စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 15 July 2014

သုံးခွမြို့နယ်တွင် ခင်ပွန်းဖြစ်သူမှ ဇနီးကို သံတူရွင်းဖြင့် ရိုက်နှက်ခဲ့၍ သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၃

 ၁၂.၇.၂၀၁၄ရက်နေ့ ၁၉၀၀အချိန် သုံးခွမြို့နယ်၊ မအူကန်ကွင်းနေ ဦးဝင်းဌေးမှ ၎င်းသည် ခေါင်းရင်း ဘက်ခြမ်းနေတူတော်စပ်သူ တင်မြင့်(၄၅)နှစ်၏ နေအိမ် တဲဘက်မှ ရိုက်နှက် နေသံကြားရ၍ သွား ရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွား ရောက်ကြည့်ရှုခဲ့ရာ တူဖြစ်သူ တင်မြင့်၏ဇနီး မနွဲ့နွဲ့ဦး(ခ)မနွဲ့နွဲ့စန်း (၄၇)နှစ်မှာ ဧည့်ခန်းရှိ ခန်းစည်းဘေးတွင် လဲကျနေသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ လဲကျနေစဉ် တင်မြင့်မှ အရှည်(၂)ပေ၊ (၉)လက်မခန့်၊ လုံးပတ်(၁)ကျပ်လုံးခန့်ရှိ သံတူရွင်းဖြင့် မနွဲ့နွဲ့ဦး(ခ)နွဲ့နွဲ့စန်း၏ဦးခေါင်းအား (၁)ချက်ရိုက်နှက်ခဲ့သည်ကို တွေ့မြင်ရကြောင်းနှင့် တင်မြင့်မှ “လာတဲ့ကောင်ရိုက်သတ်ပြစ်မယ်”ဟု ကြိမ်းဝါး နေကြောင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ပါသည်။

ထိုသို့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ဝင်များရောက်ရှိ စစ်ဆေးခဲ့ရာ မနွဲ့နွဲ့ဦး (ခ)မနွဲ့နွဲ့စန်းမှာ ၀ဲနားရွက်စုတ်ပြဲ၊ ၀ဲနားထင်ပေါက်ပြဲ၊ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ တင်မြင့်အား အရေးယူပေးရန် ဦးဝင်းဌေးမှ တိုင်တန်း ချက်အရ သုံးခွမြို့မရဲစခန်း (ပ)၂၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၅၀၆ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးခဲ့ပြီး ဖြစ်ပွားရသည့် အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform