စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 15 March 2014

ဂွေးသီးငပိချက်

ပါဝင်ပစ္စည်းများ
-ဂွေးသီးနုနု (၇-၈လုံးခန့်) English name - hog plum or Ambarella-ကြက်သွန်ဖြူ၂မြွာ၊ကြက်သွန်နီ ၁လုံး-ငရုတ်သီးစိမ်း(၆တောင့်)-ငရုတ်သီးခြမ်းခွဲ၂ဇွန်း(စားပွဲတင်)-ပုစွန်ခြောက် (လက်တဆုပ်စာ)-ငါးပိစိမ်းစား (စားပွဲတင်၂ဇွန်းခန့်)-ဆား၊ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)-နနွင်းမှုန့်နဲနဲ-အရောင်တင်မှုန့်၁ဇွန်း(အချိုဇွန်း)ဂွေးသီးကို ရေဆေးပြီး လေးစိတ်စိတ်ပေးပါ။ နုတဲ့အတွက်အခွံမခွါပဲ ဂွေးသီးတွေကို ငရုတ်ဆုံတွင် ထောင်းပါ။
ဒါကမသီတာသွင်ရဲ့ပုံလေးပါ

ပုစွန်ခြောက်ထောင်းပေးထားပါ။ ငါးပိကိုရေနွေးကြမ်းတလုံးစာရေထဲ့ ဖျော်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဆီပူလာရင် ပါးပါးလှီးကြက်သွန်နီများ၊ဖြူများကို နနွန်း၊ငရုတ်သီးအရောင်မှုန်ထည့်ပြီး ဆီသတ်ပါ။ကြက်သွန်ကျွတ်လာရင် ပုစွန်ခြောက်မှုန့်တွေကိုထည့်ပြီး ဆက်မွှေပါ။

ပုစွန်ခြောက်နံ့မွှေးလာပြီဆိုရင်ငရုတ်သီးခြမ်းခွဲထဲ့ ထောင်းထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး အားလုံးမွှေပေးပါ။

နှံ့အောင်မွှေပြီးရင် ဖျော်ထားတဲ့ငါးပိအရည်ကို့ထည့်၊ ဆား၊ ကြက်သားမှုန့်ထည့်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေကိုညှပ်၍သော်၎င်း အတောင့်လိုက်သော်၎င်းထဲ့ကာအဖုံးအုပ်ပြီး ဆက်တည်ပေးထားပါ။

၂မိနစ်ခန့်အုပ်ပြီးရင် အရသာမြည်းပြီးဖိုပေါ်ကချလို့ရပါပြီ။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform