စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 27 March 2015

Comment ရေးခြင်း အနုပညာဆိုတာဘာလဲ

Comment ရေးခြင်း အနုပညာဆိုတာဘာလဲ..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
Commentတစ်ခုရေးတော့မယ်ဆိုရင် ဂရုတွေထဲဆွေးနွေးခန်းတွေထဲ ဆိုစနောက်ဖို့ ထက်...ကိုယ်ဘယ်လိုစာပေလေ လာထားလည်း..သူ့ အသိကိုယ်အသိကူးလူးခြင်းသာဖြစ်တယ်။
မေးသူဖြေသူကြားမှာ...ပညာစမ်းခြင်းမပါပါဘူး.။ တကယ်လို့ မေးသူက မေးသူသတ်သတ်သာဖြစ်ရင်...တော့ ပြသနာမရှိပါဘူး..တချို့ အမေးတွေက အဖြေပါနေတယ်....အဖြေ ပါပြီးသားအမေးဟာ ကိုယ့်အတွက်တော့ ပညာယူတတ်ရင်အတွေးသစ်တောင်တိုးပါတယ်.... ဆိုလိုတာက..မတူကွဲပြားတဲ့ မေးသူအဖြေသာမှန်မယ်လည်းမယူဆစေချင်ပါဘူး..။ကိုယ်ဘက်က မတူကွဲပြားစွာတွေးတတ် မန့် တတ်လာပြီဆိုရင်တော့ ကိုယ်ဟာပညာလည်းပြည့်နေမှာပါ။

သို့ သော်..ပရိုဖိုင်ကနေရေးမယ်ဆိုရင်..စနောက်မဲ့ ကောမက်ဆိုအထုးသတိထားစေချင်တယ်ဗျ..။
ကိုယ့်ရဲ့Friendဟုတ်မဟုတ် ဦးစွာ သတိထားရပါမယ်။
Friendဆိုရင် ကိုယ်နဲ့ သူရဲ့ ခင်မင်မှုအတိုင်းအတာကို သိရပါမယ်။
သူဘယ်လိုလူမျိုးလဲဆိုတာကိုလည်း ခန့်မှန်းနိုင်ရပါမယ်။

သူ့ရဲ့ Statusတစ်ခုကိုပဲကြည့်ပြီး ကောက်ချက်ဆွဲ ရေးတာမျိုး မဖြစ်သင့်ပါဘူး။
ဘာလို့လည်းဆိုတော့ ဒီStatusတစ်ခုရေးချိန်မှာ ခံစားနေရတဲ့ သူ့ရဲ့ခံစားချက်နဲ့ သူ့ဘ၀ပုံရိပ်ကို တိုင်းတာလို့ မရနိုင်လို့ပါ။ သူရေးတာသူစိတ်ဟုတ်ချင်မှဟုတ်မယ်...ဟန်ဆောင်တာလည်းပါနိုင်ပါတယ်..။

ကိုယ်Commentရေးမယ့် Statusက ဘာကိုပေးချင်သလဲဆိုတာကို သိရပါမယ်။
Statusက ဘာကိုမြင်စေချင်သလဲဆိုတာကိုလည်း သိရပါမယ်။

ကိုယ် မြင်ချင်သလိုမြင် ကိုယ်ထင်ချင်သလိုထင် ကိုယ်ရေးချင်သလိုရေးနေလို့ကတော့
Commentကြောင့် တပါးသူ စိတ်အနှောက်အယှက်တွေ ဖြစ်နေကြရမှာပါ။

မထင်မှတ်ဘဲ မိတ်ဆွေကောင်းတွေရဲ့ အမ်ဖရန့် လုပ်ခြင်း Blockခြင်းကိုလည်းခံရတတ်လို့ပါ။

ဒါကြောင့်Commentတစ်ခုရေးတော့မယ်ဆိုရင် သူများဖရိုဖိုင်မှာရေးရင်တော့...ထင်တစ်လုံး၊ မြင်တစ်ချက်၊ ရေးချင်သလိုမရေးဘဲ သူ့စိတ်ကိုယ့်စိတ်၊ သူ့ဂုဏ်သိက္ခာ ကိုယ့်ဂုဏ်သိက္ခာကိုငဲ့ပြီး ရေးသားသင့်ပါတယ်။

စိတ်အလိုကျဖြစ်သလိုရေးရင် ရေးသလိုဖြစ်တဲ့Commentတွေကို ဖြစ်သလိုမရေးကြပါနဲ့လို့
မိမိပညာမိမိဂုဏ်..ထိမ်းရေးပါလို့ .....

ရွှေအိမ်စည်


ငြင်းခုန်ခြင်းအနုပညာဆိုတာဘာလဲ

ငြင်းခုန်ခြင်းအနုပညာဆိုတာဘာလဲ..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
ယဉ်ကျေးမှု မြင့်မားလာသည်နှင့်အမျှ ဘဝ ရှင်သန်ရေး ကိစ္စသည် လူတစ်ဦးချင်း
အတွက် ဝိသေသ သဘော မဆောင်တော့။
လူတိုင်း ကြုံတွေ့နေရသော ဖြစ်တည်မှု ကိစ္စ
အားလုံး ဖြစ်သွားသည်။ ဤသို့ဖြင့် အာရုံ သိမြင်ခံစားမှု ( Sensibility )ကို အလေးကဲဂရုစိုက်လာသည်။
မိမိ ဥခွံတွင် အရာရာတိုင်း မပျော်မွေ့နိုင်တော့။
လှေနံဓားထစ်နည်းလမ်းအားဖြင့် အခါခပ်သိမ်း မရှင်သန်ချင်တော့။
ထိုအခြေအနေတွင် ဖန်တီးမှု စွမ်းရည် မြင့်မားလှသော ' အနုပညာ ' သည်
ပုဂ္ဂိုလ်အလိုက် ထူးခြားချက် တစ်ရပ် ( Individuality ) ဖြစ်လာသည်။
ဝေဒနာ၊ ပီတိ၊ ရသ၊အလှ၊ သစ္စာတရား စသည်ဖြင့် ခံစားမှုကို အနုပညာနှင့် လင်းပွင့် တင်ပြလာကြသည်။

တချို့ တင်ပြ၊ တချို့ဝေမျှ၊ တချို့အကဲဖြတ်၊အများစုကတော့
တစ်ခုလုံး ( the whole ) ထဲမှ လက္ခဏာတစ်ခု အဖြစ် ဖြည့်ဆည်းသည်။

သင့် အနေနှင့် ရော့ခ် ဂီတကို နှစ်သက်၍ တစ်ခြား မည်သည့် ဂီတမျိုးကို မဆို
ဝေဖန် ပုတ်ခတ်ရန် မလို။
ဒဂုန်တာရာကို စွဲလန်း၍ သစ္စာနီနှင့် လမ်းခွဲ နှုတ်ဆက်စရာ မလို။
နှိုင်းယှဉ်ချက် အမှားများ ပြုလုပ်ရန် မလို။
တစ်ယောက်တည်းနှင့် အများကြိုက်ကိုစော်ကားစရာ မလို။
အများကလည်း တစ်ယောက်တည်းမို့နှိမ့်ချ တိုက်ခိုက်စရာ မလို။
သင့်၌လွတ်လပ်ခွင့်ရှိသည်။ရွေးချယ်ခွင့်ရှိသည်။တစ်ပါးသူကို မထိပါးရ။

ကျွန်တော်တို့ သည်လည်း....တိုးတက်သောယဉ်ကျေးမှုနှင့် အညီ..ကျွန်တော်တို့ စောင့်စည်းထိမ်းသိမ်းအပ်သော...ကျွန်နော်တို့ ခင်မင်ဖွယ်လူငယ်မေးဖြေကဏ္ဍကို ငြင်းခုန်ခြင်းအနုပညာဖြင့်ထမ်းသိမ်းကြပါစို.

ရွှေအိမ်စည်


ပင်ဂွင်း

ပင်ဂွင်းတို့၏ အချစ်အကြောင်းသင်သိလား..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
ပင်ဂွင်းငှက်တွေမှာ ထူးခြားတဲ့ နေထိုင်မှု အလေ့အထများ ရှိနေပါတယ်။ ယင်းအလေ့အထများထဲမှ
အချို့ အရာတွေဟာ လူသားတွေထက် ပိုပြီး Romantic ဆန်နေတတ်ပါတယ်။ တစ်ခုကတော့ ချစ်ခွင့်ပန်ခြင်းပါ။ပင်ဂွင်းတွေဟာ သစ္စာရှိပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါတယ်။ ပြီးတော့ အချစ်ကိုလည်း မတရားမယူတတ်ပါဘူး။

သူတို့ ပင်ဂွင်း အထီးများဟာ သူတို့ချစ်တဲ့ ပင်ဂွင်း အမကို တွေ့ရင် တိတ်ဆိတ်တဲ့ တစ်နေရာကိုခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ချစ်ခွင့်ပန်ပါတယ်။ ပါးစပ်မှာလည်း ကျောက်စရစ်ခဲ တစ်တုံး သယ်ထားပြီး ပင်ဂွင်းအမကို ပေးပါတယ် အကယ်၍ ယင်း ကျောက်စရစ်ခဲကို ပင်ဂွင်းအမက လက်ခံယူတယ်ဆိုရင် သူ့အချစ်ကို လက်ခံလို့ပဲ ဖြစ်ပါတယ်။

ယင်းသို့လက်ခံရရှိပြီးတဲ့ ပင်...ဂွင်းမကိုလည်း အခြားပင်ဂွင်းအထီးများက ချစ်ခွင့် မပန်တော့ပါဘူး။ ဒီလိုနဲ့ ယူဖြစ်သွားတဲ့ ပင်ဂွင်းနှစ်ကောင်မှာ အထီး ဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်းအမျိုးမျိုးကြောင့် အရင်သေသွားရင် နောက်ထပ်ကြင်ဖော်မရှာပဲ တစ်ကောင်တည်း နေထိုင်တတ်တဲ့ အလေ့အထလည်း ရှိပါတယ်။

ဒါကြောင့် ပင်ဂွင်းများရဲ့  ချစ်ခြင်းနဲ့ သစ္စာဟာ လူတွေအတွက်လည်း လေ့လာ အတုယူစရာ တစ်ခုလို ရှိနေကြောင်း သုတေသီများကတွေ့ရှိခဲ့ကြပေသည်။

Source: dailymail.co.uk


အောက်ချင်းငှက် သစ္စာ

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
သစ္စာ .... စကားလုံးလေးက နှစ်လုံးတည်းရယ် ... ဒါပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်နက်ရှိုင်း လွန်းလှပါတယ် ... ရာဇ၀င်တွင်လောက်တဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းနဲ့ သစ္စာမဲ့ ဖောက်ပြန်တတ်သူတို့အကြောင်းကို ကြားဖူးကြမှာပါ ...  ... သစ္စာတရားအကြောင်းကို အများကြီး တော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မပြောပြတတ်ပါဘူး ... သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ ... ချစ်သူအပေါ်ထားတဲ့ သစ္စာ .. မိသားစုအပေါ်ထားတဲ့ သစ္စာ ... ဇနီးခင်ပွန်းအပေါ်ထားတဲ့ သစ္စာ ... လူမျိုးအပေါ်ထားတဲ့ သစ္စာ ... နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာ ဆိုပြီး အမျိုးမျိုး ရှိမှာပါ ..။
အောက်ချင်းငှက်ကို အရင်ကတော့ ချင်းလူမျိုးအများစုနေထိုင်ရာ ချင်းတောင်တန်းတွေပေါ်မှာ အများဆုံး မြင်တွေ့ နိုင်ပါတယ် ... အဲဒီ အောက်ချင်းငှက်တွေဟာ တစ်ကောင်တည်းရှိနေတတ်တာ နည်းပါတယ် ... အဖို၊ အမ မောင်နှံစုံတွဲ ရှိနေတတ်တာ များပါတယ် ... သူတို့ထဲက တစ်ကောင်ကောင်ဟာ ရန်သူလက်ချက်ကြောင့်ဖြစ်စေ ၊ သဘာဝရာသီဥတုဒဏ်ကြောင့်ဖြစ်စေ မတော်တဆ သေဆုံး သွားခဲ့ရင် ကျန်တဲ့တစ်ကောင်ဟာ သေဆုံးသူအနားကနေ လုံးဝမခွာတော့ပါဘူ ...

ခေတ်စ ကားနဲ့ ပြောရရင် အတွဲသစ်လုံးဝမရှာတော့ပါဘူး ... သေဆုံးသူနားမှာ ပူဆွေးသောကရောက် နှလုံးကွဲကြေပြီး လိုက်သေကြပါတယ် ... ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်နဲ့ တောင်ဇလပ် ပွင့်တွေကို ချင်းလူမျိုးတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြတာများပါတယ် ... ဘာလို့လည်းဆိုတော့ အောက်ချင်းငှက်ဟာ သစ္စာတရားကြီးမားတာကို ဖော်ညွှန်းတာဖြစ်ပြီး တောင်ဇလပ်ပွင့် တွေကတော့ ရဲရင့်ရိုးသားခြင်းကို ဖော်ညွှန်းနေလို့ပါပဲ .။

တစ်ပါးသူတွေရဲ့ သစ္စာမဲ့ခြင်းမှလည်း ကင်းဝေးရသောသူ ဖြစ်ပါစေလို့ .

အောက်ချင်းငှက် သစ္စာ
▬▬▬▬▬▬▬
သိပါရဲ့လား
အောက်ချင်းငှက် ပုံပြင် လေးကို

ကြားဖူးရဲ့လား
သူတို့ ဇာတ်လမ်း လေးကို

အောက်ချင်းငှက်တို့ဆိုတာ
တစ်ကောင်သေရင်ကျန်တစ်ကောင်မှာ
အဖော်မွန်သစ်မဖွေရှာဘဲ
သစ္စာတရားကြီးမားလှစွာ
သေဆုံးသူနား တစ်ဖ၀ါးမခွာဘဲ
ပူဆွေးသောကရောက်
နှလုံးကွဲကြေလျက်
သေပွဲဝင်ရရှာသတဲ့

ကိုယ်နဲ့မင်းလည်း
အောက်ချင်းငှက်တို့သစ္စာ
ပုံပမာထားလို့
တစ်ဦးအပေါ်တစ်ဦး
ဖောက်ပြန်ခြင်းကင်းတဲ့
သစ္စာတရားမျိုးနဲ့
တွဲလက်တွေ မဖြုတ်စတမ်း
ကမ္ဘာကုန်တည်နေသရွေ့
သစ္စာထားကြပါစို့လား

ရွှေအိမ်စည် ( Ref;....ဌက်တို့ ဓလေ့ မှသင့်သလို ..ကျနော်ပွားသည်)


ပျော်ရွှင်မှုဆိုတာဘာလဲ...?

ပျော်ရွှင်မှုဆိုတာဘာလဲ...?
▬▬▬▬▬▬▬▬▬▬
ပျော်ရွှင်မှု ဆိုတာ လူတိုင်းရဲ့ ဘ၀ အောင်မြင်မှု(Success) ပါပဲ။
အောင်မြင်မှု ဆိုတာ ငွေ(Money) မဟုတ်ပါဘူး။ အာဏာ (Power) မဟုတ်ပါဘူး။
ရာထူး ဌာနန္တရ (Position) မဟုတ်ပါဘူး။ ထင်ပေါ်ကျော် ကြားမှု (Fame) လည်း
မဟုတ်ပါဘူး။

ဒါကြောင့်မို့ ကိုယ်ဖြတ်သန်း ခဲ့ရတဲ့ ဘ၀ တစ်နေ့တာလေးတွေမှာ
ရသင့်ရထိုက် ယူသင့်ယူထိုက်တဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေကို ရနိုင်အောင်
ကြိုးစားရင်း အေးချမ်း ပျော်ရွှင်စွာနဲ့ အောင် မြင်မှု အသီးသီးကို
စက္ကန့်မလပ် အဆက်မပြတ် အောင်ပန်း ဆွတ်ခူးနိုင်ကြပါတယ်။

ဘ၀ဆိုတာ အကျိုးရှိမှ နေပျော်တယ် မဟုတ်လား။ ဒါကြောင့် ဘ၀အတွက် အကျိုးများ
အဖိုးတန်စေတဲ့ ကုသိုလ်၊ ဥစ္စာ၊ ပညာတွေ ရဖို့ ပထမ ဦးဆုံး အရေးကြီး တာက
ကျန်းမာရေး (Health) ကောင်းဖို့ပဲ ဖြစ်ပါတယ်။

ကျန်းမာရေး ဆိုရာမှာ
စိတ်ကျန်းမာရေး(Mental Health) ရော ရုပ်ကျန်းမာရေး (Physical Health)
ကိုပါ ဆိုလိုတာပါ။ ဒီနှစ်မျိုးလုံး ကောင်းမွန်မှသာ ကျန်းမာရေး
ကောင်းခြင်း(Good Health) မည်မှာပေါ့။ ဒီလို ကောင်းမွန်တဲ့ ကျန်းမာရေးကို
အခြေခံ ခြေကုပ်ယူပြီး နေ့စဉ် ဆိုသလို ကုသိုလ်ပြု၊ ဥစ္စာရှာ၊ ပညာ
ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။

ရွှေအိမ်စည်


စိတ်ဆိုတာဘာအပေါ်မှတည်မှီးသလဲ

ဆွေးနွေးလိုသောမေးခွန်း။    ။ စိတ်ဆိုတာဘာအပေါ်မှတည်မှီးသလဲ..?

ခန့် မှန်းဆွေးနွေးချက်( ကျနော့် စိတ်ကူးသာ...)
လူ့စိတ်ဟာ အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို လူတိုင်းမှာလည်း စိတ်ကောင်းနဲ့စိတ်ဆိုးဆိုတာရှိပါတယ်။ တချို့ကလည်း လူ့စိတ်ဟာ မျောက်နဲ့တူတယ်လို့ ဆိုတတ်ကြပြီး၊ လူ့စိတ်တွေ ဖောက်ပြန်ပြောင်းလဲနေတာ ခန္ဓာကိုယ်တွင်းရှိတဲ့နတ်ဆိုးတွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။

မျောက်နဲ့တူတယ်ဆိုတဲ့ လူစိတ်က အခုအကောင်း၊ တော်ကြာတစ်မျိုးဖြစ်တတ်သလို၊ အဖွဲ့အစည်းတွင်း နိုင်ငံရေး Organizational Politics မှာလည်း အခုကိုယ့်ဘက် ရပ်တည်နေပြီး ခဏနေတော့
အခြားဘက်ပြောင်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကို သာကူးတွေလို့ဆိုကြပြန်ပါတယ်။

တချို့ကလည်း ကိုယ်ပိုင်အရည်အချင်းမရှိလို့ ကိုယ့် ရပ်တည်ရာ(Stand) ကိုယ်မသိဘဲ နေရာရရှိရေး၊ အခွင့်အရေးရရေး၊ စားသောက်ရရေးအတွက် ဒီလိုစိတ်ပြောင်းရတယ်လို့ ဆိုကြပြန်ပါတယ်။
စေတနာနှင့်နေရာမှာဆက်စပ်နေပြီး ပေါင်းစည်းချိတ်ဆက်ထားရန်လိုသည်။

စိတ်ဟာ ကောင်းကောင်းဆိုးဆိုး ဒီစိတ်ရဲ့မူလပိုင်ရှင်(အရှင်သခင်)ကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်ဆိုးလို့ စိတ်ဆိုးတာဖြစ်ပြီး၊ ကိုယ်ကောင်းရင် ကိုယ့်စိတ်ကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ စိတ်ကောင်းဖို့၊ စေတနာကောင်းဖို့လိုပါတယ်။

ကျနော်ဆွေးနွေးလိုသည်မှာ.စိတ်ဆိုတာဘာအပေါ်မှတည်မှီးသလဲ...?.
သူငယ်ချင်းကော...????


Wednesday, 25 March 2015

သစ္စာရှင်

သစ္စာရှင်

အပင်မြင့်သလား ခင်
ရင်နှင့်ဖြားယောင်း
အချစ်ကို ခါးစောင်းမှာတင်...။

နေညိုရင် ဆည်းဆာလှ
လကွယ်ညမှာ ကြယ်ရောင်မြင်
လိပ်ပြာပင် တောင်ပံခတ်
သံယောင်လိုက်လို့ ငိုပွဲဆင်...။

ခင်... မကြင်နာ
ရင်မနာပါ ခင်
ခင်သာ ရင်မှာ
အကြင်နာဝင်
နာချင်အိပ်မက်
နှိပ်စက်မယ်ပြင်
အိပ်ရာထက်တွင် လွန့်လူး
မုန်တိုင်းမြူးသည့် ရင်ပါခင်...။

တမင်တကာ
ရင်အနာ ဝင်လာဆားခတ်
(ဓါးထက်ထက်နဲ့ ခင်မွှန်း)
နှလုံးသားလည်း သွေးစွန်းပါစေခင်...။

ဝေဒနာရင်
ကြေညာချင်လည်း
ရင်ကိုခွဲ အသည်းကိုထုတ်
ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်...။

ခင်လိုရင် မနှမြော
သေငယ်ဇောဝင် မြောစေတော့
ဒီမျက်နှာ မဖျော့ပါခင်...
ဒီအပြုံး မလျော့ပါခင်...။

အနာကျက်ချင်လျက်
အသားမာမတက်သည့်ရင်
ခင်ဘယ်လိုပင် စေစား
နှလုံးသားလည်း ဝေဝါးမယ်မထင်...။

သည်ရင်ကိုလျှင်
အဝေးသို့ နှင်ပါလို့
အသစ်ကို မင်
တိမ်းချင်လည်း တိမ်းပါကွယ့်
ယိမ်းညှာသွဲလျှင် မောင့်မျက်ရည်
သက်သေကိုပင် လိုချင်သလား
ငြိုငြင်မှု မထားပါခင်...။

ခင်ပျော်ရွှင်လျှင်
သည်ရင်မွန်းကြပ်အသက်ထွက်စေ
ပြက်လက်နေရောင် အမှောင်ဝင်စေ
ကမ္ဘာပျက်သုဉ်း ဝဠာပင်ဆုံးစေတော­့
ဘယ်ခါအမုန်းမဝင်
ပြုံးနေလျက်ပါ ခင်...။ ။

တောက ကိုရင်
၂၄.၀၁.၂၀၁၃
https://www.facebook.com/shweaeimsi


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform