ငွေကြေးပဲထားပါတော့။ သိပ်တော့ အရေး မကြီးပါဘူး။ ဒါပေမယ့် ထည့်သွင်း စဉ်းစားရမယ့်အချက် တစ်ခုအနေနဲ့ ထည့် ထားတာပါ။
G Generation မျိုးဆက်(သို့)မျိုးရိုး။ ကိုနဲ့ အိမ်ထောင်ပြုမယ့်သူဟာ မျိုးရိုးကောင်းဖို့ လိုပါမယ်။ ဒါက ထွေထွေထူးထူး ပြောနေစရာကိစ္စမဟုတ်ပါဘူး။
H Health ကျန်းမာရေး။ ဒါကတော့ ပြောနေ စရာကို မလိုတာ။ ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ဖာသာကို စစ်ဆေးခိုင်းပေါ့ဗျာ။
ပျော်ရွှင်ပါစေဗျား
ဟွာလေ ထပ်ရှိသေးရင်ပြောပါအုံး tongue emoticon
အာ့နဲ့ကိုက်ညီတာရှာရင်း
တကယ်တော့ အိမ်ထောင်တစ်ခုပြုမယ်ဆိုရင်...အချစ်ဘဲလိုပါတယ်ဗျာ.......အချစ်သာစစ်ပါစေ....
အချစ်လားဟေ့ ....၀င်ခဲ့ လေကွယ်...

Wednesday 15 April 2015

စပျစ်သီးမှ ကုသပေးသော ရောဂါများ

စပျစ်သီးမှ ကုသပေးသော ရောဂါများ
▬▬▬▬▬▬▬▬▬▬▬▬▬▬
စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

၁။ ပန်းနာ ပျောက်ကင်းစေခြင်း

ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

၂။ ဝန်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ဝမ်းချုပ် ဝမ်း ပုံမှန် သွားစေပါတယ်။



၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း



ကောင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်းထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။



၎။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း



နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာကွယ်ပေးပါတယ်။ သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ်တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ သဘာဝ antioxidant လည်း ဖြစ်တဲ့အတွက် LDL ကိုလက်စထရော level ကိုလျော့ချပေးပါတယ်။ ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။



၅။ အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း



အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေ ပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ မှီဝဲ စားသုံးသင့်တဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။



အထက်ဖော်ပြပါ ရောဂါ ဝေဒနာများကို သက်သာ၊ပျောက်ကင်း၊ ကုသ ပေးတဲ့အပြင် စပစ်သီးမှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိနေသေးကြောင်း သိရပါတယ်။

--

Ref: medic-facts

တောက်ပတဲ့အပြုံးပိုင်ရှင်

တောက်ပတဲ့ အပြုံးပိုင်ရှင်များဖြစ်စေဖို့
▬▬▬▬▬▬▬▬▬▬▬▬▬▬
သန်မာတဲ့သွားတွေဟာ ကျန်းမာတဲ့အခြေအနေကို ဖော်ညွှန်းပါတယ်။ သွားတွေကျန်းမာမှ ကိုယ်စားချင်တာ စားလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ခံစားချင်တဲ့ အရသာကို မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သွားဟာ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့အလှအပကိုလည်း သွားဟာ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။ ရုပ်ဘယ်လောက်လှလှ၊ သွားမလှ၊ သွားချေးထူ၊ သွားကျိုးနေရင် ရုပ်ရဲ့အလှကို ကောင်းစွာ ပျက်စီးစေနိုင်ပါတယ်။ သွားဟာ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊

အခေါင်းပေါက်ဖြစ်နေခြင်း၊ သွားနှုတ်ထားခြင်းတို့ဟာလည်း လူတစ်ယောက်ရဲ့ နုပျိုမှုကို လျှင်မြန်စွာ တိုက်စားနိုင်ပါတယ်။ အထူးသဖြင့် သွားနှုတ်ထားတဲ့သူတွေဟာ အမြန်အရွယ် အိုတတ်ကြပါတယ်။ ဒါကြောင့် သွားဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အရေးကြီးနေတာမို့ ဒီတစ်ပတ်မှာ သွားအလှကို ဖော်ပြလိုက်ရပါတယ်။



သွားတိုက်မှန်စေဖို့



သွားတိုက်တဲ့အခါမှာ နည်းစနစ်တကျနဲ့ မှန်ကန်မှ ခံတွင်းထဲက အညစ်အကြေးတွေကို သန့်စင်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်တာကတော့ သွားတိုက်တံကောင်းကောင်း တစ်ချောင်းပဲ ဖြစ်ပါတယ်။ သွားတိုက်တံကောင်းကောင်းနဲ့ တိုက်တာဟာ အကောင်းစား ကြိုက်တတ်အောင်သင်ပေးတာ မဟုတ်ပါဘူး။ သွားရဲ့ကျန်းမာရေးအတွက် ပြောတာဖြစ်ပါတယ်။ နောက်ပြီး သွားတိုက်တံကို ရက်ကိုးဆယ်ခြားတစ်ခါ လဲလှယ်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် တိုက်ပေးသင့်ပြီး တစ်ကြိမ်က နံနက်စာစားပြီးတဲ့အချိန်နဲ့ နောက်တစ်ကြိမ်က ညအိပ်ရာမ၀င်

ခင်အချိန်တို့ပဲ ဖြစ်ပါတယ်။



သွားချေးတက်စေသော အစားအသောက်များ



သွားအလှကို ပျက်ယွင်းစေတဲ့ အစားအသောက်တွေထဲမှာ ပျိုတို့သောက်လေ့ရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်နီ၊ ဆေးလိပ်တို့ဟာ သွားရဲ့ အရောင်ကိုပျက်ယွင်းစေပါတယ်။ အထူးသဖြင့် ကော်ဖီ အသောက်များတဲ့သွားတွေဟာ သွားအရောင်ကို ပျက်ယွင်းစေပါတယ်။ ကွမ်းစားခြင်းဟာလည်း သွားရဲ့အရောင်ကို ပျက်စေပါတယ်။ ဒီအစားအသောက်တွေဟာ သွားထဲမှာ ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး သွားချေးဖြစ်စေပါတယ်။ ဒီအတွက် ဒီအစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး မနက်မိုးလင်းလို့ နံနက်စာ စားပြီးတာနဲ့ သွားမှန်မှန်တိုက်ပေးဖို့ လိုပါတယ်။ ကိုယ်စားနေတဲ့ အစားအသောက်တွေထဲမှာ အချိုဓာတ်မပါရင် မဖြစ်ဘူးဆိုတဲ့ ပျိုမေများကို သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ သကြားဓာတ်ဟာ PH Level ကို များစွာကျဆင်းစေပြီး ဘတ်တီးရီးယားပိုးတွေ ရှင်သန်နိုင်အောင် မွေးပေးနေသလို ဖြစ်နေပါလိမ့်မယ်။ အဆုံးမှာတော့ သွားအခေါင်းပေါက်ခြင်း၊ သွားပိုးစားခြင်းတို့ ဖြစ်လာပြီး သွားနှုတ်ရတတ်ပါတယ်။ တချို့ လုပ်လေ့ရှိပါတယ်။ ရေခဲရည်သောက်တာပဲဖြစ်ဖြစ်၊ တခြားရေခဲပါတဲ့ဟာကို သောက်သုံးတာပဲဖြစ်ဖြစ် ရေခဲကို ၀ါးစားတဲ့အကျင့်လေးပါ။ ရေခဲကိုမ၀ါးပါနဲ့။ သွားကိုထိခိုက်စေလို့ ဖြစ်ပါတယ်။ တခြားမာကျောတဲ့ အစားအသောက်တွေကိုလည်း ၀ါးစားတာ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ အချိုစားပြီးလို့ပဲဖြစ်ဖြစ်၊ နံနက်စာ စားပြီးလို့ပဲဖြစ်ဖြစ် သွားတိုက်တော့မယ်ဆိုရင် အနည်းဆုံး မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းပြီးမှ သွားတိုက်ပေးသင့်ပါတယ်။



သွားအလှကို တောက်ပြောင်စေသော အစားအသောက်များ



ပန်းသီးစားပေးပါ။ စတော်ဘယ်ရီလည်း စားသုံးနိုင်ပါတယ်။ စတော်ဘယ်ရီထဲမှာ သွားကိုဖြူစေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ မယ်လစ်အက်စစ်ပါဝင်ပြီး သွားချေးတွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီနဲ့ သွားဖြူအောင်လုပ်တဲ့နေရာမှာ စတော်ဘယ်ရီကို နှစ်ခြမ်းလှီးပြီး သွားကိုပွတ်ပေးပါ။ ပြီးမှ ရေနဲ့ပလုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့တစ်ဖန် ပြန်တိုက်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ သံပရာသီးဟာလည်း စတော်ဘယ်ရီလို သွားဖြူအောင်လုပ်ပေးနိုင်ပါတယ်။ ၀ါထိန်နေတဲ့သွားတွေကို ဖြူအောင်လုပ်ပေးနိုင်တယ်။ အက်စစ်ဓာတ်များတဲ့အတွက် တချို့သွားတွေအတွက်တော့ သံပရာသီးဟာ သင့်တော်ခြင်းမရှိပါဘူး။ သံပရာသီးသုံးစိတ်ကို ဆားနဲ့ရောပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ ရေနဲ့ပလုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့ တစ်ဖန်ပြန်တိုက်ပေးပါ။ အက်စစ်ဓာတ်ပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့အတွက် တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးပါ။ ပိုသွားရင် သွားကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ စတော်ဘယ်ရီနဲ့ သံပရာသီးထဲမှာပါတဲ့ ဗီတာမင်စီနဲ့ အက်စစ်ဓာတ်တွေဟာ သွားရဲ့အပေါ်ယံကြေလွှာကို ပျက်စီးစေနိုင်တာမို့ တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးကြပါ။ သံပရာဖျော်ရည်၊ ဂရိတ်ဖရု(တ်)သစ်သီးဖျော်ရည်တို့ဟာလည်း လိမ္မော်ရည်သောက်တာထက် သုံးဆ သွားကိုထိခိုက်စေနိုင်တာမို့ သတိပြုသင့်ကြပါတယ်။



သတိပြုသင့်သော လက္ခဏာများ



သွားနဲ့ ပတ်သက်တဲ့ရောဂါတွေဟာ ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ သွားဖုံးမှာ သွေးထွက်လာတာဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဆီးချို၊ လေဖြတ်ခြင်းစတဲ့ တခြားသော ရောဂါကြီးများနဲ့လည်း ဆက်စပ်နေတာမို့ သွားဖုံးထဲမှ သွေးထွက်ခြင်းကို ပေါ့ပေါ့တန်တန် ယူဆလို့မရပါဘူး။ Mouthwash ခံတွင်းနံ့သန့်ရှင်းအောင် ပလုတ်ကျင်းတဲ့ဟာတွေဟာ အရက်ပါဝင်မှုရှိရင် သွားကင်ဆာကို ဖြစ်ပွားစေနိုင်တယ်လို့ သြစတြေးလျ သွားဂျာနယ်က ဆိုထားပါတယ်။ အယ်လ်ကိုဟော၂၇ ရာခိုင်နှုန်းနဲ့အထက် ပါဝင်မှုရှိတဲ့ဟာတွေကို သတိပြုပြီး သုံးပေးပါ။

သွားကျန်းမာရေးအတွက် တစ်နှစ်ကို နှစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ခန့် သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။



မှားတတ်သော အမှားများ



သွားတိုက်တဲ့အခါမှာ ခပ်ကြမ်းကြမ်းတိုက်ခြင်း၊ ခပ်မြန်မြန်တိုက်ခြင်းဟာ သွားရဲ့အပေါ်ယံကြွေလွှာကိုပျက်စီးစေပါတယ်။ အမွှေးကြမ်းတဲ့ သွားတိုက်တံများဟာလည်း သွားကြွေလွှာကို ပျက်စီးစေတာမို့ သတိထားသင့်ကြပါတယ်။ ဖြည်းဖြည်းညှင်းညှင်းနဲ့ မိနစ်အနည်းငယ် ကြာတဲ့အထိ တိုက်ပေးသင့်ပါတယ်။သွားတိုက်တဲ့အခါမှာလည်း နေ့စဉ် ကိုယ်စတိုက်နေကျနေရာကနေ စပြီး တိုက်လေ့ရှိပါတယ်။ အမှန်တော့ အဲဒီလို မတိုက်သင့်ပါဘူး။ သွားတိုက်ဘရှက်ရှ်အမွှေးဟာ စတိုက်တဲ့အချိန်မှာ အကောင်းဆုံးအလုပ်လုပ်လေ့ရှိပါတယ်။ တိုက်တဲ့လူကလည်း စတိုက်တိုက်ခြင်းမှာ အကောင်းဆုံးနဲ့ ဂရုတစိုက်တိုက်လေ့ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တိုက်အားရော၊ ဂရုစိုက်နိုင်စွမ်းအားရော လျော့ကျသွားလေ့ရှိတာမို့ နေ့စဉ်စတိုက်တဲ့နေရာကို ပြောင်းပြီးတိုက်ပေးသွားပါ။

သွားအလှဟာ ရဲရဲဝံ့ဝံ့ ပြုံးစေနိုင်တဲ့ အလှတစ်ခုလည်း ဖြစ်ပါတယ်။ သွားမလှရင် ဘယ်လိုပြုံးပြုံး မြင်သူ မရွှင်ပြုံးနိုင်ပါဘူး။ မျက်နှာကိုပဲသပြီး သွားအလှကို ပစ်ထားလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် သွားအလှပိုင်ရှင်များ ဖြစ်နိုင်ကြစေရန် ရည်သန်လျက် . . .။

Ref: 8 Days Journal


သစ်သီးများစားခြင်းဖြင့် ဆီးချိုရောဂါလျော့ကျနိုင်ပြီး သစ်သီးဖျော်ရည်ကမူ ပြောင်းပြန်သက်ရောက်ကြောင်းတွေ့ရှ

သစ်သီးများစားခြင်းဖြင့် ဆီးချိုရောဂါလျော့ကျနိုင်ပြီး သစ်သီးဖျော်ရည်ကမူ ပြောင်းပြန်သက်ရောက်ကြောင်းတွေ့ရှိ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လတ်ဆတ်သော အသီးအနှံများနှင့် ၎င်းတို့ကို အရည်ဖျော်ထားသည့် ဖျော်ရည်များသည် ဆီးချိုရောဂါနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက် သက်ရောက်တတ်သည့် အာနိသင်ရှိနေကြောင်း သိရသည်။သုတေသနပြုရလဒ်များက လတ်ဆတ်သော သစ်သီးဝလံများ၊ အထူးသဖြင့် ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး၊ သစ်တော်သီး အစရှိသည်တို့ကို စားသုံးခြင်းသည် Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။



သို့သော်လည်း သစ်သီးဖျော်ရည် များများသောက်သည့်အခါ အဆိုပါ ကောင်းကျိုးသက်ရောက်မှုနှင့် ဆန့်ကျင်ဘက်ရလဒ်မျိုး ထွက်ပေါ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ ဗြိတိန်၊ အမေရိကန်နှင့် စင်္ကာပူတို့မှ သုတေသီများ ပူးပေါင်းပြုလုပ်သောလေ့လာမှုတွင် သစ်သီးဖျော်ရည်များက ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်လာစေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။



ယခုစစ်တမ်းအတွက် သူနာပြုများနှင့် အခြားသော ပရော်ဖက်ရှင်နယ် အလွတ်တမ်း သူနာပြု ၁၈၇၀၀၀ ကျော်ထံမှ ဆေးမှတ်တမ်းများကို တောင်းယူကာ လေ့လာခဲ့ခြင်းဖြစ်သည်။ ယင်းဆေးမှတ်တမ်းတွင်ပါဝင်သူများ၏ တစ်နှစ်တာ နေထိုင်စားသောက်မှုပုံစံများ၊ ကိုယ်လက်လှုပ်ရှားမှု အခြေအနေ၊ ဆေးလိပ်သောက်ခြင်းနှင့် အခြားသော လူနေမှုဘဝပုံစံများကို လေ့လာခဲ့ရာ ၆.၅ ရာခိုင်နှုန်းသည် Type 2 ဆီးချို ဖြစ်နိုင်ခြေ မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရသည်။



ပျမ်းမျှအားဖြင့် ၎င်းတို့သည် သစ်သီးဖျော်ရည်များ သောက်သုံးမှုတွင် သာမန်ထက် ၂၃ ရာခိုင်နှုန်းမျှ ပိုများနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ သို့သော်လည်း လတ်လတ်ဆတ်ဆတ် သစ်သီးများ စားသုံးခြင်းကမူ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းသွားစေကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။



"ကျွ န်တော်တို့ရဲ့ တွေ့ရှိချက်က သစ်သီးတွေဟာ ဆီးချိုခြိမ်းခြောက်မှုကို လျော့နည်းသွားစေကြောင်း ခိုင်ခိုင်မာမာ ပြသနိုင်လာခဲ့ပါတယ်" ဟု ဟားဗက်ဆေးကျောင်း၏ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ပရော်ဖက်ဆာ ကွီဆန်က ပြောကြားခဲ့သည်။ သို့သော်လည်း တစ်ပတ်လျှင် ပျမ်းမျှ သစ်သီးဖျော်ရည် သုံးခွက်မျှ သောက်သုံးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းသည်လည်း သတိထားသင့်သည့် တွေ့ရှိမှုတစ်ခုအဖြစ် ကွီက မှတ်ချက်ပြုခဲ့သည်။



"အစာအိမ်ကို ဖြတ်သန်းတဲ့အခါ အရည်က အစိုင်အခဲထက် ပိုမြန်ဆန်တယ်။ အာဟာရ ပြုမှုမှာလည်း ဒီသဘောတရားက တူတူပဲ" ဟု ကွီက ဆိုသည်။၎င်းက "ပြောရရင်တော့ သစ်သီးဖျော်ရည်တွေက သွေးကြောလေးတွေဆီကို သကြားဓာတ် စိမ့်ဝင်ဖို့ကျတော့ ပိုမြန်ပြီး ပမာဏလည်း များတယ်။ သစ်သီးတစ်လုံးစာထက်

ပိုများတဲ့ အင်ဆူလင်နဲ့ ဂလူးကို့စ်ကို သစ်သီးဖျော်ရည်တွေကနေ ရရှိသွားစေတတ်တယ်လေ" ဟုလည်း ရှင်းပြသွားပါသည်။

Ref;...Health


ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနိုင်



ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနိုင်
▬▬▬▬▬▬▬▬▬▬▬▬▬▬
အစောပိုင်းက အဆီများသော အစားအသောက်များသည် ဦးနှောက်ကို နှေးကွေး လေးလံစေကြောင်း ယုံကြည်ထားကြသော်လည်း ချိစ်ကဲ့သို့ နို့ထွက် ပစ္စည်းများသည် ဦးနှောက်၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဓာတ်စာများဟု ယခုတွေ့ရှိမှုက ဖော်ပြချိစ်များများ စားခြင်းသည် ဦးနှောက် စွမ်းဆောင်ရည်ကို မြင့်မားစေကြောင်း သုတေသီများ၏ ဖော်ထုတ်မှု တစ်ခုအရ အတည်ပြု တွေ့ရှိခဲ့သည်။

အစောပိုင်းက အဆီများသော အစားအသောက်များသည် ဦးနှောက်ကို နှေးကွေး လေးလံစေကြောင်း ယုံကြည်ထားကြသော်လည်း ချိစ်ကဲ့သို့ နို့ထွက် ပစ္စည်းများသည် ဦးနှောက်၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဓာတ်စာများဟု ယခုတွေ့ရှိမှုက ဖော်ပြခဲ့သည်။ ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျတို့မှ သုတေသီများသည် လူပေါင်း (၁၀၀၀)၏ နေထိုင် စားသောက်မှု စနစ်ကို လေ့လာကာ ယခုရလဒ်ကို ဖော်ထုတ် ကြေညာခဲ့ခြင်းဖြစ်သည်။ ချိစ်အပြင် နွားနို့၊ ဒိန်ချဉ်စသည့် နို့နှင့် နို့ထွက် အစားအစာများသည်လည်း အလားတူ အာနိသင်မျိုး ရှိနေကြောင်း သိရသည်။

နို့ထွက် အစားအသောက်များကို လုံးဝ မစားခြင်း၊ သို့မဟုတ် အလွန် ရှားပါးစွာသာ စားသောက်လေ့ ရှိခြင်းတို့သည် နို့ထွက် ပစ္စည်းများ ပေါကြွယ်စွာ စားသောက်သူများထက် ဦးနှောက် စွမ်းရည် ဖွံ့ဖြိုးမှု နှေးကွေးကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ အမေရိကန်တွင် ပင်စင်စား သက်ကြီးရွယ်အို (၁၀၄)ဦး၏ နေထိုင် စားသောက်မှု ပုံစံကို စောင့်ကြည့် လေ့လာခဲ့ပြီးနောက် နို့ထွက်ပစ္စည်းများ၏ ဦးနှောက်အတွက် ကောင်းမွန်သော လှုံ့ဆော်မှု အာနိသင်ကို တွေ့ရှိခဲ့သည်။ နို့နှင့် ငါးကြီးဆီတို့တွင် ပါဝင်သော omega-3 အဆီကဲ့သို့ ဓာတ်မျိုးသည် ဦးနှောက်၏ တက်ကြွမှု လုပ်ငန်းဆောင်တာပိုင်းကို အားပေးနိုင်ကြောင်း သိရသည်။

နို့တွင် omega-3နှင့် omega-6တို့ကဲ့သို့ ဦးနှောက်အတွက် အကျိုးဖြစ်ထွန်းစေသော အဆီဓာတ်များ ပါဝင်နေသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အဲလက်စ် ရစ်ချတ်ဆန်က “omega-3 လိုမျိုး အဆီတွေက ဦးနှောက်ရဲ့ ဓာတုဖြစ်စဉ်တွေကို ကောင်းကျိုး ပေါ်ပေါက်လာစေတာကို ဖော်ထုတ်နိုင်ပါတယ်။ သာမန်အားဖြင့်တော့ ပြည့်ဝဆီတွေဟာ ဦးနှောက်အတွက် အန္တရာယ် ဖြစ်နိုင်စေပေမယ့် ကွဲပြားတဲ့ ဖွဲ့စည်းပုံအရ essential fat အဆီတွေရဲ့ သက်ရောက်မှုက အကောင်းဘက်ကို ဦးတည်နိုင်ပါတယ်”ဟု ရှင်းလင်း ပြောကြားသွားသည်။

Source: DailyMail


နှစ်သစ်မင်္ဂလာပါ



မင်္ဂလာပါ....
မကြာတဲ့ နေ့ နှစ်သစ်မင်္ဂလာမှာ....လူသစ် စိတ်သစ်အတွေးသစ်များနဲ့ ..နေထိုင်ကြရအောင်
▬▬▬▬▬▬▬▬▬
၁။ မည်သူ့ အပေါ်တွင်မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း၊ နှလုံးကောင်းထားပါ။

၂။ ကောင်းသော ဣဋ္ဌာရုံနှင့် တွေ့သောအခါ လွန်စွာ ဝမ်းသာအားရ သောမနဿ လောဘမဖြစ်ပါနှင့်။

၃။ မကောင်းသော အနိဋ္ဌာရုံနှင့် တွေ့သော အခါ၌လည်း ဝမ်းနည်းပက်လက် မနှစ်သက်သော ဒေါမနဿ ဒေါသမဖြစ်ပါနှင့်။

၎။ မိမိပိုင်မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့် မတရား ယူလိုသည့် လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ။ တင်းတိမ်ပါ။ ဆင်းရဲသည်ကို ဂုဏ်ယူပါ။ မတရား ချမ်းသာတာကို ဂုဏ်မယူပါနှင့်။

၅။ သတ္တဝါတို့ကို မညှင်းဆဲပါနှင့်၊ မနှိပ်စက်ပါနှင့်၊ ကာယအားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့် မညှင်းဆဲပါနှင့်။

၆။ သတ္တဝါအားလုံး မိမိနှင့် ထိတွေ့ သိရှိသူ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ၊ မိမိအား ချစ်ခင်လိုလားသူ၊ မိမိအား မုန်းတီးစက်ဆုပ်သူ၊ မိမိအား ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း၊ အလယ်အလတ် သဘောရှိသူ အားလုံးအပေါ် သန့်ရှင်း ကြည်လင်သော မိမိနှင့် ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇။ လိမ်ညာ မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၈။ မည်သည့် စိတ်ဖြင့်ဖြစ်စေ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ်၊ ဆိုးစေလို၍ပဲ ဖြစ်ဖြစ်၊ ဖရုသဝါစာ တည်းဟူသော ဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ။

၉။ ချစ်သူနှစ်ယောက် ကွဲသွားအောင် ကုန်းတိုက်သော၊ ရန်တိုက်ပေးသော ဝိသုဏဝါစာ စကားကို ရှောင်ကြဉ်ပါ။

၁၀။ ကလေး သူငယ်များနှင့် လူဖျင်း လူပေါ့တို့ နားထောင်၍ ကောင်းရုံသာဖြစ်သော (အနက် အဓိပ္ပါယ်မရှိ၊ အကျိုးမရှိသော) အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဖပ္ပလာပ စကားကို ရှောင်ကြဉ်ပါ။ ဟိုစပ်စပ် ဒီစပ်စပ် ပါဝင်ကာ အာလာပသလ္လပ ဗရုတ်သုတ်ခ မဟုတ်က၊ ဟုတ်က စကားများမပြောနှင့်။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင်၊ သဘောပေါက် လွယ်အောင် သာယာ ပျောင်းညင်းစွာ ပြောဆိုပါ။ လူပုံအလယ်တွင် အရှက်ကွဲစေခြင်း၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ပါ။

၁၂။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံ အားထုတ်ပါ။

၁၃။ သရဏဂုံ သုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊ မေတ္တာဘာဝနာကို ပွားပါ။ ဝိပဿနာ လမ်းသို့ တက်လှမ်းနိုင်ပါစေ။

၁၄။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ။

၁၅။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ။

၁၆။ အစဉ်ကြည်လင်သော ကောင်းသော နှလုံးကိုသာ သွင်းပါ။

၁၇။ လောကုတ္တရာ တရားတော်တွင် စိတ်ကိုမြှုပ်နှံထားပါ။

၁၈။ - ခန္တီစ သည်းခံခြင်းတရားကို မမေ့လျော့လေနှင့်။

- ရန်ကိုရန်ချင်း မတုံ့နှင်းနှင့်။

- မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏။

၁၉။ ကာယ၊ ဝစီ၊ မနောအားဖြင့် ပြုမူလှုပ်ရှား ပြောဆိုမှု၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်၊ လျော်မလျော်၊ အချိန်အခါ ဟုတ်၊ မဟုတ်၊ ပြောလျှင်ဘာဖြစ်မလဲ၊ မပြောလျှင် ဘာဖြစ်မလဲ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏။ လုပ်သင့်၏။ စဉ်းစားသင့်၏။ အကျိုးအပြစ် ဝေဖန်ပြီးမှ လုပ်သင့်၏။ ပြောသင့်၏။ စိတ်နောက်ကိုယ်ပါ၊ ချွန်းမရှိ၊ ပညာမရှိ မပြုမူသင့်။

၂၀။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ၊ လူကောင်း သူကောင်းလည်းဖြစ်၊ ယခုဘဝတွင်ရော၊ သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည်။ နိဗ္ဗာန်ရောက်ကြောင်း မဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ။

၂၁။ စိတ်ကို မေတ္တာဖြင့်ထုံမွမ်းပါလေ။

၂၂။ မိမိစိတ်ကို အစဉ် သတိဖြင့် ကပ်ထားပါလေ။ မလွှတ်လိုက်ပါနှင့်။ စိတ်ဟူသည် ဖြန့်ကျက်တတ်သော သဘောရှိ၏။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

တရားအသိကိုပေးလှူပါသည်။

ရွှေအိမ်စည်


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform