စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 7 May 2016

ဂရန်ဆိုတာ ဘာလဲ

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...

ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...

“ဂရန်ဆိုသည်မှာ”
အပိုင်း - ၁ ဂရန်
်၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။
ဂရန်လျှောက်ထားခြင်း၂။
အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။
ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ၃။
အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။
အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား၎။
လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။
မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။
မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ၅။
ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။
( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။
ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊
ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်
(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။
ဇော်မင်း(နတ်မောက်)

Saturday, 28 November 2015

ပေလေးပင် သျှင်လေးပါး


ပေလေးပင် သျှင်လေးပါး
--------------------------------
မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်ရောက်လျှင် တောင်တွင်းကြီးမြို့မှ တဘောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ အဆိုပါတဘောင်မှာ "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့ "လို့ ဖြစ်ပါတယ်။
တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုသည်မှာ ပေပင်အစို့ အကိုက်လေးစို့ ဟုဆိုလိုခြင်းဖြစ်ပြီး ပေဆိုသည်မှာ စာပေကို ဆိုလိုသည့်အတွက် စာပေကျမ်းဂန်တတ်ကျွမ်းသော ရှင်သာမဏေပုဂ္ဂိုလ်ကျော် လေးပါး ပေါ်မည့်အကြောင်း ငှက်ပစ်တောင် ဆရာတော်မှအတိတ်နိမိတ် ကောက်သည်။
မကြာမီ ထိုနှစ်တွင်ပင် တောင်တွင်းကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာ တို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက်လာ၍ မြို့သူမြို့သားများက "ပေလေးပင်၊ သျှင်လေးပါး" ပေါ်တော့မည်ဟုဆိုပြီး ၀မ်းသာအားရ ဖြစ်ကြသည်။ ထိုနိမိတ် အတိုင်း ၈၁၅-ခုနှစ်အရောက်တွင်
မြို့လုလင်ရွာမှ မောင်ဥက္ကာ (သျှင်ဥတ္တမကျော်)
မောင်ညို (သျှင်မဟာသီလဝံသ)
သတိုးထမ်းရွာမှ သျှင်အုန်းညို နှင့်
မကျည်းယောင်ရွာမှ သျှင်ခေမာ
ဟူ၍ ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ သျှင်လေးပါး ဟုခေါ်ခြင်း ဖြစ်သည်။
ပေလေးပင် သျှင်လေးပါး-ဆိုသည့် စကားသည် ကိုလိုနီခေတ်ဦးပိုင်းမှ တွေ့ရသော စကားဖြစ်သည်ဟု ဆို၏။ ရှေးက စာတွေထဲတွင် ထိုပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာမှာ ပေလေးပင် သျှင်လေးပါးအကြောင်း မပါပါ။ ထင်ထင်ရှားရှား စတွေ့ရသည်မှာ ၁၉၁၁-ခုနှစ်၊ ဦးအောင်ဆိုသူ မြန်မာပညာရှိကြီး ရေးသားသော သျှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်ထိုးခန်း-ဆိုသော က၀ိသေနင်္ဂဗျူဟာကျမ်းမှာ ဖြစ်ပါသည်။
စာကိုး...မြန်မာစာ၊မောင်ခင်မင်။
ရွှေအိမ်စည်
ရွှေအိမ်စည်စာကြည့်တိုက်
မူရင်းလင့်...>>>>>
ပေလေးပင် သျှင်လေးပါး
http://web.facebook.com/notes/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/ပေလေးပင်-သျှင်လေးပါး/525969587422728

Sunday, 24 May 2015

မြန်မာနိုင်ငံတယ်လီဖုန်း လုပ်ငန်းသမိုင်း

မြန်မာနိုင်ငံတယ်လီဖုန်း လုပ်ငန်းသမိုင်း


(က) စစ်မဖြစ်မီကာလမှ စစ်ပြီးကာလအထိ

တယ်လီဖုန်းကို Alexander Graham Bell မှ ၁၈၆၇ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။  ရန်ကုန်မြို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို Oriental Telephone and Electric Co. မှ ၁၈၈၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၈၈၈ ခုနှစ်တွင် မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးကို စတင် တည်ထောင်ခဲ့သည်။ ၁၉၁၀ ခုနှစ်တွင် ရန်ကုန်မြို့၌ တယ်လီဖုန်းပေါင်း ၁၃၀၀ ခန့်ကို တပ်ဆင်အသုံးပြုလျက် ရှိကြောင်း သိရပါသည်။ ၁၉၂၃ ခုနှစ်မှ စတင်၍ မြို့အချင်းချင်း တယ်လီဖုန်း ဆက်သွယ်မှုအဖြစ် ရန်ကုန်နှင့် ပဲခူးမြို့များကို စတင်ဆက်သွယ် ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်-ပုသိမ်နှင့် ရန်ကုန်-မန္တလေး-မေမြို့(ပြင်ဦးလွင်) တယ်လီဖုန်းဆက်ကြောင်းများကို ပြည်နှင့် ရေနံချောင်းတို့မှတစ်ဆင့် တည်ဆောက်ခဲ့ပါသည်။ ၁၉၃၇ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီးခဲ့သော ကြေးနန်းလိုင်းများကို အသုံးပြု၍- ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ သထုံ၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ရေး၊ ကံပေါက်၊ ထားဝယ်၊ ကျောက်မဲတောင်- မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ပုသိမ်၊ ကံကြီးဒေါင့်၊ ကျောင်းကုန်း၊ကျုံပျော်၊ ငသိုင်းချောင်း၊ ဟင်္သာတ-ဝါးနက်ချောင်း၊ တိုက်ကြီး၊ ဥက္ကံ၊ လက်ပံတန်း၊ ပေါင်းတည်၊ ပြည်၊ အောင်လံ (မြေထဲ)၊ သရက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ အလုံ၊ ရွှေဘို- မေမြို့၊ ကျောက်မဲ၊ နမ့်ဆမ်၊ သီပေါ၊ နန်းမျှော်၊ လားရှိုးမြို့များသို့ တယ်လီဖုန်းဆက်ကြောင်းများ ရရှိစေခဲ့ပါသည်။

၁၉၂၄ ခုနှစ်တွင် Oriental Telephone and Electric Co. rS Rangoon Telephone Co. (ရန်ကုန်တယ်လီဖုန်းလုပ်ငန်း) ဟု အမည်ပြောင်းကာ အစိုးရထံမှ လိုင်စင်ယူ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်အထိ စစ်မဖြစ်မီ ကာလအတွင်း တယ်လီဖုန်း အိတ်ချိန်းပေါင်း ၁၃၁ လုံး ရှိခဲ့ပြီး၊ ၁၉၃၈ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းပေါင်း ၄၄၉၉ လုံး ရှိခဲ့ကြောင်း သိရပါသည်။ အင်္ဂလိပ်များ ရန်ကုန်မှ ဆုတ်ခွာချိန် ၁၉၄၂ ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် ရန်ကုန်တယ်လီဖုန်း အိတ်ချိန်းများနှင့် အခြားဆက်သွယ်ရေး စာရင်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရပါသည်။ ဂျပန်များ ဝင်ရောက်အုပ်ချုပ်ချိန်တွင် တယ်လီဖုန်း ဆက်သွယ်မှုကို အရေးကြီးသော အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများ အကြား ပြန်လည်ထူထောင် သုံးစွဲလာခဲ့ပါသည်။

(ခ) စစ်ပြီးကာလ ၁၉၆၂ ခုနှစ် မတ်လအထိ

ဂျပန်များ ဆုတ်ခွာသွားပြီးနောက် မြန်မာပြည်အစိုးရသည် တယ်လီဖုန်းဆက်သွယ်မှု လုပ်ငန်းကို ပြန်လည်ထူထောင်ခဲ့ရာ ရန်ကုန်-မန္တလေး-ကလေးဝမှတစ်ဆင့် အိန္ဒိယသို့ ဆက်သွယ်နိုင်ခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် အချိန်မှ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းကို ပြည်တွင်းသောင်းကျန်းမှုကြောင့် ပျက်စီးမှုအပါအဝင် ပြန်လည်ထူထောင်ခဲ့ပါသည်။ ၁၉၆၁-၆၂ ခုနှစ်အထိ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၈၀ နှင့်၊ တယ်လီဖုန်းပေါင်း ၁၄၇၅၄ ကို တပ်ဆင်နိုင်ခဲ့ကြောင်း သိရပါသည်။ ခေတ်မီ ဆက်သွယ်ရေးကို တပ်ဆင်ရန်အတွက် ရန်ကုန်မြို့တွင် လက်သုံးတယ်လီဖုန်းစနစ်မှ အလိုအလျောက် တယ်လီဖုန်းစနစ်သို့ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းအတွက် ရန်ကုန်မြို့တွင် မောင်ထောင်လေးလမ်း၊ ဟံသာဝတီ၊ တာမွေ၊ အင်းစိန် ခေတ်မီ အော်တိုအိတ်ချိန်းများကို တပ်ဆင်ခဲ့ပါသည်။

(ဂ) ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ

ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း ပြောင်းလဲတပ်ဆင်ခဲ့သော အော်တိုအိတ်ချိန်း ၄ လုံးကို ၁၉၆၂-၆၃ ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအသုံးပြုနိုင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မရမ်းကုန်း အော်တိုအိတ်ချိန်းကို တပ်ဆင်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ရန်ကုန်မြို့တွင် အော်တိုအိတ်ချိန်းများ စတင်အသုံးပြုလာချိန်မှစ၍ တယ်လီဖုန်းခေါ်ဆိုခများကို ပုံသေနှုန်းမှ တစ်ခါခေါ်၊ မီတာတစ်ထစ်တက်သည့် စနစ်သို့ ပြောင်းလဲကောက်ခံခဲ့ရာ တယ်လီဖုန်းသုံးစွဲသူများ၏ ငွေကုန်ကြေးကျမှု အပေါ် စိုးရိမ်မှုကြောင့် ၁၉၆၃ ခုနှစ်တွင် ရှိခဲ့သော တယ်လီဖုန်းဦးရေ ၁၇၂၄၅ လုံးမှ ၁၉၆၄ ခုနှစ်တွင် ၁၅၆၃၁ လုံးသို့ ကျဆင်းသွားခဲ့ပါသည်။ သို့သော် အော်တိုတယ်လီဖုန်း သုံးစွဲရာတွင် လွယ်ကူမှု အကျိုးကျေးဇူးများကို သိရှိလာသောအခါ သုံးစွဲသူ တဖြည်းဖြည်းများလာပြီး၊ ၁၉၆၇ ခုနှစ်တွင် တယ်လီဖုန်းအလုံးပေါင်း ၂၁၄၄၄ လုံးသို့ သိသိသာသာ တိုးတက်လာခဲ့ကာ ယနေ့တိုင် ဆက်တိုက် တယ်လီဖုန်းဦးရေ တိုးတက်လျက် ရှိပါသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် တပ်ဆင်ခြင်း မရှိခဲ့သော်လည်း မန္တလေးအပါအဝင် မြို့နယ်များ၌ လက်သုံးတယ်လီဖုန်းအိတ်ချိန်း အရေအတွက်မှာ ၉၃ လုံးမှ ၁၃၄ လုံးအထိ တိုးတက်ခဲ့ပါသည်။ တယ်လီဖုန်းအရေအတွက် သိသိသာသာ တိုးတက်လာခြင်းမှာ ရန်ကုန်မြို့တွင် တပ်ဆင်ထားသော အော်တိုအိတ်ချိန်းများ၏ လိုင်းပမာဏအရ တယ်လီဖုန်းအသစ်များ တပ်ဆင်ခြင်းက အဓိကဖြစ်ခဲ့ပါသည်။ ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကိုယ်တိုင်လှည့် ရပ်ဝေး တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုခဲ့ခြင်း၊ အခမ်းအနားဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းပြီးဆုံး အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။

အဆိုပါ ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း အောတိုအိတ်ချိန်းများ တပ်ဆင်ရေး အစီအစဉ်တွင် ရန်ကုန်မြို့၌ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) နယ်မြေတွင် လိုင်း ၅၆၀၀၊ သင်္ဃန်းကျွန်းနယ်မြေတွင် လိုင်း ၁၀၀၀၊ မင်္ဂလာဒုံနယ်မြေတွင် လိုင်း ၆၀၀၊ အိတ်ချိန်း ၃ လုံးကို တပ်ဆင်ပြီးစီးခဲ့ပါသည်။ နယ်မြို့များဖြစ်သော မန္တလေးမြို့တွင် လိုင်း ၃၀၀၀ ဆန့် တစ်လုံး၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့တွင် လိုင်း ၁၀၀၀ ဆန့်တစ်လုံးစီ၊ ပဲခူး-စစ်တွေ-ပြည်-တောင်ကြီး-မိတ္ထီလာ-မကွေးမြို့တို့တွင် လိုင်း ၆၀၀ ဆန့် တစ်လုံးစီနှင့်  တောင်ငူ-လားရှိုး-မြစ်ကြီးနားမြို့များတွင် လိုင်း ၄၀၀ ဆန့် တစ်လုံးစီကို တပ်ဆင်ခဲ့ပါသည်။ ထို့ကြောင့် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့ကြီး ၁၃ မြို့၌ အော်တိုအိတ်ချိန်း ၁၅ လုံးကို တပ်ဆင်ခဲ့ပါသည်။ ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း မြို့တစ်မြို့မှ တစ်မြို့သို့ အလိုအလျောက် ဆက်သွယ်နိုင်ရန် ပြည်တွင်း အလိုအလျောက် ထပ်ဆင့်အဝေးဆက် အိတ်ချိန်း ၂ လုံးကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လိုင်း ၈၀၀ ဆန့်နှင့် လိုင်း ၆၀၀ ဆန့် အသီးသီး တည်ဆောက်ခဲ့ပါသည်။ အထက်ပါ မြို့ကြီး ၁၃ မြို့ရှိ အော်တိုအိတ်ချိန်း ၁၅ လုံးအတွက် မြို့တွင်းတယ်လီဖုန်း ဖြန့်ဝေရေး ကွန်ချာအတွက် မြေအောက်ကြိုး ၃၇၈၂၇ (Pair Kilometer) နှင့် ကောင်းကင်ကြိုး ၁၁၁၁၆.၈ Pair Kilometer တို့အား တပ်ဆင်အသုံးပြုခဲ့ရပါသည်။ ထို့ပြင် ပထမဆက်သွယ်ရေးဖွံ့ဖြိုးမှု စီမံကိန်းကာလအတွင်း၌ပင် တယ်လီဖုန်း ခေါ်ဆိုခများကို ကွန်ပျူတာဖြင့် ကောက်ယူရေးစနစ် ဖြစ်သော ခေတ်မီ Centralised Automatic Message Accounting (CAMA) System ကို စတင်အသုံးပြုခဲ့ပါသည်။ ထိုစနစ်ဖြင့် တစ်ဦးချင်း တယ်လီဖုန်းခေါ်ဆိုခ ငွေတောင်းခံလွှာများ ရိုက်ထုတ်ရန် အတွက် Billing Processor  တစ်လုံးကို ရန်ကုန်မြို့တွင် တည်ဆောက်ထားရှိခဲ့ပါသည်။

ပထမဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် အော်တိုအိတ်ချိန်း အများအပြား တည်ဆောက်ခဲ့ပြီး ကိုယ်တိုင်လှည့် ရပ်ဝေးဆက်သွယ်မှု စနစ်ကို အသုံးပြုခဲ့ခြင်း (Automatic Message Accounting)  များသည် မြန်မာနိုင်ငံ တယ်လီဖုန်းဆက်သွယ်ရေး အတွက် ဆက်သွယ်ရေး သမိုင်းကဏ္ဍသစ် တစ်ခုကို ဖြစ်စေခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အော်တိုအိတ်ချိန်း အရေအတွက်များ တိုးတက်ခဲ့ခြင်းကြောင့် ထိုနှစ်မှ စတင်၍ တယ်လီဖုန်းဦးရေမှာလည်း သိသိသာသာ တိုးတက်ပြီး သုံးစွဲသူ များပြားလာခဲ့ကာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်တို့တွင် အတိုင်းအတာတစ်ခု အတွင်းမှ တယ်လီဖုန်းလုပ်ငန်း အနေနှင့် ပံ့ပိုးနိုင်ခဲ့ပါသည်။ ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်အတွင်း ဒုတိယ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုစီမံကိန်း အစီအစဉ်ဖြင့် အော်တိုတယ်လီဖုန်း အိတ်ချိန်းအသစ် ၁၃ လုံးကို အသစ်တည်ဆောက် တပ်ဆင်ခဲ့ပါသည်။ ထိုကဲ့သို့ အသစ်တပ်ဆင်ခဲ့သော အိတ်ချိန်း အသစ်များသည် ယခင်က အသုံးပြုခဲ့သော Electro-mechanical Crossbar  အလိုအလျောက် အိတ်ချိန်းမျိုး မဟုတ်ဘဲ Computer Control-digital Electronic  အော်တိုအိတ်ချိန်းများ ဖြစ်ပါသည်။ ထိုအိတ်ချိန်းများသည် ကမ္ဘာ့ခေတ်မီအမျိုးအစားများဖြစ်ပြီး ထိန်းသိမ်းသုံးစွဲရာတွင်လည်း လွယ်ကူမှု ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၈၇-၈၈ ခုနှစ်များ အတွင်း တယ်လီဖုန်းဦးရေ သိသာစွာ တိုးတက်ခဲ့ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ၁၉၈၇-၈၈ ခုနှစ်တွင် အိတ်ချိန်းပေါင်း ၂၄၃ လုံး (အော်တို ၃၃ လုံး+လက်လှည့် ၂၁၀ လုံး) ရှိခဲ့ပါသည်။

သင်တန်းပို့ချချက်လက်စွဲစာစောင်၊ ၂၀၀၄ ခုနှစ်
By Smart News Originally posted 04/05/2012 12:16PM

http://www.yatanarpon.com.mm/cp/smartnews/article-56962

ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေးမသုးတတ်ရင်ဘေး

ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး
============
facebook ကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အတွေးအခေါ်မရွေး၊ အသုံးပြုနေကြတာဖြစ်တယ်။ မှန်တာတွေလည်းတွေ့ရမယ်၊ မှားတာတွေလည်းတွေ့ရမယ်။ သန့်ရှင်းတာလည်းတွေ့ရမယ်၊ ညစ်ငြမ်းတာလည်းတွေ့ရမယ်။ အလွန်တိမ်တဲ့အရေးအသားတွေလည်းရှိမယ်။ အလွန်နက်ရှိုင်းတဲ့ အတွေးအခေါ်တွေလည်းတွေ့ရမယ်။ လူသားတွေနဲ့ပါတ်သက်မှုတိုင်းဟာ ဒီဖေ့ဘုတ်ထဲကအတိုင်းပါဘဲ။ ကောင်းမှုနဲ့ဆိုးမှုတွေဟာ တစ်ခုတည်းဖြစ်တယ်။ များရာဘက်ကို အားသာသွားတာချည်းပါပဲ။

မြန်မာနိုင်ငံကဖေ့ဘုတ်သုံးသူတွေဟာသတိဥာဏ်ရှိဖို့လိုတယ်။ ဖေ့ဘုတ်စာမျက်နှာ ကောင်းမှုတွေနဲ့ ဆိုးမှုတွေဟာ ဒွန်တွဲနေတယ်။ အားလုံးဟာ အကောင်းတွေမဟုတ်သလို၊ အားလုံးဟာ အဆိုးတွေလည်းမဟုတ်ဘူး။ ကောင်းတဲ့ဘက်ကို ပိုပြောင်းသွားရမယ်။ ဒီလိုပြောင်းလဲနိုင်ဖို့က facebook အသုံးပြုသူတွေရဲ့ အနေအထားက ပိုအရေးကြီးလာတယ်။

လက်ရှိအစိုးရနဲ့နိုင်ငံရေးသွေးထိုးသမားတွေကို အမှားတွေကို ဆက်မကျူးလွန်စေချင်ဘူး။ လူတိုင်း ကားစီးနိုင်ဖို့ဆိုတဲ့ မှားယွင်းတဲ့ ပေါ်လစီမျိုးကို မထားစေလိုဘူး။
အများပြည်သူ ခရီးသွားလာဖို့ လွယ်ကူအောင်ပဲစဉ်းစားရမယ်။ လူတိုင်းကားပိုင်ဖို့ အစိုးရက လုပ်ဖို့မလိုဘူး။လူတိုင်းကားစီးနိုင်ရင် လမ်းပေါ် ကားတွေနဲ့ ပြည့်ကြပ်ညှပ်ပြီး အသက်တောင် ကောင်းကောင်းရှုလို့မရတဲ့နေရာဖြစ်ကုန်မယ်။

လူသားတိုင်းကကိုယ့်ဘဝကိုယ်ချမ်းသာဖို့တည်ဆောက်ရမှာပါ။ အလွဲလွဲအချော်ချော်တွေ လိုက်နားမယောင်ဖို့လိုတယ် ။

ဖေဘုတ်စာမျက်နှာမှာ မိတ်ဆွေကောင်းတွေရှိတယ။်
လူငယ်အကျိုးပြုစာပေမျှဝေသူတွေရှိတယ်။
အချိန်နဲ့အမျှဗဟုသုတရှာမှီးနိုင်တယ်။

ဖေ့ဘုတ်ကိုလွဲမှားစွာအသုံးပြုမိရင်တော့  တခဏတွင်းကိုယ့်အမည်နဲ့ကိုယ့်ပုံဟာ နာမည်ပျက်စာရင်းဝင်နိုင်တယ်
လူပြိန်းတစ်ယောက်လိုဖေ့ဘုတ်ကိုမသုံးဘဲ
လူတော်လူမော်ဖြစ်နိုင်ဖို့ဖေ့ဘုတ်သုံးစေချင်ပါတယ်   ။။

ဆန္နများစွာဖြင့်
ရွှေအိမ်စည်

Saturday, 23 May 2015

အိမ်ရှင်မ

အိမ်ရှင်မလုပ်မည့် မမများအတွက်
=============
၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည်

(လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။
မရိုက်ပါနဲ့။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။
အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။
(သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ တစ်ခါမှတောင် မစမ်းဖူးပါဘူး။ အက်ႌကို
သံပုရာသီးကဟာတွေ စွန်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို.ဘဲ

မူရင်းရေးတဲ့သူကိုပို့ပါလို့။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။
သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -
ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -
ပီကေ၀ါးပါ (လို့ပြောတာပဲ)။

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -
အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို
ရန်မလုပ်ပါနဲ့။ အလွယ်လေးပါ။
မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။
နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။
သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ကဲ မှတ်ထားကြနော်သူငယ်ချင်းတို. ...သိထားတာရှိလဲ ဝေမျှပေးခဲ့ပါနော်..

ကျေးဇူးတင်ပါတယ်..ခင်မင်မှု များစွာဖြင့်


ဗဟုသုတ

ကျောင်းစာသင်ခန်းထဲမသင်ခဲ့ရတဲ့စာများ
▬▬▬▬▬▬▬▬▬▬▬▬
၁) လူရဲ့တစ်ကိုယ်လုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက လျှာဖြစ်တယ်။

၂) မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။

၃) တံဆိပ်ခေါင်း (သို့) စာအိပ်တွေ ကပ်ဖို့ လျှာနဲ့ လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁၀ပုံ ၁ပုံ ကို သင်လျှက်မိသွားပြီ။

၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ် ရှည်ကြတယ်။

၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်ဖြစ်တယ်။

၆) မိကျောင်းတွေက လျှာရှည်သလောက် သူတို့လျှာကို အပြင်ထုတ်လို့ မရဘူး။

၇) ခြင်္သေ့အချို့က တစ်နေ့ကို အကြိမ်(၅၀)မိတ်လိုက်နိုင်တယ်။

၈) ငှက်ကုလားအုတ်တွေရဲ့ မျက်လုံးက ဦးနှောက်ထက်ကြီးတယ်။

၉) ကြယ်ငါးတွေမှာ ဦးနှောက်မပါဘူး။

၁၀) ခွေးလေး(သန်း)တွေက သူတို့ခန္ဓာကိုယ်ထက် အဆ ၃၅၀အမြင့်ကို ခုန်နိုင်တယ်။

၁၁)ခေါင်းဖြတ်ခံထားရတဲ့ ပိုးဟပ်တစ်ကောင်ဟာ (၉)ရက်အထိ အသက်ရှင် နိုင်သေးတယ်။ (၉)ရက်နောက်ပိုင်း သေဆုံးသွားရတာက ဆာလောင်လို့ပဲဖြစ်တယ်။ ဒါကြောင့် ပိုးဟပ်တွေကို သတ်မိခဲ့ရင် တစ်ချက်ထဲနဲ့ သေအောင်သတ်လိုက်ပါ။

ရွှေအိမ်စည်
(Nov 7, '  2008....,3:44 AM )


မျက်လုံး

သာမန်အားဖြင့် မိမိတို့မျက်လုံး အကြောင်းကို မသိမိတဲ့အချက်ကလေးတချို့ပါ..

၁။ (၁)မိနစ်ကို (၁၂) ကြိမ် ၊ တရက်ကို အကြိမ် (၁၀၀၀၀) မျက်တောင်ခက်ပါတယ်။
၂။ အစိတ်အပိုင်းပေါင်း (၂) သန်းကျော်ဖြင့်ဖွဲ့စည်းထားပါတယ်။
၃။ ၅၇၆ Mega pixels ရှိတယ်။
၎။ Corneas လို့ခေါ်တဲ့ တစ်ရူးက သွေးမလိုအပ်ဘူး။
၅။ တနာရီကို (၃၆၀၀၀) Bits ပမာဏ ရှိတဲ့ အချက်အလက်တွေကို မှတ်သားလုပ်ဆောင်ပေးနိုင်တယ်။
၆။ တလုံးကို (၂၈၅) ဂရမ်လေးချိန်ရှိတယ်။
ရ။ အမျိုးသမီးတွေက အမျိုးသားတွေတက် color blindness (၁၀) ဆ ပိုပါတယ်။

ဒါတွေသင်မသိသေးဘူးမလား?
Ref: wiki


ကုန်းဘောင်မင်းဆက်

ကုန်းဘောင်မင်းဆက်ဘယ်လောက်ရှိလဲ?
===============
ကုန်းဘောင်မင်းဆက် (၁၁)ဆက်ရှိသည် -

          ၁။      အလောင်းဘုရား

ရွှေချက်သိုစေတီဒါယကာ၊ ၁၁၁၄ ခုနှစ် နန်းတက်၍ စည်းစိမ် (၈)နှစ်စံ၊ အိမ်နိမ့် (၃၈)နှစ် နံတော် သောကြာသား။

          ၂။      သားတော် စစ်ကိုင်းမင်း

နောင်တော်ကြီးဟုလည်း တွင်သည်။ မဟာနန္ဒာကံတွင်းစည်းခုံစေတီဒါယကာ၊ ၁၁၂၂ ခုနှစ် နန်းတက်၍ စည်းစိမ်း (၃)နှစ်၊ အိမ်နိမ့် (၂၆)နှစ်၊ နံတော် အင်္ဂါသား (ငယ်မည် ဦးကောက်)

          ၃။      ညီတော် ဆင်ဖြူရှင်

နိဗ္ဗာန်ဆိပ်ဦးစေတီဒါယကာ၊ ၁၁၂၅ ခုနှစ်၊ နန်တက်၍ စည်းစိမ် (၁၃)နှစ်၊ အိမ်နိမ့် (၂၇)နှစ်၊ နံတော် တနင်္ဂနွေသား၊ ငယ်မည် ဦးရွ။

          ၄။      သားတော် စဥ့်ကူးမင်း

မိုးထံကျောင်းဒါယကာ၊ ၁၁၃၈ ခုနှစ်၊ နန်းတက်၍ စည်းစိမ် (၆)နှစ်၊ အိမ်နိမ့် (၂၀)နှစ်၊ နံတော် တနင်္ဂနွေသား။ (ငယ်မည် မောင်ရဲလှ)။

          ၅။      ဖောင်းကားမင်း

၁၁၄၃ ခုနှစ် နန်းတက်၍ နန်းစည်းစိမ် (၇)ရက်၊ အိမ်နိမ့် (၁၈)နှစ်၊ (နောင်တော်ဘုရားကြီး၏ သားတော်ဖြစ်သည်။ ငယ်မည် မောင်မောင်)

          ၆။      ပဒုံမင်း (ဘိုးတော် ဦးဝိုင်း)

အမရပူရ ပထမနန်းတည်၊ အောင်မြေလောကစေတီဒါယကာ၊ ၁၁၄၃ ခုနှစ် နန်းတက်၍ စည်းစိမ် ၃၇ နှစ်၊ အိမ်နိမ့် (၃၈)နှစ်၊ နံတော် တနင်္လာသား၊ (အလောင်းမင်းတရားကြီး၏ ဆဋ္ဌမမြောက်သားတော်)

          ၇။      ဘကြီးတော် မှန်နန်းရှင်

မဟာဝိဇယရံသီစေတီဒါယကာ စတုတ္ထအ၀မြို့တည်၊ ၁၁၈၁ ခုနှစ် နန်းတက်တော်မူ၍ စည်းစိမ် (၁၈)နှစ်၊ အိမ်နိမ့် (၃၅)နှစ်၊ နံတော် သောကြာသား (မောင်စိန်) နန်းကျပြီး နောက်  (၈)နှစ်ကြာမှ နတ်ရွာစံသည်။

          ၈။      ညီတော် သာယာဝတီမင်း

ကုန်းဘောင်မင်းဟုလည်းခေါ်သည်။ လောကမဏိစူဠဒစေတီဒါယကာ၊ အမရပူရ ဒုတိယမြို့တည်၊ ၁၁၉၉ ခုနှစ်၊ နန်းတက် စည်းစိမ် (၉)နှစ်၊ အိမ်နိမ့် (၅၀)နှစ်၊ နံတော် ဗုဒ္ဓဟူးသား (ငယ်မည် မောင်ခင်)

၉။      သားတော် ပုဂံမင်း

မဟာလောကရံသီစေတီဒါယကာ ၁၂၀၈ ခုနှစ်၊ နန်းတက်၍ နန်းစည်းစိမ် (၆)နှစ်၊ အိမ်နိမ့် (၃၅)နှစ်၊ နံတော် သောကြာသား (ငယ်မည် မောင်ထောင်)

          ၁၀။    ညီတော် မင်းတုန်းမင်း

မဟာလောကမာရဇိန်စေတီဒါယကာ မန္တလေးရတနာပုံမြို့တည် ပဉ္စမသင်္ဂါယနာတင် ၁၂၁၄ ခုနှစ်၊ နန်းတက်၍ စည်းစိမ် (၂၆)နှစ်၊ အိမ်နိမ့် (၃၈)နှစ်၊ နံတော် အင်္ဂါသား၊ ငယ်မည် မောင်လွင်။

၁၁။    သားတော် သီပေါမင်း

မာရအောင်ရတနာစေတီ ဒါယကာ မန္တလေးရတနာပုံ ဒုတိယနန်းစံ ၁၂၄၀ ပြည့်နှစ်၊ နန်းတက်၍ စည်းစိမ် (၇)နှစ်၊ အိမ်နိမ့် (၂၀)နှစ်၊ ၁၂၄၇ ခုနှစ်တွင် ပါတော်မူသည်။

စာကိုး  -မြန်မာရာဇဝင်မှန်နန်း


ဆုံးမစာ

ရှင်မဟာရဌသာရ ဆုံးမစာများ
▬▬▬▬▬▬▬▬▬
၁။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှစ်သက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ။

  ၂။ သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။

၃။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။

၎။ မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ။

၅။ သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။

၆။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။

၇။နောင်သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရဲလှပါစေ၊ တံစက်အောက်တွင်၊ ခံသောက်အိုးတန်၊ ကျဖန်များက၊ ပြည့်ငြားသည်သာ၊ ထုံးဟောင်းစာကို ထောက်ပါလေ။

၈။ သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။

၉။ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ။

၁၀။ မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၁၁။ ဖတ်ပြန်သော်ကား၊ ဖတ်ပြန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း။

၁၂။ အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ အပါးပါးကို ပြန့်ပွားလေအောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ယောက်ျားပီထွေ၊ ၀ီရိယနှင့်၊ လုံ့လကိုလည်း ရှိလှစေ။
==============
ရှင်မဟာရဌသာရ ဆုံးမစာ ၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့် သင့်သောအယူ၊ ဖြူသောနှလုံး သူတော်ထုံးကို စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော် လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ ပညာရှိအား၊ ကိုယ်တိုင်သွား၍ စကားလိုက်လျော၊ စစပြော၍ နှီးနှောလေ။

၃။ ငါ၏စိတ်တွင် ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း ဟုတ်တည်းဧကန်၊ အားမသန်နှင့် မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ၊ မလိမ္မာလည်း စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို မယ်ဘွားမိခင်၊ ဆုံးမသင်သို့ အကြင်ဆရာ၊ တို့သူငါကို လိမ္မာစေကြောင်း၊ ကောင်းပါစေလို ဆိုပါသမျှ၊ သြဝါဒကို နားမျှမထောင်၊ မကြားယောင်သို့ မောင်တို့ပြုက၊ ယခုပစ္စုပ္ပန် နောင်သံသရာ၊ ဆက်များစွာ၌ ချမ်းသာမည်ရေး၊ အလွန်ဝေးသည် သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

ရှင်မဟာရဋ္ဌသာရ

ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

ကျနော်တို့ငယ်စဉ်က
ယဉ်ကျေးဆုံးမစာတွေနဲ့ကြီးပြင်းခဲ့ပါတယ်။
အသက်ကြီးလာတဲ့အခါ
ငယ်စဉ်ကရိုးသားမှုတွေပျောက်တတ်တယ် လူသားအားလုံးရိုးသားယဉ်ကျေးမှုပြန်ရှာတွေ့ပါစေ။

မြန်မာစာမှကူးယူသည်။
ရွှေအိမ်စည်


အိပ်ယာပေါ်ကပိုးမွှားရှင်းနည်း

ဂွမ်းစောင်ပေါ်ကပိုးမွှားတွေဘယ်လိုရှင်းမလဲ ?
▬▬▬▬▬▬▬▬▬▬▬▬
ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို အမြစ်ပြုတ် ဖြေရှင်းနည်း၊ လွယ်ကူ ရှင်းလင်းပြီး အကျိုးများပါတယ် စမ်းသပ်ကြည့် လိုက်ပါ

အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။ ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့ ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။

နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အင်္ကျီ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။

နေရောင် ပြင်းပြင်း အောက်မှာ 1-2 နာရီ ထားပါ ။ အမဲရောင်က အပူကို ပိုစုပ် ယူတဲ့ အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန် ပိုမြင့်စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံး ကုန်ပါတယ်။ တကယ်အကျိုးရှိပါတယ် ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ၊ မှန်ဘီလူးနဲ့ နောက်ထပ်တခါ အကျယ်ချဲ့  ကြည့်လိုက်ရင်တော့ ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ် ။

တကယ်ကောင်းတဲ့ နည်းပါ ၊ လွယ်ကူရိုးရှင်းပါတယ် ၊ စမ်းသပ် ကြည့်လိုက်နော်

彻底干掉你棉被上几百万螨虫的方法,简单有效!!

很多家庭会把棉被拿去晒,以为这样就能杀死这个恼人的东西。可是,棉被通常在太阳的曝晒下,尘蹒还是没法根除。

用高倍数显微镜在已曝晒的棉被依然有尘蹒。

把想要晒的棉被或衣物..玩偶..毯子都行,用最大的黑色垃圾袋装起来绑好,一定要黑色的喔。

然后放在大太阳底下晒个1-2小时,黑色会吸热,袋子里面的衣物棉被温度会上升很快,尘螨。因为蹒在高温50度就会死亡。真的是有效,虽然我们看不见,但是这样晒后用显微镜再观看一次,那些“可恨的蹒”真的都阵亡啰!

好棒的方法!很有效,试试看喔!!(CHO PHYU PHYU MYINT)


ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေး

ဖေ့ဘုတ်ဆိုတာသုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး
============
facebook ကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အတွေးအခေါ်မရွေး၊ အသုံးပြုနေကြတာဖြစ်တယ်။ မှန်တာတွေလည်းတွေ့ရမယ်၊ မှားတာတွေလည်းတွေ့ရမယ်။ သန့်ရှင်းတာလည်းတွေ့ရမယ်၊ ညစ်ငြမ်းတာလည်းတွေ့ရမယ်။ အလွန်တိမ်တဲ့အရေးအသားတွေလည်းရှိမယ်။ အလွန်နက်ရှိုင်းတဲ့ အတွေးအခေါ်တွေလည်းတွေ့ရမယ်။ လူသားတွေနဲ့ပါတ်သက်မှုတိုင်းဟာ ဒီဖေ့ဘုတ်ထဲကအတိုင်းပါဘဲ။ ကောင်းမှုနဲ့ဆိုးမှုတွေဟာ တစ်ခုတည်းဖြစ်တယ်။ များရာဘက်ကို အားသာသွားတာချည်းပါပဲ။

မြန်မာနိုင်ငံကဖေ့ဘုတ်သုံးသူတွေဟာသတိဥာဏ်ရှိဖို့လိုတယ်။ ဖေ့ဘုတ်စာမျက်နှာ ကောင်းမှုတွေနဲ့ ဆိုးမှုတွေဟာ ဒွန်တွဲနေတယ်။ အားလုံးဟာ အကောင်းတွေမဟုတ်သလို၊ အားလုံးဟာ အဆိုးတွေလည်းမဟုတ်ဘူး။ ကောင်းတဲ့ဘက်ကို ပိုပြောင်းသွားရမယ်။ ဒီလိုပြောင်းလဲနိုင်ဖို့က facebook အသုံးပြုသူတွေရဲ့ အနေအထားက ပိုအရေးကြီးလာတယ်။

လက်ရှိအစိုးရနဲ့နိုင်ငံရေးသွေးထိုးသမားတွေကို အမှားတွေကို ဆက်မကျူးလွန်စေချင်ဘူး။ လူတိုင်း ကားစီးနိုင်ဖို့ဆိုတဲ့ မှားယွင်းတဲ့ ပေါ်လစီမျိုးကို မထားစေလိုဘူး။
အများပြည်သူ ခရီးသွားလာဖို့ လွယ်ကူအောင်ပဲစဉ်းစားရမယ်။ လူတိုင်းကားပိုင်ဖို့ အစိုးရက လုပ်ဖို့မလိုဘူး။လူတိုင်းကားစီးနိုင်ရင် လမ်းပေါ် ကားတွေနဲ့ ပြည့်ကြပ်ညှပ်ပြီး အသက်တောင် ကောင်းကောင်းရှုလို့မရတဲ့နေရာဖြစ်ကုန်မယ်။

လူသားတိုင်းကကိုယ့်ဘဝကိုယ်ချမ်းသာဖို့တည်ဆောက်ရမှာပါ။ အလွဲလွဲအချော်ချော်တွေ လိုက်နားမယောင်ဖို့လိုတယ် ။

ဖေဘုတ်စာမျက်နှာမှာ မိတ်ဆွေကောင်းတွေရှိတယ။်
လူငယ်အကျိုးပြုစာပေမျှဝေသူတွေရှိတယ်။
အချိန်နဲ့အမျှဗဟုသုတရှာမှီးနိုင်တယ်။

ဖေ့ဘုတ်ကိုလွဲမှားစွာအသုံးပြုမိရင်တော့  တခဏတွင်းကိုယ့်အမည်နဲ့ကိုယ့်ပုံဟာ နာမည်ပျက်စာရင်းဝင်နိုင်တယ်
လူပြိန်းတစ်ယောက်လိုဖေ့ဘုတ်ကိုမသုံးဘဲ
လူတော်လူမော်ဖြစ်နိုင်ဖို့ဖေ့ဘုတ်သုံးစေချင်ပါတယ်   ။။

ဆန္နများစွာဖြင့်
ရွှေအိမ်စည်


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform