စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 1 June 2014

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ် အရေးယူမည်

နေပြည်တော်၊ မေ ၃၁

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသား အမည်ခံ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အစိုးရထံမှဖြစ်စေ၊ ပုဂ္ဂလိကထံမှဖြစ်စေ မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းကြောင့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နံမှု ၂၉ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု အဖြစ် ကူးပြောင်းခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိသည်ဟု သံသယ ရှိသည့်အတွက် အဆိုပြုလွှာ လျှောက်ထားသော အထည်ချုပ်လုပ်ငန်းများကို ပေးပို့ စိစစ်ခြင်း၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် တစ်နိုင်ငံလုံးရှိ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီများထံမှ သံသယဖြစ်ဖွယ် ရှိသည့် လုပ်ငန်းများစာရင်းကို တောင်းယူပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ပြုလုပ်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဌာနဆိုင်ရာပိုင်းက တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုတွေကို သတင်းရရှိခြင်း၊ သိရှိရခြင်းတွေကို တိတိကျကျ ဖော်ထုတ် အကြောင်းကြား ပေးစေလိုပါတယ်၊ မေတ္တာရပ်ခံပါတယ်” ဟု ဦးဝင်းရှိန်က ပြောကြားသည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ရသင့်ရထိုက်သော အခွန်မရရှိခြင်း၊ ငွေကြေးခဝါချခြင်း၊ မြန်မာလုပ်သားများ အခွင့်အရေး အပြည့်အဝ မရခြင်း၊ လုပ်ငန်းတူ နိုင်ငံသား လုပ်ငန်းများ ထိခိုက်ခြင်း၏ အဂတိလိုက်စားခြင်း စသော ဆိုးကျိုးများ ဖြစ်စေကြောင်း ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။

The Voice Weekly

ကိုယ်ဝန်ဆောင်မိခင်(၄) ဦး ကလေး အသေမွေးဖွားမူ ရွှေ သဘာဝ စီမံကိန်းမှ စွန့်ပစ်ဓါတု ပစ္စည်း များကြောင့်ဟု သံသယဖြစ်

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မလကျွန်းကျေးရွာမှ ကိုယ်ဝန်ဆောင် မိခင် (၄) ဦး လွန်ခဲ့သော လအနည်းငယ်က ကလေးအသေမွေးဖွားခဲ့သဖြင့် ယင်းသို့ ဖြစ်ရခြင်းမှာ ရွှေသဘာဝဓါတ်ငွ့စီမံကိန်း OGT ဓါတ်ငွေ့သန့်စင်စက်ရုံမှ စွန့်ပစ်သော ဓါတုပစ္စည်းများးကြောင့်ဟု ကျေးရွာသားများက သံသယ ဖြစ်နေကြသည်ဟု သိရသည်။

“ ကျွန်တော်ကို ဒီကိစ္စတိုင်ကြားတဲ့ အတွက် မနေ့က ကျွန်တော်သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးလေဦးခန့်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလမှာ ကလေးတွေ အသေ မွေးဖွားခဲ့တယ်လို့ ရွာသားတွေက ပြောတယ်။ ခုလို ဖြစ်ရတာဟာ သူတို့ရွာမှာ တည်ဆောက်ထားတဲ့ ဓါတ်ငွေ့သန့်စင်စက်ရုံက စွန့်ပစ်တဲ့ ဓါတုပစ္စည်းတွေကြောင့်လို့ ကျေးရွာသားတွေက သံသယ ဖြစ်နေကြပါတယ်” ဟု မလကျွန်းကျေးရွာသို့ မေလ ၃၀ ရက်နေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

သို့သော်လည်း သူ့မှာ ပညာရှင် တစ်ဦး မဟုတ်သဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များသို့ စစ်ဆေးနိုင်ရန် တင်ပြသွားမည်ဟု သူက ဆိုသည်။

“ ကျွန်တော်သွားရောက်စစ်ဆေးတော့ ဘာတွေ့ရသလဲဆိုတော့ စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်းတွေကို မြောင်းတူးပြီး ပင်လယ်ထဲကို ပစ်ချတယ်။ သာမန် ရေဆိုးရေညစ်တွေကိုတော့ နေ့ခင်းဘက်မှာ မြောင်းထဲက တဆင့် စွန့်ပစ်ပြီး ဓါတု ပစ္စည်းလို အရောင်အဆင်းတွေနဲ့ စွန့်ပစ် ပစ္စည်းတွေကျတော့ ညဥ့်မှာ ပို့လွှတ်တယ်လို့ ပြောတယ်။ အဲသလို လွှတ်တဲ့ အခါ အနံ့အသက်တွေ ဆိုးဆိုးရွားရွားနံတယ်လို့ ပြောတယ်။ ပင်လယ်ထဲက ငါးတွေသေဆုံးမူတွေရှိတယ်လို့လည်း ရွာသားတွေက ပြောပါတယ်” ဟု သူက ပြောသည်။

၎င်းကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ဦးသည် စွန့်ပစ္စည်းများကို ပင်လယ်ထဲသို့ ပို့ဆောင်သည့် မြောင်းအနီးရှိ လယ်ကွင်းများတွင် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြပြီး ယင်းအနီးရှိ ရေတွင်းများမှ ရေကို သောက်သုံးရာမှ ယခုလို ကိုယ်ဝန်မွေးဖွားစဉ် ကလေး အသေမွေးဖွားခြင်း ဖြစ်ကြောင်း သံသယ ဖြစ်နေကြသည်ဟု ဆိုသည်။

ကိုယ်ဝန်ဆောင်စဉ် ကလေးအသေမွေးဖွားသူ အမျိုးသမီးများမှာ (၁)နုနုချေ (၂) စန္ဒာဝင်း(၃) သန်းသန်းနွယ်(၄) သိန်းယဉ်နုတို့ဖြစ်ကြသည်ဟု ရွာသား တစ်ဦးဖြစ်သူမောင်ဝေခင်က ပြောသည်။

ယင်းသဘာဝဓတ်ငွေ့သန့်စင် စက်ရုံမှ  စွန့်ပစ်ပစ္စည်း အညစ်ကြေးများ ပင်လယ်ထဲသို့ စွန့်ပစ်ရာမှ အနီးနားနေထိုင်သူဒေသခံများ အနံ့သက်များကြောင့် ခေါင်းကိုက်ခြင်း သီးပင်စားပင်များ ပျက်ဆီးခြင်း ပင်လယ်တွင် ငါးရှားပါးလာခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။

“ အဲဒီ ဆိုးရွားတဲ့ အနံ့အသက်က OGT စက်ရုံဝင်းထဲက အညစ်ကြေးထုတ်တဲ့ ရေမြောင်းထဲက ထွက်တာ။ သူတို့စက်ရုံဝင်းထဲမှာ ရေကန်ကြီးရှိပါတယ်။ အဲဒီရေကန်ကြီးထဲမှာအညစ်ကြေးတွေစုထားပြီးတော့ အဲဒီ ကန်ထဲကနေတဆင့် လွှတ်တာ။ အဘတို့မသိတဲ့ သာမန်အညစ်ကြေးနံ့မဟုတ်တဲ့ အနံ့တွေလဲပါတယ်။ အက်စစ်နံ့လိုလို ဂတ်စ်နံ့လိုလိုတွေပါတယ်။ ပုံမှန် မနက်အစောကြီး ၄နာရီကနေ ၇နာရီထိ သူတို့ ပင်လယ်ထဲစွန့်ထုတ်တယ်” ဟု ပြောသည်။

မလကျွန်းရွာအုပ်ချုပ်ရေးမှုး ဦးတင့်ရီမှလည်း နံနက် ၅နာရီကနေ ၇နာရီထိ အနံ့များ တအားထွက်ကြောင်း  သူတို့ကန်ထဲကနေ တဆင့်ရေမြောင်းကစွန့်ပစ်ချိန်တွင် အင်္န့အသက်မှာ ဆိုးဆိုးရွားရွားထွက်ကြောင်း အတည်ပြု ပြောဆိုသည်။

မလကျွန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ယခင်က ကလေးအသေမွေးဖွားခြင်းမျိုး လုံးဝ မရှိဟု သိရသည်။

(နိရဉ္စရာ- ၃၁ မေလ ၂၀၁၄) / မျိုးချစ်နိုင်

ဓါတ်ငွေ့သန့်စင်စက်ရုံ ( ဓါတ်ပုံ- နိရဉ္စရာ)

ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော

  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

Author: ဥက္ကာကိုကို / အောင်သစ်လွင်
7DAY DAILY

ဲမြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ ငလျင်လှုပ်

 စနေနေ့ည သန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်မှာ ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီး ဆုံးရှုံးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

အလားတူပဲ တရုတ် - မြန်မာနယ်က တရုတ်နိုင်ငံအတွင်း အင်အားအတန်အသင့် ပြင်းထန်တဲ့ ငလျင်တခု လှုပ်သွားခဲ့တဲ့အတွက် ၄၅ ဦး ထိခိုက် ဒဏ်ရာရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရတယ်လို့ တရုတ်အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မနှစ်က ငလျင်လှုပ်ခဲ့တဲ့နေရာမှာပဲ သောကြာနေ့က ငလျင် ပြန်လှုပ်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေ အဆောက်အဦးတွေထဲက ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြသလို ကျောင်းသားတွေကိုလည်း ကျောင်းထဲကနေ ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာ ရသူတွေထဲက ၈ ဦးကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိပြီး လူပေါင်း ၂ သိန်းနီးပါးကို ယာယီခိုလှုံရေး စခန်း ၅၀ လောက်ကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ယူနန်ပြည်နယ်၊ Dehong စီရင်စု အစိုးရက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အခုလှုပ်သွားတဲ့ ငလျင် ပြင်းအားဟာ ၆.၁ ရှိတယ်လို့ Yingjiang ခရိုင်၊ Dehong စီရင်စုက သတင်းထုတ်ပြန်ပြီး အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကတော့ ပြင်းအား ၅.၉ ရှိတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာခံများ မြို့ပေါ်သို့ပြောင်းရွှေ့လာကြ

 မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။

‘‘အဓိက ကတော့ အသက် အန္တရာယ်  စိုးရိမ်တဲ့အတွက် ပြောင်းလာကြတာဖြစ်ပါတယ်။ ရွာမှာ အိမ်ထောင်စုက ၁၅ စုပဲရှိ ပါတယ်။  အဲဒီအထဲမှာ အိမ် ထောင်စုလေးစု  ပြောင်းရွှေ့လာ ကြတာဖြစ်ပါတယ်။ ဝေဘာလီမှာ နှစ်စု၊ ကန်ပြင်သာစည်မှာ တစ်စု၊ သရေကုန်ဘောင်မှာတစ်စု ဆွေ မျိုးအိမ်တွေမှာ ယာယီနေထိုင်နေ တာဖြစ်ပါတယ်’’ဟု ပြောင်းရွှေ့ လာသူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် မြောက် ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်တွင် RSOသောင်းကျန်းသူလက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများဖြစ်သည်။

Author: မောင်ကံ
7DAY DAILY

သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ

ထားဝယ်၊ မေ ၃၁

 တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြလေးလမ်းတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ်က ဝိုင်းကိုက်ကာ စားရန်အတွက် ချီသွားခဲ့ကြောင်း ကလေး၏ မိသားစုများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ယင်းလမ်း မူလတန်းကျောင်းဘေးရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် လမ်းပေါ်ထွက်ကာ မိုးရေချိုးနေစဉ် အဆိုပါ ကျောင်းဝင်းအတွင်းမှ ခွေး လေး၊ ငါးကောင်ခန့် ပြေးထွက်လာကာ သုံးနှစ်အရွယ် ကလေးတစ်ဦးကို ကိုက်ချီသွားကြောင်း ကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။

“ကိုက်သွားတော့မှ သူ့အစ်ကိုက အိမ်ကိုလာပြီး ပြောတယ်။ လူကြီးတွေ လိုက်သွားတော့ ကလေးမှာ ဒဏ်ရာတွေ ရနေပြီ။ အဲဒီခွေးက လူကြီးတွေကိုတောင် ရန်ရှာသေးတယ်။ ဘေးက လူတွေလာမှ ပြေးသွားတာ” ဟု ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောဆိုသည်။

လက်ရှိတွင် ခွေးကိုက်ချီခံရသည့် ကလေးငယ်မှာ ထားဝယ်ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း ကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ယင်းခွေးများမှာ အထက်ပါ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြီးခဲ့သည့် နှစ်ကတည်းက အုပ်စုဖွဲ့နေပြီး တွေ့သည့်သူကို ရန်ရှာတတ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

“လူကို မကိုက်ခင်ကတည်းက ကြက်တွေ၊ ဝက်တွေကို ကိုက်နေတယ်။ ကိုက်သွားလို့ သွားကြည့်လိုက်ရင် ဘာမှ မရှိတော့ဘူး၊ အရိုးပဲ ကျန်တော့တယ်” ဟု အထက်ပါ ဦးလေးတော်စပ်သူက ပြောဆိုသည်။

အထက်ပါ ဖြစ်ရပ် ဖြစ်ပြီးချိန်မှ စပြီး ရပ်ကွက်သားများက အဆိုပါခွေးများကို လိုက်လံ သတ်ဖြတ်လျက် ရှိရာ မူလတန်းကျောင်းအောက်တွင် ခွေးလေခွေးလွင့် ကောင်ရေ ၁၀ ကောင်ခန့် ရှိသည့်အနက် လက်ရှိတွင် ခွေးကောင်ရေ လေးငါးကောင်ခန့် သတ်ထားပြီး ဖြစ်ကြောင်း ရပ်ကွက်အတွင်း နေသူများထံမှ သိရသည်။

(Dawei Watch)

The Voice Weekly

ငွေထုပ်သိန်းတစ်ရာ ကောက်ရမိသူ ဦးလေးအတွက်

ငွေထုပ်သိန်းတစ်ရာ ကောက်ရမိသူ ဦးလေးအတွက်
ဘဏ်သူဘဏ်သားပေ့ထဲမှာ ရှိကြသော မန်ဘာများအားလုံး Share လုပ်ပေးကြရင်း ဂုဏ်ပြုလိုက်ရအောင်
ပဲခူးတိုင်းဒေသကြီး ပြည်မြိဲု့ န၀င်းကမ်းနားလမ်းနေ
ဦးစန်းဝင်း(ဆိုက်ကားဆရာ/နိဗာန်ဆော်) ဆိုသူ ဆိုက်ကားနံပါတ် 1661 ဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေသော ဆိုက်ကားသမား၏ စိတ်ဓါတ်
ဆိုက်ကားသမား ဆိုတာ အင်္ကျီ အနွမ်းလေးဝတ် ဦးထုပ်အဟောင်းလေးဆောင်းပြီး နေပူပူမှာ ဘ၀ ၀မ်းစာရေးကို ဖြေရှင်းနေကြပေမဲ့ အနေစုပ်ပေမဲ့ စိတ်ဓါတ် မညံကြတဲ့ နိုင်ငံကြီးသား အဆင်မြင့် စိတ်ဓါတ်ရှင် ပြည်မြို့က ဆိုက်ကားသမား တစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်
မနေ့က (30) ရက်နေ့က လစာထုတ်ရက်ဆိုတော့ စီးပွားရေးဘဏ်မှာ လစာထုတ်သူများ နဲ့ စည်ကားနေတဲ့ အချိန် ၊ လူရှုပ်နေတဲ့ အချိန်ပါ
နေ့လည် ပိုင်းမှာ ဌာနဆိုင်ရာ တစ်ခုရဲ့ ငွေစာရင်းကိုင် ၀န်ထမ်းတစ်ဦးအား စီးဘဏ်ရှေ့ က ပီစီအို ဘေးမှာ သူ တာဝန်ယူထုတ်လာတဲ့ ၀န်ထမ်းလစာ သိန်း (၉၀) ကျော် အထုပ်ကို ဘေးချပြီး ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ဌာန ကားက ရောက်လာတာမို့ အလောသုံးဆယ် ကားပေါ်တက်လိုက်လာပါတယ် ဒု-၀န်ကြီးလည်း ဆိုင်းမဆင့် ဘုံမဆင့် ရောက်လာတာမို့ ကားပေါ်ပါလာသူတွေရော သူကိုယ်တိုင်ပါ စိတ် လောနေကြပါတယ် ဌာနကို ရောက်ရှိပြီး အခန်းထဲရောက်လို့ ငွေထုပ်ကို ကြည့်တဲ့အခါမှ သိန်း (၉၀) ကျော်ငွေထုပ်ဟာ စီးဘဏ် ရှေ့ ပီစီအိုဘေးနားမှာ ကျန်ခဲ့ ကြောင်းသိရတဲ့အတွက် အားလုံး ခေါင်းနပန်း ကြီးကုန်ကျပါတယ်။ ချက်ချင်းပဲ ကားပြန်လှည့်ပြီး ဘဏ်ကို သွားနေပေမဲ့ ဆုံးပြီ၊ ဒီငွေတွေကို ဘယ်လို ပြန်ရှင်းမလဲ ဆိုပြီး စိတ်ပူချင်းများစွာနဲ့ သွားနေရသလို ရုံးက ၀န်ထမ်းတွေကလည်း စိတ်မကောင်းချင်းများစွာနဲ့ ကျန်ခဲ့ ရပါတယ်
အဒီ ကျွပ်ကျွပ် အိတ် အထုပ်ကို ဘဏ်ဘေးက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတစ်ဦးက ဖွင့်ကြည့်ပြီး ငွေထုပ်ဖြစ်ကြောင်းသူသိသွားပါတယ် ငွေစည်းတွေရဲ့ အပေါ် မှာ ပန်းတောင်း လို့ ရေးထားတဲ့အတွက် ပန်းတောင်းကားဂိတ်ကို လိုက်ပေးပါတယ် ကားဂိတ်ကလည်း ငွေထုပ်ပျေက်တဲ့ သူ မရှိတာမို့ ဘဏ်ကို ပြန်ယူလာခဲ့ပါတယ်
အဲဒီအချိန်မှာပဲ နောက်က လူ (၃) ဦးက လိုက်လားပြီး သူတို့ ငွေထုပ်ပါ ဆိုပြီး လိုက်ပြောပါတယ် မပေးရင် အန္တရာယ်ပြုမဲ့ ပုံစံမျိုးနဲ့ပါ
ဆိုက်ကား သမားက လည်း မင်းတို့ ပိုက်ဆံဆိုရင် ရဲဆီမှာ လိုက်ယူပါ ရဲကိုပဲ အပ်မယ် ဆိုပြီး ဘဏ်က ရဲနဲ့ ဘဏ် မန်နေဂျာ လက်ထဲ အပ်ခဲ့ပါတယ် အဲဒီလူ (၃) ဦးလည်း မယောင်မလည်နဲ့ ပြန်သွားကြပါတယ်
မျက်ရည်တွေနဲ့ စိတ်ပူပန်ချင်းတွေနဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ သောက တွေနဲ့ ဘဏ်ကို ရောက်လာတဲ့ အမျိုးသမိး ဟာ ရောက်ရောက်ချင်း သူ့ ဆုံးပြီ ပြသနာတက်ပြီ လို့ ထင်ထားတဲ့ ငွေထုပ်ဟာ ဘဏ် မန်နေဂျာ ဆီကို ရောက်နေပြီလို့ သိလိုက်ရတဲ့ အတွက် အရမ်းကို ပျော်သွားပါတယ်
ဦးစန်းဝင်းမှာ ကားဂိတ်တွေမှာ လိုက်ရှာမရတဲ့အဆုံး မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးရဲဝန်ထမ်းမှ တဆင့် မန်နေဂျာထံသို့ ပေးပို့အပ်နှံခဲ့ပြီးဖြစ်ပါသည်။
သူ သိန်း ၁၅၀၀ ထီပေါက်ရင်တောင် အခုလောက် ပျော်မှာ မဟုတ်ပါဘူး
သူမ ဟာ ဘဏ်မှာ ငွေ အမြဲလာထုတ်နေတာရယ် သူ့ဌာန ၀န်ထမ်းလစာဖြစ်ကြောင်း သက်သေပြနိုင်တာရယ် ကြော င့် သူမကို ပြန်ပေးလိုက်ပါ တယ်
ဆိုက်ကားသမားကို ကျေးဇူးတင်လွန်းလို့ သူမ ယခုလ ရမည့်လစာ (မေလ/၁၄)လအတွက် ငွေ တစ်သိန်းကို ကန်တော့ပါတယ် ရိုးဂုဏ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော ကျေးဇူးရှင် တစ်ယောက် အဖြစ် အသိအမှတ် ပြုတဲ့ အနေနဲ့ရော ပဆစ်တုပ်ထိုင်ပြီး ဦးချ ကန်တော့ခဲ့ပါတယ် ဆိုက်ကားသမား ရင်မှာတော့ ပီတိတွေနဲ့ပါ ငွေ ၁ သိန်းကို မယူပါဘူး အတင်းငြင်းပေမဲ့ ကျေးဇူးရှင်မို့ပါဆိုပြီး လက်ခံပါ အတင်းပြောခဲ့ရပါတယ်
ဒိငွေ တစ်သိန်းထက် ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုမှုက သူ့ဘ၀ တစ်လျှောက်လုံး ရိုးဂုဏ် ကို ထိန်းသိမ်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့ တွန်းအားကြီး တစ်ခုပါ ဘဏ် မန်နေဂျာ အပါအ၀င် အားလုံးရဲ့ ရင်မှာ ၀မ်းသာ မျက်ရည်စတွေနဲ့ရယ်ပါ ငွေထုပ်လက် ခံပြီး ဘဏ် မန်နေဂျာ ဆီ လိုက်ပို့ပေးတဲ့ ရဲ တပ်သားလေးကိုလည်း မုန့်ဖိုး ၁ သောင်း ပေးအပ်ခဲ့ပါတယ်
ကျွန်တော်တို့ ဘဏ်သူဘဏ်သားများ အဖွဲ့သားများမှလည်း ဦးစန်းဝင်းကြီး
မိသားစုနှင့် ထပ်တူ ဂုဏ်ယူမိပါသည်။ လေးစားမိပါသည်။
အတုယူသင့်ပါသည်။
ဂုဏ်ယူအားကျဖွယ် ဆိုက်ကားဆရာဦးလေးကြီး ဦးစန်းဝင်း LiKe . Share . Comment များဖြင့်ဂုဏ်ပြုပေးကြပါအုန်း
ဘဏ်သူဘဏ်သားများစုံဆည်းရာမိသားစုမှမျှဝေပါသည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform