စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 28 August 2015

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၆)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၆)
………………………………………………………….
ပြီးခဲ့တဲ့ သင်ခန်းစာရဲ့ အဆက်ဖြစ်ပါတယ်

.
(11) How’s your son doing?
ခင်ဗျားရဲ့သားကော ဘယ်လိုနေလဲ ၊ နေကောင်းရဲ့လား
.
(လောလောဆယ်အခြေအနေကို မေးချင်တဲ့အတွက် doing ကိုထည့်ထားတာမျိုးပါ ၊ ပထမဆုံး တွေ့ဆုံတဲ့အခါမှာ How are you? လို့ formal သဘောအရ မေးလေ့ရှိပေမယ့် နောက်ပိုင်း ရင်းနှီးပြီး ရံဖန်ရံခါ တွေ့နေတဲ့အခါ ၊ လေးစားမှု အများကြီး ပြဖို့ မလိုတော့တဲ့အခါ .. How are you doing? How is it going? How is your business going? စသည်ဖြင့် လိုက်ဖက်တဲ့ V-ing လေးတွေ ထည့်မေးတတ်ပါတယ် ၊ သူက causal (နေ့စဉ်သုံး ..အများသုံး)လည်း ဖြစ်တယ် ၊ ရင်းနှီးမှုသဘောကိုလည်း ဆောင်တယ်လို့ ဆိုပါတယ် ရုပ်ရှင်တွေထဲမှာ How you doing ? လို့ (are) သံနိမ့်ပြီး မေးတာကို မကြာမကြာ ကြားရတတ်ပါတယ်)
.
(12) I haven’t seen you for ages.
ခင်ဗျားကို မတွေ့မိတာ အချိန်အကြာကြီး ရှိပြီနော်
(Ages (n) a long period of time: အချိန်အကြာကြီး)
.
(13) I have missed you so much.
ကျနော် ခင်ဗျားကို အများကြီး အများကြီး လွမ်းနေခဲ့တာပါ
.
(14) I was wondering about you.
ကျနော်က ခင်ဗျားနဲ့ ပတ်သက်တာ သိချင်နေခဲ့ပါတယ်
.
(15) You have changed beyond all recognition.
ခင်ဗျားက မှတ်မိနိုင်စရာတွေ အားလုံးကနေ ပြောင်းလဲသွားခဲ့ပါပြီ (မမှတ်မိနိုင်စရာပါ)
Recognition (n) မှတ်မိနိုင်စရာအေခြအနေ
.
(16) How’s everyone getting along?
လူတိုင်း အဆင်ပြေနေကြပါရဲ့လား
(Get along (phr.V) to manage to continue doing something (or) make progress in a situation)
.
(17) How is he doing these days?
ဒီရက်ပိုင်းတွေမှာ သူဘယ်လိုနေလဲ နေကောင်းပါရဲ့လား
(these days (adv) at present : လောလောဆယ် ၊ ဒီရက်ပိုင်းတွေမှာ)
.
(18) Tell him I am thinking of him.
ကျနော်က သတိရနေကြောင်း သူ့ကို ပြောပေးပါ
.
(19) Ms. Sally sends her regards to you.
မဆယ်လီက ခင်ဗျားအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း အမှာစကားပါးလိုက်ပါတယ်
(Regards (n) Good wishes expressing such sentiment. ဆုတောင်းမေတ္တာပို့သမှုများ)
.
(20) It’s been a few years since we last saw each other.
ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြပြီး ကတည်းက (မတွေ့တာ) နှစ်အနည်းငယ်ကြာခဲ့ပြီနော်
………………
I was born to answer your questions. If you have any doubt, please feel free to ask me anytime.
.
မေတ္တာဖြင့်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform