Tuesday, 1 July 2014
ဗဟုသုတ (၁၀)ချက်လည်း မမေ့သင့်ဘူးနော်...ကျနော်နဲ့ အတူစာဖတ်ပါ။

============================
၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)
၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။
၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ ( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင် ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။ မှန်တယ်မဟုတ်လား ။
၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။
၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။ အဲဒါတွေကတော့ tremendous , horrendous , stupendous , hazardous တို့ပဲဖြစ်ပါတယ် ။ သင်သံသယမ
ရှိလောက်ပါဘူးနော် ။
၆ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ a e i o u ဆိုတဲ့ vowel ၅ လုံးစလုံးပါတဲ့ စကားလုံးက၂ခုပဲရှိပါတယ်။ အဲဒါတွေက တော့ abstemious နဲ့ facetious တို့ပဲဖြစ်ပါတယ် ။အံ့သြသွားပါသလား လောကကြီးမှာ ထူးဆန်းတာတွေအများကြီး ရှိပါသေးတယ် ။
၇ ။ ကီးဘုတ်က အတန်းတစ်တန်းတည်းကို အသုံးပြုပြီးရိုက်နိုင်တဲ့ အရှည်ဆုံး စကားလုံးက တစ်ခုပဲရှိပါတယ် ။ အဲဒါကတော့ TYPEWRITER ပဲဖြစ်ပါတယ် ။ သင်မယုံပါက စမ်းသပ် ကြည့်နိုင်ပါတယ် ။
၈ ။ ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်စီမှာ ကြွက်သားပေါင်း ၃၂ ခုစီနဲ့ဖွဲ့စည်းထားပါတယ် ။
၉ ။ ရွေငါးတစ်ကကောင်ဟာ မှတ်ဥာဏ်ကြာမြင့်ချိန် ၃ စက္ကန့်ပဲရှိပါတယ် ။ ပြီးတာနဲ့သူဟာ မေ့သွားပါလေ ရော ။
၁၀ ။ jiffy ဆိုတာက တစ်စက္ကန့်ရဲ့ 1/100th အတွက် အမှန်တကယ် အချိန်ရဲ့ ယူနစ်ဖြစ်ပါတယ် ။
zErO bAlAnCe !
Good Knowledge For You !
ရွှေအိမ်စည်စာကြည့်တိုက်
http://www.facebook.com/pages/ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်/511509612202059?ref=stream

သိထားသင့်တဲ့ ဗဟုသုတ ..(ဒါကဘာသာပြန်ပါ)
သိထားသင့်တဲ့ ဗဟုသုတ ..(ဒါကဘာသာပြန်ပါ)
---------------------------
၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....
၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....
၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..
၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်
၅။ခြင်မှာလည်းသွားရှိတယ်ဗျ
၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း
၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ
၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစား နိုင်လို့သေရတာတဲ့
၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး
၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁
၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)
၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ
၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ
၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ အိပ်ခန်းတဲ့..
၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကိုကိုယ်စားပြုပါတယ်တဲ့
Spades:King DavidClubs:Alexander The GreatHearts:CharlemagneDiamonds:Julius Cesar
၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊
(၄) ဖက်လုံးမြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)
၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကိုအိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...ဟီးဟီး..တစ်မျိုးပဲနော်အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King"(fuck)(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)
၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကိုဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"လို့ဖြေကြပါတယ်ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "Wedon"t understand you " ပါတဲ့ဗျား..
၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး
၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့"OK "ဆိုတာ ဖြစ်လာတာပါ..
ဒီပိုစ့်က ကျနော်သူငယ်ချင်းမှော်ဆရာဆိုဒ်ကဘာသာပြန်ထားတာပါ။

မှတ်သားဖွယ်ရာ ဗဟုသုတ (၁၀)ချက်
မှတ်သားဖွယ်ရာ ဗဟုသုတ (၁၀)ချက်
=========================
1. သံလွင်ပင်တွေဟာ နှစ်ပေါင်း (၁၅၀၀)တိုင်အောင် ရှင်သန်နေနိုင်ကြပါသတဲ့။
2. လူတစ်ဦးရဲ့ နှလုံးခုန်နှုန်းဟာ တစ်နေ့ကို အကြိမ်ရေ(၁) သိန်းနဲ့ အထက်ရှိပါသတဲ့။
3. ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ မအိပ်စက်ကြပါဘူးတဲ့။
4. နို့တိုက်သတ္တ၀ါတွေထဲမှာ ပျံနိုင်တာကတော့ လင်းနို့တွေပါပဲ။
5. နို့တိုက်သတ္တ၀ါတွေထဲမှာ မခုန်နိုင်တဲ့ တစ်ကောင်တည်းသောသတ္တ၀ါကတော့ ဆင်ကြီးတွေပဲဖြစ်ပါတယ်။
6. အင်္ဂလိပ်စကားလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့စကားလုံးကတော့ Dreamt ဆိုတဲ့ စကားလုံးတစ်လုံးပဲရှိပါတယ်တဲ့။
7. ကြောင်တွေဟာ အသံကွဲပေါင်း (၁၀၀)ကျော်ပြုလုပ်နိုင်စွမ်းရှိပေမယ့် ခွေးတွေကတော့ အသံကွဲ(၁၀)ခန့်သာ ပြုလုပ်နိုင်ပါတယ်တဲ့။
8. သဘာဝပုလဲတွေဟာ ဗီနီကာထဲမှာ ပျော်ဝင်ပါသတဲ့။
9. မျက်လုံးဖွင့်ပြီး နှာချေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
10. အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့အရေပြားအလေးချိန်စုစုပေါင်းဟာ (၆)ပေါင်ခန့်ရှိပါတယ်။
ဝန်ခံချက်။ ။2012ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Image မဂ္ဂဇင်းမှ သဉ္ဖာခိုင်ရဲ့  Knowledge Corner ကို ပြန်လည်စာရိုက်မျှဝေပါသည်။
ရွှေအိမ်စည်

မရှိမဖြစ်ဆောင်ထားသိထားရမည့် ဗဟုသုတများ
မရှိမဖြစ်ဆောင်ထားသိထားရမည့် ဗဟုသုတများ
==============================
ဒီနေ့တော့ သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာ လေးတွေရွေးလို့ မှတ်သားစရာလေးများ ပြောပြဦးမယ်နော်။တကယ်လဲအသုံးဝင်တဲ့နည်းလေးတွေပါ။
ကျနော်လည်းခေါင်တော်တော်မူးသွားတယ်..
(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်
(၂) ခြင်ကိုက်လို့ယားနေပါလား၊ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။။
(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။
(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ်ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။
(၅) ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။
(၆) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။
(၇) ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။
(၈) ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ။
(၉) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။
(၁၀) ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။
(၁၁) ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ။
(၁၂) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။
(၁၃) ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။
(၁၄) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။
(၁၅) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်။
(၁၆) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။
(၁၇) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။
အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။
Credit by - http://natureenergycare.blogspot.com/2012/10/blog-post_8700.html#more

Monday, 30 June 2014
လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း တာဝန်များ
လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်း တာဝန်များသည် အပေါ်ယံအားဖြင့် အားလုံး တူညီမှု ရှိနိုင်သော်လည်း အတွင်းကျကျ အသေးစိတ် လုပ်ငန်း တာဝန်များသည် လုပ်ငန်း၊ ကုမ္ပဏီ တစ်ခုချင်းအလိုက်၊ အခြေအနေ တစ်ခုချင်းအလိုက် ကွဲပြားခြားနား ကြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ တစ်ခါတစ်ရံတွင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများ၏ လုပ်ငန်းတာဝန် အသေးစိတ်ကို သတ်မှတ်ရန် ခက်ခဲလှပါသည်။ ဤ အကြောင်း ကြောင့်ပင် လူသား အရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများသည် အမျိုးမျိုးသော လုပ်ဆောင် ချက်များကို လုပ်ကိုင်တတ်ရန် လိုအပ်ပြီး အခန်းကဏ္ဍ အမျိုးများစွာတို့ကို နိုင်နင်းစွာ ကိုင်တွယ် တတ်ရပေမည်။ ဤသည်မှာ ပြည့်စုံ ကျွမ်းကျင်သော လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာ တစ်ယောက်အဖြစ် ရပ်တည်ရေးတွင် အဓိက ကျလှပေသည်။ ဤသို့ဆိုပါက မည်ကဲ့သို့သော လုပ်ငန်းတာဝန် အခန်းကဏ္ဍများကို လုပ်ဆောင် တတ်ရမည်နည်းဟု မေးရန် ရှိပေသည်။ အမေရိကန် ပြည်ထောင်စုရှိ American Society for Training & Development အဖွဲ့ကြီးက လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာအများစု၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန် အသေးစိတ်တို့ကို စစ်တမ်းကောက်ယူပြီး ဖော်ပြပါ မေးခွန်းအတွက် အဖြေ ပေးခဲ့ပါသည်။ လူသား အရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အောက်ပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အထက်ဖော်ပြပါ စစ်တမ်း ကောက်ယူခြင်းမှ ထွက်ပေါ် လာပါသည်။
၁။ အကဲဖြတ်သူ (Evaluator)
လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၏ ထိရောက်မှုနှင့် အသုံးဝင်မှုများကို လေ့လာစိစစ်ပြီး ဝန်ထမ်းများနှင့် အဖွဲ့အစည်းအား မည်သို့မည်ပုံ အကျိုးပြုနိုင်သနည်းဟု လေ့လာ အကဲဖြတ်နိုင်သူ ဖြစ်ရပေမည်။
၂။ အဖွဲ့အား အထောက်အကူပြုသူ (Group Facilitator)
အဖွဲ့လိုက် ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် ဆောင်ရွက်ခြင်းတို့ကို စီမံခန့်ခွဲပြီး တစ်ဦးချင်းစီနှင့် အုပ်စုအဖွဲ့လိုက် အတွေ့အကြုံကောင်းများ ရရှိခံစားနားလည်တတ်လာစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၃။ တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက် ရေးသားအကြံပြု ဆွေးနွေးသူ (Individual Development Counsellor)
ဝန်ထမ်းတစ်ဦးချင်း၏ ကိုယ်ပိုင် အရည်အသွေးများ၊ တန်ဖိုးများ၊ ရည်မှန်းချက်များအား ဆန်းစစ်ဖော်ထုတ်ရာတွင် အထောက်အကူပေးပြီး အလုပ်အကိုင်ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ သတ်မှတ်ဖော်ထုတ်ရေးဆွဲပြီး အကောင်အထည်ဖော် ရေးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၎။ သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားသူ (Instructional Writer)
မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည့် သင်ကြားရေးနှင့် အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်စာများ ရေးသားနိုင်သူ ဖြစ်ရပေမည်။
၅။ လမ်းညွှန်ပြသသူ (Instructor)
တစ်ဦးချင်းသင်ယူစေရန် သတင်းအချက်အလက်များ ပြင်ဆင်တင်ပြခြင်းနှင့် သတ်မှတ်ထားသော သင်ယူမှုအတွေ့အကြုံများ ရရှိစေရန် လမ်းညွှန်ပြသနိုင်သူ ဖြစ်ရပေမည်။
၆။ လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံခန့်ခွဲသူ (Manager of Training & Development)
လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သို့မဟုတ် စီမံချက်များအား စီစဉ်ခြင်း၊ စုဖွဲ့ဆောင်ရွက်ခြင်း၊ တာဝန်ပေးခြင်း၊ ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်ပြီး အဖွဲ့အစည်းရှိ အခြားအဖွဲ့ငယ်များနှင့်အတူ လေ့ကျင့် သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား ပူးပေါင်းလုပ်ဆောင်နိုင်ရေးကို ချိတ်ဆက်ပေးနိုင်သူ ဖြစ်ရပေမည်။
၇။ ဈေးကွက်ဖော်ဆောင် မြှင့်တင်သူ (Marketer)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမြင်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို အဖွဲ့အစည်း၏ ဌာနအသီးသီး လက်အောက်ရှိ ကြိုတင်သတ်မှတ်ထားသည့် ဝန်ထမ်းအားလုံး သိရှိစေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၈။ ပြန်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ (Media Specialist)
လေ့ကျင့်သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ပြန်ကြားရေးဆိုင်ရာ အရုပ်နှင့် အသံပြုလုပ်ချက် နည်းပညာများ၊ ကွန်ပျူတာပြုလုပ်ချက် နည်းပညာများနှင့် အခြားသင်ထောက်ကူ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ရပေမည်။
၉။ လိုအပ်ချက်များကို ဆန်းစစ်လေ့လာသူ (Needs Analyst)
ကြိုတင်သတ်မှတ်ထားသည့် ဆောင်ရွက်နိုင်မှုနှင့် အမှန်တကယ် ဆောင်ရွက်နိုင်မှုအကြား ကွာဟချက်များကို ဖော်ထုတ်ပြီး ၎င်းကွာဟချက်များ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်သူ ဖြစ်ရပေမည်။
၁၀။ အစီအစဉ် စီမံအုပ်ချုပ်သူ (Programme Administrator)
သင်ယူမှု အစီအစဉ်များအတွက် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ပါဝင်မည့်သူများနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းအားလုံး အဆင်သင့် ရှိနေစေပြီး အစီအစဉ်တစ်ခုလုံး အောင်မြင်ချောမောစွာ အကောင်အထည် ဖော်နိုင်ရေးကို ဦးစီးဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၁၁။ အစီအစဉ်ပုံဖော်သူ (Programme Designer)
သီးခြားသတ်မှတ်ထားသော အစီအစဉ်များ၏ ရည်ရွယ်ချက်များ ပြင်ဆင်ချမှတ် လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ ဆောင်ရွက်ရမည့် (၁၅) ရပ်၊ ပါဝင်သည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လုပ်ဆောင်ချက်များ ရွေးချယ်သတ်မှတ်ခြင်းနှင့် အစီအစဉ် ကျနမှု ရှိနေ စေရန် ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၁၂။ မဟာဗျူဟာ ကျွမ်းကျင်သူ (Strategist)
လေ့ကျင့်သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တာဝန်များ အောင်မြင်ပြီးမြောက်စေရန် ပို့ချရန်ရှိသော သင်တန်း ပုံစံများ၊ ဖွဲ့စည်းမှုများ၊ မူဝါဒများ၊ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် လက်တွေ့ဆောင်ရွက်မှုများအား ရေရှည်အစီအမံများ ချမှတ်ပြီး အကောင်အထည် ဖော်နိုင်သူ ဖြစ်ရပေမည်။
၁၃။ လုပ်ငန်းတာဝန်အား ဆန်းစစ်လေ့လာသူ (Task Analyst)
အလုပ်အကိုင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် သီးခြားသတ်မှတ်ထားသော အကျိုးရလဒ်များ အောင်မြင်စွာရရှိစေရန် လုပ်ဆောင်မှုများ၊ လုပ်ငန်းတာဝန်များ၊ အသေးစိတ် လုပ်ငန်းတာဝန်များ၊ လူသားအရင်းအမြစ်နှင့် လိုအပ်သော အထောက်အပံ့များအား ဖော်ထုတ် သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၁၄။ သဘောတရား ပညာရှင် (Theoretician)
သင်ယူခြင်း၊ သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော သဘောတရား အယူအဆများအား တိုးတက်စေခြင်းနှင့် စမ်းသပ် စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်သူ ဖြစ်ရပေမည်။
၁၅။ ချိတ်ဆက်ဖော်ဆောင်ပေးသူ (Transfer Agent)
တစ်ဦးချင်းသင်ယူမှုမှ ရရှိထားသော အတွေ့အကြုံများကို လက်တွေ့နှင့် ချိတ်ဆက် အသုံးချနိုင်ရေးကို ကူညီသူ ဖြစ်ရပေမည်။ အချုပ်အားဖြင့် တင်ပြရသော် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် အထက်ဖော်ပြပါ အဓိက တာဝန်ကြီး ၁၅ ရပ်သည် အဖွဲ့အစည်း အမျိုးမျိုးရှိ လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အရေးကြီးသော တာဝန်ကြီးများ ဖြစ်ပေသည်။ ၎င်း အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူ မန်နေဂျာများအတွက် အလုပ်အကိုင်ဆိုင်ရာ ကိုယ်ပိုင်အစီအစဉ်များ (Career Mapping) ချမှတ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။ ၎င်းတာဝန်ကြီးများကို အခြေခံပြီး လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုပညာရပ် တစ်ခုလုံးကို ခြုံငုံလေ့လာသူ (HRM Generalist) အဖြစ်လည်းကောင်း၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာရပ်အောက်ရှိ လုပ်ငန်းစဉ် တစ်ခုတည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသူ (HRM Specialist) အဖြစ်လည်းကောင်း ရွေးချယ်နိုင်ကြပေမည်။ ထို့အပြင် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား စစ်တမ်းကောက်ယူခြင်းမှ ရရှိလာသော ဖော်ပြပါ အဓိက တာဝန်ကြီးများသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအတွက် လက်တွေ့ကျသော သဘောတရားများကို ဖော်ပြပေးခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ရှင်းလင်းစွာ သိမြင်စေပါကြောင်း ရေးသားဖော်ပြအပ်ပေသည်။
ထွန်းထွန်းအောင် (စီးပွား)
By HR Journal Originally posted 20/08/2011 11:34AM
Subscribe to:
Posts (Atom)