စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 22 October 2014

ပညာရေး

Earache - နားကိုက်သည်
Headache - ခေါင်းကိုက်သည်
Sore throat - လည်ချောင်းနာသည်
Cough - ချောင်းဆိုးသည်
Stomachache - ဗိုက်နာသည်
Flu - တုတ်ကွေးမိသည်
Backache - ခါးနာသည်

DESTINATION (ပန်းတိုင်)

DESTINATION (ပန်းတိုင်)
The foolish live their lives without a destination.
Floating along aimlessly,
Often finding themselves at the starting conditions.
The clever often set unreachable destination,
Bearing these burdens on their shoulders,
Always reading where they stand with dis-satisfaction
The wish knew their ultimate destination in life,
Meeting small destination on the ladder to success,
They achieve hope and happiness thought out their journey.

လူမိုက်တို့်သည်ပန်းတိုင်မရှိ ရည်မှန်းချက်မဲ့စွာ ထိုနေရာတွင်ပင် တ၀ဲလည်လည် လွင့်မျောနေထိုင်တတ်ကြသည်။
ပညာရှိတို့မည်သည် ၀န်ထုပ် တစ်ခုကို ပုခုံးတွင်ထမ်း၍ ကြံ့ကြံ့ခံလျှက် မိမိရောက်ရှိနေသောနေရာနှင့် မကျေနပ်သေးဘဲ ဆက်လက်ကြိုးစားလေ့လာမှတ်သားကြသည်။
ပညာရှိတို့သည် သူတို့၏ နောက်ဆုံးသော ဘ၀ ပန်းတိုင် ကို သိကြသည်။
သူတို့၏ တက်လှမ်းနေသော ခရီးလမ်းတလျှောက်၏ လှေကားထစ်ပေါ်ဝယ် မျော်လင့်ခြင်း ပျော်ရွှင်ခြင်းများ အောင်မြင်မှုများရရှိကြလေသည်။

ပန်းတိုင်

လူုမိုက်မည်သည်
ဆုံးစ မသိ ပန်းတိုင်မရှိ
ရည်မှန်းချက်မဲ့စွာ
လှော်တက်မပါ
ဝေ့ကာဝဲကာ လွင့်မျောပါသည်။။။

ထက်မြက်သူမှာ
ဝန်ကိုထမ်းလျှက်
တိုးတက်ဖို့ရာ
လေ့လာမှတ်သား
အဆင့်ဆင့် လှမ်းကာ
မျော်လင့်ခြင်းပန်းတိုင်
်မမောမပန်းနိုင် လှမ်းကာလျှောက်လျက်
အောင်မြင်ခြင်း သရဖူ
ှဆွတ်ကာယူသည်
ဲပြုံးပန်းဝေဆာလျှက်ပါတကား။။။။
ခင်မင်ရသောသူငယ်ချင်းများရေ....

ဘ၀မှာတိုးတက်အောင်မြင်လိုသူတိုင်းဟာ..
မိမိရဲ့ ကိုယ်ပိုင်အားသားချက်အားနဲ ချက်တွေကိုဝေဖန်ပိုင်းခြား..ပြုပြင်နိုင်ရမည်။
ဒါမှာသာမိမိကိုယ်ကိုနားလည်ခြင်းself-realizationမှ...
ကိုယ်တိုင်ဖွံ့ ဖြိုးတိုးတက်မှု self-development...သို့ ရောက်နိုင်မယ်..
ဒါကြောင့် the foolish , the clever and the wish တို့ ရဲ့ ဒသအမြင်ကိုတင်ပြပေးပါမယ်...

ခင်မင်လေးစားသော
ရွှေအိမ်စည်

THOUGHTSစိတ်ကူးအတွေးများ

THOUGHTSစိတ်ကူးအတွေးများ
The foolish act and then afterward
This leads to mistakes and endless trouble.
The clever think first and act afterward,
And often ride in labyrinth of imagination.
May times their thoughts obstruct their courage.
The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
Yours....
Shwe Aeim Si

စိတ်ကူးအတွေးများ

The foolish act and then afterward
This leads to mistakes and endless trouble.
လူမိုက်တို့၏ မဆင်ခြင်သော အပြုအမူကြောင့် အမှားသို့ဦးတည်လျှက်
မဆုံးသော ပြသနာကို ဖန်တီးတတ်ကြသည်။

The clever think first and act afterward,
And often ride in of imagination.
May times their thoughts obstruct their courage.
တတ်သိနားလည်သောသူတို့သည် မပြုလုပ်မီ တွေးတော ဆင်ခြင်ပြီးမှသာ ပြုလုပ်လေ့ရှိသောလည်း ရံဖန်ရံခါ
်စိတ်ကူးအတွေးဖြင့် ရှုပ်ထွေးတွေဝေစေလျက် ၄င်းသည် ထိုသူတို့၏ အစွမ်းသတ္တိကို အဟန့်အတားဖြစ်စေတတ်သည်။

The wise act out of thought and think as they act,
Making activity practical and possible.
They are safe from illusion, save energy and time,
And travel the smooth path to success
ဥာဏ်အမြော်အမြင်ရှိသူသည် ဖြစ်နိုင်ခြေရှိသည်ကို လက်တွေ့ဆောင်ရွက်သည်။
အာရုံထွေပြားမှုမရှိစွာ အားအင်အချိန် ကို အလေအလွင့်မဖြစ်စေဘဲ အောင်မြင်မှုပန်းတိုင် သို့
ချောမွေ့စွာ ခရီးနှင်ကြလေသည်။

labyrinth= a confusion set of connecting passages or paths in which it is easy to get lost or
something which is very confusion.
ရွှေအိမ်စည်

SPEAKING( စကားပြောခြင်း)

SPEAKING( စကားပြောခြင်း)
The foolish like to argue.
They only create conflicts and contradictions.
Instead of gaining knowledge.
The clever like to ask.
They create relationship and gain knowledge.

The wise tend to remain silent;
They observe deeply and propose the appropriate.
Thanks,
Shwe Aeim Si

စကားပြောဆိုခြင်းနှင့်ပတ်သက်သော

မိုက်မဲသူတို့သည်.....
ငြင်းခုံခြင်းကို နှစ်သက်လျှက် ဗဟုသုတရစေမည့် အစား ပဋ္ဋိပက္ခ ဖြစ်ရန်သာ ဖန်တီး၍ ခံငြင်းပြောဆိုတတ်ကြသည်။

ထက်မြက်သူတို့သည် မေးမြန်းခြင်းကို နှစ်သက်လျှက် ပေါင်းသင်းဆက်ဆံမှုပြု၍ ဗဟုသုတ ရယူတတ်ကြ၏။

ဥာဏ်အမြော်အမြင်ရှိသူမှာ ဆိတ်ငြိမ်စွာနေထိုင်လျှက် နက်နက်နဲနဲ လေ့လာမှုပြုပြီးမှ သင့်လျော် သည်ကို အဆိုပြု အကြံပေး၏။

စကားလက်ဆောင်

အကျိုးမဲ့ နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်မည်သော်လည်းမမြတ်၊
တရားနှင့် ဆိုင်သောစကားသည် တစ်ခွန်းတည်း သော်လည်းမြတ်၏။
ရွှေအိမ်စည်

Monday, 22 September 2014

စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း

၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးသူ မဟန်သာသွန်း၏ သတင်းတစ်စုံတစ်ရာ ရရှိပါက အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း Yangon Police Facebook မှလည်း ၂၀.၉.၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံဖော်ပြခဲ့ပါသည်။

ပျောက်ဆုံးသူ မဟန်သာသွန်းအား စုံစမ်းရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏စီမံညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မဟန်သာသွန်းနှင့် အတူပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ၁၉၃၀ အချိန်ခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်(၃)သိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် ၎င်း၏မိခင်ဖြစ်သူ ဖုန်းနံပါတ်သို့ message ပေးပို့ခဲ့သည်ကိုသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ ဆောင်ရွက်နေစဉ် ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် မဟန်သာသွန်းမှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

ယင်းသို့မဟန်သာသွန်း ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှသွားရောက်တွေ့ဆုံပြီး မေးမြန်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆိုပါနေ့က ကျူရှင်ပြီးဆုံး၍ မိဘများလာကြိုသော ကားဖြင့်လိုက်ပါ လာခဲ့ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Sprit market ၌ မိဘများမှ ဈေးဝင်ဝယ်
နေစဉ် ၎င်းတစ်ဦးတည်းကျန်နေခဲ့ရာမှ ယာဉ်ပေါ်မှဆင်းကာ အနီးရှိ သီလရှင် ကျောင်းဝင်းအတွင်းသို့ဝင်၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ သီလရှင် ကျောင်းဝင်းအတွင်း ရှိ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလိုက်မရှာနိုင်စေရန်ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ဖြစ်သူထံ ၎င်းကိုယ်တိုင် message ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် မိခင်အားသတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဟန်သာသွန်းအနေဖြင့် ယင်းသို့ပြုလုပ်ခဲ့သည်မှာ အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူမှ မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်မှ ဆူပူမည်ကိုစိုးရိမ်ကာ၎င်းမှ report card တွင် အဆင့်(၁၀)ဟု ပြင်ဆင် ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမနှင့်မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများမှ စိတ်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အပေါ်သင်ခန်းစာရယူကာ မိမိတို့၏ငယ်ရွယ်နုနယ်သော သား/သမီးငယ်များအား ဆုံးမသွန်သင်ရာတွင် ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ဆုံးမ  သွန်သင်သင့်ပါကြောင်းနှင့် သားသမီးများအနေဖြင့်လည်း မိဘများ၏ ဆိုဆုံးမမှုများမှာ အနာဂါတ်မျိုးဆက်ကောင်းမွန်စေလိုသော စိတ်ရင်းစေတနာဖြင့် သွန်သင် ဆုံးမခြင်းသာဖြစ်သည်ကို နားည်သဘော ပေါက်ကြစေရန် အကြံပြုအသိပေး ဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Thursday, 21 August 2014

ကယန်းစာပေ သင်ကြားမည့် ဆရာ∕ဆရာမ များ အစိုးရထံမှ ထောက်ပံ့ကြေးလိုအပ်နေ

အစိုးရကျောင်းများတွင် တရားဝင် သင်ကြားနေပြီးဖြစ်သော ကယန်းစာပေကို သင်ကြားပေးသည့် ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ကြေးငွေလိုအပ်နေကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ မှ အတွင်းရေးမှူး ဦးနန်းရီက ပြောသည်။

“ကျွန်တော်တို့ သင်ကြားနေပါပြီ ၂၀၁၃-၂၀၁၄ ကတည်းကပေါ့ ဒါပေမယ့် အစိုးရက သင်ပေးတဲ့ ဆရာတယောက် ကို ထောက်ပံ့ကြေး ၃၀၀၀၀ ပေးမယ်ပေါ့။ ခုချိန်ထိမပေးသေးဘူး။ အဲ့တော့သင်ကြားဖို့ ဆရာ⁄ဆရာမတွေ အတွက် ထောက်ပံ့ကြေး လိုအပ်နေပါတယ်״ ဟုပြောသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ ၍ အစိုးရကျောင်းများတွင် တိုင်းရင်းသား စာပေများကို တရာဝင်သင်ကြားခွင့် ပြုခဲ့ပြီး ကယားပြည်နယ်တွင် ကယား၊ ကယော၊ ကယန်း စာပေတို့ တရားဝင်သင်ကြားခွင့် ရရှိခဲ့သည်။

သို့သော်လည်း ယနေ့အထိ အစိုးရကျောင်းများတွင် ကယန်းစာပေတမျိုးတည်းကိုသာ လက်တွေ့ သင်ကြားနိုင်သေးကြောင်း သိရသည်။

၎င်းက “သူတို့က ကယား နဲ့ ကယော က အဆင်သင့် မပြီးသေးလို့မပေးသေးတာ လို့ပြောတယ် ဒါပေမယ့် ကယန်းစာပေက ပြီးနေပြီး အရင်သင်နေပြီ တိုင်းရင်းသားစာပေ သင်ကြားတဲ့ ဆရာတွေကို ထောက်ပံ့ကြေးပါ ပေးသွား မယ်လို့ပြောထားပြီးသားလေ အရင်ပြီးတဲ့ သူကို အရင်ပေးလိုက်ရင်လည်း အဆင်ပြေလာမှာပေါ့ အဲ့ဒါ ရအောင်တော့ ထပ်တောင်းဆို သွားမယ်״ ဟုပြောသည်။

တရားဝင်သင်ကြားခွင့်ရလာသော တိုင်းရင်းသားစာပေများအား ကျောင်းစာသင်ချိန် မဟုတ်သည့် ကျောင်းမတတ်မီ ၈ နာရီမှစ၍ လည်ကောင်း၊ ကျောင်းဆင်းချိန်တွင်လည်ကောင်း သင်ကြားပေးနေကြောင်း ဦးနန်းရီက ဆက်ပြောသည်။

ကယန်း လူမျိုးတစ်ဦးဖြစ်သည့် မူအက်စတာက “ကျမတို့တုန်းက နွေရာသီသင်တန်းတွေမှာပဲ ဘာသာရပ် တစ်ခုအဖြစ် သင်ခဲ့ရတာပေါ့၊ အခုအစိုးရကျောင်းတွေမှာ သင်ခွင့်ရလာတော့ ကျမတို့စာပေအတွက်ကော လူမျိုးအတွက် ပိုကောင်းလာတာပေါ့ နောက်ဆို ကယန်စားပေက နိုင်ငံတကာလည်း ရောက်သွားနိုင်တယ်လေ״ ဟုပြောသည်။

ကယန်းစာပေကို ပြီးခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ စေတနာ့ဝန်ထမ်း ဆရာ∕ဆရာမ များဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် စတင် သင်ကြားပေးခဲ့ပြီး ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် ကျောင်းပေါင်း ၂၀၀ ခန့်၊ လွိုင်ကော်မြို့တွင် ၃၄ ကျောင်း၊ ဒီးမော့ဆိုမြို့တွင် ၆၁ ကျောင်း၊ သံတောင် မြို့တွင် ၃၀ ကျောင်းခန့်နှင့် မန္တလေးတိုင်း ဒေသကြီးအနောက်ပိုင်း ပျဉ်းမနားမြို့တွင် ၁၅ ကျောင်းခန့် သင်ကြားပေးနေပြီဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးပေါလုချမ်း၏ ပြောပြချက်အရ သိရသည်။

Written by ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

ကယန်းစာပေ ဗျည်းအက္ခရာ

Thursday, 24 July 2014

ကားတိုက်ခံရ တာတောင် စာကျက်မပျက်တဲ့ တရုတ်ကျောင်းသူ

တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။

အလွန်အမင်း ဆိုးဝါးတဲ့ ဒဏ်ရာ နာကျင်မှုတွေ မရခဲ့တဲ့ ကျောင်းသူ Wang Dafan ဟာ ဆေးရုံကားစောင့်နေရင်း သူမရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အင်္ဂလိပ် အဘိဓါန်မှ စကားလုံးပေါင်း ၁၀၇ လုံးကို လေ့လာမှတ်သားရင်းနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။

ရဲတစ်ဦးကတော့ ကျွန်တော်တို့ ယာဉ်တိုက်တဲ့ နေရာကို ရာက်သွားတဲ့အခါမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူမဟာ နာကျင်နေပေမယ့်လည်း သူမဟာ တက္ကသိုလ် လေ့ကျင့်ခန်းစာတွေ အတွက် သူမရဲ့ လျှပ်စစ် အဘိဓါန်ကို သုံးပြီး အင်္ဂလိပ်ဝေါဟာရတွေကို ကျက်မှတ်လေ့လာနေတာ တွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

သူမက ဒီမတော်တဆမှုက ကျွန်မကို ဘ၀ဟာ တိုတိုလေး ဖြစ်ပြီး ပညာရေးဟာ အရေကြီးကြောင်း အသိပေးနှိုးဆော်ခဲ့ပါတယ်။ ဒါကြောင့် အခြားအရာတွေကို တွေးပူပြီး အချိန်ကုန်ဆုံးစေမယ့် အစား ပညာပိုတိုးဖို့ က ပိုပြီး အရေးကြီးကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အင်္ဂလိပ် စာလုံးတွေကို လေ့လာခြင်းက နာကျင်မှုကို သက်သာစေပြီး ကျွန်မကိုလည်း အကူအညီ ဖြစ်စေကြောင်း သူမသိခဲ့ရတယ်လို့ ပြောသွားပါတယ်။

အသက် ၁၈နှစ်အရွယ် မိန်းကလေးဟာ ကျူရှင်အသွားမှာ ယခုလို မတော် တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သေချာစွာ လေ့လာကြည့်ရှုစစ်ဆေးပြီးနောက် သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ပေမယ့် ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်း၊ ခြေထောက်နဲ့ လက်မှ ဒဏ်ရာများကို ဆေးထည့် ဆေးကုသဖို့ အတွက် လူနာတင်ကား အလာကို စောင့်ရင်း စာကျက်နေခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ပညာတော်သင်ဆုများစွာ နဲ့ တခြား ပညာရေး ဆုတံဆိပ်များ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘေဂျင်းမှာ ရှိတဲ့ Capital Normal University မှာ တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပြီး နောင်မှာ အမေရိကမှာ ရှိတဲ့ Oxford ဒါမှမဟုတ် Cambridge တက္ကသိုလ်မှာ ပညာဆက်သင့်ခွင့်ရ ဖို့ မျှော်လင့်ချက်ရျိကြောင်း သိရပါတယ်။

World-Myanmar News (world-myanmar.com)

ပညာရေး ဥပဒေ မူကြမ်းကို လေ့လာဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

 ပြည်ထောင်စု လွှတ်တော်က မကြာခင် ဆွေးနွေး အတည်ပြုမယ့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အသေးစိတ် လေ့လာပြီး အကြံပြုကြဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက် လေ့လာတဲ့ ရတနာပုံ တက္ကသိုလ်နဲ့ ဒဂုံတက္က သိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါတယ်။

"အမျိုးသား ပညာရေးဥပဒေဆိုတာ မိခင်ဥပဒေ Mother Law ပေါ့၊ အဲ့ဒီအောက်မှာမှ အခြေခံပညာရေးတို့ အဆင့်မြင့်ပညာရေးတို့က လာဦးမယ်၊ ဥပမာဆိုရင် ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဒီလူထုဥပဒေကို လွှတ်တော်ထဲမှာ ထည့်ဖို့ပေါ၊ လွှတ်တော်ထဲမှာ ထည့်ဖို့ဆိုရင် တစ်ချို့ကပြောတယ်၊ ဒီလွှတ်တော်ထဲမှာ ထည့်စရာမလိုဘူတဲ့ ကျောင်းသားသမဂ္ဂဆိုတာဟာ အဆင့်မြင့်ပညာရေး ဥပဒေထဲမှာ ပါနေတယ် အဲ့ဒီဟာတွေကိုလည်း နည်းနည်းကိုလေ့လာ တဲ့အခါကျရင် နက်နက်နဲနဲ စဉ်းစားစေချင်တယ်၊ ဒီင်္ဥပဒေထဲမှာ အားလုံးပါမှာ မဟုတ်ဘူး၊ ဒီဥပဒေက တခြားဥပဒေတွေကိုပေါ့နော် အသေးစိတ် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ ဥပဒေဘာတွေ သတ်သတ်ထွက်ဦးမယ်၊ ပညာရေးနဲ့ ပတ်သက်လို့ ဒီတစ်နိုင်ငံလုံးက ဘယ်လိုလူတွေနဲ့ သွားမယ်ဆိုတာကို ခန့်မှန်းလို့မရဘူး၊ အတည်ပြုတဲ့ ဥပဒေကြမ်းကို ထွက်လာတဲ့အခါကျတော့မှ ကျောင်းသားတွေ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြပေါ့ ၊ လေ့လာပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ အမြင်တွေကိုလည်း အသိပေးပေါ့"

ဒါ့အပြင် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆရာ၊ ဆရာမတွေ သင်ကြားပေး တာအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ အယူအဆတွေရှိဖို့နဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေကို ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူ ၃၀၀ နီးပါး တက်ရောက်လေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းမှာ ပြည်သူ့လွှတ်တော်က သဘောမတူနိုင်တဲ့အချက်များနေတဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ သဘောတူနိုင်တဲ့အချက်က ၄၀ ကျော်ရှိပြီး၊ သဘောမတူနိုင်တဲ့ အချက်က ၆၀ ကျော်ဖြစ်နေတဲ့အတွက် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥတ္တရသီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"အမျိုးသားပညာရေး ဥပဒေကြမ်းပေါ့လေ အမျိုးသားလွှတ်တော်ကနေပြီး ပြည်သူ့လွှတ်တော် ကို ပြင်ဆင်ချက်တွေနဲ့ ပြန်လည်ပေးပို့တဲ့ အချက်တွေထဲက ၄၈ ချက်သဘောတူပြီးမှ ၆၇ ချက် သဘောမတူဘူး၊ အဲ့ဒီ ၆၇ ချက်သဘောမတူပဲ လွှတ်တော်က ကွဲလွဲချက်ကို ကျနော် တို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆုံးဖြတ်ခိုင်းမယ်လို့ ဒီကိစ္စအဆိုတင်တာပါ"

အခုရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေသေးတာ ၊ ကျောင်းသားတွေတောင်းဆိုနေတဲ့ သမဂ္ဂဖွဲ့စည်းခွင့်မပါရှိတာ၊ ဆရာတွေနဲ့ ပတ်သက် တဲ့ ပြဌာန်းချက်က အငြင်းပွားဖွယ်ဖြစ်နေတာ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်လို့ တိကျ တဲ့ ပြဌာန်းချက်မပါဝင်တာ၊ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့  NNER ခေါ် ပညာရေးမြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ထောက်ပြဝေဖန် ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Sunday, 29 June 2014

ပြုံးရယ်ခြင်းနဲ့ ပါတ်သတ်သောအင်္ဂလိပ်ဝေါ်ဟာရများ

ရယ်မောခြင်းရဲ့ အစက အပြုံးပါပဲ။

Smile ကပြုံးတာ၊

Grim က ပြုံးဖြဲဖြဲ လုပ်တာ။

Smirk က လှောင်ပြုံး ပြုံးတာပါ။

Laugh ကတော့ ရယ်မောတာ၊

Giggle/ Chuckle က တခစ်ခစ် ရယ်တာ၊

Snicker ကကျိတ်ရယ်တာ၊

Titter က ခပ်အုပ်အုပ် ရယ်တာ၊

Chartle က ဟက်ဟက်ပက်ပက် ရယ်တာ၊

Cackle က မနှစ်မြို့ဖွယ် စူးစူးဝါးဝါး ရယ်တာ ဖြစ်ပါတယ်။

ကျယ်ကျယ်လောင်လောင် ရယ်တာကို Laugh out loud,

ရုတ်တရက် ရယ်ချ လိုက်တာကိုBurst out laughing

ရယ်သံမောသံ သောသောညံ နေတာကို Roar with Laughter,

အော်ဟစ်ရယ်မော ပစ်လိုက်တာကို howl with Laughter,

စီခနဲ အော်ဟစ် ရယ်မောလိုက်တာကိုတော့ Shrick with Laughter လို့ ခေါ်ကြပါတယ်။

ရွှေအိမ်စည်https://www.facebook.com/shweaeimsi?ref=tn_tnmn
 — withShwe Arlu and 2 others.

Sunday, 1 June 2014

" မိခင်တိုင်းကြည့်သင့်သည့် ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ကျောင်းပညာပေး ဇာတ်ကားနှင့် သရုပ်ဆောင် စိုးနန္ဒာကျော် "


MRTV ရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ဒါရိုက်တာ ကိုမိုးဇော်ကို ရိုက်ကူးထားတဲ့ ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ပညာပေးဇာတ်ကားမှာ စိုးနန္ဒာကျော်က ကလေး သရုပ်ဆောင် မွန်းသီရိခန်ရဲ့ မိခင်အဖြစ်သရုပ်ဆောင် ရိုက်ကူး ထားပါတယ်။

ဒီဇာတ်ကားလေးက ပညာပေးဇာတ်ကားဖြစ်တဲ့အတွက်လည်း ကလေးမိ ဘတွေကြည့်ပြီး အသိတရားတစ်ခုခု တော့ရကြမှာဖြစ်ကြောင်း ကိုစိုးနန္ဒာကျော်က..

” အဲဒီဇာတ်ကားလေးက ကျောင်းလည်းဖွင့်ခါနီးပြီဆိုတော့ ကလေးတွေကို တအားတင်းကျပ်လွန်းတဲ့အခါကျရင် ကလေးတွေအတွက်အဆင်မပြေတဲ့ အကြောင်းလေးကို ဇာတ်လမ်းတိုလေးရိုက်ဖြစ်တာပါ။ ကိုယ်က ဒီဇာတ် ကားလေးထဲမှာ မိခင်လုပ်တဲ့ ဇာတ်ရုပ်လည်းဖြစ်တယ်။ တစ်ခါမှလည်း မိခင်ဇာတ် ရုပ်မလုပ်ဖူးဘူးဆိုတော့ လုပ်ကြည့် ချင်တာလည်းပါတယ်။
ပညာရေး ဇာတ်လေးလည်းဖြစ်နေတာကြောင့် လက်ခံပြီးရိုက်ဖြစ်သွားတာပါ။

ဒီဇာတ်ကားလေးကိုကြည့်ပြီးရမယ့် အကျိုးကျေးဇူးက ကလေးငယ်တွေ ကိုပညာဆိုပြီး တအားကြီးတင်းကျပ်လွန်းတဲ့အခါ ကလေး ငယ်တွေရဲ့ ဦးနှောက်ကို မတရားကြီးလုပ်မယ်ဆိုရင် သူတို့ရဲ့ကျန်းမာရေးကို အများကြီး ထိခိုက်နိုင်သွားနိုင်တယ်။ အာရုံကြောပဲဖြစ်ဖြစ်၊ စိတ်ထဲမှာဖြစ်ဖြစ်ဒဏ် ရာရသွားမယ်ဆိုရင် မကောင်းဘူး။ အဲဒါကြောင့် အစစအရာရာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ကလေးနဲ့မိဘမျှမျှတ တလုပ်သွား ရင်အဆင်ပြေတယ်ဆိုတဲ့ အကြောင်းအရာလေးကိုသိသွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီးရိုက် ကူးထားပါတယ်” လို့ ပြောပါတယ်။

မိခင်ဇာတ်ရုပ်ဖြစ်တဲ့အတွက်လည်း သရုပ်ဆောင်ချင်ခဲ့တာဖြစ်ပြီး ပညာပေးဇာတ်ဖြစ်တာကြောင့် နောက်ပိုင်းမှာလည်း အခုလို ဇာတ်ကားတွေနဲ့ပတ်သက်ပြီး အခွင့် အေ ရး ပေါ်ရင်ပေါ် သလိုမျိုး ရိုက်ကူးသွားမှာပါလို့ပြောလာတဲ့ စိုးနန္ဒာကျော်က ” ဒီဇာတ်ရုပ်က
မိခင်လုပ်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် ညီမအနေနဲ့ တအားခက်ခဲပါ တယ်။ ကိုယ့် ရဲ့မိခင်ကိုလည်း ကြည့်ပြီး စိတ်သွင်းဖြစ်တယ်။ တည်တည်ငြိမ်ငြိမ် ဇာတ်ရုပ်ဖြစ်အောင်ကြိုးစားတယ်။အဝတ်အစား အပြင်အဆင်ကအစ အသေးစိတ်ဂရုစိုက်ပြီး လုပ်ဖြစ် တယ်” လို့ ပြောပါတယ်။ မိခင်ဇာတ်ရုပ်အနေနဲ့ ဒီဇာတ်ကားက စိုးနန္ဒာကျော်ရဲ့ ပထမဆုံးဇာတ်ကားပဲဖြစ်ပါတယ်။

လွင်လွင်ထွန်း

Popular Journal

Saturday, 17 May 2014

ပန်းနဲ့သက်ဆိုင်သော မီးနင်းများ

ပန်းနဲ့သက်ဆိုင်သော မီးနင်းများ
=================
jasmine စပါယ်ပန်း
peacock flower စိန်ပန်း
bougain villaea စက္ကူပန်း
verbena ဆောင်တော်ကူးပန်း

gladiola ဇီဇဝါပန်း

queen of night ညမွေးပန်း

magnolia ထပ်တရာပန်း

Ivy တိုင်ကပ်ပန်း

daisy ဒေစီပန်း

dahlia ဒေလီယာပန်း

worm-wood ဒေါနပန်း

blasan ဒန်းပန်း

henna ဒန်းပန်း

sun flower နေကြာပန်း

lily နှင်းပန်း

gumkino ပိတောက်ပန်း

anthurium ပိန်းပန်း

alexandrian ပုန်းညှက်ပန်း

azadirachtaindica တမာပန်း

hyacinth ဗေဒါပန်း

aster မေမြို့ပန်း

pimpernal မြတ်လေးပန်း

trumpet-flower သခွတ်ပန်း

tiger lily သဇင်ပန်း

eugenira သပြေပန်း

orchid သစ်ခွပန်း

gladiolus သစ္စာပန်း

waterlily ကြာပန်း

lotus ကြာပန်း

cobras saffron ကံ့ကော်ပန်း

flock-flower ကတ္တီပါပန်း

star-flower ခရေပန်း

camparula flower ခေါင်းလောင်းပန်း

land lily flower ခတ္တာပန်း

cherry flower ချယ်ရီပန်း

hibicus flower ခေါင်ရမ်းပန်း

damask flower နှင်းဆီနီမျိုး

graceful peace rose နှင်းဆီဝါမျိုး

chematice ခွာညိုပန်း

Iris ဂမုန်းပန်း

jonquil flower ဂမုန်းပန်း

chrysanthe mum ဂန္ဓာမာပန်း

laburrum ငုဝါပန်း

white-wary ငွေပန်း

sandal-flower စန္ဒာကူးပန်း

yellow-champace စကားဝါ

Green-champa စကားစိမ်း

မြန်မာလိုတွေးပြီးအင်္ဂလိပ်လို့ရေးကြည့်ကြမယ်
Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။
 — with Myo Min Latt and 4 others.

တရုပ်စာလေးတွေဝေမျှမယ်

要学会 别人最好的

跟了像阳光的人 心灵不会黑暗,
跟了像乐观的人 笑常挂在嘴上,
跟了积极的人 不会落后,
跟了大方的人 不会计较,
跟了稳重的人 做事不会马虎。

တရုပ်စာလေးတွေဝေမျှမယ်

Friday, 16 May 2014

ပြီးတာဘဲ


ဘယ်သူမှားတယ်မှန်တယ်၊ သဘောပေါက်ရင်ပြီးတာပဲ။
လူဘ၀ဆိုတာ၊ အေးချမ်းရင်ပြီးတာပဲ။

Thursday, 15 May 2014

ပန်းနဲ့သက်ဆိုင်သော မီးနင်းများ

ပန်းနဲ့သက်ဆိုင်သော မီးနင်းများ
=================
jasmine စပါယ်ပန်း

peacock flower စိန်ပန်း

bougain villaea စက္ကူပန်း

verbena ဆောင်တော်ကူးပန်း
gladiola ဇီဇဝါပန်း
queen of night ညမွေးပန်း
magnolia ထပ်တရာပန်း
Ivy တိုင်ကပ်ပန်း
daisy ဒေစီပန်း
dahlia ဒေလီယာပန်း
worm-wood ဒေါနပန်း
blasan ဒန်းပန်း
henna ဒန်းပန်း
sun flower နေကြာပန်း
lily နှင်းပန်း
gumkino ပိတောက်ပန်း
anthurium ပိန်းပန်း
alexandrian ပုန်းညှက်ပန်း
azadirachtaindica တမာပန်း
hyacinth ဗေဒါပန်း
aster မေမြို့ပန်း
pimpernal မြတ်လေးပန်း
trumpet-flower သခွတ်ပန်း
tiger lily သဇင်ပန်း
eugenira သပြေပန်း
orchid သစ်ခွပန်း
gladiolus သစ္စာပန်း
waterlily ကြာပန်း
lotus ကြာပန်း
cobras saffron ကံ့ကော်ပန်း
flock-flower ကတ္တီပါပန်း
star-flower ခရေပန်း
camparula flower ခေါင်းလောင်းပန်း
land lily flower ခတ္တာပန်း
cherry flower ချယ်ရီပန်း
hibicus flower ခေါင်ရမ်းပန်း
damask flower နှင်းဆီနီမျိုး
graceful peace rose နှင်းဆီဝါမျိုး
chematice ခွာညိုပန်း
Iris ဂမုန်းပန်း
jonquil flower ဂမုန်းပန်း
chrysanthe mum ဂန္ဓာမာပန်း
laburrum ငုဝါပန်း
white-wary ငွေပန်း
sandal-flower စန္ဒာကူးပန်း
yellow-champace စကားဝါ
Green-champa စကားစိမ်း
မြန်မာလိုတွေးပြီးအင်္ဂလိပ်လို့ရေးကြည့်ကြမယ်

Tuesday, 13 May 2014

သဲနဲ့ ကျောက်ဆောင်


    သဲ နဲ့ ကျောက်ဆောင်

သူငယ်ချင်းနှစ်ယောက် သဲကန္တာရမှာခရီးသွားကြတယ်။

လမ်းခရီးမှာစကားများကြပြီး၊တစ်ယောက်က ကျန်သူငယ်ချင်းကိုပါးရိုက်လိုက်တယ်။

ပါးရိုတ်ခံရတဲ့သူငယ်ချင်းကအလွန်ဝမ်းနည်းသွားပေမဲ့ဘာစကားမှမပြောဘဲ   သဲထဲမှာ                                                                          ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကိုရိုက်တယ်လို့ရေးတယ်။


ခရီးဆက်ထွက်ရာက အိုအေစစ်လေးဆီကိုေ၇ာက်လာကြတယ်။ အဲ့ဒီမှာရေချိုးဖို့ဆုံးဖြတ်ပြီးရေဆင်းချိုးကြတယ်။ ပါးချခံရတဲ့သူငယ်ချင်းဟာ ရွှံ့နွံမှာနစ်ပြီးရေနစ်စပြုချိန်မှာသူငယ်ချင်းဖြစ်သူဝင်ကယ်လို့အသက်ချမ်းသာရာရသွားတယ်။


အသက်ဘေးမှလွတ်မြောက်သွားတဲ့သူလည်း ကျောက်ခဲတစ်ခုပေါ်မှာ ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကငါ့အသက်ကိုကယ်ခဲ့တယ်လို့ရေးတယ်။

ဒါကိုမြင်တော့ အသက်ကယ်တဲ့သူငယ်ချင်းကမေးတယ်။ ငါမင်းကိုပါးရိုက်တုံးက မင်းသဲပေါ်မှာရေးတယ်။ အခုမင်းရဲ့အသက်ကိုကယ်တော့ကျောက်ပေါ်မှာရေးတယ်။ ဘာဖြစ်လို့လဲ။


သူငယ်ချင်းကပြန်ဖြေတယ်။ တစ်ပါးသူကနာကျင်အောင်လုပ်ရင် သဲပေါ်မှာေ၇းရမယ်။ လေနဲ့တူတဲ့ ခွင့်လွှတ်ခြင်းက သဲပေါ်ကစာတွေကိုခြေဖျက်နိုင်တယ်။ တစ်ပါးသူက အကျိုးပြုခဲ့ရင် ကျောက်ပေါ်မှာရေးရမယ်။ ဘယ်လေကမှ ကျောက်ပေါ်ကစာတွေကိုမဖျက်နိုင်ဘူး။
 


မိမိရဲ့ နားကျည်းမှုတွေကို သဲပေါ်မှာရေးနိုင်အောင်နဲ့ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးတရားတွေကို ကျောက်သားပေါ်မှာရေးနိုင်အောင်ကျိုးစားကြပါ။

 သူတော်ကောင်းတွေ့ဖို့ တစ်မိနစ်ရှာရမယ်။ သူတို့ရဲ့တန်ဖိုးသိဖို့ တစ်နစ်ရီလိုအပ်မယ်။ သူတို့ကိုမေတ္တာထားဖို့ တစ်ရက်လိုအပ်မယ်။ ဒါပေမဲ့သူတို့ကိုမေ့ဖို့တော့ တစ်ဘ၀လုံးလိုအပ်မယ်။


တန်ဖိုးရှိရှိနေတတ်အောင်အချိန်ယူပါ။ ကိုယ့် ပိုင်ဆိုင်မှုတွေ အပေါ်မှာတန်ဖိုးမထားပါနဲ့။ ကိုယ်ရရှိတဲ့ သူတွေ ကိုတန်ဖိုးထားပါ။

ရွှေအိမ်စည်

Monday, 5 May 2014

KIA မှ ဖမ်းဆီးသော ဒေသခံရွာသူ၊ ရွာသား (၇)ဦးတွင် မူ/ပြဆရာမနှင့် ကျောင်းသားလေးများ ပါဝင်

KIA မှ ဖမ်းဆီးသော ဒေသခံရွာသူ၊ ရွာသား (၇)ဦးတွင် မူ/ပြဆရာမနှင့် ကျောင်းသားလေးများ ပါဝင်

မေလ ၅ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အူဗျစ်ကျေးရွာနေ ရွာသူ၊ ရွာသားများအား မေ(၃)ရက် ည ၁၀ နာရီခန့် တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခဲ့ရာ မူ/ပြဆရာမနှင့် ကျောင်းသား (၂)ဦးလည်း ပါသွားကြောင်း ယင်းဒေသခံများထံ သိရသည်။

“ည ဆယ်နာရီလောက် ရွာထဲကို ၀င်လာပြီး ဖမ်းသွားတာပဲလေ၊ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ၊ သူတို့က သေနတ်တွေ ကိုင်ထားတာလေ၊ ဒီနယ်မြေထဲမှာနေရင်တော့ သူတို့ လုပ်သမျှ ခံနေရမှာပဲ ”ဟု အူဗျစ်ရွာသား တစ်ဦးက ပြောသည်။

KIA မှ ဖမ်းဆီးသွားသော ရွာသူ/ရွာသား(၇)ဦးမှာ မဂျာခေါင်(၂၂)နှစ်(ဘ)ဦးနော်ဂျမ်း(မူ/ပြဆရာမ)၊ မောင်ခွပ်ဂျာ (၁၅)နှစ် (ဘ)ဦးလဒွန်(ကျောင်းသား)၊ မောင်တူးတူးခေါန် (၁၆)နှစ်(ဘ)ဦးထိန်နန်(ကျောင်းသား)၊ မောင်တူးရိန် (၂၀)နှစ်(ဘ)ဦးဇော်မိုင်၊ မောင်လဆိုင်း(၂၀)နှစ်(ဘ)ဦးဇော်နန်၊ မမေရီရွယ်ဆူ(၂၄)နှစ်(ဘ)ဦးဇော်ခေါင် (ကျဘမ်း)၊ မဆိုင်နူး(၂၁)နှစ်(ဘ) ဦးဂွန်ဂျယ်(ဈေးရောင်း)တို့ ဖြစ်ကြကြောင်း သိရသည်။

“ကျောင်းတွေက မကြာခင်ဖွင့်တော့မှာ၊ ဆရာမကို ဖမ်းသွားတော့ ရွာသူရွာသားတွေလည်း အတော်စိုးရိမ်နေကြ တယ်၊ ဒါ့ပြင် ကျောင်းသား(၂)ယောက်ကိုပါ ဖမ်းသွားတော့ ပိုဆိုးတာပေါ့၊ အခုဆိုရင် ကျောင်းသားတွေ အားလုံး မြစ်ကြီးနားမြို့ပေါ်ကို ပြောင်းပြီး ကျောင်းတက်ဖို့ လုပ်နေကြပြီ၊ အဖမ်းခံရတဲ့ ဆရာမနဲ့ ကျောင်းသား(၂)ယောက်ကို ပြန်လွှတ် ပေးဖို့ လိုက်ညှိနှိုင်းမှာပါ ” ဟု အူဗျစ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

အလားတူ မေလ(၃)ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်း ဒွန်ဂမ်ကျေးရွာနှင့် လုံဂါ ဇွပ်ကျေးရွာကြား၌ မြစ်ကြီးနားမြို့ အစိုးရရုံးမှ အပန်းဖြေထွက်လာသော ရုံးဝန်ထမ်းများအာ KIA မှ တားဆီးကာ ပြည်နယ်ထွေ/အုပ် အငယ်တန်းစာရေးနှင့် ဆိုင်ကယ်ကယ်ရီသမားတို့ကို ကြိုးတုပ်ဖမ်းဆီးသွား ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက “ အစိုးရ၀န်ထမ်းမှန်းသိရက်နဲ့ ဖမ်းတာဆိုရင်တော့ KIA ကို အလျှော့ ပေးလို့ မရတော့ဘူး၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ဟန်ပြသက်သက်ပါပဲ၊ နောက်ကွယ်မှာ သူတို့လုပ်ချင်သလိုလုပ်နေတာ၊ အငယ်တန်းစာရေး ဖြိုးဖြိုးကို ဖမ်းသွားတာ ရွာသားတွေ မြင်လိုက်တာပဲ၊ ဒါကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ကို လှမ်းပြောတော့ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ အခုလည်း မူ/ပြဆရာမနဲ့ ကျောင်းသားတွေကို ဖမ်းသွားပြန်ပြီ၊ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေဟာ နိုင်ငံတကာမှာ အကြမ်းဖက်လုပ်ရပ်လို့ပဲ သတ်မှတ်တာလေ၊ ရှင်းရှင်းပြောပြရင် KIA ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ပြောင်ပြောင် တင်းတင်း လုပ်နေတဲ့ သူပုန်အဖွဲ့ဆိုတာပါပဲ၊ သူတို့ကို ထိထိရောက် ရောက် အရေးယူအပြစ်ပေးသင့်တယ်လို့ မြင်တယ်၊ ပြည်သူတွေရဲ့ ဘ၀လုံခြုံမှု၊ အစိုးရ၀န်ထမ်းတွေရဲ့ လုံခြုံမှုကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေဲ့ တာဝန်မယူနိုင်ဘူးဆိုရင် တပ်မတော်ကို အကူအညီ တောင်းပြီး ကာကွယ်ပေးသင့်တာပေါ့ ” ဟု ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

ဓာတ်ပုံ - အင်တာနက်

Saturday, 3 May 2014

ရခိုင်ဒေသ ကလေးသူငယ်များ အတွက် UNICEF က ဒေါ်လာ ၁၂ သန်း သုံးစွဲမည်

ရခိုင်ဒေသ ကလေးသူငယ်များ အတွက် UNICEF က ဒေါ်လာ ၁၂ သန်း သုံးစွဲမည်

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရပ်ဆိုင်းနေသည့် ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၁၂ သန်း သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြုလုပ်သည့် UNICEF ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား သွားခြင်းဖြစ်ပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ် အတွင်း ၂ နှစ်တာ စီမံကိန်းဖြင့် အကောင်အထည် ဖော်မည်ဟုလည်း သိရသည်။

ရခိုင် ပြည်နယ် စစ်တွေအခြေစိုက် UNICEF အကြီးအကဲ Ms. Yosi Echeverry Burckhardt က “ရခိုင်ပြည်နယ်က ကလေး သူငယ် တွေရဲ့ ကျန်းမာရေးနဲ့ပညာရေး ကဏ္ဍတွေမှာ သုံးစွဲသွားမှာပါ၊ လက်ရှိမှာလည်း ရခိုင် ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အကူအညီပေးနေပါတယ်”ဟု ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုများ လျှော့ချလာပြီဖြစ်၍ ယခုဆောင်ရွက်မည့် ၂ နှစ်တာ စီမံကိန်းကို ရခိုင်ပြည်နယ် အတွင်းရှိ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ နှစ်ရှည် ပြည်နယ်စီမံကိန်း ရေးဆွဲထားသည်ဟု သိရသည်။

UNICEF ၏ မြန်မာနိုင်ငံ တာဝန်ခံ Mr.Rajen Kumar Sharma ကလည်း ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ရှိ ဒေသဆိုင်ရာ အာဏာ ပိုင်များကိုလည်း ကလေးသူငယ် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်သည့် စီမံကိန်း ရေးဆွဲရေး စွမ်းရည် မြင့်တက်လာစေရန် ကူညီပေးသွားမည်ဟု ဆိုသည်။

“မြို့နယ် အဆင့်၊ ပြည်နယ်အဆင့်မှာ ဘဏ္ဍာငွေနဲ့ ရေးဆွဲတာနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိတာမျိုးတွေ တွေ့ရပါတယ်။ ဒါမျိုးတွေ ကို ဖြည့်စွက်ပေးနိုင်ရင်တော့ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ယခု စီမံကိန်းတွင် အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှု အဖြစ် အရည်အသွေးမီသည့် အိုင်အိုဒင်း ပါသောဆား ထုတ်လုပ်ရန်အတွက် စံပြဆားကွင်း ဖော်ထုတ်ရေးကို ထောက်ပံ့ရန်၊ အတွေးအမြင် ပြောင်းလဲရေးသင်တန်းများ ပေးရန်လည်း ပါရှိသည်ဟု ဆိုသည်။

ထို့အပြင် မိသားစုအခြေပြု စောင့်ရှောက်မှု မြှင့်တင်ရေးနှင့် ကောင်းစွာ လုပ်ငန်းလည်ပတ်နိုင်သော ရောဂါ စီမံခန့်ခွဲရေးစနစ် ထူထောင်ရေး တို့ကို ထောက်ပံ့ရန် စီစဉ်ထားပြီး၊ ဥပဒေကြောင်းအရ ကလေးသူငယ်များကို ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့၊ တရား စီရင် ရေး စနစ်တို့ဖြင့် လက်တွဲဆောင်ရွက်ရန် စီမံကိန်း ရေဆွဲထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အပါအ၀င် ကလေးသူငယ်များအား စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ကာကွယ်ရေး လှုပ်ရှားမှုတခု ကို လည်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း UNICEF ထုတ်ပြန်ချက်များ၌ ပါရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လူအုပ်စုဖွဲ့၍ စစ်တွေမြို့၌ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်နှင့် NGO ရုံး တချို့ ဖျက်ဆီး ခံခဲ့ရသည်။

ထိုပဋိပက္ခများနှင့် ဆက်စပ်၍ နိုင်ငံတကာအဖွဲ့များ( INGOs, NGO ) ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလ နောက် ဆုံး ပတ်လောက်မှ ယင်းအဖွဲ့အစည်းများ လုပ်ငန်းပြန်လည် စတင်ခဲ့ရခြင်း ဖြစ်သည်။

Irrawaddy

Sunday, 27 April 2014

စာသင်ကျောင်းများတွင် ဓာတုဆိုးဆေးပါ အစားအသောက် ရောင်းချမှု ပိတ်ပင်ရန် ဆွေးနွေးမည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်တိုင်း အတွင်းရှိ အခြေခံ စာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ ရောင်းချနေမှုကို လာမည့် ကျောင်းဖွင့် ရာသီတွင် စီမံချက်ချမှတ်၍ ပိတ်ပင်ရန် အမတ်တစ်ဦး၏ အရေးဆိုမှုကြောင့် ဧပြီ ၃၀တွင် ပြုလုပ်မည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးတော့မည် ဖြစ်သည်။

အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုကို ထိရောက်စွာ ပိတ်ပင်ရန် အစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ဧပြီ ၂၅ ရက်က တိုင်းလွှတ်တော်တွင် အရေးဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ်ကလေးငယ်တွေ အနေနဲ့ အန္တရာယ်ရှိတဲ့ အစားသောက်တွေကို နေ့စဉ်စားသုံးနေကြပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များစိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချနေသည်ကို NGO အဖွဲ့အစည်းတစ်ခုထံမှ ဓာတ်ပုံများရရှိထား သော်လည်း လွှတ်တော်တွင် Power Point ဖြင့် ပြသခွင့်မရသဖြင့် အကျယ်တစ်ဝင့် မရှင်းပြတော့ဟု သူမက ဆိုသည်။

ဒီအစားအသောက်တွေက ကြည့်လိုက်လို့ရှိရင် ကလေးလေးတွေရဲ့ မျက်စိထဲမှာ တစ်ကယ့် လိုချင်တပ်မက်စရာ ပစ္စည်းတွေဖြစ်တဲ့အတွက် ကလေးတွေက ဝယ်စားကြပါတယ်”ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ယင်းအပြင် အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များကို စာသင်ကြားပေးသည့် ဆရာမများကိုယ်တိုင်ပင် ရောင်းချနေသည်ဟုလည်း ပြောဆိုလိုက်သေးသည်။

မင်းမင်း

Mizzima - News in Burmese


အလုပ်နဲ့ ပတ်သက်သော အသုံးနှုံးများ

အလုပ်နဲ့ ပတ်သက်သော အသုံးနှုံးများ
----------------------------------------
Look for - ရှာဖွေသည် ( ဒီနေရာမှာ အလုပ်ကိုပြောတာဖြစ်ပါတယ်)
Apply - လျှောက်သည်။
Submit - အဆိုပြုသည်၊ အဆိုတင်သွင်းသည်။
Resign / quit - အလုပ်မှထွက်သည်။
Retire - အလုပ်မှ အနားယူးသည်။
Interview - လူတွေ့ စစ်မေးခြင်း
Shortlist - ဆန်ခါတင်စာရင်း
Hire/Recruit - အလုပ်ခန့်သည်။
Train - လေ့ကျင့်ပေးသည်။
Place - နေရာချထားသည်။
Transfer - နေရာပြောင်းရွေ့သည်။
Promote - တိုးမြှင့်ပေးသည်။
Demote - ရာထူးအဆင့်လျှော့ချသည်။
Lay off - အလုပ်မှ အနားပေးလိုက်သည်။
Retrench - လျှော့ချခြင်း၊ ဖြတ်တောက်ခြင်း
Dismiss terminate - အလုပ်ရာထူးမှ ထုတ်ပယ်ပစ်သည်။


မောင်မောင်ဝမ်း

နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ

နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျများ
=======================
1. I say = ဟေ့လူ။
2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။
3. You see? = သိလား။
4. I do = သဘောတူပါတယ်။
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။

6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။
7. I’m up! = ကျွန်ုပ်အိပ်ယာနိုးပြီ။
8. I’m all ears = ကျွန်ုပ် နားထောင်နေပါတယ်။
9. I give up = ပန်းပေးတယ်/ အရှုံးပေးတယ်။
10. Search me! = ပန်းပေးတယ်/ ကျွန်ုပ်မသိပါ။
11. I quit = ကျွန်ုပ် နုတ်ထွက်တယ်။
12. I’m buying = ကျွန်တော်/မ ဒကာခံမယ်။
13. My treat = ကျွန်တော်/မ ကျွေးမယ်။
14. Your treat? = မင်းကျွေးမှာလား…။
15. How much do I owe you? = ဘယ်လောက်ကျပါသလဲ…။
16. That calls for celebrations! = မုန့်ကျွေးသင့်တယ်။
17. God bless you! = ဘုရားသခင်ကောင်းချီးပေးပါစေ။
(နှာချေရာ၌ အသုံးပြုသည်)
18. Good bless you = ကျေးဇူးကြီးပါပေတယ်။
19. Touch wood = တိုက်တိုက်ဆိုင်ဆိုင်စကားဆုံမိလျှင်
ဆုတောင်းခြင်း။
20. Knock on wood! = ကံကောင်းပါစေ…။
21. Cross my heart! = ဘုရားစူး။
22. Keep your fingers crossed! = အောင်မြင်ဖို့ဆုတောင်းနေကြ။၏
23. Swear upon the Bible! = ဘုရားပေးပေး ကျမ်းပေးပေး။
24. Swear to God = ဘုရားစူး။
25. Thank God! = တော်ပါသေးရဲ့။
26. Jeeze! = ဘုရားရေ။
27. Holy cow! = အမလေး။
28. Good Heavens! = အမလေး။
29. Ma…ma…mia… ! = အမလေး … လေး။
30. My…my ! = အမလေး … လေး။
31. Wish me luck! = ဆုတောင်းပေးပါ။
32. Let’s say grace = ဆုတောင်းကြစို့။
33. By the grace of God = ဘုရားကျေးဇူးတော်ကြောင့်။
34. God forbid! = ဖွ… လွဲစေဖယ်စေ။
35. Freeze! = မလှုပ်နဲ့။
36. Hold still = မလှုပ်နဲ့… ငြိမ်ငြိမ်နေ။
37. Hold sit! = ရပ်လိုက် / နေဦး။
38. Thumbs up! = အောင်ပြီဟေ့။
39. Come on ! = လာလေကွာ။
40. (Just) you dare ! = လုပ်ရဲလုပ်ကြည့်စမ်း။
41. Just you wait ! = မင်းသိမယ် / မင်းစောင့်နေပါ။
42. Just in case = လိုလိုမယ်မယ်။
43. Just as I thought = ငါထင်တဲ့အတိုင်းပဲ။
44. Shut up ! = ပါးစပ်ပိတ်။
45. Take that ! = ကဲကွာ။
46. Break it up ! = ရန်ဖြစ်တာ တော်ကြတော့။
47. Enough is enough = တော်တန်တိတ်..။ (တော်ပြီဆို တော်ပြီ)
48. A deal is a deal! = အပေးအယူလုပ်ပြီးသားက လုပ်ပြီးသားပဲ။
49. Deal ! = သဘောတူတယ်။
50. No kidding = နောက်နေတာမဟုတ်ဘူး။
51. No fooling you = နောက်နေတာမဟုတ်ဘူး။
52. Never say never again. = စကားအကုန်မပြောနဲ့။ (ဆိုခဲစေ မြဲစေ)
53. Never say die = ဘယ်တော့မှ အရှုံးမပေးနဲ့။
54. Never say lie = ဘယ်တော့မှ မုသားမပြောနဲ့။
55. It never rains but pours = ပြဿနာပေါင်း သောင်းခြောက်ထောင်
56. A watched pot never boils = စောင့်ကြည့်နေရင် ဘယ်တော့မှဖြစ်မလာဘူး။
57. Age before beauty = အသက်ကြီးသူကို ဦးစားပေးပါ။
58. Act your age ! = အရွယ်နဲ့လိုက်အောင်နေစမ်း။
59. Take it easy = ဖြည်းဖြည်းပေါ့။
60. Easy now = ဖြည်းဖြည်းပဲ၊ စိတ်အေးအေးထား။
61. Right away ! = အခုချက်ချင်း။
62. Make it snappy = မြန်မြန်လုပ်ကွာ။
63. Look alive ! = မြန်မြန်လုပ်။
64. Dead or alive ! = အသေရရ၊ အရှင်ရရ။
65. Alive and kicking = သက်ရှင်လှုပ်ရှားဆဲပဲ။
66. Let's rock n' roll = လှုပ်ရှားလိုက်ကြစို့။
67. Show time ! = လှုပ်ရှားလိုက်ကြစို့။
68. Believe it or not ! = ယုံချင်ယုံ မယုံချင်နေ။
69. Take my word = ကျွန်တော်ပြောတာယုံပါ။
70. Too good to be true = ယုံတောင် မယုံရဘူး။
72. Have a nice day = ပျော်ရွှင်သောနေ့ ဖြစ်ပါစေ။
72. Keep the faith = ယုံကြည်စမ်းပါ။
73. Go for it ! = လုပ်ထားကွ။
74. The show must go on = လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။
75. It goes without saying = အထူးပြောစရာ မလိုပါဘူး။
76. Going... gone... gone = သွားတော့မယ်… သွားတော့မယ်… သွားပြီ။
77. Go! Go! Go! Go! = လုပ်ကြ… လုပ်ကြ။
78. Go... go ! = လုပ်ထားကွ။
79. Out you go ! = ထွက်သွား.. ထွက်ထွက်…။
80. One down, two to go = တစ်ယောက်ကျရင် နှစ်ယောက်တက်မယ်။
81. Let bygones be bygones = ပြီးခဲ့တာတွေလည်း ပြီးပါစေတော့
82. It'll go down in history = သမိုင်းတွင်ကျန်ရစ်မယ်။
83. Let go ! = လွှတ်စမ်း၊ လွှတ်လိုက်။
84. Duty calls ! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်။
85. Nature calls ! = အိမ်သာသွားလိုက်ဦးမယ်။
86. Where can I wash my hands? = အိမ်သာလေး ခဏတက်ချင်တယ်။
87. Where can I powder my nose? = အိမ်သာလေး ခဏတက်ချင်တယ်။ (အမျိုးသမီးများအတွက်သာ)
88. Got to do what you go to do = အန္တရာယ် မလွယ်ကောင်းဘူး။
89. Near miss ! = ကပ်လွဲသွားတယ်ကွာ။
90. Bull's=eye = ပစ်မှတ်ထိတယ်။
91. Far from it ! = တခြားစီပဲ။
92. Far out ! = မိုက်တယ်ကွာ။
93. Head or tail? = ခေါင်းလား၊ ပန်းလား။
94. Head you win tail you lose = ခေါင်းဆိုမင်းနိုင်၊ ပန်းဆိုမင်းရှုံး။
95. Money makes everything = ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်။
96. You look like shit! = မင်းပုံက စုတ်ပြတ်နေတာပဲ။
97. Give me a break = အေးအေးဆေးဆေးနေပါရစေဦး..။ (လာမနှောင့်ယှက်ပါနဲ့)
98. That's great ! = သိပ်ကောင်းတာပေါ့ကွာ။
99. ..... man = … ကွာ။
100. ... the hell... ? = … ကွ။

(မည်သျူမဆိုမျှဝေယူနိုင်သည်Shwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)
— with လင်း သက် and 16 others.

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform