စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 15 February 2015

တစ်နေ့တာလိုအပ်သော အာဟာရများ

 တစ်နေ့တာလိုအပ်သော အာဟာရများ



(၁) ပိုတက်ဆီယမ်

တစ်နေ့တာလိုအပ်ချက်- ၄.၆ ဂရမ် ငှက်ပျောသီးတစ်လုံးတွင် ပါဝင်သော ပိုတက်ဆီယမ် – ၀.၄ ဂရမ် အကျိုးကျေးဇူး – သွေးပေါင်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။ သားသမီး ထွန်းကားစေရန် အထောက်အကူဖြစ်စေပြီး ကြွက်သားနှင့် နဗ်ကြောစွမ်းရည်တိုးတက်စေသည်။ ငှက်ပျောသီး၊ နို့၊ အာလူး၊ ထောပတ်သီးတို့တွင် ပေါများစွာပါဝင် သည်။

(၂) မဂ္ဂနီဆီယမ်

တစ်နေ့တာလိုအပ်ချက် – ၄၀၀ မီလီ ဂရမ် မက်မွန်သီး တစ်အောင်စတွင်ပါဝင်သော မဂ္ဂနီဆီယမ်ပမာဏ – ၈၀ မီလီဂရမ် မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ခြင်း သည် အရိုးပါးရောဂါ (osteoporosis) ၊ဆီးချိုရောဂါ၊ သွေးတိုးရော ဂါများ၊ ကြွက်တက်သည့်ပြဿနာ များနှင့် ဆက်စပ်လျက်ရှိသည်။ ဟင်းနုနွယ်၊ ပဲမျိုးစုံနှင့် အခွံမာသီးအစေ့ များတွင် ပေါများစွာပါဝင်သည်။


(၃) ဗိုက်တာမင်အေ

တစ်နေ့တာလိုအပ်ချက် – ၅၀၀ IU မုန်လာဥနီဆယ်လုံးတွင် ပါဝင်သော ဗိုက်တာမင်အေပမာဏ – ၁၃၈၀၀ IU အမြင်အာရုံ၊ ကိုယ်ခံအားနှင့် တစ်ရှူးကြီးထွားခြင်းကို အထောက်အပံ့ဖြစ်စေသည်။ အာလူး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီများတွင် အဓိကပါဝင်သည်။

(၄) ကယ်လ်ဆီယမ်

တစ်နေ့တာလိုအပ်ချက် – ၁၀၀၀ မီလီဂရမ် နို့ရှစ်အောင်စတွင် ပါဝင်သော ကယ်လ်ဆီယမ်ပမာဏ – ၂၉၉ မီလီဂရမ် သွားနှင့်အရိုးများကိုခိုင်မာစေသည်။ ကြွက်သားလုပ်ငန်းကောင်းမွန်စေပြီး နှလုံးခုန်နှုန်းနှင့်သွေးဖိအားပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးသည်။ နို့ထွက်ပစ္စည်း၊ ဆာမွန်ငါး၊ ကိုက်လန် ရွက်၊ ပန်းဂေါ်ဖီတို့တွင် အဓိကပါဝင် သည်။

သီဟ
Source:WebMD
credit to >>Health Updates Journal Vol.2, No.38

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform