စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

ကြိယာ

ကြိယာ
ကြိယာဆိုတာကတော့ ကဗျာမှာ ကဗျာ၏အဆုံးတွင်သုံးသောအက္ခရာပါ။ လုပ်ကိုင်ပြောဆိုမှုကိုပြတဲ့ မြန်မာသင်ပုန်းကြီးက အဓိပ္ပာယ်နဲ့လားလားမျှမဆိုင်ပါဘူး။ ကဗျာမှာ ကြိယာဆို အဆုံးသတ်အက္ခရာပါ။ရှင်မဟာ သီလ၀ံသ ရေးသားစီရင်တဲ့ က၀ိပါသဏ္ဌကျမ်း အလိုအရ ၆၄ပါး အပြားရှိပါတယ်။
အောက်ကလင်္ကာလေးကို ရှင်မဟာသ သီလဝံသရေးခဲ့ပါတယ်။ ကွင်းခတ်ထားတာတွေက ကြိယာဟုတ်ပါဘူး။ နောက်ပြီး ကဗျာထဲက" အံ၊ အံ့၊ အယ်၊ အယ့်၊ ၍ (ရွေ့)၊ ၌ (နှိုက်)၊ ၏ " ဆိုတဲ့ အက္ခရာ၇လုံး ဆိုတာ ကြိယာမဟုတ်ပါဘူး။
မဉ္ဇူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် -
လျှင် လျှင်း မူကား၊ ၀ယ် သား တမင့်၊ ချိမ့် ဖြင့် တွင် ၏၊ ပိမ့် လှည့် မည် အံ့၊ လော တုံ မံ့ (တည့်)၊ သော် ခံ့ ဘူး သော၊ မူလော ရကား၊ မူ အား မှ က၊ လိမ့်စွ တံ့ လည်း၊ တိ တည်း ချည်း ဟု၊ ခဲ့ နည်း နှိုက် လျက်၊ ကြောင့် ထက် မို့ လည်း၊ စမ့် သည် စိမ့်(နှင့်)၊ တုံး လိမ့် တည့် တော့၊ ကား လော့ ရွေ့ သို့၊ မျှ တို့ ငှာ ရှင့်၊ တမုံ့ နှင့် ကို၊ ရှင်ပင့်ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform