စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 29 May 2015

အလုပ်နဲ့ ဘဝနေနည်းဆိုတာ?

အလုပ်နဲ့ ဘဝနေနည်းဆိုတာ?
==============
ယနေ့ခေတ်အလုပ်ရှာဖို့အတွက်မခက်တော့ပါဘူး။
အလုပ်ရှာဖို့အတွက် ဂျာနယ်၊စာဆောင်ပေါင်းများစွာလည်း ရှိနေပါပြီ။ ဝဘ်ဆိုဒ်များစွာလည်း ရှိနေပါတယ်။ Faceboook, LinkedIn တို့လို Social Media တို့ကိုလည်း အပျော်အတွက်တင် မဟုတ်တော့ပဲ အချိန်နဲ့အမျှ အလုပ်အတွက်လည်း အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများဆီကလည်း တစ်ဆင့်မေးမြန်းလို့ အလွယ်တကူ ရှာနိုင်ပါတယ်။
အများအားဖြင့်တော့ မြန်မာလူမျိုးအတော်များများဟာ အခြေခံကျတဲ့အလုပ်တွေကို မလုပ်လိုကြဘူး။
စားဖိုမှူးအလုပ်ဆိုရင်လဲ ထမင်းချက်အလုပ်ဆိုပြီး မလေးစားလိုဘူး။ စားပွဲထိုးအလုပ်ဆိုလဲ အောက်ကျတဲ့အလုပ်ဆိုပြီးမလုပ်လိုကြဘူး။
ဧည့်ကြိုအလုပ်ဆိုရင်လဲ သူများအောက်ကြို့ရတယ်ဆိုပြီးမလုပ်လိုကြဘူး။ အိပ်ခန်းဆောင်ထိန်းဆိုရင် ပိုဆိုးသေးတယ်။
အောက်ခြေသိမ်းလုပ်ရတယ်ဆိုပြီးမလုပ်လိုဘူး။ သူနာပြုအလုပ်လည်း ပင်ပန်းတယ်။ အညစ်အကြေးတွေနဲ့လုပ်ရတယ်ဆိုပြီးမလုပ်လိုပြန်ဘူး။
ဒီတော့ ဘာလုပ်ချင်လဲလို့ မေးရင် မန်နေဂျာလုပ်ချင်တယ်။ သူဌေးလုပ်ချင်တယ်ဒါမျိုးပဲဖြေကြတာများတယ်။
တကယ်တော့ ဒီမန်နေဂျာတွေ၊ သူဌေးတွေဟာ အောက်ချေသိမ်း ပိုင်ပိုင်နိုင်နိုင်မသိလာပဲနဲ့ ဘယ်တော့မှ လွယ်လွယ်ကူကူဖြစ်လာကြတာမဟုတ်ဘူး။ မိဘအရှိန်အ၀ါနဲ့ ပတ်ဝန်းကျင်ကြောင့် ဒီလိုရာထူးမျိုးရလာရင်လည်း အချိန်သိပ်မကြာဘဲဆုံးရှုံးမှုနဲ့သာ တွေ့ကြရမှာပဲ။
ဒီတော့ ကိုယ့်နေရာနဲ့ကိုယ် အခြေခံကျကျကြိုးစားရမယ်ဆိုတာသိထားရမယ်။ လက်တွေ့ကျတဲ့အလုပ်တွေကို လုပ်ရင် ၀င်ငွေတိုးပွားအောင်၊ အလုပ်ရဲ့ အရည်အသွေးတွေကောင်းလာအောင်လုပ်ရမယ်။
အလုပ်လုပ်ချင်တယ်ဆိုရင်....သေချာစဉ်းစားရမှာက
ကိုယ်ခန္ဒာကျန်းမာရေးအတွက်ဘာလေ့ကျင့်ခန်းလုပ်မယ်။
ဝင်ငွေဘယ်လိုရအောင်ရှာမယ်။
အဟာရပြည့်ဝတဲ့အစားအစာတွေဘယ်လိုစားမယ်။ အသိဥာဏ်တိုးလာအောင်ဘယ်လိုလုပ်မယ်။
ဖြစ်လာနိုင်မဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာပဲ။
ထိုင်နေပြီးတော့ ဟိုဟာ အလကားလိုချင်၊ ဒီဟာ အလကားလိုချင်၊ အရာရှိနဲ့မတည့်တာ သူ့ကိုယ်မျက်နှာပေးတယ် ငါ့ကြတော့နှိမ်တယ် လောဘတက်နေလို့မရဘူး။
မိမိအလုပ်ကို မိမိနှစ်သက်ပြီး အလုပ်ကိုတန်ဖိုးထားသူ့ဘယ်လိုတွေလုပ်သလဲအတုယူ ကိုယ့်လိုအပ်တာပြင်ကိုယ့်အားနည်းချက်ကိုပြင် ကျွမ်းကျင်လာတော့မှ အလုပ်နဲ့ဘ၀က ပိုပျော်စရာကောင်းလာတယ်။
အလုပ်နဲ့ဘဝပျော်တတ်အောင်နေနိုင်ပါစေဗျာ
ရွှေအိမ်စည်

Sunday 24 May 2015

မြန်မာနိုင်ငံတယ်လီဖုန်း လုပ်ငန်းသမိုင်း

မြန်မာနိုင်ငံတယ်လီဖုန်း လုပ်ငန်းသမိုင်း


(က) စစ်မဖြစ်မီကာလမှ စစ်ပြီးကာလအထိ

တယ်လီဖုန်းကို Alexander Graham Bell မှ ၁၈၆၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။  ရန်ကုန်မြို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို Oriental Telephone and Electric Co. မှ ၁၈၈၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၈၈ ခုနှစ်တွင် မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးကို စတင် တည်ထောင်ခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ တယ်လီဖုန်းပေါင်း ၁၃၀၀ ခန့်ကို တပ်ဆင်အသုံးပြုလျက် ရှိကြောင်း သိရပါသည်။ ၁၉၂၃ ခုနှစ်မှ စတင်၍ မြို့အချင်းချင်း တယ်လီဖုန်း ဆက်သွယ်မှုအဖြစ် ရန်ကုန်နှင့် ပဲခူးမြို့များကို စတင်ဆက်သွယ် ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-မန္တလေး-မေမြို့(ပြင်ဦးလွင်) တယ်လီဖုန်းဆက်ကြောင်းများကို ပြည်နှင့် ရေနံချောင်းတို့မှတစ်ဆင့် တည်ဆောက်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးခဲ့သော ကြေးနန်းလိုင်းများကို အသုံးပြု၍- ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သထုံ၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ရေး၊ ကံပေါက်၊ ထားဝယ်၊ ကျောက်မဲတောင်- မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ပုသိမ်၊ ကံကြီးဒေါင့်၊ ကျောင်းကုန်း၊ကျုံပျော်၊ ငသိုင်းချောင်း၊ ဟင်္သာတ-ဝါးနက်ချောင်း၊ တိုက်ကြီး၊ ဥက္ကံ၊ လက်ပံတန်း၊ ပေါင်းတည်၊ ပြည်၊ အောင်လံ (မြေထဲ)၊ သရက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ အလုံ၊ ရွှေဘို- မေမြို့၊ ကျောက်မဲ၊ နမ့်ဆမ်၊ သီပေါ၊ နန်းမျှော်၊ လားရှိုးမြို့များသို့ တယ်လီဖုန်းဆက်ကြောင်းများ ရရှိစေခဲ့ပါသည်။

၁၉၂၄ ခုနှစ်တွင် Oriental Telephone and Electric Co. rS Rangoon Telephone Co. (ရန်ကုန်တယ်လီဖုန်းလုပ်ငန်း) ဟု အမည်ပြောင်းကာ အစိုးရထံမှ လိုင်စင်ယူ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်အထိ စစ်မဖြစ်မီ ကာလအတွင်း တယ်လီဖုန်း အိတ်ချိန်းပေါင်း ၁၃၁ လုံး ရှိခဲ့ပြီး၊ ၁၉၃၈ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းပေါင်း ၄၄၉၉ လုံး ရှိခဲ့ကြောင်း သိရပါသည်။ အင်္ဂလိပ်များ ရန်ကုန်မှ ဆုတ်ခွာချိန် ၁၉၄၂ ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ရန်ကုန်တယ်လီဖုန်း အိတ်ချိန်းများနှင့် အခြားဆက်သွယ်ရေး စာရင်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရပါသည်။ ဂျပန်များ ဝင်ရောက်အုပ်ချုပ်ချိန်တွင် တယ်လီဖုန်း ဆက်သွယ်မှုကို အရေးကြီးသော အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ အကြား ပြန်လည်ထူထောင် သုံးစွဲလာခဲ့ပါသည်။

(ခ) စစ်ပြီးကာလ ၁၉၆၂ ခုနှစ် မတ်လအထိ

ဂျပန်များ ဆုတ်ခွာသွားပြီးနောက် မြန်မာပြည်အစိုးရသည် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းကို ပြန်လည်ထူထောင်ခဲ့ရာ ရန်ကုန်-မန္တလေး-ကလေးဝမှတစ်ဆင့် အိန္ဒိယသို့ ဆက်သွယ်နိုင်ခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်မှ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို ပြည်တွင်းသောင်းကျန်းမှုကြောင့် ပျက်စီးမှုအပါအဝင် ပြန်လည်ထူထောင်ခဲ့ပါသည်။ ၁၉၆၁-၆၂ ခုနှစ်အထိ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၈၀ နှင့်၊ တယ်လီဖုန်းပေါင်း ၁၄၇၅၄ ကို တပ်ဆင်နိုင်ခဲ့ကြောင်း သိရပါသည်။ ခေတ်မီ ဆက်သွယ်ရေးကို တပ်ဆင်ရန်အတွက် ရန်ကုန်မြို့တွင် လက်သုံးတယ်လီဖုန်းစနစ်မှ အလိုအလျောက် တယ်လီဖုန်းစနစ်သို့ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအတွက် ရန်ကုန်မြို့တွင် မောင်ထောင်လေးလမ်း၊ ဟံသာဝတီ၊ တာမွေ၊ အင်းစိန် ခေတ်မီ အော်တိုအိတ်ချိန်းများကို တပ်ဆင်ခဲ့ပါသည်။

(ဂ) ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ

ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲတပ်ဆင်ခဲ့သော အော်တိုအိတ်ချိန်း ၄ လုံးကို ၁၉၆၂-၆၃ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအသုံးပြုနိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မရမ်းကုန်း အော်တိုအိတ်ချိန်းကို တပ်ဆင်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ရန်ကုန်မြို့တွင် အော်တိုအိတ်ချိန်းများ စတင်အသုံးပြုလာချိန်မှစ၍ တယ်လီဖုန်းခေါ်ဆိုခများကို ပုံသေနှုန်းမှ တစ်ခါခေါ်၊ မီတာတစ်ထစ်တက်သည့် စနစ်သို့ ပြောင်းလဲကောက်ခံခဲ့ရာ တယ်လီဖုန်းသုံးစွဲသူများ၏ ငွေကုန်ကြေးကျမှု အပေါ် စိုးရိမ်မှုကြောင့် ၁၉၆၃ ခုနှစ်တွင် ရှိခဲ့သော တယ်လီဖုန်းဦးရေ ၁၇၂၄၅ လုံးမှ ၁၉၆၄ ခုနှစ်တွင် ၁၅၆၃၁ လုံးသို့ ကျဆင်းသွားခဲ့ပါသည်။ သို့သော် အော်တိုတယ်လီဖုန်း သုံးစွဲရာတွင် လွယ်ကူမှု အကျိုးကျေးဇူးများကို သိရှိလာသောအခါ သုံးစွဲသူ တဖြည်းဖြည်းများလာပြီး၊ ၁၉၆၇ ခုနှစ်တွင် တယ်လီဖုန်းအလုံးပေါင်း ၂၁၄၄၄ လုံးသို့ သိသိသာသာ တိုးတက်လာခဲ့ကာ ယနေ့တိုင် ဆက်တိုက် တယ်လီဖုန်းဦးရေ တိုးတက်လျက် ရှိပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် တပ်ဆင်ခြင်း မရှိခဲ့သော်လည်း မန္တလေးအပါအဝင် မြို့နယ်များ၌ လက်သုံးတယ်လီဖုန်းအိတ်ချိန်း အရေအတွက်မှာ ၉၃ လုံးမှ ၁၃၄ လုံးအထိ တိုးတက်ခဲ့ပါသည်။ တယ်လီဖုန်းအရေအတွက် သိသိသာသာ တိုးတက်လာခြင်းမှာ ရန်ကုန်မြို့တွင် တပ်ဆင်ထားသော အော်တိုအိတ်ချိန်းများ၏ လိုင်းပမာဏအရ တယ်လီဖုန်းအသစ်များ တပ်ဆင်ခြင်းက အဓိကဖြစ်ခဲ့ပါသည်။ ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကိုယ်တိုင်လှည့် ရပ်ဝေး တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ခြင်း၊ အခမ်းအနားဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းပြီးဆုံး အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။

အဆိုပါ ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း အောတိုအိတ်ချိန်းများ တပ်ဆင်ရေး အစီအစဉ်တွင် ရန်ကုန်မြို့၌ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) နယ်မြေတွင် လိုင်း ၅၆၀၀၊ သင်္ဃန်းကျွန်းနယ်မြေတွင် လိုင်း ၁၀၀၀၊ မင်္ဂလာဒုံနယ်မြေတွင် လိုင်း ၆၀၀၊ အိတ်ချိန်း ၃ လုံးကို တပ်ဆင်ပြီးစီးခဲ့ပါသည်။ နယ်မြို့များဖြစ်သော မန္တလေးမြို့တွင် လိုင်း ၃၀၀၀ ဆန့် တစ်လုံး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် လိုင်း ၁၀၀၀ ဆန့်တစ်လုံးစီ၊ ပဲခူး-စစ်တွေ-ပြည်-တောင်ကြီး-မိတ္ထီလာ-မကွေးမြို့တို့တွင် လိုင်း ၆၀၀ ဆန့် တစ်လုံးစီနှင့်  တောင်ငူ-လားရှိုး-မြစ်ကြီးနားမြို့များတွင် လိုင်း ၄၀၀ ဆန့် တစ်လုံးစီကို တပ်ဆင်ခဲ့ပါသည်။ ထို့ကြောင့် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့ကြီး ၁၃ မြို့၌ အော်တိုအိတ်ချိန်း ၁၅ လုံးကို တပ်ဆင်ခဲ့ပါသည်။ ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့တစ်မြို့မှ တစ်မြို့သို့ အလိုအလျောက် ဆက်သွယ်နိုင်ရန် ပြည်တွင်း အလိုအလျောက် ထပ်ဆင့်အဝေးဆက် အိတ်ချိန်း ၂ လုံးကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လိုင်း ၈၀၀ ဆန့်နှင့် လိုင်း ၆၀၀ ဆန့် အသီးသီး တည်ဆောက်ခဲ့ပါသည်။ အထက်ပါ မြို့ကြီး ၁၃ မြို့ရှိ အော်တိုအိတ်ချိန်း ၁၅ လုံးအတွက် မြို့တွင်းတယ်လီဖုန်း ဖြန့်ဝေရေး ကွန်ချာအတွက် မြေအောက်ကြိုး ၃၇၈၂၇ (Pair Kilometer) နှင့် ကောင်းကင်ကြိုး ၁၁၁၁၆.၈ Pair Kilometer တို့အား တပ်ဆင်အသုံးပြုခဲ့ရပါသည်။ ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း၌ပင် တယ်လီဖုန်း ခေါ်ဆိုခများကို ကွန်ပျူတာဖြင့် ကောက်ယူရေးစနစ် ဖြစ်သော ခေတ်မီ Centralised Automatic Message Accounting (CAMA) System ကို စတင်အသုံးပြုခဲ့ပါသည်။ ထိုစနစ်ဖြင့် တစ်ဦးချင်း တယ်လီဖုန်းခေါ်ဆိုခ ငွေတောင်းခံလွှာများ ရိုက်ထုတ်ရန် အတွက် Billing Processor  တစ်လုံးကို ရန်ကုန်မြို့တွင် တည်ဆောက်ထားရှိခဲ့ပါသည်။

ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် အော်တိုအိတ်ချိန်း အများအပြား တည်ဆောက်ခဲ့ပြီး ကိုယ်တိုင်လှည့် ရပ်ဝေးဆက်သွယ်မှု စနစ်ကို အသုံးပြုခဲ့ခြင်း (Automatic Message Accounting)  များသည် မြန်မာနိုင်ငံ တယ်လီဖုန်းဆက်သွယ်ရေး အတွက် ဆက်သွယ်ရေး သမိုင်းကဏ္ဍသစ် တစ်ခုကို ဖြစ်စေခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အော်တိုအိတ်ချိန်း အရေအတွက်များ တိုးတက်ခဲ့ခြင်းကြောင့် ထိုနှစ်မှ စတင်၍ တယ်လီဖုန်းဦးရေမှာလည်း သိသိသာသာ တိုးတက်ပြီး သုံးစွဲသူ များပြားလာခဲ့ကာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်တို့တွင် အတိုင်းအတာတစ်ခု အတွင်းမှ တယ်လီဖုန်းလုပ်ငန်း အနေနှင့် ပံ့ပိုးနိုင်ခဲ့ပါသည်။ ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်အတွင်း ဒုတိယ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်း အစီအစဉ်ဖြင့် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် ၁၃ လုံးကို အသစ်တည်ဆောက် တပ်ဆင်ခဲ့ပါသည်။ ထိုကဲ့သို့ အသစ်တပ်ဆင်ခဲ့သော အိတ်ချိန်း အသစ်များသည် ယခင်က အသုံးပြုခဲ့သော Electro-mechanical Crossbar  အလိုအလျောက် အိတ်ချိန်းမျိုး မဟုတ်ဘဲ Computer Control-digital Electronic  အော်တိုအိတ်ချိန်းများ ဖြစ်ပါသည်။ ထိုအိတ်ချိန်းများသည် ကမ္ဘာ့ခေတ်မီအမျိုးအစားများဖြစ်ပြီး ထိန်းသိမ်းသုံးစွဲရာတွင်လည်း လွယ်ကူမှု ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်များ အတွင်း တယ်လီဖုန်းဦးရေ သိသာစွာ တိုးတက်ခဲ့ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ၁၉၈၇-၈၈ ခုနှစ်တွင် အိတ်ချိန်းပေါင်း ၂၄၃ လုံး (အော်တို ၃၃ လုံး+လက်လှည့် ၂၁၀ လုံး) ရှိခဲ့ပါသည်။

သင်တန်းပို့ချချက်လက်စွဲစာစောင်၊ ၂၀၀၄ ခုနှစ်
By Smart News Originally posted 04/05/2012 12:16PM

http://www.yatanarpon.com.mm/cp/smartnews/article-56962

အမှတ်မှား အရွေးမှားတတ်ကြတဲ့ NETBOOK နှင့် NOTEBOOK

အခု ပြည်တွင်း ဈေးကွက်မှာ စားပွဲတင် ကွန်ပျူတာများထက် ခရီးဆောင် ကွန်ပျူတာများက လူကြိုက် ပိုများလာတဲ့အပြင် အရောင်းဆိုင်တွေ ဘက်ကလည်း ပေါ့ပေါ့ပါးပါး ကွန်ပျူတာလေးကိုသာ  ရှေ့တန်းတင် ရောင်းချလာကြတာကို တွေ့ရပါတယ်။ ဒီအခါမှာ Netbook လား၊ Notebook လားဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားရပြီး သုံးစွဲသူ မိဘပြည်သူများ အနေနဲ့လည်း အထက်ပါ ခရီးဆောင် ကွန်ပျူတာ နှစ်မျိုးအကြား ကွဲကွဲပြားပြား မရှိလှတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ခရီးဆောင် ကွန်ပျူတာ ဝယ်မယ်ဆိုရင် Netbook လား၊ Notebook လား အရွေးမမှားစေဖို့ သိမှတ်ဖွယ် အချက်များကို ရေးသား တင်ပြလိုက်ရပါတယ်။

တည်ဆောက်ပုံ

Netbook ဆိုတဲ့ အယူအဆဟာ Notebook တွေ ပေါ်ထွက်လာပြီးမှ ပေါ်ပေါက်လာတာ ဆိုပေမယ့် သိပ်ပြီးတော့ ဆန်းသစ်တာတော့ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဘက်ထရီအား ကြာကြာခံစေမယ့် ကွန်ပျူတာ အသေးစားတစ်မျိုးကို မိုက်ခရိုဆော့ဖ်က ကြံဆခဲ့ပါတယ်။ Windows CE နဲ့အတူ ပေါ်ထွက်လာတဲ့ IBM Workpad Z50 နဲ့ HP Jornada 820 တို့ဟာ စွမ်းအင် သုံးစွဲမှုနည်းတဲ့ Processor တွေ၊ တခြားခရီးဆောင် ကွန်ပျူတာတွေထက် သေးငယ်တဲ့ မျက်နှာပြင်တွေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပြီး Hard Drives အစား Flash RAMကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်မစားခဲ့ပါဘူး။ Netbook ဆိုပြီး ပြည်တွင်း ဈေးကွက်မှာ လူသိစများလာတဲ့ ပစ္စည်းကတော့ တရုတ်တိုင်ပေအခြေစိုက်  Asus ကုမ္ပဏီရဲ့ EEE PC လေးတွေပဲ ဖြစ်ပါတယ်။ Netbook နဲ့ Notebook အကြား ဘာကွဲပြားသလဲဆိုတဲ့ အချက်ကိုတော့ တည်ဆောက်ပုံ ကွဲပြားတယ်လို့ပဲ ထောက်ပြပါရစေ။ လူအများ သိတဲ့အချက်ကတော့ Notebook မှာ DVD Drive ပါတယ်၊ Netbook မှာတော့ မပါဘူးဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ ဒါဟာ အမြဲမှန်ပါဘူး။ Netbook တွေဟာ Notebook တွေထက် ဈေးချိုလေ့ရှိပေမယ့် DVD Drive မပါဝင်လို့ Netbook စာရင်းထဲသွင်းရမလိုလို ဖြစ်နေတဲ့ MacBook Air ဟာ ကမ္ဘာမှာ ဈေးအကြီးဆုံး Notebook စာရင်းဝင် ဖြစ်နေပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ အစက ပြောခဲ့သလို တည်ဆောက်ပုံကြောင့်ပါပဲ။


ပရိုဆက်ဆာ အဓိက

အမြွှာညီအစ်ကိုလို ဖြစ်နေတဲ့ Netbook နဲ့ Notebook ကို အဓိက ခွဲခြားထားပေး တာက DVD Drive မဟုတ်ပါဘူး။ သူတို့ရဲ့ ပရိုဆက်ဆာတွေ ဖြစ်ပါတယ်။ Netbook မှာ အသုံးပြုတဲ့ ပရိုဆက်ဆာတွေဟာ Notebook ပရိုဆက်ဆာတွေနဲ့ တည်ဆောက်ပုံ လုံးဝမတူဘဲ ဝိတ်လျှော့ထားတဲ့ပုံစံနဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောရရင် Netbook ပရိုဆက်ဆာတွေဟာ ကုန်ကျစရိတ် လျော့ချဖို့နဲ့ ဓာတ်အားစား သက်သာဖို့တို့ကို အသားပေးထားတာကြောင့် စွမ်းဆောင်ရည် အပိုင်းမှာ Notebook ပရိုဆက်ဆာတွေကို လုံးဝ (လုံးဝ)မယှဉ်နိုင်ပါဘူး။  အများမြင်သာတဲ့ ဥပမာနဲ့ပြောရရင် လက်ရှိ Notebook အများစုမှာ Pentium အုပ်စုထက် အစွမ်းပိုမိုတဲ့ Core အုပ်စု ပရိုဆက်ဆာတွေ တပ်ဆင် ပေးထားကြပြီး နောက်ဆုံးပေါ် Netbook တွေမှာတောင် Pentium အုပ်စုထက် စွမ်းရည်နိမ့်တဲ့ Celeron Dual Core အဆင့်သာသာလောက်ရှိတဲ့ Atom ပရိုဆက်ဆာ တွေကို တပ်ဆင်ပေးထားပါတယ်။ ဒီလောက်ဆိုရင် Notebook နဲ့ Netbook ကို တည်ဆောက်ပုံအရ ခွဲခြားနိုင်ပြီလို့ ထင်ပါတယ်။


ညီအစ်ကိုရင်းချာ

စက်ဦးနှောက်ဖြစ်တဲ့ ပရိုဆက်ဆာအပိုင်းမှာ ကြီးကြီးမားမား ကွာဟနေတာကလွဲလို့  Netbook နဲ့ Notebook မှာ အခြား တည်ဆောက်ပုံ ကွာခြားချက် မရှိတော့ သလောက်ပါပဲ။ တည်ဆောက်ပုံအရ ခရီးဆောင် ကွန်ပျူတာအုပ်စုဝင်တွေ ဖြစ်တာနဲ့ အညီ ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိပြီး ရုတ်တရက်ကြည့်ရင် ခွဲခြားလို့တောင် မရနိုင်ပါဘူး။ ဒါပေမဲ့ စွမ်းရည်ပိုနိမ့်တဲ့ ညီငယ်တွေ ဖြစ်တာနဲ့အညီ Netbook တွေဟာ ပိုမိုသေးငယ်ပေါ့ပါးပြီး မျက်နှာပြင် အရွယ်အစား (၁၁) လက်မထက်ငယ်တဲ့ ပုံဖော် မျက်နှာပြင်တွေ ပါရှိပါတယ်။ Notebook အများစုကတော့ ပုံဖော် (၁၄) လက်မ အနည်းဆုံးရှိပြီး (၁၅) လက်မအရွယ်၊ (၁၇) လက်မအရွယ်၊ (၁၉) လက်မအရွယ်တို့ အထိ တည်ဆောက်ထားကြတာ တွေ့ရှိပါတယ်။ အရွယ်အစားအရကို Netbook က Notebook ထက် အားသာသွားတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ကျောင်းသွား၊ ကျောင်းပြန် လွယ်အိတ်ထဲ ထည့်သယ်သွားလို့ ရတယ်။ အလေးချိန်က ကွန်ပျူတာ Programming စာအုပ်တစ်အုပ် ဒါမှမဟုတ် သင်္ချာ Calculus ပြဋ္ဌာန်းစာအုပ် လောက်ပဲ ရှိတယ်။ ဒီတော့ ဟိုဟိုဒီဒီ သယ်သွားဖို့ (၁၇) လက်မအရွယ် Notebook  ထက်၊ (၁၁) လက်မအရွယ် Netboook က ဦးစားပေး ရွေးချယ်ချင်စရာ ဖြစ်သွားပါတယ်။ Netbook ကိုင်တဲ့ သူတွေကို ဘာလို့ Netbook ဝယ်ကိုင်သလဲလို့ မေးရင် ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ရလို့ ဆိုတဲ့ အဖြေက (၉၀) ရာခိုင်နှုန်းပါ။ ဒီလောက်ဆိုရင် Netbook ကို ဘာကြောင့် ဝယ်သင့်သလဲ ဆိုတာကိုလည်း သိသွားလောက်ပြီ ထင်ပါတယ်။


စွမ်းဆောင်ရည်နှင့် ဘက်ထရီ

သယ်သွားလို့ရတာတော့ ဟုတ်ပါပြီ၊ သယ်သွားပြီး ဘာလုပ်မှာဆိုတဲ့ မေးခွန်းက ဆက်မေးချင်စရာ ဖြစ်လာပါတယ်။ Netbook ဟာ နာမည်နဲ့လိုက်ဖက်အောင် အင်တာနက်သုံးဖို့ သက်သက်ထွက်ပေါ်လာခဲ့တာဖြစ်လို့ Netbook ပေါ်မှာ ဗီဒီယိုကြည့်ဖို့၊ ဂိမ်းဆော့ဖို့ ဆိုတဲ့ ရည်မှန်းချက်တွေ ကြီးကြီးမားမား မထားရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဆောင်းပါးအစမှာ ဆိုခဲ့တဲ့အတိုင်း စက်ဦးနှောက် အပိုင်းမှာ အလွန်ကွာခြားနေတဲ့ အတွက်ကြောင့်ပါပဲ။ RAM, Hard Disk အစရှိတဲ့ အပိုင်းတွေမှာ မကွာခြားလှပေမယ့် စက်ဦးနှောက် အပိုင်းက အသာစီးရထားတဲ့ Notebook တွေဟာ  Netbook တွေထက် သိသိသာသာ ပိုမြန်ပါတယ်။ Atom N 270 ပရိုဆက်ဆာ သုံးစွဲထားတဲ့ Netbook တစ်ခုပေါ်မှာ WMV ဖိုင်တစ်ခုကို DivX (MP4) သို့ ပြောင်းလဲ ကြည့်ခဲ့ရာမှာ (၉) မိနစ်နဲ့ စက္ကန့် (၂၀) ကြာပါတယ်။ ဒါပေမဲ့ အလယ်အလတ် နုတ်ဘုတ်တွေမှာ တွေ့ရလေ့ရှိတဲ့ Core 2 Duo T8100 ပရိုဆက်ဆာသုံး Notebook တစ်ခုပေါ်မှာ အဲဒီဖိုင်ကိုပဲ ပြောင်းကြည့်လိုက်တော့ (၂) မိနစ်နဲ့ (၂၉) စက္ကန့်ပဲ ကြာတာကို တွေ့ခဲ့ရပါတယ်။ Photoshop ပေါ်မှာ ဓာတ်ပုံအကြီးကြီးတွေကို Layer ပွားတာ၊ Resize လုပ်တာ၊ Format ပြောင်းတာတွေ လုပ်ကြည့်ရာမှာတော့ Netbook နဲ့ Notebook သိပ်မကွာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဗီဒီယို တည်းဖြတ် လုပ်ငန်းစဉ်မှာတော့ Netbook က စိတ်ပျက်စရာ ကောင်းလောက်အောင်ကို နှေးကွေးလေးလံပါတယ်။ ဂိမ်းဆော့ပြီဆိုရင်လည်း Netbook တွေပေါ်မှာ ဆော့လို့မရလောက်တဲ့ အဆင့်အထိ တွေ့ကြုံရတတ်ပါတယ်။ Atom N 270 သုံး Netbook တစ်ခုပေါ်မှာ Crysis ကို သွင်းကြည့်တော့ Programme က အသွင်းတောင် မခံပါဘူး။ Chipset နဲ့ မကိုက်ဘူးလို့ ပြန်ပြောပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ဂိမ်းတွေကို ပြန်ကစားချင်တယ်ဆိုရင်တော့ Netbook က သိပ်အခြေအနေ မဆိုးပါဘူး။ ဒီလိုစွမ်းဆောင်ရည် လျှော့ချထားတာတွေ ရှိပေမယ့် ဘက်ထရီသက်တမ်းနဲ့ ပတ်သက်ရင်တော့ Netbook တွေက Notebook တွေပေါ်မှာ ပြတ်ပြတ်သားသား အနိုင်ရသွားနိုင်ပါတယ်။

အချုပ်ဆိုရရင်တော့ တစ်ချိန်က စားပွဲတင် ကွန်ပျူတာတွေကို Notebook တွေက အလဲထိုးခဲ့သလိုမျိုး Netbook တွေက လုပ်ဆောင်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေ ရှိခဲ့ပေမယ့် ပေါ့ပေါးပါးပါး သယ်သွားလိုသူတွေအတွက်သာ Netbook တွေက ရွေးချယ်ချင်စရာ ကောင်းနေပြီး ကွန်ပျူတာ စွမ်းဆောင်ရည် အပြည့်အဝ အသုံးချလိုသူတွေ အတွက်ကတော့ Netbook  တွေဟာ မက်လောက်စရာ မရှိပါဘူး။ အသုံးပြုတယ် ဆိုရင်လည်း ရုံးစာရိုက်တဲ့ အဆင့်၊ အင်တာနက်ကြည့်တဲ့ အဆင့်လောက်သာ အသုံးပြုသင့်ပြီး Netbook ထဲမှာ ဗီဒီယိုတွေ ဂိမ်းတွေ ထည့်မသုံးသင့်ပါဘူး။ နောက်ဆုံး ဈေးကွက်ဝင်လာတဲ့ Tablet  တွေကို ဘာလို့ ရွေးချယ်ဝယ်ယူရမလဲ ဆိုတာကို ဆက်လက် ဖော်ပြသွားပါမယ်။

ဟိန်းစိုးထွန်း
http://news.yatanarpon.com.mm/cp/itweekly/article-37348

By IT weekly Originally posted 26/09/2011 13:12PM

Root ဆိုတာဘာလဲ

Android မှာ root လုပ်တယ်ဆိုတာ သင့်ဖုန်းရဲ့  နဂို OS ကို ကိုယ်တိုင်လုပ်ချင်ရာလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးတာပဲဖြစ်ပါတယ်။ ဆိုလိုတာက သင့်ဖုန်းကို မူလကဖုန်းထုတ်တဲ့သူတွေ ကန့်သတ်ထားတဲ့ အရာတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ OS ရဲ့ system ဖိုင်တွေ အကုန်လုံးကို သင့်စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ ဒါမှမဟုတ်ရင် သူများတွေပြုပြင်ထားတဲ့ ROM တွေကိုသွင်းလို့ရပါတယ်။

Root ဆိုတဲ့နာမည်က Linux မှာသုံးတာပါ။ သူက system တစ်ခုလုံးမှာ လုပ်ချင်ရာလုပ်လို့ရနိုင်တဲ့လူပေါ့။(Windows မှာတော့ Administrator လို့ခေါ်ပါတယ်။)
Root လုပ်ရင် Superuser ဆိုတဲ့ app လေးသွင်းပေးပါတယ်။ သူက ကျန်တဲ့ root ဝင်ခွင့်လိုတဲ့ app တွေကို ထိန်းချုပ်ပေးပါတယ်။ ခွင့်တောင်းသမျှ app တွေကို လက်ခံ/မခံ ခလုပ်လေးနှိပ်လိုက်ရမှာဖြစ်ပါတယ်။

(img:471586479560010)
ကဲ..ဟုတ်ပြီ။ root လုပ်ရင်ဘာရမလဲ?

ကျန်တဲ့ဟာတွေတော့ များများစားစားမပြောတော့ပါဘူး။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ တစ်ချက်ကတော့ root လုပ်ရင် ဇော်ဂျီဖောင့်သွင်းလို့ရပါတယ်။ (root မလုပ်ဘဲနဲ့တော့ ဘယ်လိုမှ သွင်းလို့မရနိုင်ပါဘူး။ သူက system ရဲ့ ဖောင့်နေရာမှာ ဇော်ဂျီကို အစားထိုးမှ မြင်ရမှာ ဖြစ်ပါတယ်။)
နောက်ထပ် Titanium backup … သူက သင့်ဖုန်းတစ်လုံးလုံးကို backup လုပ်ပေးပါလိမ့်မယ်။ တစ်လုံးလုံး ဆိုတဲ့အတွက် system ဖိုင်တွေက အစ ပါ ပါတယ်။ ဒါကြောင့် သူကလည်း root လုပ်မှ သုံးလို့ရပါတယ်။
ဆိုးကျိုးတွေကရော…?
တစ်ခုဖြစ်နိုင်ပါတယ်။ သင့်ဖုန်းက ဘာမှ မလုပ်တော့ဘဲနေပါလိမ့်မယ်။ ဒါကို brick ဖြစ်တယ်လို့ခေါ်ပါတယ်။ အမည်းရောင် မျက်နှာပြင်ကြီးပေါ်နေပြီး ဘာဆိုဘာမှ နှိပ်လို့မရတော့တာပါ။
root လုပ်ချင်တယ်…

Google မှာ သင့်ဖုန်းနာမည်နဲ့ အနောက်က root ဆိုပြီး ရှာလိုက်ပါ။ (ဥပမာ HTC Desire HD root )
တချို့ဖုန်းတွေက ဖုန်းထဲမှာတင်ပဲ z4root လို app တွေနဲ့ root လုပ်လို့ရပါတယ်။ တချို့က ကွန်ပျူတာနဲ့ချိတ်ပြီး Super One-Click Android root လို ကွန်ပျူတာ  software တွေနဲ့ root လုပ်မှရပါတယ်။ ကံဆိုးသူတချို့ဖုန်းတွေက ကိုယ်တိုင်လုပ်မှရပါတယ်။

from : http://www.myanmartutorials.com/mobile/android/what-is-root/

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ

 ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။  ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်း ၁၃ နည်းထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။

၁) အချိုစားပါ

ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

၂) နားထဲ လက်ချောင်းထည့်ပါ

နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။

၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ

သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၎) ရေများများသောက်ပါ

ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

၅) လျှာကို ဆွဲထားပါ

ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွားစေပါတယ်။

၆) သင့်အာခေါင်ကို နှိုးဆွပေးပါ

ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၇) အသက်ရှူ အောင့်ထားပါ

သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုးတာ ရပ်တန့်သွားစေပါတယ်။

၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ

စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာစေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၉) လေဆေးသောက်ပါ

မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။

၁၀) အစာကို ဖြည်းဖြည်း စားပါ

အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေ ခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။

၁၁) အစားအလွန်အကျွံစားတာကို လျှော့ပါ

အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၁၂) အစပ်များသော အစာများကို ရှောင်ပါ

အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုးတာကို ဖြစ်စေပါတယ်။

၁၃) အရက်လျှော့သောက်ပါ

အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
http://www.yatanarpon.com.mm/cp/goodhealth/article-68498
By Good Health Originally posted 27/09/2012 10:04AM

အကျိုးအမြတ်ရဖို့ စီးပွားရေးလုပ်ငန်း အကောင်အထည် ဖော်ကြပါစို့

 ငွေအရင်းအနှီး မြောက်မြားစွာ ပိုင်ဆိုင်ထားသူ အနေဖြင့် မိမိငွေကို “ငွေသေ” အနေဖြင့် ပိုင်ဆိုင်ထားမလား။ သို့မဟုတ် “ငွေရှင်” ဖြစ်အောင် စီမံမှာလား  ဆိုသည်ကို နည်းလမ်း နှစ်မျိုး စဉ်းစားနိုင်ပါသည်။ ဘဏ်မှာ အပ်နှံထားပြီး ငွေတိုးပွားအောင် ပြုလုပ်လျှင် မိမိ ပိုင်ဆိုင်သော ထိုငွေကို “ငွေသေ” ဟု ပြောနိုင်သည်။ ဘဏ်တိုးရမည် ဖြစ်၍ အတိုင်းအတာ တစ်ခုအထိ အကျိုးရရှိမည် ဖြစ်သည်။ မိမိအဖို့ ထို “ငွေသေ” မှာ ဘဏ်အတွက် ဆိုလျှင် “ငွေရှင်” ဖြစ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဘဏ်မှာစုသော ထိုငွေသည် ဘဏ်အနေဖြင့် လည်ပတ် အလုပ် လုပ်သဖြင့် “ငွေရှင်” ဖြစ်သွားရခြင်း ဖြစ်သည်။ မိမိ ပိုင်ဆိုင်သော ထိုငွေကို လုပ်ငန်းကြီး တစ်ခု အကောင်အထည်ဖော်ရန် မိမိကိုယ်တိုင် စီမံ ဆောင်ရွက်ပါက ထိုအရင်းအနှီးသည် မိမိအတွက် “ငွေရှင်” ဖြစ်လာတော့သည်။

မိမိပိုင် ငွေများကို ရင်းနှီး မြှုပ်နှံရာတွင် စက်ရုံ တည်ထောင်ခြင်း၊ စတိုးဆိုင် ဖွင့်ခြင်း၊ Plaza များ၊ City mart များ၊ Junction များ၊ စားသောက်ဆိုင်များ၊ Restaurant များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ လူစီးရထားများ၊ ကုန်ပစ္စည်း သယ်ယူရေး မော်တော်ယာဉ်များ၊ ရထားပို့ဆောင်ရေး စသည်ဖြင့် စီးပွားရေးလုပ်ငန်း မျိုးစုံ အကောင်အထည် ဖော်နိုင်ပေသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အကျိုးအမြတ် (Benefit) ရရှိအောင် တွက်ချက် စီမံနိုင်ရမည် ဖြစ်သည်။ လုပ်ငန်းသေးသည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အကျိုးအမြတ် မည်သို့ ရှိမည်ကို သေချာစွာ ဆန်းစစ်ရမည် ဖြစ်သည်။ ရင်းနှီးရန် ကုန်ကျမည့် ငွေပမာဏ၊ အလုပ်လုပ်မည့် လူသားလုပ်အား ကုန်ကျစရိတ်၊ ရောင်းကုန်ပစ္စည်း အရေအတွက်၊ လက်ရှိ ဈေးကွက်ပေါက်ဈေး၊ ဈေးကွက် ပမာဏ စသည်ဖြင့် လေ့လာရမည် ဖြစ်သည်။ အကျိုးအမြတ် ဆန်းစစ် တွက်ချက်ပြီး စက်ရုံ တစ်ရုံအား အကောင်အထည် ဖော်သည်ဖြစ်စေ၊ ကြိုတင် တွက်ချက်မှု မပြုလုပ်ဘဲ အကောင်အထည် ဖော်သည်ဖြစ်စေ၊ ပစ္စည်း အမျိုးအစား အသစ်ကို ထုတ်လုပ်ခြင်း မဟုတ်ဘဲ အများသူငါ သမားရိုးကျ ထုတ်လုပ်နေကျ ထုတ်ကုန်ပစ္စည်း ဆိုပါက ယေဘုယျအားဖြင့် အကျိုးအမြတ် ဖြစ်ထွန်း၍သာ စက်ရုံများ တည်ထောင်သည်ဟု နားလည် သဘောထားနိုင်ပေသည်။

အသေးစိတ် ကြိုတင် တွက်ချက်လေ့လာမှု မရှိဘဲ စက်ရုံ တည်ထောင်သည် ဆိုပါစို့။ အခြား လုပ်ငန်းရှင်များ၊ စက်ရုံ တည်ထောင် အောင်မြင်သော်လည်း မိမိ တည်ထောင်က အောင်မြင်ချင်မှ အောင်မြင်နိုင်ပေသည်။ ထိုသို့ မတူကွဲပြား ဖြစ်ပေါ်ရာတွင် အခြေအနေ ကွာခြားချက် ရှိ၍ ဖြစ်သည်။ ထုတ်ကုန်ပစ္စည်း အရည်အသွေး၊ ထုတ်ကုန်ပစ္စည်း ဈေးနှုန်း၊ အလုပ်ချိန် အတွင်း ကုန်ပစ္စည်း ထုတ်လုပ်မှုနှုန်း စသည်ဖြင့် ခြားနားခြင်းကြောင့် ဖြစ်ကြောင်း ယေဘုယျ တွေ့ရှိနိုင်ပေသည်။ ထိုသို့ဆိုလျှင် မည်သို့ ဖြေရှင်းမည်နည်း။ ဤဆောင်းပါး ရေးရခြင်း အဓိက ဦးတည်ရည်ရွယ်ချက်မှာ ကုန်ပစ္စည်း ထုတ်လုပ်မှုနှုန်းကို စိစစ် လေ့လာရန် ဖြစ်သည်။ အလွယ်တကူ နားလည်နိုင်သော ဥပမာ တစ်ခုကို ဆွေးနွေးလိုပါသည်။ လူအများ နံနက်ခင်း Breakfast အစားအစာ တစ်ခုကို ရောင်းချသည် ဆိုပါစို့။ အလုပ်သမား တစ်ဦးသည် Breakfast အစားအစာကို ချက်ပြုတ်ရာတွင် ပမာဏ နည်းလျှင် အကျိုးအမြတ် တစ်မျိုး၊ ပမာဏများလျှင် အကျိုးအမြတ် တစ်မျိုး ဖြစ်မည်ကို အလွယ်တကူ သိရှိနိုင်ပေသည်။ ထိုသို့ဆိုလျှင် လုပ်အားခသည် ပုံသေ ဖြစ်ပြီး ထုတ်ကုန် ပမာဏကို များသည်ထက် များအောင် စီမံနိုင်လျှင်၊ ဈေးကွက်လည်း အထိုက်အလျောက် ကျယ်ပြန့်လျှင် အကျိုးအမြတ် တိုးတက်လာမည်။

သို့မဟုတ် ဆုံးရှုံးနေရာမှ အမြတ်အစွန်း ဖြစ်လာနိုင်သည်ဟု ရိုးရိုးရှင်းရှင်း တွေးနိုင်ပါသည်။ ဥပမာ စဉ်းစားပြရခြင်း ဖြစ်သည်။ အသေးစိတ် တွက်ပါက အဖြေရရှိမည် ဖြစ်သည်။ စဉ်းစား တွက်ချက်နိုင်သည့် နောက်တစ်နည်းမှာ အလုပ်သမား (၅) ဦး ရှိသည့် ထုတ်လုပ်မှု လုပ်ငန်း တစ်ခု ဆိုပါစို့။ အလုပ်သမားများကို လုပ်ငန်းခေါင်းစဉ် တစ်ခုချင်း ပုံသေ ခွဲဝေ လုပ်ဆောင်စေခြင်းနှင့် အလုပ်သမား အားလုံးသည် လုပ်ငန်း ခေါင်းစဉ်များကို ဝိုင်းဝန်း လုပ်ဆောင်ခြင်း ဟူ၍ နှစ်မျိုး ရှိသည် ဆိုပါစို့။ လုပ်ငန်းခေါင်းစဉ် တစ်မျိုးကို သတ်မှတ်ထားသော အချိန်အတွင်း အချိန်ပြည့် လုပ်ဆောင်ရသည် ရှိသလို အချိန်ပြည့် လုပ်ဆောင်ရန် မလိုဘဲ အချိန် အလဟဿ ဖြစ်နေသည်များလည်း ရှိနေနိုင်ပေသည်။ ဥပမာ ပြရာလျှင် စားသောက်ဆိုင် တစ်ဆိုင်တွင် အလုပ်သမားများသည် အလုပ်ချိန် အပြည့် လုပ်ငန်းခေါင်းစဉ် အမျိုးမျိုးကို ဆောင်ရွက်နေသည်ကို တွေ့ရပါက အလုပ်ချိန်သည် အလဟဿ မဖြစ်ဟု ယေဘုယျ နားလည်နိုင်သည်။ အသေးစား စက်ရုံ တစ်ခုတွင် လုပ်ငန်းခေါင်းစဉ် အလိုက် အလုပ် လုပ်နေရာတွင် အချိန်ပြည့် အလုပ် လုပ်နေရသည့် အလုပ်အမျိုးအစား ရှိသလို အချိန်ပိုင်းသာ အလုပ် လုပ်ရသည့် အလုပ် အမျိုးအစားလည်း ရှိနိုင်ပေသည်။ ထိုသို့ဆိုလျှင် လုပ်အား အလဟဿ ဖြစ်နေနိုင်သည့် အခြေအနေကို အလွယ်တကူ သိရှိနိုင်ပေသည်။

ယင်းအချက်ကို ဆန်းစစ် လေ့လာပြီး ရှင်းလင်း လွယ်ကူသော ကုန်ထုတ်လုပ်မှု အလုပ်ရုံ သို့မဟုတ် အသေးစား စက်ရုံများ အတွက် အလုပ်သမား အားလုံး အချိန်ပြည့် အလုပ် လုပ်နိုင်သည့် လုပ်ငန်းခေါင်းစဉ် ပုံသေ မသတ်မှတ်သော ကုန်ထုတ်လုပ်မှု စနစ်ကို အကောင်အထည်ဖော်လျှင် တစ်နာရီ သို့မဟုတ် တစ်နေ့တာ ကုန်ထုတ်လုပ်မှုနှုန်းသည် တိုးတက်လာနိုင်ပေသည်။ လုပ်အားခ သို့မဟုတ် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် မတိုးလာဘဲ ကုန်ထုတ်လုပ်မှုနှုန်း မြင့်မားလာခြင်းဖြင့် အကျိုးအမြတ် ဖြစ်ထွန်းမှုကို ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိနိုင်ပေသည်။ ယခု ရေးသားဖော်ပြခြင်း အခြေခံ သဘောတရားကို စားသောက်ဆိုင် အငယ်စားများ၊ အိမ်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ အသေးစား သောက်ရေသန့် ထုတ်လုပ်မှု လုပ်ငန်းများ၊ အသေးစား အလှကုန် ထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးတည့်နိုင်ပါကြောင်း ဆွေးနွေး တင်ပြရပါသည်။ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းနိုင်ကြပါစေ။

By Opportunity Journal
Originally posted 01/06/2011 10:57AM မြမြင့်မိုရ်(လှိုင်)
source : http://news.yatanarpon.com.mm/cp/oopportunityjournal/article-20644

အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာဘာလဲ။

အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာဘာလဲ။

၁။ အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာဘာလဲ။ အသည်းရောင်အသားဝါ “ဘီ”ရောဂါဆိုတာ အသည်းရောင်ဗိုင်းရပ်(စ်)ပိုးများဖြစ်တဲ့ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ဂျီ စသည် ဖြင့်ရှိတဲ့အထဲက “ဘီ” အမျိုးအစား ဗိုင်းရပ် (စ်)ပိုးကူးစက်ခံရခြင်း ဖြစ်ပွားတဲ့ရောဂါကိုဆိုလိုခြင်းဖြစ်ပါတယ်။
  “ဘီ” ရောဂါပိုး ကူးစက်ခံရပြီးနောက်၊ ရုတ်တရက် အသည်းရောင်ခြင်း (Acute Hepatitis)၊ ဒါမဟုတ် တငွေ့ငွေ့နာတာရှည် အသည်းရောင်ခြင်း (Chronic Hepatitis ) စသည်ဖြင့် ဖြစ်နိုင်သလို၊ ရောဂါလက္ခဏာမပြဘဲ ကြာရှည်စွာ ဗိုင်းရပ်(စ်)ပိုး သယ်ဆောင်ထားသူများ (Asymptomatic Carrier) အဖြစ်လည်းရှိနေနိုင်ပါတယ်။ ယခင်ကတော့ ဒီလိုလူတွေကို ကျန်းမာ သူများ Healthy Carrier အဖြစ် သတ်မှတ်ကြသော်လည်း၊ ယခုအခါ “ဘီ”ပိုးကူးစက်ခံရသူအားလုံးကို Healthy ဖြစ်တယ်လို့ မသတ်မှတ် နိုင်တဲ့အတွက် ရောဂါလက္ခဏာမပြသူများ Asymptomatic Person များလို့သာ ခေါ်ဆိုကြပါတယ်။
  “ဘီ” ပိုးကူးစက်ခံရသူအားလုံးဟာ နောက်ဆက်တွဲအဖြစ် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းရောဂါ များဖြစ်ပေါ်နိုင်သလို၊ တစ်ချိန်ချိန်မှာ နာတာရှည်အသည်းရောဂါများကြောင့် သေဆုံးနိုင်မှု (Life Time Risk) ဟာ ၄၀% မှ ၅၀%အထိ ရှိနိုင်ပါတယ်။
  ၂။ ရောဂါဖြစ်နိုင်ရှိသူတွေက ဘယ်သူတွေလဲ။
  အသည်းရောင် “ဘီ” ကူးစက်နှုန်းဟာ အလွန်မြင့်မားပြီး မြန်ဆန်တဲ့အတွက် “ဘီ”ပိုးရှိသူများ ပေါများရာဒေသ (Endemic Area) မှာ “ဘီ”ပိုးကာကွယ်ဆေးထိုးမထားလို့ဘဲဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးထားသော်လည်း ကိုယ်ခံအား (Antibody) မပြည့်တဲ့သူတွေ၊ မအောင်တဲ့သူတွေမှာ မည်သူမဆို “ ဘီ ” ပိုးကူးစက်ဖို့ အခွင့်အလမ်းရှိနေပါတယ်။
  တစ်ကမ္ဘာလုံးမှာ လူဦးရေသန်းပေါင်း ၄၀၀ကျော်ခန့် “ဘီ ” ပိုးကူးစက်ခံထားရပြီး၊ ကမ္ဘာ့လူဦးရေရဲ့ ၅%ခန့်ရှိပါတယ်။ အဲဒီအထဲက ၇၅%သောသူများဟာ အရှနဲ့ ပစိဖိတ်ဒေသမှဖြစ်ကြပါတယ်။ တစ်နှစ်ကို လူဦးရေ ၉သန်းခန့်ဟာ “ဘီ” ရောဂါပိုးနဲ့ ဆက်နွှယ် တဲ့ ရောဂါများကြောင့် သေဆုံးနေရပြီး၊ တစ်ကမ္ဘာ့လုံးဆိုင်ရာအတိုင်းအတာနဲ့ဆိုရင် သေဆုံးမှု အများဆုံးရောဂါများအနက် အဆင့် (၉)ရှိ ပါတယ်။
  မြန်မာနိုင်ငံမှာ ယခင်ကပြုလုပ်ခဲ့တဲ့ သုတေသနာတွေအရ “ဘီ” ပိုးကူးစက်ခံထားရသူ (၅)သန်းခန့် ရှိနေပြီလို့ သိရပါ တယ်။
  ၃။ “ဘီ” ရောဂါပိုး ရှိ/မရှိ ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
  “ဘီ” ရောဂါပိုး ရှိမရှိ၊ စစ်ဆေးရာမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ သွေးကို စစ်ဆေးခြင်းဖြစ်ပါ တယ်။ HBs Ag လို့ခေါ်တဲ့ ဘီရောဂါပိုးရဲ့ အခွံလေးက ထွက်ရှိတဲ့ အသားဓါတ် Protein တစ်မျိုးကို ရှာဖွေစစ်ဆေးခြင်းဖြစ်ပါတယ်။ Rapid Strip Test တွေလို့ခေါ်တဲ့ စက္ကူပြားလေးများနဲ့ စစ်ဆေးတဲ့ Test တွေရှိသလို၊ ELISA လို့ခေါ်တဲ့ Enzyme Linked Immuno Sorbent Assay Test များလည်းရှိပါတယ်။ ရောဂါရှာဖွေမှုတိကျကိန်း (Sensitivity And Specificity) မှာ အနည်းငယ်ကွာပေမယ့် အကြမ်းဖျင်း တိကျမှုရှိပါတယ်။
  အခုအခါမှာ HBs Ag Test Negative ဖြစ်သော်လည်း “ဘီ ” ပိုးကူးစက်ခြင်းမခံရဘူးလို့ အတိအကျ မပြောနိုင်ပါဘူး။ Occult Hepatitis ‘B’ ဆိုတဲ့ တစ်မျိုးပေါ်လာလို့ပါပဲ။ ဒါကြောင့် အခုအခါမှာ ဗိုင်းရပ်(စ်)ပိုးရဲ့ DNA ကိုစစ်ဆေးတဲ့ (bDNA) Test များ၊ PCR Test များကသာ ရောဂါ ရှိ/မရှိ အတိအကျ ဖော်ပြပေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးကြည့်ခြင်းဖြင့် ဗိုင်းရပ် (စ်) ပိုးပမာဏ (Viral Load)ပိုး အမျိုးအစား (Genotype)စသည်ဖြင့် စစ်ဆေးနိုင်ပါတယ်။
  ၄။ အသည်းရောင် “ဘီ” ပိုးကို ပျောက်ကင်းအောင် ကုသနိုင်ပါသလား။ ဘယ်လိုကုသဆေးများရှိနေပါပြီလဲ။
  အသည်းရောင် “ ဘီ ” ပိုးကို ကုသရာမှာ အဓိက ရည်မှန်းချက်ကတော့ ဗိုင်းရပ် (စ်) ပိုးများ တဖြည်းဖြည်းနည်းသွား ပြီး၊ “ဘီ” ရောဂါပိုးရဲ့ နောက်ဆက်တွဲ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့မှ ကာကွယ်နိုင်ရန်ဖြစ်ပါတယ်။ ဒီလိုကုသရာမှာ “ဘီ ” ရောဂါပိုးများ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်းအဆင့် (Sero Conversion Stage of DNA Negative Stage)ကို အဓိကထား လုပ်ဆောင်ပါတယ်။
  HBs Ag Negative ဖြစ်တဲ့အဆင့်သို့ ရောက်ရှိသူများရှိသော်လည်း ရာခိုင်နှုန်းအလွန်နည်းပါတယ်။ အခုအချိန်အထိ အမေရိကန်နိုင်ငံအစားအစာနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (US FDA)က အသုံးပြုခွင့်ပေးထားတဲ့ “ ဘီ ” ရောဂါပိုးကုသဆေး (၃)မျိုးရှိနေပါပြီ။ Interferom လို့ခေါ်တဲ့ ထိုးဆေးတစ်မျိုးရယ်၊ Lamivudine နဲ့ Adefovir လို့ခေါ်တဲ့ သောက်ဆေး နှစ်မျိုးဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေ၊ ရောဂါပိုးအမျိုးအစားပေါ်မူတည်ပြီး ဦးစားပေးရွေးချယ်သုံးစွဲနိုင်ပါတယ်။
  ၅။ ဘီရောဂါပိုး ကူးစက်ခြင်းမှကင်းဝေးအောင် အများပြည်သူများကို ဘယ်လိုအကြံပေးဆွေးနွေးချင်ပါသလဲ။
  “ဘီ” ရောဂါပိုးဟာ ယနေ့အချိန်အခါမှာ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေပါပြီ။ “ ဘီ” ရောဂါပိုး ကူးစက်ခြင်းကို ယနေ့မတားဆီးနိုင်ဘူးဆိုရင်၊ နောင်တစ်ချိန်မှာ “ဘီ” ရောဂါပိုးရဲ့ နောက်ဆက်တွဲ ရောဂါများကြောင့် ငွေကုန်ကြေးကျ အလွန်များလာမှာဖြစ်ပါတယ်။

  အဓိက,ကတော့ ကျန်းမာရေးသတိအမြဲရှိပြီး၊ “ဘီ ” ပိုး ကူးစက်နိုင်တဲ့ အခြေအနေများကို ရှောင်ရှားဖို့ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ တစ်ဦးဦးရဲ့ သွေးကိုမထိ၊ မကိုင်မိစေဖို့၊ တစ်ခါသုံးအပ်များ၊ ခွဲစိတ်ကိရိယာများ၊ အသုံးအဆောင်များကိုသာ သုံးစွဲဖို့၊ သွားနုတ်ခြင်း၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အပ်စိုက်ကုခြင်း စသည်တို့မှာ “ဘီ” ပိုးကင်းစင်မှုရှိသော ပစ္စည်းကိရိယာ များသာ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးအနေနဲ့ “ဘီ” ပိုးကာကွယ်ဆေးများကို မဖြစ်မနေထိုးထားကြပါတယ်။ ကိုယ်ခံအား ကို စစ်ဆေးပြီး Antibody Level ပြည့်ဝအောင် လုပ်ထားပါလို့ အကြံပြုချင်ပါတယ်

မိခင်နှင့် ရင်သွေး အတူအိပ်စက်ခြင်းကြောင့်ရသော အကျိုးကျေးဇူးများ

ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

မိခင်နဲ့အတူ အိပ်စက်ခွင့်ရတဲ့ ကလေးတွေဟာ ကြံ့ခိုင်ကျန်းမာစွာ ကြီးပြင်းလာတတ်ပါတယ်။ အတူအိပ်စက်ရင်း ရင်သွေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးလို့ ရတာကြောင့် ကလေးငယ်ဟာ လန့်နိုးတာမျိုး မဖြစ်တော့ပါဘူး။ ရင်သွေးဟာ မိခင်ရင်ခွင်ထဲမှာ နွေးထွေးအေးချမ်းစွာ အိပ်စက်ရင်း နို့ချိုစို့ကာ ညဘက်မှာ အကောင်းဆုံး အာဟာရဓာတ်ရရှိပြီး ကိုယ်ခံစွမ်းအား ကောင်းမွန်ကြပါတယ်။

စိတ်ဓာတ်ခွန်အား ကောင်းမွန်ခြင်း

မိဘတွေနဲ့အတူ အိပ်စက်ခွင့်ရတဲ့ကလေးတွေက သီးခြားအိပ်စက်ရတဲ့ ကလေးတွေထက် ကြီးပြင်းလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်မှု ပိုရှိလာပါတယ်။လေ့လာမှုတွေအရ သူတို့က ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် (Self-esteem) ပိုကောင်းကာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်ကြတာကို တွေ့ရပါတယ်။ဒီကလေးတွေက မိဘကို ယုံကြည်မှု ပိုရှိတတ်ပါတယ်။

SIDS  ဖြစ်နိုင်ခြေ လျော့ကျခြင်း

SIDS ဆိုတာ ကလေးငယ်တွေကို တစ်ဦးတည်းသိပ်ရင်း အဖြစ်များတဲ့ ကလေးငယ် ရုတ်တရက်သေဆုံးတဲ့ လက္ခဏာစုပါ။ မွေးကင်းစ ကလေးငယ်ကို ပုခက်ထဲ ဒါမှမဟုတ် အိပ်ရာပေါ် တစ်ဦးတည်းသိပ်တာက အန္တရာယ် မကင်းပါဘူး။ မိဘနဲ့ အတူအိပ်တဲ့ ကလေးတွေက တစ်ဦးတည်းအိပ်ရတဲ့ ကလေးတွေထက် အသက်ရှူမှုဆိုင်ရာ ပုံမမှန်ဖြစ်နိုင်ခြေ လျော့ကျတတ်ပါတယ်။ အကြောင်းကတော့ မိဘရဲ့ စည်းချက်ညီညီ အသက်ရှူတဲ့ ပုံစံကြောင့် ကလေးငယ်ကို ပုံမှန်အသက်ရှူဖို့ သတိရစေတာကြောင့်ပါ။ SIDS ဟာ အသက် ၆ လနဲ့ နှစ်နှစ်ကြား အရွယ်တွေမှာ အဖြစ်များပါတယ်။

ရင်းနှီးချစ်ခင်မှု ရရှိခြင်း

မွေးကင်းစ ကလေးငယ်တွေအတွက် မိခင်နဲ့အတူ အိပ်စက်တာထက် ပိုကောင်းတာ မရှိပါဘူး။ ကလေးဟာ လုံခြုံစိတ်ချမှု ရရှိသလို မိဘတွေကို ရင်းနှီးချစ်ခင်မှု ပိုစေပါတယ်။ မိဘတွေက တစ်နေ့လုံး အလုပ်လုပ်နေရရင်တောင် ညဘက်မှာ မိခင်ရဲ့ ရင်ခွင်ထဲ ဂရုစိုက်ပိုက်ထွေး ချစ်ခင်မှုရရှိတဲ့ ကလေးတွေက ပိုပြီး အိပ်ရေးဝတတ်ပါတယ်။

နှစ်ခြိုက်စွာ အိပ်မောကျခြင်း

မိဘနဲ့အတူ အိပ်စက်ရတဲ့ ကလေးတွေက ပြဿနာမရှိဘဲ ကြာကြာ အိပ်မောကျတတ်ပါတယ်။ ကလေးစိတ်ထဲ ပိုပြီး လုံခြုံစိတ်ချသွားလို့ပါ။    

ဇွန်

source: http://www.yatanarpon.com.mm/cp/goodhealth/article-68097

ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေးမသုးတတ်ရင်ဘေး

ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး
============
facebook ကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အတွေးအခေါ်မရွေး၊ အသုံးပြုနေကြတာဖြစ်တယ်။ မှန်တာတွေလည်းတွေ့ရမယ်၊ မှားတာတွေလည်းတွေ့ရမယ်။ သန့်ရှင်းတာလည်းတွေ့ရမယ်၊ ညစ်ငြမ်းတာလည်းတွေ့ရမယ်။ အလွန်တိမ်တဲ့အရေးအသားတွေလည်းရှိမယ်။ အလွန်နက်ရှိုင်းတဲ့ အတွေးအခေါ်တွေလည်းတွေ့ရမယ်။ လူသားတွေနဲ့ပါတ်သက်မှုတိုင်းဟာ ဒီဖေ့ဘုတ်ထဲကအတိုင်းပါဘဲ။ ကောင်းမှုနဲ့ဆိုးမှုတွေဟာ တစ်ခုတည်းဖြစ်တယ်။ များရာဘက်ကို အားသာသွားတာချည်းပါပဲ။

မြန်မာနိုင်ငံကဖေ့ဘုတ်သုံးသူတွေဟာသတိဥာဏ်ရှိဖို့လိုတယ်။ ဖေ့ဘုတ်စာမျက်နှာ ကောင်းမှုတွေနဲ့ ဆိုးမှုတွေဟာ ဒွန်တွဲနေတယ်။ အားလုံးဟာ အကောင်းတွေမဟုတ်သလို၊ အားလုံးဟာ အဆိုးတွေလည်းမဟုတ်ဘူး။ ကောင်းတဲ့ဘက်ကို ပိုပြောင်းသွားရမယ်။ ဒီလိုပြောင်းလဲနိုင်ဖို့က facebook အသုံးပြုသူတွေရဲ့ အနေအထားက ပိုအရေးကြီးလာတယ်။

လက်ရှိအစိုးရနဲ့နိုင်ငံရေးသွေးထိုးသမားတွေကို အမှားတွေကို ဆက်မကျူးလွန်စေချင်ဘူး။ လူတိုင်း ကားစီးနိုင်ဖို့ဆိုတဲ့ မှားယွင်းတဲ့ ပေါ်လစီမျိုးကို မထားစေလိုဘူး။
အများပြည်သူ ခရီးသွားလာဖို့ လွယ်ကူအောင်ပဲစဉ်းစားရမယ်။ လူတိုင်းကားပိုင်ဖို့ အစိုးရက လုပ်ဖို့မလိုဘူး။လူတိုင်းကားစီးနိုင်ရင် လမ်းပေါ် ကားတွေနဲ့ ပြည့်ကြပ်ညှပ်ပြီး အသက်တောင် ကောင်းကောင်းရှုလို့မရတဲ့နေရာဖြစ်ကုန်မယ်။

လူသားတိုင်းကကိုယ့်ဘဝကိုယ်ချမ်းသာဖို့တည်ဆောက်ရမှာပါ။ အလွဲလွဲအချော်ချော်တွေ လိုက်နားမယောင်ဖို့လိုတယ် ။

ဖေဘုတ်စာမျက်နှာမှာ မိတ်ဆွေကောင်းတွေရှိတယ။်
လူငယ်အကျိုးပြုစာပေမျှဝေသူတွေရှိတယ်။
အချိန်နဲ့အမျှဗဟုသုတရှာမှီးနိုင်တယ်။

ဖေ့ဘုတ်ကိုလွဲမှားစွာအသုံးပြုမိရင်တော့  တခဏတွင်းကိုယ့်အမည်နဲ့ကိုယ့်ပုံဟာ နာမည်ပျက်စာရင်းဝင်နိုင်တယ်
လူပြိန်းတစ်ယောက်လိုဖေ့ဘုတ်ကိုမသုံးဘဲ
လူတော်လူမော်ဖြစ်နိုင်ဖို့ဖေ့ဘုတ်သုံးစေချင်ပါတယ်   ။။

ဆန္နများစွာဖြင့်
ရွှေအိမ်စည်

ပွင့်တော်မူပြီးသော ဘုရားရှင်များ

ပွင့်တော်မူပြီးသော ဘုရားရှင်များ
=====================
ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါလု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။
၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။
၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။
၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။
၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။
၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။
၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။
၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။
၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။
၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။
၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။
၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။
နှစ်ကျိပ်ရှစ်ဆူ
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။
ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။

ရည်ညွှန်းကိုးကား
1. ↑ သမ္ဗုဒ္ဓေ ဂါ ထာ
2. ↑ ဗုဒ္ဓပကိဏ္ဏကခန်း
3. ↑ ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ
4. ↑ ဦးပညာသီဟ “ ပိဋကတ် လမ်းညွှန် စာအုပ် ”
* သုတေသနသရုပ်ပြအဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော်
* ဗုဒ္ဓ၀ံသ။ ပါဠိ။ ၃၈၁။ အဋ္ဌကထာ။ ၃၄၈၊
* အပဒါန်။ ပါဋ္ဌိ။ ပ-အုပ်။ ၅၄။
* စရိယာပိဋက ။ပါဋ္ဌိ။ ၁၄။

အခုရှုပ်မှနောင်ရှင်း

အခုရှုပ်မှနောင်ရှင်း
=============
ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။
ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာ
ကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေး
ပါတီ ကိုကျွန်တော်ကြိုက်သည် ။ ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟု
နာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊
သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟု
ကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်
မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။
မေးခွန်းအနည်းငယ်ရှိသည် ။

ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.
ဝင်ရန်သာရှိပါတော.သည် ။
ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.
ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူ
ပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စု
ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ့သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများ
ဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေး
ပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်
သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊
လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်
ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေသည် ပါတီတစ်ခုအတွက်သုံးလို.ရမရ ကျွန်တော်သိချင်သည် ။
ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေး
လုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်း
မှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ
သည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.
ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။
ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည်
ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူ
တစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်
ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။
သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍
ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်
ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်ထမ်းတစ်ယောက်အား
တာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူ
သွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်
သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်
မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်း
နေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ
ဝန်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။
မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်
ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.
ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သား
တစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှ
တစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်
လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။
အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀က
ရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်
အိမ်လားသိလိုခြင်းဖြစ်ပါသည် ။
ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁)
ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.
ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်
သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား
အားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံ
ဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က
လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်
တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများ
နေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံ
ဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။
တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟု
သိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။
တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်း
စနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ
Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်
သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။
အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။
ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းရွှေ ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.
စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ
ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ ပင်စင်
တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သား
ဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်
နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်
တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်
ဆိုလျင် ဖြစ်နိုင်ပါသည် ။
ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင်
သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်
ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။
သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ
နာယကကြီး ဦးသန်းရွေ၏ ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။
ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်း
များစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချ
လစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။
နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏
ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )
ပင်စင်ရသည်ဟုသိရပါသည်။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စု
လွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း
(၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လ
လျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာ
ယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲ
ယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်း
ရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေခံ
ဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။
နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.
သက်ဆိုင်သည် ။၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ
လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်း
လဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသော
ကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။
နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီ
တစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူး
တင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊
(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည်။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူး
တုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်
ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.
ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာ
ဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.
လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊
ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲ
မဆုံးဖြတ်တတ်ပါ ။
နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ
အညာဒေသ (အထူးသဖြင်.)ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.
တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ်ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခန
တွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ
ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်.
ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။
သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုး
အမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်း
ဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။
နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး
(ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး
သည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ ရွေးကောက်ပွဲတွင်မန္တလေးတိုင်း
တံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို
ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီး
ကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူ
ဖြစ်သည် ။
ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခု
လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်
လိုက်ပြီလား သိလိုပါသည် ။ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္က
ရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်
အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်း
ဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။
ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.
သူတို.ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ
အသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီး
တစ်ခုမှပါတီဝင်အချို.သည်ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်
ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်
တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.
ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင်ခြယ်နိုင်ငံတော်အလံကိုပြောင်းပြန်
ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူ
ခဲ.ခြင်းရှိမရှိ သိလိုပါသည် ။
ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရ
အဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာ
ထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များ
ကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများ
မဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လို
သဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော်အလုပ်မအားသည်.ကြားထဲမှလူကြီးများ
ခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။
တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျှင် ခွင်.လွတ်စေချင်ပါသည် ။
ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်
နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.
ဝင်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်း
ပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။
သရ၀ဏ်(ပြည်)

Saturday 23 May 2015

အိမ်ရှင်မ

အိမ်ရှင်မလုပ်မည့် မမများအတွက်
=============
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည်

(လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။
(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို
သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ

မူရင်းရေးတဲ့သူကိုပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို
ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။
နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. ...သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်..ခင်မင်မှု များစွာဖြင့်


ဗဟုသုတ

ကျောင်းစာသင်ခန်းထဲမသင်ခဲ့ရတဲ့စာများ
▬▬▬▬▬▬▬▬▬▬▬▬
၁) လူရဲ့တစ်ကိုယ်လုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက လျှာဖြစ်တယ်။

၂) မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။

၃) တံဆိပ်ခေါင်း (သို့) စာအိပ်တွေ ကပ်ဖို့ လျှာနဲ့ လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁၀ပုံ ၁ပုံ ကို သင်လျှက်မိသွားပြီ။

၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ် ရှည်ကြတယ်။

၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်ဖြစ်တယ်။

၆) မိကျောင်းတွေက လျှာရှည်သလောက် သူတို့လျှာကို အပြင်ထုတ်လို့ မရဘူး။

၇) ခြင်္သေ့အချို့က တစ်နေ့ကို အကြိမ်(၅၀)မိတ်လိုက်နိုင်တယ်။

၈) ငှက်ကုလားအုတ်တွေရဲ့ မျက်လုံးက ဦးနှောက်ထက်ကြီးတယ်။

၉) ကြယ်ငါးတွေမှာ ဦးနှောက်မပါဘူး။

၁၀) ခွေးလေး(သန်း)တွေက သူတို့ခန္ဓာကိုယ်ထက် အဆ ၃၅၀အမြင့်ကို ခုန်နိုင်တယ်။

၁၁)ခေါင်းဖြတ်ခံထားရတဲ့ ပိုးဟပ်တစ်ကောင်ဟာ (၉)ရက်အထိ အသက်ရှင် နိုင်သေးတယ်။ (၉)ရက်နောက်ပိုင်း သေဆုံးသွားရတာက ဆာလောင်လို့ပဲဖြစ်တယ်။ ဒါကြောင့် ပိုးဟပ်တွေကို သတ်မိခဲ့ရင် တစ်ချက်ထဲနဲ့ သေအောင်သတ်လိုက်ပါ။

ရွှေအိမ်စည်
(Nov 7, '  2008....,3:44 AM )


မျက်လုံး

သာမန်အားဖြင့် မိမိတို့မျက်လုံး အကြောင်းကို မသိမိတဲ့အချက်ကလေးတချို့ပါ..

၁။ (၁)မိနစ်ကို (၁၂) ကြိမ် ၊ တရက်ကို အကြိမ် (၁၀၀၀၀) မျက်တောင်ခက်ပါတယ်။
၂။ အစိတ်အပိုင်းပေါင်း (၂) သန်းကျော်ဖြင့်ဖွဲ့စည်းထားပါတယ်။
၃။ ၅၇၆ Mega pixels ရှိတယ်။
၎။ Corneas လို့ခေါ်တဲ့ တစ်ရူးက သွေးမလိုအပ်ဘူး။
၅။ တနာရီကို (၃၆၀၀၀) Bits ပမာဏ ရှိတဲ့ အချက်အလက်တွေကို မှတ်သားလုပ်ဆောင်ပေးနိုင်တယ်။
၆။ တလုံးကို (၂၈၅) ဂရမ်လေးချိန်ရှိတယ်။
ရ။ အမျိုးသမီးတွေက အမျိုးသားတွေတက် color blindness (၁၀) ဆ ပိုပါတယ်။

ဒါတွေသင်မသိသေးဘူးမလား?
Ref: wiki


ကုန်းဘောင်မင်းဆက်

ကုန်းဘောင်မင်းဆက်ဘယ်လောက်ရှိလဲ?
===============
ကုန်းဘောင်မင်းဆက် (၁၁)ဆက်ရှိသည် -

          ၁။      အလောင်းဘုရား

ရွှေချက်သိုစေတီဒါယကာ၊ ၁၁၁၄ ခုနှစ် နန်းတက်၍ စည်းစိမ် (၈)နှစ်စံ၊ အိမ်နိမ့် (၃၈)နှစ် နံတော် သောကြာသား။

          ၂။      သားတော် စစ်ကိုင်းမင်း

နောင်တော်ကြီးဟုလည်း တွင်သည်။ မဟာနန္ဒာကံတွင်းစည်းခုံစေတီဒါယကာ၊ ၁၁၂၂ ခုနှစ် နန်းတက်၍ စည်းစိမ်း (၃)နှစ်၊ အိမ်နိမ့် (၂၆)နှစ်၊ နံတော် အင်္ဂါသား (ငယ်မည် ဦးကောက်)

          ၃။      ညီတော် ဆင်ဖြူရှင်

နိဗ္ဗာန်ဆိပ်ဦးစေတီဒါယကာ၊ ၁၁၂၅ ခုနှစ်၊ နန်တက်၍ စည်းစိမ် (၁၃)နှစ်၊ အိမ်နိမ့် (၂၇)နှစ်၊ နံတော် တနင်္ဂနွေသား၊ ငယ်မည် ဦးရွ။

          ၄။      သားတော် စဥ့်ကူးမင်း

မိုးထံကျောင်းဒါယကာ၊ ၁၁၃၈ ခုနှစ်၊ နန်းတက်၍ စည်းစိမ် (၆)နှစ်၊ အိမ်နိမ့် (၂၀)နှစ်၊ နံတော် တနင်္ဂနွေသား။ (ငယ်မည် မောင်ရဲလှ)။

          ၅။      ဖောင်းကားမင်း

၁၁၄၃ ခုနှစ် နန်းတက်၍ နန်းစည်းစိမ် (၇)ရက်၊ အိမ်နိမ့် (၁၈)နှစ်၊ (နောင်တော်ဘုရားကြီး၏ သားတော်ဖြစ်သည်။ ငယ်မည် မောင်မောင်)

          ၆။      ပဒုံမင်း (ဘိုးတော် ဦးဝိုင်း)

အမရပူရ ပထမနန်းတည်၊ အောင်မြေလောကစေတီဒါယကာ၊ ၁၁၄၃ ခုနှစ် နန်းတက်၍ စည်းစိမ် ၃၇ နှစ်၊ အိမ်နိမ့် (၃၈)နှစ်၊ နံတော် တနင်္လာသား၊ (အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်)

          ၇။      ဘကြီးတော် မှန်နန်းရှင်

မဟာဝိဇယရံသီစေတီဒါယကာ စတုတ္ထအ၀မြို့တည်၊ ၁၁၈၁ ခုနှစ် နန်းတက်တော်မူ၍ စည်းစိမ် (၁၈)နှစ်၊ အိမ်နိမ့် (၃၅)နှစ်၊ နံတော် သောကြာသား (မောင်စိန်) နန်းကျပြီး နောက်  (၈)နှစ်ကြာမှ နတ်ရွာစံသည်။

          ၈။      ညီတော် သာယာဝတီမင်း

ကုန်းဘောင်မင်းဟုလည်းခေါ်သည်။ လောကမဏိစူဠဒစေတီဒါယကာ၊ အမရပူရ ဒုတိယမြို့တည်၊ ၁၁၉၉ ခုနှစ်၊ နန်းတက် စည်းစိမ် (၉)နှစ်၊ အိမ်နိမ့် (၅၀)နှစ်၊ နံတော် ဗုဒ္ဓဟူးသား (ငယ်မည် မောင်ခင်)

၉။      သားတော် ပုဂံမင်း

မဟာလောကရံသီစေတီဒါယကာ ၁၂၀၈ ခုနှစ်၊ နန်းတက်၍ နန်းစည်းစိမ် (၆)နှစ်၊ အိမ်နိမ့် (၃၅)နှစ်၊ နံတော် သောကြာသား (ငယ်မည် မောင်ထောင်)

          ၁၀။    ညီတော် မင်းတုန်းမင်း

မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံမြို့တည် ပဉ္စမသင်္ဂါယနာတင် ၁၂၁၄ ခုနှစ်၊ နန်းတက်၍ စည်းစိမ် (၂၆)နှစ်၊ အိမ်နိမ့် (၃၈)နှစ်၊ နံတော် အင်္ဂါသား၊ ငယ်မည် မောင်လွင်။

၁၁။    သားတော် သီပေါမင်း

မာရအောင်ရတနာစေတီ ဒါယကာ မန္တလေးရတနာပုံ ဒုတိယနန်းစံ ၁၂၄၀ ပြည့်နှစ်၊ နန်းတက်၍ စည်းစိမ် (၇)နှစ်၊ အိမ်နိမ့် (၂၀)နှစ်၊ ၁၂၄၇ ခုနှစ်တွင် ပါတော်မူသည်။

စာကိုး  -မြန်မာရာဇဝင်မှန်နန်း


မော်ဒန်သဘောတရား

မော်ဒန်သဘောတရားဆိုတာ..?
▬▬▬▬▬▬▬▬▬▬▬▬
ABSTRACTION

လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး “ထုတ်နှုတ်ယူသည်” ဟု အဓိပ္ပါယ်ရသည်။ စာပေအရာတွင် အရာဝတ္ထုတို့၏ ရှိရင်းစွဲ အနက်မှ အချို့ဂုဏ်ရည်တို့ကို တင်စားဖော်ကြူးခြင်းဖြစ်သည်။ "Abstract Art" တို့၏ သီအိုရီကို ကိုယ်စားပြုသည်။



ALLUSION

လက်တင်ဘာသာစကားမှ သက်ဆင်း၍ “ကစားသည်၊ ရည်ညွှန်းသည်” ဟု မူလ အဓိပ္ပါယ်ရှိသည်။ စာပေအရာတွင် တိုက်ရိုက်မဖော်ပြပဲ တစ်ဆင့်ခံအသိ စကားအဖွဲ့၊ အလင်္ကာများကိုခေါ်သည်။ ထိုသို့ ကဗျာများကို "Allusive Poem"ဟုခေါ်သည်။



AMBIVALENCE

လက်တင်ဘာသာစကားမှ ဆင်းသက်၍ “နှစ်မျိုးလုံး ခိုင်မာသည်” ဟု အဓိပ္ပါယ်ရသည်။ အကြောင်းအရာတစ်ခုအတွက် ဖြစ်ပေါ်ခံစား ဆန့်ကျင်ဘက် စိတ်အခြေအနေများကို ခေါ်ဝေါ်သော စကားလုံးအဖြစ် စာပေအရာတွင် လူသိများသည်။“ဖရိုက်”၏ စိတ်ပညာ သီအိုရီအရ အချစ်၊ အမုန်း ပြိုင်တူယှဉ်တွဲ ခံစားမှုကို ခေါ်သည်။

(Love, Hate Ambivalency) သည်လည်း လူ့သဘာဝတွင် အရေးပါသည်။(ဆန့်ကျင်ပြိုင်တူသဘော)



ANCHRONISM

ဂရိစကားလုံး “Anakhronismos"မှ ဆင်းသက်လာပြီး “အချိန်ကာလ၊ နောက်သို့”ဟု မူလအဓိပ္ပါယ်ရသည်။ ကာလလွဲချော်တင်ပြခြင်းဖြစ်သည်။ စာပေအရာတွင်"Anchronism"များပင်ဖြစ်သည်။

ဥပမာ-ရှိတ်စပီးယား၏ ဂျူးလီယက်ဆီဇာပြဇာတ်တွင် “၃ နာရီထိုးပြီ”ဟူသော စကားလုံး၊ ဂျူးလီယက်ဆီဇာခေတ်တွင် နာရီမပေါ်သေးပေ။ အခြေအနေနှင့် အချိန်အခါကို အံလွဲတင်ပြမှု၊“ဘားနတ်ရှော၊ မက်တွိန်း” စသူတို့ အသုံးများသည်။



APOLLONION

ဂန္တဝင်ဝါဒ "Classicism"နှင့် နီးစပ်နှီးနွယ်သော စာပေသဘောတရားဖြစ်သည်။ ဂရိနတ်ဘုရား"Apollo" အမည်ကို အစွဲပြု၍ ဤစကားလုံးဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယဉ်ကျေးခြင်း၊ ဆင်ခြင်နည်းလမ်းကျခြင်းစသော သဘောလက္ခဏာဆောင်သည်။



BLANK VERSE

ပြင်သစ်စကားလုံး "Blanc"မှ ဆင်းသက်လာပြီး မူရင်းအဓိပ္ပါယ်မှာ “အဖြူ” ဖြစ်၍ မည်သို့သော ဖြည့်စွက်ချက်ကိုမှ မပြုဘဲ အဖြူထည်အတိုင်း ထားသည်ဟူသော သဘောကိုဆောင်သည်။ "Blank Verse" ဆိုသည်မှာ ကာရံမဲ့ကဗျာကို ဆိုလိုသည်။ဖိသံ၊ ဖော့သံများ အားထားပြီး ရှိတ်စပီးယားပြဇာတ်များနှင့် မီလ်တန်၏ မဟာကဗျာများတွင် တွေ့ရသည်။



CATACHRESIS

ဂရိဘာသာစကားမှ ဆင်းသက်လာပြီး “စကားလုံးလွှဲသုံးခြင်း” ဟု အဓိပ္ပါယ်ရသည်။ လှပသော အလင်္ကာများစွာကို ဖြစ်ပေါ်စေသည့် နည်းစနစ်တစ်ရပ်ဖြစ်သည်။ ရေးသင့်သည်ဟု လူသိများသောစကားလုံးအတိုင်းမရေးဘဲ ထိုအဓိပ္ပါယ်ကိုပင် အခြားစကားလုံးသုံး၍ ထိုးဖောက်ရေးသားခြင်းဖြစ်သည်။



DIONYSIAN

ဂရိလူမျိုးများ ကိုးကွယ်သော ဝိုင်နတ်ဘုရာ၏ အမည်ကို အစွဲပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဇာတိစိတ်၊ ဗီဇအမူအကျင့် (အရိုင်းသဘာဝ) ကို ကိုယ်စားပြုသည်။ ဂန္တဝင်ဝါဒသဘောကိုဆောင်သည့် "Apollonion" နှင့် ဆန့်ကျင်ဘက် အနုပညာအရာတွင် မော်ဒန်သဘောဆောင်သည်ဟု ယူဆဖွယ်ရာဖြစ်သည်။



FREE VERSE

လွတ်လပ်သော ကာရံစနစ်ဖြင့်ရေးသော အမျိုးအစားဖြစ်၍ "Verse Libre"ဟုလည်း ရေးလေ့ရှိသည်။ ၁၉ ရာစုနောက်ပိုင်း ပြင်သစ်နှင့် အခြားနိုင်ငံများတွင် သင်္ကေတဝါဒီများက ခေတ်စားအောင် အသုံးပြုလာနိုင်ကြသည်။ အင်္ဂလန်တွင် "Walt Whitman" သည် လွတ်လပ်ကာရံကဗျာနှင့် ပတ်သက်၍ ထင်ရှားသည်။



WORD COMBINATION

စာပေအနုပညာတွင် အရေးပါလှသည့် “စကားလုံး အတွဲအဆက်” ကို ဆိုလိုသည်။ ဝေဖန်ရေးဝါဒီများ၏ စကားလုံးစိစစ်မှု ပုံသဏ္ဍာန် ငါးမျိုးအနက် တစ်မျိုးဖြစ်သည်။ "Word Combination" သည် ဝေဖန်ရေးဆရာများ ပြညွှန်းသော စံနမှုနာများပင်ဖြစ်သည်။~~~~~~~~~~။



တာရာမင်းဝေ


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform