စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 19 October 2014

အောင်ဇေယျတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချခဲ့သဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

၁၈.၁၀.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောင်ဇေယျ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ လှိုင်သာယာမြို့နယ်နေ ဦးမောင်မောင်လွင်၊ (၆၀)နှစ်မှာ တံတားအောက်ရှိ ဆိပ်ကမ်းသာလမ်းဘေး မြက်ခင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ၀ဲနံစောင်းနှင့် ၀ဲပေါင်ရင်းတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အစာအိမ်ရောဂါနှင့် လိပ်ခေါင်းရောဂါများ ခံစားနေရသူဖြစ် ကြောင်း၊ တူမတော်စပ်သူမိသားစုမှ အင်းစိန်မြို့နယ်၊ ပေါက်တောဝရှိ ဆေးခန်းသို့ပြသပေးရန်အတွက် မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်လာစဉ် တံတား၏ ကမ္ဗည်းကျောက်စာတိုင်အနီးအရောက် အပေါ့သွားမည်ဟု ပြောသဖြင့် ယာဉ်အားရပ်ပေးခဲ့ကြောင်း၊ ၎င်းမှာ ယာဉ်ပေါ်မှဆင်းသွားပြီး အမြင့်(၃)ပေခန့်ရှိ တံတားလက်ရမ်းတန်းနှင့် လူသွားစင်္ကြန်လက်ရမ်းတို့အား ကျော်တက်၍ တံတားအောက်သို့ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၇၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


Monday, 22 September 2014

ကားရေဆေးရန် ရေမော်တာမီပလပ်ကြိုးထိုးရာမှ ဓါတ်လိုက်ခဲ့သဖြင့်သေဆုံး

၂၀.၉.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ အမျိုးသား(၁)ဦး ဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုကို(ခ)လပြည့်ဖြိုး(၂၄)နှစ်ဖြစ်ပြီး ၎င်းတွင် ယာလက်မနှင့် လက်ညှိုးတို့ကြား၌ ပေါက်ပြဲ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူသည် ၁၈၀၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၂၀/၄၅)ရပ်ကွက်ရှိ ၎င်းယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်သော ကုမ္ပဏီ၏ ပစ္စည်းများ ထားသိုရာ ဂိုထောင်တွင် ကားရေဆေးရန်အတွက် ရေမော်တာ မီးပလပ်ကြိုးအား ထိုးရာမှ ဓါတ်လိုက်ခံရပြီး လဲကျသွားခဲ့သဖြင့် အင်းစိန်ဆေးရုံ
သို့ ပိုအပ်စဉ် သေဆုံးခဲ့ခြင်း ဖစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Sunday, 21 September 2014

ယာဉ်နှင့်စက်ဘီးတို့ တိုက်မိသကဲ့သို့ဖြစ်ရာမှ စကားများရန်ဖြစ်စဉ် စက်ဘီးစီးသူများမှ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

၂၀.၉.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မလင်းလင်းထိုက်သည် နေအိမ်၌ရှိနေစဉ် ယာဉ်နောက်လိုက်အဖြစ် အလုပ်လုပ်ကိုင်သော ခင်ပွန်းဖြစ်သူ ဝေလေး(ခ)ကိုဝေလင်း (၃၁)နှစ်မှာ ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာတံတောင်ဆစ်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာပေါင်ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ရထားသည်ကို တွေ့ရှိရပြီး ဆေးကုသမှုခံယူနေစဉ်  ၀၂၀၀ အချိန်၌သေဆုံးသွားခဲ့ကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ ကိုရန်နိုင် တွင်လည်း ဝဲတံတောင်ဆစ် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဖြစ်စဉ်အား စုံစမ်းရာ လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းရှေ့တွင် ခင်ပွန်းဖြစ်သူ ဝေလေး(ခ)ကိုဝေလင်းနှင့် ယာဉ်မောင်းဖြစ်သူ ကိုရန်နိုင်တို့ မောင်းနှင်လာသောယာဉ်နှင့် ဘိုဘို(စုံစမ်းဆဲ)နှင့် ချစ်စမ်းမောင်(စုံစမ်းဆဲ)အဖွဲ့တို့ စီးနင်း
လာသောစက်ဘီးတို့ တိုက်မိသကဲ့သို့ဖြစ်ရာမှ စကားများ ရန်ဖြစ်စဉ် ဘိုဘို နှင့် ချစ်စမ်းမောင်တို့အဖွဲ့မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၃၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၁၁၄ဖြင့် အမှုဖွင့်လှစ်၍ ဘိုဘိုနှင့် ချစ်စမ်းမောင်တို့အဖွဲ့အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ညီညီ(ခ)ဘိုဘို (၂၅)နှစ်၊ (၁၈)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူအား ၁၈၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကာ ကျန်ပြစ်မှုကျူးလွန်သူ
များအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

Saturday, 13 September 2014

ဝါယာရှော့ ဖြစ်နေသည့်ဓါတ်တိုင်အောက်ရှိရေအိုင်အား ဖြတ်သန်း သွားလာသူ (၂)ဦး ဓါတ်လိုက် သေဆုံး

၁၂.၉.၂၀၁၄ရက်နေ့ ၂၀၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၁)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အောင်ရတနာ ကားမှတ်တိုင်အနီးရှိ ဓါတ်တိုင်မှ ဝါယာရှော့ဖြစ်၍ မီးပန်းများ ပွင့်ထွက်ကာ ဓါတ်တိုင် အောက်ခြေရင်းရှိ မြေအောက်ဝါယာကြိုး အထိ ဝါယာရှော့ဖြစ်ရာမှ ၎င်းဓါတ်တိုင်အောက်ခြေရှိ ရေအိုင်တွင်လျှပ်စစ်စီးဝင် နေစဉ် အဆိုပါရေအိုင်ကို ဖြတ်သန်း သွားလာသူများ ဖြစ်ကြသည့် သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး(၁)ဦးနှင့် ကလးငယ်(၁)ဦးတို့မှာ ဓါတ်လိုက်ခံရပြီး သေဆုံးသွားခဲ့
ပါသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၆/၂၀၁၄)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Friday, 5 September 2014

Facebook မှာ သိကျွမ်းသူကို ညအိပ် လက်ခံ တည်းခိုခွင့် ပြုရာမှ စိန်ရွှေလက်ဝတ် ရတနာပစ္စည်းများ ခိုးယူခံရ

ညအိပ်တည်းခို၍ စိန်ရွှေ လက်ဝတ် ရတနာပစ္စည်းများ ခိုးယူ သွားသူကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးရာမှ အခြားခိုးမှု(၁၀)မှု ထပ်မံပေါ်ပေါက်

ရန်ကုန်၊ စက်တင်ဘာ ၅

၂၆.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည် နေအိမ်၌ရှိနေစဉ် Facebook လူမှုကွန်ယက်တွင် သိကျွမ်းခဲ့သော ပေါလုလွင် ဆိုသူမှာ ညအိပ်တည်းခိုရန် ရောက်ရှိလာ သဖြင့် စကားပြောဆိုခဲ့ကြပြီး ၂၇.၈.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ညအိပ်ယာဝင်ခဲ့ကြောင်း၊ ၀၂၀၀ အချိန်ခန့်တွင် အိပ်ယာမှနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာမတွေ့ရတော့ဘဲ စိန်ရွှေရတနာ ပစ္စည်း(၁၄)မျိုး၊ လက်ပတ်နာရီ(၁)လုံး၊ ဆင်းကတ်ပါ i phone 5 (၁)လုံး၊ ငွေကျပ်(၂၅၀၀၀၀)၊ စာရင်း စာအုပ်(၂)အုပ်၊ ထီး(၁)လက်၊ နိုင်ငံသား စိစစ်ရေးကတ်(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃၇၄၃၀၀၀၀)မှာပျောက်ဆုံးနေသဖြင့် ပေါလုလွင်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပေါလုလွင်ဆိုသူမှာ စမ်းချောင်း မြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ တကောင်းလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသဖြင့် စုံစမ်း အတည်ပြုခဲ့ပြီး ၃၀.၈.၂၀၁၄ ရက်နေ့ ၁၁၃၀အချိန်တွင် အမှုမှပြစ်မှုကျူးလွန်သူ ပေါလုလွင်(ခ) ရန်နိုင်ကျော်(ခ)ရဲရင့်ထွဋ်ခေါင်(ခ) ကျော်မင်းသီဟန်(ခ) ကောင်းကောင်းအား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ပေါလုလွင်အား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် ခိုးမှုပြစ်ချက်ဟောင်း ရှိသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်း၏နေအိမ်မှ အမှုမှပါဆုံး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် ၎င်းရောင်းချထားသော စိန်ရွှေရတနာ ပစ္စည်းများကိုလည်း ပြန်လည်သိမ်ဆည်းနိုင်ခဲ့ပါသည်။

၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်၊ မေလမှ သြဂုတ်လအတွင်း ဗဟန်း၊လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ကမာရွတ်၊ လှိုင်၊ တာမွေနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် ခိုးမှု(၁၀)မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် သက်သေခံ ပစ္စည်းများ သိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

သမီးရည်းစား ရေချိုးခန်းအတွင်း စကားများ ရန်ဖြစ်စဉ် အမျိုးသားမှ ဓါးဖြင့်ထိုး၍ အမျိုးသမီးသေဆုံး

သမီးရည်းစား စကားများ ရန်ဖြစ်စဉ် အမျိုးသားမှ ဓါးဖြင့်ထိုး၍ အမျိုးသမီးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅

၅.၉.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတွင်ဝန်ထမ်းဖြစ်သူ မင်္ဂလာဒုံမြို့နယ်နေ မသဲသက်စုထွေး(၂၃)နှစ်နှင့် ရည်းစားဖြစ်သူ ၎င်းကုမ္ပဏီ၏ ဝန်ထမ်းဟောင်း ဖြစ်သော စမ်းချောင်းမြို့နယ်နေ ဖြိုးသီဟ(၂၃)နှစ်တို့မှာ ကုမ္ပဏီရှိ ရေချိုးခန်းအတွင်း စကားများ ရန်ဖြစ်နေကြောင်း၊ တံခါးမှာလည်း အတွင်းမှ ဂျက်ထိုးပိတ်ထားပြီး မသဲသက်စုထွေး၏ အော်သံကိုလည်း ကြားရကြောင်းတို့ကို ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ လှိုင်မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြား သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ ရေချိုးခန်းမှာ အတွင်းမှ ဂျက်ထိုးထားပြီး အသံများ မကြားရဘဲ တံခါးဖွင့်မပေးသဖြင့် တံခါးဂျက်အား ဖျက်ဆီးဝင်ရောက်ခဲ့ရာ ကြမ်းပြင်ပေါ်တွင် သွေးများပေနေသော အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအားတွေ့ရှိရပြီး မသဲသက်စုထွေးမှာ ဝဲဘက်နံစောင်းနှင့် ဝဲဘက်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများ၊ ယာဘက်လက်မ၊ ယာဘက်လက်ခလယ်နှင့် လက်ညှိုးတို့ကြား၊ ဝဲဘက်လက်သန်းနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်အပြင် ဖြိုးသီဟမှာလည်း ၎င်း၏ဝဲဘက်လက်ဖျံရှိ သွေးပြန်ကြောအား မိမိကိုယ်ကို ဓါးဖြင့်လှီးဖြတ်ကာ လဲကျနေသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဖြိုးသီဟအား လှိုင်မြို့မရဲစခန်း(ပ)၄၇၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Monday, 25 August 2014

ခရီးသည်တင်ယာဉ် ပန်ကာကြိုးပြတ်ကာ ရေဆူပန်းထွက်ခဲ့သဖြင့် ခရီးသည်(၆)ဦး ဒဏ်ရာရ

၂၃.၈.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေဘက်မှ သင်္ဃန်းကျွန်းဘက်သို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယာဉ်မောင်း အောင်မြင့်စိုး မောင်းနှင်လာ သော အမှတ်(၃၉)ယာဉ်လိုင်း 5B--- ခရီးသည်တင်ယာဉ်သည် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ မင်းရဲကျော်စွာ ဂုံတံတားပေါ် အရောက်၌ ရေတိုင်ကီ ပန်ကာကြိုးနှင့် ဒိုင်နမိုမော်တာကြိုးများပြတ်၍ ရေများဆူပြီး ယာဉ်၏နောက်ပိုင်းတွင် ရေတိုင်ကီဖြင့်ဆက်ကာ အပိုထားရှိသော
ရေဘူးမှ ရေပူများပန်းထွက်မှုဖြစ်ပွားခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါခရီးသည် (၆)ဦးတို့တွင် အပူလောင်ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်း/ပြင်ပ လူနာများအဖြစ် ဆေးကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်မြင့်စိုးအား တာမွေမြို့မရဲစခန်း ယာဉ် (ပ)၄၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ခရီးသည်တင်ယာဉ် တချို့ အားတွေ့ ရစဉ် 

Sunday, 10 August 2014

နေအိမ်တွင် တစ်ဦးတည်း ရှိနေသော အဘွားအိုအား သတ်ကာ နားကပ်ဖြတ်ယူ သွားသူကို ဖော်ထုတ် ဖမ်းဆီးရမိ

 ၅.၈.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်တွင် ရွှေပြည်သာ မြို့နယ်နေ ဒေါ်ခင်ဖြူအေးမှ ၎င်းသည် အထည်ချုပ် စက်ရုံ၌ အလုပ်လုပ် ကိုင်နေစဉ် နေအိမ်၌ ကျန်ခဲ့သော မိခင်ဖြစ်သူ ဒေါ်သိန်းတင်၊(၇၆)နှစ်မှာ သွေးအိုင် ထဲ၌ လဲနေကြောင်း သားဖြစ်သူမှ ဖုန်းဆက် အကြောင်း ကြားသဖြင့် နေအိမ်သို့ ပြန်လာကြည့်ရှုရာ မိခင်ဖြစ်သူ ဒေါ်သိန်းတင်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကို တွေ့ရှိရပြီး မိခင်ဖြစ်သူ၏ ၀ဲ/ယာ နားရွက် အဖျားများမှာလည်း ပြတ်နေကာ ၀တ်ဆင် ထားသော ကျောက်(၁)ပွင့်စီပါ ရွှေနားကပ်(၁)ရံ တန်ဖိုး(၁၀၀၀၀၀)ကျပ်ခန့်မှာ ပျောက်ဆုံး နေသည်ကို တွေ့ရှိရ သဖြင့် မိခင်အားသတ်၍ နားကပ်အား ယူဆောင် သွားသူကို စုံးစမ်း အရေးယူ ပေးပါရန် တိုင်တန်းချက်အရ ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၉၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်း ဆောင်ရွက်ခဲ့ ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်း ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များ၊ ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ယခင်က အခင်းဖြစ်ခြံဝင်းအတွင်းရှိ အိမ်တစ်လုံးစီ၌ အတူငှားရမ်းနေထိုင်ခဲ့ဘူးသော ယခု ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ပန်းခြံစု(၁)လမ်းနေ အောင်သူထက်(ခ)အောင်ရဲလင်း၊ (၂၆)နှစ်၊ (ဘ)ဦးစံရွှေအား မသင်္ကာဖွယ်စိစစ်တွေ့ရှိရသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ၆.၉.၂၀၁၄ရက်နေ့ ၁၄၀၅အချိန်တွင် ရွှေပြည်သာမြို့နယ်၊(၁၁)ရပ်ကွက်၊ထော်ပိုင် လမ်း၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စစ်ဆေးချက်အရ အောင်သူထက်(ခ)အောင်ရဲလင်းသည် ယခုလက်ရှိနေထိုင်သော နေအိမ်အတွက် အိမ်လခ(၃၀၀၀၀)ကျပ်ပေးရန် ငွေကြေးလိုအပ်နေသဖြင့် ၁၆၁၅ အချိန်ခန့်၌ တစ်ဝင်းတည်း နေထိုင် ခဲ့ဖူးသော အခင်းဖြစ်နေအိမ်တွင် တစ်ဦးတည်းရှိနေသူ ဒေါ်သိန်းတင်အား အရိုးအသွား(၉)လက်မခန့်ရှိပဲအိတ်ခွဲသည့် ဓါးဖြင့်ထိုးကာဝတ်ဆင်ထားသာ ကျောက်ပါရွှေနားကပ်(၁)ရံအား ဖြတ်၍
ယူဆောင်သွားပြီး ရွှေပြည်သာမြို့နယ်ရှိ အပေါင်ဆိုင်၌ ငွေကျပ်(၆၅၀၀၀)ဖြင့် ပေါင်းနှံထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အောင်သူထက်(ခ) အောင်ရဲလင်းအား အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ယာဉ်တိုက်မိ၍ အုတ်တံတိုင်းပြိုကျကာ ထမင်းဆိုင်တွင် ထမင်းစားနေကြသူ (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရ

 ခြံဝင်းသံပန်းတံခါးအား ယာဉ်တိုက်မိ၍ အုတ်တံတိုင်းပြိုကျကာ ထိခိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၀

၉.၈.၂၀၁၄ ရက်နေ့ ၁၂၁၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ ယာဉ်မောင်း ကိုဌေးနိုင်စိုး (၂၈)နှစ်သည် 6D ----- နီဆန်း မီးခိုးရောင်ယာဉ်အား ရန်ကင်းမြို့နယ်၊ ဘောက်ထော် ဘူတာရုံလမ်းရှိ နေအိမ်ခြံအတွင်းသို့ ၀င်ရောက်ရန် နောက်ဆုတ် မောင်းနှင်ရာ မလွတ်၍ရှေ့ဘက်သို့ပြန်လည်မောင်းထွက်စဉ် ခြံဝင်းသံပန်းတံခါးအား တိုက်မိကာ အုတ်တံတိုင်း ပြိုကျသဖြင့် အုတ်တံတိုင်းရှေ့ရှိ ထမင်းဆိုင်တွင် ထမင်းစားနေကြသော ရန်ကင်းမြို့နယ်နေ မနှင်းဝတ်ဖြူစင်(၂၂)နှစ်၊ ကိုရာဇာမော်ဦး (၂၁)နှစ်နှင့် တောင်ဥက္ကလာပမြို့နယ်နေ ကိုဒေးဗစ်ဖုန်း(၂၄)နှစ်တို့အား ထိခိုက်မိခဲ့ပါသည်။

ထိုသို့ထိခိုက်မိသဖြင့် မနှင်းဝတ်ဖြူစင်မှာ ၀ဲရင်အုံညိုမဲ၊ ၀ဲနံဘေးဖူးရောင်နှင့် ၀ဲပခုံးပွန်းဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးသွားခဲ့ပြီး ကိုရာဇာမော်ဦး နှင့် ကိုဒေးဗစ်ဖုန်းတို့တွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ပြင်ပလူနာများအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုဌေးနိုင်စိုးအား ရန်ကင်းမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Monday, 4 August 2014

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၈)ဦးဒဏ်ရာရ

 ၄.၈.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း အတိုင်းတောင်မှမြောက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်စိုး၊ (၄၅)နှစ်မောင်းနှင်လာသော O----- (၇၉)ယာဉ်လိုင်း သန်မြန်သူ ခရီးသည်တင် ဒိုင်နာယာဉ်သည် (၈)ရပ်ကွက်၊ ဂန္ဓမာလမ်းဆုံမီးပွိုင့်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၈)ဦးမှာ ပွန်းပဲ့ဖူးရောင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်(၅)ဦး၊ ပြင်ပလူနာအဖြစ် (၃)ဦး ဆေးကုသမှု ခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်စိုးအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၇၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Thursday, 31 July 2014

ကြည့်မြင်တိုင်မြို့နယ်၌ တိုက်ဟောင်း၏ ၀ရန်တာပြိုကျသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ

၃၁.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်/ အနောက် ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ အမှတ်(၄၃)ရှိ နှစ်ထပ်တိုက်ဟောင်း၏ အပေါ်ထပ်ဝရန်တာ ပြိုကျမှု ဖြစ်ပွား ခဲ့ပါသည်။

ထိုသို့ဝရန်တာပြိုကျမှုကြောင့် ကြည့်မြင်တိုင်မြို့နယ်နေ ဆိုက္ကားနင်းသူ ကိုတင်ကို၊ (၃၀)နှစ်မှာ ၀ဲ/ယာပေါင်ဖူးရောင် မေးစေ့ပွန်း၊ ယာကျောပွန်း၊ ရင်ဘတ်ဖူးရောင်၊ ၀ဲလက်ခုံစုတ်ပြဲဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အောက်တွင်ဈေးရောင်းနေသော လှိုင်သာယာမြို့နယ်နေ မဝေေ၀မြင့်၊ (၃၈)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင် မစိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကာ ကြည့်မြင်တိုင်မြို့နယ်နေ ဒေါ်သန်းသန်းဆွေ၊ (၄၇)နှစ်တွင် နာကျင် ဒဏ်ရာများရရှိခဲ့ သဖြင့် မစိုးရိမ်ရလူနာအဖြစ်လည်းကောင်း၊ အလုံမြို့နယ်နေ မသန်းသန်းစိုး၊ (၃၅)နှစ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ မစန်းစန်းနွယ်၊ (၄၄)နှစ်တို့မှာ ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် စိုးရိမ်ရလူနာများအဖြစ် လည်းကောင်း ရန်ကုန်ဆေးရုံကြီးတွင် အသီးသီး ဆေးကုသမှုခံယူလျက်ရှိ ပါသည်။

အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးခဲ့ကာ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ပို့အပ် ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



လမ်းဘေးတွင် လမ်းလျှောက်နေသူ အမျိုးသားကို ယာဉ်တိုက်မိသဖြင့် သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၃၁

၃၀.၇.၂၀၁၄ ရက်နေ့ ၁၈၂၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ထ/----ဘီအမ်(စက်ရုံဝန်ထမ်း ကြို/ပို့) ယာဉ်သည် မီးခွက်ဈေးအောက် ထိပ်အလွန်အရောက် အရှိန်လွန်ကာ လမ်းဘေး၌ လမ်းလျှောက်နေသော အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦး(ပုဆိုးခရမ်းရောင်၊ suturb စာတမ်းပါ စပို့ရှပ်အင်္ကျီ လက်တိုအကြပ်ဝတ်ဆင်ထားပြီး ၀ဲလက်မောင်းတွင် စက်ဝိုင်းအတွင်း ကျားရုပ်
ဆေးမင်ထိုးထားသူ)အား ၀င်ရောက်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်တိုက်ခံရသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နှခါင်းပါးစပ်သွေးထွက်၊ ၀ဲပါးရိုးဖူးရောင်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်၌ သေဆုံး သွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူအား လှိုင်သာယာ မြို့မရဲစခန်း ယာဉ်(ပ) ၁၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Wednesday, 30 July 2014

မီးနီ၍ ရပ်စောင့် နေသော ယာဉ်ကို တိုက်မိပြီး မောင်းနှင် ထွက်ပြေးစဉ် အခြား ယာဉ်များကို ဆက်လက်တိုက်မိ

 ရန်ကုန်၊ ဇူလိုင် ၂၉

 ၂၈.၇.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအဝိုင်းဘက်မှ ရန်ကင်းဘက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း အောင်သက် မောင်းနှင်လာသော ၃စ/---မာစတာဒီမီယိုဆလွန်း ကိုယ်ပိုင်ယာဉ်သည် ဆရာစံလမ်းဆုံ မီးပွိုင့်အရောက် မီးနီ၍ ရပ်နေသော DD--- ပရိုဘောက်အဖြူရောင် အငှားယာဉ်ကို တိုက်မိပြီး ယာဘက်သို့ချိုးကွေ့ကာ ဆရာစံလမ်းအတိုင်း မောင်းနှင်ထွက်ပြေးစဉ် ရန်ကင်းစင်တာရှေ့အရောက် လမ်း၏ယာဘက်တွင် ရပ်ထားသော 2H---တိုယိုတာဗင်ကို ပိုင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိပြီး ဘောဂလမ်းအတွင်းသို့ မောင်းနှင်ပြီးထွက်ပြေးစဉ် လမ်းအတွင်း ရပ်ထားသော AA---ပရီမီယိုဆလွန်းအငှားယာဉ်၊ ၄စ/--- ဟွန်ဒါဖစ်ခဲရောင် ကိုယ်ပိုင်ယာဉ်တို့အား တိုက်မိပြီး နောက်ဆုတ် မောင်းနှင်စဉ် RA---ကိုရိုလာဗင်အငှားယာဉ်နှင့် CC--ကယ်ဒီနားအငှားယာဉ်တို့ကို ထပ်မံတိုက်မိခဲ့ရာ RA--- ကိုရိုလာဗင်အငှားယာဉ်မှာ အတိုက်ခံရသည့်အရှိန်ကြောင့် လမ်းညွှန်ဆိုင်ဘုတ်ကို ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးနှင့် လမ်းညွှန်ဆိုင်းဘုတ်တို့ပျက်စီးသွားခဲ့ပြီး ၃စ/--- ယာဉ်မောင်းဖြစ်သူ အောင်သက်တွင် နှာခေါင်းဖူးရောင်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သက်အား ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ)၇၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

လျှပ်စစ်ဝါယာရိန်းတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၂၉

၂၈.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံ၌ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာသေဆုံးသူမှာ ကိုသက်(ခ)မောင်စိန်လှထွန်း၊ (၂၁)နှစ်ဖြစ်ပြီး ၎င်းတွင် ၀ဲလက်မနှင့်လက်ညှိုးတို့၌ ပွန်းပဲ့ဒဏ်ရာ များရရှိထားသည် ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၇၁၅ အချိန်ခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၊ စက်မှုဇုန် (၄)၊ ပန်းဘဲခေါင်းမောင်ခတ်လမ်းရှိ အဆောက်အဦအတွင်း လျှပ်စစ်ဝါယာရိန်းတပ်ဆင်နေရာမှ ဓါတ်လိုက်ခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် ၁၈၄၀ အချိန်တွင် ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် လေပြင်း တိုက်ခတ်မှုဖြစ်ပွား

 ရန်ကုန်၊ ဇူလိုင် ၂၉

 ၂၈.၇.၂၀၁၄ ရက်နေ့ညပိုင်းနှင့် ၂၉.၇.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတို့တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့၌ လေဆင်နှာမောင်းနှင့် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ ပါသည်။

အဆိုပါလေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ အေးမြသာယာကျေးရွာတွင် မူလတန်းကြိုကျောင်း(၁)ကျောင်းနှင့်နေအိမ်(၁)လုံး၊ ကော့ခနိမ်ကျေးရွာတွင် နေအိမ် (၁)လုံး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်း ကျေးရွာတွင် နေအိမ်(၃)လုံး၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်တွင် နေအိမ် (၃၀)လုံး၊ မြသီတာရပ်ကွက်ရှိ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းအိမ်ရာဝင်း နေအိမ် တန်းလျား(၈)ခန်းတွဲ(၂)လုံးနှင့် ကားဂိုဒေါင်ဟောင်း(၂)လုံး၊ လှိုင်သာယာမြို့နယ်၊ ကစင်ကျေးရွာ၊ ရွှေလင်ဗန်းကျေးရွာနှင့် အမှတ်(၁၉)ရပ်ကွက်တွင် နေအိမ်စုစုပေါင်း (၄၄)လုံး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ အင်းပေါက်စုအပိုင်းတွင် နေအိမ်(၂၁)လုံး၊ ဇီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံတပ်နယ်အိမ်ရာတွင် နေအိမ် လိုင်းခန်း(၁၅)ခန်း၊ ဓမ္မာရုံ(၁)ရုံတို့မှာ အမိုးများလန်ခြင်း၊ ပြိုလဲခြင်းများဖြစ်ပွားခဲ့ပြီး ၎င်းတပ်နယ်ဝင်းအတွင်း သစ်ပင်လဲကျမှုကြောင့် ဓါတ်တိုင်(၃)တိုင် ယိုင်လဲသွား
ကြောင်းသိရှိရပါသည်။

ထိုသို့ဖြစ်ပွားစဉ် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်နေ ဦးလှိုင်ထွေး၊ (၃၁)နှစ်တွင် ခြေသလုံးပြတ်ရှ ဒဏ်ရာ(၁)ချက်နှင့် ၎င်း၏သမီးဖြစ်သူ မခင်ငြိမ်းစံ၊ (၆)နှစ်တွင် ယာမျက်ခုံးဖူးရောင်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ရာ စိုးရိမ်ရမှုမရှိကြောင်းနှင့် အခြားနေရာများတွင် ထိခိုက်ဒဏ်ရာရရှိမှုများမရှိကြောင်း သိရှိရပါသည်။

ယင်းသို့ဖြစ်ပွားသည့်နေရာများသို့ တာဝန်ရှိသူများရောက်ရှိခဲ့ပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice





Monday, 28 July 2014

လင်မယားချင်း စကားများရာမှ ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်နှက်ခဲ့၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၇.၇.၂၀၁၄ရက်နေ့ ၁၀၁၅အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ သပြုစမ်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သပြုစမ်း ကျေးရွာနေ ဦးမောင်းဌေး(ခ)ဦးမောင်တင်ဌေး (၄၇)နှစ်အား ဦးခေါင်းနောက်စေ့နှင့် ၀ဲချိုစောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့ ၀၉၃၀ အချိန်ခန့်တွင် သေဆုံးသူ ဦးမောင်ဌေး(ခ) ဦးမောင်တင်ဌေးသည် ဇနီးဖြစ်သူ မအိပုံ(ခ)မလှလှသန်း (၃၀)နှစ်နှင့် မိသားစုကိစ္စ္စ ပြောဆိုဆွေးနွေးစဉ် အဆင်မပြေဖြစ်ကာ စကားများရန်ဖြစ်ရာမှ လင်မယားချင်း ကွဲမည်ဟုပြောဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့သွား ရောက်ခဲ့ကြ ကြောင်း၊ ထိုသို့ သွားရောက်ခဲ့ရာ ရွာလယ်လမ်းမ၌ ထပ်မံစကားများကြပြီး သေဆုံးသူမှ အသင့်ပါလာသော ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်မည်ပြုစဉ် ဇနီးဖြစ်သူ မအိပုံ(ခ)မလှလှသန်းမှ တုတ်ကိုလုယူ၍ ၎င်းကိုရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။ ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် ကွမ်းခြံကုန်းမြို့မရဲစခန်း (ပ)၁၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ မအိပုံ(ခ)မလှလှသန်းအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police https://www.facebook.com/yangonpolice

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့စကားများစဉ် မန်နေဂျာမှဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့စကားများစဉ် မန်နေဂျာမှဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ ရန်ကုန်၊ ဇူလိုင် ၂၈ လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူတည်းခိုခဲ့ကြောင်းသိရှိရပြီး ၎င်းအားမတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံ နေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ရှိနေ သည်ကိုတွေ့ရှိရ သဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံမေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ထွက်ခွာသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်းရှာဖွေခဲ့ပါသည်။ ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။ ၂၃.၇.၂၀၁၄ ရက်နေ့ ၁၈၂၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်ရှိ စိမ်းလန်းစိုပြေဥယျာဉ်၊ အင်းယားကန်အတွင်း၌ အမျိုးသားတစ်ဦးသေဆုံးနေသည် ကိုတွေ့ရှိခဲ့၍ မရမ်းကုန်းမြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက် ခဲ့ရာမှ အလောင်းတွင် ၀မ်းဗိုက်နှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာ များရရှိထား သည်ကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူအမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ စိတ်ကူးသစ် တည်းခိုခန်းတွင် တည်းခိုနေထိုင်သွားခဲ့သူ ကိုကျော်မျိုးထွန်းဖြစ်ကြောင်း သိရှိရ ပါသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်မှ စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၅၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့အား မသင်္ကာဖွယ်စိစစ်တွေ့ရှိရ သဖြင့် ၎င်းတို့အား စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ သေဆုံးသူ ကိုကျော်မျိုးထွန်းသည် ၂၀.၇.၂၀၁၄ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် အခင်းဖြစ်တည်းခိုခန်းသို့ရောက်ရှိတည်းခိုခဲ့သဖြင့် အခန်း အမှတ်(၁၀၅)တွင် နေရာချထားပေးခဲ့ကြောင်း၊ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်က သေဆုံးသူ၏အခန်းမှ တံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာ ဦးမောင်မောင်မှအခန်းအတွင်း ၀င်ရောက်၍ပြောဆိုတားမြစ်စဉ် စကားများပြီး အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် ကုတင်ခြေရင်း တွင်တွေ့ရှိသည့် စတီးဓါးဖြင့် ဦးမောင်မောင်မှ ကိုကျော်မျိုးထွန်း၏၀မ်းဗိုက်နှင့် လည်ပင်းတို့အားထိုးခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးမောင်မောင်ပါ(၅)ဦးတို့မှ အလောင်းအား အင်းလျားကန်အတွင်း ပစ်ချကာဖျောက်ဖျက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်ကြသူများကို အမှုဖြင့်ဖမ်းဆီးအရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ Yangon Police https://www.facebook.com/yangonpolice

Sunday, 27 July 2014

အငှားယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာ

ရန်ကုန်၊ ဇူလိုင် ၂၇

 ၂၆.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း ညောင်တုန်းဘက်မှ ရန်ကုန်ဘက်သို့ ကမာရွတ်မြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင်လာသော 2D ---- ချယ်ရီဆလွန်း အငှားယာဉ်သည် မိုင်တိုင်အမှတ်(၁၂/၇)အနီးအရောက် မျက်နှာချင်းဆိုင်မှ ထန်းတပင်မြို့နယ် နေ မောင်ဇွဲသူလင်းထိုက်မောင်းနှင်ပြီး နောက်တွင် တွံတေးမြို့နယ်နေ ကိုရှုမောင်တို့ လိုက်ပါလာသော နံပါတ် မပါ CZI-125 အမျိုးအစားဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မောင်ဇွဲသူရလင်းထိုက်တွင် ဦးခေါင်းယာဘက်ဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းနှင့်ပါးစပ် သွေးထွက်ဒဏ်ရာ၊ ၀ဲ/ယာလက်ကောက်ဝတ် ရိုးကျိုး၊ ဝှေးစေ့ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကိုရှုမောင်တွင် ယာမျက်လုံးဖူးရောင်နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာ (သတိမေ့လျက်)များရရှိခဲ့ သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)
အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ထွန်းထွန်းနိုင်အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf

လမ်းဘေးတွင်လမ်းလျှောက်သွားနေသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

၂၆.၇.၂၀၁၄ ရက်နေ့ ၀၄၀၅ အချိန်တွင် တာမွေမြို့နယ်၊ ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးဘက်မှ တာမွေအ၀ိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ)ယာဉ်သည် Asahi Hotel ရှေ့အရောက် လမ်းဘေးတွင် လမ်းလျှောက်သွားနေသော အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအား နောက်မှ ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် တိုက်ခံရသူအမျိုးသားတွင် ဦးခေါင်းနောက်စေ့နှင့် ၀ဲမျက်ခုံး တို့တွင် ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူကို တာမွေမြို့မရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf

Saturday, 26 July 2014

ဖုန်းကြိုးအားဝါးလုံးဖြင့် ထိုး၍မရာမှ ဓါတ်ကြိုးအား ထိမိပြီး ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

 ၂၅.၇.၂၀၁၄ ရက်နေ့ ၀၉၅၅ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးရောက်ရှိ နေကြာင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်ရှိ စားသောက်ဆိုင် ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသော မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်နေ မောင်မောင်ချစ် ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၀၉၄၅ အချိန်ခန့်က အဆိုပါစားသောက်ဆိုင်ရှေ့ရှိ လမ်းဘေးဓါတ်တိုင် တွင် တွဲလောင်းကျနေသော ဖုန်းကြိုးအား ၀ါးလုံးဖြင့်ထိုး၍ မ စဉ် လျှပ်စစ်ဓါတ်တိုင်မှ ဓါတ်အားကြိုး(၃၃ ကေဗွီအေ)ကိုထိမိပြီး ဓါတ်လိုက်ကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform