မြောင်းမြမြို့ ဆေးရုံကြီး တွင် ရောဂါလာစစ်သည့် လူနာ တစ်ဦး ဆေးကုသစရိတ်မပေးနိုင် ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့သည်ဆိုသောကြောင့် ဆေးရုံအုပ်ကြီးက သူနာပြုဆရာမနှင့် လူနာရှင်များကို စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။မြောင်းမြမြို့ မြစန္ဒာရပ်ကွက် မှ အူကျရောဂါ ခံစားနေရသူတစ် ဦးသည် ဇွန်လ ၂၉ ရက်တွင် ရက်ချိန်းပြည့်၍ ဆေးရုံသို့ သွားပြ ရာ သူနာပြုဆရာမအချို့တောင်း သည့်ငွေကို မပေးနိုင်၍ အိမ်သို့ ပြန်ကာ ကြိုးဆွဲချ သတ်သေခြင်း ဖြစ်သည်ဟု သတင်းများထွက် ပေါ်နေပြီး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေဇံက ဝန်ထမ်းများနှင့် လူနာရှင်မိသားစုအား အသေးစိတ် စစ်ဆေးနေကြောင်း အမည်မဖော်လိုသူ အဆိုပါဆေးရုံဝန်ထမ်းက ပြောသည်။‘‘ဆရာကြီး အခုစစ်နေပါ တယ်။ ဆေးရုံဝန်ထမ်းတွေရော လူနာရှင်တွေကိုပါ မေးမြန်းနေ တာပါ။ ကျွန်တော်တို့က အသေး စိတ်မသိပါဘူး။ ဒါပေမဲ့ အပြင် မှာတော့ အဲဒီလို သတင်းတွေ ထွက်နေပါတယ်’’ဟု ဇူလိုင် ၁ ရက်ညပိုင်းက ပြောသည်။သေဆုံးသူ အမျိုးသားမှာ လွန်ခဲ့သည့် သုံးလက ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြောင်းမြ မြို့သို့လာ၍ အခမဲ့ဆေးကုသမှု စီစဉ်ပေးစဉ် ဆင်းရဲနွမ်းပါးကြောင်း ထောက်ခံစာရရှိခဲ့သူဖြစ်သည်။ ရောဂါကို စစ်ဆေးရန် ရက်ချိန်းသုံးလပြည့်သောကြောင့် အဆိုပါထောက်ခံစာဖြင့် လာပြစဉ် သူနာပြုဆရာမ အချို့က ဆေးနှင့် ကုသစရိတ်ကျပ်ငွေ တစ်သိန်းနီးပါး တောင်းသောကြောင့် အိမ်ပြန်၍ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်ကြောင်း လူနာရှင်၏ ဇနီးဖြစ်သူမသင်းသင်းခိုင်က ပြောသည်။‘‘ဆေးဖိုးနဲ့ ခွဲစိတ်ဖို့ဆိုပြီး အပြာရောင်ဝတ်ထားတဲ့ ဆရာမကပိုက်ဆံကိုးသောင်း တောင်းတယ်။ ကျွန်မတို့မှာ ပိုက်ဆံ ငါးထောင်ပဲ ပါလာတာ။ တောင်းတဲ့ပိုက်ဆံကို နေ့မကူးခင်ပေးရမယ်လို့ပြောတယ်။ မပေးနိုင်သေးတဲ့အကြောင်းပြန်ပြောတော့ ကျွန်မယောက်ျားကို လူတွေရှေ့မှာ ရန်တွေ့တယ်။ ဆေးကုနေတုန်းလက်မှာသွင်းထားတဲ့ပိုက်ကိုဖြုတ်လာပြီး အိမ်ပြန်လာတာ။ကျွန်မသူ့အတွက် ရေနွေးအိတ်အဘူးအဖုံးသွားဝယ်နေတုန်း အိမ်ခေါင်မိုးတန်းမှာ နိုင်လွန်ကြိုးနဲ့ကြိုးဆွဲချသေနေတာ တွေ့တာ’’ဟု မသင်းသင်းခိုင်က ပြောသည်။မြောင်းမြမြို့မစခန်းမှူး ဒုတိ ယ ရဲမှူး အောင်စိုးက ပြင်ပတွင် သတင်းမျိုးစုံထွက်နေသော်လည်း အဆိုပါအမှုနှင့် ပတ်သက်၍ သုံး သပ်ချက်တစ်စုံတစ်ရာ မပေးလိုဘဲ သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည်ဟုပြောသည်။‘‘ကျွန်တော်တို့ကတော့ ကြိုးဆွဲချသေတာ ဟုတ်၊ မဟုတ် ဒါနဲ့ပတ်သက်လို့ စစ်ဆေးတာပဲပေါ့။ ဆေးရုံက ပြဿနာကတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ မြို့ပေါ်မှာတော့ ပြောနေကြတာပဲ။ ကျွန်တော်တို့တော့ မသိဘူး။ အဓိက ကျွန်တော်တို့ စုံစမ်းတာကတော့ သေဆုံးခြင်းဟာ ကြိုးဆွဲချသေတာ မှန်ကန်မှုရှိ၊ မရှိ ဒါကိုပဲ အဓိက စစ်တာပေါ့’’ဟု ဒုတိယရဲမှူးအောင်စိုးက ပြောသည်။သေဆုံးသူမှာ အသက် ၃၆နှစ်အရွယ်ရှိပြီး ဇနီးနှင့် သားသမီးသုံးဦးကျန်ရစ်ခဲ့သည်။ ၎င်းသည်ပွဲရုံနှင့် ကားဂိတ်၊ သင်္ဘောဆိပ်တို့တွင် ကုန်ထမ်းသည့်အလုပ်လုပ်ကိုင်ပြီး ဇနီးဖြစ်သူမှာ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင်အ၀တ်အထည်များ လျှော်ဖွပ်သည့်အလုပ်လုပ်ကိုင်ကြောင်းသိရသည်။By အောင်သစ်လွင်7DAY DAILYhttp://7daydaily.com/story/14676#.U7M8ILHCdnF
မြောက်ဥက္ကလာမြို့ နယ်၊ (ဌ)ရပ်ကွက်၊ ပတ္တမြားလမ်း ရှိ ဓာတ်တိုင်မှ ဗို့အား ၄၀၀ ရှိ ဓာတ်ကြိုး ပြတ်ကျ သဖြင့် ဓာတ် တိုင်အနီး ကန်စွန်းစိုက်ခင်းတွင် လုပ်ကိုင်နေသူ တစ်ဦး ဓာတ်ကြိုး ပတ်မိကာ ဓာတ်လိုက် သေဆုံး သွားကြောင်း သတင်းရရှိသည်။ဇွန်လ ၃၀ ရက် ညနေ ၄ နာရီက ပတ္တမြားလမ်းရှိ ဓာတ် တိုင်ကြွေသီးအခြေမှ ဓာတ်ကြိုး ပြတ်ကျခဲ့ရာ တိုင်နှင့် အနီး ကန် စွန်းခင်းစိုက်ပျိုးရေးအတွက် သဲ အိတ်များထည့်နေသူ သုံးဦးထဲမှ တစ်ဦးဓာတ်လိုက်သေဆုံးသွား ခြင်းဖြစ်သည်။ရန်ကုန်မြို့တွင် ဇွန်လ တတိယပတ် ၁၀ ရက်အတွင်း ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်လိုက် သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ သုံးဦးထိရှိခဲ့သည်။ ဓာတ်လိုက်ပြီး သေဆုံးသူသည် ၎င်းအစ်ကို၏ ကန်စွန်းခင်းတွင် လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ဇနီးနှင့် သမီးငယ်တစ်ဦးရှိသည် ဟု သိရသည်။‘‘ဖြစ်တဲ့အချိန်မှာ ကျွန်တော် ကအိမ်မှာရှိမနေဘူး။ သဲအိတ် တွေကို သုံးယောက်ထည့်နေ တာ။ ဓာတ်ကြိုးပြတ်ကျပြီး ကျွန် တော်ညီရဲ့ ဘယ်ဘက်ပခုံးပေါ်ကို ပတ်မိသွားတာလို့ပြောတယ်။ သူ့ ကံရှိလို့ ဒီလိုဖြစ်သွားတယ်လို့ပဲ မှတ်ယူပါတယ်။ အမှုဖွင့်တာတွေ မလုပ်ပါဘူး။ နာရေးအတွက် မြို့ နယ်လျှပ်စစ်က အကုန်လုပ်ပေး မယ်လို့ ပြောပါတယ်’’ ဟု သေဆုံး သူ၏ အစ်ကိုကပြောသည်။ပြတ်ကျသော ဓာတ်ကြိုး သည် ၂၀၀၆ ခုနှစ်ကတည်းက တပ်ဆင်ထားခြင်းဖြစ်ပြီး ဓာတ် ကြိုးအကြီးစားဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဇော်ကပြောသည်။‘‘အဲဒီဓာတ်ကြိုးက ကြိုးအ ကြီးစား။ ပြတ်ကျစရာအကြောင်း မရှိဘူး။ အဲဒီနေရာမှာ ဖြစ်လေ့ ဖြစ်ထလည်းမရှိဘူး။ သူရဲ့နာရေး အတွက်တော့ ကျွန်တော်တို့မြို့ နယ်လျှပ်စစ်က တာဝန်ယူလုပ်နေ ပါတယ်။ နစ်နာကြေးပေးတာက တော့ ရုံးချုပ်က လုပ်တာပါ။ ဒီလို ဖြစ်နေတော့ မြို့နယ်အတွင်း မှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး လက် ကမ်းစာရွက်တွေဝေသွားဖို့လုပ် နေပါတယ်’’ဟု ဦးဝင်းမြင့်ဇော်က ပြောသည်။ပြတ်ကျသော ကြိုးကို အစားထိုးတပ်ဆင်ပေးခဲ့ပြီး ထိုနေ့ည ၇ နာရီတွင် လျှပ်စစ်မီးများပြန်ဖွင့်ပေးခဲ့ကြောင်း ပတ္တမြားလမ်းတွင် နေထိုင်သူများကပြောသည်။‘‘နောက်လည်းထပ်ဖြစ်နေ ဦးမှာ။ ဒီရပ်ကွက်မှာ အခုလိုမျိုး ကြိုးမကောင်းတာတွေ အများ ကြီး။ ရှော့ခ်ဖြစ်လိုက်၊ မီးလောင် လိုက်ဖြစ်နေတာကို ဖုန်းဆက် လှမ်းခေါ်မှလာတယ်။ လာလည်းကြိုးပဲပြန်ဆက်သွားတာ’’ဟု ပတ္တ မြားလမ်းနေ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးကပြောသည်။လျှပ်စစ်ကြိုးများပြတ်ကျမှု ကြောင့် သေဆုံးမှုများတွင် သက် ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနတွင် တာဝန်ရှိပြီး တာဝန်ရှိသူများပေါ့ ဆမှုကြောင့် သေဆုံးရခြင်းဖြစ်၍ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄(က) ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း တရားရုံးချုပ်ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ဓာတ်ကြိုးပြတ် ကျ၍ ပြည်သူအချို့သေဆုံးဒဏ် ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ပြောထားသည်။ဓာတ်ကြိုးပြတ်ကျမှုကြောင့် အလားတူ သေဆုံးမှုမျိုး ဇွန် ၂၁ ရက်က ရန်ကုန်မြို့ လှည်းတန်း ဈေးအနီးတွင် ဖြစ်ပွားခဲ့သည်။ ထိုလမ်းရှိ ဓာတ်တိုင်တစ်တိုင်မှ ဓာတ်ကြိုးပြတ်ကျပြီး ဓာတ်တိုင် အနီးရှိ ဈေးသည်အမျိုးသမီးတစ် ဦးနှင့် ဈေးဝယ်လာသူ အမျိုးသား တစ်ဦးတို့သေဆုံးခဲ့သည်။ ထို့အ ပြင် ဈေးသည် နှစ်ဦးဒဏ်ရာရကာ တစ်ဦးမှာ လက်ရှိအချိန်ထိ အ ရေးပေါ်ကုသနေရသည်။ဇွန်လ ၂၈ ရက်ကလည်း ကျောက်တံခါးမြို့၊ ကုန်းလယ်ရှိ ကျေးရွာတွင် လယ်ယာသုံးပစ္စည်း ၀ယ်သူတစ်ဦးဆိုင်မှ အထွက်တွင် ၎င်းအပေါ်သို့ ဓာတ်ကြိုးပြတ်ကျကာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။By ငြိမ်းချမ်း7DAY DAILYhttp://www.7daydaily.com/story/14674#.U7N6k7HCdnF
“ငါကတော့ နင့်ကို အရမ်းလှတယ် ထင်ထားတာ ငါအတော် အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့ နင့်ကို သိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး ’’အထက်ပါ စကားများကို ပြောကြား ခဲ့သူကတော့ စင်ကာပူက မက်အန်ထော်နီဆိုသူ ဖြစ်ပါသည်။ သူနှင့် အချိန်ကြာစွာ ဖေ့စ်ဘွတ်မှာ အွန်လိုင်းရည်စား ဖြစ်နေသော မိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။အန်ထော်နီ၏ ရည်းစားက ဖေ့စ်ဘွတ်နှင့် တွစ်တာအွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီး အန်ထော်နီနှင့် အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင့် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် အပြင်မှာ တော်တော်နှင့် မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကို အမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင် ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကို လှည့်စားထားသူဖြစ်သည်။ ထိုနည်းက လူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟု မိန်းကလေးကထင်သည်။ ထိုအထဲမှာမှ ကံဆိုးသူမောင်ရှင်က မက်အန်ထော်နီဖြစ်ပါသည်။လေးလကြာအောင် အဝေးကနေ ချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာ လူချင်းတွေ့ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကို တွေ့ လိုက်ရသောအခါ အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့ အံ့သြသွားရပါသည်။ မိတ်ကပ်တွေ မျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ရည်းစားမှာ ရုပ်ဆိုးလှပါချေတကား။ထိုကဲ့သို့တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာ မိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။အရေးပေါ်ကားများ ရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီး ကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။သနားစရာကောင်းသည့် အန်ထော်နီအဖြစ်ကို လူအတော်များများက တွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကို စုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။(the real Singpore မှ သတင်းကို ဘာသာပြန်ဆိုထားပါသည်)7Day Daily
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တို့ကို ညီအစ်မ မြို့တော် အဖြစ်သတ်မှတ်ရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။‘‘ဂျပန်နိုင်ငံရဲ့ အကြောင်းပြန်ချက်အရ ညီမမြို့တော် SisterCity လုပ်ဖို့ နှစ်နိုင်ငံသဘောတူညီလိုက်ပြီးလို့ သိရပါတယ်။ ညီမမြို့တော်ဖြစ်သွားပြီးဆိုတော့ ရှေ့လုပ်ရမယ့်ကိစ္စတွေက အစိုးရ အချင်းချင်း ဆွေးနွေးညှိနှိုင်းကြမယ် ထင်ပါတယ်’’ဟု မြန်မာ-ဂျပန်အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်လှိုင်ကပြောသည်။ညီအစ်မမြို့တော်ဖွဲ့စည်းဖြစ်ပြီးသွားသောအခါ မြို့အချင်းချင်း အနုပညာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း၊ လူမှုရေးစာနာထောက်ထားခြင်း၊ လူငယ်နှင့်ပညာရေး၊ စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကိစ္စများကို ဖွဲ့စည်းထားသည့် မြို့အချင်းချင်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့တို့ ညီမမြို့တော်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည်။ ပုသိမ်မြို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြား မြို့များနှင့် ညီအစ်မမြို့တော်ဖွဲ့စည်းရန် ဂျပန်နိုင်ငံမှ Shizuoka မြို့မှ တာဝန်ရှိသူများက ယခုလ ၉ ရက်တွင် လာရောက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။အကျိုးအမြတ်မမျှော်ကိုးဘဲ သံတမန်နည်းလမ်းအရ နိုင်ငံအချင်းချင်းမှ လူအချင်းချင်း နားလည်မှုများနှင့် ဆက်ဆံရေးတည်ဆောက်ရန်အတွက် အမေရိကန် သမ္မတဟောင်း အိုင်ဆင်ဟောင်ဝါက ညီအစ်မမြို့တော်များဖွဲ့စည်းရန် စတင်လှုံ့ဆော်ခဲ့သည်။အမေရိကန်သမ္မတ၏ လှုံ့ ဆော်မှုကြောင့် နိုင်ငံတကာညီအစ်မမြို့တော်များအဖွဲ့ကို ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းပြီးအချိန်မှ ယခုအချိန်ထိ ယင်းမြို့တော်များကို ဖွဲ့စည်းခဲ့ရာ ကမ္ဘာ့ပေါ်ရှိနိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် မြို့ပေါင်း ၂၀၀၀ ခန့်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံအခြေစိုက် ညီအစ်မမြို့တော်များအဖွဲ့မှ သတင်းရရှိသည်။နိုင်ငံတကာညီအစ်မမြို့တော်များအဖွဲ့က ဦးဆောင်ပြီး လူငယ်များနှင့်ပတ်သက်သော ထိပ်သီးအစည်းအဝေးများ၊ ယဉ်ကျေးမှုဖလှယ်ခြင်း ထိပ်သီးအစည်းအဝေးများ၊ စီးပွားရေးနှင့်ထိပ်သီးအစည်းအဝေးပွဲများ စသည့် ညီအစ်မ မြို့တော်အဖွဲ့ဝင်များ ဆောင်ရွက်ရသည့် စီမံချက်များကို တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည်။Author: အိဖြူမွန်7Day Daily
ခရီးသည်တင် ယာဉ် နှစ်စီးအပြိုင်မောင်းနှင်ရာမှ တစ် ဖက်ယာဉ်ကြောတွင် မောင်းနှင် လာသော ဆိုင်ကယ်ကို ၀င်တိုက် မိရာ ဆိုင်ကယ်ပေါ်မှ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခရီးသည် တင်ယာဉ်ပေါ်ပါ ခရီးသည် ဆယ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။ဇွန်လ ၇ ရက် နံနက် ၈ နာရီ ခွဲအချိန်ခန့်က ဇလွန်မြို့နယ် မေရီလန်းကျေးရွာအနီး ဟင်္သာတ- ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် ၂၉/၆နှင့် ၂၉/၇ အကြား ဟင်္သာ တမှ ရန်ကုန်သို့မောင်းနှင်လာ သော စိန်နိုင်ကျော်ခရီးသည်တင် ယာဉ်သည် အခြားခရီးသည်တင် ယာဉ်တစ်စီးနှင့် အပြိုင်မောင်းနှင် လာရာ တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်ခဲ့၍ ဆိုင်ကယ်ပေါ်တွင် ပါလာသော လူငယ်နှစ်ဦးမှာ အခင်းဖြစ်ပွားသည့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။ယာဉ်တိုက်မှုကြောင့် ခရီး သည်တင်ယာဉ်ပေါ်မှ ခရီးသည် ဆယ်ဦး ဒဏ်ရာရရှိပြီး အမျိုး သားနှစ်ဦးမှာ အပြင်းအထန်ဒဏ် ရာရရှိခဲ့သောကြောင့် ဇလွန်ဆေး ရုံသို့တင်ပို့ခဲ့ရသည်။ ဒဏ်ရာအနည်း ငယ်သာရရှိသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီးလေးဦးကို မူ ကျုံရှတိုက်နယ်ဆေးရုံသို့တင် ပို့ခဲ့ကြောင်း သတင်းရရှိသည်။သေဆုံးခဲ့သည့် လူငယ် နှစ် ဦးသည် ဓနုဖြူမြို့တွင် တက္က သိုလ်ဝင်တန်း အောင်စာရင်း လာရောက်ကြည့်ရှုပြီး ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင် သည်ဟု ဒေသခံအချို့က ဆိုသော် လည်း 7 DAY DAILY က ဇလွန် မြို့နယ် ရဲစခန်းသို့ မေးမြန်းရာ အတည်ပြုချက်မပေးခဲ့ပေ။Author: ဇွဲဉာဏ်7Day Dailyကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်သမားနှစ်ဦးသေဆုံးသည့် ဓါတ်ပုံများကြည့်ရန် ဒီနေရာကို နှိပ်ပါ (သတိ / သွေးလန့် တက်သူများ မကြည့်ရ)
ရွှေပြည်ကြီးမှာ ဒီရက်တွေဟာဖြင့် တကယ့်ကို အုန်းအုန်းကျွက်ကျွက်ပါပဲခင်ဗျာ။ ၄၃၆ ဆိုတာကြီးပြင်ဖို့ နိုင်ငံရေးသမားတွေကလည်းဟော၊ ရပ်ကွက်ထဲမှာလည်း ဒီ အကြောင်းပဲပြောနဲ့ လူထုတွေ ဟာ နိုးကြားနေသဗျာ။ အနှီပုဒ်မ ၄၃၆ ကိုပြင်ဖို့အရေး ဆန္ဒပေး လက်မှတ်ထိုးတာကလည်း တကယ့်ကိုမှ အလွှာစုံပါပဲ။စုံလိုက်သမှ အနုပညာရှင် များကလည်း တစ်တပ်တစ်အားပဲဗျာ။ ဟိုစဉ်အာဏာရှင်ခေတ်အခါ တုန်းက ပေါ်လစီကားတွေကို သူ တို့ခမျာ မလွှဲသာလို့ရိုက်ခဲ့ရတယ် ဆိုတာ ကျုပ်ဖြင့်အခုကျမှပဲ ယုံ တော့တယ်။ အရေးကြုံတော့ ထမင်းရှင်ပြည်သူတွေဘက်က ရပ်ရမယ်ဆိုကိုး။ ကြားရတာနဲ့ တင် ကျုပ်တို့ ထမင်းရှင်ပြည်သူ များကလည်း နားဝမှာ ချမ်းသာလှ ပါရဲ့ဗျာ။ သို့ငြားလည်း ဟိုလူငယ် ကြိုက် အဆိုတော်လေးက ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးဖို့ရာ သူ့မှာ မနိုင်ဝန် ဖြစ်ရပါတယ်ဆိုတဲ့ သဘောပြောမိ၊ ရေးမိလို့ ဝိုင်း သမတာ အတော်ခံလိုက်ရသတဲ့။ နောက်ဆုံးလက်မှတ်ထိုးလိုက်မှပဲ သူ့အမြင်အပေါ်မှာ ကြိတ်မနိုင်ခဲ မရတဲ့ ပရိသတ်များက ဘဝင်ကျ သွားတယ်ဆိုပဲ။အဲ.. ဖေ့စ်ဘွတ်ခ်ပျော် အစ်ကိုတော်၊ အစ်မတော်များကလည်း အနှီ ၄၃၆ ပြင်ရေးအတွက် သူတို့ လက်မှတ်ထိုးကြတဲ့ ဓာတ်ပုံ ကလေးတွေကိုလည်း ဖေ့စ်ဘွတ်ခ် ပေါ်မှာ အသီးသီးသကာလ တင် နေလေရဲ့ဗျ။ ကျုပ်တို့ဖြင့် ကြွား ချင်လို့ တင်တာရယ်လို့ မထင် ပေါင်ဗျာ။ တိုင်းနိုင်ငံ ပြည်အရေး မှာ လက်မနှေးတာကို ရပ်နီးရပ် ဝေးက ဆွေသဟာများကို သိကြား စေသက်သေညွှန်းတယ်လို့သာ မှတ်ပါတယ်။ ဟုတ်တယ်ဟုတ်။သို့ပေတဲ့ တစ်ခုတော့ဖြင့် သိချင်သားဗျ။ အခုလို လူထုတစ် ရပ်လုံးဖွဲ့စည်းပုံကို အကြောင်းပြု ပြီးသကာလ စည်စည်ကားကားနဲ့ သွားကြလာကြ၊ ပြောကြဟော ကြ၊ ရေးကြထိုးကြတာတွေကို ကျုပ်တို့ရဲ့ ရွေးကောက်ပွဲကော် မရှင်က လူကြီးမင်းများမြင်ရင် ဘာများမြွက်ဆိုမလဲလို့။ ဘာ ကြောင့် သိချင်တာလဲဆိုတော့ ကာ အနှီကော်မရှင်ရဲ့ ဥက္ကဋ္ဌကြီး ဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ပြောင် မြောက်စွာ မှတ်ချက်ချဖူးတာ သတိရလို့ပါဗျာ။ဒီနှစ်ထဲမှာပဲခင်ဗျ။ အနှီရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက တိုင်းခန်းလှည့်လည်တဲ့အခါ ပုသိမ်ကို ရောက်သွားခဲ့သတဲ့ဗျာ။ သို့ကလို လူထုကြား လှည့်လည်တဲ့အခါ စစ်သားတုန်းကတော့ စစ်သား စကားပြောရသလို အခုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ရပြန်တဲ့အခါ ရွေးကောက်ပွဲစကား ပြောရတာပေါ့လေ။ အဲဒီမှာ သူက ဒေသခံတွေကို ပြောတာ။ ဘာပြောသလဲဆိုတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ သူ့ဆီကို နိုင်ငံတကာက သံအမတ်တွေ၊ ဘာတွေလာတွေ့ကြသတဲ့။ တွေ့တော့ကာ အနှီသံတမန်များဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဟာဖြင့် လွတ်လပ်မျှတတဲ့အကြောင်းဥက္ကဋ္ဌကို လာရောက်ထောမနာပြုကြတယ်ဆိုပဲ။ဥက္ကဋ္ဌကြီး သူကတော့ဖြင့် ဘာမှပြန်မပြောပါဘူးတဲ့။ သို့ပေ တဲ့ သူ့ပါတီတွေနဲ့တွေ့တော့ အခု လိုပြောဖြစ်တယ်ဆိုပဲ။ ဘာတဲ့ ဗျာ။ ၂၀၁၂ ကြားဖြတ်ဟာ လွတ် လပ်လိုက်သမှ တစ်ခါတည်းရွေး ကောက်ပွဲ၊ မဲဆွယ်ပွဲနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလားမှတ်ရ တယ်တဲ့။ သူဖြင့် ၈၈ အရေး အခင်းများ ပြန်ရောက်နေလေ သလားတောင်မှ အထင်ရောက် သွားသတဲ့။ ကိုင်း.. အဲဒါကြည့်ပေါ့ ဗျာ။ ဘစီတို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟာ ဘယ် လောက်လွတ်လပ်ခွင့်ပေးထားခဲ့ တယ်ဆိုတာ။ အခုလည်း ၄၃၆ လက်မှတ်ထိုးပွဲ လူထုက ခြိမ့်ခြိမ့် သဲနွှဲနေတာ ခမျာဘာများပြော မလဲလို့ သိချင်တာ။သို့သော်ငြား အဲဒီ သူ့ရဲ့ ပုသိမ်ခရီးစဉ်မှာကတည်းက တစ် ခါတည်း ကြိမ်းသွားတယ်။ နောက် များတော့ အနှီလိုအခွင့်မျိုးဟာ ရတော့မှာ မဟုတ်ဘူးတဲ့ဗျာ။ ရွေး ကောက်ပွဲကို ကန့်သတ်ပစ်မယ် တဲ့။ မဲဆန္ဒနယ်မှာ မဆိုင်တဲ့သူ တွေလာမပြောနဲ့။ အရွေးခံမယ့် ကိုယ်စားလှယ်ပဲ လာပြောကြပေ တော့တဲ့။ အဲဒါကို ကျေနပ်ရင် ဝင်၊ မကျေနပ်ရင်မဝင်နဲ့။ အချိန် ကန့်သတ်မယ်။ နေရာကန့်သတ် မယ်။ လူကန့်သတ်မယ်။ အနှီ လုပ်ပိုင်ခွင့်တွေဟာ သူ့လက်ထဲ မှာတဲ့။အဲသလိုပြောပြီး ဘာကြာ သတုံးဗျာ။ လာမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြား ချက်မူကြမ်းဆိုတာ ဟိုတစ်လော က ထွက်လာပါရောလား။ အဲဒီ မူကြမ်းမှာ ပါတဲ့အချက်တွေက တော့ ကျုပ်တို့ကော်မရှင်ဥက္ကဋ္ဌ ပုသိမ်မှာပြောခဲ့တာတွေနဲ့ သိပ် မကွာလှပါဘူး။မဲဆွယ်စည်းရုံးခွင့်ကို ရွေး ကောက်ပွဲမတိုင်မီ တစ်လအလို မှာ ခွင့်ပြုမှာဖြစ်ပြီး သတ်မှတ်တဲ့ နေရာတွေမှာ ဟောရမှာတဲ့။ တစ် နည်းအားဖြင့် စည်းကမ်းကလနား နဲ့ပေါ့လဗျာ။ နောက်ပြီးတစ်ခါ စုဝေးဟောပြောခွင့်ရှိတဲ့သူဟာ လည်း ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင် အရွေးခံမယ့် စာရင်းပေါက်ပြီး သား ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် အနှီကိုယ်စားလှယ် လောင်းရဲ့ တရားဝင်ကိုယ်စား လှယ်ကိုသာ ခွင့်ပြုမှာတဲ့။ အခြား သော ကန့်သတ်ချက်အပြည့်အစုံ ကိုတော့ ညွှန်ကြားချက်မှာပါပြီး သားမို့ ကျုပ်တို့အရှည်သဖြင့် မပြောတော့ပါဘူး။အနှစ်ချုပ်ကာ ပြောရမယ် ဆိုရင်ဖြင့် အနှီညွှန်ကြားချက်ဟာ တစ်ဖက်သတ်ဆန်လွန်းတာပဲ ဖြစ်တယ်ခင်ဗျ။ ဒီမိုကရေစီရွေး ကောက်ပွဲဆိုပေတဲ့ လုပ်နည်းလုပ် ဟန်တွေကတော့ အာဏာရှင် ဟန်ပဲဗျ။ ဗိုလ်ချုပ်ကြီးများ ပြော ဖူးတဲ့ စည်းကမ်းပြည့်ဝသော ဒီမို ကရေစီဆိုတာ အဲဒါမျိုးလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် တို့ ခံစားနေရတာတော့ ခေါင်က စပြီး မိုးမလုံတဲ့ကိစ္စပါပဲ။ တရား မျှတတဲ့ ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က ‘‘ငါ့သားမယားဘက် ခပ်ပါပါ’’လုပ်နေတာပါပဲ။သိကြတယ်ဟုတ်။ ကော် မရှင်က ဘာကြောင့် အဲသလို ညွှန်ကြားချက်ကို ထုတ်သလဲဆို တာ။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတုန်းက ဒေါ်အောင် ဆန်းစုကြည်ဟာ သူ့ပါတီက ကိုယ်စားလှယ်လောင်းများရဲ့ မဲဆန္ဒနယ်မှာလိုက်ပြီး တရား ဟောခဲ့တာ ရှိခဲ့သကိုးဗျ။ ဆိုတော့ ကာ ဒေါ်စုမျက်နှာနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြား ဖြတ်မှာ ပြည်ခိုင်ဖြိုးပါတီကိုကျော် တက်အနိုင်ရသွားတယ်လို့ ရွှေ ဉာဏ်တော်စူးရောက်စွာနဲ့ ဆင် ခြင်ကြည့်ကြမှာပေါ့။နောင်လာမယ့် ရွေးကောက် ပွဲမှာ သို့ကလိုသာဖြစ်လို့ကတော့ ဗိုလ်ချုပ်ဟောင်းများရဲ့ ပြည်ခိုင် ဖြိုးပါတီဟာ ရှုံးချက်နာဦးမှာဆို တော့ကာ ပြိုင်ဘက်ပါတီတွေ အပေါ်မှာ ကန့်သတ်လိုက်တာပဲ ခင်ဗျ။ ဟုတ်တာ မဟုတ်တာ အပထား မီကိုကွေကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသည် ဆိုတဲ့ ကြော်ငြာလိုပဲ၊ တစ်ခါက ဗိုလ်ချုပ်ဟောင်းတစ်ယောက် ဥက္ကဋ္ဌဖြစ်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့အတွေးနဲ့ သူဟုတ်လှပြီ ထင်နေမှာပေါ့လေ။သို့ပေတဲ့ အရပ်သားပါတီ များကို အနှီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ချည်ပြီးတုပ်ပြီး အမိန့်များဆင့်ကာထုတ်ပေတဲ့ ပြည်ခိုင်ဖြိုးကျတော့ ကော်မရှင် က လုပ်ချင်ရာလုပ်ခွင့်လိုင်စင်များ ပေးထားသလားလို့။ သိတယ် လား။ ချစ်ရင်အပြစ်မမြင်ဆိုသကိုး။ တစ်ဖက်ကလည်း ကော် မရှင်ရဲ့မေတ္တာကို သိတတ်လိုက် တာသမှ။ ကိုယ်စားလှယ်လောင်း များ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ် ခွင့် ကန့်သတ်တဲ့ညွှန်ကြားချက် မူကြမ်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အဝထောက်ခံတယ်ဆိုပြီး လုပ်သေးတာ။ တပ်မှူးတပ်သား ဟောင်းများအကြား မေတ္တာ ရောင်ပြန်ဟပ်တာ ထင်ပါရဲ့။အခြားနိုင်ငံရေးပါတီတွေ ကျတော့ ရန်ပုံငွေဘယ်ကရတယ် ကအစ လိုက်ပြီးကန့်သတ်နေပေတဲ့ ပြည်ခိုင်ဖြိုးက ပါတီဝင်များသွား သွားလာလာ လုပ်နေတာက ဘယ်သူ့ဝင်ငွေတွေလဲခင်ဗျ။ ဒါတင်မကသေးဘူး ရွာဖျက်ခံရတဲ့ သမီးလေးကျေးရွာသားတွေ နေဖို့အတွက် မြေကွက်တောင် ဝယ် ပေးမယ်လုပ်သေးတာ။ ဘယ်က နေ ပါတီရန်ပုံငွေတွေ သောက် သောက်လဲရနေတာလဲ ကျုပ်တို့ မသိပါဘူးဗျာ။သို့ပေတဲ့ ကော်မရှင်ဟာ မျှတပါတယ်။ အခုနောက်ဆုံး ထွက်လာတဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ နိုင်ငံရေးပါတီတွေကို မြေကွက်တွေ၊ ကားပါမစ်တွေပေးမတဲ့။ ဆိုတော့ တချို့ အမြော်အမြင်ရှိသူများက ပါတီထောင်ဖို့တောင် စိတ်ကူးနေပြီဗျ။ မလိုသူတွေကတော့ ပြောတာပေါ့ဗျာ။ ကော်မရှင်ဟာ အယူမခိုင်မာတဲ့ ပါတီငယ်လေးများကို တိုက်နဲ့ကားပေးပြီး ခါးပိုက်ထဲ ထည့်နေပြီလို့။ ကျုပ်တို့ကတော့ အဲသလိုမထင်ရက်ဘူးဗျာ။ ကော်မရှင်ဟာ‘သားတူညီများ’အခွင့်အရေးပေးချင်တာ ဖြစ်မှာပါရယ်။ရွေးကောက်ပွဲကော်မရှင်ဆို တာ တရားမျှတရမယ်မဟုတ် လား။ ဘယ်ပါတီကိုမှ မျက်နှာ သာမပေးဘဲ ခွင့်တူညီမျှဖြစ်စေရ မယ်ဆိုတော့ကာ နိုင်ငံရေးပါတီ များကို မုန့်ကျွေးရမယ့်သူ မုန့် ကျွေး၊ တုတ်ပေးရမယ့်သူ တုတ် ပေးလုပ်နေတာပဲလို့ ကျုပ်တို့ထင် သဗျ။ လိမ္မာတဲ့ ပါတီများဟာ ကော်မရှင်က ကျွေးတဲ့မုန့်များကို စားရကံကြုံမှာပေါ့ဗျာ။အဲ.. မလိမ်မိုးမလိမ်မာတဲ့ ပါတီများကျ တုတ်ရကြမှာ ခင်ဗျ။ကြည့်ဗျာ။ ဟိုတစ်လောက ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ် မတော်ကို စိန်ခေါ်တဲ့စကားများ ပြောသွားလို့ ကော်မရှင်က သတိ ပေးအကြောင်းကြားစာပို့လာ သတဲ့။ ပါတီတွေ၊ နိုင်ငံရေးသမား တွေ အဲဒါခက်တာပဲဗျာ။ လိမ္မာ ရင် ကော်မရှင်က ဘာဝင်ပါစရာ ရှိသလဲ။ တိုက်ခန်းနဲ့ ကားပါမစ် တောင်ပေးဦးမယ့်ဥစ္စာ။ အခုကျ တော့ တပ်မတော်ကိုသွားပြီး စိန် ခေါ်ရတယ်လို့။တကယ်တော့ စိန်ခေါ်တာ ကလည်း အရပ်ထဲမှာလို ချမယ် နှက်မယ် သတ္တိရှိရင်ထွက်ခဲ့လို့ ခုနစ်သံချီဟစ်တာမဟုတ်ပါဘူး ဗျာ။ လွှတ်တော်ထဲမှာရှိတဲ့ တပ် မတော်သားကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ဟာ အာဏာမက် မောလို့၊ အထူးအခွင့်အရေးမက် မောလို့ လုပ်နေတာမဟုတ်ဘူးဆို တာ သက်သေထူပါလို့ တိုက် တွန်းတယ်ဆိုတဲ့ စကားလေးပဲ ပြောတာ။ ဒါကိုများ ကော်မရှင်က တပ်မတော်ကို စိန်ခေါ်တယ်လို့ အမှတ်ထားတာ အံ့ဩစရာကြီး မဟုတ်လား ကိုယ့်လူတို့ရာ။နို့ပေတဲ့ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ အမိအဖကိုခင်ဗျ။ အနန္တနောအနန္တ ငါးပါးထဲမှာ မပါ သော်ငြား တပ်မတော်သာ အမိ တပ်မတော်သာအဖဆိုတော့ တပ်မတော်ကိုသွားပြီး ကလိရင် ကော်မရှင်နဲ့ ငြိမှာပဲ။ တပ်မတော် ဟာ ဒီတိုင်းပြည်မှာ နတ်နေကိုင်း ခင်ဗျ။ သွားပြီးမထိနဲ့ ကော်မရှင် နဲ့ငြိမယ်။ ကော်မရှင်ဟာ ဒါမျိုး တွေ ထိန်းကျောင်းဖို့ဖွဲ့ထားတာ။ အရပ်သားများ စကားမမှားကြနဲ့ ပေါ့ဗျာ။ အထက်တစ်နေရာမှာ ကျုပ်တို့ပြောခဲ့သလိုပဲခင်ဗျ။ တချို့ကိစ္စတွေမှာ ကော်မရှင်ဟာ သူ့အတွေးနဲ့သူနေမှာပါ။ကဲဗျာ။ နိဂုံးကမ္မတ် အဆုံး သတ်ရရင်တော့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အခုနေခါ ရွေး ကောက်ပွဲများနဲ့ပတ်သက်ရာ အမိန့်ညွှန်ကြားစာဆိုတာမျိုးတွေ တစ်ခုပြီးတစ်ခုထုတ်ပြန်နေတာ ဟာ ဘာရည်ရွယ်ချက်နဲ့လဲဗျာ။ ထွက်လာတဲ့ ညွှန်ကြားချက်မူ ကြမ်း၊ မူချောဆိုတာတွေကလည်း တစ်ဖက်မှာ မက်လုံးနဲ့၊ တစ်ဖက် မှာ ခြောက်လုံးနဲ့၊မီးစနဲ့ ရေမှုတ် ကို ပြိုင်တူထုတ်လုပ်နေတာ ကျုပ် တို့ ပြည်သူတွေအကျိုးလားခင် ဗျာ။ သို့မဟုတ်ရင် တပ်မှူးတပ် သားယူနီ ဖောင်းဝတ်များရဲ့ ထာဝရအကျိုးစီးပွားအတွက်လား ဗျာ။ ကော်မရှင်လုပ်သမျှ အခုထိ မြင်ရတာတော့ ကျုပ်တို့ဘဝင်မှာ လေဟပ် ကျေနပ်လာတဲ့အထိ မဖြစ်သေးတာ အမှန်ပဲဗျာ။ နိုင်ငံ ရေးပါတီတွေကိုကန့်သတ်ထိန်း ချုပ်ရမယ်လို့ တွေးနေတာကို က ဘယ့်နှာ ဒီမိုကရေစီဖြစ်မှာ ပါလဲဗျာ။ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ တပ်မတော် အပေါ်မှာ မေတ္တာမကင်းတာ ကျုပ်တို့နားလည်ပေးပါတယ်။ နို့ပေတဲ့ လက်နက်အင်အား၊ လူ အင်အားနဲ့ ဥစ္စာဓန ပေါကြွယ်ဝ နေတဲ့ တပ်မတော်က ကြီးကြီးမာ စတာများကို မေတ္တာရေစီးကမ်း ပြိုလိုက်နေသလို ဒီမိုကရေစီဆို တဲ့စကား မစားရအညှော်ခံဖြစ်နေ ရတဲ့ လူထုများအတွက်လည်း မေတ္တာရေကြည်တစ်ပေါက် ငေါက်ခနဲ ပန်းထွက်လာရင်ကိုပဲ ရွေးကောက်ပွဲကော်မရှင်လူကြီး မင်းများကို ကျုပ်တို့ဟာ ကျေးဇူး တင်နေမှာပါဗျာ။ လာမယ့် ရွေး ကောက်ပွဲတွေမှာ မဟာဗျူဟာ မြောက်ခြိမ်းခြောက်ခြင်းကင်းတာ ပဲ မြင်လိုပါတယ်ဗျာ။ သို့ကလို လည်း တိုက်တွန်းပါတယ်ခင်ဗျ။အခုပြောတာတွေဟာ ကော်မရှင်ကို စိန်ခေါ်တာမဟုတ် ရပါဘူးခင်ဗျာ။ အဲ.. ကျုပ်တို့က သရော်စာသမားတွေဖြစ်တော့ ကာ ပြောရင်းနဲ့ ဒေါတွေပါကာ ကော်မရှင်ကို သရော်သလိုဖြစ် သွားရင်လည်း မတတ်နိုင်ဘူးပေါ့ ခင်ဗျာ။ စိတ်ထဲရှိတာ အရင်းတိုင်း ပြောရရင်တော့ အဘတို့ရဲ့ ကော် မရှင်ကို ကျုပ်တို့သိပ်သရော်ချင် တာပဲ။ သို့ပေတဲ့ အောင့်ထားရ တယ်။ တော်ကြာကော်မရှင်ကို သရော်ပါတယ်ဆိုပြီး သတိပေး စာ အထုတ်ခံထိမှာ ကြောက်လို့ ရယ်သာ။Author: ဘစီ7DAY DAILY
ရွှေသီးရေ . . .ငါတော့ ဒီတစ်ပတ် ပုဒ်မ ၄၃၆ပြင်ဆင်ရေး အတွက် လက်မှတ်သွားထိုးဖြစ်တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီပုဒ်မပြင်ဆင်ရေး လုံးဝလက်မှတ်ထိုး ဆန္ဒပြုသင့်တယ်လို့ယုံကြည်လို့ပဲ။ ငါက အဲဒီလိုပြောတော့ ဦးလေးက အင်န်အယ်လ်ဒီကလားလို့တော့မမေးနဲ့။ နိုးပဲဟေ့ကောင်ရေ။ အခြေခံဥပဒေပြင်မယ်ဆိုရင် အင်န်အယ်လ်ဒီက လုပ်မှမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးက ပြင်ချင်ရင် လက်မှတ်ထိုးပါဆိုလည်း ငါကတော့ အပြေးလေးသွားထိုးလိုက်မှာပဲ။ အဲ ဒါပေမဲ့ ကန့်ကွက်မဲကိုထောက်ခံမဲတော့မဖြစ်စေနဲ့ပေါ့နော်။ ဟဲဟဲ . . . သူတို့က ဒါမျိုးကျွမ်းတယ်ပြောလို့။ပြောရဦးမယ်။ ပုဒ်မ ၄၃၆ ပြင်ချင်လို့ လက်မှတ်သွားထိုးတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆို သွားကိုမထိုးဘူး။ အဘ ကြောင့်ငါကသွားထိုးတာကွ။ အဘ လို့ခေါ်ရတာက တပ်ထဲက သူငယ်ချင်းတစ်ယောက်က ငါ့ကို သင်ပေးထားတယ်။ တပ်ထဲကလူ တွေရော၊ တပ်ထွက်တွေရော အဘလေးတို့၊ အဘတို့ခေါ်ရင် လွှတ်ကြိုက်ဆိုပဲ။ အသက်အရွယ်ကိုကြည့်မနေနဲ့။ အဘသာလုပ်လိုက် အိုကေတယ်တဲ့။ဒီလိုကွာ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တော့ အခြေခံ ဥပဒေကိုပြင်မယ်ဆိုပြီး အတိ အလင်းကြေညာဝင်လာတာ။ ပြည်သူတွေကလည်းယုံတာပေါ့။ ဒါကြောင့်လည်း ၂၀၁၂ ကြား ဖြတ်မှာ မဲဝိုင်းပေးကြတာသူများ တွေတောင် မျက်စိဆံပင်မွေးစူး တယ်။ ဟော . . .လွှတ်တော်ထဲလည်းရောက်ရော အာဏာရပါတီကြီးက ဖွဲ့စည်းပုံပြင်ဖို့အရင်တင်တာ။ အင်န်အယ်လ်ဒီတွေ လေးလံနှေးကွေးပုံများပြောပါတယ်။ ဟိုမှာသူတို့ဆွဲထားတာ မှားမှန်းသိလို့ သူတို့အရင်ပြင်မယ်ဆိုပြီး အားကြိုးမာန်တက်လုပ်ပြီးချိန်ကျမှ ဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ၈၈ နဲ့ပေါင်း နိုင်ငံအနှံ့ဟောပြောပွဲတွေလုပ်တော့အုတ်အော် သောင်းတင်းတွေ ဖြစ်ကုန်ရောပေါ့။ နှလုံးစက်ထည့်ထားရတဲ့ သမ္မတကြီးကိုမှအားမနာ။ သူ့ခမျာ ဆူဆူပူပူဖြစ်မှာစိုးလို့ ကြိုပြောရှာတယ်။ဒီလိုတွေ ရုတ်ရုတ်သဲသဲဖြစ်လာတော့ တို့အဘက ဟိုနေ့က အင် တာဗျူးတစ်ခုမှာ ကြိတ်မနိုင်ခဲမရထပြောရတော့တာပေါ့။အင်န်အယ်လ်ဒီက မရောင် ရာဆီလူးတာတဲ့။ အင်န်အယ်လ် ဒီက လူထုကိုစည်းရုံးပေမယ့် လူ ထုက စိတ်မဝင်စားဘူးတဲ့။ ကိုယ့် အလုပ်နဲ့ကိုယ်တဲ့။ ဟုတ်လိုက် လေရွှေသီးရာ။ အားအားယား ယား လယ်ကွင်းတွေ၊ ဘောလုံး ကွင်းတွေထဲသွားပြီး လူတစ်သိန်း၊ နှစ်သိန်း ဘာလုပ်မှာလဲကွာ။ တို့ အဘတို့သာ စိတ်ဝင်စားတာ။ သြော်. . . တိုင်းပြည်အတွက် မတော်မတဲ့တာတွေ မြင်ရင်ပြော ဖို့ပေါ့။အဘကဆက်ပြောတယ်။ ဒေါ်စုက တပ်မတော်ကိုဝေဖန်နေ တာ သူပေါ်ပြူလာဖြစ်အောင်လုပ် တာတဲ့။ ဒါလည်းအဘမှန်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နာမည်မှာ အောင်ဆန်းသာမပါ ရင် လူမသိ၊ သူမသိ။ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌကြီးပြောဖူးသလို ဗိုလ်ချုပ် သမီးဆိုလို့ မမြင်ဖူးလို့သွားကြည့် ကြတာ။ ကိုယ်တိုင်က ဘာအရည် အချင်းမှရှိတာမဟုတ်ဘူး။ ဗိုက် မှာလည်းသေနတ်ဒဏ်ရာမရှိ။ အဘလည်းအခေါ်မခံဖူး။ သရေ စည်သူတို့၊ အဂ္ဂသီရိတို့လည်းမရ ဖူးဘဲနဲ့ လူတွင်ကျယ်လုပ်ချင် တယ်။ ဒါမျိုးကျ အဘဆီမှာသင် ရမှာ။ အဘတို့များ တစ်လုံးဆို တစ်လုံးပဲ။ ဘူးလက်ဆိုတာနဲ့ တင် တစ်နိုင်ငံလုံးဟိုးဟိုးကျော်။ ထောက်လှမ်းရေးကြောင့် တပ် မတော်နာမည်ပျက်တာတို့၊ အင်န်အယ်လ်ဒီမှာ ဒေါ်စုကလွဲရင် တစ်ယောက်မှသုံးမရဘူး ဆိုတာမျိုးတွေနဲ့ လွှတ်တော်မင်းသားကြီးဖြစ်လာတာ ဒေါ်စုတို့များညံ့ပါ့ရွှေသီးရာ။နောက်. . . ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ ကျွန်တော်မမြင်ဘူးတဲ့။ အင်း . . . အနာဂတ်ကိုကြိုမြင်တဲ့ အနာဂတံသဉာဏ်ဆိုတာ တော်ရုံလူရတာမှတ်လို့။ ‘‘သမ္မတဖြစ်ဖို့ တစ်ချိန်မှာနိုင်ငံခြားသား ကိုမယူတာကောင်းမယ်ဆိုပြီး တော့’’ဆိုပဲ။ ဒေါ်စုတို့များအနာ ဂတ်ကိုမတွေးတတ်၊ မခေါ်တတ်နဲ့ ကဲခုမှဒုက္ခလှလှတွေ့ပြီမဟုတ် လား။ ပုဒ်မ ၅၉(စ)ဆိုတာပြင်ဖို့လွယ်တာမှတ်လို့။ အမျိုးဘာသာ သာသနာနဲ့ရအောင် မနည်းချိတ် ထားရတာ။နောက်တစ်ခုက ‘‘မိုးသီးဇွန် ပြောသလိုပေါ့တဲ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့အနေ အထားမှာ ဒိုင်းဆိုသမ္မတဖြစ်ချင် တယ်ဆိုရင်’’တဲ့ (အင်း ဒါတော့ အဘကိုတိုးတိုးပြောရမယ်။ အဘ ကလည်း ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)ကြိုးမဲ့လေတံခွန်ဆို ပြီး မိုးသီးဇွန်ပြောခဲ့တာမဟုတ် ဘူး။ မိုးသီးဇွန်(သို့မဟုတ်) ကြိုးမဲ့ လေတံခွန်ဆိုပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူးမိုးဟိန်းနဲ့ တွဲဖက် အတွင်းရေးမှူးရဲနိုင်အောင်တို့ စာတမ်းထုတ်တာ။ အဘမသိဘဲ စွတ်ပြောနေ။ တော်ကြာ သူရိယ နေဝန်းကနေ ဆော်နေဦးမယ်၊ရှူး)အဘကပြောသေးတယ်။ လူထုက ၈၈ လိုမအတော့ဘူး။ မြှောက်ပေးရင်လည်းမလုပ်တော့ ဘူးတဲ့။ ဟုတ်ပါ့အဘရာ၊ တပ်မ တော်က မအအောင်သမိုင်းကို ညက်နေအောင်ကိုသင်ပေးလိုက်တာ။ နောက်တစ်ခါစစ်တပ်က အာဏာသိမ်းရင် ဧရာဝတီဆိုတာ တကယ့်ကိုရာဇဝင်ထဲကသတို့သမီးဖြစ်ပြီး သစ်တောဆိုသည်မှာ အမေဇုန်တောကြီးအတွင်း ပေါက်ရောက်သောအရာဖြစ်သည်လို့ ကလေးတွေသမိုင်းကိုကျက်ရ လိမ့်မယ်ဆိုတာ လူထုကသိသွား ပြီမဟုတ်လား။ တို့အဘကို တစ်ခုတော့ သတိပေးရဦးမယ် ရွှေသီးရေ။ အဘတို့ပါတီက သူရဦးအောင်ကို ဆိုတာ သိပ်ယုံရတာမဟုတ်ဘူး။ ဟိုနေ့ကပဲ သူကပြောသတဲ့။ ဖွဲ့ စည်းပုံပြင်ဖို့ တိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေသာမက နိုင်ငံ တကာကပါ တောင်းဆိုနေတာမို့ အုပ်ချုပ်ရေးမဏ္ဍိုင်က မျက်ကွယ် ပြုရင် နိုင်ငံရေးအကျပ်အတည်း ဆီ ဦးတည်သွားမယ်ဆိုပဲ။ အဘ နဲ့များကွာပါ့။ အဘကတော့ အကျပ်အတည်းတစ်ခုမဟုတ်ဘူး တဲ့။ ဘာတဲ့ဘိုလိုပေါ်လတီကယ် ခရစ်ဇစ်မဟုတ်ဘူးလို့တောင် ပြောလိုက်သေးတယ်။ အဲဒီသူရ ဦးအောင်ကိုကပြောသေးတယ်။ ပါတီအဖွဲ့အစည်းတိုင်းမှာ စုန်း ပြူးဆိုတဲ့ကိုယ်ကျိုးစီးပွားဦးစား ပေးသူတွေရှိနေမှာပဲ။ ဒီလိုရှိနေ လို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့ဆန္ဒကို ခေါင်းမာမာနဲ့ ဆန့်ကျင်နေတာတဲ့။ လာလာချည်သေး ပြည်သူ့ဆန္ဒဆိုတာ သွေးဆေးနာမည်ဟာကို။ ဒီလူကတော့ ပါတီထဲက အများမိုးခါးရေ သောက် နေတာမသောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်လေသံ လိုက်နေပြီ။ အဘတို့ကြည့်ကျက် ပြောကြဦးလို့ပေါ့။တကယ်တော့ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးကမှ အဘတို့ ရဲ့ တကယ့်မိတ်ဆွေစစ် မိတ်ဆွေမှန်ကွ။ ပါတီကလူတွေစကားပြောရင် ဟိုလူပြောရယ်စရာဖြစ် ဒီလူပြောရယ်စရာဖြစ်နေ လို့ နယ်ကျော်မစည်းရုံးနဲ့လို့ တား မြစ်တာကိုများ ဒေါ်စုကြောင့်လေး ဘာလေးနဲ့။ ခုလည်းကြည့်လေ။ တပ်မတော်သားကိုယ်စားလှယ် တွေ အာဏာမက်မောလို့၊ အထူး အခွင့်အရေးမက်မောလို့၊ နေရာ မက်မောလို့လုပ်နေတာမဟုတ် ဘူးဆိုတာကို သက်သေထူလိုက် ပါလို့ ကျွန်မကတိုက်တွန်းချင်ပါ တယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာ တစ်နည်းအားဖြင့်ပြော ရင် စိန်ခေါ်မှုလို့လည်းပြောလို့ရ ပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်’’ တဲ့။ ဒါပြောစရာလား။ စိန်ခေါ် စရာလား။ သက်သေထူစရာလား ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖောင်းသွားပြီ။ ပြန်တောင်းပန် ခိုင်းအဘ။ ပြန်တောင်းပန်မှကျေ အေးလိုက်။ ဘယ့်နှယ်ဇလွန်မှာ အောက်ခြေပါတီကလူတွေ သူ့ဘာသာသူ အမျိုးဘာသာသာ သနာစကားလေးလုပ်တဲ့ဟာကို ဘာသာရေးကို နိုင်ငံရေးမှာအလွဲသုံးစားပြုတာကို ရွေးကောက်ပွဲကော်မရှင်က မသိချင်ယောင်ဆောင်နေတယ် ဘာညာနဲ့ပြောကြတယ်။ ကျောင်းမှန်ကန်မှန်သိအောင်ပြန်တောင်းပန်ခိုင်းလိုက်။‘‘တပ်မတော်သားကိုယ်စား လှယ်တွေ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူး’’ ဆိုသည်ကို သက်သေထူခိုင်းမိခြင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ကိုကျော်လွန်မိသည်ဟုဆိုပါ၍ နောင်အခါ ဟုတ်တယ်ဆိုတာကိုသာ သက်သေထူခိုင်းပါမည် ဆိုပြီး တရားဝင်စာနဲ့ပေနဲ့ တောင်းပန်ခိုင်းလိုက်။ ဒါမှ ဒီအမျိုးသမီးမှတ်မှာ။ နောက်တစ်ခါအဘဦးလှဆွေ ပြောသလို ပေါ် ပြူလာဖြစ်အောင် မပုတ်ခတ်ရဲတော့မှာကွ။Author: မောင်နံ့သာ7DAY DAILY
တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ရီကာအိုကာဒါ (၂၉) နှစ်၏ ရုပ်အလောင်းကို ‘‘အရုပ်’’ ဟု တံဆိပ်ကပ်ထားသည့် နှစ်မီတာအရှည်ရှိသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးဖြင့် စာတိုက်မှပေးပို့လိုက်သည်ကို တိုကျိုအနောက်ဘက်ရှိ ၎င်းနေထိုင်ရာ ဟာချီအိုဂျီစီးတီးတွင် ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။အိုကာဒါသည် ပြီးခဲ့သည့် မတ်လကပင် ပျောက်ဆုံးနေခဲ့ပြီး ၎င်း၏ အလောင်းထည့်ထားသော သေတ္တာအတွက် အမြန်ချောပို့ခငွေပေးချေမှုကို ၎င်း၏ ခရက်ဒစ်ကတ်ဖြင့်ပင် ပေးချေထားကြောင်း တွေ့ရသည်ဟု ဆိုသည်။အိုကာဒါမပျောက်ဆုံးမီ အချိန်က သူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ရန်ရှိသည်ဟု ရေးသားထားခဲ့သည်ကို သိရသည်။ရဲတပ်ဖွဲ့စုံစမ်းရေးသမားများသည် နေအိမ်သို့ ပြန်ရောက်လာသော ၎င်း၏ အလောင်းကို စစ်ဆေးရာတွင် ဓားဒဏ်ရာများစွာ တွေ့ရပြီး လက်များတွင်မူ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရာမှဖြစ်သော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟုဆိုသည်။အိုဆာကာ ရဲတပ်ဖွဲ့ကလည်း အိုကာဒါ၏ ပတ်စ်ပို့ကို အသုံးပြုကာ တရုတ်အမျိုးသမီးတစ်ဦးနှင့်အတူ ရှန်ဟိုင်းသို့ ဦးတည်ထွက်ခွာသွားသော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း သတင်းများက ဖော်ပြနေမှုကို အတည်ပြုရန် ငြင်းဆန်ထားသည်။—Ref: BBC7DAY DAILY
အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်အ ထိ ယာဉ်စီးရေ ငါးရာကျော်အား အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေး တွေ့ရှိချက်များအရ ငါးလအ တွင်း သတ်မှတ်ချက်ထက်ကျော် လွန်မောင်းနှင်သော ယာဉ် ၅၈၆ စီးကို စစ်ဆေးအရေးယူမှုများ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ‘‘သတ်မှတ်နှုန်းထက် မမောင်းဖို့ကို ယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေကိုပါ ပညာပေးတာတွေကို လက်ကမ်းစာစောင်တွေကတစ်ဆင့် ဆောင်ရွက်ပါတယ်။ ဒါတောင် မောင်းနေတဲ့သူတွေ ရှိနေလို့ အခုလို ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေတာပါ။ အရှိန်တိုင်းကိရိယာနဲ့ ဖမ်းဆီးနေတဲ့အတွက် အခုနောက်ပိုင်း ပြစ်မှုတွေ လျော့ကျ လာတာတွေ့ရတယ်။ အရင်ကထက် တစ်ဝက်ကျော် ပြစ်မှုတွေကျဆင်းလာတာဖြစ်ပါတယ်’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေ၀င်းက ပြောသည်။ ယခုနှစ်ဇန်န၀ါရီမှ မေလ အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုများမှာ ယာဉ်မောင်း အိပ်ငိုက်၍ ဖြစ်ပွားမှုမှာ ၁၁ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုကြောင့် သုံးမှု၊ တိရစ္ဆာန်များကြောင့် သုံး မှု၊ ဆိုင်ကယ်များနှင့် တိုက်မှု ၁၈ မှု၊ အနှေးယာဉ်ပေါ့ဆမှု တစ်မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၂ မှု မဆင်မခြင် မောင်းနှင်မှု ၃၄ မှု၊ ကားဘီးပေါက်မှု ၆၁ မှု၊ စက် ချို့ယွင်းမှု ၁၁ မှု၊ လမ်းချော်မှု တစ်မှုနှင့် ရာသီဥတုကြောင့် ဖြစ် ပွားခဲ့ရသော ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။‘‘ယာဉ်ပိုင်ရှင်တွေကလည်း ငွေကြေးသိန်းပေါင်းများစွာ ရင်းထားရတဲ့အတွက် ကိုယ့် မောင်းကဘာလိုင်စင်ရထားသလဲဆိုတာကိုစိစစ်တာတွေကို အဓိကလုပ်သင့်တာပေါ့။ ခရီးသည်တွေ အန္တရာယ်ကို ကာကွယ်ဖို့ ယာဉ်ပေါ်မှာ တာဝန်ရှိသူက ဘယ်နေရာမှာတူရှိတယ်။ ဘယ်နေရာမှာ အသက်ကယ်အိတ်ရှိတယ်ဆိုတာ ကြိုလုပ်ပေးသင့်တယ်။ ခရီးသည်တွေအတွက် မိုးပြိုခဲ့သည်ရှိသောကာကွယ်မှုကို ကြိုလုပ်ထားသင့်တယ်’’ ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။မေလအတွင်း ယာဉ်မောင်း များ သတ်မှတ်လိုင်စင်မဟုတ်ဘဲ မောင်းနှင်မှုကြောင့် ယာဉ်မောင်း ၁၀၆ ဦးကို ပြစ်မှုထင်ရှား၍ ယာဉ်မမောင်းနှင်ရန်အထိကို အရေးယူမှုများ ရှိနေကြောင်း၊ တိုးချဲ့စစ်ဆေးမှုများကိုပါ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။Author: သူရကျော်7DAY DAILY
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။ ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။Author: ဥက္ကာကိုကို / အောင်သစ်လွင်7DAY DAILY
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။‘‘အဓိက ကတော့ အသက် အန္တရာယ် စိုးရိမ်တဲ့အတွက် ပြောင်းလာကြတာဖြစ်ပါတယ်။ ရွာမှာ အိမ်ထောင်စုက ၁၅ စုပဲရှိ ပါတယ်။ အဲဒီအထဲမှာ အိမ် ထောင်စုလေးစု ပြောင်းရွှေ့လာ ကြတာဖြစ်ပါတယ်။ ဝေဘာလီမှာ နှစ်စု၊ ကန်ပြင်သာစည်မှာ တစ်စု၊ သရေကုန်ဘောင်မှာတစ်စု ဆွေ မျိုးအိမ်တွေမှာ ယာယီနေထိုင်နေ တာဖြစ်ပါတယ်’’ဟု ပြောင်းရွှေ့ လာသူတစ်ဦးက ပြောသည်။မောင်တောမြို့နယ် မြောက် ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်တွင် RSOသောင်းကျန်းသူလက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများဖြစ်သည်။Author: မောင်ကံ7DAY DAILY