စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 11 June 2016

Everyday, Every day နှင့် Daily တို့ကြား ဘာများကွာခြားနေသလဲ

Everyday, Every day နှင့် Daily တို့ကြား ဘာများကွာခြားနေသလဲ
......................................
တူသလို မတူသလို ဘာလိုလို ဖြစ်နေတဲ့ စကားလုံးလေးတွေရဲ့ ကွားခြားချက်ကို မေးမြန်းထားတဲ့အတွက် နှိင်းယှဉ်တင်ဆက်လိုက်တာဖြစ်ပါတယ်
.
(1) Everyday (adj) နေ့စဉ် ၊ ဖြစ်ရိုးဖြစ်စဉ် ၊ ပုံမှန်
(နေ့စဉ်ဆိုတဲ့ အသုံးအနှုန်း ဝေါဟာရအဖြစ်သာယူပြီး အဓိပ္ပါယ်အားဖြင့်က ဖြစ်ရိုးဖြစ်စဉ်သဘော ၊ ပုံမှန်သဘော တို့ကို ယူရမှာဖြစ်ပါတယ် (Everyday is an adjective. You use it to describe something that is normal in any way.)
.
Telephones become a part of everyday life for most people.
လူအများစုအတွက် တယ်လီဖုန်းတွေက နေ့စဉ် (ပုံမှန်) ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်
..................................
(2) Every day (adv phr) နေ့တိုင်း ၊ ဘယ်နေ့ဖြစ်ဖြစ် ၊ တစ်နေ့မပျက်
.
ဒီ Adverb phrase မှာကျမှ နေ့တိုင်း ၊ တစ်နေ့ချင်း ၊ ဘယ်နေ့ဖြစ်ဖြစ် ဆိုတဲ့သဘောကို ယူရမှာဖြစ်ပါတယ်
(Every day is an adverbial phrase. If something happens every day, it happens regularly each day.)
.
I get up at six every day.
ကျနော် နေ့စဉ်နေ့တိုင်း (ဘယ်နေ့ဖြစ်ဖြစ်) ၆ နာရီမှာ အိပ်ယာက ထပါတယ်
...........................................
အထက်က မတူတဲ့ စကားလုံး စကားစု နှစ်ခုကို ဒီတစ်ခုက ဆွဲယူလွမ်းမိုးလိုက်ပါတယ် ၊ သူကတော့ နှစ်မျိုးသုံးလို့ ရပါတယ်
(3)
Daily (adj) = Everyday
Daily (adv) = Every day
..
(3.1) Their daily wages barely covered thier living costs. (adj)
သူတို့ရဲ့ နေ့စဉ်(ပုံမှန်)လုပ်ခတွေဟာ သူတို့ရဲ့ လူနေမှုစရိတ်ကို ကာမိရုံမျှသာ ရှိပါတယ်
(ပုံမှန်လုပ်ခက ကာမိရုံမျှ ရှိမယ် ၊ နေ့တိုင်းဆိုတဲ့သဘောကို ပြောချင်တာမဟုတ်ဘူး ၊ ပုံမှန်သဘောကိုပဲ ပြောချင်တာ)
.
(3.2) Take the tablets twice daily. (adv)
ဆေးပြားတွေကို နေ့စဉ်နေ့တိုင်း (တစ်နေ့မပျက်) နှစ်ကြိမ်စီသောက်ပါ
.
အနှစ်ချုပ်မှတ်စေချင်တာက
...............................
everyday သည် adjective
every   day သည် adverb
daily သည် adjective, adverb နှစ်မျိုးရ
.................................
ဝေါဟာရများ
.
barely (adv) မျှသာ ၊ ရုံမျှသာ
wage (n) နေ့စားလုပ်ခ ၊ နာရီစားလုပ်ခ
living cost လူနေမှုစရိတ်
ကျန်ဝေါဟာရများကို အဘိဓါန်တွင်ကြည့်ပါ
.
မေတ္တာဖြင့် <3
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf



ShweAeimSi

English Speaking Basics (1)

English Speaking Basics (1) အင်္ဂလိပ်စကားပြော အခြေခံများ (၁)
▬▬▬▬▬▬▬▬▬▬▬▬▬
အင်္ဂလိပ်စကားပြောကို အခြေခံကစပြီး လေ့လာလိုသူတွေအတွက် ဖြစ်ပါတယ် ၊ သိပြီးသားတွေအတွက် လွယ်နေမှာပါ .. နောက်ပိုင်းမှာတော့ တဖြည်းဖြည်းချင်း ခက်သွားမှာပါ .. ဒါပေမယ့် သေသေချာချာ လေ့လာမယ်ဆိုလျင် မခက်တော့ပဲနဲ့ လှလှပပ သုံးတတ်ကြမှာပါ ..
………………………………
I’m
……….
I’m + adj
(1) I’m happy. ကျနော် ပျော်တယ်
(2) I’m nervous. ကျနော်စိတ်ရှုပ်ထွေးတယ်
ဒါတွကျ (-ed ) ပါတယ် ed ပေါင်းတဲ့ adj စာလုံးတွေဖြစ်လို့ သီးခြားမှတ်ရတဲ့ စာလုံးမျိုးတွေဖြစ်ပါတယ်
(3) I’m confused. ကျနော် ဝေခွဲမရရှုပ်ထွေးတယ်
(4) I’m excited. ကျနော်စိတ်လှုပ်ရှားတယ်
………………….
** အထူးပြုတဲ့စကားလုံးလေးတွေ ထပ်ထည့်လို့ရပါတယ် .. Adj ရှေ့မှာ Adv လေးတွေ ထပ်ထည့်လိုက်ပါ ၊ မှတ်လိုက်ပါ တချို့သော adv တွေဟာ adj ကိုလည်း အထူးပြုနိုင်ပါတယ်..
(5) I’m (very) happy. ကျနော် သိပ်ပျော်တယ်
(6) I’m (extremely) tired. ကျနော် အလွန်အမင်း ပင်ပန်းတယ်
(7) I’m (super) excited. ကျနော် အရမ်းအရမ်း စိတ်လှုပ်ရှားပါတယ် (ဒီစကားလုံးကို နမူနာကြည့်ပါ တိုတိုလေးပဲ ဒါပေမယ့် သူက ပြောရိုးပြောစဉ်ထက် ပိုလှသွားပါပြီ )
…………………………..
I’m + Ving
(or)
I’m + Ving + Obj
.
(8) I’m crying. ကျနော်ငိုနေတယ်
(9) I’m reading newspaper. ကျနော်သတင်းစာဖတ်နေတယ်
** V မှာ-ing ပေါင်းတိုင်း “နေတယ်” ဆိုတဲ့ အဓိပ္ပါယ် အသေမမှတ်ပါနဲ့ အနာဂါတ်အတွက် ရည်ရွယ်ပြီး ပြောတာတွေလည်း ရှိသေးတယ် .. အလွန်နီးကပ်တဲ့ အချိန်ကိုရည်ညွှန်းဖို့ ၊ စီစဉ်ပြီးသားဖြစ်လို့ သေချာနေတဲ့ အကြောင်းအရာ တွေအတွက်လည်း သုံးပါတယ်
(10) I’m leaving tomorrow. မနက်ဖန် ကျနော်သွားတော့မယ် (သေချာတယ် ၊ လက်မှတ်ဝယ်ပြီးပြီ)
(11) I’m leaving now. ကျနော်အခုပဲသွားပြီ (မတ်တပ်ထပြီးရပ်နေပြီ)
(12) He isn’t working next week. သူနောက်တစ်ပတ်မှာ အလုပ်လုပ်တော့မှာ မဟုတ်ဘူး ( အလုပ်ထွက်ဖို့ ပြောပြီးနေပြီ)
……………………..
I’m + Prepositional Phrase
I’m နောက်မှာ ၀ိဘတ်စကားစုလေးတွေ လိုသလို ဖြည့်လို့လည်း ရသေးတယ်
(13) I’m from Mandalay. ကျနော် မန္တလေးကပါ
(14) I’m in the office at the moment. အခုလောလောဆယ် ကျနော် ရုံးမှာ ရှိပါတယ်
………………………….
အသက်အရွယ်ကို ပြောမယ်ဆိုလျင်တော့
(15) I’m twenty three years old. ကျနော် အသက် ၂၃ နှစ်ပါ
ဒီပုံစံတွေအပြင် ..နောက်ထပ် ပြောလို့ရတဲ့ ပုံစံလေးတွေလည်း ရှိဦးမှာပါ ၊ ဆက်လက်လေ့လာလိုက်ပါ ..
ကဲ ကျနော့် ဦးနှောက်မှာ မှတ်သားထားခဲ့သမျှ တွေထဲက အညွန့်အဖူးလေးတွေကို လက်ဖက်ညွန့်ခူးသလိုခူးပြီး စေတနာတွေပေါင်းလို့ တင်ပေးလိုက်ပါတယ် ..ဆက်လက်ရေးသားမှာ ဖြစ်ပါတယ် ။
……………………………..
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf


ရယ်စရာဟာသ မက်ဆေ့

ရယ်စရာ ဟာသ message လေးတွေပါ.. :P  :P
...........................................
A message from the neighbour (အိမ်နီးချင်းဆီက message တစ်စောင်)
………………………………………..
Sorry sir, I am using your WIFE.
စိတ်မကောင်းပါဘူးဆရာ ၊ ကျနော်ဆရာရဲ့ WIFE ကို အသုံးပြုနေပါတယ်
I am using day and night.
ကျနော်နေ့ရော ညပါ အသုံးပြုနေပါတယ်
I am using when u r not present at home.
ခင်ဗျား အိမ်မှာမရှိတဲ့အချိန် ကျနော် သုံးနေပါတယ်
In fact I am using more than U R using.
တကယ်တော့ ခင်ဗျားသုံးတာထက် ပိုပြီးတော့ ကျနော်သုံးနေပါတယ်
I confess this because now I feel very much guilty.
ကျနော် ဒါကို ၀န်ခံပါတယ် ဘာကြောင့်လဲဆို အခု ကျနော်မှာ အပြစ်ရှိတယ်လို့ ခံစားမိပါတယ်
Hope U will accept my sincere apology.
ကျနော့်ရဲ့ ရိုးသားတဲ့ တောင်းပန်မှုကို ခင်ဗျားလက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်

He went home and had a big fight with his wife.
သူအိမ်ပြန်ပြီး သူ့မိန်းမနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့ပါတယ်
Few minutes later he received another message.
မိနစ်အနည်းငယ်အကြာမှာ သူဟာ တခြား message တစ်စောင် ထပ်ရခဲ့ပါတယ်
Sorry Sir, miss spelling
စိတ်မကောင်းပါဘူးဆရာ ၊ စာလုံးပေါင်း မှားသွားလို့ပါ
It's not WIFE Sir, but WIFI.
အဲဒါ WIFE မဟုတ်ပါဘူးဆရာ ၊  WIFI ပါ ..
…………………
ဝေါဟာရများ
.
Confess (v) ၀န်ခံသည်
Guilty (adj) အပြစ်ရှိသော
Sincere (adj) ရိုးသားမှုရှိသော ၊ ဟန်မဆောင်သော
Apology (n) တောင်းပန်ခြင်း ၊ တောင်းပန်မှု
Apologize (v) တောင်းပန်သည် 
…………..
ပြုံးပျော်နိုင်ကြပါစေ
..
မေတ္တာဖြင့် <3

မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf

Posted via Blogaway


Business Letter

Reference for Business Letter

Business letter ရေးချင်တဲ့သူများ ၊ လေ့လာလိုသူများအတွက် Business Letter စာအုပ်တချို့ကို တင်ပေးဖို့ စိတ်ကူးမိပါတယ် ၊ တကယ်ရေးနေတဲ့သူတွေကလည်း မှီငြမ်းကြည့်ရှုစရာ resource (ရင်းမြစ်) တွေ များများရှိလေ ကောင်းလေပါပဲ ၊ Business Letter စာအုပ်တွေဟာ Grammar စာအုပ်တွေထက် ပိုပြီး ရှားပါး ပါတယ် ၊ ဒါပေမယ့် လုပ်ငန်းထဲမှာတော့ တကယ်ကို အသုံးဝင်ပါတယ် ၊ ကျောင်းမှာ letter writing သင်တဲ့အခါ Social letter တွေ အပြင် business letter writing ကို ထည့်သွင်းပြီး သင်သင့်တယ်လို့ ထင်မိပါတယ် ။ အထူးသဖြင့် နိုင်ငံခြားနဲ့ ဆက်သွယ်နေတဲ့ အလုပ်မှာ လုပ်ကိုင်နေသူများ ၊ လုပ်ဖို့ရည်ရွယ်သူများကတော့ လေ့လာဖို့ အမှန်လိုအပ်ပါတယ်.. ကျနော်ကတော့ သိသမျှ ၊ ရှိသမျှ ကို ဆက်ပြီး မျှဝေနေဦးမှာပါ ..
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Business Letters for Busy People ဆိုတဲ့ စာအုပ်လေးပါ ။

εïз * æ ♂ ♀ ♥ ♠ ♣ ♪ ♫ ﻬ ♬ ♡ ☆ ★  ۞ ➈ ❤ ✈ ↔ ↕ • ● ° ¤ ๑ ღ « » ™ ® ©

Posted via Blogaway


အင်္ဂလိပ် သင်ခန်းစာ ၁၀၀ Level (2) Lesson (41

အင်္ဂလိပ် သင်ခန်းစာ ၁၀၀
..................................
Level (2) Lesson (41)
.......................................
အစားအစာကအရသာရှိတယ်
.........................................
Patrick: စားစရာက ဘယ်လို နေသလဲ
How do you like the food? 

Diane: အရမ်း အရသာ ကောင်းတယ်။ မင်းချက်တာလား
It tastes really great. Did you cook it? 

Patrick: အင်း၊ ဒီညနေ ချက်တာ။ ထပ်ယူပါအုံးလား
Yes. I made it this afternoon. Would you like some more? 

Diane: အိုကေ။ နဲနဲ ပဲ။ ဝနေပြီ။
OK, just a little though. I'm really full. 

Patrick: အိုး။ အဲဒါ ဆိုရင် အရည်သောက် ယူမလား
Oh. Would you like some soup instead? 

Diane: ဘယ်လိုမျိုးလဲ
What kind is it? 

Patrick: ခရမ်းချဉ်သီးနဲ့ ဆန်၊ အရင်က သောက်ဖူးလား
Tomato and rice. Have you had that before? 

Diane: ဟင့်အင်း။ ပထမဆုံးပဲ။ ဘယ်လို အရသာ ရှိသလဲ
No. This is my first time. How does it taste? 

Patrick:ကောင်းတယ်။ သောက်ကြည့်ပါ။ ဘယ်လိုထင်သလဲ
It's good, try it. What do you think? 

Diane: ဝေါင်း။ ကောင်းတယ်။ မင်းချက်တာလား
Wow. It is good. Did you make that also? 

Patrick: အင်း။
Yes. 

Diane: အရမ်းတော်တဲ့ စားတော်ကဲပဲ။
You're a really good cook. 

Patrick:ကျေးဇူးပဲ။ နောက်တခေါက်မှာ ကြက်သား ဟင်းရည် ချက်မယ်။
Thanks, next time I'll make chicken soup for us. 

Diane: ကောင်းပုံရတယ်။ ဟင်းချက်နည်း ကျောင်းမှာ သင်ခဲ့တာလား
That sounds good. Did you study cooking in school? 

Patrick: ဟင့်အင်း။ ကိုယ့်ဘာသာ လေ့လာတာ။ ဟင်းချက်နည်း စာအုပ်ကောင်းရှိတယ်။ အချိန်ရ ရင် ဖတ်တယ်။
No, I learned by myself. I have a good cook book that I read when I have time.
........................................
All credit goes to englishspeak.com
Direct link >> http://www.englishspeak.com/my/english-lessons.cfm
Internet connection ကောင်းသူများတွက်  မူရင်း link မှာ အသံပါ နားထောင်လို့ရပါတယ်ခင်ဗျာ
.
မေတ္တာဖြင့် <3
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Posted via Blogaway


English Speaking - Business Expressions (3)

English Speaking  -  Business Expressions (3)
…………………………….
(21) I’m not free until 6.
ကျနော်က ၆ နာရီ မတိုင်မီ အထိ မအားပါဘူး
6 시 이후에나 시간니 납니다.
.
(22) Is one o’ clock okay for you?
၁ နာရီထိုး မှာဆို ခင်ဗျားအတွက် အဆင်ပြေမလား
1시는 괜찮은가요?
.
(23) I am sorry but I can’t.
စိတ်မကောင်းပါဘူးဗျာ ၊ ကျနော် မရပါဘူး ( ချိန်းဆိုချက်ပေးလို့ )
미안하지만 안되겠어요.
.
(24) I have a lunch date.
ကျနော့်မှာ နေ့လည်စားစာဖို့ ချိန်းထားတာတစ်ခု ရှိပါတယ်
점심 약속이 있습니다.
.
(25) I am sorry I broke my appointment with you.
စိတ်မကောင်းပါဘူးဗျာ ခင်ဗျားနဲ့ ချိန်းဆိုထားတာကို ကျနော်ဖျက်ခဲ့ပါတယ်
약속을 어겨 미안하니다.
.
(26) It slipped my mind.
ကျနော် အတွေးချော်သွားခဲ့ပါတယ် (အမှတ်တမဲ့နဲ့ မေ့သွားခဲ့ပါတယ်)
감박 했어요.
.
(27) Let’s make it some other time, then.
ဒါဆို တစ်ခြား အချိန်တစ်ခုမှာ အဲဒါကို (ချိန်းဆိုချက်) လုပ်ကြပါစို့
그럼 다음에 하죠.
.
(28) Let’s change our appointment.
ကျနော်တို့ ချိန်းဆိုချက် ကို ပြောင်းကြစို့ရဲ့
약속을 변경합시다.
.
(29) Something urgent came up.
အလျင်အမြန် (လုပ်စရာ) တစ်ခုခု ပေါ်လာခဲ့ပါတယ်
   급한 일이 생겼어요.
.
(30) I’ll be expecting you.
ကျနော်ခင်ဗျားကို စောင့်မျှော်နေပါ့မယ် (တစ်ခုခု လုပ်ပေးဖို့)
기다리고 있겠습니다.
………………………………………………………….
ပျော်ရွှင်ကြပါစေ..
.
မေတ္တာဖြင့် <3
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf


Posted via Blogaway


ကျနော် သေချာမသိခဲ့ရသော between နဲ့ among တို့ရဲ့ သုံးစွဲပုံများ

ကျနော် သေချာမသိခဲ့ရသော between  နဲ့ among တို့ရဲ့ သုံးစွဲပုံများ
..........................................................................
(1) Between two: We say that something is between two  people,  things,  or groups of things.
လူနှစ်ယောက် ၊ အရာဝတ္ထုနှစ်ခု ၊ ပစ္စည်းဝတ္ထုများအုပ်စုနှစ်စု တို့ကြားမှာရှိကြောင်းပြဖို့အတွက် between ကိုသုံးပါတယ် ။
.
(1.1) She  was standing BETWEEN Alice and Mary.
သူမက အဲလစ်နဲ့ မေရီရဲ့ ကြားမှာရပ်နေခဲ့ပါတယ် ။
.............................................................................
(2) Between is often used to talk about distances or intervals.
Between ကို အကွာအဝေးနဲ့ ကြားကာလအတွက် မကြာခဏ သုံးပါတယ် ။
.
(2.1) We  need  two  metres  BETWEEN  the  windows.
တံခါးပေါက်တွေရဲ့ကြားမှာ အကွာအဝေး နှစ်မီတာ ရှိဖို့လိုအပ်ပါတယ်
.
(2.2) I’ll be at  the office BETWEEN  nine and eleven.
ကျနော်က ၉ နာရီ နဲ့ ၁၁ နာရီ ကြားအချိန် ရုံးမှာရှိပါလိမ့်မယ်
............................................................................................
(3) Between is common before  each.
each ရဲ့ရှေကမှာတော့ between က သုံးနေကျဖြစ်ပါတယ်
.
There  seems  to  be  less and less  time BETWEEN  each  birthday.
မွေးနေ့ တစ်ခုချင်းစီရဲ့ ကြားမှာ အချိန် ပို..ပိုပြီးနည်းသွားတယ်လို့ ထင်ရပါတယ်
...........................................................................................
(4) Between or  among more than two
နှစ်ခုထက်ပိုတာတွေအတွက် between (သို့) among ဘယ်လိုသုံးမလဲ
..
We usually say that somebody or something is between several clearly separate
people or things. We prefer  among when somebody or something is in a group,
a crowd or a mass of people or things which we do  not see separately.
ရှင်းရှင်းလင်းလင်း ကွဲပြားပြီး ရှိနေတဲ့ လူ ၊ အရာဝတ္ထု တွေရဲ့ ကြားမှာဆိုလျှင် “နှစ်ခုထက် ပိုစေကာမူ” between ကို သုံးပါတယ် ။  သီးခြား ကွဲကွဲပြားပြား မမြင်ရတဲ့ အုပ်စုတစ်ခုအတွင်း ၊ လူအုပ်အတွင်း ၊ အရှုပ်အထွေးအတွင်းမှာရှိနေတဲ့ တစ်စုံတစ်ဦး (သို့) တစ်စုံတရာ အတွက် among ကို သုံးပါတယ်
(နမူနာဝါကျမှာ ရှင်းအောင် ဆက်ရှင်းပါမယ် ..)
..
Compare: နှိင်းယှဉ်ကြည့်ပါ
..
(4.1)  Our house  is  BETWEEN  the  wood,  the river and  the village.
ကျနော်တို့ အိမ်က သစ်တော ၊ မြစ်နဲ့ ရွာတို့ရဲ့ ကြားမှာရှိပါတယ်
(ဒီမှာဆိုလျှင် နှစ်ခုထက် ပိုနေတာကို တွေ့ရပါမယ် ၊ သို့သော်လည်း သစ်တော ၊ မြစ် ၊ ရွာ တို့ဟာ အမျိုးအစားလည်း မတူတဲ့အတွက် ရောနှောရှုပ်ထွေးခြင်း မရှိပဲ သီးခြားစီ ဖြစ်နေတာကို တွေ့ရပါမယ် ။ နှစ်မျိုး နှစ်ခုထက် ပိုစေကာမူ သီးခြားတည်ရှိနေလျှင် between ကိုပဲ သုံးပါတယ်)
.
(4.2) His  house is  hidden  AMONG the  trees.
သူ့အိမ်က သစ်ပင်တွေကြားမှာ ပုန်းကွယ်နေတယ်
(ဒီမှာဆိုလျှင် အမျိုးအစားတူတဲ့ သစ်ပင်တွေဟာ ရှုပ်ထွေးနေတဲ့အတွက် among ကိုသုံးပါတယ်)
.
(4.4) Your  letter  is somewhere AMONG all  these papers.
ခင်ဗျားရဲ့ စာက ဒီစာရွက်တွေအားလုံးရဲ့ကြား တစ်နေရာရာမှာ ရှိနေပါတယ်
( အမျိုးတူ စာရွက်တွေဟာ ရှုပ်ထွေးနေတဲ့ သဘောဖြစ်ပါတယ် ၊ ဒါကြောင့် among ကို သုံးပါတယ်)
.............................................................................................
(5) We can talk about dividing or  sharing things between or  among more than two
people or groups.
လူနှစ်ဦးထက်ပိုသူတွေ (သို့) အုပ်စုနှစ်စုထက် ပိုတဲ့ အုပ်စုတွေကြားမှာ ခွဲခြမ်းဝေမျှတဲ့အခါ between ဖြစ်စေ among ဖြစ်စေ သုံးနိုင်ပါတယ် ။ နှစ်မျိုးလုံးရပါတယ် ။
..
(5.1) He divided all his money BETWEEN/AMONG his children  and grand children.
သူ့ရဲ့ငွေကြေးအားလုံးကို သားသမီးတွေနဲ့ မြေးတွေအတွက် ခွဲခြမ်းဝေမျှပေးခဲ့ပါတယ်
.
(5.2) We shared the work BETWEEN/AMONG the five of us.
ကျနော်တို့ ငါးယောက်ကြားမှာ အလုပ်တာဝန် ခွဲဝေခဲ့ကြပါတယ်
...
(6) We normally use between after difference.
difference ရဲ့နောက်မှာတော့ between ကိုပဲ သုံးပါတယ်
.
(6.1) There are enormous DIFFERENCES  BETWEEN  languages.
ဘာသာစကားတွေရဲ့ ကြားမှာ ဧရာမ ကွဲပြားခြားနာမှုကြီးတွေ ရှိပါတယ်
.
(6.2) What's  the DIFFERENCE  BETWEEN ‘between'  and ‘among’?
between နဲ့ among ကြားက ကွားခြားမှုက ဘာပါလဲ
..................................
(7) Among can mean  ‘one of,  ‘some of’  or ‘included in’.
Among ဟာ “ ..ထဲက တစ်ခု/တစ်ဦး” “ ...ထဲက တစ်ချို့” “ ..ထဲမှာ အပါအ၀င်” လို့ အဓိပ္ပါယ်ရပါတယ်
...
(7.1) AMONG the first to arrive  was  the ambassador.
ပထမဦးဆုံးရောက်ရမည့်သူတွေထဲက တစ်ဦးဟာ သံအမတ်ကြီး ဖြစ်ပါတယ်
..
(7.2) He  has a  number of criminals AMONG his friends.
သူ့မှာ သူငယ်ချင်းတွေနဲ့အတူပါဝင်ပြီးတော့ ဥပဒေနဲ့ ငြိစွန်းမှုများစွာ ရှိပါတယ်
(သူငယ်ချင်းတွေ လုပ်တာကို သူကပါဝင်ပတ်သက်နေတာ)
..................
Tip : သတိရဖို့က နှစ်ခုထက်ပိုသော်လည်း သီးခြားစီ ကွဲပြားတည်ရှိနေလျှင် အလွယ်တကူ ခွဲခြားလို့ရလျှင် between ကိုသုံးပါ..
...
Source : Oxford Practical English Usage
(ဘာရေးရမလဲ တွေးတိုင်း အဲဒီစာအုပ်ထဲကနေ ရှာဖွေဖြစ်နေလို့)
...
မေတ္တာဖြင့် <3
မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf

Posted via Blogaway


Think about နဲ့ Think of .. နဲနဲတော့ ကွာပါတယ

Think about နဲ့ Think of .. နဲနဲတော့ ကွာပါတယ်
...............................................
ဒီနှစ်ခုက နှစ်မျိုးလုံးတွေ့ဖူးပြီး စကားလုံးမတူတာကို သတိထားမိတဲ့အခါ ဘယ်ဟာအမှန်လဲလို့ ဒွိဟပွားစရာ ရှိပါတယ် .. ဒါကြောင့် အချက်အလက်လေးတွေ ရှာဖွေတင်ဆက်လိုက်ပါတယ်
..
(1) Think about ဟာ consider  ဆင်ခြင်တွေးတောသည် ၊ concentrate on အာရုံစူးစိုက်သည်.. ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်
Think about ဟာ ဦးနှောက်ကနေ သက်ဆိုင်ရာ အချက်အလက်တွေကို  deep and analytical နက်နက်ရှိုင်းရှိုင်း စိစစ်တွေးတောတာ ဖြစ်ပါတယ်
.
(2) Think of ကတော့ remember သတိရသည် ၊ imagine စိတ်ကူးသည် ၊ come into thought အတွေးထဲဝင်လာသည် ဆိုတဲ့အဓိပ္ပါယ်တွေ ရပါတယ်
Think of ကတော့ နက်နက်ရှိုင်ရှိုင်းတွေးစရာ မလိုပဲနဲ့ အလိုအလျောက် ခံစားသိကနေ ရလာတဲ့ feeling ဖြစ်စေ  brief opinion ထင်မြင်ချက် သဘောဖြစ်စေ  ဖြစ်ပါတယ်
နမူနာဝါကျလေးတွေကို ကြည့်ပြီးတဲ့အခါ ရှင်းလင်းသွားမှာပါ
………………………….
(1) A. What should we do?
ကျနော်တို့ ဘာလုပ်သင့်လဲ
….. B. I don't know. Let's think about it.
ကျနော် မသိပါဘူး ၊ ကျနော်တို့ စဉ်းစားကြည့်ကြပါစို့ ။
(ဘာတွေ လုပ်သင့်သလဲဆိုတာ စိစစ်တွေးတောတဲ့ သဘောပါ ၊ ဦးနှောက်ရဲ့ အလုပ်ပေါ့)
..
(2) I think of my mom whenever I feel sick.
နေမကောင်းတဲ့ အခါတိုင်း အမေ့ကို သတိရတယ်
(ဒါက အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောပါ)
.
(3) I am thinking about what you said.
ခင်ဗျားပြောတာကို ကျနော်စဉ်းစားနေပါတယ်
(အမှန်အကန်လား ညာနေတာလား ..စသည်)
..
(4) I am thinking about whether or not to marry her.
ကျနော်သူ့ကို လက်ထပ်မလား လက်မထပ်ဘူးလား စဉ်းစားနေပါတယ်
(ဦးနှောက်နဲ့ စိစစ်တွေးတောနေတာ)
..
(5) I was thinking of her for weeks.
ကျနော်သူ့ကို သီတင်းပတ်အတော်ကြာ သတိရနေတယ်
( ကောင်မလေးအကြောင်းက မတွေးပဲနဲ့ ခေါင်းထဲ အလိုလို ရောက်နေတာ ၊ စိုးမိုးနေတာ.. နှလုံးသား ခံစားမှုကြောင့် ဆိုတဲ့သဘော)
..
(6) I think of you when I'm lonely.
ကိုယ်အထီးကျန်တဲ့ အချိန်မှာ မင်းကိုသတိရပါတယ်
..
Think about သည် ဦးနှောက်.. think of သည် နှလုံးသား ၊
Think about သည် ကိုယ်တိုင်တွေး .. think of သည် အလိုလိုရောက် ၊ အဲလို ကောက်ချက်ဆွဲပြီးတဲ့နောက်..
Think of မှာ တွေးသူဟာ တွေးရတဲ့ အလုပ်ကို နှစ်ခြိုက် ကျေနပ်တဲ့သဘောရှိတယ် ၊
think about မှာတော့ ကျေနပ်ချင် ကျေနပ်မယ် မကျေနပ်ချင် မကျေနပ်ဘူး ဆိုတဲ့ သဘောရှိပါတယ်တဲ့
…………………
A. What do you think about media ethic in Myanmar?
မြန်မာနိုင်ငံက စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ယူဆပါသလဲ
(မီဒီယာကျင့်ဝတ်ကို ဘယ်လိုမြင်လဲလို့ အသေးစိတ်မေးတာမျိုး)
B. There are so many things to be changed to abreast the world.
ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိပါတယ်
.
A. What do you think of media ethic in Myanmar?
မြန်မာနိုင်ငံက စာနယ်ဇင်းကျင့်ဝတ်ကို ဘယ်လို ထင်မြင်မိပါသလဲ
(စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတဲ့ ခံစားချက် ၊ ထင်မြင်ချက်ကို မေးလိုက်တာမျိုး ၊ အသေးစိတ် သဘောမဟုတ်ဘူး)
B. It is not so bad.
သိပ်မဆိုးပါဘူး
..
..  Think about က အသေးစိတ်နဲ့ think of အကြမ်းဖျဉ်းခံစားမှု စသည်ဖြင့် အဲဒီလိုလည်း ကွဲပြားတယ်လို့ ဆိုပါတယ်
……………..........
I think about you. ဆိုတာက ..မင်းဘာကောင်လဲ လို့ တွေးတဲ့ သဘော
I think of you. ဆိုတာက ..မင်းအကြောင်းက ကိုယ့်အတွေးထဲ ၀င်နေတယ်  ဆိုတဲ့ သဘော ပါတဲ့ ခင်ဗျာ
…………………
သို့သော်လည်း အတူတူလိုပဲ သုံးကြတာတွေလည်း ရှိပါတယ် ..
အဲဒီတော့ အသေးစိတ်လိုက်ချင်လျင် ခွဲသုံးပါ ၊ အတူတူလို့ပဲ သဘောထားပြီး သုံးလည်း ကိုယ့်လိုလူတွေ အများကြီး ရှိပါတယ်တဲ့ဗျာ
..
မေတ္တာဖြင့် <3

မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Posted via Blogaway


Dislike နဲ့ Unlike မကြိုက်နဲ့မတူ .. အငြင်းတူသော်လည်း

Dislike နဲ့ Unlike မကြိုက်နဲ့မတူ .. အငြင်းတူသော်လည်း
.....................
မေးထားတဲ့မေးခွန်းတစ်ခုကို comment နဲ့ ပြန်ဖြေတာမှာ တင်မရဘူးဖြစ်နေပြီးတော့ ကျန်တဲ့လေ့လာသူတွေလည်း လိုလျှင် မှတ်ဖို့ main post အဖြစ်တင်လိုက်ခြင်း ဖြစ်ပါတယ် ။ အပြည့်အစုံကို အဘိဓါန်များမှာလေ့လာပါ ။ မတူကွဲပြားပုံကို သိသာစေရန်အတွက်နဲ့ မှတ်သားဖို့ လွယ်ကူစေရန် နှိုင်းယှဉ်လေ့လာနိုင်ဖို့ တင်ဆက်လိုက်ပါတယ် ..
..
(1) like (verb) ကြိုက်နှစ်သက်သည်
.
(2) dislike (verb) မကြိုက်ပါ ၊ သဘောမကျဖြစ်သည် ၊ မုန်းသည်
I like dogs but dislike cats.
ကျနော်က ခွေးတွေကို သဘောကျတယ် ဒါပေမယ့် ကြောင်တွေကို မုန်းတယ်
.............................................
(3) like (adj) ဆင်တူသော
.
They are not twins, but they are very like.
သူတို့က အမွှာတွေမဟုတ်ဘူး ဒါပေမယ့် သူတို့ သိပ်တူကြပါတယ်
..
(4) unlike (adj) မတူသော ၊ တခြားစီ
.
They are so unlike that nobody would think they are twins.
သူတို့က လုံးဝမတူကြလို့ ဘယ်သူကမှ သူတို့ဟာအမွှာတွေဖြစ်ကြတယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး
......................................................
(5) like (preposition) လိုပဲ
..
preposition နဲ့အစချီထားတဲ့ phrase လေးတွေကို ဖြည့်ပုဒ်အဖြစ်နဲ့ အကြောင်းအရာပြည့်စုံတဲ့ ၀ါကျတစ်ခု ဖြစ်သွားအောင် ဖြည့်စွက်ပေးပါတယ် (adjective အဖြစ်သုံးတာက သူ့တစ်လုံးတည်းကို ဖြည့်ပုဒ်အဖြစ်သုံးလို့ ရပါတယ် ၊ prepositon အဖြစ်နဲ့ကျတော့ သူ့တစ်လုံးတည်းနဲ့ မရပါဘူး phrase ဖြစ်ရပါတယ်)
.
Your house is / like mine.
ခင်ဗျားအိမ်က ကျနော့်အိမ်လိုပါပဲ (ဆင်တူတယ်)
..
(6) unlike (preposition) မတူပဲ ၊ မတူပါ ၊ တခြားစီ
..
She is / unlike the rest of her family.
သူမက သူမရဲ့မိသားစုဝင်တွေထဲကကျန်တဲ့သူတွေနဲ့ မတူပါဘူး (တခြားစီပဲ)
Unlike me, my brother likes to get up early.
ကျနော်နဲ့မတူဘဲ (ကျနော့်လိုမဟုတ်ဘဲ) ကျနော်ညီက မနက်စောစော အိပ်ယာထတာကို ကြိုက်တယ်
..........
အဲသည်တော့ dislike ကို “မကြိုက်” ၊ unlike ကို “မတူ” ..လို့ ခွဲမှတ်ထားလိုက်တာက လွယ်မလားလို့ပါ
..
မေတ္တာဖြင့် <3

မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Posted via Blogaway


Thursday 9 June 2016

ကြယ်စင်လှိုင်းခတ်သံ ကဗျာများ

အလွယ်တကူ ရှာလို့ရအောင် အောက်က List လေးတွေထဲမှာ ခေါင်းစဉ်တွေ ရှာကြည့်နိုင်ပါတယ် ...

ရတုများ https://www.facebook.com/notes/635415429806177

ခရမ်းပြာဝိုင် ကဗျာစု
https://www.facebook.com/notes/635416229806097

ကြယ်စင်လှိုင်းခတ်သံ ကဗျာများ
https://www.facebook.com/notes/635416786472708

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား
https://www.facebook.com/notes/635418343139219

အခြားဆောင်းပါးများ
https://www.facebook.com/notes/635417826472604

ဆယ့်နှစ်လရာသီဘွဲ့ကဗျာများ
https://www.facebook.com/notes/822247507789634


Letter Writting

ဒီရက်ပိုင်းမှာ ကျနော် အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေတာရယ် ၊ ဖတ်ထားစရာတွေ မှတ်သားစရာတွေ ကို share လုပ်ကြတဲ့ post တွေ များနေတာရယ်ကြောင့် ရေးလက်စတွေ အဆုံးမသတ်နိုင်သေးပဲနဲ့ တင်ရတာ လွယ်ကူတဲ့ စာအုပ်လေးတွေပဲ တင်ပေးဖြစ်လိုက်ပါတယ် ၊ အင်္ဂလိပ်ဘာသာနဲ့ လိုအပ်တဲ့ စာအုပ်လေးတွေရှိရင် မှာထားခဲ့နိုင်ပါတယ် ၊ ရှာဖွေပြီး ပြန်တင်ပေးပါမယ် ..ဖတ်ချင်တဲ့ အကြောင်းအရာလေးများ ရှိရင်လည်း မှာထားခဲ့ပါ ကျနော်ရေးပါမယ် ( လွယ်တာပဲ မှာကြနော် သူများကို ဦးနှောက်စားအောင် မလုပ်ကြနဲ့ ) ၊ အခု ဒီအုပ်စုလေးမှာ စည်စည်ကားကား ပျော်ပျော်ပါးပါး ဖြစ်လာတာကိုတွေ့ရပါတယ် ၊ ခင်မင်ရင်းနှီးစွာ ပျော်ရွှင်စွာနဲ့   အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ဗဟုသုတများကို လေ့လာမျှဝေကြပါစို့ခင်ဗျာ..
အခုတင်ပေးတဲ့ စာအုပ်ကတော့

Letter Writing in English ဖြစ်ပါတယ် ..

Social Letter များဖြစ်ပါတယ်.. ဖိတ်ကြားလွှာ ၊ လျှောက်လွှာ ၊ တောင်းပန်လွှာ ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ၊ ချီးကျူးဂုဏ်ပြုလွှာ ၊ ကျေးဇူးတင်လွှာ ၊ အသိအမှတ်ပြုလွှာ ၊ မေတ္တာရပ်ခံလွှာ ၊ တိုင်ကြားစာ ၊ မှာကြားစာ

စတဲ့ လွှာပေါင်းများစွာ ၊ စာပေါင်းများစွာတို့ကို အရေးကြုံရင် ပုံစံယူပြီးရေးဖို့ ယူထားလိုသူများအတွက်ဖြစ်ပါတယ် ..


ed နဲ့ ဆုံးတဲ့ adjective ၊ -ing နဲ့ ဆုံးတဲ့ adjective .. ခွဲခြားပြီး သိထားမှ ဖြစ်မယ်

-ed နဲ့ ဆုံးတဲ့ adjective ၊ -ing နဲ့ ဆုံးတဲ့ adjective .. ခွဲခြားပြီး သိထားမှ ဖြစ်မယ်

-ed ဆုံးတဲ့ adjective တွေနဲ့ -ing ဆုံးတဲ့ adjective တွေဟာ မကြာခဏ ဆိုသလို ရောထွေးပြီး မှားတတ်ကြပါတယ် ၊ ကျနော်ဆို မှားတတ်လွန်းလို့ “အမှားသံသရာ ကျနော့်မှာ” လို့ စာဖွဲ့ရမလိုပါပဲ ၊ ဒါနဲ့ပဲ ကျနော့်လို  မမှားကြရအောင် သတိထားစရာလေးတွေ  သိထားစရာလေးတွေ ကို ရေးဖြစ်လိုက် ပါတော့တယ် ။

(၁) Adjectives that end ‘-ed’ describe emotions – they tell us how people feel about something.

“-ed” နဲ့ဆုံးတဲ့ adjective တွေဟာ ခံစားမှုတွေကို ဖေါ်ပြပါတယ် ကိုယ်စားပြုပါတယ် ၊ တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လိုခံစားရတယ် ဆိုတာကို ပြောပြပါတယ် ၊ “..စေသည်”  ဆိုတဲ့ အဓိပ္ပါယ်မျိုး ရတဲ့အခါတွေလည်း ရှိပါတယ် ၊
ကျနော်တို့ခံစားရတဲ့ ခံစားချက် feeling တွေဆို -ed ပေါင်းတဲ့ adjective နဲ့ သုံးပါ..

I was very bored in the maths lesson. I almost fell asleep.
သင်္ချာသင်ခန်းစာမှာ ကျနော်အလွန်ပဲ ပျင်းရိငြီးငွေ့ခဲ့ပါတယ် ၊ ကျနော် အိပ်ပျော်လုနီးပါး ပါပဲ ။

I'm very disappointed by your behaviour.
မင်းရဲ့အပြုအမူတွေကြောင့် ငါသိပ်ပြီး စိတ်ပျက်တယ်

I am frightened of spiders.
ကျနော် ပင့်ကူတွေကို ကြောက်တယ်

You look really tired.  Why don't you go to bed?
မင်းသိပ်ပင်ပန်းနေသလိုပါပဲ ၊ ဘာကြောင့် သွားမအိပ်သေးတာလဲ ။

( ဒီနေရာမှာ look ဟာ linking verb ဖြစ်လို့ သူ့အဓိပ္ပါယ်ကို အဓိက ယူစရာမလိုပါဘူး ၊ ယူရင်လည်း ပါးပါးလေးပဲ ယူပါ ၊ Subject နဲ့ Adjective ကို link လုပ်ပေးထားတဲ့သဘောမို့ပါ ၊ linking verb ဟုတ်မဟုတ် verb to be နဲ့ အစာထိုးကြည့်လိုက်ပါ ၊ အဓိပ္ပါယ်ပေါ်တယ်ဆိုရင် linking verb ပါပဲ )

(၂) Adjectives that end ‘-ing’ describe the characteristic of the thing that causes the emotion  .

“ing” ဆုံးတဲ့ adjective တွေဟာ ခံစားမှုကို ဖြစ်စေတဲ့ အရာဝတ္ထုရဲ့ သွင်ပြင်လက္ခဏာကို ပုံဖေါ်တယ် ၊ ( ..ဖွယ်ကောင်းသော ၊ ..ဖို့ကောင်းတဲ့ ) စတဲ့ စကားတွေနဲ့ အဆုံးသတ်ပြီး ဘာသာပြန်လေ့ရှိပါတယ် ..

Sit down - I've got some very exciting news for you.
ထိုင်ပါဦး ၊ မင့်အတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတချို့ ငါ့မှာ ရှိတယ် ။

He's got a very annoying habit of always interrupting people.
အမြဲတန်း သူများပြောတာကို ကြားဝင်ပြီး နှောက်ယှက်တတ်တဲ့ အလွန်စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်တစ်ခု သူ့မှာရှိတယ် ။

Have you seen that film? It’s absolutely terrifying.
ဒီရုပ်ရှင်ကို မင်းကြည့်ပြီးပြီလား ၊ အဲဒါက လုံးဝ ကြောက်ရွံ့ထိတ်လန့်ဖို့ကောင်းတယ် ။

I can’t eat this! It’s disgusting! What is it?
ကျနော်ဒါကို စားလို့မရဘူး ၊ လုံးဝမနှစ်မြို့စရာပဲ ၊ အဲဒါဘာကြီးလဲ ။

(၃) ~~ ကျနော်တို့ မကြာခဏ မှားတတ်တာက

-ing ပေါင်းတဲ့ adjective ကို continuous tense ပုံစံနဲ့ မှားပြီးသုံးတတ်တာပါပဲ..

ဆိုပါစို့.. ကျနော်ပျင်းနေတယ် လို့ ပြောချင်တဲ့အခါ I am boring. လို့ ဖြစ်သွားတတ်ပါတယ် ၊
Boring ဆိုတာက “ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော” ဆိုတော့ ၊ “ကျနော်က ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းပါတယ်” လို့ ဖြစ်သွားတော့မှာပေါ့

ကျနော်ပျင်းတယ်ဆိုရင် I am bored. လို့ပဲ သုံးရမှာပါ ..

“ပျင်းနေတယ်” ဆိုတဲ့သဘော continuous tense အဖြစ်သုံးချင်ရင်တော့ -ing ပေါင်းဖို့အတွက် Linking verb လေးတစ်ခုခုကို အကူခေါ်ရပါလိမ့်မယ်..

I am getting/feeling  bored. လို့ ဖြစ်သွားပါတယ် ၊

အဲသလိုပဲ

I am getting tired.
I am feeling excited. စသည်ဖြင့် သုံးနိုင်ပါတယ် ..

Adverb ထည့်ချင်ထည့်လိုက်ပါဦး ရပါတယ်  I am feeling so excited.  စသည်ဖြင့် သုံးပါ ။

I am tiring . မဟုတ်သလို  I am exciting. လည်း မဟုတ်ပါ ။

အများကြီးမို့ အကုန်ရေးဖို့ မလွယ်ပါဘူး ၊ နမူနာဝါကျလေးတွေ နဲ့ စာလုံးလေးတွေ အောက်မှာ ထပ်ပြီး ရေးလိုက်ပါတယ် ၊ ဖတ်စရာ မရှိတဲ့အချိန်ကျမှ ထပ်ဖတ်ပါ ၊ အခုဖတ်ရင် ပျင်းသွားလိမ့်မယ်..

¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪

The findings of this report are confusing.
I was confused by the findings of the report.
It was not surprising she failed her tests. She never studied.
I'm not very interested in sport.
These instructions are extremely confusing. Can you help me?
I'm getting bored with this book. Nothing ever happens.
I'm shocked that he could do something so stupid and dangerous.
I am excited about the tennis tournament tomorrow.
I am disappointed with my grade in the grammar test.
I am depressed about my test grades. They are all quite bad.
This wet weather is so depressing.
I will be very surprised if she does well in her test.
My new job is extremely tiring.
I come home extremely tired at the end of each day.
He's such a boring person. He never wants to go out.
I'm confused. I have no idea what to do.
Did you hear the shocking news about the accident?

❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ

Amused - amusing , Annoyed - annoying, Confused – confusing , Disappointed-disappointing, Excited – exciting, Exhausted – exhausting , Frightened – frightening , Satisfied – satisfying , Shocked – shocking , Alarmed – Alarming ,Aggravated – Aggravating ,Amused – Amusing , Annoyed – Annoying , Astonished – Astonishing ,  Bored – Boring , Captivated – Captivating ,Challenged – Challenging ,Charmed – Charming ,Comforted – Comforting ,Confused – Confusing , Convinced – Convincing ,Depressed – Depressing ,Disappointed – Disappointing , Discouraged – Discouraging , Disgusted – Disgusting ,Distressed – Distressing , Disturbed – Disturbing , Embarrassed – Embarrassing , Encouraged – Encouraging ,  Excited – Exciting ,Exhausted – Exhausting, Fascinated – Fascinating, Frightened – Frightening , Frustrated – Frustrating , Fulfilled – Fulfilling ,Gratified – Gratifying , Inspired – Inspiring , Insulted – Insulting, Interested – Interesting ,Overwhelmed – Overwhelming ,Perplexed – Perplexing ,Pleased – Pleasing, Relaxed – Relaxing , Relieved – Relieving , Shocked – Shocking, Sickened – Sickening ,Soothed – Soothing , Surprised – Surprising, Tempted – Tempting, Terrified – Terrifying, Threatened – Threatening, Thrilled – Thrilling, Tired – Tiring ,Touched – Touching , Worried – Worrying..

စသည်ဖြင့် အများကြီး ရှိသေးတယ်နော်..

အားလုံး အဆင်ပြေ လွယ်ကူကြပါစေ..



 

.


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform