စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 13 July 2018

မေးချင်ရာမေး အဖြေရှိသည်

မေးချင်ရာမေး အဖြေရှိသည်(ဟာသအဖြစ်ဖတ်ရန်)
•••••••••••••••••
မေး။ သဘာဝနဲ့ ဆန့်ကျင်တဲ့ အချစ် ဘယ်နှစ်မျိုးရှိပါသလဲ....?

ဖြေ။ လေးမျိုးရှိပါတယ်။
ယောက်ျားက ယောက်ျားကို ချစ်တာ။
မိန်းမကမိန်းမကိုချစ်တာ။
မြန်မာပြည်သူက မြန်မာ့တပ်မတော်ကို ချစ်တာ။
ပါတီဝင်တိုင်းက ကိုယ်ပါတီကလူပဲချစ်တတ်တာ။


ပထမတန်းသင်္ချာသို့ချည်းကပ်ခြင်း

ပထမတန်းသင်္ချာသို့ချည်းကပ်ခြင်း
ပျော်ပျော်ရွှင်ရွှင်သင်ကြားမယ်
••••••••••••••••
ပညာရေးမှာဒါရေး ဒါဖတ် ဒါကျက်လာတဲ့မိဘတွေတချို့က ပထမတန်းသချာင်္ကိုခက်တယ်လို့ အပြစ်မြင်ကြတယ်။ ကိုယ်ဆိုခဲ့တာက သချာင်္ကိုကျက်လာတာ  က အလွတ်ကျက်လာတာသိစေလိုတယ်။
ဘာကြောင့် ပညာရေးစနစ်ပြောင်းရလဲ 
ကလေးတွေသင်္ချာ တွက်နည်းနဲ့တွက်ပုံလေးတွေက တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ ။
မိတ်ဖက် ဆိုတဲ့စကား ၊ အတူမျှဝေဆိုတဲ့စကား ၊ ပူးပေါင်းဆောင်ရွက်ဆိုတဲ့ စကားသစ်လေးတွေ ချစ်စရာအသုံးတွေနဲ့ ကလေးတွေလွယ်လွယ်ကူကူတွက်နေတာ
တွေးတောဆင်ခြင်ပိုင်းဖြတ်နေတာ မြင်ရကြားရတော့ ပီတိဖြာပါတယ် ။ကလေးတွေကိုယ်တိုင်မေးခွန်းထုတ် တွက်ချက်နိုင်ပါတယ်။
အရင်က နှုတ်တိုက် ပုံသေနည်း  ၁ မနှုတ်လောက် ၉လာ ကျက်စရာမလိုဘူး။ 
အရင်က ကလေးတွေ အိမ်ရောက်ရင် မိဘတွေက သင်ပေးတွက်ပေးနေရာတာထက်   ယနေ့ပြောင်းလဲတဲ့ပညာရေးစနစ်ကို စိတ်သစ်လူသစ်နဲ့ အဟောင်းကအတွေးတွေထားခဲ့  အိမ်စာပေး အိမ်မှာတွက်စရာမလိုဘူး  သို့သော် ဘယ်လောက်ထိ တွက်ချင်လဲဆိုရင်  ကလေးတွေ အရင်က ကလေးတွေထက် ဖုန်း ဂိမ်းစိတ်မဝင်စားတော့ဘူး  အပြိုင်တွက်ချက်နေတာက ချစ်စရာ.....  သားသမီးကိုချစ်ရင် နှစ်ရာမရောက်အောင်   အိမ်မှာပြန်သင်စရာမလိုတော့တဲ့ ပညာရေးစနစ်ကို ကြိုဆိုကြပါလို့ 

ပထမတန်း အခန်း၁ မှ ၈ ထိ ကဗျာချိုချိုလေးများ
ချစ်သောရွှေအိမ်စည်

CREDIT -Photo


Monday 9 July 2018

ပေးဆပ်တော့မယ်ဆိုရင်

ပေးဆပ်တော့မယ်ဆိုရင်

ဆေးရုံတက်နေတဲ့ကလေးတွေပုံတင်ပြပြီးအလှူခံကြသူတွေ ကလေးပုံလေးတွေကိုဝါးပြီးဖျက်ပြီးတင်စေလိုပါတယ် ။ ကိုယ်လည်းပေးတာပေး အလှူခံတောင်းတာက ကလေးတွေဘဝမှာ တနေ့နေ့ သူတို့အရွယ်ရောက်လာရင် သိမ်ငယ်စိတ် ကိုဖြစ်စေပါတယ်ဗျာ ။
ဘယ်သူကမှ သူများပေးကမ်းစာနဲ့ အသက်မဆက်ချင်ကြပါဘူး  ။သူတို့ကို ထောက်ပံနေတာတွေ ပုံတွေက အရှက်ရစေနိုင်ပါတယ် ။
ကလေးတွေမှာလဲ ဘဝတွေရှိတယ်လေ။  ကလေးတွေကို ပေးကမ်းထောက်ပံ့နေပုံတွေ တွေ့ရရင်  နောင်တချိန် သူတို့ရဲ့ သိမ်ငယ်စိတ်ကို စာနာမိပါရဲ့ဗျာ

သိမ်ငယ်စိတ်ကို စာနာစွာဖြင့်
ချစ်သောရွှေအိမ်စည်


အာဖဂန်စစ်ပြေးဒုက္ခသည်တစ်ဦးရဲ့စာ( လွမ်းရုံ)

အာဖဂန်စစ်ပြေးဒုက္ခသည်တစ်ဦးရဲ့စာ( လွမ်းရုံ)

မိုးကောင်းကင်ကြီးရဲ့ ဟိုတဖက်မှာ
ဘာတွေရှိမလဲလို့
ဆရာမပြောပြတဲ့ ပုံပြင်တွေကို စွဲလမ်းပြီး စိတ်ကူးယဉ်တတ်တဲ့
ဒုတိယတန်း ကျောင်းသူလေးကတွေးတယ်။

ကံဆိုးတဲ့ ဒီမနက်ကိုရောက်တော့
သူမဟာ အိပ်ရာထနောက်ကျ
ဆရာမပြောပြမယ့် ပုံပြင်ကို မမှီမှာစိုးလို့တဲ့
ကျောင်းကိုဖြတ်လမ်းက အမြန်ပြေးတယ်။

စစ်ဆိုတာ ကလေးလူကြီးမရွေး
အသက်ကိုပေးဖို့ တောင်းဆိုနေတာ
သူမက ဘယ်နားလည်ရှာမလဲ

မြေမြှုပ်မိုင်းက သူမရဲ့ခြေတစ်ဖက်ကို ဆုတ်ဖြဲပစ်လိုက်တယ်။

အာဖဂန်ဆိုတာ
ဆရာဝန်ရှိပေမဲ့ ခွဲစိပ်စရာ ဓါးတစ်လက်တောင်
မရှိတော့တဲ့ နိုင်ငံတော်

အာဖဂန်ဆရာဝန်ကြီးက မင်းရဲ့ခြေထောက်
ဒေါက်မြင့်လှလှစီးနိုင်အောင် ဂျာမနီသွားပြီး ဆေးကုမှဖြစ်မယ်တဲ့

သူမက ဒုတိယတန်းကျောင်းသူလေ

ဂျာမနီဆိုတာ ဟိုးခပ်ဝေးဝေးဆိုတာလောက်ပဲ
အမေနဲ့ခွဲရမှာ ကြောက်တယ်ဆိုတာလောက်ပဲ

သူမရဲ့  ခြေတစ်ဖက်အလားအလာ ဘယ်သိနိုင်ရှာမလဲ။

ဂျာမနီရောက်တော့ သူမစီးချင်တဲ့
ဒေါက်ဖိနပ်ရောင်စုံတွေက ဝေဆာနေပေမဲ့
စီးစရာ ခြေတစ်ဖက်ကတော့ မရှိရှာတော့ဘူး

မိဝေးဖဝေး စစ်ကြောင့် ခြေတစ်ဖက်ပေးလိုက်ရသူလေးရဲ့
မျက်ရေတွေဟာ
ဂျာမနီညတွေမှာ နှင်းတွေနဲ့အတူ ဝေလို့ပေါ့။

ဒါပေမဲ့
ခြေတုတစ်ဖက်နဲ့အသားကျလာတော့
ဂျာမနီရဲ့လွတ်လပ်ခြင်းဟာ
သူမရဲ့မျက်ရည်ကို သုတ်ပေးတယ်

ဘယ်တော့ပြန်ရမလဲဆိုတော့
မင်းတို့တိုင်းပြည်ရဲ့ ကောင်းကင်မှာ
ရော့ကဒ်တွေ ပျံဝဲနေတုန်းပဲတဲ့။

စစ်မရှိတဲ့ အခုလို နိုင်ငံမျိုးမှာ
ဘာလိုများလူမဖြစ်ရတာတုန်းလို့
သူမက နာကြည်းစွာတွေးတယ်

ငရဲဟာ အာဖဂန်ထက်တော့ ပျော်ဖို့ကောင်းမှာပဲတဲ့

တဒေါက်ဒေါက်မြည်နေတဲ့
ခြေတုရဲ့အသံကိုကြားတိုင်း
စစ်မရှိတဲ့ နိုင်ငံတော်

လိမ့်ကျလာတဲ့ မျက်ရည်ကိုသုတ်လို့ စိတ်ကူးယဉ်ကြည့်တယ်
ဂျာမနီမှာ ၂ နှစ်ပြည့်ပြီးနောက်

အမေရဲ့အပြုံးနဲ့
အလောင်းတွေသာ ရောင်းဝယ်ဖောက်ကားနေရတဲ့
အာဖဂန်ကို သူမပြန်မြင်ရ

ဂျာမနီရဲ့ ငြိမ်းချမ်းတဲ့ဘ၀ အဖေကိုပြောပြရင်း
အချိန်မရွေး သေသွားနိုင်တဲ့
အာဖဂန်ကနေ ထွက်ပြေးကြရအောင်လို့ဆိုရဲ့

အဖေကတော့ ဖြစ်သမျှအကြောင်း အကောင်းပဲတွက်ကြတာပေါ့တဲ့
သူမပြန်ရောက်ပြီး ၄ လမြောက်မှာ

ကံကိုပုံအပ်ပြီး အိမ်ပေါ်ထိုင်
ဖြစ်သမျှ အကောင်းတွက်နေတဲ့
အဖေနဲ့အမနှစ်ယောက်ဟာ ဒုံးမှန်ပြီး ပွဲချင်းပြီးတယ်

မကြာခင်မှာပဲ
ယောက်ျားမှန်ရင် စစ်ထဲဝင်ရမယ်ဆိုတဲ့
တာလီဘန်တွေရဲ့ အမိန့်ကြောင့်

သူမရဲ့မောင်နှစ်ယောက် အာဖဂန်မှ သေမင်းထံ
ထွက်ပြေးတိမ်းရှောင်တယ်

ပင်ပန်းမယ် ဆင်းရဲမယ်
အခန့်မသင့်ရင် နောက်ထပ်ခြေတစ်ဖက်

ပြတ်ထွက်သွားနိုင်မယ်ဆိုပေမဲ့

သေနတ်မှန်နေတဲ့ အာဖဂန်ထက်

ဘယ်မြေကြီးမဆို သာနိုင်တာပဲ မဟုတ်လား

သားအမိနှစ်ယောက်ဟာ

တောင်တွေရဲ့ဟိုဘက် ခက်ခဲစွာ ယက်လို့
ပါကစ္စတန်မှာ စစ်ပြေးဒုက္ခသည်အဖြစ်
ထိုးအပ်လိုက်တယ်

ပထမ၊ ပါကစ္စတန်နိုင်ငံ ကွစ်တာမြို့က

အဒေါ်အိမ်မှာ ခိုကပ်

ဒုတိယ၊ အရိုးထဲထိ ဆောင်းတွေစီးနေတဲ့

ကုလသမဂ္ဂဒုက္ခသည်စခန်းကို ရောက်တယ်

အမေက ပန်းနာရင်ကျပ်သယ်

စောင်ပါးပါးတစ်ထည်က

ဒီမှာဆက်နေရင်

အသက်ကို အာမခံချက်ပေးဖို့ ခက်မယ်တဲ့

မြို့ပေါ်မှာ ၀ပ်စရာကျင်းတစ်ကျင်းရဖို့

ခြေတုတဖက်နဲ့ ၁၂ နှစ်သမီးက

ပါကစ္စတန်ရဲ့ အိမ်တစ်အိမ်မှာ

ကျွန်အဖြစ် ခိုင်းချင်ရာခိုင်းလို့ တောင်းပန်ပြီး

အမေ့ရဲ့အသက်ကို ဒုက္ခသည်စခန်းက ဆွဲနှူတ်လိုက်တယ်။
ကမ္ဘာပေါ်က ရှိသမျှ ဒုက္ခတွေ

သူမရဲ့ခေါင်ပေါ် ပုံကျလာတာလား

အချိန်က

သေဖို့ရာ ၀န်မလေးတော့တဲ့ အချိန်ပေါ့

အဲဒီမှာ ဗြုန်းကနဲ့ရောက်လာတဲ့ မေခလာ

ဒုက္ခသည်တွေထဲကမှ

ကျန်းမာရေးမကောင်းသူနဲ့ အင်္ဂါချို့တဲ့သူကို

ဦးစားပေးကယ်တင်မယ်

အနာဂတ်ဆိုတာကို စာလုံးပေါင်းတတ်အောင်

ငြိမ်းချမ်းသောနိုင်ငံတစ်ခုဆီ ပို့ဆောင်ပေးမယ်တဲ့

အင်တာဗျူးခေါ်တဲ့ အဲဒီနေ့

ရှိသမျှ အင်အားတွေနဲ့ ခြေတုကို အသံပိုမြည်လိုက်တယ်

သူမအမြဲတမ်းရွံရှာခဲ့တဲ့ အဲဒီခြေတုကို

သူမကတောက်ပစွာကြည့်လို့

ရက်စက်တဲ့ မြေမြှပ်မိုင်းကိုပဲ ကျေးဇူးတင်ရဦးမှာလား
မြန်မာပြည်သား ကဗျာဆရာရဲ့နှလုံးသားဆီ

သူမကစာရေးလိုက်တယ်

ချီကာဂိုမှာ အမေရဲ့ကျန်းမာရေးက စိမ်းစိုလို့

သူမက ကိုယ်ပိုင်ကားမောင်း

ခြေတုဒီဇိုင်းနာကောင်းဖြစ်အောင်

တက္ကသိုလ်တစ်ခုတတ်လို့
သူမဘာမှမတတ်နိုင်တဲ့

အာဖဂန်မြေကတော့

ယနေ့တိုင်

ဈေးကွက်ထဲ အလောင်းတွေပုံလို့။
*******************************************     လွမ်းရုံ     **********************
သြဂုတ်   ၂၀၀၈ ၊ ရုပ်ရှင်တေးကဗျာမှ မအေးဆေး၏ “မိုးကောင်းကင်ကြီးရဲ့

Photo crdeit-ကချင်ပြည်နယ်မှစစ်ပြေးရှောင်သူများ


လုပ်ငန်းခွင်ဝင်နေသူတွေအတွက်

လုပ်ငန်းခွင်ဝင်နေသူတွေအတွက်
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ
သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို
ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို
စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။
စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ
စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ
မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။
သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ
အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။
ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ
ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ
ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊
ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း
အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊
ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ
ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ
မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်
အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က
တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာပါ။


Sunday 8 July 2018

သင်ကံကောင်းပါတယ်... Congratulations

သင်ကံကောင်းပါတယ်...
Congratulations


တူမယ်မထင်နဲ့






မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်...။


လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ
ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။  နောက်ဆုံး
ပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍
အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။
အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။
ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင်
အသက်ပါသေဆုံးနိုင်သည်။


၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော
ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး
မဆီမဆိုင်ပျော်ရွှင်သွားသည်။



နောက် ၂ ၊ ၃  ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မည်...

သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်...

လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်...

စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု
စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။


သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်...

Service Signal လုံးဝမမိ။


ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်..

service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး
မီးသတ်ကို ဖုန်းလှမ်းခေါ်သည်

"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"



စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်သည်...

လိုင်းဝင်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
"မကြားရဘူး"ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး
ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မက်ဆေ့ခ်ျပို့ဖို့လည်း မစဉ်းစားမိလိုက်။



မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက
သူဌေးထံမှ iphone ကိုမြင်၍ internetကို wireless ဖြင့်ဝင်ပြီး
ဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ wireless
မိသည်။၂ယောက်လုံးပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။



နောက် ၃ ရက်အကြာ...

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း
နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။

သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၄င်းတို့အနက်
အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။



သေဆုံးနှစ်ဦးအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေရာတကာပါဝင်တတ်သော
ပါလရာကြီး ၄ဦးမှ  အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးခဲ့သည်။



   * ဦးတေဇထံမှ ကျပ်၁သိန်းတန် ကျွန်းအခေါင်းတစ်လုံးစီ
   * မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက်
MNLဖလား အခမဲ့ကြည့်ခွင့် လက်မှတ်
   * အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့လာသူများအတွက်
အခမဲ့ရေသောက်နိုင်ခွင့် လက်မှတ်များ
   * နိုင်ငံတော် သမ္မတလောင်းထံမှ အုတ်ဂူတွင်အလှဆင်ရန်
ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး

အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတည်း။



ထက်ကို
..



--

*ရိုးသား ဖြောင့်မတ် မှန်ကန်မှုတိုင်းအတွက်
ရလဒ်ကောင်းတွေအချိန်တိုင်းရှိမှာမဟုတ်ပေမဲ့
သင့်အတွက်တော့ အမြဲစိတ်လုံခြုံမှု ရှိနေပါလိမ့်မယ်။*
---------------------------------------------------------
---------------------------------------------------------






--
အရာရာကို ပိုင်ဆိုင်ဖို့ ကြိုးစားရင်းနဲ့ တစ်စုံတစ်ရာကို ဆုံးရှုံးနေကြရတာ မမေ့ပါနဲ့ ... ။






မကြိုက်တာ/ကြိုက်တာပြောခြင်း

မကြိုက်တာ/ကြိုက်တာပြောခြင်း


ကျက်မှတ်ရန်Conjunction

ကျက်မှတ်ရန်Conjunction


နေ့စဉ်အင်္ဂလိပ်စကားပြော

နေ့စဉ်အင်္ဂလိပ်စကားပြော


နေ့စဉ်အင်္ဂလိပ်စကားပြော

နေ့စဉ်အင်္ဂလိပ်စကားပြော
Credit-


နေ့စဉ်အင်္ဂလိပ်စကားပြော

နေ့စဉ်အင်္ဂလိပ်စကားပြော
Credt-Youtue


ပန်းအမျိုးမျိုး

ပန်းအမျိုးမျိုး


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform