စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 3 May 2015

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
▬▬▬▬▬▬▬▬▬▬▬▬▬▬
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.youtube.com/watch?v=JTTSXx1ks0I

ဘတ်စကားပေါ်တွင် ဘဝရှုံးခဲ့၍ ကံဆုံးရသူ အိန္ဒိယဆေးကျောင်းသူလေး

ဘတ်စကားပေါ်တွင် ဘဝရှုံးခဲ့၍ ကံဆုံးရသူ အိန္ဒိယဆေးကျောင်းသူလေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။
ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမ ကျင့်ခဲ့ ပါတယ်။ ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။
ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး အခြေအနေမဟန်တော့ပါဘူး။ ပြည်တွင်း ဆရာဝန်များ ကယ်မနိုင်တော့တဲ့အခြေအနေမို့ စင်္ကာပူက Mount Elizabeth ဆေးရုံပေါ် တင်ပြီး ကုသပါတယ်။
ဆေးကျောင်းသူလေး အမျိုးသမီးမှာ ဒဏ်ရာအတော်များပါတယ်။ ကိုယ်တွင်း ဒဏ်ရာ၊ ပြင်ပ ဒဏ်ရာ၊ ဦးနှောက်ဒဏ်ရာ၊ စိတ်ဒဏ်ရာပေါင်း များစွာနဲ့ ကုသမှုခံယူခဲ့ပါတယ်။ မထူးခြားပါဘူး။ ဒီဇင်ဘာလ ၂၉ ရက် ရက်နေ့ မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။
သူမ ရဲ့  သတင်းကြားရတဲ့ အိန္ဒိယပြည်သူများ ဒီတိုင်း ကြည့်မနေ တော့ ပါဘူး။ နယူးဒေလီမြို့ အပြင် ကျန်မြို့ ကြီး တွေမှာပါ အိန္ဒိယ ပြည်သူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြ ဆန့်ကျင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးတို့ရဲ့  ဘဝလုံခြုံမှုကို အပြည့်အဝ မပေးတဲ့ အစိုးရအား ဖြုတ်ချဖို့ အထိတောင် တောင်းဆိုပါတယ်။ အဓ္ဓမ ပြုကျင့်မှုများ၊ မတရားအနိုင်ကျင့်မှု များဟာ အိန္ဒိယမှာ အမြဲလိုလို ဖြစ်နေပေမယ့် ယခု ဖြစ်ပွားမှု ကတော့ တော်တော်ဆိုးရွားပြီး ကမ္ဘာသိ ဖြစ်သွား ရပါတယ်။ ကမ္ဘာ့သတင်း မီဒီယာများလည်း စောင့်ကြည့်လာပြီး အမျိုးသမီး လူ့အခွင့်အရေး အတွက် အိန္ဒိယ အစိုးရက ဘယ်လို ပြန်ပေးဆပ်မယ်ဆိုတာကို စောင့်ဆိုင်းလျက် ရှိပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Manmohan Singh လည်း စိတ်မကောင်းစွာနဲ့ပဲ ဆန္ဒပြ သူများ စိတ်တိုင်းကျဖြစ်လာဖို့ ကြိုးပမ်း ပေးနေပါတယ်။ လက်ရှိမှာ တရားခံ နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီး ရမိ ထားပြီး တရားခံများကို မကြာမီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။
ဘယ်လို တရားစီရင်မှုလုပ်လုပ်၊ အပြစ်ပေးမှုလုပ်လုပ် သေသွား တဲ့ ဆေးကျောင်းသူကို အသက်ရှင်လျက်နဲ့ ပြန်မရနိုင်တော့ပါဘူး။ အသက်ရှင်ရင်တောင် ဘဝမရှင် တော့တဲ့ သူမဟာ ဘဝသေပြီးသား လူ ဖြစ်ပါတယ်။ နယူးဒေလီမြို့ ကြီးရဲ့  ညတွေမှာတော့ သူမအတွက် ဆုတောင်းပေးတဲ့ ဖယောင်းတိုင်များနဲ့ ထိန်လင်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref:dm.co.uk

အသဲပုံ ကျွန်း ( Heart Shpaed Island)

အသဲပုံ ကျွန်း ( Heart Shpaed Island)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင် ၁၀၀၀ ကျော်အကွာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ဖီဂျီနိုင်ငံမှာ တည်ရှိ တာ ဖြစ်ပါတယ်။
ဖီဂျီနိုင်ငံ ပင်မ ကျွန်းနဲ့ သိပ်မဝေးတဲ့ ရေမိုင် တစ်နေရာမှာ သီးသန့်တည် ရှိနေပြီး အလိုလိုနေရင်းကို အသဲပုံ ပုံစံ ထွက်နေတဲ့ ကျွန်း ဖြစ်ပါတယ်။ သဘာဝအတိုင်းက အသဲပုံ လိုဖြစ်နေတဲ့အတွက် Heart Shaped Island လို့အမည်ပေးထားပါတယ်။
သိပ်လည်း မကျယ်ပါဘူး။ ၂၉ ဧက သာရှိပြီး အပန်းဖြေ ဟိုတယ် Resort ဖွင်လှစ်ထားပါတယ်။ Tavarua ကို လူသိများရခြင်းက ယင်း အချက် တစ်ခု တည်းကြောင့် မဟုတ်ပဲ လှိုင်းလုံး ကြီးကြီး ရိုက်တတ်တဲ့ ကမ်းခြေ ဖြစ်တဲ့ အတွက် လှိုင်းစီး အားကစား ကျင်းပဖို့ ကမ္ဘာ့အကောင်းဆုံး နေရာလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း Volcom Fiji Pro အမည်နဲ့ ရေလှိုင်းစီး အားကစား ပြိုင်ပွဲများ နှစ်စဉ်ကျင်းပပြီး ကမ္ဘာတစ်လွှား မှာ လာရောက် ယှဉ်ပြိုင် ကြပါတယ်။
ကျွန်းကို သန္တာကျောက်တန်းများနဲ့ ဝန်းရံထားတဲ့အတွက် ကမ္ဘာ့ အလှဆုံး ကျွန်းထဲမှာလည်း Tavarua ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
----
Ref: wiki

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။
ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။
ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care

အလွယ်ကူဆုံး ဗောက်ပျောက်စေမည့်နည်း

အလွယ်ကူဆုံး ဗောက်ပျောက်စေမည့်နည်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ခေါင်းမှာ ဗောက်ထလို့ စိတ်ညစ်နေရင် အောက်ပါသဘာဝနည်းဖြင့် အလွယ်တကူ ပြုလုပ်နိုင်ပါကြပါသည်။
(၁) ရှားစောင်းလက်ပပ်ကို ဓါးဖြင့်ခွဲ၍ အတွင်းမှ အနှစ်သား (ဂျဲလ်) များကို ဇွန်းဖြင့် ခြစ်ယူပါ။
(၂) ၄င်းရှားစောင်းအနှစ်ကို ဆံပင်နှင့်ဦးရေပြားကို နှံ့စပ်အာင် ပွတ်တိုက်လိမ်းခြယ်ပေးပါ။
(၃) မိနစ်(၂၀) သို့မဟုတ် နာရီဝက်ခန့် ထားပြီးလျှင် ခေါင်းလျှော်ပြီး ဆံပင်ကို အခြောက်ခံထားပါ။
ရှားစောင်းမှာပါဝင်သည့် သဘာဝဓါတ်များသည် ဦးရေပြားကို ခြောက်သွေ့စေ၍ ယားယံခြင်းများကို လင်းရှင်းသွားစေပါသည်။ ဆံပင်များကိုလည်း သန်စွမ်းနက်မှောင်လာစေပါသည်။ တစ်ပတ်ကို တစ်ကြိမ်ခန့် အမြဲလျှော်ပေးနိုင်ပါသည်။
သဘာဝနည်းလမ်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိပါ။ ဓါတုပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ခေါင်းလျှော်ရည်အမျိုးမျိုးတို့ထက် အန္တရာယ်ပိုမိုကင်းရှင်းစေပြီး အကုန်အကျလည်း သက်သာစေပါသည်။
ဗောက်များကင်းရှင်း၍ စိတ်ချမ်းသာစွာ နေနိုင်ကြပါစေ။
Ref; Health

အနှိပ်ခံတာ...ကောင်းလား


အနှိပ်ခံတာ...ကောင်းလား
---------------------------------
နှိပ်နယ်ခြင်း၏ နောက်ဆက်တွဲ
အထိအတွေ့လေး တစ်ခုပါ။ ထိုအထိအတွေ့လေးမှသည် ကိုယ်ခန္ဓာတွင် ပြောင်းလဲမှုများ အများကြီး ဖြစ်သွားနိုင်ပါသည်။ သင်၏ အရေပြားဟာ ဖိနှိပ်မှု တစ်ခုခုကို ခံစားရရုံနှင့် လျှပ်တစ်ပြက်အတွင်းမှာပင် ဦးနှောက်ကို သတင်းသွားပို့ပြီး အာရုံကြော အဖွဲ့အစည်းမှာ ပါဝင်သည့် Parasympathetic အာရုံကြောများကို နှိုးဆော်မှု ဖြစ်လာစေပါသည်။ ၎င်းအာရုံကြော အဖွဲ့၏ တုံ့ပြန်မှုသည် စိတ်ဖိစီးမှုများကို ခုခံ တိုက်ဖျက်ပေးနိုင်ပါသည်။ ၎င်းအပြင်
(၁) အဆုတ်နှင့် ဝမ်းဗိုက် ကြွက်သားများ
ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် Parasympathetic အာရုံကြောအုပ်စု၏ အဓိကကျသော Vagus အာရုံကြောအား သက်ရောက်မှု ရှိစေပါသည်။ ၎င်း Vagus အာရုံကြောအပေါ်တွင် သက်ရောက်မှု ဖြစ်စေခြင်းကြောင့် အသက်ရှူနှုန်းအား ဖြည်းဖြည်းမှန်မှန် ဖြစ်စေကာ ရှူသွင်းလိုက်သော လေများကို အဆုတ်များ၏ နက်ရှိုင်းသော အတွင်းပိုင်းအထိ ဝင်ရောက် ပျံ့နှံ့စေပါသည်။ ၎င်းအပြင် အစာအိမ်၏ အစာခြေနိုင်စွမ်းကို ပိုမို ကောင်းမွန်လာစေပါသည်။
(၂) နှလုံး
ရင်ဘတ်၊ နောက်ကျောနှင့် လည်ပင်း၏ နောက်ဘက် (ဇက်ကြော) တို့ကို နှိပ်ပေးခြင်းဖြင့် နှလုံးခုန်နှုန်းအား တစ်မိနစ်တွင် ၁၀ ကြိမ်ခန့် နှေးစေနိုင်ပါသည်။ ၎င်းအပြင် သွေးဖိအားကို ၈ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ပါသည်။
(၃) ကိုယ်ခန္ဓာ၏ ခုခံမှုစနစ်
လက်ဖဝါးများကို ညင်သာစွာ နှိပ်ပေးခြင်းဖြင့် သွေးဖြူဥများ၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို ပိုမိုမြင့်တက် လာစေပါသည်။ အထူးသဖြင့် သွေးဖြူဥ အုပ်စုတွင် ပါဝင်သော “Killer Cells” များ၏ ရောဂါပိုး ဝင်ရောက်လာမှုကို သိရှိစောင့်ကြပ်နိုင်စွမ်းအား ပိုမို မြင့်တက်စေရုံသာမက တိုက်ခိုက်နိုင်စွမ်းကို ပို၍ မြင့်မား လာစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာသော ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ကင်ဆာဆဲလ်များကို သာမန်ထက်ပို၍ တိုက်ဖျက်ပေးနိုင်ပါသည်။
(၄) အကျိတ်များ
ကိုယ်ခန္ဓာ အနှံ့အား နှိပ်ပေးခြင်းဖြင့် စိုးရိမ်စိတ်ဖြစ်မှုကို လျော့ကျစေနိုင်ပါသည်။ Vagus အာရုံကြော၏ တုံ့ပြန်မှုကြောင့် အဒရိနယ် (ခေါ်) ကျောက်ကပ် အနီးရှိ အကျိတ်များ၏ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေပါသည်။ ၎င်းအကျိတ်များသည် Cortisol နှင့် Vasopressin ဟု ခေါ်သော စိုးရိမ်မှုကို ဖြစ်စေသည့် ဟော်မုန်းများကို ထုတ်လွှတ်လေ့ ရှိသည်။ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေခြင်းဖြင့် စိုးရိမ်မှုဖြစ်ခြင်းကို လျော့နည်း ပပျောက်စေပါသည်။
(၅) ဦးနှောက်
ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ဦးနှောက်မှ ထုတ်လွှင့်သော လှိုင်းများကို ပြောင်းလဲပေးနိုင်ပါသည်။ နံနက် အိပ်ရာထချိန်တွင် နှိပ်ပေးပါက ဦးနှောက်၏ လှိုင်းများ ပြောင်းလဲမှုကြောင့် တက်ကြွလန်းဆန်းမှုကို ပို၍ဖြစ်စေပြီး အိပ်ရာဝင်ချိန်တွင် နှိပ်ပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ၎င်းအပြင် စိတ်ကြည်လင်မှုကို ဖြစ်စေသော “Serotonin” ဟော်မုန်း ထုတ်လွှတ်မှုကို ပို၍ များပြားစေသောကြောင့် စိတ်ကြည်လင်မှုကို ပို၍ ဖြစ်စေပါသည်။
(၆) နာကျင်မှု
ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ နာကျင်မှု တုံ့ပြန်စွမ်းကို ပို၍ မြင့်တက်စေပါသည်။ ထို့ကြောင့် နာကျင်ကိုက်ခဲမှုများကို ယာယီ သက်သာစေနိုင်ပါသည်။ သာမန် နာကျင်မှုများအား သက်သာစေရန် အတွက် အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးရန် မလိုအပ်ဘဲ ကိုယ်ခန္ဓာအား နှိပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။
ဒေါက်တာအောင်ကျော်ကျော်(ဆေး၂)

အသက် ၃၀ မှာ စတင်ထားရင် အသက် ၅၀ မှာ ပျော်ရွှင်ချမ်းမြေ့စေမယ့် အရာများ

အသက် ၃၀ မှာ စတင်ထားရင် အသက် ၅၀ မှာ ပျော်ရွှင်ချမ်းမြေ့စေမယ့် အရာများ
**********
အသက် ၅၀ အရွယ်လူတွေကို ငယ်ငယ်တုန်းက ဘာလုပ်ခဲ့ရင်ကောင်းမှာပဲလို့ တွေးမိသလဲမေးခဲ့ပါတယ်။ သူတို့အဖြေတွေက သိပ်ကို ကောင်းမွန်ပြီး ရိုးရှင်းလှပါတယ်။ ကိုယ့်အသကိ ၃၀ တနိးကိုရောက်ပြီဆိုရင် ဒီအလုပ်တွေကို လုပ်သင့်ပါပြီ။
၁. ဆေးလိပ်မသောက်နဲ့။ သောက်မိပြီဆိုရင် ဖြတ်ပစ်ပါ။
၂. အမြန်စာတွေကို မစားပါနဲ့တော့။
၃. မိဘ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ပါစေ။
၎. နေရောင်ကာဆေးမပါဘဲ နေပူထဲ မထွက်ပါနဲ့တော့။
၅. ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
၆. ပိုကိဆံ စစုပါ။ ဘယ်လောက်နည်းနည်း စုဖြစ်အောင်စုပါ။
၇. ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတတ်ပါစေ။
၈. ဘ၀ရဲ့ပန်းတိုင်တွေကို မျက်ချေပြတ်မခံဘဲ ဆက်ကြိုးစားပါ။
၉. အချိန်မှန် အိပ်ရာဝင်၊ အိပ်ရာထပါ။
၁၀. သွားတွေကို ဂရုစိုက်ပါ။
၁၁. အရာဝထ္ထုတွေကို စုဆောင်းတာထက် အမှတ်ရစရာလေးတွေကို စုဆောင်းပါ။
၁၂. တစ်ခုခုကို ပြန်ပေးလှူတတ်ပါစေ။
၁၃. မျက်စိရှင်ရှင်ထားပြီး လောကကြီးထဲက အသစ်အဆန်းတွေကို နေ့တိုင်းရှာဖွေပါ။
၁၄. တစ်နှစ်ကို စာအုပ် ၁၀ အုပိထကိမနည်းဖတ်ပါ။
၁၅. တတ်နိုင်သမျှ ခရီးသွားပါ။
၁၆. တရားထိုင်ကြည့်ပါ။
၁၇. ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပါစေ။
၁၈. မှတ်တမ်းတစ်စောင် အမြဲရေးပါ။
၁၉. အိမ်ပိုင်ဆိုငိနိုင်အောင် ကြိုးစားပါ။
၂၀. သူငယ်ချင်းတွေကို ဂရုစိုက်ပါ။
နှစ် ၅၀၊ နှစ် ၁၀၀ အထိ ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို သူငယ်ချင်းအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform