စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 15 February 2015

ပိုတက်ဆီယမ် ပိုမို စားသုံးခြင်း (သို့မဟုတ်) ဆားလျှော့စားခြင်း အားဖြင့် လေသင်တုန်းဖြတ် ရောဂါအား လျှော့ချပေးနိုင်

ပိုတက်ဆီယမ် ပိုမို စားသုံးခြင်း (သို့မဟုတ်) ဆားလျှော့စားခြင်း အားဖြင့် လေသင်တုန်းဖြတ် ရောဂါအား လျှော့ချပေးနိုင်
====================================
ကျွန်ုပ်တို့ စားသုံးသော အစား အသောက် များတွင် ပိုတက်ဆီယမ် ပါဝင်သော အစားအစာများ ပိုမို စားသုံး ခြင်း ဆား စားသုံးမှု လျှော့ချခြင်းသည် သွေးပေါင် ချိန်အား လျော့ကျစေပြီး လေသင် တုန်း ဖြတ်ခြင်း
ရောဂါ ဖြစ်ပွားမှုကို လျော့ကျစေကြောင်း လေ့လာချက်များ အရ သိရသည်။ တစ်ရက်လျှင် ပိုတက်ဆီယမ် ကြွယ်ဝ သော အသီးအနှံများအား စားပေးခြင်းနှင့် ဆားစားသုံးမှု လျှော့ချခြင်းသည် ကျန်းမာရေး အတွက် ရေရှည်တွင် များစွာ အကျိုး ရှိနိုင်ကြောင်း သုတေသန ပညာရှင် များက ပြောကြားခဲ့သည်။ ပိုတက်ဆီယမ် ဓာတ် ကြွယ်ဝသော အစား အသောက်များ စားသုံး လျှင် သွေးပေါင်ချိန်အား ထိန်းညှိပေးပြီး ကျောက်ကပ် (သို့မဟုတ်) ဟော်မုန်း လုပ်ဆောင်မှုများကို ထိခိုက်မှု မရှိစေကြောင်း သုတေသနပြု လေ့လာချက်များ အရ သိရပြီး ထိုသို့ တွေ့ရှိချက်များ၏ ရလဒ် အဖြစ် လူငယ် လူရွယ်များသည် တစ်နေ့လျှင် ပိုတက်ဆီယမ် လေးဂရမ် စားသုံးသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က အကြံပြု ထောက်ခံခဲ့သည်။ အဆိုပါ သုတေ သနပြု လေ့လာချက်အား ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်၊ လန်ဒန် ကောလိပ်နှင့် ဝါးဝစ်ခ် ဆေးပညာ သင်ကျောင်းမှ သိပ္ပံပညာရှင် များက ကျန်းမာရေး ကောင်းမွန်သူ ၁၂၈ဝဝဝ အား အထူးပြု စမ်းသပ်မှု ၂၂ ခုနှင့် အခြား လေ့လာမှု ၁၁ ခုကို ပြုလုပ်စ စ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆား စားသုံးမှုနှင့် ပတ်သက်၍ ဝုဖ်ဆန် ကာကွယ်ရေး ဆေးပညာ တက္ကသိုလ်၊ ကွင်းမေရီ တက္ကသိုလ်နှင့် လန်ဒန် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် လူပေါင်း ၃ဝဝဝ ကျော် အား အထူးပြု စမ်းသပ်မှု ၃၄ ခု ပြုလုပ် ခဲ့ကြသည်။ ထိုလေ့လာမှုတွင် သီတင်းပတ် လေးပတ် သို့မဟုတ် ရက်သတ္တ ပတ်ပေါင်း များစွာတွင် ဆား စားသုံးခြင်းအား တော်သင့်ရုံ လျှော့ချခြင်း သည် သွေးတိုးရောဂါ ရှိသူများ သာမက သွေးပေါင်ချိန် ပုံမှန် ရှိသူများတွင်ပါ သွေးပေါင်ချိန် ကျဆင်း သွားကြောင်းနှင့် အဆိုပါ ဖြစ်စဉ်သည် လူမျိုး ဘာသာမရွေး၊ အမျိုးသား၊ အမျိုးသမီး မရွေး ဖြ စ်နိုင်ပြီး သွေးပေါင်ချိန် လျော့ကျခြင်းသည် လေသင်တုန်းဖြတ် ရောဂါနှင့် နှလုံးရောဂါ ဖြစ်ပွားမှု နှုန်းများအား လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ကြ သည်။ အဆိုပါ လေ့လာ တွေ့ရှိမှုနှင့် ပတ်သက်၍ လူငယ် တစ်ဦးသည် တစ်နေ့လျှင် ဆား ငါးဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်) ထက် ပိုမို မစားသုံး သင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က အကြံပြု ပြောကြားခဲ့သည်။ ၂ဝ၂၅ ခုနှ စ်တွင် ဗြိတိန် နိုင်ငံရှိ လူငယ်များ၏ အစားအစာ စားသောက်မှု၌ ဆား ပါဝင်မှု နှုန်းအား တစ်နေ့လျှင် သုံးဂရမ်ထိ လျှော့ချသွားမည် ဖြစ်ကြောင်း ဗြိတိန် နိုင်ငံ ကျန်းမာရေးနှင့် စောင့်ရှောက်ရေး အမျိုး သား တက္ကသိုလ်က အကြံပြု ပြောကြားခဲ့သည်။ ။

ထက်ဦးမောင်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform