စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 15 February 2016

ဗန်းစကားဖြစ်တော့မှ ဘ၀ဆိုးသွားရသော John အကြောင်း

ဗန်းစကားဖြစ်တော့မှ ဘ၀ဆိုးသွားရသော John အကြောင်း
.............................................................
ကျနော်က ဗန်းစကားတွေကို ရှင်းပြဖြန့်ဝေ လုပ်လေ့မရှိပါဘူး ။ ပုံစံကျ အသုံးတွေကိုပဲ များများသုံးစေချင်ပြီး ဗန်းစကားတွေကို များများ မသုံးကြစေချင်လို့ပါ ။ သို့သော်လည်း ဒီတစ်ခုကတော့ တွင်ကျယ်ပြီးသား အဓိပ္ပါယ်အားလုံးက ထူးဆန်းသလို ဖြစ်နေတာရယ် ၊ ဖတ်မိ ကြားမိ တဲ့အခါ နားလည်ဖို့ရယ် အတွက် တင်ဆက်လိုက်ရပါတယ်..
အင်္ဂလိပ်နာမည်တွေထဲမှာ John က တော်တော်လေး သုံးပါတယ် ။ သို့သော် ဗန်းစကားမှာကျတော့ တွေ့ဖူးသလောက်မှာ မကောင်းတဲ့ သဘောတွေ ချည့်ပဲ ဖြစ်နေတာကလည်း ထူးဆန်းနေပါတယ် ..
..........................
(1) john : restroom သန့်စင်ခန်း
.
I need to go to the john.
ကျနော် သန့်စင်ခန်းကို သွားဖို့လိုပါတယ်
.....................................
(2) john: toilet အိမ်သာအိုး
.
I'm on the john.
ကျနော် အိမ်သာထိုင်နေတယ်
........................................
(3) john: an excuse ဆင်ခြေ
.
No johns!
ဆင်ခြေတွေ မပေးနဲ့
..........................................
(4) john : a man who is a prostitute's customer. ပျော်တော်ဆက် မိန်းကလေးရဲ့ ဖောက်သည်ယောက်ျား
..
Police ran an operation on the new comer johns.
ရဲတပ်ဖွဲ့က အပျော်မယ်ရှာတဲ့ ဖောက်သည်လူသစ်တွေကို စီမံချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်
............................................
သတိထားရမှာက "j" ဟာ စာလုံးသေးအဖြစ် သုံးတာ များပါတယ် ။ သူက စကားလုံး word ဖြစ်သွားပြီကိုး
...
ကျနော်စဉ်းစားမိတာ တစ်ခုရှိပါတယ် ။ ရေဆွဲချတဲ့ အိမ်သာကို 1596 ခုနှစ်ကတည်းက John Harrington က တီထွင်ခဲ့ပါတယ်..တဲ့ ၊ အဲဒါကြောင့်များ အိမ်သာကို john လို့ အနွတ္တသညာ မှည့်ခေါ်လိုက်လေသလားလို့ပါ ။ Wikipedia မှာ ဒီလိုတွေ့တယ်ဗျာ The flushing toilet was invented by John Harrington in 1596. တဲ့ ။
..
မေတ္တာဖြင့် heart emoticon

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform