စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန္* အမ်ားအက်ိဳးျပဳျခင္းျဖင့္ေပ်ာ္ရႊင္မွုရပါေစ...။ (မည္သူမဆို မွ်ေ၀ယူနိုင္ပါသည္- ေရႊအိမ္စည္)

ပင္မစာမ်က္ႏွာ

ဗဟုသုတ

ဘုရားသမိုင္း

တရားဒါန

ပညာေရး

က်န္းမာေရး

နည္းပညာ

ကဗ်ာမ်ား

စီးပြား/စီမံ

ဘေလာ့ပိုစ္မ်ား

ဟင္းခ်က္နည္း

ထူးျခားဆန္းျပား

mp3 သီခ်င္းမ်ား

ဟာသလြင္ၿပင္


စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန

Sunday 30 September 2018

ျမစ္​ႀကီးတစ္​စင္​း၏ျဖစ္​တည္​မႈ

ျမစ္ႀကီးတစင္း၏ျဖစ္တည္မွု........................။ Feb 2, '09 12:21 AM for everyone ​ေကသာ

သည္ျမစ္ႀကီးဟာ လြန္ခဲ့သည့္ ႏွစ္ေထာင္ေပါင္းမ်ားစြာ ေရွးအတီအေတ ကတည္းက သည္လြင္ျပင္ႀကီးကို ျဖတ္၍ ေျမာက္ အရပ္မွ ေတာင္အရပ္သို႔ စီးဆင္းလာခဲ့သည္။ သူစတင္ စီးဆင္းသည့္ ေနရာမွစ၍ ပင္လယ္ႀကီးထဲ တိုးဝင္ေပ်ာက္ကြယ္ သြားသည္အထိ လမ္းတေလ်ာက္က သက္ရိွလူသားမ်ားႏွင့္ သတၱဝါမ်ားကို အက်ဳိးျပဳေနခဲ့သည္။ သည္ျမစ္ႀကီးကို အမီွျပဳ၍ စုိက္ႏုိင္ပ်ဳိးႏုိင္ ၾကသည္။ သည္ျမစ္ေၾကာင္း တေလွ်ာက္ ေရာင္းဝယ္ ေဖါက္ကားၾကသည္။ ျမစ္ေၾကာင္းထဲတြင္ လိုရာခရီးကို သြားလာၾကသည္။



ထို႔ေၾကာင့္ သည္ျမစ္ႀကီးကို အေျချပဳ၍ မီွတင္းေနထုိင္ သူမ်ားက သည္ျမစ္ႀကီးကို ေက်းဇူးတင္ၾကသည္။ စိမ္းျမေသာ ၿငိမ့္ ေျငာင္းစြာ စီးဆင္းေနေသာ ျမစ္ႀကီးအေၾကာင္းကို စာေတြဖြဲ႔ၾကသည္။ ကဗ်ာေတြဖြဲ႔ၾကသည္။ ေတးသီးခ်င္းမ်ား ဖန္တီး သီဆို ၾကသည္။ သည္ျမစ္ႀကီးကား ဂုဏ္ႀကီးေလစြ။



တစတစႏွင့္ ႀကီးမားလာေသာ ဂုဏ္ျဒပ္ေၾကာင့္ ျမစ္ႀကီးမွာ မာန္မာနမ်ား တက္လာခဲ့သည္။ မည္သူမွ် သူ႔ေလာက္ အေရး မႀကီး အေရးမပါဟု အထင္ေရာက္လာသည္။ ဟုတ္သည္ပဲ။ ျမစ္ႀကီးကို အမွီျပဳ၍ အက်ဳိးစီးပြါး ျဖစ္ထြန္းေနေသာ သူမ်ား၏ ခ်ီးမြမ္း ေထာပနာျပဳသံမ်ားကလည္း စဲသည္ဟူ၍မွ မရိွသည္ကိုး။ ျမစ္ႀကီး၏ အျပဳအမူ အေျပာအဆိုမ်ားကလည္း တျဖည္းျဖည္းႏွင့္ ေမာက္မာလာသည္။ က်န္သည့္သူမ်ားက ဘာဘဲေျပာေျပာ သူ႔ကို ေလးစားသင့္သည္၊ ေလးစားရမည္၊ ဦးထိပ္ပန္ဆင္ရမည္ဟု ေျပာလာသည္အထိ တင္တင္စီးစီး ျဖစ္လာေတာ့သည္။ သူ႔လိုရပ္တည္ခ်က္ ခုိင္ခုိင္မာမာႏွင့္ အမ်ားအက်ဳိးအတြက္ စီးဆင္း ေပးေနသည့္ ျမစ္ႀကီးကို အားလံုးက အလုိက္တသိ မေလးစားထုိက္ေတာ့ ၿပီေလာဟု ေဘးဝန္းက်င္ကုိ အျမႇင္မျပတ္ ေျပာေန ေသးသည္။



ထိုအခ်ိန္တြင္ ျမစ္ႀကီးစတင္ ေဖာက္ဖြားရာ ေျမာက္ဖက္စြန္း အရပ္မွ ျမစ္ငယ္သံုးေလးစင္း ဤသို႔ဆိုလာသည္။ သည္ျမစ္ႀကီး အခုလို ႀကီးႀကီးမားမား အင္ႏွင့္အားႏွင့္ စီးဆင္းႏုိင္ဖို႔ သူတို႔စတင္ခဲ့ျခင္းသာ ျဖစ္သည္။ သူတို႔မွ စတင္စီးဆင္း ေပါင္းစည္းေပး လို႔သာ ျဖစ္သည္။ သူတိုမရိွခဲ့လွ်င္ သည္ျမစ္ႀကီးလည္း မရွိႏုိင္၊ ထို႔ေၾကာင့္ သူတို႔သာ ဤျမစ္ႀကီး၏ မူလ ဘူတ ဖန္တီးရွင္မ်ား ျဖစ္သည္ဟု ေထာက္ျပလာသည္မွာ ပုိင္စုိးပုိင္နင္း ရိွလွ၏။



ထိုေသာအခါ၌ ျမစ္ႀကီး၏ အထက္ပုိင္း ေဒသအတြင္း အေရွ႔ဖက္အရပ္မွ ျမစ္ႀကီးထဲသို႔ ေပါင္းစံုစီးဝင္လာေသာ ျမစ္လတ္ႏွင့္ အေနာက္ဖက္ အရပ္မွ စီးဆင္းလာေသာ ျမစ္လတ္တို႔က ဟားတုိက္ ရယ္ေမာၾကသည္။ သူတို႔ သေဘာထား ႀကီးႀကီးႏွင့္ ေပါင္းစပ္ ေပးေၾကာင့္သာ ျမစ္ႀကီးအခုလို ခန္႔ျငားႀကီးမားလာရျခင္း ျဖစ္သည္ဟု ျပန္လည္ျငင္းခုန္ၾကသည္။ ေျမာက္ဖက္ အရပ္မွ ျမစ္ငယ္သံုးေလးစင္းသည္ ျမစ္ႀကီး၏ မူလအစ ျဖစ္ပင္ျဖစ္ေသာ္လည္း အခုလို သူတို႔ျမစ္လတ္မ်ားက ေပါင္းစည္းမႈ မျပဳဘဲ ကိုယ့္လမ္းကိုယ္ ထြင္သြားမည္ ဆိုပါက သည္ျမစ္ႀကီး ဘာျဖစ္သြားမည္ ထင္သနည္း ဟုလည္း ရန္ေတြ႔သလို ဆိုလုိက္ ေသးသည္။ တကယ္ေတာ့ ျမစ္ႀကီးတစင္း ျဖစ္လာဖို႔ သူတို႔က ျမစ္လက္တက္ ေနရာမ်ားမွ အေရးပါေသာ တာဝန္ ကို ယူေပး ေနသူေတြျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကား ျပန္ေသးသည္။



ဤသို႔ျမစ္လတ္မ်ား ရန္ေတြ႔ေငါက္ငန္း ေျပာဆို၍ မဆံုးခင္ ေနပါဦး ေနပါဦး က်ဳပ္တို႔လည္း ေျပာပုိင္ခြင့္ရိွလို႔ ေျပာရဦးမယ္ဟု အသံမ်ား ထြက္လာၾကသည္။ တျခားသူမ်ား ေတာ့မဟုတ္ ျမစ္ေအာက္ပုိင္း ေဒသမ်ားမွ ျမစ္ႀကီးထဲကို ပံုစံမ်ဳိးစံုျဖင့္ စီးဝင္လာ သည့္ အျခားျမစ္လတ္မ်ားျဖစ္သည္။ သူတို႔၏ ေပါင္းစီးေပးမႈကိုလည္း ေမ႔ေလွ်ာ့အသိအမွတ္ မျပဳမွာကို စိုးရိမ္သျဖင့္ ၾကားျဖတ္ ၍ အလုအယက္ ဝင္ေျပာၾကျခင္းပင္။ သည္ၾကားထဲမွာမွ သူတကာထက္ ပို၍ အထြန္႔တက္ေနေသာ ျမစ္လတ္မ်ားလည္း ရိွေသးသည္။ သူတို႔ေျပာတာကေတာ့ ျမစ္လတ္မ်ား ျမစ္ႀကီးထဲသို႔ ေပါင္းဝင္စီးဆင္းရာတြင္ အေရွ႔ဖက္ျခမ္းမွ ျမစ္လတ္မ်ား သည္ အမ်ားစုျဖစ္ေၾကာင္း အေနာက္ဖက္ျခမ္းမွ စီးဝင္လာသည့္ ျမတ္လတ္မွာ ႏွစ္စင္းသာ ရိွေၾကာင္း။ ထို႔ေၾကာင့္ အေရွ႔ဖက္ ျခမ္းမွ ျမစ္လတ္မ်ား၏ ထည့္ဝင္မႈကို ပို၍အသိအမွတ္ ျပဳသင့္ေၾကာင္း ျဖစ္သည္။



၎ေနာက္ အေတာ္ေစာေစာ ကတည္းက ၿငိမ္ေနေသာ ေဒသအသီးသီးမွ ျမစ္ငယ္ေလးမ်ားထံမွ ပူညံပူညံ အသံမ်ား ထြက္လာ သည္။ သည္ကိစၥသည္ ျမစ္လတ္မ်ား သက္သက္အတြက္ ဂုဏ္ယူရမည္ဆိုလွ်င္ မတရား။ သူတို႔ ျမစ္ငယ္ကေလးမ်ား၏ ပူးေပါင္းပါဝင္မႈကို အသိအမွတ္ မျပဳလိုသည့္ သေဘာထားေလာဟု ကြ်ဲၿမီးတိုသည့္ ေလသံျဖင့္ မေက်မနပ္ ဆိုလာၾကသည္။ သူတို႔တင္ျပ လာသည္ကလည္း စဥ္းစားစရာျဖစ္သည္။ အေရွ႔ဖက္ျခမ္းႏွင့္ အေနာက္ ဖက္ျခမ္းမွ ျမစ္လတ္မ်ား အားလံုး၏ စီးဝင္ပူးေပါင္းမႈ အလံုးစံုသည္ သူတို႔ ျမစ္ငယ္ကေလးမ်ား အားလံုး၏ ပူးေပါင္းစီးဝင္မႈႏွင့္ ႏိႈင္းစာပါက ရာခုိင္ႏႈန္းမည္ေရြ႔မည္မွ် နည္းပါးေနေသးေၾကာင္း ေထာက္ျပ ေလေတာ့သည္။



သည့္ေနာက္ မထင္မွတ္ဘဲ ခတ္စြာစြာအသံမ်ား ေနရာေပါင္း မ်ားစြာမွ ထြက္ေပၚ လာျပန္သည္။ တျခားေတာ့ မဟုတ္ ေခ်ာင္း ငယ္မ်ား ျဖစ္ၾကသည္။ ေခ်ာင္းငယ္မ်ားကလည္း ဤသို႔ဆိုလာသည္။ ျမစ္လတ္၊ ျမစ္ငယ္မ်ား အေနျဖင့္ ျမစ္ႀကီးထဲသို႔ ယခုကဲ့သို႔ ေပါင္းစံုစီးဝင္ႏုိင္ျခင္းမွာ ျမစ္လတ္၊ ျမစ္ငယ္မ်ားဆီသို႔ ေခ်ာင္းလက္တက္မ်ား အေနျဖင့္ သူတို႔ေပါင္းဝင္ေပးေသာ ေၾကာင့္ ျဖစ္သည္။ ကိုယ့္လမ္းကုိယ္ သြားေၾကးဆိုပါက သူတို႔ေခ်ာင္းငယ္ေလးမ်ား အေနျဖင့္ ျမစ္လတ္၊ ျမစ္ငယ္မ်ားဆီသို႔ ေပါင္းဝင္ စရာမလို။ ထို႔အတြက္ ျမစ္လတ္ႏွင့္ျမစ္ငယ္မ်ား သူတကာထက္ ထူး၍ ဂုဏ္ေမာက္ ေနသည္မွာ ရယ္စရာပင္ ေကာင္းေသး သည္ဟု အကြက္က်က် ဝင္ေထာက္လုိက္ၾကသည္။ သေဘာတူဟန္ မျပေသာ္လည္း ျမစ္ႀကီး အပါအဝင္ ျမစ္လတ္ႏွင့္ ျမစ္ငယ္ မ်ားကား ဘာမွမတုံ႔ျပန္ႏုိင္။



အားလံုး ေခတၱၿငိမ္သက္ သြားစဥ္ ေျမာက္မ်ားလွစြာေသာ အသံငယ္ငယ္ေလးမ်ား ထြက္ေပၚလာျပန္သည္။ သူတို႔ကား ေတာင္ စဥ္ ေတာင္တန္းမ်ားဆီမွ ဆင္းသက္လာေသာ၊ မေရမတြက္ ႏုိင္ေလာက္ေအာင္ မ်ားျပားလွေသာ ေရေဝေၾကာမ်ား၏ ေရဆင္းေလးမ်ား ျဖစ္ၾကသည္။ ေရဆင္းေလးမ်ားက ဤသို႔ဆိုသည္။ သူတို႔ ေရဆင္းေလးမ်ားက မိုးေရကို စတင္ပို႔ေဆာင္ ေပးေသာ ေၾကာင့္သာ ေခ်ာင္းတို႔၊ စမ္းေခ်ာင္းတို႔ လက္ဦးဆံုး ျဖစ္တည္ လာရျခင္းျဖစ္သည္။ သူတို႔လို ေရဆင္းေလးမ်ားသာ မရိွပါက ေခ်ာင္းဆိုသည္မွာလည္း မရိွႏုိင္၊ ျမစ္ငယ္ ျမစ္လတ္ ျမစ္ႀကီးဆိုတာလည္း မရိွႏုိင္ဟု အခ်က္က်က် ေထာက္ျပေလ ေတာ့သည္။ ထိုအခ်က္ကို ေတာင္စဥ္ေတာင္တန္း မ်ားကလည္း ေထာက္ခံသည္။ ေတာင္စဥ္ေတာင္တန္းမ်ားႏွင့္ ေရဆင္း ေလးမ်ားသည္ ဒဂၤါးတျပား၏ ေခါင္းႏွင့္ပန္းလို အျမဲယွဥ္တြဲ ေနေၾကာင္းလည္း ထပ္မံ ရွင္းလင္းေသးသည္။ ဤတြင္ ေခ်ာင္း၊ ျမစ္ငယ္၊ ျမစ္လတ္ႏွင့္ ျမစ္ႀကီးတို႔အားလံုး ပါးစပ္ အေဟာင္းသားႏွင့္ ဘာမွခြန္းတုံ႔ မျပန္ႏုိင္။



အျငင္းအခုန္ပြဲကား မၿပီးေသး။ သစ္ေတာက ဝင္လာ၍ သူ၏က႑မွာ ဘယ္ေလာက္ အေရးႀကီးေၾကာင္း အဆိုတင္ သြင္းေသာ ေၾကာင့္ ျဖစ္သည္။ သူတို႔ သစ္ေတာမ်ားက ရြာက်လာေသာ မိုးေရကို သြားလိုရာ သြားဟု လက္လြတ္စပယ္ လႊတ္မေပးဘဲ စနစ္တက် ထိန္းသိမ္း၍ ေျမလႊာမ်ားမွတဆင့္ ေရေဝေၾကာ ေရဆင္းေလးမ်ားကို ျဖတ္ခါ ပို႔လႊတ္ေသာ ေၾကာင့္ ဤျဖစ္စဥ္ႀကီး တခုလံုး ညီၫြတ္ေနျခင္း ျဖစ္ေၾကာင္း အေထာက္အထားမ်ားႏွင့္ ရွည္လွ်ားစြာ ရွင္းျပ ေလေတာ့သည္။ အားလုံးကေတာ့ သစ္ေတာကို ေနာက္မွ ေရာက္တဲ့သူက ေမာင္ဦးလုပ္ျခင္သတဲ့လား ဆိုေသာ အၾကည့္မ်ားျဖင့္ စိမ္းစိမ္းႀကီး စုိက္ၾကည့္ ေနၾကသည္။ ဒါေပမဲ့ဟု ျမစ္ႀကီးက အားလံုးကုိယ္စား ျပဳသည့္ႏွယ္ ဝင္ေထာက္လုိက္သည္။ သစ္ေတာက အေရးႀကီးတယ္ ဆိုေပမဲ့ သစ္ေတာကိုယ္တုိင္က မိုးရြာမေပးႏုိင္။ ထို႔ေၾကာင့္ ျဖစ္ျခင္းျဖစ္ မိုးေရလာရာ ေကာင္းကင္ႀကီးသာ မူလအေျခခံ ျဖစ္ႏုိင္သည္ဟု မွတ္ခ်က္ျခလုိက္သည္။ သို႔ေသာ္ အားလံုးက ကိုယ္သာအေရးပါသည္ဟု ခံယူေနေသာေၾကာင့္ ျမစ္ႀကီး စကားကို ေထာက္ခံမည့္သူ ေပၚမလာ။



သူ႔အေၾကာင္းႏွင့္သူ ယုတၱိရိွ သလိုလို ျဖစ္ေေနေသာေၾကာင့္ ျငင္းခံုပြဲႀကီးတြင္ ဗိုလ္စြဲသူ မရိွဘဲ အီလည္လည္ ျဖစ္ေနသည္။ ထိုအခ်ိန္၌ မထင္မွတ္သူ တဦး ဝင္ေရာက္ေဆြးေႏြးလာသည္။

ထိုသူကေတာ့ အေဝးမွ ေရာက္လာေသာ ပင္လယ္ႀကီး ျဖစ္သည္။ ပင္လယ္ႀကီးမွ ဤသို႔ရွင္းလင္းသည္။ အမွန္ေတာ့ ေနမင္းႀကီး၏ အပူရိွန္ေၾကာင့္ သူ၏ပယ္လယ္ေရမ်ား အခိုးေငြ႔ျပန္ကာ ေကာင္းကင္သို႔ တက္ကုန္ေၾကာင္း၊ သူ၏ ကုိယ္ပုိင္ ေရမ်ား ဆံုရံႈးရျခင္းျဖစ္ေၾကာင္း။ သို႔ေသာ္ ကံေကာင္းသည့္ တခ်က္က ထိုေရေငြ႔မ်ားသည္ ေလးလံေသာ တိမ္ဆုိင္မ်ားအျဖစ္ အသြင္ေျပာင္းသြားၿပီး ေတာင္စဥ္ေတာင္တန္း မ်ားႏွင့္ထိေတြ႔ရာမွ ေရအျဖစ္ မိုးရြာခ်လုိက္ျခင္းသာ ျဖစ္ေၾကာင္း ရွင္းလင္းျပ သည္။



သို႔ေသာ္ သူ႔အေနျဖင့္ ေတာင္စဥ္ေတာင္တန္းမ်ား၊ သစ္ေတာမ်ား၊ ေရေဝေၾကာမွ ေရဆင္းမ်ား၊ ႀကီးငယ္လတ္ ျမစ္ေခ်ာင္းမ်ား အားလံုးကို အထူးေက်းဇူး တင္ပါေၾကာင္း။ ေက်းဇူးတင္ရသည့္ အေၾကာင္းကေတာ့ က်ဆင္းလာသည့္ မိုးေပါက္မ်ားအား ေရအျဖစ္ အဆင့္အဆင့္ လက္ဆင့္ကမ္း သယ္ေဆာင္ေပး၍ လမ္းတေလ်ာက္ တြင္လည္း သက္ရိွ သတၱဝါေပါင္းစံု၏ ေကာင္းက်ဳိး ကို ျပဳေသာေၾကာင့္ ျဖစ္ပါသည္ဟု ရွင္းလင္းျပဆို၏။ ဘာဘဲေျပာေျပာ ပင္လယ္ႀကီး အေနျဖင့္ သူဆံုးရံႈးခဲ့ရသည့္ သူ႔ေရမ်ား သူ႔ဆီကို ျပန္ေရာက္လာေစရန္ ေနရာအသီးသီးတြင္ တာဝန္ယူ ေဆာင္ရြက္သူမ်ား အားလံုးကို အသိအမွတ္ျပဳ ပါေၾကာင္း၊ သည္ျဖစ္စဥ္ႀကီး အတြက္ အားလံုးဟာ မရိွမျဖစ္ ရိွေနဖို႔လိုေၾကာင္း၊ ထို႔အတြက္လည္း အထူးဂုဏ္ယူပါေၾကာင္း ေျပာၾကားရင္း မူလေနရင္းသို႔ ျပန္လည္ ထြက္ခြါသြားေတာ့သည္။



ဤတြင္ ျမစ္ႀကီးတစင္း၏ ျဖစ္တည္မႈ အစႏွင့္အဆံုးကို မ်က္ဝါးထင္ထင္ ေတြ႔လုိက္ရေပေတာ့သည္။
########
Unicode
မြစ်ကြီးတစင်း၏ဖြစ်တည်မှု........................။ Feb 2, '09 12:21 AM for everyone

သည်မြစ်ကြီးဟာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ရှေးအတီအတေ ကတည်းက သည်လွင်ပြင်ကြီးကို ဖြတ်၍ မြောက် အရပ်မှ တောင်အရပ်သို့ စီးဆင်းလာခဲ့သည်။ သူစတင် စီးဆင်းသည့် နေရာမှစ၍ ပင်လယ်ကြီးထဲ တိုးဝင်ပျောက်ကွယ် သွားသည်အထိ လမ်းတလျောက်က သက်ရှိလူသားများနှင့် သတ္တဝါများကို အကျိုးပြုနေခဲ့သည်။ သည်မြစ်ကြီးကို အမှီပြု၍ စိုက်နိုင်ပျိုးနိုင် ကြသည်။ သည်မြစ်ကြောင်း တလျှောက် ရောင်းဝယ် ဖေါက်ကားကြသည်။ မြစ်ကြောင်းထဲတွင် လိုရာခရီးကို သွားလာကြသည်။



ထို့ကြောင့် သည်မြစ်ကြီးကို အခြေပြု၍ မှီတင်းနေထိုင် သူများက သည်မြစ်ကြီးကို ကျေးဇူးတင်ကြသည်။ စိမ်းမြသော ငြိမ့် ငြောင်းစွာ စီးဆင်းနေသော မြစ်ကြီးအကြောင်းကို စာတွေဖွဲ့ကြသည်။ ကဗျာတွေဖွဲ့ကြသည်။ တေးသီးချင်းများ ဖန်တီး သီဆို ကြသည်။ သည်မြစ်ကြီးကား ဂုဏ်ကြီးလေစွ။



တစတစနှင့် ကြီးမားလာသော ဂုဏ်ဒြပ်ကြောင့် မြစ်ကြီးမှာ မာန်မာနများ တက်လာခဲ့သည်။ မည်သူမျှ သူ့လောက် အရေး မကြီး အရေးမပါဟု အထင်ရောက်လာသည်။ ဟုတ်သည်ပဲ။ မြစ်ကြီးကို အမှီပြု၍ အကျိုးစီးပွါး ဖြစ်ထွန်းနေသော သူများ၏ ချီးမွမ်း ထောပနာပြုသံများကလည်း စဲသည်ဟူ၍မှ မရှိသည်ကိုး။ မြစ်ကြီး၏ အပြုအမူ အပြောအဆိုများကလည်း တဖြည်းဖြည်းနှင့် မောက်မာလာသည်။ ကျန်သည့်သူများက ဘာဘဲပြောပြော သူ့ကို လေးစားသင့်သည်၊ လေးစားရမည်၊ ဦးထိပ်ပန်ဆင်ရမည်ဟု ပြောလာသည်အထိ တင်တင်စီးစီး ဖြစ်လာတော့သည်။ သူ့လိုရပ်တည်ချက် ခိုင်ခိုင်မာမာနှင့် အများအကျိုးအတွက် စီးဆင်း ပေးနေသည့် မြစ်ကြီးကို အားလုံးက အလိုက်တသိ မလေးစားထိုက်တော့ ပြီလောဟု ဘေးဝန်းကျင်ကို အမြှင်မပြတ် ပြောနေ သေးသည်။



ထိုအချိန်တွင် မြစ်ကြီးစတင် ဖောက်ဖွားရာ မြောက်ဖက်စွန်း အရပ်မှ မြစ်ငယ်သုံးလေးစင်း ဤသို့ဆိုလာသည်။ သည်မြစ်ကြီး အခုလို ကြီးကြီးမားမား အင်နှင့်အားနှင့် စီးဆင်းနိုင်ဖို့ သူတို့စတင်ခဲ့ခြင်းသာ ဖြစ်သည်။ သူတို့မှ စတင်စီးဆင်း ပေါင်းစည်းပေး လို့သာ ဖြစ်သည်။ သူတိုမရှိခဲ့လျှင် သည်မြစ်ကြီးလည်း မရှိနိုင်၊ ထို့ကြောင့် သူတို့သာ ဤမြစ်ကြီး၏ မူလ ဘူတ ဖန်တီးရှင်များ ဖြစ်သည်ဟု ထောက်ပြလာသည်မှာ ပိုင်စိုးပိုင်နင်း ရှိလှ၏။



ထိုသောအခါ၌ မြစ်ကြီး၏ အထက်ပိုင်း ဒေသအတွင်း အရှေ့ဖက်အရပ်မှ မြစ်ကြီးထဲသို့ ပေါင်းစုံစီးဝင်လာသော မြစ်လတ်နှင့် အနောက်ဖက် အရပ်မှ စီးဆင်းလာသော မြစ်လတ်တို့က ဟားတိုက် ရယ်မောကြသည်။ သူတို့ သဘောထား ကြီးကြီးနှင့် ပေါင်းစပ် ပေးကြောင့်သာ မြစ်ကြီးအခုလို ခန့်ငြားကြီးမားလာရခြင်း ဖြစ်သည်ဟု ပြန်လည်ငြင်းခုန်ကြသည်။ မြောက်ဖက် အရပ်မှ မြစ်ငယ်သုံးလေးစင်းသည် မြစ်ကြီး၏ မူလအစ ဖြစ်ပင်ဖြစ်သော်လည်း အခုလို သူတို့မြစ်လတ်များက ပေါင်းစည်းမှု မပြုဘဲ ကိုယ့်လမ်းကိုယ် ထွင်သွားမည် ဆိုပါက သည်မြစ်ကြီး ဘာဖြစ်သွားမည် ထင်သနည်း ဟုလည်း ရန်တွေ့သလို ဆိုလိုက် သေးသည်။ တကယ်တော့ မြစ်ကြီးတစင်း ဖြစ်လာဖို့ သူတို့က မြစ်လက်တက် နေရာများမှ အရေးပါသော တာဝန် ကို ယူပေး နေသူတွေဖြစ်ကြောင်း ထပ်လောင်းပြောကြား ပြန်သေးသည်။



ဤသို့မြစ်လတ်များ ရန်တွေ့ငေါက်ငန်း ပြောဆို၍ မဆုံးခင် နေပါဦး နေပါဦး ကျုပ်တို့လည်း ပြောပိုင်ခွင့်ရှိလို့ ပြောရဦးမယ်ဟု အသံများ ထွက်လာကြသည်။ တခြားသူများ တော့မဟုတ် မြစ်အောက်ပိုင်း ဒေသများမှ မြစ်ကြီးထဲကို ပုံစံမျိုးစုံဖြင့် စီးဝင်လာ သည့် အခြားမြစ်လတ်များဖြစ်သည်။ သူတို့၏ ပေါင်းစီးပေးမှုကိုလည်း မေ့လျှော့အသိအမှတ် မပြုမှာကို စိုးရိမ်သဖြင့် ကြားဖြတ် ၍ အလုအယက် ဝင်ပြောကြခြင်းပင်။ သည်ကြားထဲမှာမှ သူတကာထက် ပို၍ အထွန့်တက်နေသော မြစ်လတ်များလည်း ရှိသေးသည်။ သူတို့ပြောတာကတော့ မြစ်လတ်များ မြစ်ကြီးထဲသို့ ပေါင်းဝင်စီးဆင်းရာတွင် အရှေ့ဖက်ခြမ်းမှ မြစ်လတ်များ သည် အများစုဖြစ်ကြောင်း အနောက်ဖက်ခြမ်းမှ စီးဝင်လာသည့် မြတ်လတ်မှာ နှစ်စင်းသာ ရှိကြောင်း။ ထို့ကြောင့် အရှေ့ဖက် ခြမ်းမှ မြစ်လတ်များ၏ ထည့်ဝင်မှုကို ပို၍အသိအမှတ် ပြုသင့်ကြောင်း ဖြစ်သည်။



၎င်းနောက် အတော်စောစော ကတည်းက ငြိမ်နေသော ဒေသအသီးသီးမှ မြစ်ငယ်လေးများထံမှ ပူညံပူညံ အသံများ ထွက်လာ သည်။ သည်ကိစ္စသည် မြစ်လတ်များ သက်သက်အတွက် ဂုဏ်ယူရမည်ဆိုလျှင် မတရား။ သူတို့ မြစ်ငယ်ကလေးများ၏ ပူးပေါင်းပါဝင်မှုကို အသိအမှတ် မပြုလိုသည့် သဘောထားလောဟု ကျွဲမြီးတိုသည့် လေသံဖြင့် မကျေမနပ် ဆိုလာကြသည်။ သူတို့တင်ပြ လာသည်ကလည်း စဉ်းစားစရာဖြစ်သည်။ အရှေ့ဖက်ခြမ်းနှင့် အနောက် ဖက်ခြမ်းမှ မြစ်လတ်များ အားလုံး၏ စီးဝင်ပူးပေါင်းမှု အလုံးစုံသည် သူတို့ မြစ်ငယ်ကလေးများ အားလုံး၏ ပူးပေါင်းစီးဝင်မှုနှင့် နှိုင်းစာပါက ရာခိုင်နှုန်းမည်ရွေ့မည်မျှ နည်းပါးနေသေးကြောင်း ထောက်ပြ လေတော့သည်။



သည့်နောက် မထင်မှတ်ဘဲ ခတ်စွာစွာအသံများ နေရာပေါင်း များစွာမှ ထွက်ပေါ် လာပြန်သည်။ တခြားတော့ မဟုတ် ချောင်း ငယ်များ ဖြစ်ကြသည်။ ချောင်းငယ်များကလည်း ဤသို့ဆိုလာသည်။ မြစ်လတ်၊ မြစ်ငယ်များ အနေဖြင့် မြစ်ကြီးထဲသို့ ယခုကဲ့သို့ ပေါင်းစုံစီးဝင်နိုင်ခြင်းမှာ မြစ်လတ်၊ မြစ်ငယ်များဆီသို့ ချောင်းလက်တက်များ အနေဖြင့် သူတို့ပေါင်းဝင်ပေးသော ကြောင့် ဖြစ်သည်။ ကိုယ့်လမ်းကိုယ် သွားကြေးဆိုပါက သူတို့ချောင်းငယ်လေးများ အနေဖြင့် မြစ်လတ်၊ မြစ်ငယ်များဆီသို့ ပေါင်းဝင် စရာမလို။ ထို့အတွက် မြစ်လတ်နှင့်မြစ်ငယ်များ သူတကာထက် ထူး၍ ဂုဏ်မောက် နေသည်မှာ ရယ်စရာပင် ကောင်းသေး သည်ဟု အကွက်ကျကျ ဝင်ထောက်လိုက်ကြသည်။ သဘောတူဟန် မပြသော်လည်း မြစ်ကြီး အပါအဝင် မြစ်လတ်နှင့် မြစ်ငယ် များကား ဘာမှမတုံ့ပြန်နိုင်။



အားလုံး ခေတ္တငြိမ်သက် သွားစဉ် မြောက်များလှစွာသော အသံငယ်ငယ်လေးများ ထွက်ပေါ်လာပြန်သည်။ သူတို့ကား တောင် စဉ် တောင်တန်းများဆီမှ ဆင်းသက်လာသော၊ မရေမတွက် နိုင်လောက်အောင် များပြားလှသော ရေဝေကြောများ၏ ရေဆင်းလေးများ ဖြစ်ကြသည်။ ရေဆင်းလေးများက ဤသို့ဆိုသည်။ သူတို့ ရေဆင်းလေးများက မိုးရေကို စတင်ပို့ဆောင် ပေးသော ကြောင့်သာ ချောင်းတို့၊ စမ်းချောင်းတို့ လက်ဦးဆုံး ဖြစ်တည် လာရခြင်းဖြစ်သည်။ သူတို့လို ရေဆင်းလေးများသာ မရှိပါက ချောင်းဆိုသည်မှာလည်း မရှိနိုင်၊ မြစ်ငယ် မြစ်လတ် မြစ်ကြီးဆိုတာလည်း မရှိနိုင်ဟု အချက်ကျကျ ထောက်ပြလေ တော့သည်။ ထိုအချက်ကို တောင်စဉ်တောင်တန်း များကလည်း ထောက်ခံသည်။ တောင်စဉ်တောင်တန်းများနှင့် ရေဆင်း လေးများသည် ဒင်္ဂါးတပြား၏ ခေါင်းနှင့်ပန်းလို အမြဲယှဉ်တွဲ နေကြောင်းလည်း ထပ်မံ ရှင်းလင်းသေးသည်။ ဤတွင် ချောင်း၊ မြစ်ငယ်၊ မြစ်လတ်နှင့် မြစ်ကြီးတို့အားလုံး ပါးစပ် အဟောင်းသားနှင့် ဘာမှခွန်းတုံ့ မပြန်နိုင်။



အငြင်းအခုန်ပွဲကား မပြီးသေး။ သစ်တောက ဝင်လာ၍ သူ၏ကဏ္႑မှာ ဘယ်လောက် အရေးကြီးကြောင်း အဆိုတင် သွင်းသော ကြောင့် ဖြစ်သည်။ သူတို့ သစ်တောများက ရွာကျလာသော မိုးရေကို သွားလိုရာ သွားဟု လက်လွတ်စပယ် လွှတ်မပေးဘဲ စနစ်တကျ ထိန်းသိမ်း၍ မြေလွှာများမှတဆင့် ရေဝေကြော ရေဆင်းလေးများကို ဖြတ်ခါ ပို့လွှတ်သော ကြောင့် ဤဖြစ်စဉ်ကြီး တခုလုံး ညီညွတ်နေခြင်း ဖြစ်ကြောင်း အထောက်အထားများနှင့် ရှည်လျှားစွာ ရှင်းပြ လေတော့သည်။ အားလုံးကတော့ သစ်တောကို နောက်မှ ရောက်တဲ့သူက မောင်ဦးလုပ်ခြင်သတဲ့လား ဆိုသော အကြည့်များဖြင့် စိမ်းစိမ်းကြီး စိုက်ကြည့် နေကြသည်။ ဒါပေမဲ့ဟု မြစ်ကြီးက အားလုံးကိုယ်စား ပြုသည့်နှယ် ဝင်ထောက်လိုက်သည်။ သစ်တောက အရေးကြီးတယ် ဆိုပေမဲ့ သစ်တောကိုယ်တိုင်က မိုးရွာမပေးနိုင်။ ထို့ကြောင့် ဖြစ်ခြင်းဖြစ် မိုးရေလာရာ ကောင်းကင်ကြီးသာ မူလအခြေခံ ဖြစ်နိုင်သည်ဟု မှတ်ချက်ခြလိုက်သည်။ သို့သော် အားလုံးက ကိုယ်သာအရေးပါသည်ဟု ခံယူနေသောကြောင့် မြစ်ကြီး စကားကို ထောက်ခံမည့်သူ ပေါ်မလာ။



သူ့အကြောင်းနှင့်သူ ယုတ္တိရှိ သလိုလို ဖြစ်ေနေသောကြောင့် ငြင်းခုံပွဲကြီးတွင် ဗိုလ်စွဲသူ မရှိဘဲ အီလည်လည် ဖြစ်နေသည်။ ထိုအချိန်၌ မထင်မှတ်သူ တဦး ဝင်ရောက်ဆွေးနွေးလာသည်။

ထိုသူကတော့ အဝေးမှ ရောက်လာသော ပင်လယ်ကြီး ဖြစ်သည်။ ပင်လယ်ကြီးမှ ဤသို့ရှင်းလင်းသည်။ အမှန်တော့ နေမင်းကြီး၏ အပူရှိန်ကြောင့် သူ၏ပယ်လယ်ရေများ အခိုးငွေ့ပြန်ကာ ကောင်းကင်သို့ တက်ကုန်ကြောင်း၊ သူ၏ ကိုယ်ပိုင် ရေများ ဆုံရံှုးရခြင်းဖြစ်ကြောင်း။ သို့သော် ကံကောင်းသည့် တချက်က ထိုရေငွေ့များသည် လေးလံသော တိမ်ဆိုင်များအဖြစ် အသွင်ပြောင်းသွားပြီး တောင်စဉ်တောင်တန်း များနှင့်ထိတွေ့ရာမှ ရေအဖြစ် မိုးရွာချလိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြ သည်။



သို့သော် သူ့အနေဖြင့် တောင်စဉ်တောင်တန်းများ၊ သစ်တောများ၊ ရေဝေကြောမှ ရေဆင်းများ၊ ကြီးငယ်လတ် မြစ်ချောင်းများ အားလုံးကို အထူးကျေးဇူး တင်ပါကြောင်း။ ကျေးဇူးတင်ရသည့် အကြောင်းကတော့ ကျဆင်းလာသည့် မိုးပေါက်များအား ရေအဖြစ် အဆင့်အဆင့် လက်ဆင့်ကမ်း သယ်ဆောင်ပေး၍ လမ်းတလျောက် တွင်လည်း သက်ရှိ သတ္တဝါပေါင်းစုံ၏ ကောင်းကျိုး ကို ပြုသောကြောင့် ဖြစ်ပါသည်ဟု ရှင်းလင်းပြဆို၏။ ဘာဘဲပြောပြော ပင်လယ်ကြီး အနေဖြင့် သူဆုံးရံှုးခဲ့ရသည့် သူ့ရေများ သူ့ဆီကို ပြန်ရောက်လာစေရန် နေရာအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်သူများ အားလုံးကို အသိအမှတ်ပြု ပါကြောင်း၊ သည်ဖြစ်စဉ်ကြီး အတွက် အားလုံးဟာ မရှိမဖြစ် ရှိနေဖို့လိုကြောင်း၊ ထို့အတွက်လည်း အထူးဂုဏ်ယူပါကြောင်း ပြောကြားရင်း မူလနေရင်းသို့ ပြန်လည် ထွက်ခွါသွားတော့သည်။



ဤတွင် မြစ်ကြီးတစင်း၏ ဖြစ်တည်မှု အစနှင့်အဆုံးကို မျက်ဝါးထင်ထင် တွေ့လိုက်ရပေတော့သည်။


Saturday 29 September 2018

အရက္​မူးသမား

တစ္ခါက အရက္မူးျပီး ကားလမ္းကို မ်ဥ္းက်ားက မကူးဘဲ လမ္းလယ္က ျဖတ္ကူးလို႔
အဖမ္းခံရတဲ့ လူတစ္ေယာက္ တရားရုံးကို ေရာက္လာတယ္။ တရားရုံး ေရာက္ေတာ့
တရားသူၾကီးက တရားခံကို ေမးတယ္။ “ေမာင္မင္း လမ္းျဖတ္ကူးရာမွာ ဘာလို႔
မ်ဥ္းက်ားက မကူးရတာလဲ ”
“ ကၽြန္ေတာ္မ်ဳိး မ်ဥ္းက်ားကို ရွာမေတြ႔လို႔ပါ ”
“မွန္ပါတယ္၊ မ်ဥ္းက်ားက ေတာင္ဘက္မွာ၊ ကၽြန္ေတာ္က ေျမာက္ဘက္ကို လိုက္ရွာမိလို႔ပါ ”
“ ရွာမေတြ႔ ရတာနဲ႕ ကူးေရာလား ”
“ မကူးေသးပါဘူး၊ ကူးမလို႔ ဟန္ျပင္ ေနတုန္းပါ။ အရက္က နည္းနည္းမူးေနေတာ့
ေရွ႕ကိုယုိင္သြားတဲ့ ဆီမွာ မလဲေအာင္ လို႔ ကၽြန္ေတာ္မ်ဳိး ထိန္းရင္း
ႏွစ္လမ္း၊ သုံးလမ္း လွမ္းမိတာပါ။ ကၽြန္ေတာ္မ်ဳိးအမူးလြန္ေနတယ္ ဆုိတာ
အရက္ေရာင္းတဲ့ ကိုေခြး သိပါတယ္။ ကိုေခြးဆုိတာ မစိန္ၾကည္ရဲ႕ ေယာက္်ားပါ၊
မစိန္ၾကည္ရဲ႕ သမၤီး မဂၤလာေဆာင္တုန္းက ကၽြန္ေတာ္မ်ဳိး သြားပါေသးတယ္၊
သူတုိ႔က ”
“ ဒီမွာ ေမးတာကိုပဲ ေျဖပါ။ မ်ဥ္းက်ား မရွိတဲ့ ေနရာက လမ္းျဖတ္ကူးတယ္လို႔
ေမာင္မင္းကို စြဲဆုိထားတယ္ မဟုတ္ဘူးလား ဒါပဲ ေျဖပါ ”
“ ကၽြန္ေတာ္မ်ဳိး မကူးပါဘူး၊ မကူးတဲ့ အေၾကာင္းကို သက္ေသျပေနတာပါ၊
ကိုေခြးဆုိင္မွာ ေသာက္တုန္းက ကို အုန္းေမာင္ ပါ ပါတယ္။ ကၽြန္ေတာ္မ်ဳိး
မူးရင္း ေရွ႕ကို ေလးငါးလွမ္း ယုိင္တတ္တယ္ ဆုိတာ သူသိပါတယ္။
ကၽြန္ေတာ္မ်ဳိးနဲ႕ ကိုအုန္းေမာင္နဲ႕ ငါးမွ်ားတုန္းက အဲသလို
ယုိင္ဖူးပါတယ္။ ေတာင္သမန္သြား ငါးမွ်ားတာပါ။ အဲဒီနားက ဘုန္းၾကီးေက်ာင္းက
ဆရာေတာ္ ဦးပညာေက်ာင္းမွာေတာင္ ငွက္ေပ်ာသီး ေတာင္းစားပါေသးတယ္။ သူ႔
ေက်ာင္းေဘးက သီးပင္ၾကီးဆုိရင္ အလြန္ခ်ဳိပါတယ္ ”
တရားသူၾကီးမွာ စိတ္မရွည္ေတာ့-
“ ဒီမွာေမာင္မင္း၊ ၀န္ခံလိုက္ရင္ ဒဏ္ေငြ ငါးဆယ္ပဲ ရုိက္မွာ ဘယ္ေလာက္မွ
အျပစ္ၾကီးတာလဲ မဟုတ္ပါဘူး။ ေၾကာက္စရာလဲ မလိုပါဘူး ”
“ ကၽြန္ေတာ္မ်ဳိး မေၾကာက္ပါဘူးဘုရား၊ ဆင္ျဖဴကန္ သခၤ်ဳိင္းမွာ ေတာင္
တစ္ေယာက္တည္း အိပ္လာခဲ့ေသးတယ္။ လူရႊင္ေတာ္ကိုဒီပါ သိပါတယ္။ သူက ကိုေရႊဆီက
အမဲအူျပဳတ္ ယူလာတာကို သခၤ်ဳိင္းထဲမွာ သြားစားရဲရင္ အၾကီးတစ္လုံး ေပးမယ္
ဆုိတာနဲ႕ သြားစားတာပါ၊ ေတာ္ရုံတန္ရုံနဲ႕ ဆုိ သြားစားရဲဖုိ႔ မလြယ္ပါဘူး၊
ကၽြန္ေတာ္မ်ဳိး သူငယ္ခ်င္း တတ္တူဆုိ ညေမွာင္တာနဲ႕ အိမ္ျပင္ေတာင္
မထြက္ရဲပါဘူး၊ ဒါနဲ႕ အရွင္က ဘယ္အရပ္ကလဲ ၊ တတ္တူ တုိ႔ အိမ္နဲ႕မ်ား
နီမလားလို႔...လို႔ ...”
တရားသူၾကီး က စိတ္ပ်က္စြာနဲ႕
“ ေမာင္မင္း စကားေတြ အမ်ားၾကီး မေျပာပါနဲ႕ ”
“ အရွင္ဘုရားေမးလို႔ ေျပာတာပါဘုရား ”
“ေမးတာကို ေမးတာပဲ ေျဖပါ၊ ေမာင္မင္း လမ္းျဖတ္ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ္းထိပ္က ေရခဲေရသည္ ေမးၾကည့္ပါဘုရား၊ သူ
ကၽြန္ေတာ္မ်ဳိးကို ေကာင္းေကာင္းၾကီးသိပါ္တယ္။ ကၽြန္ေတာ္မ်ဳိး
ေန႔တုိင္းသူဆီက ေရခဲေရ ေသာက္ေနက်ပါ။ သူ႔ေယာကၡမ ဆုိက္ကားနင္းပါတယ္။
ကေလးသုံးေယာက္ နဲ႕ ၊ သူ႔ႏွမက မုိက္တယ္ဘုရား၊ ထမင္းအုိးၾကီးကို
ေပါင္စားပစ္တယ္၊ ခုေတာ့ ေျမအိုးနဲ႕ ခ်က္ေနရတယ္ ”
တရားသူၾကီးသည္ သက္ျပင္းခ်လိုက္ျပီး အိတ္ထဲမွ ပိုက္ဆံကို ႏႈိက္ကာ
ေငြငါးဆယ္ကို စုိက္၍ ဒဏ္ေဆာင္လိုက္သည္။ ျပီးေတာ့မွ တရားခံကို ထြက္သြားရန္
ေျပာလိုက္ေလေတာ့သတည္း။

Unicode
#######
တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့
အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့
တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့
မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့
ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း
နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ
အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊
မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊
သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့
မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊
ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။ ကျွန်တော်မျိုး
မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်။
ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို
ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့
ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ
အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင်
တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တော်ကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက
အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်
ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင်
မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ
နီမလားလို့...လို့ ...”
တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေးကြည့်ပါဘုရား၊ သူ
ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပါ်တယ်။ ကျွန်တော်မျိုး
နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။
ကလေးသုံးယောက် နဲ့ ၊ သူ့နှမက မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို
ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ
ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန်
ပြောလိုက်လေတော့သတည်း။
      
      


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အေၾကာင္းအမ်ိဳးေၾကာင့္ဆက္သြယ္လိုလွ်င္.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform