စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 July 2014

လျှပ်စစ်ဝါယာရိန်းတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၂၉

၂၈.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံ၌ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာသေဆုံးသူမှာ ကိုသက်(ခ)မောင်စိန်လှထွန်း၊ (၂၁)နှစ်ဖြစ်ပြီး ၎င်းတွင် ၀ဲလက်မနှင့်လက်ညှိုးတို့၌ ပွန်းပဲ့ဒဏ်ရာ များရရှိထားသည် ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၇၁၅ အချိန်ခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၊ စက်မှုဇုန် (၄)၊ ပန်းဘဲခေါင်းမောင်ခတ်လမ်းရှိ အဆောက်အဦအတွင်း လျှပ်စစ်ဝါယာရိန်းတပ်ဆင်နေရာမှ ဓါတ်လိုက်ခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် ၁၈၄၀ အချိန်တွင် ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform