စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 25 August 2014

ခရီးသည်တင်ယာဉ် ပန်ကာကြိုးပြတ်ကာ ရေဆူပန်းထွက်ခဲ့သဖြင့် ခရီးသည်(၆)ဦး ဒဏ်ရာရ

၂၃.၈.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေဘက်မှ သင်္ဃန်းကျွန်းဘက်သို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယာဉ်မောင်း အောင်မြင့်စိုး မောင်းနှင်လာ သော အမှတ်(၃၉)ယာဉ်လိုင်း 5B--- ခရီးသည်တင်ယာဉ်သည် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ မင်းရဲကျော်စွာ ဂုံတံတားပေါ် အရောက်၌ ရေတိုင်ကီ ပန်ကာကြိုးနှင့် ဒိုင်နမိုမော်တာကြိုးများပြတ်၍ ရေများဆူပြီး ယာဉ်၏နောက်ပိုင်းတွင် ရေတိုင်ကီဖြင့်ဆက်ကာ အပိုထားရှိသော
ရေဘူးမှ ရေပူများပန်းထွက်မှုဖြစ်ပွားခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါခရီးသည် (၆)ဦးတို့တွင် အပူလောင်ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်း/ပြင်ပ လူနာများအဖြစ် ဆေးကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်မြင့်စိုးအား တာမွေမြို့မရဲစခန်း ယာဉ် (ပ)၄၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ခရီးသည်တင်ယာဉ် တချို့ အားတွေ့ ရစဉ် 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform