စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 24 September 2014

စိတ်ရင်းလေးနဲ့ ...အရာရာကိုအကောင်းမြင်အောင်ကြည့်မယ်

စိတ်ရင်းလေးနဲ့ ...အရာရာကိုအကောင်းမြင်အောင်ကြည့်မယ်
တဒင်္ဂဒေါသစိတ်လေးကိုပြင်...အကောင်းမြင်တတ်အောင်ကျင့်

ကျမကြီးပြင်းရာပါတ်ဝန်းကျင်ဟာ..အမေ ရဲ့ အိပ်ယာဝင်ပုံပြင်တွေနဲ့ကျင်လည်ခဲ့ ရပါတယ်.။ဒါကြောင့်လည်းနားရည်ဝလာတဲ့ ကျမပုံပြောကောင်းသူဖြစ်ခဲ့ ရပါတယ်..
ကျမပုံပြင်တစ်ပုဒ်ပြောပြမယ်နော်....

သာယာလှပသောနေ့တစ်နေ့မှာ
နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းးစွာ ဆုတောင်းဝတ်ပြုနေတယ်။
အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး
ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။

အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။

အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ငါ့ ကိုပြန် ရှိင်းပြစမ်းပါဦး" လို
မေးလိုက်တယ်။

ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ....ပြီးမှ

"ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး
တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး....

အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား?
ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..?
ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ..." လို့  ပြန်ပြောလိုက်တယ်။

ကဲ ..သူငယ်ချင်းတို့ ရေ..ပုံပြင်လေးကဒါပါဘဲ..

ဘာပဲလုပ်လုပ်ပေါ့..သူတပါးကိုအပစ်တင်မြင်ခြင်ရင်..
ကိုယ့်ကိုကိုယ့်အရင်ဆု့းံ..အပစ်ကင်းရဲ့ လား...

ကိုယ့်ဒေါသထွက်ရင်ကော....
ကိုယ့်ဒေါသထွက်သင့်မထွက်သင့် ဆင်ခြင်ကြရမယ်နော်...ပုံပြင်ထဲ ကလိုပဲ...
တမင်ဝင်တိုက်တာမှမဟုတ်တာနော့်......
ခွင့်လွတ်တဲ့ စိတ်ရင်းလေးနဲ့ အရာရာ ကို...အကောင်းမြင်ကြပါစို့ လားရှင်.......

ခင်မင်သော
ရွှေအိမ်စည်

Monday 22 September 2014

ကားရေဆေးရန် ရေမော်တာမီပလပ်ကြိုးထိုးရာမှ ဓါတ်လိုက်ခဲ့သဖြင့်သေဆုံး

၂၀.၉.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ အမျိုးသား(၁)ဦး ဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုကို(ခ)လပြည့်ဖြိုး(၂၄)နှစ်ဖြစ်ပြီး ၎င်းတွင် ယာလက်မနှင့် လက်ညှိုးတို့ကြား၌ ပေါက်ပြဲ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူသည် ၁၈၀၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၂၀/၄၅)ရပ်ကွက်ရှိ ၎င်းယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်သော ကုမ္ပဏီ၏ ပစ္စည်းများ ထားသိုရာ ဂိုထောင်တွင် ကားရေဆေးရန်အတွက် ရေမော်တာ မီးပလပ်ကြိုးအား ထိုးရာမှ ဓါတ်လိုက်ခံရပြီး လဲကျသွားခဲ့သဖြင့် အင်းစိန်ဆေးရုံ
သို့ ပိုအပ်စဉ် သေဆုံးခဲ့ခြင်း ဖစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရာတွင် အသုံးပြုသော သောင်တူး သင်္ဘောအား ရေကြောင်းအာဏာပိုင်အဖွဲ့က ပြန်သိမ်းပြီ

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေးတွင် အသုံးပြုခဲ့သော သောင်တူး သင်္ဘောအား ရေကြောင်း အာဏာပိုင်များက ပြန်လည်သိမ်းယူမည့် အကြောင်း ကြိုတင်အကြောင်းကြားစာ ပို့ခဲ့ပြီး စနေနေ့က ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိရသည်။

ယင်းနှင့်ပတ်သက်၍ ခေါင်းလောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဦးစံလင်းနှင့် နီးစပ်သူတဦးထံမှ သိရသည်မှာ ဦးစံလင်းက သောင်တူးသင်္ဘောကို ထပ်မံငှားယူရန် ကြိုးပမ်းနေသည်။

ဦးစံလင်းအပြင် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေးတွင် စိတ်ပါဝင်စားသော အခြားအဖွဲ့ ၃ ဖွဲ့ခန့်ရှိနေပြီး ယင်းတို့အနက် ခရိုနီတဦးလည်း ပါဝင်နေပြီး သောင်တူးစက်ကို ငှားယူရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးသူ မဟန်သာသွန်း၏ သတင်းတစ်စုံတစ်ရာ ရရှိပါက အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း Yangon Police Facebook မှလည်း ၂၀.၉.၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံဖော်ပြခဲ့ပါသည်။

ပျောက်ဆုံးသူ မဟန်သာသွန်းအား စုံစမ်းရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏စီမံညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မဟန်သာသွန်းနှင့် အတူပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ၁၉၃၀ အချိန်ခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်(၃)သိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် ၎င်း၏မိခင်ဖြစ်သူ ဖုန်းနံပါတ်သို့ message ပေးပို့ခဲ့သည်ကိုသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ ဆောင်ရွက်နေစဉ် ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် မဟန်သာသွန်းမှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့မဟန်သာသွန်း ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှသွားရောက်တွေ့ဆုံပြီး မေးမြန်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆိုပါနေ့က ကျူရှင်ပြီးဆုံး၍ မိဘများလာကြိုသော ကားဖြင့်လိုက်ပါ လာခဲ့ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Sprit market ၌ မိဘများမှ ဈေးဝင်ဝယ်
နေစဉ် ၎င်းတစ်ဦးတည်းကျန်နေခဲ့ရာမှ ယာဉ်ပေါ်မှဆင်းကာ အနီးရှိ သီလရှင် ကျောင်းဝင်းအတွင်းသို့ဝင်၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ သီလရှင် ကျောင်းဝင်းအတွင်း ရှိ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလိုက်မရှာနိုင်စေရန်ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ဖြစ်သူထံ ၎င်းကိုယ်တိုင် message ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် မိခင်အားသတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟန်သာသွန်းအနေဖြင့် ယင်းသို့ပြုလုပ်ခဲ့သည်မှာ အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူမှ မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်မှ ဆူပူမည်ကိုစိုးရိမ်ကာ၎င်းမှ report card တွင် အဆင့်(၁၀)ဟု ပြင်ဆင် ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမနှင့်မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများမှ စိတ်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အပေါ်သင်ခန်းစာရယူကာ မိမိတို့၏ငယ်ရွယ်နုနယ်သော သား/သမီးငယ်များအား ဆုံးမသွန်သင်ရာတွင် ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ဆုံးမ  သွန်သင်သင့်ပါကြောင်းနှင့် သားသမီးများအနေဖြင့်လည်း မိဘများ၏ ဆိုဆုံးမမှုများမှာ အနာဂါတ်မျိုးဆက်ကောင်းမွန်စေလိုသော စိတ်ရင်းစေတနာဖြင့် သွန်သင် ဆုံးမခြင်းသာဖြစ်သည်ကို နားည်သဘော ပေါက်ကြစေရန် အကြံပြုအသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

အိန္ဒိယမင်းသမီး ပါဒူကွန်၏ ရင်ညွန့်ပေါ်ပုံ ဖော်ပြမှုကြောင့် စကားစစ်ပွဲဖြစ်

အိန္ဒိယနိုင်ငံ ဘောလိဝုဒ်ငွေကြယ်ပွင့် ဒါဗီကာ ပါဒူကွန်ရဲ့ ရင်ညွန့်ပေါ်တဲ့ ဝတ်စားဆင်ယင်မှုကို အိန္ဒိယထိပ်တန်းသတင်းစာက ဖော်ပြခဲ့လို့ ရုပ်ရှင်ငွေကြယ်ပွင့်တွေနဲ့ မီဒီယာတွေကြား လူမှုကွန်ရက်ပေါ်မှာ စကားစစ်ပွဲ ဖြစ်ပွားနေပါတယ်။

The Times of India သတင်းဌာနက မင်းသမီးရဲ့ ရင်ညွန့်ပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က သူတို့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။

အဲဒီနောက် မင်းသမီး ဒါဗီကာက အမျိုးသမီးတွေကို ဘယ်လို လေးစားရမယ်ဆိုတာ မသိဘဲ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးအကြောင်း မပြောနဲ့လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကနေ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက် သတင်းစာက သူတို့ လုပ်ရပ်က ချီးကျူးဖို့သာ ရည်ရွယ်ကြောင်း တွစ်တာလူမှုကွန်ရက်မှာ ပြန်ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် ဘောလိဝုဒ်က သရုပ်ဆောင် မင်းသား၊ မင်းသမီး၊ ဒါရိုက်တာနဲ့ ရုပ်ရှင်ဝါသနာအိုးတွေက ဒါဗွီကာဘက်ကနေ ထောက်ခံပြီး မီဒီယာကို ဝေဖန်ခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်က ကောလိပ်ကျောင်းသူဘဝကနေ မော်ဒယ်လုပ်ရင်း ဘောလိဝုဒ်ရဲ့ အကြီးဆုံး ငွေကြယ်ပွင့် ဖြစ်ခဲ့သူ ဒါဗွီကာဟာ သူရဲ့ကိုယ်ရေးကိုယ်တာဘဝနဲ့ ဘောလိဝုဒ် ငွေကြယ်ပွင့် ရမ်ဘီယာကပူးလ်နဲ့ လူသိရှင်ကြား ပြတ်စဲမှုတွေကြောင့် လူပြိန်းကြိုက် သတင်းဌာနတွေရဲ့ သားကောင် ဖြစ်ခဲ့တာ နှစ်ချီ ကြာမြင့်ခဲ့ပါတယ်။

သူရဲ့ နောက်ဆုံးရုပ်ရှင် အပျော်ကို ရှာဖွေခြင်း ဆိုတဲ့ဇာတ်ကားကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့က တနိုင်ငံလုံးကို ဖြန့်ချိခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65162

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှားမှာ လူမှောင်ခို ဂိုဏ်းခေါင်းဆောင်တွေ နေထိုင်နေ

မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ပင်လယ်ကနေ လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းပေါင်း ၆ဝဝ ခန့်ရှိပြီး ဒီလုပ်ငန်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်းများစွာ ပင်လယ်ပြင်မှာ အတိဒုက္ခ ရောက်နေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မှုခင်းထောက်လှမ်းရေးတပ်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

ဒီလူမှောင်ခိုဂိုဏ်းတွေရဲ့ အကြီးအကဲတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှားနိုင်ငံတွေမှာ နေထိုင်ကြပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar နဲ့ စစ်တကောင်း ခရိုင်ဒေသတွေက နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ဒေသခံတွေကို နိုင်ငံခြားကို ပို့နေကြတယ်လို့ Cox’s Bazar ခရိုင်မှုခင်းစုံစမ်းရေးတပ်ဖွဲ့က ထောက်လှမ်းရေးအရာရှိ Khandakar Uddin ကို ကိုးကားပြီး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်မှာ ထုတ်ဝေတဲ့ Financial Times သတင်းစာကရေးသားပါတယ်။

၃ နှစ်အတွင်း လူမှောင်ခိုဂိုဏ်းတွေရဲ့ ဖျားယောင်းခေါ်ဆောင်မှုတွေကြောင့် နိုင်ငံခြားကို ဘင်္ဂလားပင်လယ်အော်ကနေ မလေးရှားနဲ့ထိုင်းကို ထွက်လာကြသူ ၁၅ဝဝ ကျော်ဟာ ပင်လယ်ခရီးကြမ်းဒဏ်၊ ရာသီဥတုနဲ့ တခြားနိုင်ငံအာဏာပိုင်တွေ လိုက်လံဖမ်းဆီးတာတွေကြောင့် ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုကြောင့် Cox’s Bazar ခရိုင်တစ်ခုထဲမှာတင် မလေးရှားနဲ့ထိုင်းကိုထွက်မယ့်သူ ၄ဝဝဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်အနေနဲ့ ထိပ်တန်းလူမှောင်ခိုဂိုဏ်း ၃ဝ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့နဲ့ဆက်စပ်ပြီး အမှု ၂၅ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကနေ လူမှောင်ခိုအဖွဲ့တွေရဲ့စီစဉ်မှုနဲ့ ပင်လယ်ရေကြောင်းကတဆင့် မလေးရှားနဲ့ သြစတြေးလျနိုင်ငံတွေကို ထွက်ခွာလာကြတဲ့သူတွေဟာ ရောက်ရာဒေသမှာ လှေစီးဒုက္ခ သည်တွေအဖြစ် နိုင်ငံရေးခိုလှုံခွင့်တောင်းခံကြသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ

နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ခရီးတစ်ထောက်နားပြီး ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ စက်တင်ဘာ ၁၅ ရက်ညက စတင်ပြီး ညစဉ် ညတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ နေပြည်တော် ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဇေယျာသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရှိန် နှင့် ရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ကျောက်ချက်ကျေးရွာအုပ်စုနှင့် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်း တစ်လျှောက်တွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းကစတင်ကာ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲတွင် ဇေယျာသီရိအားကစားကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ညအိပ်ရန် ရပ်နားလျက်ရှိသော ၁ဝ ဘီးယာဉ် သုံးစီးကို ဆီဖောက်ခိုးယူရန် ရောက်ရှိနေသည့် ဆိုင်ကယ်သုံးစီးနှင့် လူခုနစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့နယ် ကုလားရွာနေ ကိုဖြိုး(၂၂ နှစ်)နှင့် ဆိုင်ကယ်သုံးစီးကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၁ဝ ဂါလန် ဒီဇယ်တစ်ပုံးနှင့် ၁ဝ ဂါလန် ပလတ်စတစ်ပုံးဖြင့် ဒီဇယ်နှစ်ဂါလန်ခန့်ပါ တစ်ပုံး၊ အရှည်ခုနစ်ပေခန့်ရှိ ပလတ်စတစ်ပိုက်ပျော့တစ်ချောင်းနှင့် အရှည် လက်မ ၂ဝ ခန့်ရှိ သစ်သားဓား အိမ်တစ်ခုတို့ကို သိုဝှက်သိမ်းဆည်းထားသော လမ်းဘေးတစ်နေရာမှ ဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်စဉ် ညစဉ်ညတိုင်း ကိုဖြိုးနှင့်အတူ ကုန်တင်ယာဉ်များမှ ဆီနှင့် အခြားပစ္စည်းများကို ခိုးယူကြသည့် အောင်အောင် ကုလားရွာ လယ်ဝေးမြို့နယ် နေသူအပါအဝင် ၁၃ ဦး၏ အမည်များကို ကိုဖြိုးက ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတွင်းကုန်းမြို့မရဲစခန်းက ဥပဒေအရ ကိုဖြိုးအား ဖမ်းဆီးထားပြီး ကျန်ရှိသောပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုရူပ(နေပြည်တော်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

နေပြည်တော်ရှိ ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိဘုရား ရင်ပြင်၌ ရေစိမ့် ထွက်မှုဖြစ် နိုင်ငံ့အကြီးအကဲများ စိတ်မကောင်း ဖြစ်နေဟု ဂေါပက အဖွဲ့ဝင်များ ပြော

အစိုးရ အခြေစိုက်ရာ နေပြည်တော်၌ ရန်ကုန်မြို့ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် အတိုင်း ပုံစံတူ တည်ထား ကိုးကွယ်ထားသည့် ဥပ္ပါတသန္တိ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှု ဖြစ်ပေါ် နေသည့်အတွက် အစိုးရ လူကြီးပိုင်း များအတွင်း စိတ်မကောင်းမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှုမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရေစိမ့် ထွက်မှုများအား စက်ယန္တရားနှင့် လူအင်အားသုံးဩ၍ ဘိလပ်မြေ ပိတ်ဆို့ ဖာထေးပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်းလည်း စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။

““မြန်မာ့အလင်းမှာ ထည့်လိုက်တော့ ကျယ်ပြန့်သွားတဲ့ သဘောဖြစ်နေတော့ လူကြီးတွေက စိတ်မချမ်း မသာ ဖြစ်နေတာ။ အပေါက်လေးတွေ နည်းနည်းရှိလို့ ဖာလိုက်တာ။ ဂြိုဟ်တိုင်တို့၊ ထောင့်တို့ကျတော့ ပြောလို့ မဖြစ်ဘူး။ ပြောလိုက်ရင် ဇာတ်လမ်းရှုပ်လွန်းလို့။ ဘုရားနဲ့ ပတ်သက်ရင် ရွှေသင်္ဃန်း ကပ်တာတို့၊ သီတင်းကျွတ် မီးထွန်းပွဲ လုပ်တာတို့ အဲဒါမျိုးပဲ ထည့်စေချင်တာ။ သတင်းဂျာနယ်တွေက တဆိတ်ကို တစ်အိတ် လုပ်လွန်း လို့ ဖြေရှင်းလို့ မပြီးနိုင်တော့လို့ မဖြေနိုင်တာပါ”” ဟု အမည်မဖော်လိုသူ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ဝင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဥပ္ပါတသန္တိစေတီတော်မှာ ဉာဏ်တော်အမြင့်ပေ ၃၂၅ ပေ ရှိပြီး၂၀၀၈ ခုနှစ်ကတည်းက စတင်တည်ထား ကိုးကွယ်ခဲ့ကြခြင်း ဖြစ် သည်။

စစ်အစိုးရ နောက်ဆုံး ရုံးစိုက်ခဲ့ရာ နေပြည်တော်၌ ရွှေတိဂုံစေတီတော် ပုံစံတူ ဥပ္ပါတသန္တိစေတီတော် တည်ထား ကိုးကွယ်ခဲ့ခြင်းမှာ ဗေဒင်ကိန်း ဂဏန်းများအရ တွက်ချက်၍ တည်ထားခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် မင်းအစိုးရ လက်ထက် အသီးသီးတွင် ဘုရားစေတီများ တည်ထား ကိုးကွယ်လျက်ရှိရာ ဦးနု အစိုးရ လက်ထက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၊ သမ္မတ ဦးနေ၀င်း လက်ထက်တွင် မဟာဝိဇယ စေတီတော်နှင့် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် နေပြည်တော်ရှိ ဥပ္ပါတ သန္တိ စေတီတော်တို့ ဖြစ် သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်ပြည်မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော် ဥပ္ပါတသန္တိစေတီတော်၌ ကိန်းဝပ် စံပယ်တော်မူစဉ် စစ်အစိုးရ ခေါင်းဆောင်းဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေက အရပ်ဝတ်ဖြင့် လာရောက် ဖူးမြော်ခဲ့ဖူးသည်။

““မီဒီယာသမား ဆိုတာကတော့ ထုံးစံအတိုင်း သိတာလေးကို ချဲ့ရေးနေကြတော့ အကုန်လုံးက စိုးရိမ် သွားကြတာပေါ့။ မိုးတွင်းဆိုတော့ ရင်ပြင်မှာပေါ်ရော၊ လိုဏ်ထဲမှာကော ရေစိမ့်တယ်။ စေတီတော်ကြီး ရေရှည် တည်တံ့ဖို့ အတွက် ပြုပြင်မှုတွေ လုပ်နေပါတယ်။ တစ်နေရာတည်းမှာ စိမ့်နေတာတော့ မဟုတ်ဘူး။ ဘယ်ဘက်မုခ်ရယ်လို့တော့ အတိအကျ မသိဘူးလေ။ အလှူငွေကတော့ ဒါဖြစ်လို့ လှူပါဆိုတာမျိုးတော့ မရှိပါဘူး။ ရှိတဲ့ငွေနဲ့ပဲ လုပ်နေကြတာပေါ့။ စိုးရိမ်စရာတော့ မရှိပါဘူး”” ဟု ဂေါပက အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးတင်ထူး က ပြောသည်။

ယခုကဲ့သို့ ဘုရား ရင်ပြင်တော်ပေါ်၌ ရေစိမ့်ထွက်မှု ဖြစ်ပေါ်ခြင်း အပေါ် ပြည်သူများကလည်း စိတ်ဝင်စားလျက် ရှိပြီး ““ချွေးပြန်ပြီးတော့ ရေစိမ့်ကျတာလို့တော့ ပြောကြတယ်။ လိုဏ်ခေါင်းထဲကမှာ ဒေါက်တိုင်တွေ ထောက် ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သစ္စာလေးပါး ရေးထားတဲ့ ကျောက်ပြားတွေနေရာ၊ အဲဒီနေရာက စိမ့်တာလို့ ပြောတယ်။ အဲဒီနေရာက အခုဖာပြီးသွားပြီ။ သိပ်အများကြီး သွားကြတာ မဟုတ်ဘူး။ မြို့အနီးနား ၀န်းကျင်က လူတွေလောက်ပဲ သွားကြတာ”” ဟု နေပြည်တော်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာစစ်အစိုးရ လက်ထက်တွင် နိုင်ငံ့ရေးရာ ကိစ္စများ၌ဗေဒင်၊ ယတြာ ယုံကြည်မှုများဖြင့် လုပ်ဆောင် တတ်သည့် သာဓကများစွာ ရှိခဲ့ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သည့် Super Moon ဖြစ်စဉ်တွင်လည်း နိုင်ငံ အတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် သံဃာတော်များ ပင့်ဖိတ်၍ ပရိတ် ရွတ်ခြင်းများ ပြုလုပ်ရန် ၀န်ကြီးဌာနများသို့ ပြုလုပ်ခိုင်းခဲ့ဖူးသည်။

ထို့ပြင် လက်ရှိ သမ္မတဖြစ်သူ ဦးသိန်းစိန်မှာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျရောက်ခဲ့သည့် တန်ဆောင်မုန်း လပြည့်နေ့က နေပြည်တော်ရှိ မဟာဗောဓိ စေတီတော်သို့ လာရောက်ကာ ဗုဒ္ဓရုပ်ပွားတော်များအား မင်းဝတ်တန်ဆာများ ကပ်လှူပူဇော်ခြင်း၊ မယ်ဇလီဖူး သုပ်စားခြင်း များ ပြုလုပ်ခဲ့ဖူးရာ ယင်းမှာ ယတြာချေ ခြင်းဖြစ်နိုင်ကြောင်းဗေဒင် ပညာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ““ဘုရားရင်ပြင်တွင် ရေစိမ့် ထွက်သောအခါ မည်သို့ဖြစ်မည် ဆိုတဲ့ဟောကိန်းတော့ ကျွန်တော် မဖတ်ဖူးပါဘူး။ ဗေဒင်တွက်ချက်မှု နည်းပညာမှာတော့ မရှိဘူးပေါ့။ အယူတော်မင်္ဂလာ နိမိတ်ဖတ်နည်းနဲ့ ပြောရင်တော့ ပြောနိုင်ပါလိမ့်မယ်။ ဘယ်ထောင့်က ထွက်တယ်၊ ဘယ်နေရာက ထွက်တယ်ဆိုတာ အယူတော်မင်္ဂလာ ပညာရှင်တွေ သွားကြည့် ပြီးရင်တော့ အဲဒီအကြောင်းအရာပေါ်မှာ အဖြေပေးနိုင်ပါလိမ့်မယ်။ ဗေဒင်ထဲက အကြောင်းအရာ တစ်ခုဖြစ်တဲ့ အယူတော် မင်္ဂလာဆိုတဲ့ နည်းပညာနဲ့တော့ ဒါကိုအဖြေရှာ တွေ့နိုင်ပါလိမ့်မယ်”” ဟု ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သတင်းအဖွဲ့

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

လမ်းဘေးညအိပ်မော်တော်ယာဉ်များမှ စက်သုံးဆီနှင့် အခြားပစ္စည်းများ ခိုးယူသူများကို ဖမ်းဆီး

နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် ခရီးတစ်ထောက်နားပြီး ညအိပ်ကြသည့် ကုန်တင်ယာဉ်ကြီးများမှ စက်သုံးဆီနှင့် အခြားပစ္စည်းများကို ဖောက်ထွင်း ခိုးယူမှုများ စက်တင်ဘာ ၁၅ ရက်ညက စတင်ပြီး ညစဉ် ညတိုင်းဖြစ်ပေါ်လျက်ရှိကြောင်း သတင်းများအရ နေပြည်တော် ကောင်စီ၏ ညွှန်ကြားမှုဖြင့် ဇေယျာသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရှိန် နှင့် ရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူးပေါင်း၍ ကျောက်ချက်ကျေးရွာအုပ်စုနှင့် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်း တစ်လျှောက်တွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းကစတင်ကာ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲတွင် ဇေယျာသီရိအားကစားကွင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ညအိပ်ရန် ရပ်နားလျက်ရှိသော ၁ဝ ဘီးယာဉ် သုံးစီးကို ဆီဖောက်ခိုးယူရန် ရောက်ရှိနေသည့် ဆိုင်ကယ်သုံးစီးနှင့် လူခုနစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးစဉ် တာဝန်ရှိသူများအား ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လယ်ဝေးမြို့နယ် ကုလားရွာနေ ကိုဖြိုး(၂၂ နှစ်)နှင့် ဆိုင်ကယ်သုံးစီးကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၁ဝ ဂါလန် ဒီဇယ်တစ်ပုံးနှင့် ၁ဝ ဂါလန် ပလတ်စတစ်ပုံးဖြင့် ဒီဇယ်နှစ်ဂါလန်ခန့်ပါ တစ်ပုံး၊ အရှည်ခုနစ်ပေခန့်ရှိ ပလတ်စတစ်ပိုက်ပျော့တစ်ချောင်းနှင့် အရှည် လက်မ ၂ဝ ခန့်ရှိ သစ်သားဓား အိမ်တစ်ခုတို့ကို သိုဝှက်သိမ်းဆည်းထားသော လမ်းဘေးတစ်နေရာမှ ဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ အခင်းဖြစ်စဉ် ညစဉ်ညတိုင်း ကိုဖြိုးနှင့်အတူ ကုန်တင်ယာဉ်များမှ ဆီနှင့် အခြားပစ္စည်းများကို ခိုးယူကြသည့် အောင်အောင် ကုလားရွာ လယ်ဝေးမြို့နယ် နေသူအပါအဝင် ၁၃ ဦး၏ အမည်များကို ကိုဖြိုးက ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတွင်းကုန်းမြို့မရဲစခန်းက ဥပဒေအရ ကိုဖြိုးအား ဖမ်းဆီးထားပြီး ကျန်ရှိသောပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုရူပ(နေပြည်တော်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf

ဓာတ်ဆီအရောင်းဆိုင်ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကြောင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားလာရ

မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ဆီ အရောင်းဆိုင် များတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကို ရှူရှိုက်မှု များလာ မှုကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ကာ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားလာရကြောင်း အဆိုပါ ရောဂါများ ခံစား နေရသည့် ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။

''လူတွေက ဓာတ်ဆီ အရောင်းဆိုင်မှာ လုပ်ရင် ပိုက်ဆံရတာပဲ မြင်ကြတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေ ရလာတာကို ဘယ်သူမှ မသိကြဘူး။ ကျွန်တော် ဆိုရင် Octane အနံ့ကို ရှူရတာ များလာလို့ အာရုံကြော ရောင်တဲ့ ရောဂါ ဖြစ်ခဲ့တယ်။ တစ်လလောက် ဆေးရုံတက်ပြီး ကုသ လိုက်ရတယ်။ အခုထိလဲ ဒီရောဂါ အတွက် ဆေးတွေ သောက်နေရ တုန်းပဲ။ ဒီဇယ် အငွေ့ထက် ဓာတ်ဆီအငွေ့ က နေ့စဉ် ရှူမိရင် ဦးနှောက်နဲ့ အာရုံကြောပိုင်း ဆိုင်ရာ အကြောတွေ၊ သွေးကြောတွေ ပျက်စီးတယ်လို့ ပြောတယ်။ ဒါပေမဲ့လဲ ဒီအလုပ်က အသက်မွေး ဝမ်းကျောင်း အလုပ် ဖြစ်နေတော့ မစွန့်လွှတ် နိုင်ဘူး'' ဟု အာရုံကြောပိုင်း ဆိုင်ရာ ရောဂါ ခံစား နေရသည့် ဓာတ်ဆီ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

အဆိုပါ ဓာတ်ဆီ အငွေ့ကြောင့် အာရုံကြော ဆိုင်ရာရောဂါ ခံစားရသည့် ဓာတ်ဆီ အရောင်းဝန်ထမ်း ဦးရေမှာ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ဆိုလျှင် ဝန်ထမ်း အရေအတွက် ရာနှင့်ချီပြီး ရှိကြောင်း သိရသည်။ အဆိုပါ ဓာတ်ဆီ အရောင်း ဝန်ထမ်းများ ရောဂါ ခံစားရ၍ ဆေးရုံ တက်ရောက် ကုသလျှင်လည်း ဓာတ်ဆီ အရောင်းဆိုင် များမှ ဆေးကုသ စရိတ်ကို မပံ့ပိုးကြောင်း၊ အများစုမှာ ပန့်ကိုင်သည့် အရောင်း ဝန်ထမ်းများ ဖြစ်ကြကြောင်း သိရသည်။

''ဓာတ်ဆီ အရောင်းဆိုင်က ဝန်ထမ်းအချို့ ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါ ခံစားရတယ် ဆိုတာ ဓာတ်ဆီ အရောင်း ဆိုင်ဝန်ထမ်း အချင်းချင်း ပဲ သိကြတယ်။ ကျွန်မဆိုရင် ဓာတ်ဆီ အငွေ့တွေကို ရှူရတာ များလာလို့ ခေါင်းကိုက် လာတယ်။ ဆေးသောက်လဲ မပျောက် တော့ဘူး။ ကျွန်မလဲ အဲဒီရောဂါကို ကြောက်တာကြောင့် ဓာတ်ဆီ အရောင်းဝန်ထမ်း အလုပ်ကို စွန့်လွှတ် လိုက်တယ်'' ဟု ရန်ကုန်မြို့ရှိ ဓာတ်ဆီ အရောင်းဝန် ထမ်းဟောင်း တစ်ဦးက ပြောပြသည်။

ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်းများ အနေဖြင့် အဆိုပါ အာရုံကြော ရောဂါများကို ကာကွယ်ရန် အတွက် ဓာတ်ဆီဖြည့် သည့်အခါတွင် နှာခေါင်းစွပ် တပ်ပြီး ကားများကို ဓာတ်ဆီဖြည့် ပေးလျှင် အာရုံကြော ရောဂါ ဖြစ်ပွားမှုကို အထိုက် အလျောက် ကာကွယ် ပေးကြောင်း သိရသည်။

#Yadanarpondaily
http://myawady-myawady.blogspot.com/2014/09/blog-post_944.html

အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၂ ခု ဆွတ်ခူး

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ပိုက်ကျော်ခြင်း အသင်းဟာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီရွှေတံဆိပ်တွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်တွဲ  ပိုက်ကျော်ခြင်း ပြိုင်ပွဲကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ၂ ယောက်တွဲပြိုင် ပွဲ မှာတော့ မြန်မာ အသင်းဟာ အိမ်ရှင် တောင်ကိုးရီးယား အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်သလို  အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲမှာတော့ လာအိုအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရွှေတံဆိပ် ၂ ခုရရှိထားတဲ့ မြန်မာအသင်းဟာ ဇယား နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။

By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/65638

သားငယ်သို့

သားငယ်သို့ လောက လေ ကို ရှုရှိုက်၍ သုခ၊ ဒုက္ခ ဟူသမျှကို စတင်ခံစားပါလေ… ဆင်မြန်းထားတဲ့ အနှီးပိတ်ဖြူနဲ့ အမေ့ မေတ္တာသာ သား ပိုင်ဆိုင်မှု အစစ်ဖြစ်ပေတယ်.. သာမာန် မိန်းမသား အမေ့မှာ ခမ်းနားခြင်း၊ ကြီးကျယ်မြင့်မြတ်ခြင်းတို့ သားအတွက် လက်ဆောင်မွန် မရှိနိုင်ပါ။ သို့သော် လူသားဘဝအနှစ်သာရအဖြစ် ကိုယ့်ကိုယ်ကို တွေးမိတိုင်း ကျေနပ်ပျော်ရွှင်စေနိုင်ရန် အသက်ဆုံးတိုင် သင်ပြပါ့မယ်..သားငယ်။ အဖွားပေးတဲ့ ပိတ်ဖြူစ အမေ့ကိုယ်ပေါ် ခြုံလွှမ်းရချိန် သားငယ်သည်…လူလောက၌ နောင်တကင်းစွာ ပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်သူ ဖြစ်ပါစေလေ… ခရေ (နံနက် ၁၀နာရီ ၁၅ မိနစ်။ ၁၀ရက်၊ သြဂုတ်လ၊ ၂၀၁၄)

အချစ်ကုန်ဈေး

အချစ်ကုန်ဈေး ငွေနဲ့သာ ဘ၀ကိုတိုင်းလို့ရစတမ်းဆိုရင် ဘီလ်ဂိတ် လမ်းဘေးအိပ်နေတုန်းက မင်းသိတောင်သိခဲ့လို့လား။ ၀န်ခံပါတယ်.. မီလျံမှာ သုည ဘယ်နှစ်လုံးရှိမှန်းငါမသိဘူး ငါနဲ့လည်းမဆိုင်ဘူး သိလည်းမသိချင်ဘူး..။ ဂစ်တာမှာ ဘယ်နှစ်ကြိုးရှိလဲ ငါသိတယ် ငါက လတ်လတ်ဆတ်ဆတ် အနုပညာတွေပဲ ချမ်းသာချင်တဲ့ကောင်။ နင်က ကိုယ့်ကိုယ်ကို ဘယ်လောက်နဲ့ရောင်းချင်တာလဲ ဈေးအရမ်းကြီးလွန်းတယ် ငါ မ၀ယ်နိုင်ပါဘူး ကိုင်ကြည့်တာပါ..။ မင်းအရိပ်နဲ့မင်းတော. အတော်ပါပဲ ကမ္ဘာလည်တိုင်း အရွယ်အစားပြောင်းပြောင်းသွားတော့ နေကပဲ အပြစ်ရှိတာလား နင်ကပဲ အပြစ်ရှိတာလား..။ နင်တောင်းတဲ့ဈေး ငါမပေးနိုင်ပါဘူး ငါအောင်းတဲ့ဇောင်းတော့ နေနိုင်ရင် လိုက်ခဲ့ ကောက်ရိုးကိုမိုး ၀ါးခြမ်းကျိုးလေးတွေနဲ့ ဟားဟားဟား မြေအိုးထမင်းတော့. စားရမယ်..။ ငါသိပါတယ်ဟာ အရူးတစ်ယောက်ရဲ့ ဘုံတစ်ခုကို ဆေးပြင်းလိပ်နံ့တွေကြောင့် နင်မလာရဲတာ..။ ကဲ.ထားတော့ ငါကတော. ၀ါသနာတစ်ခုရဲ့ဘေးမှာရှိတယ် နင်ဈေးကျလို့ အော်ရောင်းတော့.မှပဲ ရှေ့မျက်နှာနောက်ထားပြီး နောက်တစ်ခေါက်တွေ့ကြတာပေါ့...။ Credit - Aung Lay

Sunday 21 September 2014

မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ

မွေးဖွားပြီး ပထမဆုံး ရက်သတ္တပတ်များ မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ ဒေါက်တာ အိအိခင်(ကလေး) (၁) အရေပြားအရောင် မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ အဖြူရောင်အဆီခဲ၊ အဆီဖတ်များနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ အချို့ကလေးများရဲ့ နောက်ကျောကုန်း(သို့) ပခုံးပေါ်မှာ မွှေးညှင်းနုထူထူအကွက်များဟာ ရှိတတ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ကျန်းမာတဲ့ မွေးကင်းစကလေးငယ်ရဲ့ အသားရောင်ဟာ နီညိုအကွက် အပြောက်များနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးလည်ပတ်မှု မတည်ငြိမ်သေး၍ ဖြစ်ပါတယ်။ ရင်သွေးငယ်ရဲ့ အရေပြားတွေဟာ တွန့်နေပြီး ခြောက်သွေ့နေတတ်ပါတယ်။ တချို့ဟာ ခြောက်သွေ့ပြီး ကွာကျတတ်တယ်။ သင့်ရင်သွေးငယ်၏ တွန့်ပြီးခြောက်သွေ့နေတဲ့ သဘာဝအရေပြားအတွက် Babi Mild Baby Lotion with Vitamin E ကို လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကွာကျမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ (၂) ချက်ကြိုး မွေးကင်းစကလေးငယ်ရဲ့ ချက်ကြိုးငုတ်တိုဟာ မွေးပြီး (၁၀) ရက်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့သဘာဝအတိုင်း ကြွေသွားပါလိမ့်မည်။ သန့်စင်သော ဂွမ်းစတွင် အရက်ပျံအနည်းငယ်ထည့်၍ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ချက်ကြိုးမှာ သာမန်ထက် သွေးထွက်များနေခြင်း၊ ချက်တိုင်ပတ်လည်မှာ အရေပြားနီရဲနေခြင်း၊ ရောင်ရမ်းနေခြင်းတွေ့ရရင် ဆရာဝန်နဲ့ အမြန်ပြသပါ။ ရင်သွေးငယ်မွေးဖွားစဉ် ပြုလုပ်ခဲ့ရသော မိခင်၏ မွေးလမ်းကြောင်း အသေးစားခွဲစိတ်မှုနှင့် ဆက်စပ်သော ချုပ်ရိုးနှင့်အနာသို့ ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ရန်နှင့် အနာကျက်စေရန် အတွက် အရက်ပျံဆွတ်ထားသော ဂွမ်းလုံးလေးကို နေ့စဉ်အနည်းဆုံး (၂) ကြိမ် (သို့) ကိုယ်လက်သန့်စင်မှု ပြုလုပ်ပြီးတိုင်း အသုံးပြုသင့်ပါသည်။ (၃) ငယ်ထိပ်နဲ့ဦးခေါင်း ရင်သွေးငယ်ရဲ့ ဦးခေါင်းအရှည်ဟာ ခန္ဓာကိုယ်အလျားရဲ့ လေးပုံတစ်ပုံရှိပါတယ်။ မွေးပြီးစကလေးရဲ့ ငယ်ထိပ်နေရာမှာ ဦးခေါင်းရိုးများ မဆက်သေးတာတွေ့ရပါမယ်။ ငယ်ထိပ်နေရာမှာ သွေးခုန်နှုန်းနဲ့ အတူလှုပ်ရှားနေတာတွေ့ရပါတယ်။ ငယ်ထိပ်နေရာမှာ ဦးနှောက်ကို ကာကွယ်ပေးထားတဲ့ အထူးစပါယ်ရှယ် အလွှာတစ်ခုရှိပါတယ်။ အထဲကို ထိခိုက်မှု ဒဏ်မှ အတော်အတန်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ အပေါ် ဦးခွံအပေါ် သန့်ရှင်းရေး စိတ်ချလက်ချလုပ်နိုင်ပါတယ်။ (၄) မွေးရာပါ အမှတ်အသားများ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်တွင် တွေ့ရတဲ့ မွေးရာပါ တချို့အမှတ်အကွက်တွေဟာ ကလေးကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကလေးရဲ့ လက်ချောင်းကလေးတွေမျာ အသားမာတက်သလိုဖြစ်ပြီး အပူလောင်ဖူတွေ တွေ့ရတတ်ပါတယ်။ မွေးလမ်းကြောင်းတစ်လျောက် ထွက်လာစဉ်အတွင်း အချိန်ကြာ ခဲ့တဲ့ အချို့ကလေးငယ်တွေရဲ့ မျက်နှာဟာ ပြာနှမ်း၊ ရောင်ရမ်း နေတတ်ပါတယ်။ စိတ်မပူပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒေါက်တာ အိအိခင်(ကလေး)

၁၉၄။မေး။ဘယ်လိုခွင့်လွှတ်ကြမလဲ ?

၁၉၄။မေး။ဘယ်လိုခွင့်လွှတ်ကြမလဲ ?
နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။
အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်ထင်တယ်။
ကျောင်းတို့၊ အလုပ်ခွင်တို့၊ လူမှုဆက်ဆံရေးတို့ဆိုတာကလည်း ကျနော်တို့ဘ၀မှာ မဖြစ်မနေ ပတ်သက်နေတဲ့အရာတွေဆိုတော့ အဲဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေဘူး။
ပြီးတော့ လူတွေကို ခွင့်လွှတ်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
ဒီတော့ စိတ်တိုအောင် လုပ်တဲ့လူတွေကို ဘယ်လို ခွင့်လွှတ်ကြမလဲ။
လူတွေကို ခွင့်လွှတ်ခြင်းဟာ လွယ်သလား။ အမြဲတော့ မလွယ်ပါဘူး။ ဒါပေမယ့် သင်က လူတွေကို သူတို့ရဲ့ အကျိုးအတွက် ခွင့်မလွှတ်တောင် သင့်ရဲ့ ကောင်းကျိုးအတွက်တော့ သင်က ခွင့်လွှတ်ရမှာပေါ့။
အဲဒါက သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ စိတ်ထဲမှာ လုံးဝမထားဘဲ လွှတ်လိုက်မှ ခွင့်လွှတ်တာပါ။
သူငယ်ချင်းကော...ဘယ်လိုခွင့်လွှတ်မလဲ....???

မူကြိုကျောင်းမှာ ကွန်ပျူတာအသုံးပြုခြင်းဟာ

၁၉၃။မေး။ မူကြိုကျောင်းမှာ ကွန်ပျူတာအသုံးပြုခြင်းဟာ ကလေးငယ်တွေကို ထိခိုက်စေတာလား ဒါမှမဟုတ် အကူအညီပေးနေတာလား..???
ဒီနေ့ခေတ်မှာ ကွန်ပျူတာအသိပညာတိုးတက်လာခြင်းရဲ့ လွှမ်းမိုးမှုကြောင့် တချို့မိဘတွေ အမြင်မှာ သူတို့ကလေးတွေ ကွန်ပျူတာစောပြီးကိုင်တွယ်တတ်လေ ပိုပြီးကောင်းမွန်လေ ဆိုပြီး ယုံကြည်နေတဲ့သူတွေ အများကြီးပါပဲ။ မူကြိုကျောင်းတက်ရွယ်ကလေးငယ်တွေ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်လာကြတာကို တွေ့နေရပါတယ်။ ဒါဆိုရင် ဒီကွန်ပျူတာအတတ်ပညာတွေဟာ ကလေးတွေရဲ့ကျန်းမာရေးအတွက် ကောင်းပါ့မလား။ မိဘတွေအနေနဲ့ သားသမီးတွေ ဘယ်လောက်ကြာကြာကွန်ပျူတာ အသုံးပြုသင့်တယ် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ဆင်ခြင်သင့်ပြီ မဟုတ်ဘူးလား။
ကွန်ပျူတာအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေ : တချို့ပညာရှင်တွေက ငယ်ငယ်ကတည်းကနေ ကွန်ပျူတာကိုင်တွယ်တတ်တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေကို သက်သေပြခဲ့ကြတယ်။ မူလတန်း၊ မူလွန်ကျောင်းတွေမှာ ကွန်ပျူတာသင်ကြားခြင်းပြုလုပ်ပေးတဲ့အချိန်မှာ အရင်မူကြိုကျောင်းတုန်းက အထိအတွေ့ရှိခဲ့ပြီးသား ကလေးတွေအတွက်တော့ အထားကျနေတာကိုလည်း တွေ့ရတယ်။ ပြီးတော့ ကွန်ပျူတာကနေ ဂဏန်းလေ့လာခြင်း၊ စကားလုံးလေးတွေ မှတ်ထားခြင်း စတဲ့ ဂိမ်းတွေကိုလည်း ဆော့လို့ရတယ်လေ။ ကလေးတွေအနေနဲ့ ကွန်ပျူတာစောပြီးအသုံးပြုတတ်ခြင်းကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့-
ပညာရေးနဲ့ပတ်သတ်တဲ့ နည်းပညာတွေကို သိရှိခြင်း
နည်းစနစ်ကျတဲ့အတွေးအခေါ်တွေကို သင်ကြားခွင့်ရခြင်း
အနာဂတ်နည်းပညာတိုးတက်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်း
ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးတက်ခြင်း
ပြဿနာဖြေရှင်းနည်းတွေနဲ့ ရင်းနှီးလာခြင်း
ကြာရှည်ခံတဲ့မှတ်ညဏ်ပိုမို ကောင်းမွန်ခြင်း
ကွန်ပျူတာအသုံးပြုခြင်းရဲ့ ဆိုးကျိုးများ : အကျိုးကျေးဇူးတွေ အများကြီးကြားမှာ ကျောင်းနေရွယ်မရောက်သေးတဲ့ကလေးငယ်များအတွက် ဆိုးကျိုးတွေကလည်း အများကြီးပါ။ အဓိက ကတော့ ကိုယ်ကာယကျန်းမာရေးကို ပိုပြီးထိခိုက်စေပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးကိစ္စတွေ ထိပါ စိုးရိမ်ရမှာ ဖြစ်ပါတယ်။
မူကြိုကျောင်းနေရွယ် ကလေးငယ်တွေရဲ့ ကြွက်သားနဲ့ အရိုးတွေဟာ ဖွံ့ဖြိုးဆဲပဲရှိသေးတဲ့အတွက် အိမ်၊ ကျောင်းမှာ အသုံးပြုတဲ့ ပရိဘောကတွေကိုတောင် ရွေးချယ်ပေးရတဲ့ အဆင့်ပဲရှိပါသေးတယ်။ အဲဒါကြောင့် တစ်နေရာရာမှာ အကြာကြီးထိုင်နေတာမျိုး၊ ခေါင်းမရွှေ့ပဲ တစ်နေရာကိုပဲ စိုက်ကြည့်နေတာမျိုး နှင့် ခါးကုန်းထားနေရတာမျိုးဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ပြီးတော့ ကွန်ပျူတာကနေထွက်လာတဲ့ အလင်းရောင်က ကလေးငယ်ရဲ့ မျက်လုံးနှင့် အရေပြားအတွက် အန္တရာယ်ရှိနေတာကိုလည်း သတိထားစေချင်ပါတယ်။
လိမ္မာပါးနပ်တဲ့ ကွန်ပျူတာအသုံးပြုနည်း : သင့်မူကြိုကျောင်းနေရွယ်ကလေးအတွက် ကွန်ပျူတာကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မိဘများအနေနဲ့ ကိုယ်တိုင်စီမံပေးရမယ့်အချက်တွေကတော့
အချိန်နဲ့ စည်းကမ်းတွေကို ကန့်သတ်ပေးပါ၊
ကလေးပညာရေးအတွက အသုံးဝင်မယ့် ပရိုဂရမ်တွေကို ရွေးချယ်ပေးပါ၊
သင့်ကလေးအသုံးပြုမယ့် ထိုင်ခုံတွေကို စီစဉ်ပေးပါ၊
အသံ၊ အနေအထားတွေကို စီမံပေးပါ၊
သင့်ကလေးရဲ့ ကွန်ပျူတာရှေ့လှုပ်ရှားမှုတွေကို လေ့ကျင့်ပေးပါ၊
သင့်ကလေးအသုံးပြုနေတဲ့ ပရိုဂရမ်ကလွဲလို့ အခြားအရာတွေကို ပိတ်ထားပါ၊
ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်၊ ဆော့ကစားရမယ့် အချိန်တွေကို စီမံထားပေးပါ။
Ref:education.com
Lily /Trend Myanmar

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး။ ________________

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး။ ___________________________ တက္ကသိုလ်တစ်ခုမှာ ရုက္ခဗေဒဘာသာသင်တဲ့ ဆရာတစ်ဦးရှိတယ်။ အဲဒီဆရာသင်တဲ့ဘာသာရပ်က စိတ်ဝင်စားဖို့မကောင်းပေမယ့် သူ့အတန်းချိန်ဆိုရင် ကျောင်းသားတွေ အမြဲပြည့်နေတတ်တဲ့အပြင် အတန်းပြင် ဝရန်တာအထိ လာနားထောင်တဲ့ကျောင်းသားတွေ ရှိခဲ့တယ်။ သူဟာလုပ်သက်ရင့် ဆရာတစ်ဦး မဟုတ်သလို အသိပညာတွေ ပေါကြွယ်ဝနေသူလည်း မဟုတ်ပါဘူး။ အကြောင်းက သူရဲ့အရွှင်းအဖောက် ဟာသဉာဏ်ကြောင့်ဖြစ်တယ်။ တစ်ခါက ဆရာဟာ ကျောင်းသားတွေနဲ့အတူ မြင့်မားတဲ့တောတောင်တွေအထိ လက်တွေ့ဆင်းခဲ့ကြတယ်။ လမ်းမှာတွေ့တဲ့ အမျိုးအမည်မသိ အပင်တွေကို ကျောင်းသားတွေကမေးတိုင်း ဆရာကဖြေနိုင်ခဲ့တယ်။ ဒါကို ကျောင်းသားတစ်ယောက်က အားကျပြီး.... “ဆရာ... ဆရာက အသိဉာဏ်ပညာ ကြွယ်ဝလွန်းတယ်။အပင်တိုင်းရဲ့ အမျိုးအစားကို ဆရာသိနေတယ်နော်” လို့ ဆိုတော့ ဆရာကနောက်လှည့်ပြီး ကျောင်းသားအားလုံးကို မျက်စပစ်ပြလိုက်တယ်။ ပြီးတော့ “ ဆရာ ဘာဖြစ်လို့ ကျောင်းသားအားလုံးရဲ့ ရှေ့မှာ ဦးဆောင်ပြီး သွားနေလဲသိလား၊ ရှေ့ကနေသွားပြီး မသိတဲ့အပင်ရှိရင် ဆရာက အရင်နင်းချေပစ်လိုက်တယ်။ သိတဲ့အပင်တွေလောက်ပဲချန်ထားလို့ အခုလို သိနေတာပေါ့” လို့ ပြန်ဖြေလိုက်တယ်။ ဆရာ့စကားကို ကြားတော့ ကျောင်းသားအားလုံး တဝါးဝါးနဲ့ ပွဲကျကုန်ကြတယ်။ စာသင်ခန်းထဲမှာတောင် မဟုတ်ပါဘူး.. လေ့လာရေး ခရီးတစ်ခုမှာတောင် အပျော်နဲ့ ပြည့်ဝတဲ့ခရီးတစ်ခုအဖြစ် ဆရာကစွမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာလည်း ဆရာ့ကို ကျောင်းသားတွေနှစ်သက်စေတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ " ပြုံးဖို့ရာ ငွေကြေးကုန်ကျစရာမလိုဘူး။ ဒါပေမယ့် အကျိုးအမြတ်တွေ အများကြီးရစေတယ်" အမေရိကန် ထိပ်သီးစီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Gandalf က ဒီလိုဆိုပါတယ်။ “ရောင်းဝယ်မှုဆိုတာ ၂%က ကုန်ပစ္စည်း အသိရှိရမယ်။ ၉၈%က လူ့သဘာဝကို နားလည်ရမယ်”။ အမေရိကန် (EQ) စာအုပ်ရေးသားတဲ့ စာရေးဆရာ Daniel Goleman က “အောင်မြင်မှုမှာ ၈ဝ%က EQဖြစ်ပြီး ၂ဝ% က IQ ဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါကြောင့် လူ့သဘာဝကို နားလည်ခြင်း၊ အပြောအဆို လိမ္မာယဉ်ကျေးခြင်း၊ ဟာသဉာဏ်ရွှင်ခြင်းတွေက အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်လို့ဆိုပါတယ်။ တချို့လူတွေကို လူတွေက သဘောကျနှစ်ခြိုက်ပြီး တချို့ကို ဘာကြောင့် မုန်းတီးရွံ့ရှာကြသလဲ၊ အဖြေက “သူတို့ကိုယ်သူတို့ မမြှင့်တင်တတ်လို့ပါပဲ”။ ဂျပန်နိုင်ငံက စကားပြောအနုပညာရှင်တစ်ဦးဖြစ်တဲ့ Mr. Fukuda Jian က “ အပြုံးက အပြုံးကိုသယ်ဆောင်လာနိုင်တယ်” လို့ ဆိုပါတယ်။ ကိုယ်က လူတွေကို အပြုံးနဲ့ ကြိုဆိုလက်ခံတဲ့အခါ လူတွေကလည်း ကိုယ့်ကိုအပြုံးနဲ့ ပြန်လည် ကြိုဆိုလက်ခံတာကို ဆိုလိုခြင်းဖြစ်တယ်။ “အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး” ဖြစ်တယ်။ ကူးစက်ခံရတဲ့လူတိုင်းကို ပျော်ရွှင်စေတယ်။ နေသာထိုင်သာရှိစေတယ်။ Mr. Fukuda Jian ကဆက်ပြီး “အပြုံးနဲ့ ကြိုဆိုတာဟာ လူလူချင်း ဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေတဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်” လို့ဆိုပါတယ်။ ဒါကြောင့် အပြုံးအမြဲဆောင်ထားပြီး လူတွေနဲ့ ပျော်ပျော်ဆက်ဆံတာဟာ တခြားလူတွေအတွက်သာမက ကိုယ့်အတွက်လည်း ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ အပြုံးဆိုတဲ့ကူးစက်ရောဂါတစ်မျိုး ကူးစက်တာကို ကျွန်မတို့ ဘာကြောင့် လက်မခံနိုင်ရမလဲ... နိုင်းနိုင်းစနေ (Friday, October 10, 2008) Nine Nine Sanay @ နိုင်းနိုင်းစနေ။

မိခင်အတွက် နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ

မိခင်အတွက် နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ
ဒေါက်တာ အိအိခင် (ကလေး)
အချို့အမျိုးသမီးတွေသည် မိမိကလေးကို နို့တိုက်ခြင်းဖြင့် မိမိရဲ့သားမြတ်များတွဲကျပြီးပုံပျက်မှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးမွေးပြီးတဲ့ မိခင်ရဲ့ သားမြတ်အရွယ် အစားပြောင်းလဲတတ်သလို အနည်းငယ်လည်း တွဲနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ခြင်းကြောင့်သာဖြစ်ပြီး နို့တိုက်လို့ မဟုတ်ပါဘူး။
ကလေးငယ်ကို မိမိရဲ့နို့တိုက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်စဉ်က တိုးခဲ့တဲ့ အလေးချိန်ကို ကျစေပါတယ်။ မိမိရဲ့နို့ချိုတိုက်ကျွေးနေစဉ်မှာ Ocytocin လို့ခေါ်တဲ့ ဟော်မုန်းများလည်း ထွက်ရှိနေတဲ့အတွက် နို့ရည်အထွက် အားကောင်းစေတဲ့အပြင် ကလေးသန္ဓေတည်ခဲ့တဲ့ မိခင်ရဲ့ သားအိမ်ဟာလည်း ကိုယ်ဝန်မဆောင်သေးစဉ်က အရွယ်အစားကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး နို့ချိုတိုက်ကျွေးတဲ့မိခင်များဟာ သားမြတ်ကင်ဆာရောဂါမှလည်း ပိုကင်းဝေးနိုင်တာတွေ့ရပါတယ်။
မိခင်နို့ရည်မှာပါဝင်တဲ့ ဗီတာမင်ဓါတ်တွေဟာ ကလေးရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် မိခင်အနေနဲ့လည်း ကျန်းမာပြီးအာဟာရရှိတဲ့ အစားအစာတွေကို ပြည့်ပြည့်၀၀စားဖို့လိုအပ်သလို နေ့စဉ်အားဆေးများကိုလည်း မှီဝဲသင့်ပါတယ်။
မိခင်နို့ရည်မှာရော နို့မှုန့်မှာပါ သတ္တုဓါတ်များဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖရပ်(စ်)များ ပါဝင်ပါတယ်။ ဒီသတ္တုဓါတ်တွေဟာ အရိုးနဲ့ ကြွက်သားများကြီးထွားဖို့အတွက် အလွန်အရေးပါပါတယ်။
ကလေးငယ်များမွေးဖွားလာရာမှာ သဘာဝအရ သံဓါတ် လုံလုံလောက်လောက် ပါရှိပါတယ်။ အဲဒီ သံဓါတ်တွေဟာ လေးလလောက်အထိ ခံနိုင်ပါတယ်။ လေးလနောက်ပိုင်းမှာတော့ ကလေးကို သံဓါတ်ပါတဲ့ အားဆေးတစ်မျိုးတိုက်ကျွေးသင့်ပါတယ်။
ဇင့်၊ ကြေးဓါတ်နဲ့ ဖလိုရိုက်တွေဟာလည်း မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါ။ ဇင့်နဲ့ ကြေးဓါတ်ကတော့ မိခင်ရဲ့နို့ရည်မှာရော၊ နို့မှုန့်မှာပါပါဝင်နေပေမယ့် ဖလိုရိုက်ကတော့ မပါဝင်ပါဘူး။ ဖလိုရိုက်ဟာ ကလေးငယ်သွားတွေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မိမိရဲ့ကလေးငယ်ကို ပြနေကျကလေးဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူများကိုလည်း မိမိအနေနဲ့ မေးမြန်းသင့်ကြောင်း အကြံပြုချင်ပါတယ်။
ဒေါက်တာအိအိခင် (ကလေး)

၁၉၃။မေး။ မူကြိုကျောင်းမှာ ကွန်ပျူတာအသုံးပြုခြင်းဟာ ကလေးငယ်တွေကို ထိခိုက်စေတာလား ဒါမှမဟုတ် အကူအညီပေးနေတာလား..??

၁၉၃။မေး။ မူကြိုကျောင်းမှာ ကွန်ပျူတာအသုံးပြုခြင်းဟာ ကလေးငယ်တွေကို ထိခိုက်စေတာလား ဒါမှမဟုတ် အကူအညီပေးနေတာလား..???
ဒီနေ့ခေတ်မှာ ကွန်ပျူတာအသိပညာတိုးတက်လာခြင်းရဲ့ လွှမ်းမိုးမှုကြောင့် တချို့မိဘတွေ အမြင်မှာ သူတို့ကလေးတွေ ကွန်ပျူတာစောပြီးကိုင်တွယ်တတ်လေ ပိုပြီးကောင်းမွန်လေ ဆိုပြီး ယုံကြည်နေတဲ့သူတွေ အများကြီးပါပဲ။ မူကြိုကျောင်းတက်ရွယ်ကလေးငယ်တွေ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်လာကြတာကို တွေ့နေရပါတယ်။ ဒါဆိုရင် ဒီကွန်ပျူတာအတတ်ပညာတွေဟာ ကလေးတွေရဲ့ကျန်းမာရေးအတွက် ကောင်းပါ့မလား။ မိဘတွေအနေနဲ့ သားသမီးတွေ ဘယ်လောက်ကြာကြာကွန်ပျူတာ အသုံးပြုသင့်တယ် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ဆင်ခြင်သင့်ပြီ မဟုတ်ဘူးလား။
ကွန်ပျူတာအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေ : တချို့ပညာရှင်တွေက ငယ်ငယ်ကတည်းကနေ ကွန်ပျူတာကိုင်တွယ်တတ်တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေကို သက်သေပြခဲ့ကြတယ်။ မူလတန်း၊ မူလွန်ကျောင်းတွေမှာ ကွန်ပျူတာသင်ကြားခြင်းပြုလုပ်ပေးတဲ့အချိန်မှာ အရင်မူကြိုကျောင်းတုန်းက အထိအတွေ့ရှိခဲ့ပြီးသား ကလေးတွေအတွက်တော့ အထားကျနေတာကိုလည်း တွေ့ရတယ်။ ပြီးတော့ ကွန်ပျူတာကနေ ဂဏန်းလေ့လာခြင်း၊ စကားလုံးလေးတွေ မှတ်ထားခြင်း စတဲ့ ဂိမ်းတွေကိုလည်း ဆော့လို့ရတယ်လေ။ ကလေးတွေအနေနဲ့ ကွန်ပျူတာစောပြီးအသုံးပြုတတ်ခြင်းကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့-
ပညာရေးနဲ့ပတ်သတ်တဲ့ နည်းပညာတွေကို သိရှိခြင်း
နည်းစနစ်ကျတဲ့အတွေးအခေါ်တွေကို သင်ကြားခွင့်ရခြင်း
အနာဂတ်နည်းပညာတိုးတက်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်း
ကိုယ်ပိုင်ယုံကြည်မှုတွေ တိုးတက်ခြင်း
ပြဿနာဖြေရှင်းနည်းတွေနဲ့ ရင်းနှီးလာခြင်း
ကြာရှည်ခံတဲ့မှတ်ညဏ်ပိုမို ကောင်းမွန်ခြင်း
ကွန်ပျူတာအသုံးပြုခြင်းရဲ့ ဆိုးကျိုးများ : အကျိုးကျေးဇူးတွေ အများကြီးကြားမှာ ကျောင်းနေရွယ်မရောက်သေးတဲ့ကလေးငယ်များအတွက် ဆိုးကျိုးတွေကလည်း အများကြီးပါ။ အဓိက ကတော့ ကိုယ်ကာယကျန်းမာရေးကို ပိုပြီးထိခိုက်စေပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးကိစ္စတွေ ထိပါ စိုးရိမ်ရမှာ ဖြစ်ပါတယ်။
မူကြိုကျောင်းနေရွယ် ကလေးငယ်တွေရဲ့ ကြွက်သားနဲ့ အရိုးတွေဟာ ဖွံ့ဖြိုးဆဲပဲရှိသေးတဲ့အတွက် အိမ်၊ ကျောင်းမှာ အသုံးပြုတဲ့ ပရိဘောကတွေကိုတောင် ရွေးချယ်ပေးရတဲ့ အဆင့်ပဲရှိပါသေးတယ်။ အဲဒါကြောင့် တစ်နေရာရာမှာ အကြာကြီးထိုင်နေတာမျိုး၊ ခေါင်းမရွှေ့ပဲ တစ်နေရာကိုပဲ စိုက်ကြည့်နေတာမျိုး နှင့် ခါးကုန်းထားနေရတာမျိုးဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ ပြီးတော့ ကွန်ပျူတာကနေထွက်လာတဲ့ အလင်းရောင်က ကလေးငယ်ရဲ့ မျက်လုံးနှင့် အရေပြားအတွက် အန္တရာယ်ရှိနေတာကိုလည်း သတိထားစေချင်ပါတယ်။
လိမ္မာပါးနပ်တဲ့ ကွန်ပျူတာအသုံးပြုနည်း : သင့်မူကြိုကျောင်းနေရွယ်ကလေးအတွက် ကွန်ပျူတာကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ မိဘများအနေနဲ့ ကိုယ်တိုင်စီမံပေးရမယ့်အချက်တွေကတော့
အချိန်နဲ့ စည်းကမ်းတွေကို ကန့်သတ်ပေးပါ၊
ကလေးပညာရေးအတွက အသုံးဝင်မယ့် ပရိုဂရမ်တွေကို ရွေးချယ်ပေးပါ၊
သင့်ကလေးအသုံးပြုမယ့် ထိုင်ခုံတွေကို စီစဉ်ပေးပါ၊
အသံ၊ အနေအထားတွေကို စီမံပေးပါ၊
သင့်ကလေးရဲ့ ကွန်ပျူတာရှေ့လှုပ်ရှားမှုတွေကို လေ့ကျင့်ပေးပါ၊
သင့်ကလေးအသုံးပြုနေတဲ့ ပရိုဂရမ်ကလွဲလို့ အခြားအရာတွေကို ပိတ်ထားပါ၊
ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်၊ ဆော့ကစားရမယ့် အချိန်တွေကို စီမံထားပေးပါ။
Ref:education.com
Lily /Trend Myanmar

၁၉၄။မေး။ဘယ်လိုခွင့်လွှတ်ကြမလဲ ?

၁၉၄။မေး။ဘယ်လိုခွင့်လွှတ်ကြမလဲ ?
နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။
အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်ထင်တယ်။
ကျောင်းတို့၊ အလုပ်ခွင်တို့၊ လူမှုဆက်ဆံရေးတို့ဆိုတာကလည်း ကျနော်တို့ဘ၀မှာ မဖြစ်မနေ ပတ်သက်နေတဲ့အရာတွေဆိုတော့ အဲဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေဘူး။
ပြီးတော့ လူတွေကို ခွင့်လွှတ်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
ဒီတော့ စိတ်တိုအောင် လုပ်တဲ့လူတွေကို ဘယ်လို ခွင့်လွှတ်ကြမလဲ။
လူတွေကို ခွင့်လွှတ်ခြင်းဟာ လွယ်သလား။ အမြဲတော့ မလွယ်ပါဘူး။ ဒါပေမယ့် သင်က လူတွေကို သူတို့ရဲ့ အကျိုးအတွက် ခွင့်မလွှတ်တောင် သင့်ရဲ့ ကောင်းကျိုးအတွက်တော့ သင်က ခွင့်လွှတ်ရမှာပေါ့။
အဲဒါက သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ စိတ်ထဲမှာ လုံးဝမထားဘဲ လွှတ်လိုက်မှ ခွင့်လွှတ်တာပါ။
သူငယ်ချင်းကော...ဘယ်လိုခွင့်လွှတ်မလဲ....???

၁၇၃။မေး။စေတနာသည်လူတိုင်းနဲ့ မတန်လို့ ပြောကြတယ်။တကယ်ဘဲလား?ရောင်ပြန်ဟပ်တတ်ပါသလား.

"စေတနာသည်လူတိုင်းနဲ့ မတန်"လို့ ကြားမိတိုင်းကျနော်က နားခါးမိတယ်...။
ဒါပေမယ့် ကျနော်ဖတ်ဖူးတဲ့ မက္ကစီကို စာရေးဆရာ Gregoria Lopezy ၏ A Letter to God ထဲကလင်းချိုအကြောင်းတွေးမိနေတာ့...လက်ခံချင်သလိုပါဘဲလေ...။
ကျနော်မှတ်မိသလောက်...လင်းချိုအကြောင်းပြောပြမယ်...လင်းချိုတို့ ရွာမှာလယ်ယာမြေအတွက်မိုးရေလိုတယ်...ဒါနဲ့ လင်းချိုလည်းဘုရားသခင်ကိုဆုတောင်းတယ်...ကံဆိုးချင်တော့ အဲ့ ဒိနေ့ ကမိုးရွာတယ်...မိုးကမုန်တိုင်းပါဖြစ်ပြီးရက်ဆက်ရွာတဲ့ အတွက်လယ်တွေ ပျက်တယ်.... မုန်တိုင်းစဲတဲ့ အခါ...အငတ်ဘေးရောက်မှာမလို့ ...လင်းချိုက သူယုံကြည်ရာဘုရားသခင်ဆီစာရေးတယ်...။မိုးတိတ်ဖို့ ပေါ့......နောက်ငွေလည်းလိုတယ်..........
ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။
ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါ
အပေါင်းတို့ ၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်ပါလော။
လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့ လောက်သာ သိသူဖြစ်၏။
မည်သို့ စာရေးရမည်ကို မသိ။
နောက်တစ်နေ့ မနက်လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ရေးနေသည်။
သူ့ ကိုဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။
ထိုစာမှာ အခြားစာမဟုတ်။
ဘုရားသခင်ထံ ပေးစာဖြစ်ပါသည်။
" လျှောက်ထားအပ်သည် ဘုရား၊ ယခုနှစ်တွင် မိသားစု ငတ်ကြရမည်သာ ဖြစ်ပါသည်။
လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့်
ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။
သူသည် စာကို စာအိပ်ထဲတွင် ထည့်၊
စာအိတ်ပေါ်တွင် 'ဘုရားသခင်ထံသို့ ပေးရန်' ဟု
ရေးပြီး စာထည့်ရန် မြို့ သို့ လာခဲ့သည်။
စာတိုက်မှ တံဆိပ်ခေါင်း တစ်လုံးဝယ်၍ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲ ထည့်ထားခဲ့သည်။
စာပို့ သမားသည် ထိုစာကို တွေ့ သည့်အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။
သူ့ တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတပ်ထားသော စာတစ်စောင်ကို
တစ်ခါမျှ မတွေ့ ဘူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်သည်လည်း
ထိုလိပ်စာကို မြင်သည့်အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။
ထို့ နောက် ချက်ချင်းလေးနက် သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ်ရိုက်ရင်း.....
' သူ့ ခမျာ သနားပါတယ်ကွာ၊ ဘုရားတရားကို တော်တော်ယုံကြည်ရှာတာပဲ၊
သူ့ လိုယုံကြည်နိုင်တဲ့ သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊
သူ့ လို ယုံကြည်ချင်လိုက်တာ၊ သူ့ လိုမျှော်လင့်ချက်မျိုးရှိချင်
လိုက်တာ၊ ကြည့်စမ်းပါဦး၊
ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ စာနဲ့ ပေနဲ့တောင် ဆက်သွယ်တယ် '
ဝေငှ၍မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရားကိုင်းရှိုင်းပုံကို ကြည့်၍
စိတ်ပျက်အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခုကူညီသင့်သည်ဟု
စာတိုက်ဗိုလ်ကြီး သဘောရသည်။
သို့ ရာတွင် စာကိုဖွင့်၍ ဖတ်လိုသည့်အခါ၌ သူ့ စာကို ပြန်လျှင်စိတ်စေတနာကောင်းရုံ၊
မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။
သို့ ရာတွင် သူ့ ဆုံးဖြတ်ချက်ကို မပြောင်းပါ။
စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေကောက်သည်။
သူကိုယ်တိုင်လည်း သူ့ လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။
သူ့ မိတ်ဆွေများကလည်း ' အလှူဒါန ' အဖြစ်တတ်နိုင်သလောက် ထည့်ဝင်ကြသည်။
တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။
ထို့ ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို
စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့ လိုက်သည်။
စာအိတ်ထဲတွင် ' ဘုရားသခင်' ဆိုသည့် စာလုံးတစ်လုံးကိုသာ
ရေးထားသည့် စာတစ်ရွက် ကိုလည်း ထည့်ပေးလိုက်၏။
နောက်တစ်နေ့  တနင်္ဂနွေနေ့  မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင်
စာတိုက်သို့ ပေါက်လာကာ သူ့ အတွက် စာရောက်ခြင်း ရှိမရှိကို လာ၍စုံစမ်းသည်။
စာပို့ သမားကိုယ်တိုင် ထိုစာကို လင်းချို လက်သို့ ပေးလိုက်၏။
စာတိုက်ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခု
ပြုလိုက်ရသဖြင့် ပီတိဖြစ်နေသူတစ်ဦး အနေဖြင့် အတွင်းဘက်မှနေ၍
လင်းချို ကို လှမ်းကြည့်နေသည်။
လင်းချိုသည် စာအိတ်ကိုဖွင့်၍ ငွေစက္ကူများကို မြင်သည့်အခါတွင်
နည်းနည်းမျှ အံ့အားသင့်ဟန်မပြပါ။
ထိုအရာများကို ရလိမ့် မည်ဟု သူယုံကြည်ပြီးသားဖြစ်ဟန်တူပါသည်

သို့ ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံးဖြစ်နေသည်။
ဘုရားသခင်သည် ငွေအရေ မမှားနိုင်။
သူတောင်းသည့် ငွေအရေအတွက်ကိုလည်း ငြင်းဆန်ခြင်း ပြုမည်မဟုတ်။
လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ
စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။
ထို့ နောက် စာတိုက်ကောင်တာတွင် ထိုင်ကာ
သူရေးမည့် အကြောင်းအရာကို
မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ရေးနေသည်။
စာရေးပြီးသည့်အခါတွင် အပေါက်ဝသို့ သွားကာ တံဆိပ်ခေါင်းတစ်လုံးဝယ်၍
တံတွေးဖြင့်ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။
စာတိုက်ပုံးထဲသို့  စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည်
စာတိုက်ပုံးထဲမှ စာကိုယူ၍ ဖတ်၏။ စာထဲတွင် အောက်ပါအတိုင်းပါရှိ၏။
' လျှောက်ထားတောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာ လက်ထဲသို့ ရောက်လာပါသည်။ ကျန်ငွေများကို ဆက်လက်ပို့ ပါဘုရား။ များစွာအသုံးလိုနေပါသည်။
သို့ ရာတွင် ယခုတစ်ခေါက် ပို့ လျှင် စာတိုက်မှ မပို့ ပါနှင့်ဘုရား။
စာတိုက်အမှုထမ်းများသည် လူလိမ်လူကောက်များဖြစ်ပါသည် ဘုရား။
အဲ့ ဒိစာလေးကိုကျနော်ကသတိယမိတော့...စေတနာသည်လူတိုင်းနဲ့ မတန်ဘူးဆိုတာ...တွေးမိပြန်ရော......
သူငယ်ချင်းတို့ ကော......ဘယ်လိုထင်လည်း.......??
ကြုံဘူးတာလေးဝေမျှ ကူးညှိကြစို့ .............

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform