စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 19 May 2015

ဗြဟ္မစိုရ်တရား



ဗြဟ္မစိုရ်တရားဆိုသည်မှာ အထူးအဆန်းတော့မဟုတ် ။ လူကို လူလိုမြင်ခြင်းပင် ဖြစ်၏ ။
လူကို လူလို မြင်အောင် ကြည့်တတ်ဖို့ဆိုသည်မှာ တကယ်တော့လွယ်သည်မဟုတ်။ ကျင့်ယူမှ
ဖြစ်၏ ။ လက်တွေ့အမြင်အားဖြင့် ဆိုရလျှင် လူကိုတွေ့မြင်သောအခါ လူဟု မမြင်ဘဲ
ကုလား၊ တရုတ် ဟူ၍လည်း မြင်တတ်၏ ။ အရာရှိ ရုံးအကူ ဟူ၍လည်း မြင်တတ်၏ ။
အမှန်အားဖြင့် မိမိရှေ့မှောက်၌ လူစစ်စ်ကြီးရှိပါလျက်နှင့် လူကို လူဟူ၍ မမြင်ဘဲ
လူမျိုးအလိုက်ခွဲခြား၍ မြင်ခြင်းသည်လည်းကောင်း၊ အဆင့်အတန်းအလိုက်ခွဲခြား၍
မြင်ခြင်းသည်လည်းကောင်း၊ ရာထူး ဌာနန္တရ အလိုက် ခွဲခြား၍မြင်ခြင်းသည်လည်းကောင်း
ကောင်းသောမြင်ခြင်းမဟုတ် ။ မကောင်းသောမြင်ခြင်းသာ ဖြစ်၏ ။ လူကို လူအဖြစ်
မြင်မှသာ ကောင်းသော မြင်ခြင်း ဖြစ်၏ ။ ကောင်းသောမြင်ခြင်း ဆိုသည်မှာလည်း လောက
ရှုဒေါင့်အရ ကောင်းသောမြင်ခြင်းဖြစ်၏ ။ ဓမ္မရှုထောင့်အရ
ကောင်းသောမြင်ခြင်းဆိုသည်မှာ လူကိုတွေ့လျှင် လူဟူ၍မမြင်ဘဲ ရုပ်နာမ် ဟူ၍သာ
မြင်ခြင်းဖြစ်၏ ။ လူကိုတွေ့လျှင် တရုတ် ကုလားစသည် အားဖြင့်လည်း ကောင်း၊ သူဌေး
ဆင်းရဲသား စသည်အားဖြင့်လည်းကောင်းမြင်ခြင်းသည် သာသနာပ ကာလ၌လည်း ရှိ၏ ။
ထို့ကြောင့် ထိုအမြင်မျိုးသည် ဘဝအမြင်ဟောင်းသာ ဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်။
ယင်းအမြင်မျိုးသည် ပပဉ္စ အမြင်မျိုး ဖြစ်လေသောကြောင့် ယင်းအမြင်မျိုးတွင် တဏှာ
သဘောလည်းပါ၏၊ မာနသဘောလည်းပါ၏၊ ဒိဌိသဘောလည်းပါ၏ ။ ပပဉ္စ ဟူသည်မှာ တဏှာ မာန ဒိဌိ
တို့၏ အမည်ဖြစ်၏ ။ တပ်မက်ခြင်းသည် တဏှာဖြစ်၏ ။ မောက်မာခြင်းသည် မာန ဖြစ်၏ ။
အခိုင်အမာ ယူခြင်းသည် ဒိဌိ ဖြစ်၏ ။ အမှန်အားဖြင့် ပပဉ္စ ဟူသည်မှာ လောက၏
အတွင်းသရုပ်ဖြစ်၏ ။ သုံးဆယ့်တစ်ဘုံ သည် လောက၏ အပြင်ပုံသဏ္ဌန် ဖြစ်၏ ။ လူကို
လူအဖြစ်မြင်ခြင်းသည် သာသနာပ သာသနာတွင်း နှစ်မျိုးလုံး၌ ရှိ၏ ။ ထို့ကြောင့်
ထိုအမြင်မျိုးသည်လည်း ဘဝ အမြင်ဟောင်းသာဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်သေး ။ လူကို
ရုပ်နာမ်အဖြစ်မြင်မှသာ ဘဝ အမြင်သစ် ဖြစ်၏။ ထိုအမြင်မျိုးသည် သာသနာပ၌မရှိဘဲ
သာသနာတွင်း၌သာ ရှိ၏ ။ ထို့ကြောင့် လူကို လူဟု မမြင်ဘဲ ရုပ်နာမ်
အဖြစ်မြင်ခြင်းသည် ဘဝ အမြင်သစ် ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏ ။ လူကို လူအဖြစ်
မြင်ခြင်းသည် ဗြဟ္မစိုရ်အမြင်မည်၏ ။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform