စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 3 December 2014

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက် =========================== ပေါက်ပေါက် အမျိုးသမီးများထက် အမျိုးသားများက အိပ်ပျော် စဉ်ဟောက်တတ်ကြပြီး ပျမ်းမျှအားဖြင့် အရွယ်ရောက်သူ အမျိုးသား ၄၅ ရာခိုင်နှုန်းက ဟောက်လေ့ရှိကြပါတယ်။ အိပ်ပျော်နေစဉ်ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်းကြောင့် နှာခေါင်း၊ လည်ချောင်းစတဲ့ အသက်ရှူလမ်းကြောင်းတစ် လျှောက် တစ်သျှူးများကျဉ်းသွားကာ ဟောက်သံထွက် လာပါတော့တယ်။ အဲဒီလို ဟောက်သံကျယ်လောင်ခြင်း ကြောင့် အိပ်မောကျနေစဉ် မိမိအသံကြောင့် ရုတ်တရက် လန့်နိုးခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်၍ မွန်းကျပ်လန့် နိုးခြင်းဖြစ်ကာ ကြာလာတာနဲ့အမျှ နှလုံးကိုပြဿနာဖြစ် လာစေတတ်ပါတယ်။ ဒါ့ပြင် ဟောက်သံနဲ့အလေ့အကျင့် မရှိသူ ဥပမာ ကြင်စဦးဇနီးမောင်နှံများမှာ ထိုဆူဆူညံညံ ဟောက်သံကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ် စေပြန်ပါတယ်။ ဒါ့ကြောင့် ဟောက်.. ============= (၁) လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါ လည်ချောင်ြး<ွကက် သားများတင်းမာခြင်းမရှိဘဲ ပျော့တွဲကျဉ်းမြောင်းသွားလေ့ ရှိလို့ အမျိုးသားများသက်လတ်ပိုင်းအရွယ်မှာ စတင်ဟောက် တတ်ကြပါတယ်။ (၂) ကျားသဘာဝမျိုးရိုးဗီဇခန္ဓာကိုယ်ဖွဲ့ စည်းတည်ဆောက်ပုံအရ အမျိုးသမီးများနဲ့နှိုင်းယှဉ်ပါကအမျိုးသားတွေရဲ့နှာခေါင်းနဲ့လည်ချောင်းစပ်ကြားရှိ အ ရည်ကျိတ်ကကြီးမားနေတာကြောင့် လည်ချောင်းထဲရှိလေ လမ်းကြောင်းက ပိုကျဉ်းမြောင်းသွားရာ ဟောက်ခြင်းကို ဖြစ်လာစေပါတယ်။ (၃) နှာခေါင်းပေါက်နဲ့ဆက်နေသော ဦးခွံရိုးအတွင်းမှအခေါင်းမှာ ပိတ်ဆို့၍သော်လည်းကောင်း၊ ထိပ်ကပ်နာစတဲ့ နာတာရှည်နှာခေါင်းရောဂါ အမျိုးမျိုးတို့ ကြောင့်လည်း ဟောက်စေတတ်ပါတယ်။ (၄) အဝလွန်ခြင်း ကြောင့် ခန္ဓာကိုယ်ထဲရှိအဆီများတဲ့တစ်သျှူးတွေက အိပ် ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့ထားလို့ ဟောက်ခြင်းကိုဖြစ်စေပါတယ်။ (၅) အရက်နဲ့ဆေးလိပ်အ လွန်အကျွံသောက်သုံးသူများက အတော်အသင့်သောက် သုံးသူတွေထက် ညအိပ်တဲ့အခါ ပိုမိုဟောက်တတ်ကြပါ တယ်။ သဘာဝနည်းဖြင့် ဒီလိုကုသ.. ================ (၁) ကိုယ်အလေးချိန်လျှော့ချပါ။ ပိန် တဲ့သူတွေလည်း ညအိပ်တဲ့အခါ ဟောက် တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်အလေး ချိန်များပြီးဝလာတဲ့အခါ လည်ပင်းတစ် ဝိုက် ဝိတ်တက်လာလို့ နေ့ဘက်မှာမသိ သာပေမယ့် ညအိပ်တဲ့အခါ လည်တိုင် ကြွက်သားများကိုညှစ်၍အသက်ရှူရ ခြင်းကြောင့် ဟောက်ခြင်းကိုဖြစ်စေနိုင် ပါတယ်။ (၂) အရက်နဲ့စိတ်ငြိမ်ဆေးဝါးများ မမှီ ဝဲရ။ ဟောက်တတ်သူများ ညအိပ်ရာ ဝင်ချိန်ထက် ၄ (သို့မဟုတ်) ၅-နာရီကြို၍အရက်မသောက် သင့်ပါဘူး။ အရက်သောက်ခြင်းကြောင့် လည်တိုင်အတွင်း ပိုင်းကြွက်သားများကို လှုပ်ရှားစေကာ သိသိသာသာ ပို ဟောက်စေပါတယ်။ ထိုနည်းတူ စိတ်ငြိမ်ဆေးဝါးများက လည်း လည်တိုင်အတွင်းပိုင်းကြွက်သားကို လှုံ့ဆော်ပေး လို့ မမှီဝဲသင့်ပေ။ (၃) အိပ်စက်ပုံ မှန်ကန်ပါစေ။ ပက်လက်လှန်အိပ်ခြင်းက လျှာတိုဝင်သွားပြီး လည်ပင်းရဲ့အတွင်းနံရံကိုသွားထောက် မိကာ အိပ်ပျော်သွားတဲ့အခါ ဟောက်သံထွက်ပေါ်လာ ပါတော့တယ်။ ဒါ့ကြောင့် ပက်လက်မအိပ်ဘဲ ဘေးသို့ စောင်းအိပ်ပေးပါ။ (၄) ပလုတ်(အာလုတ်)ကျင်းပါ။ ညအိပ်ခါနီး ရေအေး ၁- ဖန်ခွက်ထဲမှာ ပူစီနံရွက်အဆီ တစ်စက်ချ၍ ပလုတ် (အာ လုတ်)ကျင်းခြင်းက မဟောက်နိုင် အောင် အထောက်အပံ့ ဖြစ်စေပါတယ်။ (၅) အိပ်ခန်းသန့်ရှင်းရေးလုပ်ပါ။ ခေါင်းအုံးစွပ်၊ အိပ်ယာ ခင်း၊ စောင်များ လျှော်ဖွပ် သန့်စင်ခြင်းနဲ့ အိပ်ခန်းအတွင်း အနံ့အသက်ကောင်းမွန် အောင်ထားခြင်းဖြင့် ဟောက်ခြင်း ကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ အိပ်ခန်းထဲမှာ ခွေး၊ ကြောင်တို့ဝင်ရောက်နေထိုင်ခွင့်မပြုပါနဲ့။ (၆) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းကလည်း လည် မျိုတစ်ဝိုက် အမြှေးပါးများကိုရောင်ရမ်းပိတ်ဆို့စေပါတယ်။ ညအိပ်စဉ် ဟောက်လေ့ရှိသူ အများစုဟာ ဆေးလိပ်သောက် ကြသူများဖြစ်လို့ ကျန်းမာရေးကို ဘက်စုံကောင်းမွန်စေ အောင် ဆေးလိပ်ဖြတ်ပါ။ (၇) ရေနွေးငွေ့ရှူပါ။ အသက် ရှူလမ်းကြောင်းပွင့်နေအောင် ညအိပ်ရာမဝင်ခင် ရေနွေးငွေ့ ရှူပါ (သို့မဟုတ်) ရေနွေးပူပူ ထဲမှာ ဆားခတ်၍ အငွေ့ရှူ ရှိုက်ပါ။ (၈) ခေါင်းအုံးကိုဂရုစိုက်ပါ။ မမြင့်လွန်း မနိမ့်လွန်းဘဲ ဦး ခေါင်း-လည်ပင်း-ဇက်တို့နဲ့ အဆင်ပြေတဲ့ ခေါင်းအုံးမျိုးကိုရွေးချယ်တတ်ဖို့လိုပါတယ်။ ကြာလာတဲ့အခါ ခေါင်းအုံးပျော့ပြီး အိပ်စက်ပုံအနေအ ထားမမှန်တော့ဘဲ ဟောက်ခြင်းကိုဖြစ်စေတဲ့အပြင် ဇက် ကြောတက်-အုံးလွဲ-လည်ပင်းနာ စသည့်နောက်ဆက်တွဲ ဝေဒနာများမဖြစ်ရအောင် ခြောက်လတစ်ကြိမ်ခေါင်းအုံး အသစ်လဲသင့်ပါတယ်။ အထူးသဖြင့် ပန်းဂျုံ(ခေါ်)အမည်း ရောင်နှံစား အစေ့တို့ဖြင့်ပြုလုပ်ထားတဲ့ခေါင်းအုံးက ဟောက် ခြင်းကို အထိုက်အလျောက် သက်သာစေပါတယ်။ (၉) အားကစားလေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်/စက် ဘီးစီး စတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းကစားခြင်းကလည်း ညဘက်ဟောက်ခြင်းကို လျော့ပါးသက်သာစေပါတယ်။ (၁ဝ) ညအိပ်ရာမဝင်ခင် အစားများများမစားရ။ ညစာ လျှော့စားပါ။ အိပ်ရာဝင်ခါနီး ဗိုက်ပြည့်တဲ့အစာများစား ခြင်းက ကျယ်လောင်စွာ ဟောက်တတ်လို့ ဆင်ဆင်ခြင်ခြင် စားသောက်ပါ။ (၁၁) ရေသောက်ရုံဖြင့် နှာခေါင်းထဲကိုရေဖြင့်မှုတ်ပါ။ ည အိပ်ရာမဝင်ခင်(သို့မဟုတ်)တစ်ရေးနိုးထလာတဲ့အခါများ မှာ ရေသောက်ရင်း နှာခေါင်းအတွင်းပေါက်ရှိရာ အာခေါင် အပေါ်ပိုင်းကို ရေဖြင့်မှုတ်ထုတ်ပေးပါ။ (၁၂) ဆရာဝန်ဖြင့်တိုင်ပင်ပါ။ အကယ်၍ အထက်ပါနည်း လမ်းများဖြင့် ထိန်းမထားနိုင်သေးဘဲ မိမိကိုယ်တိုင်ရော ဘေးလူကိုပါ အအိပ်ပျက် လောက်အောင် ဆူညံ၍ ဟောက် မြဲတမ်းဟောက်နေသေးပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပါ။ လိုအပ်ပါက CPAP စက်(ခေါ်)ညအိပ်စဉ်အဆက်မ ပြတ်လေလမ်းကြောင်းပွင့်စေသောစက်ဖြင့် တပ်ဆင်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ (မှီငြမ်း - Health Tips on 17th August 2013)

သစ်သားခွက်ကလေး

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်း မှာ နေ ရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေ ဟာ ဘေး နားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူ နဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင် လည်းအ သံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူ ကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ ချွေးမဖြစ် သူရဲ့ ဒေါသ တကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချို သာတဲ့စ ကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကား ကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန် လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေ တာတွေ့လိုက်ရပါတော့တယ် ။

===================================

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယု ယပြီး ကိုယ့်မျိုး ဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြား တယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ ဖခင်တစ်ယောက်ပြီးတော့ အဖိုးအိုတစ်ယောက်ဖြစ် လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”


မူရင်း - "The Wooden Bowl"

ကော်ဖီခွက်လေးတစ်ခွက်


ကော်ဖီခွက်လေးတစ်ခွက်
 

နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာ တစ်ဦးဟာ ခရီးတစ်ခု ကို ထွက် လာခဲ့ကြတယ် ။ သူတို့ ဦးတည်ချက်က ပရော်ဖက်ဆာရဲ့အိမ်ကလေးဆီကိုပါ ။ ဒီလိုနဲ့ ခရီး လည်း ဆုံးတော့ လှပသေသပ်တဲ့အိမ်ကလေးတစ်လုံးဆီရောက်လာခဲ့ကြတယ်။

အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြော ဆိုကြ တယ် ။ ထုံးစံအတိုင်း သူတို့ဘ၀ ဟာ စိတ်ဖိစီးမှု ဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက်ခဲကြမ်းတမ်းကြောင်းစသဖြင့်ပေါ့ ။ ပရော်ဖက်ဆာကပြုံးပြီးအိမ်ထဲ ၀င်သွားတယ် ။ ပြန်ထွက်လာတော့ သူ့လက် ထဲမှာ လင်ဗန်းတစ်ခုပါလာတယ် ။

လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပါတယ် ။ စတီးခွက် ကြွေခွက် ပလတ်စ တစ်ခွက်စ သဖြင့်ပေါ့ ။ ပြီးတော့ကျောင်းသားတွေအလယ်မှာ ချပြီး ကိုယ့်ဘာသာ ယူသောက်ကြဖို့ညွှန်ကြားခဲ့တယ် ။ ကျောင်း သားတွေဟာ သူတို့နှစ်သက်ရာခွက်တွေယူပြီးကော်ဖီကို အသီးသီးယူသောက်ကြတယ် ။

အားလုံးကော်ဖီတွေထည့်ပြီးချိန်မှာ ပရော်ဖက်ဆာကပြောတယ် ။

“ အခု ကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခွက်တွေ ကိုပဲ ယူသောက်ကြတာတွေ့တယ် ..တကယ်တော့ ကော်ဖီရဲ့ အ နှစ်သာရဟာ ဒီခွက်တွေပေါ်မှာ မူ တည်နေ တာမဟုတ်ပါဘူး ဒီလိုပဲ ဘ၀မှာ ကိုယ်ဟာ အကောင်းစားတွေ ကိုလိုချင် တယ် အောင်မြင်မှု ကိုတပ်မက်တယ်ဆိုရင်တော့ ခက်ခဲကြမ်းတမ်းမှုတွေကို မညည်းညူပါနဲ့ အဲဒါတွေက အပေါ်ယံအခွံတွေပါ ဘယ်ခွက်နဲ့ပဲသောက်သောက် ကော်ဖီအရသာက ဒီအတိုင်းမပြောင်းလဲပါဘူး ”

===================================

ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ

“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”

သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?


မူရင်း - A cup of tea

အီး-စီးကရက်တွင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းပါဝင်မှုသည် သာမန်စီးကရက်မှာထက် ၁ဝဆပိုများ


အီး-စီးကရက်တွင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းပါဝင်မှုသည် သာမန်စီးကရက်မှာထက် ၁ဝဆပိုများ
=================================================
တိုကျို၊ နိုဝင်ဘာ ၃ဝ
အီး-စီးကရက်မှ ထွက်ပေါ်လာ သည့် (မမြင်ရသော)ရေငွေ့တွင် Formaldehyde (အပုပ်နိုင်သော ပစ္စည်း)နှင့် acetaldehyde အပါ အဝင် ဓာတုပစ္စည်းများပါဝင်နေမှု အဆင့်မြင့်မြင့်ရှိနေသည်ကို ဂျပန် နိုင်ငံရှိ ကျန်းမာရေးကျွမ်းကျင်သူ များက တွေ့ရှိသည်ဟု သိရသည်။
ဤတွေ့ရှိချက်သည် အီး-စီး ကရက်အပေါ်အားထားနေသူများ ကို ထိုးနှက်လိုက်ရာရောက်သွားလေ သည်။ အီး-စီးကရက်သည်သာမန် စီးကရက်များထက် ပို၍ အန္တရာယ် ကင်းသည်ဟု ထုတ်ပြန်ကြေညာ ထားသည်။
အီး-စီးကရက်ကို ကမ္ဘာတစ်ဝန်း လုံးက ကြိုက်လာသည်။ အထူးသ ဖြင့် လူငယ်များက ပိုကြိုက်သည်။ အီး-စီးကရက်သည် ပူပူနွေးနွေးအ နံ့မွှေးမွှေးအရည်တစ်မျိုးဖြစ်သည်။ ယင်းတွင်လည်း နီကိုတင်းဓာတ်ပါ ဝင်သည်သာဖြစ်သည်။ အီး-စီးကရက် မှာ ရေငွေ့ကို ရှူရသော ဆေးလိပ် ဖြစ်သည်။ ယင်းသည်သာမန်စီးက ရက်နှင့် များစွာတူသည်။
အီး-စီးကရက်မှ ထွက်သည့် ရေငွေ့ထဲတွင် Formaldehyde နှင့် acetaldehyde တို့ကဲ့သို့သော ကင် ဆာဖြစ်စေသောအရာ (Carcinogens) ဓာတ်ပစ္စည်းများပါဝင်နေသည် ဆိုသည်ကို ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက တာဝန်ပေးထားသည့် သု တေသီများက တွေ့ရှိကြောင်း သိရ သည်။
သို့ဖြစ်၍ အီး-စီးကရက်တွင် ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်း ပါဝင်မှုသည် သာမန်စီးကရက်ထက် ဆယ်ဆပို၍ ပါဝင်သည်ဟု သုတေ သီတို့က ဆိုကြသည်။
Formaldehyde ကိုဆောက် လုပ်ရေး ပစ္စည်းများတွင် တွေ့ရ သည်။ အပုပ်နိုင်ဆေးရည်များတွင် လည်းတွေ့ရသည်။ Formaldehyde ဓာတ်ပစ္စည်း ပါဝင်မှုသည် သာမန် စီးကရက်မီးခိုးငွေ့မှာထက် အီး-စီး ကရက်ရေငွေ့တွင် ပို၍ပါဝင်ကြောင်း၊ ယင်းဓာတ်ပစ္စည်းသည် ကင်ဆာရော ဂါကိုဖြစ်စေကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ဆိုသည်။
acetaldehyde ကို ထုနှင့်ထည် နှင့် မတွေ့ရတတ်၊ ပမာဏအနည်း ငယ်မျှသာ တွေ့ရတတ်သည်။ သို့ သော်လည်း အက်စစ်နှင့် တခြား ဓာတုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် ယင်းကိုအဓိကအသုံး ပြုသည်။
ယင်း acetaldehyde ဓာတ် ပစ္စည်းကိုလည်း သာမန်စီးကရက် မှာထက် အီး-စီးကရက်တွင် ပိုတွေ့ ရသည်ဟု အဆိုပါကျန်းမာရေးအ ရာရှိတစ်ဦးကပင် ဆို သည်။
သို့ဖြစ်၍ကင်ဆာရောဂါကို ဖြစ်စေသောဓာတ်ပစ္စည်းသည် သာ မန်စီးကရက်မှာ ထက် အီး-စီးကရက် တွင် ဆယ်ဆပို၍ ပါဝင်သည်ဟု ဂျ ပန်နိုင်ငံ၊ အမျိုး သားပြည်သူ့ ကျန်းမာ ရေးဌာနမှ ဒေါက်တာကာအိုကီကု နူဂီတက ဆိုခြင်းဖြစ်သည်။
အများပြည်သူသုံး နေရာများ တွင် အီး-စီးကရက်အသုံးပြုခြင်းကို လည်း တားမြစ်သင့်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဆိုသည်။
CNA
‪#‎Democracytoday‬

ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား

 တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သစ်ခုတ်သမားတစ်ဦးရှိပါတယ် ။ သူဟာေ န့တိုင်းတောထဲကိုသွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ် ။ တစ်နေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည်လမ်းမှားလို့ အတွင်းပိုင်းကိုရောက်သွားခဲ့တယ် ။ အဲဒီရောက်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ငှက်တစ်ကောင်ကို တွေ့ခဲ့တယ် ။

ငှက်ကလေးဟာ တစ်ကိုယ်လုံး ငွေမှင်ရောင်ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ်တောက်ပနေလျှက်ရှိတယ် ။ ထင်းခုတ်သမားက “ တစ်သက်နဲ့တစ်ကိုယ် ဒီလိုလှပတဲ့ငှက်မျိုးမတွေ့ဖူးဘူး အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ် ” လို့တွေးပြီး ငှက်ကလေးကိုအိမ်ကိုယူဆောင်လာခဲ့တယ် ။ အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုဆိုပြပါတယ် ။ သာယာနာပျော်ဖွယ်ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူးနေခဲ့ရတယ် ။

တစ်နေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းကငွေရောင်ငှက်ကလေးကိုမြင်တော့ပြောတယ် ။

“ ဒီငွေရောင် ငှက်ထက်လှတဲ့ရွှေရောင်ငှက်ကလေးကို တောနက်တစ်နေရာမှာတွေ့ဖူးပါတယ် အသံကလည်းပိုချိုပြီးသာယာနာပျော်ဖွယ်ကောင်းပါတယ် ” သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကိုကြားပြီး ရွှေရောင်ငှက်ဆိုတာလည်းရှိပါသေးလားလို့တွေးမိလိုက်တယ် ။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကိုမြင်ချင်စိတ်ပြင်းပြလာခဲ့တယ် ။

ငွေရောင်ငှက်ကလေးဆိုပြတဲ့သီချင်းသံတွေကိုလည်းအရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကိုတမ်းတရင်းပဲအချိန်ကုန်နေခဲ့ရတယ် ။ နေ့တိုင်းလည်း မျက်နှာမသာမယာနဲ့မပျော်ရွှင်တော့ပါဘူး ။ တစ်နေ့တော့ ညနေခင်းအချိန်မို့ နေ၀င်ဆည်းဆာအချိန်ကလှပနေခဲ့တယ် ။ သစ်ခုတ်သမားက အင်း . . ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေ၀င်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲလို့တွေးနေမိတယ် ။ ဒါဏ်ရာပျောက်ကင်းစပြုနေပြီဖြစ်တဲ့ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့အတွက် သစ်ခုတ်သမားဆီသွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ် ။

သီချင်းသံပြီးတော့သစ်ခုတ်သမားကပြောတယ် “ ငွေရောင်ငှက်ကလေးရဲ့အသံကကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့မှီမှာမဟုတ်ပါဘူး အမွှေးအတောင်တွေကလှပေမယ့်ရွှေရောင်ငှက်လောက်တော့လှမှာမဟုတ်ပါဘူး ” လို့ပြောလိုက်တယ် ။ ငှက်ကလေးက ကျေးဇူးတင်တဲ့အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ်လှည့်ပတ်ပျံသန်းပြီးနေ၀င်တဲ့အနောက်အရပ်ဆီပျံသန်းသွားပါတယ် ။

ငွေရောင်ငှက်ကလေးပျံသန်းတာကိုကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသဖြစ်နေရတဲ့ အိပ်မက်ထဲကရွှေရောင်ငှက်ကလေးဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရတယ် ။ သူအမြဲတောင့်တနေရတဲ့ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲရှိနေခဲ့တာကို သူမသိခဲ့ဘူး ။ ငှက်ကလေးကတော့ အနောက်အရပ်ဆီပျံသန်းပျောက်ကွယ်သွားပါပြီ ။ တကယ်တော့ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာအနာတရဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင်ပြောင်းနေခြင်းဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက်ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေးအဖြစ်ပြန်ပြောင်းသွားတာဖြစ်ပါတယ် ။

-------------------------------------------------------

သတိထားသင့်တာလေးတွေ

  • လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။

  • ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုတ်ထဲကရေ ဖြစ်သွားပြီ။

  • သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။

  • ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။

  • ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။

  • သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။

  • ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူ ကလွဲလို့ တခြား ဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူ မပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။

  • သတိနဲ့ နေတာများလေလေ -> လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။

  • ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။

  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။

  • ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။

  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံ ခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူ တွေမှာလည်း အဖေါ်မဲ့ တတ်တယ်။

  • ခွင့်လွတ်ခြင်း ဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။

  • သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။

  • သင်ဘယ်လို လူလဲဆိုတာ သိချင်လျှင် သင့် ပတ်ဝန်းကျင်က လူတွေကို အကဲခတ်ပါ။ သင်နှင့် သင့်ပတ် ၀န်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။

  • သူများကို ဘယ်လိုလူစား လို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား လို့ပြောတာနဲ့ တူပါတယ်။

  • တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့ အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။

  • တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်း သည် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဖြစ်သည်။
(ဆရာတော် ဦးဇောတိက

ကဲ……ဆဲချင်ကြသေးလား

ကဲ……ဆဲချင်ကြသေးလား
ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။
ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။
အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။
အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။
ဓမ္မမိတ်ဆွေတို့…………
ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။
ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့
ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……

Shared from U Ti Law Ka (FB)

ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ

ရှေးမြန်မာတို့ ၏
ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ ။
၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု

========================================
၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿမ
၁၁=ဧကာဒဿမ
၁၂=ဒွာဒဿမ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ
==========================================
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ
တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သင်္ချာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform