
Friday, 10 July 2015
Saturday, 17 May 2014
သတိယကြောင်း(တာရာမင်းဝေ)
သတိရကြောင်း
မှော်ဆရာရေ…
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ် ၊၊
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ် ၊၊
သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းပေးစရာမလို
`ကြယ်ကို ကြယ်နဲ့ ရံမတဲ့ `
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲကည
အားလုံးကို သူ အပိုင်ရတယ် ၊၊
ပထမတော့….
လ ကို ခိုစီး
ကောင်းကင်ကြီးနဲ့တွဲက
စက္ကူဂီတာတစ်လက်ပိုက်ပြီး
ပျော်လိုက်ရတာ ….၊၊
နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲခုန်ချ
သူ….ဘယ်ဆီကျသွားပါသလဲ…၊၊
ကဲ….မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…..သူ့ကို သတိရကြောင်း
ပြောပြပေးပါ……၊၊ ၊၊
——————————————————————————————————
တာရာမင်းဝေ
မှော်ဆရာရေ…
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ် ၊၊
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ် ၊၊
သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းပေးစရာမလို
`ကြယ်ကို ကြယ်နဲ့ ရံမတဲ့ `
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲကည
အားလုံးကို သူ အပိုင်ရတယ် ၊၊
ပထမတော့….
လ ကို ခိုစီး
ကောင်းကင်ကြီးနဲ့တွဲက
စက္ကူဂီတာတစ်လက်ပိုက်ပြီး
ပျော်လိုက်ရတာ ….၊၊
နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲခုန်ချ
သူ….ဘယ်ဆီကျသွားပါသလဲ…၊၊
ကဲ….မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…..သူ့ကို သတိရကြောင်း
ပြောပြပေးပါ……၊၊ ၊၊
——————————————————————————————————
တာရာမင်းဝေ

တာရာမင်းဝေ ( အရှေ့မြို့ရိုးမှ မိုးရေစက်များ……)
ငါ့ကိုတော့ ခွင့်တောင်းသင့်ပါတယ်
ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာအသက်ရှူနေတာလဲ……။
မင်းကသာ ဟိုဘက်က အပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲပါ့မလား……။
ငါက…
တွေ့နေကျ မြင်နေကျ ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ကောင်မျိုး……။
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်……။
ငါက …… သာမညလူ
ငါက …… ယေဘုယျလူ
ဆပ်ပြာပူဖေါင်းလို
အရေခွံတစ်ထပ်ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာမဟုတ်တဲ့လူ……။
ဘယ်သူကမှ မသိဘူးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကိုသိတာပေါ့ကွယ်……။
တာရာမင်းဝေ ( အရှေ့မြို့ရိုးမှ မိုးရေစက်များ……)
— with Shwe Arlu and Shwe Eaim Si.ငါ့နှာခေါင်းပေါ်တက်ပြီး
ဘယ်သူလာအသက်ရှူနေတာလဲ……။
မင်းကသာ ဟိုဘက်က အပ်နဲ့မမှုတ်ဘူးဆိုရင်
မင်းလက်ထဲကပြောင်းကို
ဒီဘက်က ငါချောင်းကြည့်ရဲပါ့မလား……။
ငါက…
တွေ့နေကျ မြင်နေကျ ရိုးရိုးလူမျိုးပေါ့
ပန်းနဲ့ပဲဖြစ်ဖြစ် ကောက်ရိုးနဲ့ပဲဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ကောင်မျိုး……။
ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ်……။
ငါက …… သာမညလူ
ငါက …… ယေဘုယျလူ
ဆပ်ပြာပူဖေါင်းလို
အရေခွံတစ်ထပ်ခွာလိုက်ရင်ပဲ
အထဲမှာ ဘာမှကျန်မှာမဟုတ်တဲ့လူ……။
ဘယ်သူကမှ မသိဘူးဆိုရင်တောင်
ငါ့ကိုယ်ငါတော့ သိတာပေါ့
သိပ်ကိုသိတာပေါ့ကွယ်……။
တာရာမင်းဝေ ( အရှေ့မြို့ရိုးမှ မိုးရေစက်များ……)

Subscribe to:
Posts (Atom)