စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

ကာရန်

ကာရန်
ကာရန်ဆိုတာ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ပြောတာပါ။ ထားရာနေရာနဲ့သက်ဆိုင်ပြီး ၃မျိုးရှိပါတယ်။
ဝဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်၊ ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်၊ ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန် တို့ဖြစ်ပါတယ်
ကာရန်ကို အကျဉ်းအားဖြင့် ၁၆၊ အကျယ်အားဖြင့် ၆၄ ရှိပါတယ်။
(၁) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(၂) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(၃) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(၄) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(၅) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(၆) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(၇) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(၈) အင် - ကာရန် - အင်၊ အင့်၊ အင်း
အောင်၊ အောင့်၊ အောင်း
အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(၉) အစ် - ကာရန် - အစ် ....... ၁ လုံး
(၁၀) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(၁၁) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(၁၂) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(၁၃) အန် - ကာရန် - အန်၊ အန့်၊ အန်း
အိန်၊ အိန့်၊ အိန်း
အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(၁၄) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(၁၅) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း
အိမ်၊ အိမ့်၊ အိမ်း
အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(၁၆) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး တို့ပဲဖြစ်ပါတယ်။ ငယ်ငယ်ကသင်ဖူးပြီးသားတွေပါ။ ဒါပေမယ့် ကျွန်တော်တို့က လစ်လျှရှုတော့ ကဗျာဆိုတဲ့ နေရာမှာ သုံးတတ်ကောင်းမှန်း မသိခဲ့ဘူး။
ကာရန်ယူတာနဲ့ပတ်သတ်ပြီး ရှောင်ရန်လေးနှစ်ခုရှိပါတယ်။
စာလုံးတူ၊ အသတ်တူကို ကာရန်ဆက်တိုက် မယူရပါဘူး။ အဲဒါကို ဝဂ်နင်းလို့ခေါ်ပါတယ်။ ဥပမာ အခုလဲ(ဆွေး)၊ နောင်လည်း(ဆွေး)၍၊ မောင်၏ရင်ထက်(ဆွေး)ချိန်သီ။
စာလုံးတူ၊ ကာရန်တူနှစ်လုံး ကို ကာရန်တစ်လုံးခြားပြီး သုံးစွဲခြင်းကို မပြုရပါဘူး။ အဲဒါကိုခွါထောက်လို့ ခေါ်ပါတယ်။ ဥပမာ အခု(ဆွေး)၍၊ နောင်ရေး(တွေး)လို့၊ အ(ဆွေး)သောကပိုမိသည်။
စာလုံးပေါင်းတူပေမယ့်လည်း အဓိပ္ပါယ်မတူတာတဲ့ သံတူကြောင်းကွဲတွေ (ဥပမာ - ကြေမွ နဲ့ ကြေကွဲ) တွေကို ကာရန်ဆက်တိုက်ယူရင် မမှားပါဘူး။ မဓုရတာဂုဏ်မြောက်ပါတယ်။ အချစ်သစ္စာ၊ အနှစ်မေတ္တာ၊ အကြင်ဂရုနာ၊ အချစ်လျာကို၊ အချိန်တိုင်းပဲ လိုပေါ့ အ ကိုခဏခဏသုံးပေမယ့် မမှားပါဘူး။
နောက်တခုအနေနဲ့တော့ ဝဂ်နင်ကိုတော့ အမြဲရှောင်ပါ။ လုံးဝမသုံးသင့်ပါဘူး။ ခွါထောက်ကိုတော့ တတ်နိုင်သမျှတော့ ရှောင်ကြပါ။ ကဗျာအလှပျက်တတ်လို့ပါ။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform