စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 24 February 2014

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း
===============
မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း ကိုတော့ နှောင်းလူများ လေ့လာ သိရှိနိုင်ရန် ဗဟုသုတအဖြစ် တင် ပြလိုက်ပါသည်။

မြန်မာ့မြေလွှာ

၁။ မြန်မာ့မြေလွှာသည် ကမ္ဘာ့မြေလွှာများနှင့်အတူ လွန် ခဲ့သော နှစ်သန်း ၆၀၀ ခန့်မှစ၍ ဖြစ်တည်ခဲ့သည်ဟု ဘူမိဗေဒ ပညာရှင်များက အသိအမှတ်ပြု သည်။ သမိုင်းမတင်မီလွန်ခဲ့သော နှစ်သန်း ၄၀ ခန့်မှစ၍ မြန်မာ့ မြေလွှာတွင် လူသားများနေထိုင်ခဲ့ ကြကြောင်းလည်း တွေ့ရှိသော ရုပ်ကြွင်းအထောက်အထားများ အရ ဘူမိဗေဒပညာရှင်များ၊ မနု ဿဗေဒပညာရှင်များက အတည် ပြုကြသည်။

မြို့ပြနိုင်ငံများ

၂။ အေဒီ ၁ရာစုမှစ၍ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြို့ပြ နိုင်ငံများဖြင့် စနစ်တကျ ဖွဲ့စည်း နေထိုင်ခဲ့ကြကြောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘုမ်္မိ၊ ဝေသာလီ (ရခိုင်)မြို့ပြနိုင်ငံများက စကား မပြောသောသက်သေများအဖြစ် အခိုင်အမာပြဆိုလျက်ရှိသည်။
မြန်မာပဒေသရာဇ်ခေတ်ကြီးများ
၃။ မြန်မာပဒေသရာဇ်၏ ခေတ်ကြီးများ ပုဂံ၊ ပင်းယ၊ စစ် ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင်ခေတ်ဟူ၍ အကြမ်းမျဉ်း ၇ ခေတ်ခွဲထား သည်။
ပုဂံခေတ် (အေဒီ ၅၆၁ မှ အေဒီ ၁၃၆၈ ထိ
၎။ သမုတိရာဇ်မင်းမှ သည် စောမွန်နစ်ထိ မင်းဆက် ၅၅ ဆက်ရှိခဲ့သည်။ အနော်ရထာ မင်းကြီး(အေဒီ ၁၀၄၄-၁၀၇၇) သည် ၄၂ ဆက်မြောက်ပုဂံမင်း ဆက်ဖြစ်ပြီး ပထမမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည်။ ၎င်း၏ ပထမမြန်မာနိုင်ငံတော် ကြီးသည် ၅၅ ဆက်မြောက် ပုဂံ မင်းဆက်ဖြစ်သော စောမွန်နစ် (အေဒီ ၁၃၂၅-၁၃၆၈)တွင် ပျက် သုဉ်းခဲ့သည်။
ပင်းယခေတ်(အေဒီ ၁၃၀၉ မှ ၁၃၆၄ ထိ)
၅။ သီဟသူ (အေဒီ ၁၃၀၉-၁၃၂၅)မှ ဥဇနာပြောင် (အေဒီ ၁၃၅၉-၁၃၆၄)ထိ မင်းဆက် ၆ ဆက်ရှိခဲ့သည်။ ၎င်းနှင့် ထီးပြိုင် နန်းပြိုင် စစ်ကိုင်းမင်းဆက်ရှိခဲ့ သည်။ စစ်ကိုင်းတွင် အသင်္ခယာ စောယွန်း (အေဒီ ၁၃၁၅-၁၃၂၃) မှ သီဟပတေ့ (အေဒီ ၁၃၅၂-၁၃၆၄)ထိ မင်းဆက် ၇ ဆက် ရှိခဲ့သည်။
အင်းဝခေတ် (အေဒီ ၁၃၆၄-၁၃၆၇)
၆။ သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၇)မှ ငါးဆူဒါယကာ ၏ သား မင်းရဲကျော်စွာ (အေဒီ ၁၅၈၆-၁၅၉၃)ထိ မင်းဆက် ၂၀ ရှိခဲ့သည်။
တောင်ငူခေတ်(အေဒီ ၁၄၈၅-၁၆၀၀)
၇။ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀)မှ ငါးဆူဒါယကာ နန်္ဒဘုရင်(အေဒီ ၁၅၈၁ မှ ၁၆၀၀) ထိ မင်းဆက် ၄ ဆက် ရှိခဲ့ပြီး ဟံသာဝတီဆင်ဖြူရှင် ဘုရင့် နောင် (အေဒီ ၁၅၅၀-၁၅၈၁) သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးကို ထူထောင်နိုင်ခဲ့သည်။
ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂-၁၈၈၅)
၈။ တတိယမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ (အေဒီ ၁၇၅၂-၁၇၆၀) မှသည် သီပေါမင်း (အေဒီ ၁၈၇၈ မှ ၁၈၈၅)ထိ ကုန်းဘောင် မင်းဆက် (၁၁)ဆက်ရှိခဲ့သည်။ နောက်ဆုံးမင်းဆက်ဖြစ်သဖြင့် မင်းဆက်(၁၁)ဆက်မှာ-
(က) အလောင်းဘုရား ၁၇၅၂-၁၇၆၀
(ခ) နောင်တော်ကြီး ၁၇၆၀-၁၇၆၃
(ဂ) ဆင်ဖြူရှင် ၁၇၆၃-၁၇၇၆
(ဃ) စဥ့်ကူးမင်း ၁၇၇၆-၁၇၈၂
(င) ဖောင်ကားစားမောင်မောင် ၁၇၈၂-၁၇၈၂ (၇)ရက်
(စ) ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉
(ဆ) ဘကြီးတော် ၁၈၁၉-၁၈၃၇
(ဇ) သာယာဝတီမင်း ၁၈၃၇-၁၈၅၂
(ဈ) ပုဂံမင်း ၁၈၅၂-၁၈၅၃
(ည) မင်းတုန်းမင်း ၁၈၅၃-၁၈၇၈
(ဋ) သီပေါမင်း ၁၈၇၈-၁၈၈၅ ထိဖြစ်သည်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက် အောက်ရောက်ခြင်း
၉။ အင်္ဂလိပ်တို့သည် မြန်မာ နိုင်ငံအား အေဒီ ၁၈၂၄၊ ၁၈၅၂ နှင့် အေဒီ ၁၈၈၅ တို့တွင် စစ်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ၁-၁-၁၈၈၆ တွင် မြန်မာတစ်နိုင်ငံလုံး ကို သိမ်းပိုက်ခဲ့သည်။ ကျွန်ဘ၀ရောက်သည်။
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ် အချို့
၁၀။ ၁၉၀၆ တွင် ၀ိုင်အမ် ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဖွဲ့ပြီး လွတ်လပ်ရေးရရှိရေး စတင်ဆောင်ရွက်ခဲ့သည်။
၁၁။ ၁၉၁၉ တွင် မြန်မာ အမျိုးသမီးကုမ္မာရီအသင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
၁၂။ ၁၉၂၀ တွင် ၀ိုင်အမ် ဘီအေမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး ဂျီစီဘီအေဖွဲ့သည်။ ပထမ ကျောင်းသားသပိတ်မှောက် ခဲ့သည်။
၁၃။ ၁၉၃၀ တွင် တို့ဗမာ အစည်းအရုံးထူထောင် သည်။ ထိုနှစ်တွင် ဆရာစံ ဦးဆောင်သော တောင်သူ လယ်သမား အရေးတော်ပုံ ဖြစ်ပွားသည်။
၁၄။ ၁၉၂၃-၃၇ အင်္ဂလိပ် က မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် သည်။
၁၅။ ၁-၄-၃၇ မှ ၁၀-၁၂-၁၉၄၂ ထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးစနစ်ကျင့်သုံး သည်။
၁၆။ ၈-၁-၁၉၃၈ (၁၃၀၀ ပြည့်အရေးတော်ပုံ)ချောက် ရေနံမြေသပိတ်စတင် သည်။
၁၇။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက် ဘီအိုင်အေဖွဲ့သည်။
၁၈။ ၁၉၄၅ မတ်လ ၂၇ ရက်တွင်ဂျပန်ကို တော် လှန်သည်။
၁၉။ ၁၉၄၇ ဆိုရန်တိုဗီလာ ပြန်လည်ထူထောင်ရေးစီမံ ကိန်းချမှတ်သည်။
၂၀။ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် အခြားသော ပြည်နယ်ခေါင်းဆောင်များ ညီညွတ်မှုရယူကာ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်မှုကို အခိုင်အမာ ရယူနိုင်ခဲ့သဖြင့် “ပြည် ထောင်စုနေ့”အဖြစ် ပေါ် ပေါက်ခဲ့ရသည်။
၂၁။ ၄-၁-၁၉၄၈ တွင် မြန်မာ နိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်လာသည်။

မြန်မာ့သမိုင်း
ရွှေအိမ်စည်စာကြည့်တိုက်
https://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?hc_location=timeline
— with Shwe Arlu and Shwe Eaim Si.
Photo: မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း

https://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%9E%E1%80%8A%E1%80%B9/511509612202059?hc_location=timeline

လင်ကွန်းဧ။် ' မ ' ဆယ်လုံး

လင်ကွန်းဧ။် ' မ ' ဆယ်လုံး
===============
၁။ ချွေတာစုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။

၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။

၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။

၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။

၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။

၆။ ၀င်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။

၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။

၉။ လူသားဧ။် လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို
မတည်ဆောက်နိုင်ပါ ။

၉။ လူတို.အနေဖြင့် သူတို.ကိုယ်တိုင်လုပ်နိုင်သော ကိစ္စ၊ သူတို.အတွက် သူတို.ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို
လုပ်ပေးနေခြင်းအားဖြင့် သင်သည် လူများအား ထာဝရ မကူညီနိုင်ပါ ။

၁၀။ လူတန်းစားမုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓါတ်မျိုး တိုးတက်မလာနိုင်ပါ ။

ရွှေအိမ်စည်

အတူတူမအိပ်သင့်တဲ့ အရာ၅မျိုး

အတူတူမအိပ်သင့်တဲ့ အရာ၅မျိုး

မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကို ဧဒင်ဥယျာဉ်ငြိမ်းချမ်းဆီ ကဖတ်ပြိးမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်

၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....တဲ့ 

ခင်မင်လေးစားသော
ရွှေအိမ်စည်

ချင်းအမျိုးသားနေ

မင်္ဂလာပါ.....

တိုင်းရင်းသွေးချင်း ချင်းခေါ် ဇိုးမီး တို့ ရဲ့ နှစ်ပေါင်း၂၀ကျော် မကျင်းပဖြစ်ခဲ့ ရတဲ့ ချင်းအမျိုးသားနေ့ ကို ယနေ့  ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ မှစ.....မြန်မာပြည် တည်တံ ခိုင်မြဲနေသမျှထာဝရကျင်းပနိုင်ပါစေ
ချင်းပြည်နယ်တိုးတက်ဖွံ့ ဖြိုးပါစေ
သွေးချင်းတို ပိုမိုချစ်ခင်ပါစေကြောင်း

ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို
တိုင်းရင်းသားမိတ်ဆွေ သူငယ်ချင်းတို့ကြည့်ပြီး ပျော်နေမလား...
. မေးလ်ဘောက်စ် ပြည့်သွားတာ
ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား... ဘာတွေ
လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား....

သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်
မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ
တိုင်းရင်းသားသူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ်မေတ္တာနဲ့ ဂုဏ်ပြုဆုမွန်တောင်းလိုက်ပါတယ်

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

(( ပထမတော့ သီးချင်းလေးနဲ့ ...ချင်းပြည်နယ်ကို အလည်တစ်ခေါက်လာခဲ့ ဖို့ ဖိတ်ခေါ်မလို့ ပါဘဲ...ကျနော်သီးချင်းမရလို့ ......))
ချစ်သော အန်တီ နဲ့ ဘဲဖိတ်ခေါ်လိုက်ပါတယ်..

သီးချင်းလေးမိတ်ဆွေတစ်ယောက်ပေးလာလို့ ...ထပ်ဖြည့်တယ်နော်...
သူငယ်ချင်း............ လိုက်ခဲ့စမ်းပါ တို့များချင်းဓလေ့ရိုးရာ မြင်စေချင်စမ်းတယ်.. တောင်ပေါ်ခေါင်ရည်ချိုမြမြ တချိုင့်လောက်သောက်ရင် အမောပြေ ဒါဟာလည်း .. ချင်းပြည်ရဲ့ အလှတစ်ခုပါ...။
— with Myo Min Latt and 3 others.

ကိုယ့်ကိုကိုယ် အရင်ပြင်♥

ကိုယ့်ကိုကိုယ် အရင်ပြင်♥
▬▬▬▬▬▬▬▬▬▬
တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။

"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး
ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့"
လို့ပြောလိုက်တယ်။

အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုယ်ကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့..နော်...
..ဖတ်ဖူးတာလေးပါ။

ရွှေအိမ်စည်
http://www.facebook.com/shweaeimsi
— with Myo Min Latt and 2 others.

သဲ နဲ့ ကျောက်

    သဲ နဲ့ ကျောက်ဆောင်

သူငယ်ချင်းနှစ်ယောက် သဲကန္တာရမှာခရီးသွားကြတယ်။

လမ်းခရီးမှာစကားများကြပြီး၊တစ်ယောက်က ကျန်သူငယ်ချင်းကိုပါးရိုက်လိုက်တယ်။

ပါးရိုတ်ခံရတဲ့သူငယ်ချင်းကအလွန်ဝမ်းနည်းသွားပေမဲ့ဘာစကားမှမပြောဘဲ   သဲထဲမှာ                                                                          ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကိုရိုက်တယ်လို့ရေးတယ်။

ခရီးဆက်ထွက်ရာက အိုအေစစ်လေးဆီကိုေ၇ာက်လာကြတယ်။ အဲ့ဒီမှာရေချိုးဖို့ဆုံးဖြတ်ပြီးရေဆင်းချိုးကြတယ်။ ပါးချခံရတဲ့သူငယ်ချင်းဟာ ရွှံ့နွံမှာနစ်ပြီးရေနစ်စပြုချိန်မှာသူငယ်ချင်းဖြစ်သူဝင်ကယ်လို့အသက်ချမ်းသာရာရသွားတယ်။

အသက်ဘေးမှလွတ်မြောက်သွားတဲ့သူလည်း ကျောက်ခဲတစ်ခုပေါ်မှာ ဒီနေ့ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကငါ့အသက်ကိုကယ်ခဲ့တယ်လို့ရေးတယ်။

ဒါကိုမြင်တော့ အသက်ကယ်တဲ့သူငယ်ချင်းကမေးတယ်။ ငါမင်းကိုပါးရိုက်တုံးက မင်းသဲပေါ်မှာရေးတယ်။ အခုမင်းရဲ့အသက်ကိုကယ်တော့ကျောက်ပေါ်မှာရေးတယ်။ ဘာဖြစ်လို့လဲ။

သူငယ်ချင်းကပြန်ဖြေတယ်။ တစ်ပါးသူကနာကျင်အောင်လုပ်ရင် သဲပေါ်မှာေ၇းရမယ်။ လေနဲ့တူတဲ့ ခွင့်လွှတ်ခြင်းက သဲပေါ်ကစာတွေကိုခြေဖျက်နိုင်တယ်။ တစ်ပါးသူက အကျိုးပြုခဲ့ရင် ကျောက်ပေါ်မှာရေးရမယ်။ ဘယ်လေကမှ ကျောက်ပေါ်ကစာတွေကိုမဖျက်နိုင်ဘူး။

မိမိရဲ့ နားကျည်းမှုတွေကို သဲပေါ်မှာရေးနိုင်အောင်နဲ့ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးတရားတွေကို ကျောက်သားပေါ်မှာရေးနိုင်အောင်ကျိုးစားကြပါ။

 သူတော်ကောင်းတွေ့ဖို့ တစ်မိနစ်ရှာရမယ်။ သူတို့ရဲ့တန်ဖိုးသိဖို့ တစ်နစ်ရီလိုအပ်မယ်။ သူတို့ကိုမေတ္တာထားဖို့ တစ်ရက်လိုအပ်မယ်။ ဒါပေမဲ့သူတို့ကိုမေ့ဖို့တော့ တစ်ဘ၀လုံးလိုအပ်မယ်။

တန်ဖိုးရှိရှိနေတတ်အောင်အချိန်ယူပါ။ ကိုယ့် ပိုင်ဆိုင်မှုတွေ အပေါ်မှာတန်ဖိုးမထားပါနဲ့။ ကိုယ်ရရှိတဲ့ သူတွေ ကိုတန်ဖိုးထားပါ။

ရွှေအိမ်စည်

ဘာဘဲလုပ်လုပ်..သတိလေးနဲ့ လုပ်ပါ။

ဘာဘဲလုပ်လုပ်..သတိလေးနဲ့ လုပ်ပါ။
===================
စစ်မှန်တဲ့ အောင်မြင်မှုဟာ အလိုလိုဖြစ်မလာပါဘူး၊ သေသေချာချာ စီစဉ်ပြီး ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်တာကို နှစ်ပေါင်းများစွာ ရေရှည်လုပ်လာမှ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ ဖြစ်လာမယ်။

ကံကောင်းလို့ေ အာင်မြင်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ပစ္စုပ္ပန်မှာ လုပ်သင့်တာတွေကို ဥာဏ်ပါပါ ၀ီရိယကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ ရေရှည်မလုပ်ဘဲ အတိတ်ကံ တစ်ခုတည်းနဲ့ တကယ့်အောင်မြင်မှုကို မရနိုင်ပါဘူး။

ကိုယ်ရှေ့က လုပ်သွားတဲ့သူတွေ့ရဲ့ ကောင်းမွေဆိုးမွေကို ကိုယ်ခံရတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ ကောင်းမွေဆိုးမွေတွေလည်း ကိုယ့်သားစဉ်မြေးဆက် ခံကြရမယ်။

ဒါကြောင့်ကိုယ်လုပ်တွဲံ အလုပ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကိုယ်တယောက်တည်း ခံစားရတာ မဟုတ်ဘူး ဆိုတဲ့ အသိစိတ်နဲ့ တာဝန်သိသိ လုပ်သင့်တယ်။

ရွှေအိမ်စည်https://www.facebook.com/shweaeimsi

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သောအားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်

မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။

သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း

စိုးရိမ်နေသည်။

သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်

ကသိကအောက်နှင့် မသက်သာ။

ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။

ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍
ငွေပြန်မရမချင်း သင်မပျော်တော့။

ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ

ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို

ပြန်လည်ဖောက်သည်ချချင်ပါသည်။

တနေ့တွင် မိတ်ဆွေတယောက်အား

စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို

အောက်ပါအတိုင်း ကြားခဲ့ရပါသည်။
“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ 
တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”
ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ
တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ
သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။

အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။

မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။

လူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ဝန်လေးကြသည်။

မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊

ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။

မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။

ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏

ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။

တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို

မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။

မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍

အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို

ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။

သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။

သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊

မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို

အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။

သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း

လွှတ်ပေးခြင်း မပြုရ။

တာဝန်နှင့်အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု
မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို

မျက်နှာအောက်ချ၍ ခံနေပေမည်။

သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို

သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။

သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်

လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ

ငြိမ်ခံနေမည်။

သင်သည် သာသနာရေးအတွက်

အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်

စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…

..........................စသည့် စသည့် နည်းမမှန်သော

အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော

အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊

စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော

အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်

နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက

ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ

မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့

ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို
မျှော်တွေးကာ နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု
ဖတ်ဖူးသမျှစာထဲမှမှတ်မိသမျှကောက်နှုတ်ရေးသားလိုက်ပါသည်။

ခင်မင်မှုများစွာဖြင့်

ရွှေအိမ်စည်...https://www.facebook.com/shweaeimsi
— with ကို မင်း မင်း and 7 others.

သံဝေဂရှစ်ပါး မြန်မာဆောင်ပုဒ်များ

သံဝေဂရှစ်ပါး မြန်မာဆောင်ပုဒ်များ
==================
၁။ နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏တကား။
၂။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား။ ယိုယွင်းနောက်ဆုံး ရှိချေ၏တကား။
၃။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏တကား။
၎။ ၀ိညာဉ်ထင်လင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံး ရှိချေ၏တကား။
၅။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏တကား။
၆။ ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။
၇။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။
၈။ ကြည်သာရွှင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။

( ရှေးဆရာတော်များ)

မမေ့ပါနဲ့ 

မမေ့ ပါနဲ့ ....။
▬▬▬▬▬
ဘ၀ရဲ့လောင်ပြောင်မှုတွေနဲ့ ရုန်းကန်နေရတဲ့အချိန်တိုင်းမှာ စိတ်ပိုင်းဆိုင်ရာတွေဟာ ညှိုးနွမ်းမှုတွေ၊ ပင်ပမ်းနွမ်းနွယ်မှုတွေ။မကျေနပ်
စိတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုပြန်မေးသင့်တာက ငါဘာဖြစ်ချင်တာလဲ၊ငါဘာလုပ်နေတာလဲ။ဆိုတဲ့မေးခွန်းလေးတွေနဲ့ ပြန်မေးရပါတယ်။ တခုလိုချင်ရင် တခုပြန်ပေးရတဲ့ လောကကြီးမှာ ဘာတခုမှအလကားမရဘူးဆိုတာကို အောင်မြင်မှုကို ငတ်မွတ်နေတဲ့ လူတိုင်းမှာ နှစ်လုံးသွင်းနိုင်မယ်ဆိုရင် ဘယ်က ရလာမှန်းမသိတဲ့ ခွန်အားတွေအလိုလိုပြည့်လာတတ်ပါတယ်။

တခုသတိထားရမှာက ဘ၀ရဲ့အောင်မြင်မှုတွေကို ရုန်းကန်နေတဲ့အချိန်မှာ စိတ်ဓာတ် နဲ့ခွန်အားဟာ အကြီးဆုံး အရင်းအမြစ်တွေဖြစ်တယ်ဆိုတာမမေ့ဖို့လိုပါတယ်။စိတ်ဓာတ်တကယ်ကောင်းရင် ကို့အလုပ်ဟာလဲတကယ်ကို သန့်စင်တဲ့အောင်မြင်မှု ရမယ်။ရေရှည်တန်တည့်နေမယ်။ စိတ်ဓာတ်တွေသန့်စင်နေဖို့ကြတော့ အများကြီးလိုတာပေါ့နော်။ ကျနော်တို့သိတာတွေကော မသိသေးတာတွေကော အမှန်တကယ် သိဖို့လိုအပ်တာတွေကောပေါ့။ကိုယ်လုပ်ခဲ့တဲ့အလုပ်တိုင်းဟာ ရေရှည်တည်တန့်နေဖို့လိုတယ်။

ကိုယ်တိုင်လဲမလုပ်ဘူး လုပ်နိုင်အောင်လဲမကျိုးစားပဲ သူများတွေလုပ်ပြီးသားအလုပ်တွေကို ခိုးကူးနေမယ်။ ပြိးရင်ကိုယ်တိုင်ဖန်တီးသလိုလိုနဲ့ ဟန်ဆောင်မယ်ဆိုရင် ရေရှည်တည်တန့်ဖို့တော့ခက်ပါလိမ့်မယ်။

အခုဆိုရင် ဟန်ဆောင်သမားတွေဟာလဲ ဆက်ပြီးဟန်ဆောင်ဖို့ခက်ခဲလာခဲ့ပါပြီ ဘာကြောင့်ဆိုရင် လူတိုင်းကွန်ပြူတာအင်တာနက် သုံးစွဲလာနိုင်လို့ပါ။ လူတိုင်းစာတွေကိုဖတ်ခွင့်ရနေလို့ပါ။ ဒီလိုအချိန်မှာ ကိုယ်ပိုင်အတွေးအခေါ်လေးနဲ့ ကိုယ်ပိုင်လုပ်ဟန်လေးတွေကိုမှ မတည်ဆောက်နိုင်ဘူးဆိုရင်တော့ တချိန်မှာ မထင်မခြားနဲ့ ပျောက်ကွယ်ပြီး ကိုယ်လိုချင်တဲ့အောင်မြင်မှုဟာလဲ ကိုယ်ပိုင်မဟုတ်လို့ရေရှည်ဖို့တော့မလွယ်လှပါဘူး။

လူတိုင်းကိုယ်ပိုင်ဟန်လေးနဲ့တင့်တယ်ကြပါစေ။
အောင်မြင်မှုတည်တန့်ပါစေ။

ချစ်ခင်လေးစားသော
ရွှေအိမ်စည်https://www.facebook.com/shweaeimsi
— with Shwe Arlu and Shwe Eaim Si.

ပန်းသီးစေ့တွေရဲ့ အန္တရာယ်။

ပန်းသီးစေ့တွေရဲ့ အန္တရာယ်။

တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား
အတွက်မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ

cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ

စားမိရင်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင်

အစေ့တွေထုတ်ပြစ်ဖို့လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့

လိုပါလိမ့်မယ်။

ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ခလေးကိုပန်းသီးကျွေးရာ ခလေး

သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့

အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို

ဘလောက်တစ်ခုမှာဖတ်လိုက်ရပါတယ်။ အဲ့ဒီဘလောက်ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမ

အထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။

ပန်းသီးအပြင် ချယ်ရီသီး၊မက်မွန်သီး၊သစ်တော်သီး၊မက်မန်း၊တရုပ်ဆီးသီးစေ့များမှာလည်း
cyanogenic glycosides အဆိပ် ပါရှိပါတယ်။

ကျမ်းကိုး။
http://chemistry.about.com/b/2007/09/12/yes-apple-seeds-and-cherry-pits-are-poisonous.htm
ရွှေအိမ်စည်စာကြည့်တိုက်https://www.facebook.com/shweaeimsi
Photo: ပန်းသီးစေ့တွေရဲ့ အန္တရာယ်။

 တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့မလိုဘူးဆိုတာ ပန်းသီးအသား
အတွက်မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ
 
cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။ လုံလောက်တဲ့ ပန်းသီးစေ့တွေ
 
စားမိရင်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကိုပန်းသီးကျွေး မယ်ဆိုရင်
 
အစေ့တွေထုတ်ပြစ်ဖို့လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့
 
လိုပါလိမ့်မယ်။
 
         ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ခလေးကိုပန်းသီးကျွေးရာ ခလေး
 
သေဆုံးသွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့
 
အတွက် သနပ်ခါးနဲ့ ပန်းသီးတွဲစားကြည့်ရာ ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲ ဖွယ်သတင်းတစ်ခုကို
 
ဘလောက်တစ်ခုမှာဖတ်လိုက်ရပါတယ်။ အဲ့ဒီဘလောက်ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမ
 
အထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။

            ပန်းသီးအပြင် ချယ်ရီသီး၊မက်မွန်သီး၊သစ်တော်သီး၊မက်မန်း၊တရုပ်ဆီးသီးစေ့များမှာလည်း
cyanogenic glycosides အဆိပ် ပါရှိပါတယ်။
 
ကျမ်းကိုး။
http://chemistry.about.com/b/2007/09/12/yes-apple-seeds-and-cherry-pits-are-poisonous.htmဒေါ်စိုး
ရွှေအိမ်စည်စာကြည့်တိုက်https://www.facebook.com/shweaeimsi

စကားလိမ်။

စကားလိမ်။

စကားလိမ်ဆိုသည်မှာ စကားကို ကာရန်အားဖြင့် ရှေ့နောက်လိမ်လည်၍၎င်း၊ အလျားလိုက် လိမ်ပတ်၍၎င်း ပြောဆိုသော စကားထာမျိုး ဖြစ်ပါတယ်။ ဤစကားထာမျိုးတွင်အနက် အဓိပ္ပါယ်ကို ဖုံးကွယ်၍မထားပါ။

ဥပမာများ။

မာမရှိန်း = မိန်းမရှာ
ချယ်တစ် = ချစ်တယ်
ကျယ်တိုက်= ကြိုက်တယ်
အမောပြေ= အမေပြော
တရုတ်အားထား = တရားအားထုတ်
မာကလာပင် = မင်္ဂလာပါ
လာမလင် = လင်မလာ
ဓနောတိ ခြိုက်ကင်းစ် = ဓနိတော ခြင်ကိုက်
တွာရတေ့ ဝယ်သာပါတမ်း = တွေ့ရတာ ဝမ်းသာပါတယ်
ဂျားကစ် စားဖူးသလီး = ဂျစ်ကားစီးဖူးသလား
မပပ် ပလုနေကဲ = မပု ပုလဲနားကပ်
အိုက်တိုး ပဂေးဆန် = အိုးတိုက်ပန်းကန်ဆေး
ယားစီး = ရည်းစား
ကေးမလောင် = ကောင်မလေး
ငပီးကြော = ငပေါကြီး
အမူးပြေ = အမေပြူး
တပည့်မရှား = တပြားမရှိ
အရေးမပါ= အရာမပေး
အရေးပေါ် = အလျော်ပေး
အသက်ပျောက် = အသောက်ပျက်
အသောက်မပျက် = အသက်မပျောက်
တွေ့မရှောင်= တောင်မရွှေ့
တွေ့ရာမရှောင် =တောင်ယာမရွှေ့
ဆူးလေး = ဆေးလူး
ရုံမကောင်း = ရောင်းမကုန်
ပြင်ရရော= ပြောရရင်
အသည်းယား = အသားရဲ
အရေပြား= အယားပြေ
ဆီပုံး= ဆုံးပြီ
အဆံကျွတ်= အစွပ်ကျန်
အဆုံးမသတ် = အစပ်မသုံး
အပျိုစစ်= အပြစ်ဆို
အပြောချို = အပျိုချော
အပြေးလို = အပျိုလေး
ရှစ်ခြောက် = လျှောက်ခြစ်
ရုံတင် = ရင်တုန်
ရင်ရှုပ် = ရုပ်ရှင်
သိပ်မတွေး = သွေးမတိတ်
အသက်နား = အသားနက်
အလုပ်ဖြစ် = အလစ်ဖြုတ်
အလုပ်သစ် = အလစ်သုတ်
စိတ်မပါ = စာမပိတ်
စာမလိပ် = စိတ်မလာ
အဖော်မပါ = အဖာမပေါ်
သုံးစရာ မရှိ = သိစရာမရှုံး
အဆုံးမသတ် = အစပ်မသုံး
အတိတ်၏ ခြေရာ = အတာ၏ ခြေရိပ်
စစ်ဆေး = ဆေးစစ်
အမှားမပါ = အမှာ မပါး
အမှားပေး = အမှေးပါး
အမှိုက်တောင်= အမှောင်တိုက်
အပေါက်ကျယ်= အပါယ်ကြောက်
အမှားတရံ = အမှန်တရား
အချာပင် = အချဉ်ပါ
တစ်ရာသုံးရန် = တစ်ရန် သုံးရာ
အပြီးကျော = အပေါကြီး
အရူးမက် = အရက်မူး
စူးရောက် = စောက်ရူး
ဘာစိုက်= ဗိုက်ဆာ
ဘူးယို = ဘိုရူး
ဖောင်ပြင် = ဖင်ပြောင်
ဖုန်တင် = ဖင်တုန်
အမှူးထား = အမှားထူး
အမှတ်မှား = အမှားမှတ်
မေပုလဲ = မဲပလေ
မောင်ပုလဲ = မဲပလောင်
စကောပြား = စကားပြော
အဟောပြုတ် = အဟုတ်ပြော
ရေသံ = ရန်သေ
အလုပ်ပြန် = အလံပြုတ်
အနမ်းဆိုးသူ = အနူစိုးသန်း
အကိုအောင် = အကောင်အို
အမှတ်တွေထား = အမှားတွေထပ်
စာကြက် = စက်ကြာ

တောင်ကြိုတောင်ကြားပေါက်သည့်ဝါး၊အဖျားခပ်သွယ်သွယ်။
အိမ်ကြိုအိမ်ကြားမွေးသည့်သား၊စကားကခပ်ကြွယ်ကြွယ်။

ပ၀ါပါး၊ကြက်သားထုပ်တော့စွန်းတတ်တယ်။
တရွာသားရည်စားလုပ်တော့ လွမ်းရတယ်။

ခမောက်ဖျားစပါးသီး။
သပေါက်သားစကားကြီး။

ငစိန်စပါး၊အ၀ယ်မှား၊ခလားနဲ့လား၊တင်းနဲ့လား။
ချစ်သူရည်းစား၊နောက်မှာထား၊မယာ။ပါသလား၊သားပါသလား။

ကျွဲချိုပေါ်၊ငှက်ခါးဥ။
ကိုယ်ရင်နှစ်ပါး၊ရည်းစားလု။

ကျွန်းတုံးကြောင်လျှောက်။
လွမ်းတုန်ုးမောင်ရောက်။

ဇာခြင်ထောင်၊မီးလောင်ပေါက်ရယ်။
မလာချင်ပေါင် ညည်းမောင်ကြောက်တယ်။

သေတ္တာထဲမှာကြိုးတစ်ခွေ။
မောင်ရင်လာ၊မိုးကစွေ။

သေတ္တာထဲမှာကြိုးရှုပ်။
မောင်ရင်လာ၊မိုးချုပ်။

သေတ္တာထဲမှာကြိုးရှင်း။
မောင်ရင်လာ၊မိုးလင်း။

လှေးကားရင်းမှာဆန်ခါနဲ့သော့။
နှမချင်းစာ၊မလာနဲ့တော့။

စပယ်ဖြူပန်၊
အရွယ်တူကြံ။

ထန်းညက်နှစ်လုံးပြူး။
တစ်သက်မမုန်းဘူး။

မရောင်းရ၊အိုးနဲ့ဖျာ။
တပေါင်းလ၊ခိုးလှည့်ပါ။

ဆက်ရက်သုံးကောင်၊အိုးမှာလှောင်၊အတောင်ဘယ်ကခတ်သလဲ။
ညည့်နက်သန်းခေါင်၊ခွေးကဟောင်၊အမောင်ဘယ်ကတက်မလဲ။

ဟိုရှေ့ကလာ၊ပိုးပုဝါ၊ကျပ်စင်မှာထား၊ပိုးဟပ်စား။
မောင်ကြီးလာတာ၊လိမ်းစရာ၊ကျောက်ပြင်မှာထားသနပ်ခါး။

မန်ကျည်းပင်ကောက်ကွေး၊လောက်လေးနဲ့ဆော်။
နင့်အမ၊ဆံတောက်လေး၊နောက်ဖေးကမျှော်။

ပွင့်ဖြူသဇင်၊ပင်ထိပ်တွင်၊ပန်တော်ဝင်မို့ထူးလှတယ်။
သူ့သမီးဖြူစင်၊တစ်ခါမြင်၊လိုချင်လို့လည်းရူးရတယ်။

ပင်စိမ်းပင်အောက်၊ဂျင်ဖိုရောက်၊ရောက်တဲ့ဂျီဖို၊ဂျီမီးတို။
အပျို့အိမ်အောက်၊လူပျိုရောက်၊ရောက်တဲ့လူပျို၊လူစိတ်တို။

ကျမ်းကိုး။
၁။ http://wikimyanmar.co.cc/
၂။ http://alinnsaytaman.multiply.com/
၃။ ကြည်ဦးရေး မြန်မာ့ရိုးရာစကားထာများစာအုပ်
၎။ http://mmfreethinker.wordpress.com/

ရွှေအိမ်စည်စာကြည့်တိုက်https://www.facebook.com/shweaeimsi
— with Jungle Koyin and 6 others.

ညာလက်တစ်ဘက်ဘာကြောင့်ထုတ်ထားသလဲ...???

ညာလက်တစ်ဘက်ဘာကြောင့်ထုတ်ထားသလဲ...???
ပညာရှိအမတ်ကြီး ဦးပေါ်ဦးသည် မင်းသုံးဆက်တိုင်တိုင် ထင်ရှားခဲ့သူဖြစ်သည်။

(၎င်းသည် အောင်မြေလောကစေတီတော်ဒါယကာ အမရပူယ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ မဟာဝိယရံသီ စေတီတော်ကြီးဒါယကာ၊ ဘကြီးတော် မင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ လောကမဏိစူဋ္ဌာဇောင်းကလောကန်ဦးစေတီတော်ကြီးဒါယကာ၊ ရွှေဘိုမင်းတရားကြီးရဲ့ ရွှေလက်ထက်တော်၊ ဆိုပြီးသုံးဆက်မီခဲ့သူဖြစ်တယ်။)
သူသည် ဦးဗုဓ်အား လွန်စွာ ကြည်ညိုလေးစားသူ ဖြစ်၏။
ဦးပေါ်ဦး ကွယ်လွန်သည့်အခါ အများတကာကဲ့သို့ မဟုတ်ဘဲ ညာဘက်လက်ဖ၀ါးကို ခေါင်းတလား(သေတ္တာ)၏ အပြင်ဘက်သို့ထုတ်ထားရမည်ဟု မကွယ်လွန်မီက မှာကြားထားခဲ့သည့်အတိုင်း ၎င်း၏ ညာဘက်လက်ထုတ်ကာ သဂြုင်္ိဟ်ရလေသည်။ ဤကဲ့သို့ ထူးခြား ထူးထူးဆန်းဆန်းအဖြစ်ကို ကုန်းဘောင်မင်းတရားကြီးသည် လွန်စွာမှ သိလိုလှတော့၏။ သည့်အတွက် ဆရာတော်များကိုပင့်ပြီး ဆွမ်းလုပ် ကျွေးသည့်သကာလ လျှောက်ထားတော်မူလေ၏။ “အရှင်ဘုရားတို့... ဘယ်အတွက်ရယ်ကြောင့်များ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ ခေါင်းတလားအပြင်ဘက်သို့ လူ့လက်ဖ၀ါးထုတ်ထားဖို့ မှာခဲ့ပါသလဲ ဘုရား၊ တပည့်တော်ကို ရှင်းလင်း မိန့်ကြားပေးတော်မူပါ” သည်လျှောက်ထားချက်အပေါ် သာသနာပိုင်ဆရာတော်မှစ၍ သုဓမ္မာဆရာတော်ကြီးများအဆုံး ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏ မှာ ကြားချက်သဘောကို ပြောမပြတတ်ကြပေ။ နောက်ဆုံး သည်ပြဿနာသည် ညောင်ကန်ဆရာတော် ဦးဗုဓ်ထံ ရောက်ရှိလာခဲ့တော့သည်။ ဆရာတော် ဦးဗုဓ်လည်း ကုန်းဘောင်မင်းနှင့်တကွ တရားနာ ပရိသတ်အပေါင်း သဘောပေါက် နားလည်စေရန် မိန့်ကြားရတော့၏။ “ဒကာတော်မင်းကြီးနဲ့တကွ ပရိသတ်အပေါင်းတို့၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ စာပေကျမ်းဂန်တွေ လွန်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လောကီရေးရာမှာလည်း လွန်စွာမှ လိမ္မာကျွမ်းကျင်လှတဲ့သူ၊ စိတ်နှလုံးလည်း လွန်စွာနူးညံ့တဲ့သူ။ အရှင့်အရေး ပြည်အရေးကိုလည်း ထောက်တွေး ရှုမျှော်လေ့ရှိသူ။ အတ္တဟိတ၊ ပရဟိတအရာမှာလည်း ကွယ်လွန်တဲ့ အထိ မျှတလေ့ရှိတဲ့သူ ဖြစ်ပါတယ်။ သူ အခု ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်တဲ့အခါ သူ့ရဲ့ ညာဘက်လက်တစ်ဖက်ကို ခေါင်းတလားအပြင်ဘက် ထုတ်သွားစေခဲ့တာ ဟာ ဘယ်လောက်ပဲ ပညာတွေ ကြီးရင့် တတ်မြောက်နေပါစေ၊ ဘယ်လောက်ပဲ လောကီရေးရာ အမှုကိစ္စတွေ ကျွမ်းကျင်တတ် မြောက်နေပါစေ ဘ၀တစ်ပါးကို ကူးပြောင်းသွားရတဲ့အခါ အနုမြူလောက်သေးငယ်တာလေးကိုမျှ ယူဆောင်သွားနိုင်စွမ်း မရှိတော့ ပါဘူး။ လက်ချည်းသာ သွားရတယ်ဆိုတဲ့အကြောင်း နေပြည်တော်ရှိ ရဟန်းရှင်လူအများ ပြည်သူအများ သတိသမ္ဗဇညတရားရှိရစ် ကြစေလိုတဲ့သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရှင်းလင်းမိန့်ကြားလေသောအခါ မင်းတရားကြီးနှင့်တကွ တရားနာပရိတ်သတ်အပေါင်းတို့လည်း တရားသံဝေဂရကြ၍ သာဓုခေါ်ဆိုကြ ပေတော့သည်။

http://moesetmin.blogspot.fr/2012/08/blog-post_15.html
မှကူးယူတင်ပြသည်။
Photo: ညာလက်တစ်ဘက်ဘာကြောင့်ထုတ်ထားသလဲ...???

http://moesetmin.blogspot.fr/2012/08/blog-post_15.html မှကူးယူတင်ပြသည်။

Saturday 22 February 2014

ကြီးပွါးကြောင်း (၇) ရပ်- ဆရာဖေမြင့် -

ကြီးပွါးကြောင်း (၇) ရပ်- ဆရာဖေမြင့် -

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )
........................

Credit : ဆရာဖေမြင့် " ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် "

ရွှေအိမ်စည်စာကြည့်တိုက်
— with Shwe Arlu and 2 others.

မဟာ (သို့ )ကြီးမြတ်ခြင်း

မဟာ (သို့ )ကြီးမြတ်ခြင်း

တစ်ခါတစ်လေ ကျွန်တော် အိမ်ခန်းအရှေ့ရှိ
ဝရန်တာတွင်ထွက် ရပ်လေ့ရှိသည် ။ လေကောင်းလေသန့်လဲ ရှုရှိုက်ရင်း
အပေါ်စီးမှမြင်ရသော မြင်ကွင်းကို ငေးကြည့်ရတာ
အလွန် ပေါ့ပါးလွတ်လပ်သောကြောင့် ကျွန်တော် နေ့စဉ်ကော်ဖီတစ်ခွက်နှင့်စာအုပ်ကိုင်ရင်း
စာဖတ်လိုက် မျက်စိညောင်းလျှင် အပြင်ကိုငေးလိုက် လုပ်တတ်သော အကျင့်က စွဲနေပြီ။

ထိုနေ့က ကျွန်တော် အလုပ်တွင် အချိန်စောစော ပြီးပြတ်သောကြောင့် အိမ်ပြန်ရောက်တော့
အချိန်က 5 နာရီ မပြည့်တတ်သေး ။ အလုပ်လဲ စောစီးစွာပြီးပြတ် ၊ ဖတ်စရာ စာအုပ်ကလေးကလဲရှိ ၊
ကျွန်တော့် စိတ်ခေါ်ဆောင်ရာသို့ လိုက်လေ့ရှိသောစရိုက်အရ အပြင်တွင် ကော်ဖီခွက်တစ်ခွက်နှင့်
ထွက်ထိုင်နေမိသည် ။

ထိုစဉ်ကျွန်တော့်မြင်ကွင်းထဲ အသက် ၅၀ ကျော်ခန့်ခန့်မှန်းရသော တရုတ်အမျိုးသမီးကြီးတစ်ယောက်
မတ်တပ်မျှပင်မရပ်နိုင် မြေပြင်တွင် ဖင်တရွတ်ဆွဲ ၍ ခမ်မှန်မှန်ရွှေ့လျှားရင်း တွားသွားသကဲ့သို့
သွားနေသဖြင့် ကျွန်တော်စာအုပ်ဘေးကောက်ချ ၍ ခဏငေးမိပါတော့ သည် ။

အမျိုးသမီးကြီး၏ခြေတစ်ဖက်မှာ အလွန်သေးငယ်နေပြီး တစ်ဘက်မှာ လည်း ကွေးကောက်နေသည်ကို
ကျွန်တော် အပေါ်စီးမှ တိတိပပ မြင်လိုက်ရသည်။ ဘောင်ဘီဒူးခေါင်းဖုံး လေးနှင့် အမျိုးကြီး၏ဆံပင်များ စုတ်ဖွာနေ ရုံမျှ မက လက်နှစ်ဘက်မှာလည်း မြေပြင်ကို ထောက်ကူ သွားရသောကြောင့် လက်ပင့်တင်လိုက်တိုင်းမည်းညစ်နေသည်ကို တွေ့လိုက်ရသေး၏ ။

ကျွန်တော်လည်း စားစရာ ခေါက်ဆွဲထုတ်ဝယ်ရန် ဆန္ဒပေါ်လာသောကြောင့် ပိုက်ဆံငွေ 5 ကျပ်တန် 2 ရွက်
အိတ်ကပ်ထဲထည့်ပြီး အမျိုးသမီးကြီးအား တစ်ရွက်ပေးရန်လည်းဆုံးဖြတ် ကာ နေထိုင်ရာ 4 လွှာမှဆင်း
အပြင်သို့ထွက်ရန်စိတ်ကူးလိုက်ပါ သည် ။

ဘဝပေးမကောင်းရှာသော ထိုအမျိုးသမီးကြီး သည် ပေ ၂၀ခန့် တရွတ်သွားလိုက် ခဏနားလိုက်နှင့်
ကျွန်တော်နေထိုင်သော အိမ်ယာအရှေ့ လမ်းမပလက်ဖောင်းပေါ် သွားနေသည်ကို မြင်တွေ့နေရသော
အချိန် အတွင်း ........

ထပ်မံတွေလိုက်သောမြင်ကွင်းကား ကားတစ်စီး ထိုအမျိုးသမီးကြီး၏ ဘေး ရပ်ပြီ ကားမောင်းလာသော လူငယ်တစ်ယောက်က မလေးနိုင်ငံသုံး ရင်းဂစ်ငွေ 10 တန် အနီရောင် လှမ်းပေး
လိုက်သည်ကို ကျွန်တော်မြင်လိုက်ရ၏ ။

လူငယ် က ကားပေါ်မှမဆင်း ငွေလှမ်းပေး၏ အမျိုးသမီးကြီး လှည့်ကြည့်လိုက်ပြီး ခေါင်းရမ်း၏
ထိုအခါ လူငယ်က ကားပေါ်မှ ဆင်းလာပြီ အမျိုးသမီးကြီး လက်ထဲ ငွေတစ်ဆယ်တန် ထပ်မံ ပေးကမ်း
ပါတော့သည် ။

ထိုစဉ်အမျိုးသမီးကြီးပြောသော စကား များကြောင့် အိပ်ထဲမှ 5 ကျပ်တန်အား ကျွန်တော်
ယောင်ရမ်းစမ်းလိုက်မိပါတော့သည် ......

သူမ ပြောလိုက်သော မလေးရှား စကားမှာကား

" ကျွန်မ ပိုက်ဆံ မလိုပါဘူး ပေးတဲ့စေတနာကို ကျွန်မ ကျေးဇူးတင်ပါတယ် ၊ ခု ကျွန်မ သား
ကျောင်းလွှတ်ချန်ရောက်လို့ သူ့ကို ကြိုဖို့ ကျွန်မထွက်လာတာပါ ရှင် . ခဏခဏ ကျွန်မကို ဒီလို
ပေးတာ မျိုး ခံရတော့ စိတ်လဲ မဆိုးပါတော့ဘူး ကျွန်မ သားလေး ကျောင်းပြန် ဖရဲသီး စားချင်တယ်ဆိုလို့
လာစောင့် ကျွေးမလို့ပါ .. ကျွန်မ ကျေးဇူးတင်ပါတယ် ရှင် .... "

ကျွန်တော် အာခေါင်တွေ ခြောက်ကပ်ပြီး ကြက်သီးဖြန်းဖြန်း ထရလေပြီ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေပြီလား မှတ်ရအောင် ကျွန်တော် ပီတိအနန္တ ဖြင့် မျက်ရည်ပင်စို့ပြီတည်း ။
မိဘတို့ မေတ္တာ တရား ကား နှိုင်းစရာ မရှိ ဆိုသော စကား များကို ဒုက္ခိတ အမျိုးသမီးကြီး က
ထပ်ဆင့်လောင်း သက်သေထူလိုက်ပြန်လေပြီ .. . .. ကျွန်တော် လမ်းဆက်လျှောက်ရင်း နားထဲစွဲနေသော
စကားတစ်ခွန်းကား

" ကျွန်မသားလေး ကျောင်းပြန်ဖရဲသီး စားချင်တယ်ဆိုလို့ ....."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မဟာ ဆိုသော စကားကို မြန်မာတိုင်း ကြီး မြတ် ခြင်း ဟု အဓိပါယ်ဖွင့်ဆိုပါက

ကျောင်းသားတစ်ယောက် ခွန့်ကျွေးနေသော ဖရဲသီးစိတ်လေးအား အပြုံးတွေဖြင့်ဟ စားရင်း
တရွေ့ရွေ့ တရွတ်တိုက်လာသော သားအမိအား
ကျွန်တော် ရင်ထဲ အသည်းထဲမှ လေးစားစွာ ပေးအပ်မိပါသည်ခင်ဗျား။

ဧဒင်ဥယျာဉ်ကြီး နှင့် အဖွဲ့သားများသို့

ဤ Blog Post ဖြင့် ဧဒင်အဖွဲ့သားများအတွက် အမှတ်တရ အမေများနေ့မှာ မိဘအတွက်

သားကောင်း/သမီကောင်းရတနာများအဖြစ် အလုပ်ကြွေးပြုနိုင်ပါစေလို့ ရည်ရွယ်လျှက် ....

(တိမ်လွှာ)9.8.2010
www.myominlatt.ning.com
မူရင်းလင့် ....မဟာ ( သို့ ) ကြီးမြတ်ခြင်းhttp://myominlatt.ning.com/profiles/blogs/4347155:BlogPost:248531
— with Myo Min Latt and 3 others.

ကမ္ဘာ့ပထမဆုံး ကားမောင်းနိုင်တဲ့ ခွေး

ကမ္ဘာ့ပထမဆုံး ကားမောင်းနိုင်တဲ့ ခွေး
___________________________
အလွန်တော်တဲ့ ခွေးလိမ္မာလေးလို့ ဆိုရမှာပေါ့။ ၎င်းခွေးဟာ ကွင်းတစ်ပတ် ကားမောင်းပြနိုင် ခဲ့လို့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ကားမောင်းနိုင်တဲ့ ခွေး အဖြစ် သတ်မှတ်ခံ လိုက်ရတာ ဖြစ်ပါတယ်။

ကွင်းတစ်ပတ် မမောင်းမီ ခွေးလေးကို နှစ်လကြာ ကာမောင်းနည်းကို သင်ကြားပေးခဲ့ ရတယ်လို့ သိရပါတယ်။ ၎င်းခွေးဟာ ကားကို တစ်လှိမ့်ခြင်း မောင်းနှင်တာ မဟုတ်ပါဘူး။ ပုံမှန် အနေအထားဖြင့် ကားမောင်းပြခဲ့ တာပါ။ ဒါကြောင့် ထိုခွေးကို ကမ္ဘာပေါ်မှာ ပထမဆုံး ကားမောင်းနိုင်တဲ့ ခွေး အဖြစ် စံချိန်တင် သတ်မှတ်ခဲ့ကြပါတယ်။

ဗီဒီယိုကို ကြည့်ချင်တယ် ဆိုပါက

http://www.youtube.com/watch?v=BWAK0J8Uhzk

http://goo.gl/WVf7yV

credit>>smart pro journal

သံပရာရည်ကျန်းမာရေးအကျိုးကျေးဇူး

အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင် အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

Ref;...... ကျန်းမာစေသောအသီးအနှံများမှ
ကင်ဆာရောဂါနှင့် ကျန်းမာရေး

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်လဲ

ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်လဲ
==========================
ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်တယ် ဆိုတာကို ဗုဒ္ဓက မုနိ သုတ်တော် မှာ ဒီလို အသိပေး ဆုံးမခဲ့ပါတယ်။

ကိုယ်...့ဟာကို တရားကျင့်ပြီး အနာဂါမ်ဖြစ်နေတဲ့ အရိယာ လူပုဂ္ဂိုလ် ကတောင် ဒီကနေ့မှာ သင်္ဃန်းဝတ်ထားတဲ့ ပုထုဇဉ် ကိုရင်လေးကို ရှိခိုးရမယ် လို့ ဆိုပါတယ်။

တရားသိမှု၊ ကျင့်ကြံပေါက်မြောက်မှုမှာ ကိုယ်က သာနေပေမယ့် သာသနာဝန်ထမ်းရှင်သာမဏေလေးကို ရှိခိုးထိုက်တယ်။ဘာကြောင့်ဆိုရင် ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိတယ်။ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) တိတိရှိနေတယ်။

အသွင်အပြင်အားဖြင့် (၂)မျိုးကတော့ -

(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ၀တ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အ၀တ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊

(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ ( ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)

ဒီနှစ်ချက်မှာတင် သူ၏ ခြိုးခြံမှု ၊ အလိုနည်းမှု ၊ လူ့အသွင်အပြင်သဘာဝကို ရှောင်ခွာကာ မြင့်မြတ်သော အသွင်ကို ယူမှုတွေဟာ သာမာန်လူထက်သာလွန်နေလို့ ရှိခိုးခံထိုက်နေပြီ လို့ ဟောတော်မူပါတယ်။ဒီနေရာမှာ သီလ သမာဓိ ပညာရှိခြင်းတွေကို ဘုရားရှင်က ဘာမှ မဆိုလိုသေးပါ။မိလိန္ဒ ပညာ မှာလဲ ဒီအတိုင်းပါပါတယ် ။

အရှင်နာဂသိန်ကတော့ ဒီအသွင်(၂)ပါးယူပြီးတာနဲ့ကို ဘုရား၏ အလိုကျ အသွင်အပြင် စဖြစ်နေပြီ..တဲ့။ဒါကြောင့်လဲ ရှိခိုးခံထိုက်တယ် လို့ ဆိုပါတယ်။

ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)။

(၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း

(၂) ရဟန္တာအသွင် ရှိခြင်း

(၃) အရီယာနှင့်တူသော အကျင့်ရှိနေခြင်း

(၄) တူသောနေထိုင်ခြင်းရှိကြခြင်း

(၅) တူသောဣနြေ္ဒ ရှိကြခြင်း

(၆) တူသောဆင်းရဲခြင်းရှိခြင်း၊

(၇) တူသောသည်းခံခြင်းရှိခြင်း

(၈) တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း

(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း

(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်ခြင်း

(၁၁) မကောင်းမှုမှရှက်ခြင်း

(၁၂) မကောင်းမှုမှ လန့်ခြင်း

(၁၃) သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း

(၁၄) ကုလိုလ်ကို မမေ့လျော့ခြင်း၊

(၁၅) သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း၊

(၁၆) ပါဠိသင်ယူခြင်း

(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း

(၁၈) သီလ၊သမိာပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း၊

(၁၉) ကင်းသောတပ်မက်မှုရှိခြင်း၊

(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း

ဒီအချက်တွေကြောင့်လဲ ရှိခိုးခံထိုက်နေပါတယ်။

အပေါ်က အချက်တွေနဲ့ တစ်ချက် ခြင်းအကျယ်ကို သီတဂူဆရာတော်၏ ရာဟုလာသုတ္တန် နဲ့ ရဟန်းတစ်ပါးတန်ဖိုးတရားတော်မှာ နာယူမှတ်သားနိုင်ပါတယ်။ဓမ္မစေတီဆရာတော် ပဗ္ဗဇ္ဖဟူသည် (ရဟန်းခံခြင်းဆိုင်ရာ တရား ) (အကယ်ဒမီဦးညွန့်ဝင်း အိမ်မှာဟောတဲ့ တရား )နဲ့ သာမညဖလသုတ်အကျယ် ၊ မဟာပဒါနသုတ်နှင့် မိလိန္ဒ ပညာတို့မှာလဲ ပါပါတယ်။ သုခမှတ်စုမှာလဲ လေ့လာနိုင်ပါတယ်။

အရှင်ဣန္ဒက ရခိုင် မှကူးယူဖော်ပြပေးပါသည်။

https://www.facebook.com/photo.php?fbid=10200130113164148&set=a.2051480935214
— with Shwe Arlu and 2 others.
Photo: ရဟန်းကို ဘာကြောင့် ရိုသေလေးစားရှိခိုးထိုက်လဲ

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform