စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 15 February 2016

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး

မလေ့လာရသေးလျှင် မှားတယ်ထင်တတ်ကြတဲ့ နောက်တိုး zero conditional တစ်မျိုး
.........................................................................................
ပထမဆုံး ကျနော်တို့ရင်းနှီးပြီးသား If pattern (3) မျိုးကို ဘယ်ကိစ္စတွေမှာသုံးသလဲ ပြန်ပြီး နွှေးကြရအောင်ပါ..form တွေက သိပြီးသားဖြစ်ပါလိမ့်မယ် ၊ ဘယ်အခြေအနေမှာ သုံးမယ်ဆိုတာ ဒါလေးတွေဖတ်ပြီး ခေါင်းထဲကို ပြန်ခေါ်လိုက်ပါ ။
.
(1) တကယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ ကိစ္စမျိုးမှာ သုံးပါတယ် ။ လုံးဝ ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး ။
If.. Simple Present , will/shall + Infinitive ပုံစံ
..
If he GOES to London, he WILL MEET his sister.
သူလန်ဒန်သွားလျှင် သူ့ညီမကိုတွေ့ရမယ်
(တွေ့ဖို့အလားအလာရှိတယ် ၊ သိုသော် သေချာတွေ့မယ်လို့ မပြောနိုင်ဘူး)
................................................
(2) တကယ်ဖြစ်နိုင်စရာမရှိတဲ့ အလားအလာအတွက် သုံးပါတယ် ။ စိတ်ကူးယဉ် မှန်းဆချက်သာ ဖြစ်ပါတယ် ။
If.. Simple Past, would/should + Infinitive ပုံစံဖြစ်ပါတယ်
.
If I SAW him, I SHOULD SPEAK to him.
သူ့ကိုတွေ့လျှင်တော့ ကျနော်က စကားပြောမှာပါပဲ
(သူကိုတွေ့ဖို့က တကယ်ဖြစ်မနေဘူး စိတ်ကူးကြည့်ရုံမျှသာ ဖြစ်တယ်)
....................................................................
(3) တကယ်မဖြစ်ခဲ့တာကို တင်စာပြီး ပြောဖို့အတွက် သုံးပါတယ် ၊ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားကို တင်စားတာပါ ။
If..Past Perfect, would/should have + Past Participle ပုံစံဖြစ်ပါတယ်
.
If I HAD KNOWN your arrival, I SHOULD HAVE MET you.
ခင်ဗျားရောက်နေမှန်းသာသိရလျှင် လာတွေ့မှာပေါ့ဗျာ
(ဒါပေမယ့် မသိလို့ မတွေ့ဖြစ်ခဲ့ဘူး)
..................................
အဲဒီမှာ If pattern -1 (First conditional) နဲ့ ခပ်ဆင်ဆင်တစ်ခု ရှိနေပါတယ် ။ နည်းနည်းလေးပဲကွာလို့ သေချာမှတ်ပေးပါ ။
..
(0) သူ့ကို Zero conditional လို့ခေါ်ပါတယ် ။ အခြေအနေတစ်ခုနဲ့ ကိုက်ညီလျှင် ရလဒ်ဟာ အမြဲမှန်တယ် ။ ဒီအခြေအနေဆို ဒီလိုဖြစ်ကိုဖြစ်တယ် ၊ ဒီလိုဖြစ်ရမယ် ..ဆိုတဲ့ပုံစံဖြစ်ပါတယ်
We use the so-called zero conditional when the result of the condition is always true.
.
ဥပမာ..
If babies ARE hungry, they CRY.
ကလေးလေးတွေဆာလျှင် ငိုကြတယ်
..
ဆာတိုင်းငိုတယ် ၊ ဆာနေပြီးတော့ မငိုပဲနေတာ မရှိဘူး ၊ ဒီအတိုင်းအမှန်ပဲ ဆိုတဲ့ သဘောဖြစ်တယ် ။
အဲဒီမှာ ကြည့်လျှင် will မပါဘူး ၊ will cry မဟုတ်ဘူး ။ will cry ဆို ငိုလိမ့်မယ်လို့ ဖြစ်နိုင်တာကို ခန့်မှန်းပြောတာဖြစ်တယ် ။ ဒီလိုမျိုး ၀ါကျကို if pattern သုံးခုရဲ့ ပုံစံ form တွေကို အသေရနေပြီးတော့ Zero conditional ကို မလေ့လာဖြစ်သေးတဲ့သူက will မပါလို့ မှားနေတယ်ဆိုပြီး ထင်တတ်ပါတယ် ။ သုံးစွဲပုံလေးကို အသေးစိတ် ထပ်ကြည့်ကြမယ် မဟုတ်လား
..
ပုံစံက
If.. Simple present , Simple Present ဖြစ်ပါတယ် ။
ယေဘူယျ အမှန်တရားတွေကို ပြောဖို့အတွက် သုံးပါတယ် ။ ဘာတွေပါသေးလဲ ထပ်ပြီး အသေးစိတ်တင်ပြပါမယ် ။
Note that we are not talking about a specific event but something which is generally true.
.......................................................................
(0.1) Rules
စည်းမျဉ်းစည်းကမ်းတွေကို ဖေါ်ပြဖို့ သုံးပါတယ်
If.. Simple present , Imperative ( အမိန့်ပေး ၊ မေတ္တာရပ်ခံ .. စသည့်ပုံစံ)
..........
(0.1.1) If you take your cell phone into class, it must be turned off.
စာသင်ခန်းထဲကို တယ်လီဖုန်းယူလာလျှင် ပိတ်ထားရမယ်
.
(0.1.2) If you drink alcohol, don’t drive.
အရက်သောက်လျှင် ကားမမောင်းပါနဲ့
.
(0.1.3) Do not use a calculator when you write the test.
အဖြေလွှာရေးနေချိန်မှာ ဂဏန်းတွက်စက် မသုံးရပါ
(zero conditional မှာ if အစား when ကို သုံးနိုင်ပါတယ် ၊ ကွာခြားချက် နည်းနည်းလေးပဲ ရှိပါတယ်)
...........................................................................
(0.2) Scientific Facts and General Truths
သိပ္ပံဆိုင်ရာအချက်အလက်များနဲ့ ယေဘူယျ အမှန်ရားများအတွက် သုံးပါတယ်
.
(0.2.1) If you heat water to 100 degrees Celsius, it boils.
ရေကို ၁၀၀ ဒီဂရီ ဆဲစီးယပ်ထိ အပူပေးလျှင် ဆူပွက်ပါတယ်
.
(0.2.2) If you drop something, it falls.
တစ်ခုခုကို လွှတ်ချလျှင် ကျသွားပါတယ်
.
(0.2.3) When you combine oil and water, they do not mix.
ရေနဲ့ဆီကို ပေါင်းစပ်လျှင် မရောပါဘူး
.................................................................................
(0.3) Cause and Effect
အကြောင်းနဲ့ အကျိုး ကိုဖေါ်ပြဖို့ သုံးပါတယ်
.
(0.3.1) If you push the button, the volume increases.
အဲဒီ ခလုတ်ကို နှိပ်လိုက်လျှင် အသံကျယ်မယ်
.
(0.3.2) If you close the door, it locks automatically.
တံခါးပိတ်လိုက်လျှင် အလိုလို သော့ခတ်ပြီးသားပဲ
.
(0.3.3) The computer turns off when you disconnect the battery.
ဘက်ထရီကိုဖြုတ်လိုက်လျှင် ကွန်ပြူတာက ရပ်သွားတယ်
......................................................................
(0.4) Routine
အလေ့အထ ဖြစ်နေတဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအတွက် သုံးပါတယ်
...
(0.4.1) I wear my boots when I work.
ကျနော်အလုပ်လုပ်လျှင် လည်ရှည်ဘိနပ်စီးပါတယ်
.
(0.4.2) He uses glasses when he drives.
သူကားမောင်းလျှင် မျက်မှန်စွပ်ပါတယ်
.
(0.4.3) When I cook, I use olive oil.
ကျနော် ဟင်းချင်လျှင် သံလွင်ဆီ သုံးပါတယ်
........................................................................................................................
(0.5) Notice that 'unless' means the same as 'if not'.
If not နေရာမှာ unless ကိုလည်း သုံးနိုင်ပါတယ် ၊ not ပါပြီးသား သဘောဖြစ်နေလို့ ထပ်မထည့်ရတာကို သတိထားပြီး မှတ်ပေးပါ ။ un- ဟာ negative suffix ဖြစ်ပါတယ် ။ အခြားစာလုံးများမှာလည်း un- suffix ပါလျှင် အငြင်းဖြစ်ပြီးသားလို့ ယူဆရမှာဖြစ်ပါတယ် ။
..
(0.5.1) Unless he asks you politely, refuse to do any more work on the project.
သူက ခင်ဗျားကို ယဉ်ယဉ်ကျေးကျေး မတောင်းဆိုလျှင် စီမံချက်အတွက်အလုပ် ဆက်လုပ်ပေးဖို့ကို ငြင်းဆိုလိုက်ပါ
.
(0.5.2) Unless you need more space, a small car is big enough for one person.
အထဲမှာ ပိုပြီး နေရာကျယ်ကျယ် မလိုဘူးဆိုလျှင်တော့ လူတစ်ယောက်အတွက် ကားသေးသေးလေးက လုံလောက်အောင် ကြီးပါတယ်
............................................................................................................................
အခုဆက်လက်ပြီး ..တင်ဆက်မှာက informal သဘောဖြစ်သွားပါပြီ ၊ တိုးချဲ့သုံးလာကြတဲ့သဘောပါ ။ formal မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ် ။ သို့သော် စည်းကမ်းကို ပါယ်သည်လည်းမဟုတ် အတိအကျ လိုက်နာသည်လည်းမဟုတ် သဘောသဘာဝ မလွတ်ရုံသာ ယူပြီးရေးတဲ့သဘောမို့ သဘောတရားကို သေချာသိသူများကတော့ အသုံးပြုနိုင်ပါလိမ့်မယ်။
....
(0.6) In the condition clause, we can use a variety of present forms. In the result clause, there can only be the present simple or imperative.
အအခြေအနေကိုပြတဲ့ condition clause နဲ့ result ကို ပြတဲ့ result clause နှစ်ခုမှာ ... Condition clause ဖက်မှာ Present Tense မျိုးစုံကို သုံးနိုင်ပြီး Result clause တစ်ဖက်မှာပဲ အမြဲဒီအဖြေရတယ် ဆိုတဲ့သဘောနဲ့ Simple Present Tense ကို သုံးတဲ့ပုံစံပါ ။
.
If + various Present Tenses, Simple Present ဖြစ်ပါတယ်
.................
(0.6.1) If unemployment IS RISING, people tend to stay in their present jobs. (Present continuous in condition clause)
အလုပ်လက်မဲ့အရေအတွက်က တက်လာနေလျှင်တော့ လူတွေက သူတို့ရဲ့ ရှိနေပြီးသားအလုပ်တွေမှာပဲ ဆက်လုပ်ဖို့ ဂရုစိုက်ကြလိမ့်မယ် (အလုပ်သစ်ရှာမှာ မဟုတ်ဘူး)
.
(0.6.2) If you HAVE DONE that, go and have a coffee. (Present Perfect)
ခင်ဗျား အဲဒါလုပ်ပြီးလျှင် ကော်ဖီသွားသောက်ပါ
.
(0.6.3) Unless you HAVE BEEN there yourself, you don't really understand how fantastic it is. (Present perfect)
ခင်ဗျား အဲဒီနေရာကို ကိုယ်တိုင် မရောက်သေးလျှင်တော့ ဘယ်လောက်ထူးဆန်းတယ်ဆိုတာ တကယ်နားလည်မှာ မဟုတ်ပါဘူး
...................................................................................................
ကဲ များသွားပြီလားဗျာ.. နောက်ဆုံးမှာဒါလေးတော့ ရအောင် မှတ်လိုက်ပါ
..
Zero conditional ကို Rule, Scientific fact, General truth, Cause and effect, Routine.. တွေအတွက်သုံးပါမယ် ။ အားလုံးမှာ general truth ရဲ့ သဘောလွှမ်းမိုးပါတယ် ။ Result clause သည် present ဖြစ်ရပါမယ် ။
........................................................................................................
Conditional clause တွေကို သူ့ပုံစံအတိုင်း မဟုတ်ဘဲ အကုန်ရောမွှေပစ်တာတွေ ရေးချင်သေးတယ် ။ ရှုပ်ထွေးကုန်မလား ဆိုတာလဲ တွေးမိနေပါတယ် .. ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေဆဲပါ
..
မေတ္တာဖြင့် heart emoticon

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform