စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 31 January 2014

ငလုံးလက်ဖယ်

ငလုံးလက်ဖယ်

ငလုံးလက်ဖယ်သည် ပုပ္ပါး အရပ်သား ဖြစ်ပြီး နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သည် ဟု ဆိုကြသည်။ နောင်တွင် ပုဂံ အနော်ရထာမင်းက ခေါ်ယူမြောက်စားခဲ့ပြီး စစ်သူကြီး အဖြစ်အမှုထမ်းခဲ့သည်။

Thursday 30 January 2014

င အက္ခရာနဲ့ စသောမြန်မာစကားပုံများ

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”

၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”

၃. “ငိုချင်ရက်...လက်တို့”

၎. “ငွေမရှိ...စကားမတည်”

Chilli ငရုတ်သီး အရသာ

Chilli ငရုတ်သီး အရသာ

မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ အချို၊ အငန်၊ အချဉ်၊ နဲ့ အခါး၊ လေးပါးထဲရှိတယ်။

အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ အဲတာမျိုးတသောင်း ရှိတယ်။ လူတွေရဲ့ အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့နဲ့ အရသာထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး၊ ဆေးလိပ်၊ ဗီတာမင်ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင်ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။

အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောလိမ့်မယ်။

အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ အဖုလေးတွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။

အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကား၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာမဟုတ်ပါ။

ငရုတ်သီးထဲမှာပါတဲ့ (ကက်ပစီနွိုက်) ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့အလွှာမှာရှိတဲ့ အာရုံခံတွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ ပူလို့ရတဲ့ နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ အဖုလေးတွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူတာကို ခံစားတဲ့ အထူးအဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ်ဖြစ်သွားရော။

ကြွက်တွေကို စမ်းသပ်လို့သိရတာက အပူချိန်အပူဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။

ငရုတ်သီး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ ပူစပ်တာတွေထဲမှာ (ကက်ပစီယန်စင်) ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ (ဗင်နီလွိုက်) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ အာရုံခံ (နူရုန်) ဟာ ပြောင်းလဲသွားပြီး စပ်တဲ့အာရုံခံသတင်းကို ပို့ပေးတယ်။

VR1 အာရုံခံတွေဟာ (ကကfပစီယန်စင်) ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 တွေရဲ့ တကယ့် တာဝန်ဟာ ပူတာကိုသာသိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉ဝ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။

ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။

ငရုတ်မှာ ဆေးစွမ်းတွေရှိတယ်။
- မှိုပိုးကိုနိုင်တယ်။ ပိုးတွေကိုနိုင်တယ်။
- အဆစ်နာတာအတွက် .05% Capsaicin (ခရင်မ်) သုံးတယ်။
- ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် အနာသက်သာဆေး Adlea ထိုးဆေးထဲမှာပါတယ်။
- ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- သွေးဖိအား ကျစေတယ်။
- သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်းရှိတဲ့ အစာနဲ့တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ Qutenza ဆေးကပ်ခွါတွေက အဖျားအနားအာရုံကြောရောဂါကြောင့် နာတာကို သက်သာစေတယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ အဆစ်နာရောဂါ၊ ခါးနာတာ၊ ဟိုနာ-ဒီနာတာတွေအတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ်သုံးပြီး လိမ်းပေးရတယ်။
- (ကက်ပစီယန် ခရင်မ်) ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်ကအပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ်။ (ကက်ပစီယန်) ဟာ အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့မရဘူး။ နွားနို့အေးအေး နဲ့ သကြားရည်အေးကလဲ သက်သာစေမယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြဘူး။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁

ဒီနေရာကကူးယူမျှဝေပါတယ်..http://2.bp.blogspot.com/-fIw_s3R15OM/TtR_5NbzE2I/AAAAAAAAJg0/zFG2xPJGBWA/s1600/Red%2BSavina%2BHabanero.jpg

ငါးပိ

ငါးပိ

ငါးပိနှင့် တို့စရာတို့သည် ထမင်း၊​ ဟင်း၊​ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အဟာရပင်ဖြစ်သည်။
ငါးအစိုးကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း - ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လကန် (belacan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ​(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငါးပိကို အကြမ်းအားဖြင့် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိနှင့် ငါးပိကောင်ဟု ခွဲခြားနိုင်သည်။
စိမ်းစားငါးပိကို ပုဇွန်ဆိတ်ကလေးများမှ ပြုလုပ်သည်။ တစ်ခါတစ်ရံ ပုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ယင်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍ အတန်ငယ်ခြောက်သောအခါ ဆုံတွင် ထည့်၍ ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ထပ်ထောင်းရပြန်သည်။ ဆားသမသွားသည့်အခါ ငါးပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှ သိပ်ထားရသည်။ ထိုအခါ ငါး၊​ ပုဇွန်တို့၏ အခွံတို့နှင့် အရိုးများသည် ကြေပြီဖြစ်၍ ငါးပိမှာ စားသုံးရန် အသင့်ဖြစ်လာသည်။ စိမ်းစားငါးပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစား၊ ထားဝယ်စိမ်းစားဟု ခေါ်ဝေါ်ကြသည်။
မျှင်ငါးပိကို ကျောက်ပုဇွန်ဆိတ်ကလေး တစ်မျိုးမှ လုပ်သည်။ လုပ်နည်းမှာ စိမ်းစားငါးပိ လုပ်နည်းနှင့် အတူတူပင် ဖြစ်သည်။ မျှင်ပိုက်နှင့် ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်ခြင်းဖြစ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ပုဇွန်ဆိတ်အပြင် ကနန်းကလေး၊ ငါးကလေးများလည်း ပါဝင်သည်။ မျှင်ငါးပိမျာ ဘိုကလေးမြို့ (ဖျာပုံနယ်)၊ လပွတ္တာမြို့(မြောင်းမြနယ်)၊ သက္ကယ်သောင် (ပုသိမ်နယ်) တို့မှ အများအားဖြင့် ထွက်သည်။
ဒမင်းငါးပိမှာ ဒမင်းထောင်၍ရသော ငါးကလေး အမျိုးမျိုးတို့ကို နေလှန်း၊ ဆားပက်၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၍ ဒမင်းငါးပိ လုပ်ကြသည်။
ရေကျိုငါးပိမျာ အရည်ကျို၍ စားရသော ငါးပိမျိုးဖြစ်သည်။ အချို့ကလည်း ရေချိုငါးပိဟု ခေါ်ကြသည်။ သို့သော် ရေချိုငါးပိ လုပ်သောငါးမှာ ရေချိုရေငန် နှစ်ဌာနမှ ရသောငါးများ ဖြစ်သည်။ ထိုငါးများမှာ များသောအားဖြင့် အကောင်လတ်၊ အကောင်ကြီးများ ဖြစ်သည်။ ယင်းတို့ကို ခါးကျိုးရုံမျှထောင်း၍ ငါးပိလုပ်ရသည်။ ရေကျိုငါးပိထဲတွင် သုံးဦးစပ်ငါးပိမှာ ထင်ရှားသည်။ များသောအားဖြင့် ငါးရံ့၊ ငါးဖယ်နှင့် င​ပြေမ ငါးသုံးမျိုးကို စပ်၍လုပ်သော ငါးပိကို လူကြိုက်များသည်။ ထို့အပြင် ဆုံထုံးငါးပိဟူ၍လည်း ရှိသေးသည်။ ဆုံထုံးငါးပိမှာ အင်းမှရသော ခါးချိုးပြီး ငါးများကို ဆုံတွင် ထည့်ထောင်းရာ မညက်တညက်လုံးထွေးထွေး အခြေအနေ၌ရှိသော ငါးပိဖြစ်သည်။ ထိုထက်ညက်အောင် ဆက်ထောင်းလျှင် ထောင်းသားငါးပိဟု ခေါ်ပြန်သည်။ ငါးအသေးစားများမှ လုပ်သောငါးပိကို ငနုပ်ငါးပိဟု ခေါ်ကြသည်။ ယင်းသည်လည်း သုံးဦးစပ်ငါးပိ၌ အပါအဝင် ဖြစ်သည်။
ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားသော ငါးပိကို ငါးပိကောင်ဟု ခေါ်သည်။ ငါးပိကောင်လုပ်နည်းမှာ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိ လုပ်နည်းနှင့် မတူချေ။
မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အ​ကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ခြစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော ငံပြာရည်သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။
ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။

ငရမကန်း

ငရမကန်း

ပုဂံတွင် ငရမန်ကန်းသည် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်း နန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကို သိသဖြင့် အောက်အရပ်မှ မွန်များကို စုစည်း ပုန်ကန်ခဲ့သည်။ စောလူးမင်းသည် မျက်စိတစ်ဖက် မရှိပေ။ ငရမန်ကန်းသည် မွန်လူမျိုး ဖြစ်ပြီး စောလူးမင်းနှင့် ငယ်သူငယ်ချင်း ဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည် ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင် မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်း ထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက
“ငရမန်ကန်း..သင်ယောကျာင်္းကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ”
ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။
နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍ တပ်စွဲထားသည်ဆို၏။ စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကို မင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကို ရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏ တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းက တွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန် လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ ငါ့အားမသတ်ရာဟူ၏။ ထို့ကြောင့် ကျန်စစ်သား ငါ့ကိုခိုးယူလေပြီဟု အော်ဟစ်အသိပေးလေရာ ကျန်စစ်သားက
ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေ၀က်သေ သေရစ်ပေရော့
ဟုဆိုကာပစ်ချထားလျက် ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။ နောက်တွင် ငရမန်ကန်းသည် စောလူးမင်းကို ကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်း ရေကြောင်းမှ စုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှ ပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီး စူးစမ်းသော ငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။

ငါးရာနှစ်ဆယ်.ရှစ်အချစ်

ငါးရာနှစ်ဆယ်.ရှစ်အချစ်

၅၂၈ အချစ် ဆိုသည်မှာ ပါဠိတော်အရ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာစစ် မေတ္တာမှန်များ ပင်ဖြစ်သည်။
အနောဓိသ မေတ္တာ ၅-ပါး၊ သြဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-ပါးကိုတည်၊
အဝေရာဟောန္တု , အဗျာဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု, ၄-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊
၎င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈ဝ-ဖြစ်၏။ ယင်း၄၈-နှင့် ၄၈ဝ-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။

ငလျင်ကြီးများ

ငလျင်ကြီးများ

ကမ္ဘာတွင် အသေအပျောက်များခဲ့သော ငလျင်ကြီးများမှာ တရုတ်နိုင်ငံတွင် ရှန်စီငလျင်၊ တန်ရှန်းငလျင်၊ ဟိုင်ယွမ်ငလျင်၊ ချီလီငလျင်နှင့် စီချွန်ငလျင်တို့ ဖြစ်သည်ကို တွေ့ရသည်။
၁၅၅၆-ခုနှစ် ဇန်န၀ါရီလ ၂၃-ရက်နေ့က လှုပ်ခဲ့သော ရှန်စီငလျင်ကြောင့် တရုတ်ပြည်သူ ၈၃၀၀၀၀-သေဆုံးခဲ့သည်။
၁၉၁၆-ခုနှစ် ဇူလိုင် ၁၈-ရက်က လှုပ်ခဲ့သော တန်ရှန်းငလျင်ကြောင့် တရုတ်ပြည်သူ ၂၅၅၀၀၀-သေဆုံး ခဲ့ရသည်။
၁၉၂၀-ပြည့်နှစ် ဒီဇင်္ဘာ ၁၆-ရက်က လှုပ်ခဲ့သော ဟိုင်ယွမ်ငလျင်ကြောင့် တရုတ်ပြည်သူ ၂၃၄၁၁၇-ဦး သေဆုံးခဲ့ရသည်။
၁၉၂၀-ပြည့်နှစ်မှာပင် တရုတ်နိုင်ငံ၌ ချီဟီငလျင် လှုပ်ခဲ့ရာ လူပေါင်း ၁၀၀၀၀၀-ခန့် သေဆုံးခဲ့ရသည်။
၂၀၀၈-ခုနှစ် မေလ ၁၂-ရက်နေ့က လှုပ်ခဲ့သော စီချွန်ငလျင်ကြောင့် ၆၈၇၁၂-ဦး သေဆုံးခဲ့ရသည်။
၂၀၁၀-ဧပြီလ ၁၄-ရက်နေ့က လှုပ်ခဲ့သော တရုတ်နိုင်ငံ ကျင်ဟိုင်းပြည်နယ် ယူရှုငလျင်ကြောင့် ၂၀၄၆-ဦး သေဆုံးပြီး ၁၂၁၃၅-ဦး ဒဏ်ရာရရှိသည်။ ၁၉၃-ဦး ပျော်ကဆုံးသည်။ ကျိုကူမြို့ အိမ်ခြေ ၈၅-ရာခိုင်နှုန်း ပျက်စီးသွားသည်။ ၁၃၄၃-ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။ အင်အား ရစ်ခ်ျတာစကေး ၇.၁-အဆင့်ရှိသော ငလျင်ဟု သိရသည်။

အခြားသောနိုင်ငံများ၌ လှုပ်ခဲ့သော ငလျင်များမှာ အင်ဒိုနီးရှားငလျင်၊ ဆီးရီးယား၊ ဟေတီ၊ ဂျပန်၊ အီရန် နှင့် ပေါ်တူဂီ ငလျင်တို့ဖြစ်သည်။
ဆီးရီးယားနိုင်ငံ၌ ၁၁၃၈-ခုနှစ်က အယ်လ်ပိုငလျင်ကြောင့် ပြည်သူ ၂၃၀၀၀၀-သေဆုံးခဲ့ရသည်။
၂၀၀၄-ခုနှစ် ဒီဇင်္ဘာလ ၂၆-ရက်နေ့က လှုပ်ခဲ့သော အင်ဒိုနီးရှား ငလျင်ကြောင့် ပြည်သူ ၂၃၃၀၀၀-သေဆုံးခဲ့ရသည်။
၂၀၁၀-ပြည့်နှစ် ဇန်န၀ါရီလ ၁၂-ရက်နေ့က ဟေတီနိုင်ငံ ပို့စ်အော်ပရင့်၌ လှုပ်ခဲ့သော ငလျင်ကြောင့် ပြည်သူ ၂၃၀၀၀၀-သေဆုံးခဲ့ကြရသည်။

၁၇၃၀-ပြည့်နှစ် ဂျပန်နိုင်ငံ၊ ဟော့ကိုင်ဒိုငလျင်သည် လူအသေအပျောက် အများဆုံးဖြစ်ပြီး ပြည်သူ ၁၃၇၀၀၀-သေဆုံးခဲ့ရသည်။
ထို့ပြင် ဂျပန်နိုင်ငံ၌ ဂရိတ်ကန်သိုငလျင်၊ ကာမာကူရာငလျင်နှင့် ကိုဘေးငလျင်တို့မှာလည်း အပြင်းထန်ဆုံး ငလျင်များတွင် ပါဝင်သည်။

အီရန်နိုင်ငံသည်လည်း ငလျင်ရပ်ဝန်း၌ ကျရောက်လျက်ရှိသော နိုင်ငံဖြစ်သည်။ အိရန်နိုင်ငံ၊ ဒန်ဟန်းငလျင်နှင့် အာဒါဘီငလျင်များသည် အပြင်းထန်ဆုံးငလျင်များဖြစ်ပြီး လူနှစ်သိန်းဝန်းကျင် သေဆုံးခဲ့ရသော ငလျင်များဖြစ်သည်။

၁၇၅၅-ခုနှစ် ပေါ်တူဂီနိုင်ငံ၌ လစ္စဘွန်းငလျင်ကြောင့် လူ ၁၀၀၀၀-ကော် သေဆုံးခဲ့သည်။
၁၆၆၇-ခုနှစ် အဇာဘိုင်ဂျန်၌ လှုပ်ခဲ့သော ငလျင်ကြောင့် လူ ၁၀၀၀၀၀၊
၂၀၀၅-ခုနှစ် ပါကစ္စတန်နိုင်ငံ၌ လှုပ်ခဲ့သော ကက်ရှ်မီးယားငလင်ျကြောင့် လူ ၇၅၀၀၀၊
၁၉၉၉-ခုနှစ် တူရကီနိုင်ငံ၌ လှုပ်ခဲ့သော ငလျင်ကြောင့် လူ ၄၅၀၀၀၊
၂၀၀၁-ခုနှစ် အိန္ဒိယနိုင်ငံ ဂုဂျာရတ်ငလျင်ကြောင့် လူ ၁၉၂၇-ဦး အသီးသီး သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၁၉၁၈-ခုနှစ်က လှုပ်ခဲ့သော ပဲခူးငလျင်ကြောင့် ရွှေမော်ဓော စေတီထီးတော်ကြီး မြေခခဲ့သည်။
၁၉၇၅-ခုနှစ် လှုပ်ခဲ့သော ပုဂံငလျင်ကြောင့် ပုဂံဘုရားများ ပြိုကျခဲ့ရသည်။
လူအသေအပျောက်နည်းသဖြင့် အကျယ်မဖော်ပြတော့ပါ။

ငါးပါးသီလ

ငါးပါးသီလ

ငါးပါးသီလ ဆိုသည်မှာ ဆောက်တည်ခြင်း (၅)ခုကို ပြုလုပ်ခြင်းဖြစ်သည်။
ငါးပါးသီလ ခံယူဆောက်တည်ပုံ


ယမဟံ ၀ဒါမိ တံ ၀ဒေထ။
 အာမ ဘန္တေ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

(ဒုတိယမ္ပိ၊ တတိယမ္ပိ)


 သရဏ ဂမနံ ပရိပုဏ္ဏံ ။ အာမ ဘေႏၱ

*ပါဏာတိပါတာ ေ၀ရမဏိ သိကၡာပဒံ သမာဒိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

*ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊

*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊

*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

ဌက်ပျောသီး

ဌက်ပျောသီး

              ဌက်ပျောသီးက နူးညံ့ ပျော့ပြောင်းပြီး ချိုသင်းတဲ့ အရသာရှိတယ် ။ ဌက်ပျောသီး မှာ အဟာရသိပ်ကို ကြွယ်ဝတယ် ။ (ဂရမ်၁၀၀=၆.၂)ကျပ်သားတိုင်းမှာ (အခွံမပါ အသားသက်သက်) ပရိုတင်း ၁.၂ ဂရမ် ၊အဆီ ၀.၅ ဂရမ် ၊ ကစီ ၁၉.၅ ဂရမ် ၊ ဖိုင်ဘာမျှင် အကြမ်း ၀.၉ ဂရမ် ၊ ထုံးဓါတ် ၉ မီလီဂရမ် ၊ မီးစုန်းဓါတ် ၃၁ မီလီဂရမ် ၊ သံဓါတ် ၀.၆ မီလီဂရမ် တို့ပါဝင်တဲ့အပြင် ကယ်ရိုတင်း ၊ နိုင်ယာစင် (Niacin) ဗီတာမင်စီ ၊ အီးနဲ့ စိုးစဉ် လိုအပ်ဒြပ်စင်များဖြစ်တဲ့ ပိုတက်စီယမ်စတာတွေလည်း ပါဝင်တယ် ။
               မကြာမီ နှစ်ပိုင်းများအတွင်းက ကမ္ဘာ့ ဆေးပညာပါရဂူများရဲ့ သုတေသနပြုတေ့ရှိခဲ့တာကတော့ ဌက်ပျောသီးက လူ့ခန္တာကိုယ်တွင်း ဦးနှောက်ကြီးအတွက် သွေးကြည်ရည် (Blood Serum) တစ်မျိုး ထုတ်လုပ်ဖို့ ကူညီတယ်လို့ ဆိုပါတယ် ။ အဲဒီဒြပ်ပစ္စည်း က အာရုံကြောစနစ်ကို လှုံဆော်ပေးတယ် ။ အဲဒီကနေ လူတွေကို ပျော်ရွှင်စေတယ် ။ တည်ငြိမ်စေတယ် ။အိပ်ချိန်ကို အချက်ပေးတယ် ။ နာကျင်မှုကို
သက်သာစေတဲ့ အကျိုးတောင်ရှိသေးတယ် လို့ သိရပါတယ် ။ ဒါကြောင့် ဌက်ပျော်သီးကို ”ပျော်ရွှင်ဖွယ်စားစရာ ” လို့တောင် နာမည် ကောင်းပေးထားပါသေးတယ် ။
                 အမေရိကန်နိုင်ငံ ဆေးပညာ ပါရဂူတွေရဲ့  သုတေသနများအရ အမြဲ ဌက်ပျောသီး စားရင် သွေးတိုးရောဂါ ကို ကြိုတင်ဟန့်တားနိုင်တယ်။ အကြောင်းရင်းကတော့ ဌက်ပျောသီးမှာ ပိုတက်ဆီယမ်အိုင်းယွန်း များများစားစားပါဝင်နေတော့ ဆိုဒီယမ်အိုင်းယွန်း တွေ မြင့်တက်လာနိုင်မှုကို ဟန့်တားတဲ့အတွက် သွေးကြောများ မထိခိုက်တော့ဘူး ။ သိပ္ပံပညာ ရှင်များ ထပ်မံတွေ့ရှိသေးတာက က လှူမှာ ပိုတက်ဆီယမ် ချို့ တဲ့ ရင်မူးဝေတာ ၊ တစ်ကိုယ်လုံး အားကုန်တာ ၊ နှလုံးခုန်မမှန်တာတွေပါ ဖြစ်တတ်သေးတယ်လို့
ဆိုပါတယ် ။ နောက်ပြီး ဌက်ပျောသီးမှာ အဟာရ အမျိုးမျိုးရှိတဲ့ အပြင် လူကို မ၀စေဘူး ။ ဦးနှောက်ကို အားကောင်းစေတယ် ။ အာရုံကြောများ မပင်ပန်းစေဘူး ။ အဆုတ်ကို ချောမွေ့စေပြီး ချောင်းဆိုး သက်သာစေတယ် ။ ၀မ်းမှန်စေတယ်လို့ ယူဆကြပါတယ် ။
                    တရုတ်တိုင်းရင်းဆေးပညာ အရ ဌက်ပျောသီးဟာ အအေးစာဖြစ်တဲ့အတွက် အစာအိမ်အားနည်းသူ ၊ အစာအိမ် နာတတ်သူ ၊ ၀မ်းလျှော တတ်သူများ လျှော့စား သင့်တယ် ။အစာအိမ်အချဉ်ပေါက် သူများ မစားသင့်ဘူး လို့ ယူဆပါတယ် ။ 

ငိုခြင်း

ငိုခြင်း

နှုတ်ခမ်းတွေ တုန်ယင်လာမယ်၊ မျက်လုံးတွေက နီရဲစိုစွတ်လာမယ်၊ ပြီးရင် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မျက်ရည်တွေ စီးမကျလာအောင် ထိန်းထားမယ်။ ဒီနည်းနဲ့ မျက်ရည်တွေကို မထိန်းထားနိုင်ရင်တော့ ငိုတယ်ဆိုတာ ဖြစ်လာပါပြီ။
ဘာကြောင့်ငိုတာလဲ
ငိုတယ်ဆိုတာ မထူးဆန်းပါဘူး။ မိခင်ဝမ်းဗိုက်ထဲက ထွက်လာကတည်းက လူတွေဟာ ဘဝတခုကို ငိုခြင်းနဲ့ စတင်ခဲ့ကြတာပါ။ ဒါပေမဲ့ အရွယ်ရောက်ပြီးသူတွေအတွက်တော့ ငိုတာနဲ့ ပတ်သက်ပြီး တယောက်နဲ့တယောက် ကွဲပြားခြားနားမှုတွေ ရှိလာပါတယ်။

တချို့လူတွေဟာ အငိုလွယ်တတ်ကြပြီး တချို့လူတွေကတော့ လုံးဝကို မငိုကြပါဘူး။ အငိုလွယ်လွန်းပြီး မကြာခဏ ငိုတတ်ကြသူတွေဟာ သူတို့ဘယ်အချိန်က နောက်ဆုံးငိုခဲ့တယ်ဆိုတာကိုတောင် မမှတ်မိနိုင်လောက်အောက်ပါပဲ။
အောက်ပါတို့ဟာ ငိုခြင်းနဲ့ပတ်သက်ပြီး အနောက်တိုင်းဆေးပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေ
လေ့လာတွေ့ရှိထားသမျှ အကြောင်းအရာတွေ ဖြစ်ပါတယ်။

သင်ဟာ ပျော်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ ငိုတာပါ။ ငိုတယ်ဆိုတာဟာ ခံစားမှုတခုခု အများအားဖြင့် ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတခု ဖြစ်ပါတယ်။ ဒါ့အပြင် ခံစားမှုတွေနဲ့အတူ စွမ်းအင်တည်ဆောက်ခြင်းလည်း ဖြစ်နိုင်ပါတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် Stephen Sideroff  က ဆိုပါတယ်။

ငိုတာဟာ ရှင်သန်မှုကို အထောက်အကူပြုတဲ့ ဖြစ်စဉ်တခုလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ တစုံတခုကို လိုအပ်တယ်ဆိုတာကို ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် တစုံတယောက်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ ကြိုးစားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သင်ငိုတာကို စောင့်ကြည့်နေတဲ့ သူဆီမှ အထောက်အပံ့ကို
အောင်အောင်မြင်မြင် ရရှိစေမယ့် နည်းလမ်းတခုလည်း ဖြစ်ပါတယ်လို့ ဖလော်ရီဒါရှိ Tampa ဆေးရုံမှ အာရုံကြော စိတ်ပညာရှင် Jodi Deluca က ဆိုပါတယ်။

ဒီထက်ပိုအဓိကကျတဲ့အချက်ကတော့ ငိုတာမှာ ဇီဝဓာတုဆိုင်ရာ ရည်ရွယ်ချက်တခုရှိပါတယ်။ ငိုတာဟာ ခန္ဓာကိုယ်မှ ဖိစီးမှုဟော်မုန်း ဒါမှမဟုတ် အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်တဲ့ နည်းလမ်းတခု
ဖြစ်ပါတယ်လို့ ငိုခြင်းနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့တဲ့ Deluca က ဆိုပါတယ်။

ဘယ်သူတွေက ပိုငိုတတ်သလဲ
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပါတယ်။ ဓလေ့ထုံးစံတွေအရလည်း အမျိုးသမီးတွေဟာ ပိုပြီးငိုခွင့်ရှိနေပါတယ်။ အမျိုးသားတွေအတွက်တော့ ငိုတာဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်နေပါတယ်။
တချို့လူတွေက အငိုလွယ်ပြီး တချို့လူတွေက ငိုခဲတာအတွက်တော့ သုတေသီတွေက ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။ ပင်ကိုစိတ်ရင်းက အဓိကကျတယ်လို့သာ ယူဆထားကြပါတယ်၊ နောက်တချက်ကတော့ အတိတ်က စိတ်ဒဏ်ရာရဖူးတဲ့သူတွေဟာ ပိုငိုတတ်ကြပါတယ်။ အထူးသဖြင့် အတိတ်ရဲ့ လွှမ်းမိုးမှုက ရုန်းမထွက်နိုင်တဲ့သူတွေအတွက် ပိုမှန်ပါတယ်။

ငိုခြင်း၏ အကျိုးကျေးဇူး
ငိုပြီးတဲ့နောက်မှာ စိတ်ပေါ့သွားတယ်ဆိုရင် ငိုလိုက်တာက ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် ဒီလိုမဖြစ်နိုင်ပါဘူး။ ဒက်ခ်ျ အမျိုးသမီး ၂၀၀-နီးပါးကို လေ့လာတဲ့ သုတေသနတခုမှာ အများစုက ငိုပြီးတဲ့အခါ ခံစားမှုပိုကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျဆင်းမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုကို တိုင်းတာစစ်ဆေးရာမှာ ရမှတ်မြင့်နေသူတွေဟာ ငိုပြီးတဲ့နောက် ခံစားမှုပိုဆိုးသွားတာကို တွေ့ရပါတယ်။

ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို အတိအကျ မသိပေမယ့် စိတ်ဓာတ်ကျနေသူ ဒါမှမဟုတ် စိုးရိမ်ပူပန်နေသူတွေဟာ တခြားသူတွေလို ငိုပြီးတဲ့နောက် အကျိုးကျေးဇူးမရတာကိုတော့ သိရှိရပါတယ်။

ကိုးကား

ဆွေဆွေမျိုးနိုင်(ဆေးဝါးတက္ကသိုလ်)
(Good Health 7-4-10)

ဗီတာမင်ဒီ ချိုတဲ့ပါက အရိုးပျော့ရောဂါ ဖြစ်စေနိုင်

ဗီတာမင်ဒီ ချိုတဲ့ပါက အရိုးပျော့ရောဂါ ဖြစ်စေနိုင်

 
 ဆေးပညာရှင် သုတေသီများက ဗီတာမင်ဒီဓာတ် ချို့တဲ့ပါက အရိုးပျော့ ရောဂါ ဖြစ်ပွားစေနိုင်ကြောင်း သတိပေးခဲ့ ကြပါသည် ။

ကြွက်သားနှင့် အရိုးများနာခြင်း ၊ လက်ကောက်ဝတ်နှင့် နံရိုးများ နာကျင်မှု ဖြစ်စေခြင်းသည် အရိုးပျော့ ရောဂါ၏ ရှေ့ပြေးဖြစ်သည် ။

ငါးအဆီ ၊ ကြက်ဥနှင့် မှိုတို့  တွင်လည်း ဗီတာမင်ဒီဓာတ် ပါဝင်ပါသည် ။

နေရောင်ခြည်မှ ဗီတာမင်ဒီ ဓာတ်ကို အများဆုံး ရရှိကြောင်း သိရသည် ။

credit to Mg Mandalay

ငှက်သိုက် Bird’s Nest ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

ငှက်သိုက် Bird’s Nest ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ

 
 နို့စို့ကလေး

-ပါဝင်သော Sialic acid ကြောင့် အာရုံကြောနှင့် ဦးနှောက်ကို ကောင်းစေသည်။

ကလေး

-immune system ကိုယ်ခံအားစနစ်ကို ကောင်းစေခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာ သန်စွမ်း စေသည်။ အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်နိုင်ချေမှ ကာကွယ် ပေးသည်။

မိန်းမ

-အရေပြားကို ကောင်းမွန် စေသည်။ ငယ်ရွယ် နုပျိုစေသည်။ အသားအရေကို ကြည်လင် ၀င်းပစေပြီး အိုမင်းခြင်းကို နှောင့်နှေး စေသည်။

ယောကျာ်း

-မောပန်းခြင်းကို သက်သာစေသည်။ ဖိအားကို လျော့စေသည်။ ခန္ဓာကိုယ်ကို ခွန်အား ပြန်လည်ပြည့် ဖြိုးစေသည်။

ကိုယ်ဝန်ဆောင်

-အမေနှင့် ကလေး၏ immune function ကိုယ်ခံအားကို တက်စေသောကြောင့် မွေးပြီး မြန်မြန် နာလန်ထစေသည်။

သက်ကြီးရွယ်အို

-ချွဲသလိပ်ကို ပျော်စေသည်။ အဆုတ်၊ ကျောက်ကပ်၊ သရက်ရွက်နှင့် ခံတွင်းကို ကောင်းစေသည်။

လူနာ

-ခွဲစိတ်ပြီး လူနာများ မြန်မြန် နာလန် ထစေသည်။ ခွဲစိတ်ပြီးနောက် ဆဲလ်များ ပျက်စီးမှုကို ပြန်လည် ကောင်းမွန်စေသည်။

ဆေးလိပ်သောက်သူ

-တုပ်ကွေး၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ရောဂါနှင့် အခြားအဆုတ်နှင့် ဆက်စပ်နေသော ရောဂါများကို ကာကွယ် ပေးသည်။

အလှအပ

- အဆီ၏ ဇီဝရုပ် ဖြစ်ပျက်မှု ဖြစ်စဉ်ကို မြန်စေသဖြင့် အဆီကို ကျစေသည်။

ကံ့ကော်

credit to Health Updates Journal

ငရမကန်း

ငရမကန်း

ပုဂံတွင် ငရမန်ကန်းသည် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်း နန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကို သိသဖြင့် အောက်အရပ်မှ မွန်များကို စုစည်း ပုန်ကန်ခဲ့သည်။ စောလူးမင်းသည် မျက်စိတစ်ဖက် မရှိပေ။ ငရမန်ကန်းသည် မွန်လူမျိုး ဖြစ်ပြီး စောလူးမင်းနှင့် ငယ်သူငယ်ချင်း ဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည် ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင် မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်း ထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက
“ငရမန်ကန်း..သင်ယောကျာင်္းကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ”
ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။
နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍ တပ်စွဲထားသည်ဆို၏။ စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကို မင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကို ရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏ တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းက တွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန် လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ ငါ့အားမသတ်ရာဟူ၏။ ထို့ကြောင့် ကျန်စစ်သား ငါ့ကိုခိုးယူလေပြီဟု အော်ဟစ်အသိပေးလေရာ ကျန်စစ်သားက
ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေ၀က်သေ သေရစ်ပေရော့
ဟုဆိုကာပစ်ချထားလျက် ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။ နောက်တွင် ငရမန်ကန်းသည် စောလူးမင်းကို ကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်း ရေကြောင်းမှ စုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှ ပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီး စူးစမ်းသော ငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။


ရွှေအိမ်စည်စာကြည့်တိုက်
https://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%9E%E1%80%8A%E1%80%B9/511509612202059?ref=stream

ခွန်ဆာ(ဘိန်းဘုရင်)

ခွန်ဆာ(ဘိန်းဘုရင်)

                         ခွန်ဆာ  (၁၇-၂-၁၉၃၄ မှ၂၆-၁၀-၂၀၀၇) သည် မြန်မာ စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။သူ့ကို လွိုင်မော် မြို့ တွင်မွေးဖွါးခဲ့သည်။ ခွန်ဆာကို ဘိန်းဘုရင် ဟုသိကြပြီးရွှေတြိဂံဒေသတွင် ဘိန်းရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်ခဲ့သည် ။ ခွန်ဆာသည် ရှမ်းပြည်သွေးစည်းရေးတပ်မတော်နှင့်Shan United Army နှင့် the Mong Tai Army တို့တွင် ခေါင်းဆောင်ဖြစ်၏ ။

ကိုယ်ရေးရာဇ၀င်

ခွန်ဆာ၏ဖခင်မှာ တရုတ်လူမျိုးဖြစ်ပြီး အမေမှာ ရှမ်းလူမျိုးဖြစ်သည် ။ သူ၏ ကလောင်အမည်ကို ခွန်ဆာ(Khun Sa) အဖြစ်ခံယူခဲ့ပြီး ခွန်ဆာ၏ အဓိပ္ပါယ်မှာ အေးချမ်းသောသူ ဟု အဓိပ္ပါယ်ရသည်။ သူအရွယ်ရောက်လာသောအခါ ကူမင်တန် တွင် စစ်ပညာသင်ကြားခဲ့ပြီး တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးသောအခါ ယူနန်(Yunnan) မှ မြန်မာ(Myanmar) သို့ထွက်ပြေးခဲ့ပြီး သူ၏ ကိုယ်ပိုင်တပ်မတော်ကို ရာဂဏန်း အနည်းငယ်ဖြင့်ချက်ချင်းပင်ဖွဲ့ စည်းခဲ့သည်။
၁၉၆၃ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ရှမ်းသူပုန်များကို တော်လှန်တိုက်ခိုက်ရန်အတွက် အစိုးရအပေါ်သစ္စာရှိသော ဒေသခံစစ်တပ် အဖြစ် ပူးပေါင်းခဲ့ပြီး ထိုသဘောတူညီချက်မှ ပိုက်ဆံများ ၊
စစ်ဝတ်စုံများ နှင့် လက်နက်များ ရရှိခဲ့သည်။
          ထို့နောက်သူ၏ စစ်တပ်ကို တိုးချဲ့  ဖွဲ့ စည်းခဲ့ရာ အယောက် ၈၀၀ ခန့် ရှိသောအခါ မြန်မာအစိုးရ နှင့် ပူးပေါင်းခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရှမ်းနယ်မြေများစွာ နှင့် ၀ပြည်နယ်များ ကိုထိန်းချုပ်ခဲ့ပြီး ဘိန်းဖြူ ထုတ်လုပ်ခြင်းကို တိုးချဲ့  ခဲ့သည် ။ ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ကူမင်တန် လက်ကျန်များနှင့်
တိုက်ပွဲဖြစ်ခဲ့ရာမှ စစ်ရှုံး ခဲ့သောအရှိန်ကြောင့် ခွန်ဆာသည် စိတ်ဓါတ်အလွန်ကျဆင်းခဲ့သည် ။  ၁၉၆၉ ခုနှစ်တွင် ရန်ကုန်အစိုးရမှ သူ့အား ဖမ်းမိခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် ကင်းလွတ်ခွင့် ရခဲ့ပြီး ရုရှား ဒေါက်တာနှစ်ယောက်ကို ခိုးမှုကျူးလွန်ရန် အမိန့်ပေးခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့သည်။
၁၉၇၆ခုနှစ် သူလွတ်မြောက်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ရှိ ဘန်ဟင်တက်(Ban Hin Taek) ရွာအတွင်းပိုင်းတွင် အခြေချခဲ့ပြီး ဘိန်းမှောင်ခိုတင်သွင်းခြင်းလုပ်ငန်းကိုတဖန်ပြန်လည်လုပ်ဆောင်ခဲ့
သည်။ သူ၏ စစ်တပ်ကို ရှမ်းပြည်သွေးစည်းရေးတပ်မတော်(Shan United Army)ဟု နာမည်ပြောင်းခဲ့ပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် လုပ်ပိုင်ခွင့်များရရှိရန် မြန်မာအစိုးရ ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။

                ၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်မူးယစ်ဆေးဝါးအတည်ပြုကိုယ်စားလှယ်အဖွဲ့  (US Drug Enforcement Agency)နှင့်ထိုင်းမြင်းစီးတပ်သား နှင့် မြန်မာမြို့ တွင်းပျောက်ကျားများ ဖြင့်
ဖွဲ့ စည်းခဲ့သော(၃၉)ယောက်သော အဖွဲ့ ဖြင့် ခွန်ဆာ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သို့သော်လည်း ၁၉၈၂ ခုနှစ် ဇန်န၀ါရီလတွင် ပက်သုန်ချိုင်(Pak Thong Chai)မှ ထိုင်းမြင်းစီးတပ်ဖွဲ့  ၊
ထိုင်းနယ်နိမိတ်လှည့်ကင်းရဲများ ၊ထိုင်းနန်းစဉ်တပ်မတော်(Royal Thai Army) တို့ပူးပေါင်းပြီး
မြန်မာနိုင်ငံ နယ်နိမိတ်နှင့် မျက်နှာချင်းဆိုင် မှ ဘန်ဟင်တက်(Ban Hin Taek) ရွာလေးမှ ခွန်ဆာ၏
ဌာနချုပ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ထိုင်းတော်လှန်ရေးကောင်စီ နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ပူးပေါင်းခြင်းကို ရရှိခဲ့သည်။
ထိုပူးပေါင်းခြင်းကြောင့် ထိုင်း-မြန်မာ နယ်နိမိတ် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး မယ်ဆိုင်(Mae Sai)သည်လည်းရွှေတြိဂံဒေသ၏ ဘိန်းဖြူ မှောင်ခိုတင်သွင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
၁၉၇၄ မှ ၁၉၉၄ ခုနှစ် တိုင်အောင် ဆယ်စုနှစ် နှစ်ခုအတွင်း ရှမ်းပြည်နယ်တွင် ခွန်ဆာ၏  သြဇာ ကြီးမားမှုကို အံသြဖွယ် တွေ့  မြင်နိုင်သည်။နယူးယောက် လမ်းများပေါ်မှ ဘိန်းဖြူ များ နှင့်ထိုင်း နှင့် လာအို တွင် (၈၀)ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှိ ရွှေတြိဂံဒေသမှထွက်ရှိသောဘိန်းဖြူများဖြစ်သည်။
မူးယစ်ဆေးဝါး အတည်ပြု အုပ်ချုပ်ရေး ရုံး၏ အဆိုအရ ရွှေတြိဂံ ဒေသမှ ဘိန်းဖြူများသည် (၉၀) ရာခိုင်နှုန်း သန့်စင်မှုရှိပြီး ဘိန်းဖြူထုတ်လုပ်ရေးလုပ်ငန်းအားလုံးတွင် အကောင်းဆုံး ဟုဆိုသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ဆာ၏ ဘိန်းဖြူရောင်းဝယ်ရေးတွင် ပန်းသေးတရုတ် မူစလင် လူမျိုး မဇန်းဝမ် (Ma Zhengwen) မှကူညီခဲ့သည် ဟုသိရသည်။

၁၉၈၈ ခုနှစ်တွင်   သြစတြေးလျ သတင်းထောက် စတီဗင်ရိုက်စ်(Stephen Rice)သည် ခွန်ဆာ(Khun Sa) အား တွေ့ ဆုံမေးမြန်းရန် ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်ခဲ့သည်။ သူ၏ဘိန်း သီးနှံ အားလုံး ကို (၈)နှစ်တာ ကာလအတွင်း အပြီးရောင်းချရန် သြစတြေးလျ အစိုးရအား ကမ်းလှမ်းခဲ့သည်။တစ်နှစ်လျှင်
ဘိန်းဖြူ တန်ဖိုး သြစတြေးလျဒေါ်လာ သန်း (၅၀)ခန့်မျှ (၈) နှစ် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ထိုကမ်းလှမ်းချက်ကို သြစတြေးလျ အစိုးရမှ ငြင်းပယ်ခဲ့ပြီး လွှတ်တော်အမတ် ဂရဲ(တ်)မှ “သြစတြေးလျ
အစိုးရသည်  ငြင်းဆိုကြောင်း ပြစ်မှုကျူးလွန်သူ နှင့် အလုပ်မလုပ်ဘဲ ရိုးရှင်းစွာနေကြောင်း နှင့် ပြစ်မှုကျူးလွန်သော လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြောင်း ” ပြတ်ပြတ်သားသား  ထုတ်ဖော်ပြောဆို
ခဲ့သည်။ထိုကမ်းလှမ်းချက်ကြောင့်ပင် အမေရိကန်ပြည်ထောင်စု နှင့် သြစတြေးလျ နိုင်ငံ နှစ်ခုစလုံး၏ ဘိန်းဖြူ ရောင်းဝယ်ရေးအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရသည်။

၁၉၈၉ ခုနှစ်တွင် နယူးယောက်(New York) သို့ ဘိန်းဖြူ တန်ချိန်(၁၀၀၀) တင်ပို့ရန် ကြိုးပမ်းခဲ့မှုကြောင့်
ခွန်ဆာ အား နယူးယောက် တရားရုံးမှ စောင့်ကြည့် ခံနေရစဉ် အမေရိကန်ပြည်ထောင်စု မှ သူ၏
ဘိန်းထုတ်ကုန် အားလုံး ၀ယ်ယူရန် အဆိုပြုခဲ့သည်။ထိုသို့ အမေရိကန်ပြည်ထောင်စုက သူ၏ အဆိုပြုချက်
ကို ငြင်းဆိုလျှင် နိုင်ငံတကာ သို့ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                   
ခွန်ဆာသည် အမေရိကန် ၏ ဘိန်းဖြူမှောင်ခိုရောင်းချသူအဖြစ် စောင့်ကြည့်နေမှုအပေါ်စိုးရိမ်သောကြောင့်  ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံတွင် တရားဝင်လက်နက်ချခဲ့သည်။ ခွန်ဆာအား ဖမ်းဆီးပေးနိုင်သူအား
အမေရိကန်ဒေါ်လာ (၂)သန်း ဆုငွေ ပေးမည်ဟု US DEA မှ ဆုငွေ ထုတ်ပြန်ခဲ့သည်။ခွန်ဆာသည် ရှမ်းပြည်နယ်မှ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ခဲ့သည်။ မြန်မာအစိုးရမှ အကာအကွယ်ပေးထားသော
ကြောင့် ဘယ်တော့မှ အဖမ်းမခံခဲ့ရပေ။ ပြစ်မှုကျူးလွန်ခဲ့ရာတိုင်းပြည်သို့ တရားခံကို လွှဲအပ်ရန် မြန်မာနိုင်ငံမှ တရားဝင် ငြင်းဆိုခဲ့သောကြောင့် ခွန်ဆာသည် လုံလောက်သော အရင်းအနှီးမြောက်များစွာ
ဖြင့် သူ၏ ဘ၀ကို ရန်ကုန်မြို့  ၊ မန္တလေးမြို့  နှင့် တောင်ကြီးမြို့ တို့တွင် အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။

မီဒီယာပိုင်း

၂၀၀၇ ခုနှစ်တွင် သရုပ်ဆောင် ရစ်ရမ်း(Ric Young) က ခွန်ဆာ၏ အကြောင်းကို သရုပ်ဖော်ထားသော အမေရိကန် ဂမ်းစတား(American Gangster) ဟူသော ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ကွယ်လွန်ခြင်း

အောက်တိုဘာလ ၂၆ရက် ၂၀၀၇ခုနှစ် ၊ ရန်ကုန်မြို့  တွင် ခွန်ဆာ အသက် (၇၃) နှစ် ကွယ်လွန်သည် ။ သူ၏ရုပ်အလောင်းကိုမြောက်ဥက္ကလာပရှိရေဝေးသုသာန်တွင်မြေမြှုပ်ခဲ့ သည်။ ခွန်ဆာ မည်သည့်ရောဂါဖြင့်သေဆုံးရသည်ကို မသိရပေ ။

ခင်သန်းနု(မင်းသမီး)

ခင်သန်းနု(မင်းသမီး)

ခင်သန်းနု
မွေးသက္ကရာဇ်
အမည်ရင်း
မိဘအမည် ဦးအောင်သန်း + ဒေါ်နု
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ပျဉ်းမနားမြို့
ပညာအရည်အချင်း
အလုပ်အကိုင် ရုပ်ရှင်သရုပ်ဆောင်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွန်ယက်

ခင်သန်းနုသည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
ခင်သန်းနုသည် ပျဉ်းမနားမြို့၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ် ဆောင်ခဲ့ပါသည်။
တင့်လှပေဟန် ရိုက်ကူး နေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က `ချစ်သောသူ တစ်ယောက်´ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ၀င်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ၀င်းဦးသည်လည်း မြတ်မော်ဦး ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ `နှစ်ယောက်တည်းနေချင်တယ်´ ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူး နေဆဲ ဖြစ်သည်။
ချစ်သောသူ တစ်ယောက် ဇာတ်ကားသည် ၀င်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူ တစ်ယောက်က အရင် ရုံတင်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ၀င်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်ပါသည်။
အဲဒီကားများက အစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာတဲ့ ခင်သန်းနုဟာ အဲဒီခေတ်က ရေပန်းစားနေဆဲ ဖြစ်တဲ့ ရွှေဘ၊ တင်ညွန့်တို့နဲ့ တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ၀င်းဦး၊ ခင်သန်းနုတို့ အတွဲဟာ ပရိသတ်များ အတွက် အတွဲညီတဲ့ သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့ဟာ ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အတွဲဖြစ်ခဲ့ပါတယ်။
ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။ ရွှေဘ၊ တင်ညွန့်၊ ၀င်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ် အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အေ၀မ်း ရုပ်ရှင်မှ ဒါရိုက်တာ အေ၀မ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန် ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ၀ါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။
ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနဲ့လည်း ခင်သန်းနုဟာ ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိတဲ့ ကားများဟာ သူတို့နှစ်ဦးရဲ့ နာမည်ကြီး ကားများ ဖြစ်ခဲ့ပါတယ်။
ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂၀ ရာစု ကိုကျော်ညွန့်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုပါတယ်။
ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြပေမယ့် ၁၉၇၀ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ၀င်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားနဲ့ ထူးချွန်ဆု ရရှိသွားခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ခုနစ်စဉ်အလွမ်း ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မှုံရွှေရည် ရဲ့အဆက် ဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်တဲ့ အတွက် ၀င်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရိုက်ရင်းတန်းလန်းမှာ ၀င်းဦး ကွယ်လွန်သွားတဲ့အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ၀င်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီ ကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေး ပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့တဲ့ ခင်သန်းနုကို မျှော်လင့်ခဲ့ကြပေမယ့် ထူးချွန်ဆုနဲ့ လွဲခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ ကွာ ရှင်းပြတ်စဲပြီးဖြစ်တဲ့ ခင်သန်းနုက ဒေါက်တာမြတ်သူရစိုး နဲ့ ဒုတိယအိမ်ထောင် တည်ထောင်ခဲ့ပါတယ်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့ပြန်ပါတယ်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလ အတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သမီးတစ်ကောင် နွားတစ် ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်ပါတယ်။
ခင်သန်းနုဟာ ရုပ်ရှင် လောကထဲဝင်ရောက်လာတဲ့ အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ၀င်း၊ မောင်သန်းဝင်းတို့ဟာ ခင်သန်းနုနဲ့ တွဲဖက်ခဲ့ကြတဲ့ သရုပ်ဆောင်သစ်များ ဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ ခင်သန်းနုဟာ သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးတဲ့ သမီးရှင် ဇာတ်ကားမှာ သမီးများကိုမွေးထားတဲ့ အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ ဒီဆု အပါအ၀င် ခင်သန်းနုဟာ အကယ်ဒမီ သုံးထပ်ကွမ်းဖြစ်ပြီး ယနေ့အချိန် အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ် ပီး ကျန်းမာရေး အခြေအနေ အရ စိတ်ကြိုက်ဇာတ်ကား များကိုသာ ရွေးချယ်ရိုက်ကူးရင်း ကမ္ဘောဇရိပ်သာ နေအိမ်မှာ သမီးမြတ်သန်းနုစိုးနဲ့ အတူ နေထိုင်လျက်ရှိပါတယ်။ 

ခင်ယုမေ(မင်းသမီး)

ခင်ယုမေ(မင်းသမီး)


ခင်ယုမေ
မွေးသက္ကရာဇ် ၁၉၃၇ ခုနှစ်၊ မတ်လ
အမည်ရင်း
မိဘအမည် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ရန်ကုန်မြို့
ပညာအရည်အချင်း တက္ကသိုလ် ဝင်တန်း
အလုပ်အကိုင် အဆိုကျော်၊ သရုပ်ဆောင်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွန်ယက်

၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။

၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။
ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ၀ါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။ စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်ျးားစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။
အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။
ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။
ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။
တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။
ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။
ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။ လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပါတယ်။

ငွေစက္ကူ

ငွေစက္ကူ

ငွေစက္ကူ ဆိုသည်မှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ရာတွင် ကြားခံအဖြစ် အသုံးပြုကာ စက္ကူဖြင့် ပြုလုပ်ထား၍ တန်ဘိုးသတ်မှတ်ထားသော အရာဖြစ်သည်။ ကမ္ဘာတွင် နိုင်ငံအသီးသီး၌ ငွေစက္ကူကို အသုံးပြုကြသည်။ နိုင်ငံတိုင်း လိုလိုပင် ကိုယ်ပိုင် သတ်မှတ်ထားသည့် ငွေစက္ကူများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ငွေစက္ကူများကို သုံးစွဲခဲ့ကြသည်။
ကိုလိုနီခေတ်တွင် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်လုပ်ခဲ့သည်။ “ဗမာပြည်တွင် သုံးနိုင်သည်”ဟုရေးပြီး ထုတ်သည်။ ထိုခေတ်တွင် ရူပီး (Rupee) အသုံးဖြစ်သည်။ ၁ရူပီး (Rupee)တွင် ၁၀၀ စန့် (Cent) ရှိသည်။ ၁ရူပီး (Rupee) တွင် ၁၆- ပဲ (Anna) ရှိသည်။
၁၉၄၄ ခုနစ်တွင် “ဂျပန်နိုင်ငံတော်အစိုးရ” ဆိုသည့်နာမည်နှင့် ငွေစက္ကူများ၊ “ဗမာနိုင်ငံတော်ဘဏ်” ဆိုသောနာမည်နှင့် ထုတ်ထားသော ငွေစက္ကူများ တွေ့ရသည်။ ဂျပန်ခေတ်တွင်လည်း ရူပီး (Rupee) သာသုံးသည်။
နောက်ပိုင်းတွင် ကျပ် (Kyat) အသုံးပြုလာသည်။ ၁ကျပ်တွင် ပြား၁၀၀ ရှိသည်။
၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”ဟုဆိုသော နာမည်နှင့် ပြောင်းထုတ်သည်။
နောက်ထူးခြားချက်တစ်ခုကတော့ ၁၉၉၄ ခုနစ်က ထုတ်ခဲ့သော ၅၀၀ကျပ်တန် နှင့် ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့သည့် ၁၀၀၀ကျပ်တန် ငွေစက္ကူများကို ၂၀၀၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာဖြစ်သည်။


၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

ဂျပန်ခေတ် ငွေစက္ကူပုံများ

၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

၁ ကျပ် မျက်နှာစာ
၁ ကျပ် ကျောဘက်
၅ ကျပ် မျက်နှာစာ
၅ ကျပ် ကျောဘက်
၁၀၀ ကျပ် မျက်နှာစာ
၁၀၀ ကျပ် ကျောဘက်

FEC: Foreign Exchange Certificate

၁ ကျပ် မျက်နှာစာ
၁ ကျပ် ကျောဘက်
၁၀ ကျပ် မျက်နှာစာ
၁၀ ကျပ် ကျောဘက်
၂၀ ကျပ် မျက်နှာစာ
၂၀ ကျပ် ကျောဘက်

ဖျက်သိမ်းခဲ့သော ငွေစက္ကူပုံများ

၂၅ ကျပ်တန်
၃၅ ကျပ်တန်
၇၅ ကျပ်တန်

၁၉၉၀ ခုနစ်မှ ယခုအချိန်ထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ

၉၀ ကျပ်တန် ဆရာစံပုံ
၄၅ ကျပ်တန် သခင်ဖိုးလှကြီးပုံ
၁ ကျပ် (၁၉၉၀) ဗိုလ်ချုပ်အောင်ဆန်း နှင့် နဂါးသစ်ထွင်းပန်းပု
ပြား ၅၀ (၁၉၉၄) စောင်းကောက်
၁ ကျပ် (၁၉၉၆) ခြင်္သေ့ နှင့် ရန်ကုန်မြို့ ကန်တော်ကြီး လှေပြိုင်ပွဲ
၅ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ခြင်းဝိုင်း
၁၀ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ကရ၀ိတ်ဖောင်
၂၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်
၅၀ ကျပ် (၁၉၉၇) ခြင်္သေ့ နှင့် ရိုးရာလက်မှုပညာရှင်
၁၀၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ရိုးရာလက်မှုပညာရှင်
၂၀၀ ကျပ် (၁၉၉၈) ခြင်္သေ့ နှင့် သစ်ဆွဲဆင်
၅၀၀ ကျပ် (၁၉၉၄) ခြင်္သေ့ နှင့် ပန်းပုပညာရှင်
၁၀၀၀ ကျပ် ဆိုဒ်ကြီး (၁၉၉၈)
၁၀၀၀ ကျပ် ဆိုဒ်သေး (၂၀၀၄)
၅၀၀၀ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး
(၁၉၉၉) ၅-ကျပ်၊ ၁၀-ကျပ်၊ ၅၀-ကျပ်၊၁၀၀-ကျပ်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform