စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 April 2014

စာသင်ကျောင်းများတွင် ဓာတုဆိုးဆေးပါ အစားအသောက် ရောင်းချမှု ပိတ်ပင်ရန် ဆွေးနွေးမည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်တိုင်း အတွင်းရှိ အခြေခံ စာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ ရောင်းချနေမှုကို လာမည့် ကျောင်းဖွင့် ရာသီတွင် စီမံချက်ချမှတ်၍ ပိတ်ပင်ရန် အမတ်တစ်ဦး၏ အရေးဆိုမှုကြောင့် ဧပြီ ၃၀တွင် ပြုလုပ်မည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးတော့မည် ဖြစ်သည်။

အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုကို ထိရောက်စွာ ပိတ်ပင်ရန် အစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ဧပြီ ၂၅ ရက်က တိုင်းလွှတ်တော်တွင် အရေးဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂတ်ကလေးငယ်တွေ အနေနဲ့ အန္တရာယ်ရှိတဲ့ အစားသောက်တွေကို နေ့စဉ်စားသုံးနေကြပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များစိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချနေသည်ကို NGO အဖွဲ့အစည်းတစ်ခုထံမှ ဓာတ်ပုံများရရှိထား သော်လည်း လွှတ်တော်တွင် Power Point ဖြင့် ပြသခွင့်မရသဖြင့် အကျယ်တစ်ဝင့် မရှင်းပြတော့ဟု သူမက ဆိုသည်။

ဒီအစားအသောက်တွေက ကြည့်လိုက်လို့ရှိရင် ကလေးလေးတွေရဲ့ မျက်စိထဲမှာ တစ်ကယ့် လိုချင်တပ်မက်စရာ ပစ္စည်းတွေဖြစ်တဲ့အတွက် ကလေးတွေက ဝယ်စားကြပါတယ်”ဟု ဒေါက်တာညိုညိုသင်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ယင်းအပြင် အဆိုပါ ဓာတုဆိုးဆေးပါ အစားအသောက်များကို စာသင်ကြားပေးသည့် ဆရာမများကိုယ်တိုင်ပင် ရောင်းချနေသည်ဟုလည်း ပြောဆိုလိုက်သေးသည်။

မင်းမင်း

Mizzima - News in Burmese


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform