စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 19 October 2014

ဖြူးမြို့နယ်၌ စိတ်မနှံ့သူက ဓားဖြင့်ခုတ်၍ လူသေမှုဖြစ်ပွား

ဖြူး အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး ဖြူးအရှေ့ အုတ်ဖြတ် ကျေးရွာအုပ်စု အိုးဘိုကုန်း ကျေးရွာတွင် စိတ်ဖောက်ပြန် နေသူက မိခင်၊ ညီမနှင့် သံဃာတော် တစ်ပါးအား ကိုင်းခုတ်ဓားမဖြင့် ခုတ်၍ လူသေမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းရွာနေ ဒေါ်သန်းနွဲ့ (၆၇)နှစ်နှင့် သမီးဖြစ်သူ မနီနီဝင်း(၂၃)နှစ် တို့သည် နေအိမ်တွင်ရှိနေကြစဉ် အတူနေသားဖြစ်သူ ငမျိုး(ခ)မျိုးသိန်း (၃၃)နှစ်သည် စိတ်ဖောက်ပြန်လာပြီး မိခင်ဒေါ်သန်းနွဲ့နှင့် ညီမ မနီနီဝင်းတို့အား ဓားမ၊ ပေါက်တူးတို့ဖြင့်ခုတ်၍ ဒေါ်သန်းနွဲ့၏ ဝဲနဖူး ပြတ်ရှဒဏ်ရာတစ်ချက်၊ မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိသေဆုံးခဲ့ပြီး ငမျိုး(ခ)မျိုးသိန်းမှာ ရွာလမ်းအတိုင်း ထွက်ပြေးရာ ရွာဦးဘုန်းတော်ကြီး မြရောင်ခြည် ကျောင်းမုခ်ဦး တန်းလျားတွင် ထိုင်နေသော ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅)နှစ် သုံးဝါကို ဆက်လက်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသေဆုံးသွားသည်။

ပြစ်မှုကျူးလွန်သူ ငမျိုး(ခ)မျိုးသိန်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဦးခေါင်းခွဲစိတ်ခံထားရပြီး စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး အမှုကို ဖြူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးစံလှ၊အုတ်ဖြတ်ရဲကင်းစခန်းမှူး ရဲအုပ်သန်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တို့က တရားခံဖမ်းဆီးရမိရေးကို အချိန်နှင့်တစ်ပြေးညီ လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူအား ထိုနေ့ည ၁ဝ နာရီခန့်တွင် ရွာအရှေ့ ဘက်တစ်မိုင်ခန့် လယ်ကွင်းထဲ၌ ဒဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

(ဖြူးမြင့်ဦး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Monday, 22 September 2014

ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ

နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ခရီးတစ်ထောက်နားပြီး ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ စက်တင်ဘာ ၁၅ ရက်ညက စတင်ပြီး ညစဉ် ညတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ နေပြည်တော် ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဇေယျာသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရှိန် နှင့် ရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ကျောက်ချက်ကျေးရွာအုပ်စုနှင့် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်း တစ်လျှောက်တွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းကစတင်ကာ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲတွင် ဇေယျာသီရိအားကစားကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ညအိပ်ရန် ရပ်နားလျက်ရှိသော ၁ဝ ဘီးယာဉ် သုံးစီးကို ဆီဖောက်ခိုးယူရန် ရောက်ရှိနေသည့် ဆိုင်ကယ်သုံးစီးနှင့် လူခုနစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့နယ် ကုလားရွာနေ ကိုဖြိုး(၂၂ နှစ်)နှင့် ဆိုင်ကယ်သုံးစီးကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၁ဝ ဂါလန် ဒီဇယ်တစ်ပုံးနှင့် ၁ဝ ဂါလန် ပလတ်စတစ်ပုံးဖြင့် ဒီဇယ်နှစ်ဂါလန်ခန့်ပါ တစ်ပုံး၊ အရှည်ခုနစ်ပေခန့်ရှိ ပလတ်စတစ်ပိုက်ပျော့တစ်ချောင်းနှင့် အရှည် လက်မ ၂ဝ ခန့်ရှိ သစ်သားဓား အိမ်တစ်ခုတို့ကို သိုဝှက်သိမ်းဆည်းထားသော လမ်းဘေးတစ်နေရာမှ ဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်စဉ် ညစဉ်ညတိုင်း ကိုဖြိုးနှင့်အတူ ကုန်တင်ယာဉ်များမှ ဆီနှင့် အခြားပစ္စည်းများကို ခိုးယူကြသည့် အောင်အောင် ကုလားရွာ လယ်ဝေးမြို့နယ် နေသူအပါအဝင် ၁၃ ဦး၏ အမည်များကို ကိုဖြိုးက ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတွင်းကုန်းမြို့မရဲစခန်းက ဥပဒေအရ ကိုဖြိုးအား ဖမ်းဆီးထားပြီး ကျန်ရှိသောပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုရူပ(နေပြည်တော်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

လမ်းဘေးညအိပ်မော်တော်ယာဉ်များမှ စက်သုံးဆီနှင့် အခြားပစ္စည်းများ ခိုးယူသူများကို ဖမ်းဆီး

နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ခရီးတစ်ထောက်နားပြီး ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ စက်တင်ဘာ ၁၅ ရက်ညက စတင်ပြီး ညစဉ် ညတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ နေပြည်တော် ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဇေယျာသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရှိန် နှင့် ရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ကျောက်ချက်ကျေးရွာအုပ်စုနှင့် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်း တစ်လျှောက်တွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းကစတင်ကာ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲတွင် ဇေယျာသီရိအားကစားကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ညအိပ်ရန် ရပ်နားလျက်ရှိသော ၁ဝ ဘီးယာဉ် သုံးစီးကို ဆီဖောက်ခိုးယူရန် ရောက်ရှိနေသည့် ဆိုင်ကယ်သုံးစီးနှင့် လူခုနစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့နယ် ကုလားရွာနေ ကိုဖြိုး(၂၂ နှစ်)နှင့် ဆိုင်ကယ်သုံးစီးကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၁ဝ ဂါလန် ဒီဇယ်တစ်ပုံးနှင့် ၁ဝ ဂါလန် ပလတ်စတစ်ပုံးဖြင့် ဒီဇယ်နှစ်ဂါလန်ခန့်ပါ တစ်ပုံး၊ အရှည်ခုနစ်ပေခန့်ရှိ ပလတ်စတစ်ပိုက်ပျော့တစ်ချောင်းနှင့် အရှည် လက်မ ၂ဝ ခန့်ရှိ သစ်သားဓား အိမ်တစ်ခုတို့ကို သိုဝှက်သိမ်းဆည်းထားသော လမ်းဘေးတစ်နေရာမှ ဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်စဉ် ညစဉ်ညတိုင်း ကိုဖြိုးနှင့်အတူ ကုန်တင်ယာဉ်များမှ ဆီနှင့် အခြားပစ္စည်းများကို ခိုးယူကြသည့် အောင်အောင် ကုလားရွာ လယ်ဝေးမြို့နယ် နေသူအပါအဝင် ၁၃ ဦး၏ အမည်များကို ကိုဖြိုးက ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတွင်းကုန်းမြို့မရဲစခန်းက ဥပဒေအရ ကိုဖြိုးအား ဖမ်းဆီးထားပြီး ကျန်ရှိသောပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုရူပ(နေပြည်တော်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

Friday, 5 September 2014

စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် တိမ်းရှောင်နေသော စီးပွားရေး လုပ်ငန်းရှင်အား ဖမ်းဆီးရမိ

ရန်ကုန်မြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် အား မြောက်ဦးမြို့တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၃

သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများရောင်းချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော် သည် သြဂုတ် ၂၉ ရက် ညပိုင်းတွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်။

သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော် သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန်တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိအကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင်ရပ်(၂)လမ်း၊ အမှတ်(တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

http://myanmarpoliceforce.org/index.php?option=com_content&view=article&id=800%3A2014-09-02-12-32-02&catid=105&Itemid=680 တွင်ဖော်ပြထားပါသည်။


Sunday, 10 August 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် သေဆုံးနေသည့် အမည်မသိအမျိုးသမီး ၁ ဦးအား တွေ့ရှိ

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ မြေသားလမ်းဘေးအနီး၌ အဖြူရောင်ပလတ်စတစ်အကြည်ဖြင့်ထုပ်ထားသော အသက် (၄၅) နှစ်ခန့်ရှိ အမည်မသိ အမျိုးသမီးတစ်ဦးအား ဦးခေါင်းဝဲဘက်ခြမ်းပေါက်ပြဲ၊ ယာနံရိုး(၁)ချောင်းကျိုး ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းအနီးမှ ပီနံအိတ်ဖြင့်ထုပ်ထားသော ဒန်ခွက်အစုတ်များ၊ ပီနံအိတ်အဟောင်းစုတ်များ၊ သံပြားအဟောင်းများ၊ ဖိနပ်အဟောင်းများ၊ ဗူးတိုခွက်စများထည့်ထားသည့် အထုပ်(၁)ထုပ်နှင့် လုံချည်အဟောင်း(၁)ထည်တို့အား တွေ့ရှိရသဖြင့် ဘောနတ်ကြီးအမြန်လမ်းရဲစခန်း (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

Thursday, 24 July 2014

လူသတ်မှုကျူးလွန်ပြီး ရှောင်တိမ်းနေသူကို တည်းခိုခန်းတွင် ဖမ်းဆီးရမိ

 ကန့်ဘလူ ၊ ၂၅-၇-၂၀၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ဇီးကုန်း ရဲစခန်း က(ပ)၁၁၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃ဝ၂ အရ အလိုရှိ နေသည့် ပြစ်မှု ကျူးလွန်သူ ဖိုးထိုက် (ခ) သန်းထိုက်စိုး (ဘ) ဦးဖိုးသီးကို ရွှေဘိုခရိုင် မှုခင်း နှိမ်နင်းရေး ဌာနမှ တပ်ဖွဲ့ဝင် များသည် ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီက လူသတ်မှု ကျူးလွန်ပြီး နှစ်ပတ်ကျော် အကြာ ရွှေဘိုဘူတာ အနီးရှိ တည်းခိုခန်းသို့ လူသတ်မှု ကျူးလွန် ထားသူ ဝင်ရောက်လာစဉ် အသွင်ယူ စောင့်ဆိုင်း ဖမ်းဆီး လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က ဇီးကုန်းမြို့နယ် ဝက်တိုးတောင်ရွာ အနီး ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူ ဇော်နိုင်ထွန်း (ဘ) ဦးလှထွန်း ကို ကန့်ဘလူ မြို့နယ် ကာဘိုးရွာ အင်ပင်ကုန်းရပ် နေ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် (ဘ) ဦးအောင်သန်း တို့က တုတ်နှင့် အသေ ရိုက်သတ်ကာ ဆိုင်ကယ်လုယူ သွားသည့် အမှုဖြစ်ပြီး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့က အချိန်နှင့် တစ်ပြေးညီ ပိတ်ဆို့ ရှာဖွေခဲ့ရာ ဇူလိုင် ၇ ရက်က ပြစ်မှု ကျူးလွန်သူ ဖိုးချွန် ကို ကန့်ဘလူ မြို့နယ် ဇီးကုန်း မောင်းတံဂိတ် ၌ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အုန်းလှိုင် ကိုယ်တိုင် ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အမှုမှ အဓိက ပြစ်မှုကျူးလွန် ထားသူ ဖိုးထိုက် (ခ) သန်းထိုက်စိုး မှာ ရှောင်တိမ်း လွတ်မြောက် နေရာမှ ယခု ဖမ်းဆီး ရမိခြင်း ဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် တို့ကို တရားရုံး သို့ တရားစွဲဆို တင်ပို့နိုင်ရေး ဇီးကုန်း ရဲစခန်းက ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

အောင်ဘုန်းညို(ရွှေဘို)

#PyiChitThar
http://pyichit-thar.blogspot.com/2014/07/blog-post_13.html

Wednesday, 23 July 2014

ရန်ကင်းလူသတ်မှု တရားခံက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည်မှာ ထင်ရှား၍ေ သဒဏ်ချမှတ်

 ရန်ကုန် ဇူလိုင် ၂၂

ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံချစ်ပိုကို သေသူအား အသေ သတ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သည်မှာထင်ရှားသဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက တွဲဖက်ခရိုင် တရား သူကြီး (၄)က အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

''တရားခံချစ်ပို ကန်ကျောက်လို့ နံရိုးကျိုး ဒဏ်ရာတွေ ရထားပြီး ယင်းဒဏ်ရာတွေကြောင့် ပြန်ခုခံနိုင်ခြင်း မရှိသည်ကို သိလျက်နဲ့ ထို နေရာမှထွက်သွားပြီး ဒုတိယဖြစ်စဉ်ကျူးလွန်ရန်နာရီဝက်ခန့်ကြာမြင့်ခဲ့လို့ ချစ်ပိုမှာ သတ်ရန်မသတ်ရန် စဉ်းစားဖို့ အချိန်ရရှိခဲ့တယ်လို့ သုံးသပ်မိ တယ်။ တားဆီးတဲ့သူတွေကိုလဲ ကျွန်တော့်ကိစ္စ ကျွန်တော်ရှင်း မယ်ဟု ပြောဆိုခဲ့ခြင်းမှာလဲ သတ် ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်''ဟု သုံးသပ်ရရှိကြောင်း စီရင်ချက် အတွင်းပြောကြားခဲ့သည်။

''ဒဏ်ရာရထားသောသူကို ပုလင်းဖြင့်ရိုက်၊ ယင်းပုလင်းကွဲဖြင့် ရင်ဝကိုထိုး၊ဓားဖြင့်ခုတ်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် တရားခံက၄င်း လက်ချက်ဖြင့် ဒဏ်ရာရထားတဲ့သူ ကို အသေသတ်ဖို့ ဆုံးဖြတ်ချက်ချ ပြီးဖြစ်တယ်'' ဟု တွဲဖက်ခရိုင် တရားသူကြီး(၄)ကပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယခုနှစ် မတ် ၁၅ ရက်ညက ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ် တွင် ရန်ငြိုးရန်စမရှိသော်လည်း ပခုံးချင်းတိုက်မိပြီး အချင်းများရာ မှ ကိုမင်းမင်းဦးကို ဓားဖြင့်မသေ မချင်းခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

တရားခံချစ်ပိုအား ပုဒ်မ ၃ဝ၂ (၁)(ခ)ဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ် ကာ စစ်ဆေးချက်သက်သေများ အရ ပြစ်မှုကျူးလွန်သည်မှာ ထင် ရှားသဖြင့် သေဒဏ်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း၊ တရားခံဘက်မှ အယူခံဝင်လိုပါက စီရင်ချက်ချပြီး ခုနစ်ရက်အတွင်း ပြည်ထောင်စု တရားလွှတ်တော်သို့ လျှောက်ထား နိုင်ကြောင်းတွဲဖက်ခရိုင်တရားသူ ကြီး(၄)က အမိန့်ချမှတ်ရာ၌ ထည့် သွင်းပြောကြားခဲ့သည်။

တရားခံသည် ယခင်ကလည်း လူသတ်မှုကျူးလွန်ခဲ့ဖူးပြီး အသက် မပြည့်သေးသဖြင့် ကလေးသူငယ် ဥပဒေအရ အရေးယူခံခဲ့ဖူးကြောင်း စီရင်ချက်အတွင်း ထည့်သွင်းပြော ချက်အရသိရသည်။
ယင်းလူသတ်မှုကို ကန့်ကွက် ရှုတ်ချသည့်အနေဖြင့် ရပ်ကွက်နေ ပြည်သူများက မတ် ၂၈ ရက်က ကံဘဲ့ဘူတာရုံလမ်းမှ စတင်ကာ ရန်ကင်းရဲစခန်းရှေ့၌လူစုဝေး၍သစ္စာ လမ်းမကြီးတစ်လျှောက်ပြီး ညနေ ၃ နာရီမှ ၅နာရီအထိလမ်းလျှောက် ပြီးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ညွန့်ဝင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

Tuesday, 15 July 2014

သုံးခွမြို့နယ်တွင် ခင်ပွန်းဖြစ်သူမှ ဇနီးကို သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၃

 ၁၂.၇.၂၀၁၄ရက်နေ့ ၁၉၀၀အချိန် သုံးခွမြို့နယ်၊ မအူကန်ကွင်းနေ ဦးဝင်းဌေးမှ ၎င်းသည် ခေါင်းရင်း ဘက်ခြမ်းနေတူတော်စပ်သူ တင်မြင့်(၄၅)နှစ်၏ နေအိမ် တဲဘက်မှ ရိုက်နှက် နေသံကြားရ၍ သွား ရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွား ရောက်ကြည့်ရှုခဲ့ရာ တူဖြစ်သူ တင်မြင့်၏ဇနီး မနွဲ့နွဲ့ဦး(ခ)မနွဲ့နွဲ့စန်း (၄၇)နှစ်မှာ ဧည့်ခန်းရှိ ခန်းစည်းဘေးတွင် လဲကျနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ လဲကျနေစဉ် တင်မြင့်မှ အရှည်(၂)ပေ၊ (၉)လက်မခန့်၊ လုံးပတ်(၁)ကျပ်လုံးခန့်ရှိ သံတူရွင်းဖြင့် မနွဲ့နွဲ့ဦး(ခ)နွဲ့နွဲ့စန်း၏ဦးခေါင်းအား (၁)ချက်ရိုက်နှက်ခဲ့သည်ကို တွေ့မြင်ရကြောင်းနှင့် တင်မြင့်မှ “လာတဲ့ကောင်ရိုက်သတ်ပြစ်မယ်”ဟု ကြိမ်းဝါး နေကြောင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ပါသည်။

ထိုသို့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ဝင်များရောက်ရှိ စစ်ဆေးခဲ့ရာ မနွဲ့နွဲ့ဦး (ခ)မနွဲ့နွဲ့စန်းမှာ ၀ဲနားရွက်စုတ်ပြဲ၊ ၀ဲနားထင်ပေါက်ပြဲ၊ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ တင်မြင့်အား အရေးယူပေးရန် ဦးဝင်းဌေးမှ တိုင်တန်း ချက်အရ သုံးခွမြို့မရဲစခန်း (ပ)၂၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၅၀၆ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးခဲ့ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

Monday, 14 July 2014

ဧရာဝတီမြစ်အတွင်း အသက်သေဆုံးနေသည့် အလောင်းမှာ မြစ်ကြီးနား စက်မှုလက်မှု အထက်တန်းကျောင်းသား ဖြစ်ေ

 မြစ်ကြီးနား ၊ ၁၄-၇-၂၀၁၄

၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြစ်ကြီးနား မြို့နယ် လုံဂါဇွပ် ကျေးရွာအနီး ဧရာဝတီမြစ် အတွင်းမှ အသက် သေဆုံးလျက် မျောပါနေသော လူသေ အလောင်း တစ်လောင်းကို အနီး ဝန်းကျင်မှ ရွာသားများက တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရာ အဆိုပါ အလောင်းအား ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိ သူများ နှင့် မြစ်ကြီးနား မြို့မရဲစခန်း မှ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သေဆုံးနေ သူမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ပြည်သူများ၏ အကူအညီကို ရယူ၍ စုံစမ်းရာ ၄င်းမှာ မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်၊ အင်ဂျန်ဒုံ (မြောက်) အိမ်အမှတ် (၅၆) နေ အဘ ဦးလရှီ ဘရန်ကီး ၏ သားဖြစ်သူ မောင်လချီးလဝမ် (၂ဝ)နှစ်၊ စက်မှုလက်မှု အထက်တန်းကျောင်း၊ ပထမနှစ် ကျောင်းသား ဖြစ်ကြောင်း မိဘများမှ အတည်ပြု ပြောကြား ခဲ့သည်။

အဆိုပါ မောင်လချီးလဝမ် (၂ဝ) နှစ်သည် ဇူလိုင်လ ၁၁ ရက် (ဝါဆိုလပြည့်နေ့) နံနက် ၁၁ နာရီခွဲ ခန့်က မြစ်ကြီးနား မြို့နယ် အောင်မြင်သာ ကျေးရွာ၊ ဧရာဝတီ မြစ်ဆိပ်ရှိ '' ကချင်ချောင်းသာ '' နေရာတွင် မြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ် ပျောက်ဆုံး နေကြောင်း ယမန်နေ့က သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြား ထားကြောင်း နှင့် ၄င်း စက်မှုလက်မှု အထက်တန်း ကျောင်းသား ရေနစ်သေဆုံးမှု နှင့် ပတ်သက်၍ ဓမ္မတာအတိုင်းေ သဆုံးခြင်း ဟုတ်/ မဟုတ် သိရှိနိုင်ရန် အလောင်းအား မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားပြီး ဆေးရုံမှ ပီအာရ်-၄ ဖြင့် လက်ခံ ထားရှိပြီး မြို့မ ရဲစခန်းတွင် စခန်းမှူး ဒုရဲမှူး ထွန်းဝင်းမှ သေမှု သေခင်း အမှတ် (၁၅/၂ဝ၁၄) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

http://pyichit-thar.blogspot.com/2014/07/blog-post_14.html

ပုသိမ်မြို့တွင် အဓမ္မပြုကျင့်မှုဖြစ်ပွား

ပုသိမ် ဇူလိုင် ၁၂

 (၁-၇-၂ဝ၁၄)ရက်နေ့ (၁၈းဝဝ)နာရီ အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းတောင်ရပ်နေ မ----(၄ဝ)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ မှီခိုသည် တစ်ခြံ တည်းနေ ခင်ပွန်းဖြစ်သူ၏ တူတော်သူ မောင်---- (၂၉)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း (အို)နှင့်အတူ ရွေမြင်တင်အုပ်စု၊ စံပြကျေးရွာနေ ကို-----၏ နေအိမ်၌ ခြုံစောင်ယူရန် ဆိုင်ကယ်ဖြင့်လိုက်သွားရာ ခြုံစောင်အား မီးဖွားသူမှ အသုံးပြုထားသဖြင့် မယူဘဲ မောင်----နှင့် အတူပြန်လာရာ ရွှေမြင်တင် လေ့ကျင့်ရေး (၆)တပ်အနီးသို့အရောက် မောင်---မှ အသိတစ်ဦးထံ ခဏသွား မည်ဟု ပြော၍ ဆိုင်ကယ်အား မောင်းနှင်သွားပြီး လူပြတ်သော တောအုပ်အနီး အရောက်၌ ဆိုင်ကယ်အားရပ်ကာ မြက်ခင်းပေါ်တွန်းလှဲ၍ သားမယားအဖြစ် ပြုကျင့်ပါသည်။

အမှုဖွင့်ရန် သင့်/မသင့် မိသားစုနှင့်တိုင်ပင်ပြီး (၁၂-၇-၂ဝ၁၄) ရက်နေ့ (၁၈းဝ၅)အချိန်၌ မ----၏ တိုင်တန်းချက်အရ ပုသိမ်အမှတ်(၂)နယ်မြေရဲစခန်း(ပ) ၁၂၂/၂ဝ၁၄) ပြစ်မှုပုဒ်မ၃၇၆ ဖြင့် အမှုဖွင့်ပြီး တရားခံ မောင်---- အား ဖမ်းဆီး စစ်ဆေးလျှက်ရှိပါကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

https://www.facebook.com/MOIWebportalMyanmar

Wednesday, 2 July 2014

အဓမ္မပြုကျင့်ပြီး အသေသတ်မြေမြှုပ်ခံရသော မိန်းကလေး မသေဘဲ ပြန်လာအမှုဖွင့်

အဓမ္မပြုကျင့်ပြီး အသေသတ်မြေမြှုပ်ခံရသော မိန်းကလေး မသေဘဲ ပြန်လာအမှုဖွင့်
----------------------------
Tuesday, July 1, 2014
အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။
သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။
‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။
အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
7DAY

Tuesday, 20 May 2014

ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးရာမှ ယောင်္ကျားသေဆုံး

ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးရာမှ ယောင်္ကျားသေဆုံး

ပြည် မေ ၁၉

ပဲခူးတိုင်းဒေသကြီးကိုးသောင်းတိုးချဲ့ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဇနီးဖြစ်သူက ခင်ပွန်းကို ကတ်ကြေးဖြင့် ထိုးရာမှ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၆ ရက် ညနေ ၃ နာရီက ကိုးသောင်းတိုးချဲ့ ကွက်သစ် ပြည်သာယာရပ်ကွက် ပြည်မြို့တွင် ဝင်းမြင့်ထွန်းလတ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး ဇနီး မနန္ဒာဝင်းနှင့် စကားများ ရန်ဖြစ်ရာမှ မနန္ဒာဝင်းက ကတ်ကြေးဖြင့် ဝင်းမြင့်ထွန်းလတ်၏ ယာဘက်ရင်အုံကို ထိုးမိရာ အခင်းဖြစ်နေရာတွင် ဒဏ်ရာ များဖြင့် သေဆုံး သွားသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ပြည်အမှတ် (၃) မြို့မရဲစခန်းက အမှုရေး ဖွင့်ပြီး တရားရုံးတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

Friday, 9 May 2014

ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်ပြုလုပ်ခွဲစားခြင်း သာသနာရေးဝန်ကြီးဌာနမှ တရားစွဲဆိုရန်မရှိ သမ္မတရုံးမှ သဘောထားအတိုင်းသာ ဖြစ်မည်

ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်ပြုလုပ်ခွဲစားခြင်း သာသနာရေးဝန်ကြီးဌာနမှ တရားစွဲဆိုရန်မရှိ သမ္မတရုံးမှ သဘောထားအတိုင်းသာ ဖြစ်မည်

ဥရောပနှင့် မြန်မာပြည်သို့ တိုက်ရိုက်ပြေးဆွဲမည့်
Condor လေကြောင်းလိုင်း ဖွင့်ပွဲတွင် စိန်
ဖူးတော်နေရာ၌ လက်ဝါးကပ်တိုင် ပါရှိသော
ရွှေတိဂုံပုံစံတူ ကိတ်မုန့် ပြုလုပ်၍ ခွဲစားခြင်းသည်

ဘာသာနှစ်ခုကြား အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်ဟု မေလ ၆ ရက်တွင် ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တပညာသီဟက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် ရွှေတိဂုံဘုရား စေတီပုံစံတူ ကိတ်မုန့်ပြုလုပ် စားခဲ့ခြင်းအတွက် ဥရောပ လေကြောင်းလိုင်းနှင့် ပါဝင်ခဲ့သူများအပေါ် မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီးဌာနမှ တရားစွဲဆိုရန် မရှိကြောင်းနှင့် ယင်းကိစ္စမှာ အစိုးရ သမ္မတရုံး၏ သဘောထား အတိုင်း သာ ဖြစ်နိုင်ကြောင်း သာသနာရေး ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုသို့ ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်ပြီး ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်နှင့်အတူ ၎င်းလေကြောင်းလိုင်း တာဝန်ရှိသူများက ယင်းကိတ်မုန့်ကို ပျော်ပျော်ပါးပါး လှီးဖြတ် စားသောက်သည့် ဓာတ်ပုံများနှင့်အတူ ဝေဖန်ချက်များ အင်တာနက် စာမျက်နှာပေါ်တွင် အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။

အဆိုပါ Condor လေကြောင်းလိုင်းဖွင့်ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က ဂျာမနီနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး Condor လေကြောင်းလိုင်း ၀က်ဘ်ဆိုက် စာမျက်နှာများပေါ်တွင် နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီး (၂)နှစ်ခန့် အကြာမှသာ မြန်မာနိုင်ငံ အင်တာနက်/၀က်ဘ်ဆိုက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

““မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံစေတီကို ပုံစံတူပြုလုပ်ပြီး ကိတ်မုန့်လုပ် ခွဲစားတာ အင်မတန် အရုပ်ဆိုးလှပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို လုပ်တာ ဗုဒ္ဓဘာသာကို ညစ်နွမ်းစေပါတယ်။ လုံးဝ မလုပ်သင့်ပါဘူး။ မလုပ်လည်း မလုပ်အပ်ပါဘူး။ စိန်ဖူးတော်နေရာမှာ လက်ဝါးကပ်တိုင် ထားတာက ဘယ်လို သဘောမျိုးလဲ မသိပေမယ့် ဘာသာနှစ်ခုကြား အငြင်းပွားလာနိုင်တယ်။ ဒီလိုလုပ်နေတာတွေကို မြန်မာသံအမတ်ကိုက မတားဆီးဘဲ ပါနေတာ တော်တော်လေး အံ့သြဖို့ကောင်းတယ်။ ဒီလို လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ သူက ပိုသိရမယ်””ဟူ၍ ရွှေည၀ါဆရာတော်က မိန့်သည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)၊ သာသနာရေး ၀န်ကြီးဌာနနှင့် အခြားသော ဘာသာရေး အဖွဲ့အစည်းများက ၎င်းလုပ်ရပ်ကို လည်းကောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ကိုလည်းကောင်း မြန်မာပြည်သူပြည်သား များအားလုံး၏ ကိုယ်စား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ပြီး ဖြစ်သည်။

ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်၍ ခွဲဝေ စားသောက်ရာတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ခေါ်ယူ သတိပေးပြောကြားခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့ သီးသန့်ဖွဲ့စည်းထား၍ ၎င်းအဖွဲ့သို့သာ မေးမြန်းရန်နှင့် အဆိုပါဖြစ်စဉ်သည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့အရ ဖြစ်ခြင်းဖြစ်ပြီး အခြားသော ပြည်ပနိုင်ငံများသည် အယူအစွဲမရှိ၍ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့နောက် ယင်းကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကိုင်တွယ်ခြင်း မဟုတ်ကြောင်း၊ စီမံဌာနမှသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် စီမံကိန်းနှင့် စီမံရေးရာ ဌာနသို့ ပြန်လည် ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ထုတ်ဖော်ပြောကြားခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်တွင် တည်ရှိပြီး ဖိနပ်တော်မှ စိန်ဖူးတော်ထိ ဉာဏ်တော် ၃၂၆ ပေ ရှိသည့်အတွက် ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးစေတီ တစ်ဆူဖြစ်သည်။ မြန်မာနိုင်ငံ၏ အစောဆုံး တည်ထားကိုးကွယ်သော စေတီတော်ဖြစ်ပြီး ပွင့်တော်မူပြီးသော မြတ်စွာဘုရား ၄ ဆူတို့၏ ဓာတ်တော်မြတ်လေးပါးဖြင့် ဌာပနာထား ကိုးကွယ်ခြင်းဖြစ်၍ မြန်မာ ပြည်သူ ပြည်သားများ၏ အထွတ်အမြတ်ထားရာ စေတီတော်မြတ်ကြီးဖြစ်သည်။

ဝတ်ရည်နွေးနွေး
မြန်မာ့သံတော်ဆင့် သတင်းစာ

 Credit To :မြန်မာ့သံတော်ဆင့် သတင်းစာ

သက်သေခံအတုများဖြင့် တင်ပြခဲ့သည့်အမှု တရားရုံး အနိုင်ပေး

သက်သေခံအတုများဖြင့် တင်ပြခဲ့သည့်အမှု တရားရုံး အနိုင်ပေး

Written by နန်းလွင်နှင်းပွင့်

လှည်းကူးမြို့နယ်တွင်းရှိ မြေကွက်ဆိုင်ရာ အချင်းဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုတွင် တရားလိုဘက်မှ သက် သေအတုများကို စစ်ဆေးမှုအားနည်းခဲ့ပြီး တစ်ဖက်သတ် အနိုင်ပေးခဲ့သည့် အမှုတစ်ခုကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနမှ စုံစမ်းထောက်လှမ်းသည့် သတင်းပညာရပ်ဖြင့် ဗွီဒီယိုမှတ်တမ်းများ ပြုစုကာ ဖော်ထုတ်ခဲ့သည်။

ရိုက်ကူးထားသည့် အကြောင်းမှာ ၁၉၉၇ ခုနှစ်တွင် တရုတ်လူမျိုး ဦးလီယွင်းကျင် ၀ယ်ယူထားသည့် မြေကွက်နှစ်ကွက်ကို ၎င်း၏ဇနီးဟူသည့် သက်သေအတုဖြင့် လိမ်လည်ကာ တိုင်တန်းခဲ့သူကို တရားရေးရာ ၀န်ထမ်းများက စစ်ဆေးမှုအားနည်းစွာဖြင့် အမှုအနိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒီဗွီဘီရုပ်သံမှတ်တမ်းများတွင် ဖော်ပြထားသည်။

မြေကွက်ပိုင်ရှင် ဦးလီယွင်းကျင်မှာ ၎င်း၏ခြံတွင် အမြဲတစေမနေနိုင်သဖြင့် ရပ်ကွက်လူကြီးများနှင့်ပြောဆို ကာ အသိမိတ်ဆွေဖြစ်သူ ဦးဝင်းထွန်းကို ခြံစောင့်ရန် အပ်နှံထားခြင်း ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ခြံကို တရားလို ဒေါ်လျှောင်ငုတ်လင်မှ ၎င်း၏ခင်ပွန်းဟုဆိုသည့် ဦးလီယွင်းကျင်ထံမှ လွှဲပြောင်းကြောင်း လာရောက် လျှောက်ထားမှသာ ခြံတွင် ၁၇ နှစ်ကျော် နေထိုင်နေသည့် ဦးဝင်းထွန်းကို ရပ်ကွက်လူကြီး လာရောက်ပြောကြားမှ သိခဲ့သည်ဟု ဒီဗွီဘီ၏ ရုပ်သံမှတ်တမ်းတွင် ဦးဝင်းထွန်းက ပြော သည်။

“သူက ဦးလီယွင်းကျင်ရဲ့ ဇနီးလည်း မဟုတ်ဘူး၊ ရောက်လာတုန်းက ဘာသာပြန်အနေနဲ့ပဲသိတာ။ ခြံက လည်း သူပိုင်ရှင် မဟုတ်ဘူး။ ပြောတာတွေလည်း မှားနေတယ်၊ အဲ့တော့ ကျွန်တော်က လက်မခံဘူးလို့ ရပ်ကွက်လူကြီးကိုပြောတယ်” ဟု ဦးဝင်းထွန်းကဆိုသည်။

ဒေါ်လျှောင်ငုတ်လင်မှ ပိုင်ရှင်အမည် လွှဲပြောင်းကာ တရားခွင်တင်ရာတွင် မြေကွက်အမှတ် မှားယွင်းနေခဲ့သော်လည်း တရားရုံးက ပြန်လည်ပြင်ဆင်လျှောက်ထားခွင့်လည်း ပြုခဲ့သည်။

အချင်းဖြစ်ပွားခဲ့ရာ ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်၊ မြို့အ၀င်အနီးတွင်ရှိသည့် မြေကွက်နှစ်ကွက်မှာ ဧရိယာ အားဖြင့် ၃ ဒသမ ၃၂ ဧက နှင့် ၂ ဒသမ ၁၈ ဧက ကျယ်ဝန်းသည်ဟု အရောင်းအ၀ယ် စာချုပ်များနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်ကို ဒီဗွီဘီက မှတ်တမ်းယူထား ခဲ့သည်။

ဦးလီယွင်းကျင်မှာ ဘိန်းလောကတွင် နာမည်ကြီးသူ လော်စစ်ဟန်၏ တူတော်စပ်သူတစ်ဦးဖြစ်ပြီး ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့၏ ကော်မတီဝင်တစ်ဦးဖြစ်ကာ ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် ၀န်းကျင်တွင် တိုက်ပွဲ များတွင် သေဆုံးခဲ့သည်ဟု ခန့်မှန်းချက်များ ရရှိထားသည်ဟု ဒီဗွီဘီသတင်း ဌာနမှ ဗွီဒီယိုမှတ်တမ်းတွင် အဓိကတာဝန်ယူခဲ့သူ မဏ္ဍိုင်အကယ်ဒမီမှ ရှေ့နေ ဦးခင်မောင်ဝင်းက ပြောသည်။

ဒေါ်လျှောင်ငုတ်လင်၏ သက်သေများ တွင် ဦးလီယွင်းကျင်၏ နာမည်နှင့် သေစာရင်းများမှာ စင်ကာပူနိုင်ငံ ရှိ နာမည်နှင့် သေစာရင်းများနှင့် ကွဲလွဲနေပြီး ကိုးကွယ်သည့်ဘာသာမှာလည်း လွဲမှားနေသည်ကို တွေ့ရ သည်။ ထို့ပြင် ဒီဗွီဘီ၏ စုံစမ်းချက်အရ လီယွင်းကန်၏ မှတ်ပုံတင်မှာအတု ဖြစ်နေသည်။

ဦးခင်မောင်ဝင်းက “လင်မယားဖြစ်ကြောင်းတင်ပြထားတဲ့ သက်သေမှာလည်း ၁၉၇၈ ခုနှစ်က မင်္ဂလာ ဆွမ်းကျွေး ဖိတ်စာက ကွန်ပျူတာနဲ့ စာစီထားတယ်၊ အဲ့ခေတ်က ကွန်ပျူတာ မရှိသေးဘူး၊ တွဲရိုက်ထားတဲ့ ဓာတ်ပုံမှာလည်း ၆ ပေ ၃ လက်မ အရပ်ရှိတဲ့ ဦးလီယွင်းကျန်နဲ့ အရပ်တော်တော်ပုတဲ့ ဒေါ်လျှောင်ငုတ်လင် နဲ့က အရပ် တူတူဖြစ်နေတယ်။ ဒါတွေက လုပ်ကြံထားတယ်လို့ သံသယရှိတယ်” ဟု ပြောသည်။

ဒေါ်လျှောင်ငုတ်လင်အား အနိုင်ပေးခဲ့သည့်အမှုတွင် တရားသူကြီးဖြစ်သူ ဒေါ်လေးလေးမွန်အား သက်သေ အတုများနှင့်ပတ်သက်၍ ဒီဗွီဘီသတင်းဌာနမှ သွားရောက်မေးမြန်းခဲ့ရာ “တရားခွင်မှာတုန်းက ဘယ်သူမှ လာပြီးတားတဲ့သူ ငြင်းတဲ့သူ မရှိဘူး၊ သမ္မန်လုလင်(ဆင့်ခေါ်စာပို့သူ)နဲ့လည်း ဆင့်စာလည်း ပို့ခဲ့တယ်၊ တရားပြိုင်ကလည်း ခြံစောင့်သူ ဖြစ်နေတယ်၊ ဒါ့ကြောင့် အတည်ဖြစ်သွားတာပါ” ဟု ပြောသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ဒီဗွီဘီ သတင်းဌာနမှ တရားခွင်နှင့် ပတ်သက်သည့် တရားရေး ၀န်ထမ်းများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းများ၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ၊ ပြင်ပ အမည်မဖော်လို သူ သတင်ရင်းမြစ်များနှင့် ဆက်သွယ်မေးမြန်းခဲ့သည်ဟု ပြောသည်။

ဗွီဒီယိုမှတ်တမ်းအား ဇန်န၀ါရီမှ စတင်ရိုက်ကူးနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး လေးလကြာ မှတ်တမ်းပြုစုခဲ့ရသည်ဟု ဆိုသည်။ သတင်းပညာရပ်တွင် တစ်ခုအပါ အ၀င်ဖြစ်သည့် စုံစမ်းထောက်လှမ်းရသည့် ပညာရပ် ဖြင့် မှတ်တမ်းပြုစုထားသည့် ဗွီဒီယိုနှင့်ပတ်သက်၍ “ကျွန်တော်တို့အနေနဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ် တွေကို လိုက်နာခဲ့တယ်၊ တချို့မှတ်တမ်းတွေကတော့ ခိုးပြီးရိုက်ခဲ့တယ်၊ ပြီးတော့ ပြန်လွှင့်ဖို့ မလွှင့်ဖို့ကို အယ်ဒီတာတွေ ပြန်စိစစ်တယ်” ဟု ပြောသည်။

သတင်းစာပညာရပ်၌ သက်ဆိုင်ရာ သတင်းရင်းမြစ်များအား သမားရိုးကျမေးမြန်းမရသည့် လျှို့ဝှက်မှု၊ လိမ်လည်မှု၊ မသမာမှု ကိစ္စရပ်များမှာ ပြည်သူအပေါ် အကျိုးကြီးမားစွာ သက်ရောက်နိုင်မှုရှိပါက စုံစမ်းထောက်လှမ်းနိုင်သည်ဟုပါရှိပြီး ဖြစ်သည်။

 Credit To :Mizzima - News in Burmese

မန္တလေးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသူ စုံစမ်းစစ်ဆေး

မန္တလေးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသူ စုံစမ်းစစ်ဆေး

မန္တလေး၊ မေ ၈

မန္တလေးမြို့တော် ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း၊ သိပ္ပံလမ်းဆုံတွင် မေလ ၃ ရက်နေ့ ညပိုင်းအချိန်၌ ဆိုင်ကယ် မောင်းနေသော အမျိုးသမီးတစ်ဦးကို တစ်ဖက်ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးအနက် တစ်ဦးက အက်စစ်ဖြင့် မျက်နှာကိုပက်၍ ထွက်ပြေးခဲ့ရာ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမျိုးသမီးသည် မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် စက်ချုပ်ဆိုင်သိမ်းပြီး တစ်ဦးတည်း ပြန်လာစဉ် သိပ္ပံလမ်းနှင့် ၅၆ လမ်း လမ်းဆုံအရောက်တွင် နောက်မှ ဆိုင်ကယ်ဖြင့် လူနှစ်ဦးသည် ဆိုင်ကယ် မီးပိတ်၍ မောင်းနှင်လာပြီး အမျိုးသမီး၏ ဆိုင်ကယ်အနားသို့ ကပ်လာကြောင်း၊ ယင်းနောက် ယင်းဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်ပါသူ အမျိုးသားတစ်ဦးက အဆိုပါ အမျိုးသမီး၏ မျက်နှာကို အက်စစ်ဖြင့် ပက်သွားသဖြင့် မျက်လုံးများထဲတွင် အက်စစ်ရည်များ ဝင်သွားပြီး ဆိုင်ကယ် တိမ်းမှောက် သွားခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းနေတယ်။ အက်စစ်ပက်ခံရတဲ့ ကောင်မလေးနဲ့ ကောင်လေးက လူမှုရေး ပြဿနာတွေ ဖြစ်ထားလား၊ ဘာကြောင့်လုပ်တယ် ဆိုတာကို စစ်ဆေးနေတယ်” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အက်စစ်ဖြင့် မျက်နှာပက်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးမှာ ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့သဖြင့် ကန်သာယာ ရပ်ကွက်ရှိ ပုဂ္ဂလိက ဆေးခန်းသို့ သွားရောက် ပြသခဲ့ပြီး ယင်းမှ မန္တလေးဆေးရုံကြီး မျက်စိအထူးကုဌာနတွင် ဆေးကုသနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက အောင်ပင်လယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် မေလ ၆ ရက်နေ့တွင် (ပ) ၁၉၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့်ပြီး တရားခံ ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရှိရသည်။

 Credit To :The Voice Weekly

Tuesday, 6 May 2014

ဝဲဘက်ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ

ဝဲဘက်ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ
wednesday, May 7, 2014

၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ ရန်ကုန်မှမကွေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အောင်အာကာ(၂၁)နှစ် မောင်းနှင်လာသော ၁ဃ/xxxx ဂရန်ဒီမတ်တူး အဖြူရောင်ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံး(၃)တုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် အောင်အာကာတွင် နှာခေါင်းသွေးယို၊ ယာလက်ကောက်ဝတ်/ယာဒူးပွန်းဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော မကွေးတိုင်းဒေသကြီး၊ ရွှေညောင်ပင်ရပ်ကွက်နေသူများဖြစ်ကြသည့် ဒေါ်ဌေးဌေးခိုင်(၅၂)နှစ်တွင် ယာလက်ကောက်ဝတ်နာကျင် ကိုက်ခဲဒဏ်ရာ၊ မချစ်စုပြည့်(၂၃)နှစ်တွင် ၀ဲလက်ဖျံ/၀ဲဒူး/ခြေမပွန်း၊ မေးစေ့ညိုမဲ၊ ယာခြေညိုးပေါက်ပြဲ ဒဏ်ရာ၊ မကေဇင်ခိုင်(၂၀)နှစ်တွင် ယာချိုစောင်းဖူးရောင်၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာလက်ဖ၀ါးပွန်း ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်အာကာအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အောက် ဦးရေ ၁၆၀၀ ကျော်သေဆုံးပြီး ကျပ်သန်းပေါင်း ၈၀၀ ခန့်ဆုံးရှုံး

Written by: ၀င်းမြင့်ကျော်

၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် အသက် ၄၀ အောက် လူဦးရေ ၁၆၀၀ ကျော်သေဆုံးခဲ့ပြီး ကျပ်သန်း ပေါင်း ၈၀၀ ၀န်းကျင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ မေ ၆ ရက်တွင် သိရသည်။ ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ လစဉ်မြင့်တက်နေကြောင်း စာရင်းဇယားများအရ သိရသည်။

၂၀၁၄ ခုနှစ်၏ ဇန်န၀ါရီမှ ဧပြီအထိ လေးလတာအတွင်း မော်တော်ယာဉ်တိုက်မှု ၁၅၅၉ မှု၊ ဆိုင်ကယ်တိုက်မှု ၂၀၀၇ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၈၂၅ မှု၊ အခြားယာဉ်တိုက်မှု ၉၃၂ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၃၂၃ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ကျား ၆၆၆၁ ဦးနှင့် မ ၂၉၂၀ တို့ ဒဏ်ရာရရှိခဲ့ပြီး ကျား ၁၃၀၈ နှင့် မ ၃၄၄ ဦးတို့ သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"တစ်နိုင်ငံလုံး ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် လူသေဆုံးမှုတွေ မြင့်တက်လာပါတယ်။ ဒါတွေကို လျော့သွားဖို့ဆိုတာက ယာဉ်ထိန်းတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ လမ်းကိုအသုံးပြုနေတဲ့သူတွေအားလုံး ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာဖို့ လိုအပ်တယ်။ အခုလည်း ပညာပေးဆောင်ရွက်မှုတွေ တိုးချဲ့ထားပါတယ်။ ဖြစ်စဉ်တွေအားလုံးရဲ့ ရာခိုင်နှုန်း ၅၀ လောက်က မော်တော်ဆိုင်ကယ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်စီးသူတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဦးထုပ်တွေ အခမဲ့ဖြန့်ဝေနေတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက မေ ၆ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ကျပ်သန်းပေါင်း ၂၀၀ ကျော်၊ ဖေဖော်ဝါရီတွင် ကျပ်သန်းပေါင်း ၁၄၀ ကျော်၊ မတ်တွင် ကျပ်သန်းပေါင်း ၁၈၀ ကျော်နှင့် ဧပြီတွင် ကျပ်သန်းပေါင်း ၂၂၀ ကျော်တို့ ဆုံးရှုံးခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် အငှားယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ် အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ်
အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး
Tuesday, May 6, 2014

၎.၅.၂၀၁၄ရက်နေ့၁၉၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဒေါ်ယဉ်ယဉ်ဆန်းမှ
၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ “ကောင်း”ဆေးရုံသို့သွားရောက်ရန်အတွက် ခင်ပွန်းဖြစ်သူနှင့်အတူ အောက်
မင်္ဂလာဒုံလမ်းအတိုင်းလမ်းလျှောက်
လာခဲ့ကြောင်း၊ထိုသို့လမ်းလျှောက်လာစဉ် “အောင်ထက်”ကျူရှင်ရှေ့အရောက် နောက်ဘက်မှ အမျိုးသား(၃)ဦးတို့စီးနင်း
လာသော ဆိုင်ကယ်(၁)စီးမှာ ၎င်းတို့အနီးသို့ရောက်ရှိလာပြီး အမျိုးသား(၃)ဦး
အနက်(၁)ဦးမှ၎င်းကိုင်ဆောင်ထားသောငွေကျပ်(၈)သောင်း၊ နိုင်ငံသားစိစစ်
ရေးကတ်ပြားနှင့် ဆေးဝါးများထည့်ထားသော အဖြူရောင်ကြွပ်ကြပ်အိတ်အား
လုယူ၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသား(၃)ဦးအား အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရအင်းစိန်မြို့မရဲစခန်း(ပ)၄၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်

Yangon Police

Monday, 5 May 2014

MH 370 ကိစ္စ သံသယဖြစ်သူ ၁၁ ဦး ဖမ်းဆီးထား

MH 370 ကိစ္စ သံသယဖြစ်သူ ၁၁ ဦး ဖမ်းဆီးထား
လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက အိန္ဒိယ
သမုဒ္ဓရာထဲ ပျက်ကျပျောက်ဆုံးသွားတယ်လို့
ဆိုတဲ့ မလေးရှားလေကြောင်း လိုင်း MH 370 လေယာဉ်ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး
သံသယရှိတဲ့ အယ်ကေဒါ အကြမ်းဖက်သမား

၁၁ ဦးကို ပြီးခဲ့တဲ့ စနေနေ့ည က မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါ တယ်။
အဲဒီသံသယဖြစ်ခံရသူ ၁၁ ဦးကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့တော်မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ မွတ်စလင်တိုင်းပြည်တွေကိုပါ အကြမ်းဖက် တိုက်ခိုက်ဖို့ အကြံအစီရှိတဲ့ အကြမ်းဖက်သမား အဖွဲ့သစ် တခုရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဂျေရုဆလင် အွန်လိုင်းသတင်းတခုမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှုနဲ့ သံသဖြစ်ခံရသူ ၁၁ ဦးဟာ အသက် ၁၁ နှစ်ကနေ ၅၅ နှစ် အတွင်း ရှိကြပြီး ကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ မုဆိုးမ အမျိုးသမီးငယ် တဦးတောင် ပါတယ်လို့ FBI နဲ့ MI – 6 တို့ရဲ့ စုံစမ်းစစ် ဆေးမှုတွေအပြီး သတင်းပေါ်ထွက်လာပါတယ်။
သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပဲဖြစ်တယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မလေးရှားအစိုးရက MH 370 လေယာဉ်ပျောက်ဆုံးမှုနဲ့ အစီရင်ခံစာပေါ်ထွက်လာခဲ့ပါတယ်။
လေယာဉ်ပျောက် ပူးပေါင်း ရှာဖွေရေးတွေကလည်း ဘာ သဲလွန်စမှ မရခဲ့ပဲ လေယာဉ်ဟာ အခုထိ
ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
မလေးရှားလေယာဉ်ပျောက်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှု အမျိုးမျိုးနဲ့ အခုထိ ပဟေဠိ ဆန်တဲ့ ပုစ္ဆာဆန်း တပုဒ် ဖြစ်နေ ဆဲပါ။
အိမ့်သံစဉ်
(ဧရာဝတီ)ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က မလေးရှားနိုင်ငံတွင်းမှာ အကြမ်းဖက် အဖွဲ့အစည်းများနဲ့ ဆက်နွယ်သူ ၁၁ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်.. ဖမ်းဆီးရမိခဲ့သူတွေထဲမှာ ကျောင်းသားများနဲ့ စီးပွားရေး လုပ်ကိုင်နေသူတွေလဲ ပါတယ်လို့ဆိုပါတယ်..
ဒီသတင်းကို ဗြိတိန်နိုင်ငံ မီဒီယာမှာ ဖော်ပြပါရှိခဲ့ပြီးနောက်ပိုင်း ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်.. ယခုအခါ MH.370 လေယာဉ်ပျောက်ဆုံးမှု့ နဲ့ ပတ်သက်ပြီး အမေရိကန် FBI နဲ့ ဗြိတိန်နိုင်ငံက MI .6 ထောက်လှမ်းရေး အဖွဲ့များက အဆိုပါသူများကို တွေ့ဆုံ စစ်ဆေးလိုကြောင်း ပြောကြားလိုက်တယ်လို့ သတင်းရပါတယ်..
မလေးရှားအစိုးရကတော့ ထုံးစံအတိုင်း ငြင်းပါတယ်.. သူတို့ဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး လေယာဉ်ပျောက်ဆုံးမှု့ နဲ့ မသက်ဆိုင်ကြောင်း.. ဆီးရီးယားကို သွားရောက်ပြီး ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ကြမဲ့သူတွေလို့ အစောပိုင်း စစ်ဆေးချက်တွေအရ သိရကြောင်းပဲ ပြောကြားသွားပါတယ်..
အကြမ်းဖက်မှု့ နဲ့ပတ်သက်ရင် ဖင်ပိတ်ငြင်းတတ်ပြီး အကာအကွယ်ပေး လွန်းနေတဲ့ မလေးအစိုးရ လုပ်ပုံ ကိုင်ပုံတွေဟာ သံသယ ဖြစ်စရာ ဖြစ်နေပါပြီ.. နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာတွေ အသတ်ခံရမှု့ မှာ တရားခံတွေကို အခုချိန်ထိ မဖော်နိုင်သေးတာကြောင့် သူတို့ပါ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေပြီလားလို့ မေးရတော့မလိုပါပဲ...။
Refs : BBC News
 

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform