စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၁)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၁)
………………………………………………………………….
ပြီးခဲတဲ့ သင်ခန်းစာမှာတုန်းက ဖိတ်ကြားလိုက်တဲ့ ဧည့်သည်ဟာ အိမ်ကို အလည်ရောက်လာပါပြီ ဘာတွေ ပြောကြမလဲ ကြည့်လိုက်ကြရအောင်လား

.
(1) Please come in. Welcome to my house.
ကျေးဇူးပြု၍၀င်လာပါ ၊ ကျနော့်ရဲ့ အိမ်ဂေဟာကို ကြိုဆိုပါတယ်
.
(2) Thank you for inviting me. You have a nice place here.
ကျနော့်ကို ဖိတ်ကြားတဲ့အတွက်ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားနေရာက သိပ်ကောင်းတဲ့ နေရာလေးတစ်ခုပါ
.
(3) Thank you. Make yourself at home. Would you like a drink?
ကျေးဇူးတင်ပါတယ် ၊ ကိုယ့်အိမ်လိုပဲ သဘောထားပြီးလွတ်လွတ်လပ်လပ်နေပါ ၊ တစ်ခုခုသောက်ပါလား
.
(4) May I have some water, please?
ကျေးဇူးပြု၍ ရေနည်းနည်း ပေးပါလား
.
(5) I’m so glad you could come.
ခင်ဗျားလာနိုင်ခဲ့တဲ့အတွက် ကျနော် သိပ်ဝမ်းသာပါတယ်
.
(6) Dinner’s ready. Let’s move to the dinning room.
.ညစာ အဆင်သင့်ဖြစ်ပါပြီ ၊ ထမင်းစားခန်းကို သွားကြပါစို့
.
(7) Everything looks delicious.
အားလုံးက အရသာရှိမယ့်ပုံပဲ
.
(8) Help yourself, please.
ကိုယ်တိုင်ပဲ ကြိုက်သလောက် ယူစားပါနော်
.
(9) Take your time eating.
ဖြည်းဖြည်းအေးအေး အချိန်ယူပြီး သုံးဆောင်ပါ
.
(10) Try some of this.
ဒါလေး စားကြည့်ပါလား
.
(11) It looks delicious.
အရသာ ရှိမယ့်ပုံပဲ
.
(12) How does it taste?
အရသာက ဘယ်လိုပါလဲ
.
(13) Please have seconds.
ထပ်စားပါဦး ၊ နောက်တစ်ခုယူပါဦး
.
(ကျနော်တို့ သိခဲ့တာက ထပ်စားပါဦးဆို Have some more. ပဲ ။
Have some more rice. Could I have some more rice? စသည်ဖြင့် ပြောပါတယ် ၊ အခုဟာကတော့ ဒုတိယတစ်ခု စားပါဦး ၊ ဒုတိယအကြိမ် ထည့်ပါဦး လို့ ပြောတာ ဖြစ်နေပါတယ် ..
.
(14) Let me know if you need anything.
ခင်ဗျား တစ်ခုခုလိုအပ်လျင် ကျနော့်ကို ပြောပါ (သိပါရစေ)
.
(15) Do you mind if I look around your house?
ခင်ဗျားရဲ့ အိမ်ကို လှည့်ပတ်ကြည့်လို့ ရမလား
.
(16) I’ll take you on a tour of the house.
ကျနော်က ခင်ဗျားအတွက် အိမ်ကို လိုက်ပြပေးပါမယ်
…………………….
နောက်ရက်တွေမှာ ဘာတွေလုပ်ကြဦးမလဲ စောင့်ဖတ်ကြဦးနော်
.
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၀)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၁၀)
…………………………………………………………

(11) How about dinner at 6 o’clock?
၆ နာရီမှာ ညစာစားဖို့ဆို ဘယ်လိုနေမလဲ
.
(12) OK. I will see you then on Saturday.
အိုကေပါ ၊ ဒါဆို ကျနော် ခင်ဗျားကို စနေနေ့မှာ တွေ့မယ်
.
(13) I am looking forward to it.
ကျနော်က အဲဒါကို(လာဖို့ကို) မျှော်လင့်စောင့်စားနေပါတယ်
.
(14) I’m sorry, but I already have plans.
ဝမ်းနည်းပါတယ် ၊ ကျနော့်မှာ အစီအစဉ်တွေ ရှိပြီးနေပါပြီ
.
(15) Maybe some other time. Thank you anyway.
နောက်တစ်ချိန်ချိန်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားကို ကျေးဇူးတင်ပါတယ်
.
(16) I don’t have the time, but thanks anyway.
ကျနော့်မှာ အချိန်မရှိပါဘူး ၊ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်
.
(17) Johm and I are getting together tonight. Do you want to join us?
ဒီနေ့ညမှာ ဂျွန်နဲ့ ကျနော်က အတူတူဆုံကြဖို့ရှိတယ် ၊ ခင်ဗျားကော လာဦးမလား
.
(18)Bring your wife and children, too.
ခင်ဗျားရဲ့ အမျိုးသမီးနဲ့ကလေးတွေကိုလည်းပဲ ခေါ်လာပါ
.
(19)Thank you for inviting me.
ကျနော့်ကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်
.
(20)Should I bring anything? What do you need?
(လာတဲ့အခါ) ကျနော်တစ်ခုခု ယူခဲ့ရမလား ၊ ခင်ဗျား ဘာလိုအပ်ပါသေးသလဲ
………………………………………………………….
မေတ္တာဖြင်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၉)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၉)
…………………………………………………………………
ဒီတစ်ကြိမ်မှာတော့ ဧည့်သည်ကို ဖိတ်ကြားခြင်း ၊ ဖိတ်ကြားမှုကို လက်ခံခြင်း ၊ ငြင်းပယ်ခြင်း စတဲ့ ရောက်တတ်ရာရာ ဘာဘာညာညာ ၊ ထွေလီကာလီ စုံစီနဖာ လိုအပ်ရာရာလေးများ ဖြစ်ပါလိမ့်မယ်
.
(1) Do you have time this Saturday?
ဒီစနေနေ့ ခင်ဗျားမှာ အချိန်ရှိပါသလား
.
(2) Are you free this Saturday evening?
ဒီစနေညနေမှာ ခင်ဗျား အားပါသလား
.
(3) I think so. Why do you ask?
ကျနော်လည်း (အားမယ်လို့) ထင်ပါတယ် ၊ ဘာကြောင့်မေးတာပါလဲ
.
(3) Would you like to come to my house this Saturday?
ဒီစနေနေ့မှာ ကျနော့်အိမ်ကို လာပါလား
.
(5) If you have time, I’d like to invite you to my house.
ခင်ဗျားမှာ အချိန်ရှိလျင် ကျနော့်အိမ်ကို (လာဖို့) ဖိတ်ကြားလိုပါတယ်
.
(6) When is it?
ဘယ်အချိန်မှာပါလဲ
.
(7) Would you care to be my guest?
ကျနော့်ဧည့်သည်လုပ်ပါလား (လာလည်ပါလား)
.
(8) Thank you. I’d love to see your place.
ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားရဲ့ နေရာကို ကြည့်ချင်ပါတယ်
.
(9) Sure. Thank you for the invitation.
သေချာတာပေါ့ (လာပါ့မယ်) ၊ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်
.
(10) What time should I be there?
ကျနော်အဲဒီနေရာကို ဘယ်အချိန် ရောက်ရပါမလဲ (ရောက်သင့်ပါသလဲ)
……………………………………………………………………
ကဲ ဖိတ်ချင်သူကို ရဲရဲဝင့်ဝင့် ဖိတ်မန္တကပြုနိုင်ကြပါပြီ
.
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၈)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၈)
………………………………………………………….
နံပါတ် (၇) ရဲ့ အဆက်ဖြစ်ပါတယ် ..

.

(1) Can I see you again?
ကျနော်ခင်ဗျားကို နောက်ထပ်တွေ့နိုင်ပါမလား (နောက်တွေ့လို့ရမလား)
.
(2) We should get together more often.
ကျနော်တို့ ပိုပြီးမကြာမကြာ တွေ့ဆုံကြသင့်ပါတယ်
.
(3) Let’s get together again soon.
မကြာခင်မှာ နောက်တစ်ကြိမ် တွေ့ဆုံကြပါစို့
.
(4) Good bye! See you tomorrow.
နှုတ်ဆက်ပါတယ် ၊ မနက်ဖန်မှာတွေ့ကြမယ်
.
(5) See you on Sunday.
တနင်္ဂနွေမှာ တွေ့မယ်
.
(6) I enjoyed talking with you.
ခင်ဗျားနဲ့ စကားပြောရတာ ပျော်ရွှင်ကျေနပ်ခဲ့ပါတယ်
.
(7) Take care of yourself.
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
.
(8) I’ll say good bye here.
ကျနော် ဒီမှာပဲ နှုတ်ဆက်လိုက်ပါတယ်
.
(9) Give me a call later.
နောက်ခါကျလျင် ကျနော့်ကို ဖုန်းဆက်ပါ
.
(10) I look forward to your call.
ကျနော် ခင်ဗျားဖုန်းဆက်တာကို စောင့်မျှော်နေပါတယ်
…………….
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၇)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၇)
………………………………………………………….
နှုတ်ဆက်ခွဲခွာတဲ့အခါ သံယောဇဉ်တေးသွားလေးတွေ သီကုံးနိုင်ကြဖို့ပါ

.
(1) See you later.
နောက်တွေ့ကြမယ်နော်
(2) I think I have to go now.
အခု ကျနော်သွားရတော့မယ် ထင်ပါတယ် (သွားဖို့ အချိန်ကျနေပြီ)
(3) I came to say good bye. Thank you for your help today.
နှုတ်ဆက်စကားဆိုဖို့ ကျနော်ရောက်လာတာပါ ၊ ဒီနေ့ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်
(4) Thanks to you, I’ve enjoyed my time in Myanmar.
ခင်ဗျားကို ကျေးဇူးတင်ပါတယ် ၊ ကျနော် မြန်မာမှာရှိနေခဲ့တဲ့ အချိန်တွေမှာ ကျေနပ်ပျော်ရွှင်ခဲ့ပါတယ် (ပြောနေချိန်ထိ)
(Thanks to you. မှာ you ကို ကျေးဇူးတင်ကြောင်း သေချာရည်ညွှန်းချင်လို့ to ထည့်ထားတာပါ.. )
(5) No problem. Call me anytime if you need help.
ကိစ္စမရှိပါဘူး ၊ ခင်ဗျားအကူအညီ လိုအပ်လျင် ဘယ်အချိန်မဆို ကျနော့်ကို ခေါ်ပါ
(6) Well, I hope we meet again soon.
ကောင်းပါပြီ ၊ ကျနော်တို့ မကြာခင် ထပ်မံတွေ့နိုင်ဆုံဖို့ မျှော်လင့်ပါတယ်
(7) Let’s keep in touch.
အဆက်အသွယ်မပြတ်အောင် နေကြပါစို့
(8) I’ll keep in touch.
ကျနော် အဆက်အသွယ် မပြတ်အောင်လုပ်ပါမယ်
(9) I am sure we will.
သေချာတာပေါ့ ကျနော်တို့ (အဆက်အသွယ်) လုပ်ကြမယ်
(10) Please come and see me once in a while.
ကျေးဇူးပြု၍ အချိန်အတော်ကြာပြီးလျင် တစ်ကြိမ် ကျနော့်ကို လာတွေ့ပေးပါ
……..
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၆)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၆)
………………………………………………………….
ပြီးခဲ့တဲ့ သင်ခန်းစာရဲ့ အဆက်ဖြစ်ပါတယ်

.
(11) How’s your son doing?
ခင်ဗျားရဲ့သားကော ဘယ်လိုနေလဲ ၊ နေကောင်းရဲ့လား
.
(လောလောဆယ်အခြေအနေကို မေးချင်တဲ့အတွက် doing ကိုထည့်ထားတာမျိုးပါ ၊ ပထမဆုံး တွေ့ဆုံတဲ့အခါမှာ How are you? လို့ formal သဘောအရ မေးလေ့ရှိပေမယ့် နောက်ပိုင်း ရင်းနှီးပြီး ရံဖန်ရံခါ တွေ့နေတဲ့အခါ ၊ လေးစားမှု အများကြီး ပြဖို့ မလိုတော့တဲ့အခါ .. How are you doing? How is it going? How is your business going? စသည်ဖြင့် လိုက်ဖက်တဲ့ V-ing လေးတွေ ထည့်မေးတတ်ပါတယ် ၊ သူက causal (နေ့စဉ်သုံး ..အများသုံး)လည်း ဖြစ်တယ် ၊ ရင်းနှီးမှုသဘောကိုလည်း ဆောင်တယ်လို့ ဆိုပါတယ် ရုပ်ရှင်တွေထဲမှာ How you doing ? လို့ (are) သံနိမ့်ပြီး မေးတာကို မကြာမကြာ ကြားရတတ်ပါတယ်)
.
(12) I haven’t seen you for ages.
ခင်ဗျားကို မတွေ့မိတာ အချိန်အကြာကြီး ရှိပြီနော်
(Ages (n) a long period of time: အချိန်အကြာကြီး)
.
(13) I have missed you so much.
ကျနော် ခင်ဗျားကို အများကြီး အများကြီး လွမ်းနေခဲ့တာပါ
.
(14) I was wondering about you.
ကျနော်က ခင်ဗျားနဲ့ ပတ်သက်တာ သိချင်နေခဲ့ပါတယ်
.
(15) You have changed beyond all recognition.
ခင်ဗျားက မှတ်မိနိုင်စရာတွေ အားလုံးကနေ ပြောင်းလဲသွားခဲ့ပါပြီ (မမှတ်မိနိုင်စရာပါ)
Recognition (n) မှတ်မိနိုင်စရာအေခြအနေ
.
(16) How’s everyone getting along?
လူတိုင်း အဆင်ပြေနေကြပါရဲ့လား
(Get along (phr.V) to manage to continue doing something (or) make progress in a situation)
.
(17) How is he doing these days?
ဒီရက်ပိုင်းတွေမှာ သူဘယ်လိုနေလဲ နေကောင်းပါရဲ့လား
(these days (adv) at present : လောလောဆယ် ၊ ဒီရက်ပိုင်းတွေမှာ)
.
(18) Tell him I am thinking of him.
ကျနော်က သတိရနေကြောင်း သူ့ကို ပြောပေးပါ
.
(19) Ms. Sally sends her regards to you.
မဆယ်လီက ခင်ဗျားအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း အမှာစကားပါးလိုက်ပါတယ်
(Regards (n) Good wishes expressing such sentiment. ဆုတောင်းမေတ္တာပို့သမှုများ)
.
(20) It’s been a few years since we last saw each other.
ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြပြီး ကတည်းက (မတွေ့တာ) နှစ်အနည်းငယ်ကြာခဲ့ပြီနော်
………………
I was born to answer your questions. If you have any doubt, please feel free to ask me anytime.
.
မေတ္တာဖြင့်

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၅)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၅)
…………………………………………………………………
မာကြောင်း သာကြောင်း ပဋိသန္ဓာရစကားလေးတွေ အာလာပသလ္လာပ စကားလေးတွေ .. မည်သို့မည်ပုံ ဖြစ်ကြောင်းစုံကို တစ်ဖုံတစ်နည်း ပြောဆိုနည်းလေးတွေ ဖြစ်ပါကြောင်း ..

.
(1) Long time no see.
မတွေ့တာကြာပြီနော်
(၀ါကျဟာ grammar အရ မမှန်သော်လည်း အသုံးများတော့ စကားဖြစ်သွားပါတယ်)
.
(2) How have you been?
(မတွေ့ခင်စပ်ကြားမှာ) ဘယ်လိုတွေ ရှိနေခဲ့ပါသလဲဗျာ
("How have you been?" is usually asking what you have been like since you last saw the person, or spoke, or etc.)
.
(3) I have been well, thanks.
ကျနော်နေကောင်းပြီး ရှိနေခဲ့ပါတယ်ဗျာ ၊ ကျေးဇူးပါ
.
(4) I've been a bit sick.
ကျနော် နည်းနည်း နေမကောင်းသလို ဖြစ်သွားခဲ့တယ်ဗျ
(A bit = To a small degree; somewhat: အတန်ငယ် ၊ အနည်းငယ် ၊ သလိုလို)

(5) I haven’t seen you in a while.
ကျနော်ခင်ဗျားကို အချိန်အတော်ကြာ မတွေ့မိဘူးနော်
(In a while = after a period of time, usually a moderately short time. အချိန်အတန်ကြာ)
.
(6) You always look the same.
မင်းကတော့ ဘယ်ချိန်ကြည့်ကြည့် အတူတူလိုပါပဲ ( မင်းက အမြဲတန်း အတူတူလို့ ထင်ရတယ်)
(look = ထင်ရသည် ၊ ပုံပေါက်သည် .. ဒီလိုလည်းရသေးတယ်)
.
(7) How’s your family?
ခင်ဗျားမိသားစုတွေရော ဘယ်လိုလဲ နေကောင်းကြပါရဲ့လား
.
(8) They are all very well. (They all are မဟုတ်ဘူးနော်)
သူတို့အားလုံး နေကောင်းကြပါတယ်
( well (adv) ကောင်းစွာ ၊ (adj) နေကောင်းသော )
.
(9) Please say hello for me.
ကျေးဇူးပြု၍ ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
.
(10) Please say hello / to your family / for me.
ကျေးဇူးပြု၍ / ခင်ဗျားမိသားစုကို / ကျနော်က နှုတ်ဆက်တယ်လို့ ပြောပေးပါ
(to your family နေရာမှာ အစားထိုးပြီး ပြောလို့ရအောင် ပိုင်းခြားပြထားပေးခဲ့တာဖြစ်ပါတယ်)
………………………..
ဝါကျလေးတွေကို ဖြတ်ပိုင်း အစားထိုးပြီး အသစ်လေးတွေ များစွာ..များစွာ တည်ဆောက်ယူကြပါလို့
.
မေတ္တာဖြင့်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform